← Chapters

အကြီးမားဆုံးအားကိုးရာ

Vol. 66 Ch. 918

အကြီးမားဆုံးအားကိုးရာ

Vol. 66 Ch. 918

သွေးကန်တစ်ခုစီ၏အရွယ်အစားကို မြင်ပြီးနောက် ဤသွေးကန်၄၉ကန်အား ဖြည့်ရန်အတွက် လူအရေအတွက်ဘယ်လောက်အထိ သတ်ရန်လိုအပ်သလဲကို ထန်ရှုက အကြမ်းဖျင်းခန့်မှန်းနိုင်သည်။ သွေးကန်၏အရွယ်အစားအရ တစ်ကန်စီက အနည်းဆုံးလူတစ်ထောင်၏သွေးအား လိုအပ်သည်။ သွေးကန်၄၉ကန်က အနည်းဆုံးလူအရေအတွက်ငါးသောင်းအား သတ်ရန်လိုအပ်သည်ဟု ဆိုလိုသည်။

အိုး....ဘုရားရေ....လူငါးသောင်း....လူငါးသောင်းရဲ့အသက်တွေကို ရိတ်သိမ်းဖို့ လျန်မိသားစုက အောင်မြင်အောင် ဘယ်လိုလုပ်ခဲ့တာလဲ....

ထန်ရှုက သတ်ဖြတ်ခြင်းဆန္ဒအား ခက်ခက်ခဲခဲဖိနှ်ိပ်လိုက်၏။ သူက သူ၏ထိုးထွင်းသိမြင်မှုအား ချက်ချင်းထုတ်လွှတ်ကာ မြေအောက်ကမ္ဘာမဟာအစီအရင်ဖုံးလွှမ်းထားသောဧရိယာအား စစ်ဆေးလိုက်သည်။ သူ့အား အံ့အားသင့်စေသည်ကား ခုနှစ်မီတာကျော်ကျောက်တုံးဥယျာဉ်တစ်ခုအထဲတွင် မြေအောက်နေရာလပ်တစ်ခုဆီ ဦးတည်သည့် အပေါက်တစ်ခုရှိနေခြင်းပင်။

"ဟမ်"

သူ၏ထိုးထွင်းသိမြင်မှုမှတစ်ဆင့် မြေအောက်တွင် လျှို့ဝှက်ခန်း၄၉ခန်းထိ ချဲ့ထုတ်ထားသည့် စင်္ကြံလမ်းသုံးခုပါဝင်သော တစ်ရာစတုရန်းမီတာခန်းမကျယ်တစ်ခုရှိသည်ကို ထန်ရှုက တွေ့ရှိခဲ့သည်။ လက်ရှိတွင် ခန်းမထဲတွင် သူတို့နှစ်ယောက်က လွဲ၍ တစ်ယောက်မှ မရှိဘဲ ကျန်ရှိသည့်လျန်မိသားစုဝင်များက အခြားလျှို့ဝှက်ခန်းများတွင် ရှိပြီး သူတို့က အလွန်အိုမင်းရင့်ရော်ပုံပေါ်သည်။

ထို့ပြင် ခန်းမကျယ်ထဲရှိကူရှင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော အဘိုးကြီးသုံးယောက်လဲ ရှိသည်။ အမည်းရောင်မြူတစ်ခုက သူတို့ပတ်လည်၌ ဝဲလည်နေသည်ကို မြင်နိုင်ပြီး ပြောရခက်သည့်ထူးဆန်းသောခံစားချက်တစ်ခုကို ပေးစွမ်း၏။

"ငါ အခု သိပြီ"

ထန်ရှုက အသက်ရှုသွင်းလိုက်ပြီး သူ့မျက်လုံးထဲရှိသတ်ဖြတ်ခြင်းဆန္ဒက ပိုတောင်ပြင်းထန်လာ၏။ သူက မြောင်ဝမ်ထန်၏ပခုံးအား ပုတ်ကာ လာရာဦးတည်ဘက်ဆီသို့ ပြန်လှည့်လိုက်သည်။

မြောင်ဝမ်ထန်က သံသယဖြစ်သွားပြီး မေးလိုက်၏"မင်း ဘာ‌တွေ့လို့လဲ၊ အကိုထန်"

"လျန်မိသားစု အခု ဘာလုပ်နေတယ်ဆိုတာ ငါ နားလည်ပြီ။ သူတို့ ဘာကို အများဆုံးအားကိုးတယ်ဆိုတာ ငါ ဖော်ထုတ်ပြီးပြီ"ထန်ရှုက ရှင်းပြလိုက်၏"ငါ အခုထိ မရှင်းလင်းသေးတဲ့တစ်စုံတစ်ခုရှိတယ်။ ငါ အဲဒါကို အတည်ပြုနိုင်တာနဲ့ လျန်မိသားစုကိုသုတ်သင်ဖယ်ရှားဖို့က အချိန်ကိစ္စတစ်ခုပဲ"

"အဲဒါက ဘာလဲ" မြောင်ဝမ်ထန်က အလျင်စလိုမေးလိုက်သည်။

ထန်ရှုက သူ၏ပခုံးအား ဆွဲကိုင်ကာ ရှေ့သို့ ဆက်လျှောက်သွား‌၏။ မြေအောက်ကမ္ဘာမဟာအစီအရင်မှ လျင်မြန်စွာ ထွက်လာပြီးနောက် သူက မြောင်ဝမ်ထန်အား လွှတ်ကာ ပြောလိုက်သည်"လျန််မိသားစုရဲ့မြေအောက်ကမ္ဘာမဟာအစီအရင်က ငရဲရဲ့အစီအရင်အကာအကွယ်အစီအမံတစ်ခုအနေနဲ့ လုပ်ဆောင်တယ်။ ဒါပေမယ့် အဲဒါကို သွေးယဇ်ပူဇော်ခြင်းတစ်ခုနဲ့‌အပြည့်အဝပေါင်းစပ်လိုက်မယ်ဆိုရင် တစ္ဆေကျင့်ကြံသူတွေရဲ့ခွန်အားကို တိုးမြှင့်ပေးဖို့ အသုံးပြုနိုင်တယ်။ ထိုနေရာမှာ ကျောက်တုံးဥယျာဉ်တစ်ခုကို မြင်ခဲ့တယ်။ မြေအောက်ကမ္ဘာဆီသို့ ဆက်ကြောင်းတစ်ခုရှိတဲ့ မြေအောက်နေရာလပ်တစ်ခုရှိတယ်၊ အဲဒါက ငရဲစွမ်းအင်ကို အဆက်မပြတ်ထုတ်ယူပြီး လူတွေရဲ့ခန္ဓာကိုယ်ကို လေ့ကျင့်ပေးပြီး သူတို့ကို ပိုသန်မာလာစေတယ်"

မြောင်ဝမ်ထန်က အံ့အားသင့်သွားပြီး သူက ထပ်မေးလိုက်၏"မြေအောက်ကမ္ဘာနဲ့ ချိတ်ဆက်မှုတစ်ခုရှိဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါက မဖြစ်နိုင်တဲ့စိတ်ကူးယဉ်မှုတစ်ခုမလား။ ဒါ့အပြင် ဒီကမ္ဘာမှာ မြေအောက်ကမ္ဘာက တကယ်ရှိတာလား"

"ဒီကမ္ဘာက သေမျိုးကမ္ဘာဖြစ်တာကြောင့် ဒီကမ္ဘာမှာ အဲလိုမရှိဘူး"ထန်ရှုက ပြုံးလျက် ပြော၏"ဒါပေမယ့် မြေအောက်ကမ္ဘာက အဆင့်မြင့်ကမ္ဘာတွေမှာ တည်ရှိတယ်။ ဒါပေမယ့် ရာမဒါမှမဟုတ် ဒဏ္ဍာရီထဲမှာငရဲမင်းလို လူ‌တွေခေါ်ကြတယ်-ဆိုတာ မရှ်ိဘူး၊ ဒါပေမယ့် ငရဲမင်းတစ်ယောက်နှင့်တူတဲ့ကြောက်စရာကောင်းတဲ့တည်ရှိမှုတွေတော့ ရှိတယ်။ သူတို့က သံသရာနဲ့ပြန်ဝင်စားခြင်းလမ်းကြောင်းခြောက်ခုကို ထိန်းချုပ်တဲ့သူတွေပေါ့-သေတဲ့အခါမှာ ကံကောင်းခြင်း၊ ကံဆိုးခြင်းကို ဆုံးဖြတ်တဲ့သူတွေပေါ့။ သူတို့က ပြန်မွေးဖွားခြင်းလမ်းကြောင်းကို ဆုံးဖြတ်တဲ့သူတွေလဲ ဖြစ်တယ်"

မြောင်ဝမ်ထန်၏နှုတ်ခမ်းက အကြိမ်အနည်းငယ်တုန်ယင်သွားပြီး သူက ထပ်မေးလိုက်၏"ဒါဆို ငါ သေပြီး ငရဲကို သွားရရင် သူတို့နဲ့ တွေ့ရမှာပေါ့"

"အခြားသူ‌တွေတော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမယ့် မင်းအတွက်တော့....အဲဒါက အရမ်းခက်ခဲလိမ့်မယ်"ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။

"ဒါဆို....မင်း ငရဲကို မသွားဘဲ ကောင်းကင်ဘုံကို သွားနိုင်တယ်လို့ ပြောနိုင်လား"မြောင်ဝမ်ထန်က ကျေနပ်သောအမူအရာနှင့် ‌မေးလိုက်သည်။

"ဟားဟားဟား"ထန်ရှုက ရယ်လိုက်သည်"ဒီကမ္ဘာမှာ ကောင်းကင်ဘုံက ဘယ်လိုလုပ်ရှိမှာလဲ။ အဲဒါက စိတ်ဝိညာဉ်နတ်ဘုရားတွေကို ယုံကြည်တဲ့ အနောက်တိုင်းကလူတွေက တည်ရှိတယ်လို့ယူဆထားတဲ့နေရာပဲ။ မင်း အခုသေရင် မြေအောက်ကမ္ဘာကို ဝင်ရောက်ရလိမ့်မယ်၊ ပြီးရင် သံသရာရဲ့လမ်းကြောင်းခြောက်ခုထဲကတစ်ခုကို ဦးတည်ပြီး ‌ပြန်လည်ဝင်စားရလိမ့်မယ်။ ဒါပေမယ့် အနာဂတ်မှာ မင်းက ခွန်အားအဆင့်တစ်ခုကို ရောက်ရှိရင် မင်း သေတာနဲ့ ပုံသဏ္ဍာန်ရောစိတ်ဝိညာဉ်ရောနှစ်ခုလုံးကို ဆုံးရှုံးရလိမ့်မယ်"

"ပုံသဏ္ဍာန်ရောစိတ်ဝိညာဉ်ရောနှစ်ခုလုံးကို ဆုံးရှုံးတာလား"မြောင်ဝမ်ထန်က ကြောက်ရွံ့သွား၏"ဒါက....."

ထန်ရှုက သူ့လက်အား မြှောက်ကာ ဆက်ပြောလိုက်၏"ငါတို့လိုလူ‌တွေ သေတာနဲ့ စိတ်ဝိညာဉ်က အဝေးကို ပျံသန်းပြီး ဗလာနတ္ထိအဖြစ် ပြန့်ကျဲသွားရလိမ့်မယ်။ ဒါမှမဟုတ် ပြန်လည်မွေးဖွားခြင်းကို ဆုပ်ကိုင်နိုင်တယ်ဒါမှမဟုတ် စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်အဖြစ်တောင် ပြောင်းလဲနိုင်တယ်။ ဒါပေမယ့် နောက်ဆုံးပန်းတိုင်က ပိုသန်မာ‌သထက်ပိုသန်မာအောင်လုပ်ပြီး ငါတို့ကို ချည်နှောင်ထားတဲ့အတားအဆီးကို ကြေမွဖျက်ဆီးခြင်းပဲ၊ ပြီးရင် အင်မော်တယ်ကမ္ဘာကို တက်နိုင်လိမ့်မယ်"

"ကြည့်ရတာ အနာဂတ်ကျရင် ငါ ပို ဂရုစိုက်ရမယ့်ပုံပဲ၊ မဟုတ်ရင် ငါ့ခန္ဓာကိုယ်ရောစိတ်ဝိညာဉ်ရော ပျက်ဆီးသွားတာနဲ့ ပြန်ဝင်စားဖို့ အခွင့်အရေးကို ဆုံးရှုံးသွားနိုင်တယ်" မြောင်ဝမ်ထန်က လေးနက်စွာ ပြောလိုက်သည်။

"အဲလိုပဲတော့မဟုတ်ဘူး"ထန်ရှုက တခစ်ခစ်ရယ်ကာ ဆက်ပြော၏"အင်မော်တယ်ကမ္ဘာလို အဆင့်ပိုမြင့်မားတဲ့ကမ္ဘာမှာ အဲဒီအင်မော်တယ်တွေ သေတာနဲ့ သံသရာလမ်းကြောင်းခြောက်ခုကို ဝင်ရောက်နိုင်ပြီး ပြန်ဝင်စားနိုင်တယ်။ အဆင့်နိမ့်နဲ့အဆင့်မြင့်ကမ္ဘာတွေက တူညီတဲ့ပြန်ဝင်စားခြင်းလမ်းကြောင်းဘီးကို မပိုင်ဆိုင်ပါဘူး၊ မြေအောက်ကမ္ဘာအတွက်လဲ အတူတူပဲ။ တိုတိုပြောရရင် အနာဂတ်မှာ မင်းချိုးဖြတ်ပြီး အင်မော်တယ်တစ်ယောက်ဖြစ်လာရင် မင်း နားလည်ပါလိမ့်မယ်။ လက်ရှိအချိန်မှာ မင်း နားလည်ဖို့မဖြစ်နိုင်သေးတဲ့အရာတွေအများကြီးရှိတယ်လို့တော့ ငါ မင်းကို ပြောနိုင်တယ်"

"အင်မော်တယ်ကမ္ဘာကို ချိုးဖြတ်ဖို့ ငါ့အတွက် အခွင့်အလးရေးတစ်ခု ဘယ်လိုရှိလာနိုင်မှာလဲ" မြောင်ဝမ်ထန်က သိမ်ငယ်သွားပြီး အားတင်းစွာ ပြုံးလျက် ပြောလိုက်၏"အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ဖို့ကတောင် ငါ့အတွက် အိမ်မက်ပမာပဲ"

ထန်ရှုက သူ့ပခုံးကို ပုတ်ကာ တုံ့ပြန်လိုက်ပြီး အပြင်ဘက်သို့ ဦးတည်ခဲ့၏။ နှစ်ယောက်စလုံးက အထဲကို အေးအေးဆေးဆေးဝင်နိုင်ပြီး အလွယ်တကူ ထွက်သွားနိုင်ခဲ့သည်။ တစ်ယောက်မှ သတိမပေးမိစေဘဲ သူတို့က လျန်မိသားစုအိမ်ရာမှ တိတ်တဆိတ်ထွက်ခွာလာပြီး မြောင်မိသားစုအိမ်ရာသို့ မနက်နှစ်နာရီ၌ ပြန်ရောက်လာခဲ့သည်။

ရေကန်အနောက်ဘက်ဥရောပစတိုင်စံအိမ်တစ်ခုအထဲတွင် ရွှယ်ယုက လသာဆောင်တွင် ထိုင်နေပြီး ဝိုင်နီတစ်ခွက်ကိုင်လျက် တောအုပ်ထဲရှိယိမ်းထိုးနေသောသစ်ပင်များအား ကြည့်ရှုနေလေ၏။

"ရှင်တို့ပြန်လာပြီလား"

ရုတ်တရက် သူမ၏လှပသောမျက်နှာက ကျေနပ်အံ့အားသင့်ကြောင်းကို ပြသလိုက်သည်။ သူမက ဝိုင်ခွက်အား ချကာ အခန်းသို့ ချက်ချင်း ပြေးသွားပြီး မကြာမီတ္ငင် ပထမအထပ်ရှိလှေကားပေါ်တွင် ထန်ရှုအား တွေ့ဆုံလိုက်၏။

"ဘယ်လိုလဲ"ရွှယ်ယုက ပြုံး၍မေး၏။ သူမက ထန်ရှု၏ဘေးကင်းမှုအတွက် စိုးရိမ်နေခဲ့ပြီး သူ အန္တရာယ်ကင်းကင်းနှင့်ပြန်လာသည်ကို မြင်ပြီးမှ သူမ၏နှလုံးထဲရှိစိုးရိမ်မှုက ပျောက်ကွယ်သွားခဲ့ရသည်။

ထန်ရှုက သူမ၏သွယ်လျသောခါးအား ပွေ့ဖက်ကာ ဘေးချင်းကပ်လျက် ဒုတိယထပ်သို့ လျှောက်သွားရင်း ပြော၏"လျန်မိသားစုဝင်တွေက နတ်ဆိုးလမ်းကြောင်းကို လျှောက်လမ်းနေတာ သေချာသလောက်နီးပါးပဲ။ နောက်ထပ်ရှုထောင့်တစ်ခုအရ သူတို့က တ‌စ္ဆေလမ်းကြောင်းကို ကျရောက်နေတယ်လို့ ပြောနိုင်တယ်၊ ဒီလိုလူမျိုးတွေက လုံးဝရက်စက်တယ်။ ငါတို့က လျန်တွေကို ဖြစ်နိုင်သမျှ သုတ်သင်ရှင်းလင်းဖို့ လိုတယ်"

"မေးခွန်းက သူတို့ကို အလွယ်တကူ ဖယ်ရှားနိုင်မှာလား"ရွှယ်ယုက မေးလိုက်သည်။

"ပြောရခက်တယ်"တစ်ခဏစဉ်းစားပြီးနောက် ထန်ရှုက ပြောလိုက်သည်"လျန်မိသားစုဝင်တွေက သုတ်သင်တာက လွယ်ကူတဲ့အလုပ်တစ်ခုပဲ။ ဒါပေမယ့် ငါ့ကို အစိုးရိမ်ရစေဆုံးက အတွင်းမှာ နက်နဲတဲ့ဒိုင်မန်းရှင်းတစ်ခုရှိတာပဲ။ ဥပမာအားဖြင့် မြေအောက်ကမ္ဘာမှတစ္ဆေအချို့လိုပေါ့"

"လျန်မိသားစုက မြေအောက်ကမ္ဘာနဲ့တကယ်ပဲ ချိတ်ဆက်ထားတာလား"ရွှယ်ယုက အံ့အားသင့်စွာ ပြောလိုက်၏"ပြီးတော့ ခဏက ရှင် ပြောတဲ့ မြေအောက်ကမ္ဘာရဲ့တည်ရှိမှုဆိုတာ....ထိုနေရာက တကယ်ကို.....ငရဲပဲလား "

"ဟုတ်တယ်"ထန်ရှုက ခေါင်းညိတ်လိုက်သည်။

"ဒါဆို ငါတို့ ဘာဆက်လုပ်သင့်လဲ"ရွှယ်ယုက မေး၏။

"ငါတို့ ကမ်းဇတ်ကို အရင်ဆုံးသွားမယ်"ထန်ရှုက ဖြေလိုက်သည်"လုံကွမ်ပင်လယ်အော်မှာရှိတဲ့အင်မော်တယ်နေအိမ်ကို ချိုးဖြတ်နိုင်ရင် အထဲမှာ ဘာပဲရှိရှိ ငါတို့ယူသွားမယ်။ ဒါပေမယ့် ငါတို့ မဖွင့်နိုင်ရင် ချက်ချင်းပြန်လာမယ်။ အချိန်အကန့်အသတ်အနေနဲ့ ခုနှစ်ရက်ထားမယ်။ အဆုံးမှာ ငါတို့အောင်မြင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှုံးနိမ့်တာပဲဖြစ်ဖြစ်၊ ငါတို့ပြန်လာမယ်။ ငါ အားဝူကို ဒီ‌နေရာမှာ ချန်ထားပြီး လျန်မိသားစုရဲ့သတင်းအချက်အလက်အချို့ကို ထောက်လှမ်းခိုင်းထားမယ်"

"ရှင် ဘာအချက်အလက်‌တွေ လိုသေးလို့လဲ"ရွှယ်ယုက စိတ်ရှုပ်ထွေးသောမျက်နှာအမူအရာနှင့် မေးလိုက်၏"ဒီည ရှင်ကိုယ်တိုင် အချက်အလက်တွေ ရလာခဲ့တာမလား"

"ငါ သိချင်တာက လျန်တွေရဲ့နောက်ကွယ်မှာ အခြားနတ်ဆိုးဒါမှမဟုတ်မိစ္စာတွေရှိမရှိ"ထန်ရှုက ရှင်းပြလိုက်၏"သူတို့ရဲ့မိသားစုဝင်တွေက မြေအောက်ကမ္ဘာနဲ့ဆယ်သွယ်မှုရှိမရှိ။ နတ်ဆိုးအချို့က တကယ်ပဲ ပါဝင်နေတယ်ဆိုရင် သူတို့က အရမ်းပြောင်မြောက်‌နေ‌ရင်တောင် ငါ အများကြီးမစိုးရိမ်ပါဘူး။ ဒါပေမယ့် သူတို့က တကယ်ပဲ မြေအောက်ကမ္ဘာနဲ့ ချိတ်ဆက်ထားခဲ့တယ်ဆိုရင် ဒီကိစ္စက ရင်ဆိုင်ရတာ အတော်လေးသတိထားရလိမ့်မယ်"

ရွှယ်ယုက ခေါင်းညိတ်ကာ ပြောလိုက်သည်"ဒီလိုဆိုရင် အစိမ်းရောင်ရေကန်အဂရီခိုလာမှတစ်ယောက်ယောက်ကို ရှင် အကြောင်းမကြားဘူးလား။ တကယ်တော့ လျန်တွေရဲ့ခေါင်းဆောင်၊ သူတို့ရဲ့ဘိုးဘေးနှစ်ယောက်နဲ့ ကျွမ်းကျင်သူနှစ်ဆယ်ကျော်က အဲနေရာမှာ သေသွားခဲ့တာ။ လျန်တွေက သူတို့ရဲ့လူတွေကို အဲနေရာကို ထပ်လွှတ်လိုက်မှာကို ငါ စိုးရိမ်တယ်၊ လက်ရှိမှာလဲ ငါတို့က ဒီပြဿနာကို မဖြေရှင်းနိုင်သေးဘူးဆိုတော့"

ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည်"မနက်ဖြန်မနက်ကျရင် ဟန်စမ်ကို တွေ့လိုက်မယ်၊ ပြိီးရင် သူ့ကို ချန်မြို့ကို သွားခိုင်းလိုက်မယ်"

နောက်တစ်နေ့ရောက်လာပြီး အနီရောင်နေလုံးကြီးက အရှေ့အရပ်မှ မြင့်တက်လာ၏။ ထန်ရှုက သပ်သပ်ရပ်ရပ်ဝတ်ဆင်ပြီးနောက် စံအိမ်မှ ထွက်လာသည်။ ထို့နောက် မီတာဒါဇင်အကွာရှိတောအုပ်၏အစွန်အဖျားတွင် တင်ပျဉ်ခွေထိုင်နေသောဟန်စမ်အား တွေ့ရှိခဲ့ပြီး သူက ချက်ချင်း ဦးတည်လိုက်၏။

"သူဌေး"

ဟန်စမ်၏ဒဏ်ရာက အပြည့်အဝမကုသရသေးဘဲ သူက ခုနှစ်ဆယ်ရာခိုင်နှုန်းပတ်လည်သာ ပြန်ကောင်းသေး၏။ မိုအားဝူတို့အဖွဲ့ထံမှ ထန်ရှုအား မည်သို့နှုတ်ဆက်ရမည်ကို သင်ယူခဲ့ပြီး သူက လေးလေးစားစားနှုတ်ဆက်လိုက်သည်။

ထန်ရှုက သူ့အား ခေါင်းညိတ်ပြကာ ပြော၏"ငါ ခန့်မှန်းတာ မှန်ရင် စုန့်တုံလိုင်နဲ့အောင်းဝေ့တို့က ချိုးဖြတ်ပြီး ချီသန့်စင်ခြင်းကျင့်ကြံသူတွေ ဖြစ်နေလောက်ပြီး။ အဲဒါနဲ့ ပတ်သက်ပြိီး မင်းရော ဘယ်လိုထင်လဲ"

အေးစက်စက်အရှိန်အဝါတစ်ခုက ဟန်စမ်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ့အမူအရာက အလွန်တည်ငြိမ်ကာ သူက ပြန်ဖြေလိုက်၏"ငါ့ဘဝက မင်းအပိုင်ပါပဲ၊ သူဌေး။ ငါလုပ်ရမှာကို ငါ့ကို ပြောရုံပဲ။ မင်း ငါ့ကို ကျင့်ကြံသူတစ်ယောက်ဖြစ်စေချင်ရင် ငါ ဖြစ်လာလိမ့်မယ်။ မင်း ငါ့ကို လက်ရှိအတိုင်း နေစေချင်ရင် ငါ နေမယ်၊ ငါ အထွန့်တက်စရာမရှိဘူး"

"ကောင်းပြီ"ထန်ရှုက ခေါင်းညိတ်ကာ အမိန့်ပေးလိုက်သည်။ "ဒါဆို မင်း ချန်မြို့ကို သွား။ အစိမ်း‌ရောင်ရေကန်အဂရီခိုလာကို မီးရှို့ပြီး သူတို့ရဲ့ခြေရာလက်ရာတွေကို ‌ဖျောက်ဖို့ စုန့်တုံလိုင်နဲ့အောင်းဝေ့တို့ကို ပြော။ ပြီးရင် သူတို့ကို ကျင်းမန်ကျွန်းကို ခေါ်ပြီး ထာဝရခန်းမရဲ့ဌာနချုပ်ကို သွားလိုက်"

"အဲကို ရောက်ပြီးရင် ငါ ဘာ ဆက်လုပ်ရမလဲ"ဟန်စမ်က မေး၏။

"မင်းတို့ အဲကို ရောက်ရင် လူအချို့က မင်းတို့ကို စီစဉ်ပေးလိမ့်မယ်"ထန်ရှုက ပြောလိုက်သည်"ပြီးတော့ တစ်ယောက်ယောက်က မင်းကို အင်မော်တယ်ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို သင်ကြားပေးလိမ့််မယ်၊ မင်းကို ကျင့်ကြံခြင်းလမ်းကြောင်းကို စတင်နိုင်အောင် ကူညီပေးလိမ့်မယ်။ ဒါပေမယ့် မင်း စိတ်ထဲမှာ မှတ်ထားရမှာက ဒီနေ့ကစပြီး မင်းက ထာဝရခန်းမရဲ့အပြင်အဖွဲ့ဝင်တစ်‌ယောက်ဖြစ်ပြီးဆိုတာပဲ"

"ငါ ထာဝရခန်းမနဲ့ပတ်သက်ပြီး သိတယ်"ဟန်စမ်က ပြောလိုက်သည်"ငါ အဲနေရာကအစီအရင်ကို ချိုးဖြတ်ဖို့ တစ်ခါကြိုးစားခဲ့ဖူးတယ်။ ငါ နှစ်ဆင့်ပဲ ချိုးဖြတ်နိုင်ခဲ့ပြီး ပြန်ဆုတ်လာရတာ ဆိုးလွန်းပါတယ်"

သူ၏အပြောအပေါ် ထန်ရှုက ပြုံးလျက် တုံ့ပြန်လိုက်သည်"ထာဝရခန်းမနဲ့ပတ်သက်ပြီး မင်း သိတာတွေက အကုန်လုံးမဟုတ်သေးဘူးဆိုတာပဲ။ ဟိုကိုရောက်ရင် ထာဝရခန်းမက ဘယ်လိုတည်ရှိမှုလဲဆိုတာ မင်း သိလာပါလိမ့်မယ်"

"နားလည်ပါပြီ"ဟန်စမ်က ခေါင်းညိတ်ကာ လက်နှစ်ဖက်ဆုပ်လျက် ထွက်ခွာသွားခဲ့၏။

ထန်ရှုက သူ့နောက်‌ကျောအား ပြုံးလျက် ကြည့်နေသည်။ ဟန်စမ်က လူသတ်သမားတစ်ယောက်ဖြစ်ရန် အရည်အချင်းရှိသည်ကို သူ ‌တွေ့ရှိခဲ့၏။ သူက သဘာဝအားဖြင့် သွေးအေးပြီး သူလုပ်ရမည့်အရာမှန်သမျှအောင်မြင်ရန်အတွက် မရပ်တန့်ဘဲ အမြဲတမ်းအကောင်းဆုံးကြိုးစားခဲ့သည်။ သူ၏ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသရွေ့ သူက အရာအားလုံးကို ပြုလုပ်နိုင်သည်။ သို့သော် အနာဂတ်တွင် ဟန်စမ်က သူ၏အမိန့်ကို နာခံရမည်။ သူ့အား အင်မော်တယ်ကမ္ဘာသို့ ခေါ်သွားရန် ထန်ရှုက စဉ်းစားထားသည်။ ထို့နောက် အင်မော်တယ်ကမ္ဘာတွင် သူ့အား ကြောက်စရာကောင်းသောသတ်ဖြတ်ခြင်းနတ်ဘုရားတစ်ယောက်အဖြစ် ပြောင်းလဲစေရမည်။

ထို့နောက် ထန်ရှုက မိုအားဝူနှင့်သူ့အဖွဲ့အား ဆင့်ခေါ်လိုက်၏။ သူက သူတို့အား အမိန့်ပေးခဲ့ပြီး သူတို့ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ ထို့နောက် သူက မနီးမဝေးရှိနောက်ထပ်စံအိမ်တစ်ခု၏အပြင်ဘက်သို့ တစ်ယောက်တည်း လျှောက်သွားခဲ့၏။

"မင်း စောစောနိုးလာတာလား၊ အကိုထန်"

ထန်ရှုအား မြင်ပြိီးနောက် စံအိမ်ဝင်းထဲတွင် ထိုက်ချိလေ့ကျင့်နေသောမြောင်ဝမ်ထန်က ချက်ချင်းရပ်ကာ သူ့အား နှုတ်ဆက်လိုက်၏။

***

All Chapters