ကောင်းကင်ဘုံအတွက် ကိုယ်စားလှယ်တစ်ယောက်အဖြစ် ဆောင်ရွက်ခြင်း
Vol. 66 Ch. 919
ထန်ရှုက စိတ်အားထက်သန်နေသောမြောင်ဝမ်ထန်အား ကြည့်ကာ ပြောလိုက်၏"လောလောဆယ် လျန်မိသားစုသုတ်သင်ခြင်းအစီအစဉ်ကို ရပ်ထားအုံးမယ်၊ ငါ ကမ်းဇတ်ကို အရင်သွားစရာရှိလို့။ ကိစ္စပြီးရင် နောက်တစ်ပတ်ကျရင် ငါ ပြန်လာမယ်။ ပြီးရင် သူတို့ကို ရိတ်သိမ်းဖို့ နည်းလမ်းကို ငါ ရှာမယ်"
"မင်း ကမ်းဇတ်ကို သွားမှာလား"မြောင်ဝမ်ထန်က အံ့အားသင့်စွာ မေး၏"မင်း အဲမှာ ဘာလုပ်မလို့လဲ"
"အသေးအဖွဲကိစ္စအချို့ပါ" ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ပြန်ဖြေ၏။
ထန်ရှုမရှင်းပြချင်သည်ကို မြင်ပြီး မြောင်ဝမ်ထန်က ထပ်မမေးတော့ဘဲ ခေါင်းညိတ်ကာ ပြော၏"မင်းသွားတဲ့အပတ်အတွင်း လျန်မိသားစုကို စုံစမ်းဖို့ ငါ လူအချို့ကို လွှတ်လိုက်မယ်"
"မလိုဘူး"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"သူတို့ကို အားဝူနဲ့သူ့အဖော်တွေကို လွှဲထားလိုက်။ သူတို့က သတင်းအချက်အလက်တွေအတွက် တာဝန်ရှိတယ်၊ ဒါကြောင့် လက်ရှိမှာ မင်းတို့မိသားစုက ပါဝင်ဖို့ မလိုဘူး။ သူတို့ရဲ့ခေါင်းဆောင်၊ ဘိုးဘေးနှစ်ယောက်နဲ့ ကျွမ်းကျင်သူနှစ်ဆယ်ကျော် အသတ်ခံရတာကို ရှာတွေ့ပြီးရင် လျန်မိသားစုက သေချာပေါက် ဒေါသထွက်သွားလိမ့်မယ်။ ထိုအချိန်ကျရင် သူတို့ရှာတွေ့တဲ့ဘယ်လိုသဲလွန်စမဆို အန္တရာယ်ရှိပါလိမ့်မယ်"
"မနေ့ညက ငါတို့ တစ်ခုခုကို ရှာတွေ့ပြီးမဟုတ်လား။ မြောင်တွေက လျန်တွေကို မကြောက်ဘူးလို့ ငါ ဂုဏ်ယူစွာ ပြောခဲ့တယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ငါ့မိသားစုက သူတို့နဲ့တိုက်ခိုက်နိုင်စွမ်းမရှိတာကို ငါ သဘောပေါက်ခဲ့တယ်။ ကောင်းပါပြီ၊ ငါ မင်းစကား နားထောင်မှာပါ"မြောင်ဝမ်ထန်က အားတင်းပြုံးလျက် ပြော၏။
ထန်ရှုက ခေါင်းညိတ်လိုက်သည်။ လက်ရှိတွင် မြောင်ဝမ်ထန်မဆိုနှင့်၊ သူလျှင်ပင် လျန်မိသားစုအား သတိထားရ၏။ မြောင်တွေက သူတို့အပေါ် ဆိုးဝါးသောရည်ရွယ်ချက်အချို့ရှိသည်ကို လျန်တွေက တွေ့ရှိခဲ့ပါက သူတို့၏ဒေါသကို မြောင်များအပေါ် ပေါက်ကွဲထွက်လာနိုင်သည်၊ မိသားစုတစ်ခုလုံးတောင် အမြစ်ပြတ်သုတ်သင်ခံရနိုင်၏။
မြောင်ဝမ်ထန်၏လက်ရှိခွန်အားအရ သူက လျန်မိသားစုကျွမ်းကျင်သူကြီးမားသောအရေအတွက်တစ်ခုကို အလွယ်တကူသတ်ဖြတ်နိုင်၏။ သို့သော် ဆာလောင်နေသောကျားတစ်ကောင်က ဝံပုလွေတစ်အုပ်အား မတိုက်ခိုက်နိုင်ပေ။ ထိုအယောက်လေးဆယ်ကျော်လျန်ဘိုးဘေးများက ပူးပေါင်းလိုက်ပါက မြောင်ဝမ်ထန်ဒဏ်ရာမရဘဲလွတ်မြောက်နိုင်ဖို့က ဖြစ်နိုင်ချေသုညပင်။
နေ့လည်ရောက်လာပြီးနောက် ထန်ရှုနှင့်ရွှယ်ယုတို့က ကမ်းဇတ်လေဆိပ်သို့ ရောက်ရှိလာ၏။ သူတို့က ကျဲဝါလေ့အား ကြိုတင်ဆက်သွယ်ထားခဲ့သည်၊ သို့ဖြစ်၍ လေဆိပ်မှထွက်လာပြီးနောက် သူတို့အား လက်ပိုက်လျက်စောင့်နေသောလူအား နှစ်ယောက်လုံး မြင်တွေ့ခဲ့၏။
"ယို၊ အကိုထန်....."
ကျဲဝါလေ့က ချဉ်းကပ်လာပြီး အော်ခေါ်လိုက်သည်။ ရွှယ်ယုကို မြင်ပြီးနောက် သူက အနည်းငယ်အံ့အားသင့်သွားသော်လည်း သူက နွေးထွေးစွာ နှုတ်ဆက်ခဲ့၏။
ထန်ရှုက သူ့အား ပွေ့ဖက်ကာ ပြုံးလျက် ပြောလိုက်၏"ဒီတစ်ကြိမ် ငါ မင်းကို ဒုက္ခပေးရမှာပဲ၊ အကိုကျဲ။ စကားမစပ် ဒါက ငါ့အမျိုးသမီးရွှယ်ယုလေ။ ရွှယ်ယု၊ ဒါက ငါ မင်းကို ပြောခဲ့တဲ့အကိုကျဲဝါလေ့ပဲ"
"အကိုကျဲဝါလေ့"ရွှယ်ယုက ခေါင်းညိတ်ကာ ပြုံးလျက် နှုတ်ဆက်၏။
ကျဲဝါလေ့က ထန်ရှုအား လက်မထောင်ပြကာ ချီးကျူးလိုက်သည်"မင်းက တကယ်ကို ကောင်းချီးပေးခံထားရတာပဲ၊ အကိုထန်။ မစ်ဇ်ရွှယ်လိုလှပတဲ့နတ်သမီးတစ်ယောက်ကို မင်းရှာတွေ့နိုင်ခဲ့တာပဲ။ ဒါနဲ့ ကားက အပြင်မှာစောင့်နေတယ်၊ ငါတို့ အခု သွားချင်လို့ သွားလို့ရပြီ ဒါမှမဟုတ် မင်း ငါ့နေရာကို အရင်သွားလည်ချင်လား"
"ငါတို့ကို လုံကွမ်ပင်လယ်အော်မှာရှိတဲ့ရွာကိုပဲ တိုက်ရိုက်ပို့ပေးပါ"ထန်ရှုက ပြောလိုက်သည်"ဒါက ငါ ဒီတစ်ကြိမ် ဒီနေရာကို လာတဲ့ အကြောင်းပြချက်ပဲ။ အရင်တုန်းက အင်မော်တယ်နေအိမ်ကို ဖွင့်ဖို့ ငါ ကျရှုံးခဲ့တယ်၊ ဒါကြောင့် ဒိီတစ်ကြိမ် ငါ ထပ်လာကြိုးစားတာ"
"ဒါနဲ့ပတ်သက်ပြီး ပြဿနာမရှိဘူး"ကျဲဝါလေ့က ရယ်လိုက်၏။
လုံကွမ်ပင်လယ်အော်။
ထန်ရှုနှင့်ရွှယ်ယုတို့အား သူတို့၏ပန်းတိုင်ရှိရာသို့ ပို့ဆောင်ပြီးနောက် ကျဲဝါလေ့က ဆက်မနေခဲ့ပေ၊ အချို့အရာများအား ရှောင်ရှားရန်လိုသည်ကို သူက သဘောပေါက်သည်။ သူက ဝရမ်ဂလာဂျက်ကားတစ်စီးအား သူတို့အတွက် ချန်ထားခဲ့ပြီးနောက် ထွက်ခွာလာခဲ့၏။
မနီးမဝေးရှိရွာဝင်ပေါက်တွင် ရွှယ်ယုက မေး၏"အရင်တုန်းက ဒီနေရာမှာ မင်းတို့ တိုက်ပွဲဖြစ်ခဲ့တာမလား။ ကြည့်ရတာ လူအနည်းငယ်ပဲ ဒီနေရာမှာ နေထိုင်တယ်ထင်တယ်"
"ဒီနေရာမှာ ဒေသခံတွေ အများကြီးမရှိဘူး။ ဒါပေမယ့် သူတို့က အရမ်းကြင်နာတတ်ပြီးပေါင်းရသင်းရလွယ်ကူတယ်။ ကောင်းပြီ၊ အဲကို သွားကြတာပေါ့။ ငါ ဒီနေရာမှာ အိမ်တစ်လုံးကို တစ်နှစ်စာငှားထားခဲ့တယ်"
ရွှယ်ယုက ပြုံးလျက် ခေါင်းညိတ်တုံ့ပြန်လိုက်ပြီး ထန်ရှုနှင့်အတူ ရွာထဲသို့ လမ်းလျှောက်ဝင်သွားခဲ့သည်။ သူတို့ ဝင်လာပြီးနောက် မှိန်းတစ်ခုကို ကိုင်လျက် လူအိုကြီးတစ်ယောက်က ရွာထဲမှ ထွက်လာသည်ကို မြင်လိုက်၏။ ထန်ရှုကို မြင်သောအခါ လူအိုကြီးက ရုတ်တရက်အံ့အားသင့်သွားပုံပေါ်သည်။ သူက တစ်ခဏတုံ့ဆိုင်းသွားခဲ့ပြီး အပြေးလာကာ မေးလိုက်၏"မင်းက ဆရာထန်မလား"
"မင်းက တကယ် မှတ်ဉာဏ်ကောင်းတာပဲ၊ ဦးလေးကျာ"ထန်ရှုက ပြုံးလျက် တုံ့ပြန်လိုက်၏"ဟုတ်တယ်၊ ငါပါပဲ"
ဦးလေးကျာက ရွာအား နှစ်ကြိမ်လှည့်ကြည့်ပြီးနောက် ခေါင်းအား အလျင်စလိုပြန်လှည့်ကာ ပြော၏"ဒီနေရာကို မင်းတို့ နှစ်ယောက်ပဲ လာတာလား၊ ဆရာထန်။ အရင်တစ်ခါတုန်းကလိုမင်းရဲ့လူတွေရော မခေါ်လာဘူးလား"
"အာ၊ သူတို့က ဒီတစ်ကြိမ် ငါနဲ့ မလိုက်လာဘူး"ထန်ရှုက နားမလည်ဟန်ဖြင့် မေးလိုက်၏"မင်း ငါ့ကို ဒီမေးခွန်းမေးတယ်ဆိုတော့ ဒီနေရာမှာ ဘာဖြစ်ခဲ့လို့လဲ၊ ဦးလေးကျာ"
ဦးလေးကျာက ရှုံ့မဲ့စွာ ပြုံးလျက် မေးလိုက်သည်"ဆရာထန်၊ မင်းလူတွေကို မခေါ်လာဘူးဆိုရင် အရင်တုန်းက မင်း ငှားခဲ့တဲ့အိမ်ကို မသွားဖို့ ငါ အကြံပေးချင်တယ်။ လိုအပ်ရင် ငါ့နေရာမှာ အခန်းလွတ်တစ်ခုရှိတယ်၊ ဒါကြောင့် ငါ့အိမ်ကို အရင်သွားကြရအောင်။ မင်းတို့နေဖို့အတွက် အခန်းရှင်းထားပေးဖို့ ငါ့ဇနီးကို ငါ ပြောလိုက်မယ်"
တစ်ခုခုမှားယွင်းနေသည်ကို ထန်ရှုက သဘောပေါက်သွားပြီး မေးလိုက်၏"ဒီနေရာမှာ အတိအကျ ဘာဖြစ်တာလဲ၊ ဦးလေးကျာ"
"လွန်ခဲ့တဲ့လအနည်းငယ်က ရွာကို ဆိုးသွမ်းသောင်းကျန်းသူတစ်အုပ်ရောက်လာတယ်။ သူတို့က ရွာထဲကလူတွေကို အမြဲတမ်းအနိုင်ကျင့်ရုံတင်မက မင်းငှားခဲ့တဲ့အိမ်ကိုလဲ သိမ်းပိုက်ထားတယ်။ မင်း အဲကို အလျင်စလိုသွားလိုက်ရင် မင်း ဒုက္ခရောက်သွားလိမ့်မယ်"ဦးလေးကျာက အကူအညီမဲ့စွာ ပြောလိုက်သည်။
ပြောပြီးနောက် သူက ရွှယ်ယုအား လက်ညှိုးထိုးကာ ခေါင်းခါယမ်းလိုက်၏။
အေးစက်ခြင်းက ထန်ရှု၏မျက်လုံးထဲတွင် လျှပ်တစ်ပြက်လက်သွားပြီး သူက ပြုံးကာ ပြောလိုက်၏"ငါတို့အားလုံးက အကျိုးသင့်အကြောင်းသင့်စဉ်းစားတတ်တဲ့သူတွေပဲ၊ ပြီးတော့ ငါ အဲအိမ်ကို ငှားထားပြီးပြီ၊ ဒါကြောင့် ငါ အဲမှာ နေခွင့်ရှိတယ်။ ငါတို့က အခြားသူတွေကို အနိုင်မကျင့်ဘူး၊ ဒါပေမယ့် သူတို့က ငါတို့ကို အနိုင်ကျင့်ချင်ရင်တော့ ဘာက သူတို့အတွက် ပိုကောင်းတယ်ဆိုတာ ခံစားခွင့်ပေးလိုက်မယ်။ အာ၊ ဟုတ်ပြီ။ ဒီလူတွေရဲ့ဇစ်မြစ်ကို မင်း သိလား"
"ငါ့စကားကို နားထောင်စမ်းပါ၊ ကောင်လေး" ဦးလေးကျာက လက်ဝှေ့ယမ်းကာ ပြော၏"မင်း သူတို့ကို သွားမရှုပ်ရဘူး။ သူတို့က အခြားနေရာအချို့မှမုဆိုးတွေပဲ"
"မုဆိုးတွေလား"ထန်ရှုက ခေါင်းရှုပ်သွား၏။
"ဦးလေးကျာ၊ မင်း စောစောကပြောခဲ့တဲ့မုဆိုးတွေဆိုတာ တရားမဝင်အမဲလိုက်သမားတွေလား၊ ရှားပါးတဲ့တိရစ္ဆာန်တွေကို အမဲလိုက်တဲ့သူတွေလား"ရွှယ်ယုက မေးလိုက်သည်။
"မင်းလဲ အဲလိုလူတွေကို သိတာလား"ဦးလေးကျာက အံ့အားသင့်စွာ ပြောလိုက်သည်"မင်း ခန့်မှန်းတာ မှန်တယ်။ လုံကွမ်ပင်လယ်အော်အနီးနားမှာ တန်ဖိုးကြီးတောရိုင်းတိရိစ္ဆာန်တွေ အများကြီးရှိတယ်။ အချို့က အတော်လေးတန်ဖိုးရှိတယ်၊ ဒါကြောင့် သူတို့က ဒီနေရာကို နှစ်အနည်းငယ်ပြည့်တိုင်းလာပြိီး လအနည်းငယ်နေကြတယ်။ ဒီတစ်ကြိမ်လာတဲ့သူတွေ အများကြီးမရှိဘူး၊ ဒါကြောင့် ငါ့အိမ်ထဲရှိအခန်းလွတ်က မင်းတို့ နေဖို့ လုံလောက်တယ်"
ထန်ရှုက တစ်ခဏစဉ်းစားလိုက်ပြီး ကိစ္စများအား ရှုပ်ထွေးအောင် လုပ်ရန်မလိုဟု သူက ခံစားမိသည်။ သူက ဦးလေးကျာ၏အိမ်တွင် နေနိုင်သောကြောင့် ထိုနေရာတွင်ပင် ယာယီတည်းခိုရမည်။
"ဟေး၊ နံပါတ်ငါး၊ မင်းဖင်ကို မြန်မြန်လှုပ်ခိုင်းစမ်းပါ။ သူဌေးက ရှောက်ကျိုးအရက်ကို လိုချင်တယ်။ မင်း အဲဒါကို ထပ်မဝယ်နိုင်ရင် သူက မင်းရဲ့အရေခွံကို ဆုတ်လိမ့်မယ်......"
"ငါ သိတယ်၊ ငါ သိတယ်၊ ချီးလိုပဲ၊ စိတ်အနှောင့်အယှက်ပဲ.....။ မင်း ငါ့ကို ဘာလို့ တွန်းနေတာလဲ။ ဒီအဖေမှာ ခြေထောက်သုံးချောင်းရှိရင်တောင် ငါ အဲကို ပြေးသွားရမှာပဲမဟုတ်လား"
ကျယ်လောင်သောအော်သံနှစ်ခုကို ကြားလိုက်ရပြီး သန်မာသောလူနှစ်ယောက်က ရွာထဲသို့ အပြင်မှ ပြေးဝင်လာခဲ့၏။ အရှေ့ဆုံးလူက ထန်ရှုနှင့်ရွှယ်ယုတို့အား မြင်သောအခါ သူ၏အရှိန်ကို ရုတ်ခြည်းရပ်လိုက်သည်။ သူ့မျက်လုံးများက ရွှယ်ယုအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြီး သူက သွားရည်ကျလုနီးပါးပင်။
"မင်း ဘာလုပ်နေတာလဲ၊ နံပါတ်ငါး။ ဘာလို့ မင်း မြန်မြန်မပြေးတော့တာလဲ"
သူ့နောက်တွင် လည်ပင်းပေါ်တွင် တက်တူးနှင့်ထိပ်ပြောင်တစ်ယောက်ရှိပြီး ထိုလူက ဆဲဆိုကာအရှေ့လူ၏ခေါင်းအား ရိုက်လိုက်၏။
နံပါတ်ငါးဟုခေါ်သောလူက ရွှယ်ယုအား လက်ညှိုးထိုးကာ ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်၏"အလှလေးတစ်ယောက်.....ဒီလိုလှပတဲ့အလှလေးတစ်ယောက်...သူမက တီဗီပေါ်က ဆယ်လီတွေထက်တောင် ပိုလှတယ်....."
ထိပ်ပြောင်က မှင်တက်သွားပြီး ထန်ရှုနှင့်ရွှယ်ယုတို့အား ကြည့်ရန် ရှေ့တိုးလိုက်၏။ သူ့မျက်လုံးများက ရွှယ်ယုအပေါ် ကျရောက်သွားခဲ့ပြီး သူက သူမ၏ခန္ဓာကိုယ်အား အထက်အောက်ပြင်းပြစွာ ကြည့်နေခဲ့သည်။ သူက တံတွေးမျိုချကာ အံ့အားသင့်စွာ ပြောလိုက်၏"အိုး....ဒီအမျိုးသမီးက ဘယ်သူလဲ။ သူမက ရက်ရက်စက်စက်လှလွန်းတယ်...."
ရွှယ်ယုက သူတို့အား ရွံရှာစက်ဆုပ်စွာ ကြည့်လိုက်ပြီး ထန်ရှု၏လက်အား ချက်ချင်း ဆုပ်ကိုင်လိုက်သည်။
အေးစက်သောအလင်းတစ်ခုက ထန်ရှု၏မျက်လုံးထဲတွင် လင်းလက်သွား၏။ သူက လှည့်ကာ ဦးလေးကျာအား မေးလိုက်သည်"ဒီကောင်တွေက မင်း ငါ့ကို ပြောခဲ့တဲ့မုဆိုးတွေလား။ အဲဒီအရိုင်းအစိုင်းကလေကချေကောင်တွေလား။
"ကျေးဇူးပြုပြီး စကားကို မဆင်မခြင်မပြောပါနဲ့၊ ဆရာထန်။ ဒါက မင်းကို ဒုက္ခဖြစ်စေလိမ့်မယ်"ဦးလေးကျာက အလျင်စလိုပြောလိုက်သည်။ "ငါတို့...ငါတို့ ရန်စလို့မရဘူး....အဲလူတွေကို.....။ သူတို့မှာ သေနတ်ရှိတယ်...."
ထန်ရှုက နှာခေါင်းရှုံ့ကာ ရွှယ်ယုအား စိုက်ကြည့်နေသောထိုနှစ်ကောင်အား ဆဲဆိုလိုက်၏"မင်းတို့က ဘာကြည့်နေတာလဲ။ သူမကို ထပ်ကြည့်ရင် ငါ မင်းတို့ရဲ့မျက်လုံးကို ထိုးဖောက်လိုက်မယ်။ အခုပဲ ထွက်သွားစမ်း"
ထိုအခါကျမှ ထိပ်ပြော၏မျက်လုံးများက ရွှယ်ယုခန္ဓာကိုယ်မှ ခွာလိုက်တော့သည်။ သူ့မျက်လုံးများက ထန်ရှုအပေါ် ကျရောက်လာပြီး သူက မျက်မှောင်ကြုတ်ကာ ကျိန်ဆဲလိုက်သည်"မင်းက ဘယ်ကျောက်တုံးက ထွက်လာတာလဲ၊ ကောင်စုတ်။ မင်းရဲ့ပါးစပ်အစုတ်ပလုတ်ကို ဂရုစိုက် မဟုတ်ရင် ငါ အဲ့ပါးစပ်ကို သန့်စင်ပေးရလိမ့်မယ်"
နံပါတ်ငါးဟုခေါ်သောလူက ထန်ရှုအား အကြိမ်အနည်းငယ်ကြည့်ပြီးနောက် ထိပ်ပြောင်လက်အားဆွဲကာ သူ့အား တီးတိုးပြောလိုက်သည်။ ထို့နောက် ထန်ရှုအား ခြိမ်းခြောက်သောအကြည့်အား ကြည့်ရန် မမေ့ဘဲ နှစ်ယောက်စလုံးက ထွက်ခွာသွားခဲ့၏။
အနေအထားကို မြင်ပြီးနောက် ဦးလေးကျာက ထိတ်လန့်တကြားချက်ချင်းပြောလိုက်၏"ဆရာထန်၊ ငါ မင်းကို အကြံပေးမယ်၊ ဒီနေရာကနေ အမြန်ထွက်သွားပါ....။ အဲဒီအမှိုက်နှစ်ကောင်ရဲ့မျက်နှာကို ကြည့်ရသလောက် သူတို့က မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေမှာ သေချာတယ်။ မင်း ရွာထဲမှာ နေရင် သူတို့က သူတို့ရဲ့ဆိုးသွမ်းသောအစီအစဉ်ကို လုပ်ဆောင်ခဲ့မယ်ဆိုရင် ငါ ကြောက်တာက....."
"ငါ့စိတ်ကို ရုတ်တရက် ပြောင်းလိုက်ပြီ၊ ဦးလေးကျာ"ထန်ရှုက ကြားဖြတ်ပြောလိုက်သည်"ဒီမုဆိုးတွေက မကောင်းတဲ့လူတွေပဲ၊ ဒါကြောင့် ဒင်းတို့ကို ငါ ငှားထားတဲ့အိမ်ကို အလကားနေခွင့်မပေးနိုင်ဘူး။ မင်းရဲ့အိမ်ကို အရင်ပြန်သွားပါ။ ငါ သူတို့ကို သွားကြည့်လိုက်အုံးမယ်"
"ကျေးဇူးပြုပြီး အဲလိုမလုပ်စမ်းပါနဲ့၊ ဆရာထန်"ဦးလေးကျာက အလျင်စလိုပြောလိုက်၏။"မလုပ်ပါနဲ့။ ဒေါသနောက်ကို မလိုက်ပါနဲ့။ ငါ သိသလောက် ဒီလူတွေက ရှားပါးတဲ့တိရစ္ဆာန်တွေကို သတ်ရုံတင်မက လူတွေကိုလဲ သတ်ရဲတယ်။ ငါ ကြားတာတော့....သူတို့က လွန်ခဲ့တဲ့နှစ်နှစ်က လူတွေကို သတ်ခဲ့တယ်၊ ဒေသခံရဲအချို့ကိုတောင် သတ်ဖြတ်ခဲ့တယ်"
"သူတို့က ရဲတွေကို သတ်တာလား၊ တစ်ယောက်မှ သူတို့ကို လာမဖမ်းဘူးလား"ထန်ရှုက ခေါင်းရှုပ်စွာ မေးလိုက်၏။
"ဘယ်သူက သူတို့ကို ဖမ်းရဲမှာလဲ"ဦးလေးကျာက အားတင်းပြုံးလျက် ပြောလိုက်သည်"ဒီဒေသက ကျယ်ပြန့်ပြီး လူဦးရေကလဲ နည်းတယ်၊ သူတို့ပုန်းဖို့နေရာတွေ အများကြီးရှိတယ်။ ပြီးတော့ ဒီလူတွေက လာပြီးရင် ခြေရာလက်ရာမကျန်ဘဲ ပျောက်သွားကြတယ်။ ဥပဒေအရာရှိတွေရဲ့လာဖမ်းတာကို ရှောင်တိမ်းဖို့က သူတို့အတွက် အရမ်းလွယ်တယ်"
"သူတို့က လူတွေကိုတောင် သတ်ရဲမှတော့ ဒီနေ့ ငါက ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ပြဌာန်းဖို့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရမှာပေါ့"ထန်ရှုက နှာခေါင်းရှုံ့လိုက်၏"ဦးလေးကျာ၊ မင်းရဲ့အိမ်ကို အရင်ပြန်သွားပါ။ ညကျရင် ငါ မင်းကို ကောင်းကောင်းတိုက်မယ်"
"ကျေးဇူးပြုပြီး မလုပ်ပါနဲ့၊ ဆရာထန်"ဦးလေးကျာက အလျင်စလိုပြောလိုက်၏"သူတို့လူတွေ ခုနှစ်ယောက်ရှိယောက်ရှိတယ်၊ တစ်ယောက်မှ လူကောင်းတွေ မဟုတ်ဘူး။ မင်းက သူတို့ဆီ သွားရင် ခွေးတွေကို ကျွေးတဲ့ဘန်းကိတ်လို ဖြစ်သွားမယ်။ မင်း ပြန်လာနိုင်လိမ့်မှာ မဟုတ်ဘူး၊ ပြီးတော့ ဒီမိန်းကလေးက မင်းနောက်ကို လိုက်သွားရင် သူမက..... "
"ငါ မင်းရဲ့ကြင်နာမှုကို တန်ဖိုးထားပါတယ်၊ ဒါပေမယ့် ငါ တောင်းပန်ပါတယ်"ထန်ရှုက ပြုံးလျက် ပြော၏။
ပြောပြီးနောက် သူက ရွှယ်ယု၏လက်ကို ဆွဲကာ သူငှားထားသောအိမ်ရှိရာဦးတည်ဘက်သို့ လျှောက်သွား၏။ ထိုနှစ်ကောင်မျှသာဆိုလျှင် သူက တိုက်ရိုက်သွားရန်ဆုံးဖြတ်လိမ့်မည်မဟုတ်ပေ။ သို့သော် ယခု သူက ဤအတိုင်း နေဖို့မဖြစ်နိုင်တော့မှန်း သိသာသည်။ သူက ထိုကောင်များအား ပြဿနာမရှိလျှင်ပင် သူတို့က သူ့အား အရင်လာရှာမည်မှာ သေချာသလောက်ဖြစ်သည်။
***