ထိတ်လန့်သွားသောအင်မော်တယ်
Vol. 66 Ch. 922
အရောင်တလက်လက်ဖြစ်နေသောလိုဏ်ဂူထဲတွင် ထန်ရှုနှင့်ရွှယ်ယုတို့၏ခြေထောက်အောက်ရှိမြေပြင်က ရုတ်တရက် လည်သွားပြီး ကြီးမားသောစုပ်ယူအားတစ်ခုက သူတို့အား ရုတ်တရက် ဝါးမျိုလိုက်ပြီး သူတို့နှစ်ယောက်က သူတို့၏နေရာမှ ချက်ချင်းပျောက်ကွယ်သွားခဲ့၏။
"ဒါ ဘယ်နေရာလဲ"
လျှပ်တစ်ပြက်အတွင်း သူတို့နှစ်ယောက်က ကြီးမားကျယ်ပြန့်သောနေရာလပ်တစ်ခုထဲတွင် ထွက်ပေါ်လာ၏၊ ဤနေရာတွင် ကျောက်ရည်ပူများဖြင့်ပြလုပ်ထားသောမြစ်တစ်စင်းက သူတို့၏အရှေ့၌ စီးဆင်းနေပြီး အဆုံးမရှိသောလိုဏ်ဂူထဲသို့ စီးဝင်နေပုံရ၏။ ကျောက်ရည်ပူမြစ်အထက်တွင် သန်မာသောအသက်စွမ်းအားအားထုတ်လွှတ်နေသည့်ဦးခေါင်းအရွယ်အစားအလင်းမီးသီးတစ်လုံးက တွဲလောင်းကျနေပြီး သူတို့ခန္ဓာကိုယ်ရှိချွေးပေါက်များအား သက်သောင့်သက်သာဖြစ်သောသက်ရောက်မှုတစ်ခုအား ပေးစွမ်းနေလေသည်။
"ဟိုနေရာကို ကြည့်စမ်း" ရွှယ်ယုက ပြောကာ ကျောက်ရည်ပူမြစ်၏ဆန့်ကျင်ဘက်ရှိကျောက်နံရံအား ညွှန်ပြလိုက်သည်။
ထန်ရှုက သူမလက်ချောင်း၏ဦးတည်ဘက်နောက်သို့ လိုက်သွား၏။ ရေအိုင်တိမ်တစ်ခု၏အလယ်ဗဟိုရှိဧရာမကျောက်တုံးပေါ်တွင်ရုပ်တုနှင့်တူသောတစ်စုံတစ်ခုအား မြင်လိုက်ရပြီး သူ၏အမူအရာက ချက်ချင်းပြောင်းလဲသွားခဲ့သည်။၎င်း၏မျက်နှာပေါ်တွင် စာလုံးအချို့အား ထွင်းထုထားသည်ကို မြင်နိုင်ပေသည်။
"အဲကို တစ်ချက်သွားကြည့်ရအောင်"
ထန်ရှုက ရွှယ်ယုအား ပွေ့ဖက်ကာ ပျံသန်းသွားပြီး စက္ကန့်အနည်းငယ်အတွင်း ရုပ်တုအရှေ့သို့ ရောက်ရှိလာသည်။ သူက ရေကန်တိမ်ပတ်လည်အား ကြည့်လိုက်ပြီး သူ့မျက်လုံးများက တဖြည်းဖြည်း ရွေ့လျားလာရင်း ကျောက်တုံးနံရံပေါ်ရှိစာလုံးများပေါ်သို့ ရောက်ရှိလာ၏။
"ငါက တာအိုဆရာသခင်ကွိုက်ပါ၊ ဒါက ငါ့ရဲ့အဆုံးမဲ့ပြန်ဝင်စားတဲ့တည်ရှိမှုမရေမတွက်များစွာအတွင်းမှာ ငါ အမှန်တကယ်အသုံးပြုခဲ့တဲ့တစ်ခုတည်းသောနာမည်ပဲ။ ဒါက ငါကျင့်ကြံခဲ့တဲ့နေရာပဲ၊ ဒါကို ငါနဲ့ကံကြမ္မာရေစက်ရှိတဲ့တစ်စုံတစ်ယောက်က ပိုင်ဆိုင်ရလိမ့်မယ်။ ငါ့ကို ဆရာသခင်အဖြစ် အသိအမှတ်ပြုချင်တယ်ဆိုရင် ငါ့ကို အရိုအသေပေးပါ၊ မင်းက ငါ့ရဲ့အမွေအနှစ်ကို လက်ခံရလိမ့်မယ်"
ထန်ရှုနှင့်ရွှယ်ယုတို့က တုန်လှုပ်ချောက်ချားသောအကြည့်များအား ဖလှယ်လိုက်ကြသည်။ သူတို့က အချိန်အကြာကြီးရှာဖွေခဲ့သော်လည်း အင်မော်တယ်နေအိမ်က မရှိပေ၊ ထိုအစား သူတို့က တာအိုကျင့်ကြံသူ၏အမွေအား လက်ခံရန် ဖြစ်လာခဲ့သည်။ ထန်ရှုကိုယ်တိုင်က စိတ်ဓာတ်အောက်ထိထိုးကျသွားတော့၏။ သူ၏ယခင်စွမ်းအားနှင့်အဆင့်အတန်းအရ သူက ဘာကြောင့် တစ်စုံတစ်ယောက်၏အမွေအနှစ်အား လက်ခံရမည်နည်း။
"ကောင်းပြီ၊ ဒီအင်မော်တယ်နေအိမ်က တာအိုဆရာသခင်ကွိုက်ရဲ့အမွေဆက်ခံတဲ့နေရာအမျိုးအစားတစ်ခုပဲ"ရွှယ်ယုက နူးညံ့ညင်သာစွာ ပြောလိုက်သည်။
"ဒါကို သိခဲ့ရင် ငါ ဒီအင်မော်တယ်နေအိမ်ကို ဖွင့်ဖို့ မကြိုးစားခဲ့ပါဘူး"ထန်ရှုက အားတင်းပြုံးလျက် တုံ့ပြန်လိုက်၏"ဒါက အချိန်ဖြုန်းတာ တစ်ခုပဲ"
"အာ"ရွှယ်ယုက ပဟေဠိဖြစ်သွားပုံပေါ်ကာ မေးလိုက်၏"ငါတို့ သူ့ရဲ့အမွေဆက်ခံမှုကို ရနိုင်တာ ကောင်းတဲ့အရာတစ်ခုမဟုတ်လား"
"မဟုတ်ဘူး"ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည်"ဒိီလူက နတ်ဘုရားဘဝကို ရောက်ရှိထားပြီး နတ်ဘုရားကမ္ဘာရဲ့နတ်ဘုရားတစ်ယောက်မဟုတ်ရင် ဒီလိုအမွေဆက်ခံမှုမျိုးက ငါ့အတွက် အသုံးမဝင်ဘူး။ ဒါကို မေ့လိုက်ကြတာပေါ့။ မင်းက ဒီအင်မော်တယ်နေအိမ်ကို ဖွင့်ဖို့ အကောင်းဆုံးကြိုးစားခဲ့ပြီး ဒီနေရာကို ရောက်လာမှတော့ မင်း ကြိုးစားနိုင်တယ်။ ငါက တာအိုဆရာသခင်ကွိုက်ရဲ့အမွေအနှစ်တစ်ခုမှ စိတ်မဝင်စားဘူး"
ရွှယ်ယုက တစ်ခဏတာတုံ့ဆိုင်းနေခဲ့ပြီးနောက် ထန်ရှု၏ညွှန်ကြားချက်အရ သူမက ရေအိုင်အပြင်ဘက်ရှိကူရှင်ပေါ်သို့ သွားကာ အရိုအသေပေးလိုက်သည်။ သူမ၏အရိုအသေပြုခြင်းပြီးသွားပြီးခေါင်းမော့လိုက်သောအခါတွင် ရုပ်တုက ကြီးမားသောအရှိန်အဝါတစ်ခုအား ထုတ်လွှတ်လိုက်ပြီး ရေအိုင်ထဲရှိအစိမ်းရင့်ရောင်အရည်က ရေနဂါးတစ်ကောင်အဖြစ် ပြောင်းသွားကာ သူမအား ချက်ချင်းလွှမ်းခြုံသွားခဲ့သည်။ ကျောက်ရည်ပူအမြစ်အထက်တွင် လွင့်မျောနေသော ဦးခေါင်းအရွယ်အစားအစိမ်းရောင်စက်လုံးက ရုတ်တရက်အဆတစ်ရာကျုံ့သွားပြီး လက်မအရွယ်အစားအလင်းစက်လုံးတစ်ခုအဖြစ် ပြောင်းကာ ရွှယ်ယု၏နဖူးထဲသို့ ဝင်ရောက်သွားခဲ့၏။
ဝီဝီဝီ.....
မှော်ဆန်သောအရှိန်အဝါတစ်ခုက မြေအောက်နေရာလပ်တစ်ခုလုံးထဲ၌ ဖြစ်တည်လာခဲ့သည်။ ထန်ရှုက ပတ်ပတ်လည်အား ရုတ်တရက်ကြည့်လိုက်ရာ နံရံတွင်နစ်မြုပ်ထားသောအစိမ်းရောင်ပုတီးစေ့ကိုးလုံးမှအစိမ်းရောင်စွမ်းအင်စီးကြောင်းများထွက်လာနေသည်ကို တွေ့ရှိခဲ့သည်၊ ၎င်းတို့က ရွှယ်ယုနှင့် စတင်ချိတ်ဆက်လာပြီး စက္ကန့်အနည်းငယ်အတွင်း၌ အစိမ်းရောင်မြူတစ်ခုက နေရာလပ်၏ထောင့်တိုင်းတွင် ပြည့်နှက်လာခဲ့၏။
"ဒါက......"
ထန်ရှုက အသက်ရှုသွင်းလိုက်ပြီး သူ့ပတ်လည်တွင် လွင့်မျောနေသောအစိမ်းရောင်အရှိန်အဝါအား သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်ငြင်းပယ်ခဲ့သည်ကို ရှင်းလင်းစွာ ခံစားလိုက်ရပြီး အံ့အားသင့်သွားခဲ့၏။ ဒါက အဖိုဓာတ်နှင့်အမဓာတ်သံလိုက်ဝင်ရိုးနှစ်ခုနှင့်တူပြီး သူတို့က သူ့အား ဤနေရာလပ်မှ တွန်းထုတ်ချင်ပုံရသည်။
"ဟမ့်....."
ထန်ရှုက အစီအရင်ပြားများအား လျင်မြန်စွာ ဆုပ်ကိုင်လိုက်ပြီး နယ်နိမိတ်လေးခုအစီအရင်အနေအထားအား လျှပ်စီးအလား တပ်ဆင်ကာ သူ၏မူလဖရိုဖရဲစွမ်းအားအား ထုတ်လွှတ်လိုက်၏။ အစိမ်းရောင်အရှိန်အဝါကို မီတာအနည်းငယ်လွင့်ပြယ်စေပြီးနောက် သူက အစီအရင်အား ချက်ချင်းအသက်သွင်းကာ သူ၏ရင်ဘက်ထဲရှိဖိနှိပ်နေသောအရှိန်အဝါအားလုံးအား ချက်ချင်းမောင်းထုတ်လိုက်၏။
ထို့နောက် ထန်ရှုက သူ၏မေးစေ့အား ပွတ်ကာ စဉ်းစားဆင်ခြင်သောအကြည့်တစ်ခုက သူ့မျက်လုံးများထဲ၌ လင်းလက်သွား၏။ ထိုပုဂ္ဂိုလ်က အင်မော်တယ်နယ်ပယ်ကို မရောက်ရှိလျှင်ပင် ဤအမွေဆက်ခံမှုက သာမန်တာအိုကျင့်ကြံသူထံမှ ဟုတ်ပုံမရသည်ကို သူက ပြောနိုင်သည်။ ထိုလူက အစီအရင်တစ်ခုအား အသုံးမပြုခဲ့လျှင် သူ့အနေနှင့် ဤကဲ့သို့စွမ်းဆောင်မှုတစ်ခုအား အောင်မြင်နိုင်ရန် မဖြစ်နိုင်လုနီးပါးပင်။
"ငါ အင်မော်တယ်ကမ္ဘာမှာတုန်းက ငါ တာအိုဆရာသခင်ကွိုက်ဆိုတဲ့နာမည်ကို တစ်ခါမှ မကြားဖူးပါဘူး။ သူက အားကောင်းတဲ့လူတစ်ယောက် မဟုတ်ဘူးထင်တယ်။ ဒါပေမယ့် အခု အမွေအနှစ်ဆက်ခံခြင်းက ပြီးတော့မှာဆိုတော့ ငါ စောင့်ရမယ်....."
ထို့နောက် ထန်ရှုက တင်ပျဉ်ခွေထိုင်ပြီး ကြယ်စွမ်းအင်အား စုပ်ယူပြီး စတင်ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။ သို့သော် နယ်နိမိတ်လေးခုအစီအရင်အပြင်ဘက်ရှိအစိမ်းရောင်စွမ်းအင်က ဤနေရာလပ်အား အပြင်ဘက်ကမ္ဘာမှ လုံးဝသီးခြားခွဲထုတ်ထားသည်ကို ရှာတွေ့မိသောအခါ သူက ချက်ချင်းမှင်တက်သွားရ၏။ ယခု သူက ဤနေရာတွင် ကြိုးစားကျင့်ကြံလျှင်ပင် အပြင်ကမ္ဘာမှကြယ်စွမ်းအင်အား ဘယ်လိုမှစုပ်ယူနိုင်မည်မဟုတ်ပေ။
"ဒီလောက်တောင်ဆန်းကျယ်တာလား...."
ထန်ရှုက သက်ပြင်းချကာ ကျင့်ကြံမည့်အတွေးအား လက်လျော့လိုက်၏။ သူက သူ၏နေရာလပ်လက်စွပ်မှစာအုပ်တစ်အုပ်အား ယူထုတ်ကာ ထိုင်ခုံတစ်ခုအား မြေပြင်ပေါ်တွင် ချရင်း မြင်ကွင်းအား တိတ်တဆိတ်စောင့်ကြည့်လိုက်တော့သည်။
အချိန်က ရွေ့လျားနေပြီး ဆယ့်နှစ်နာရီကုန်ဆုံးသွားခဲ့သည်။ ထန်ရှုက စတုတ္ထမြောက်စာအုပ်အား ဖတ်ပြီးသွားသောအခါတွင် သူ့အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။ သူက သူ့အကြည့်အား အစိမ်းရောင်အလင်းထဲရှိရွှယ်ယုထံ ပြောင်းလိုက်၏။
"ငါ နားလည်ပြီ"
ရွှယ်ယု၏အနီရောင်နှုတ်ခမ်းများက အနည်းငယ်ပွင့်သွားပြီး သူမအရှေ့ရှိရုပ်တုအား ကြည့်လိုက်၏၊ သူမ၏အသံမှ စိတ်ပိုင်းဆိုင်ရာမတည်မငြိမ်ဖြစ်ခြင်းတစ်ခုမှ မထွက်လာပေ။ သူမ၏အသံက ပျောက်သွယ်သွားပြီး သူမက သူမ၏လက်အား ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ မြေအောက်နေရာလပ်ထဲရှိအစိမ်းရောင်အလင်းအားလုံးက သူမ၏ခန္ဓာကိုယ်ထဲသို့ ရုတ်တရက်စုပြုံလာခဲ့၏။ ထို့နောက် အသက်ရှုချိန်အနည်းငယ်အတွင်း နေရာလပ်တစ်ခုလုံးက ၎င်း၏မူလအခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။
"ဘယ်လိုတောင်သန်မာတဲ့ အရှိန်အဝါတစ်ခုလဲ"
ထန်ရှုက အတော်လေးတုန်လှုပ်သွားပြီး ရွှယ်ယုအား ကြည့်လိုက်၏။ ယခု သူမ၏ခန္ဓာကိုယ်က စွမ်းအားများနှင့်ပြည့်နေသည်ကို သူက အာရုံခံနိုင်သည်၊ သူမထုတ်လွှတ်သောအရှိန်အဝါကပင် သူ့အား မွန်းကျပ်စေသည်။ ဤအားကောင်းသောအရှိန်အဝါက သူမထံမှလားသို့မဟုတ်သူမအားအမွေအနှစ်ပေးအပ်ခဲ့သောတာအိုဆရာသခင်ကွိုက်ထံမှလားဆိုသည်ကို သူကတောင် မဖော်ထုတ်နိုင်ပေ။
"ထန်ရှု"
သူမက အော်ခေါ်လိုက်ပြီး ရုပ်တုအား အရိုအသေတစ်ချက်ပေးပြီးနောက် နယ်နိမိတ်လေးခုအစီအရင်သို့ ပျံသန်းလာခဲ့၏။
ထန်ရှုက အစီအရင်အား ဖယ်ရှားလိုက်ပြီး သူမတစ်ကိုယ်လုံးအား အချိန်အတန်ကြာသည့်အထိ လေ့လာနေခဲ့သည်။ ထို့နောက် သူက မေးလိုက်၏"မင်းရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်က ဘာလဲ"
ရွှယ်ယုက တစ်ခဏစဉ်းစားလိုက်ပုံရပြီး အပြုံးတစ်ခုက သူမ၏မျက်နှာပေါ်တွင် ရုတ်တရက် ဆင်မြန်းလာခဲ့သည်။ သူမ၏အဖြူရောင်ဝတ်ရုံရှည်၏အင်္ကျီလက်အား ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင်အလင်းဖုံးလွှမ်းထားသောသူမ၏အသေးစားဗားရှင်းတစ်ခုက လေထဲမှ ထွက်ပေါ်လာ၏။ ဤရွှယ်ယုအသေးစားဗားရှင်းက ထန်ရှုအား မျက်တောင်ခတ်ပြရင်း ပါးစပ်ပိတ်ကာ တခစ်ခစ်ရယ်မောနေခဲ့သည်။
အခြေတည်စိတ်ဝိညာဉ်လား"
ထန်ရှု၏နှလုံးသားက အကြိမ်နည်းငယ်တုန်ယင်သွားခဲ့သည်။ အစိမ်းရောင်အလင်းထဲရှိကိုယ်လုံးတီးအသေးစားဗားရှင်းရွှယ်ယုအား ကြည့်ပြီးနောက် သူက အတော်လေးထိတ်လန့်သွားခဲ့၏။ တစ်စုံတစ်ယောက်၏အမွေအနှစ်အား ရရှိရုံမျှဖြင့် ရွှယ်ယုက ချီသန့်စင်ခြင်းအဆင့်မှ အခြေတည်စိတ်ဝိညာဉ်အဆင့်သို့ တိုက်ရိုက်ချိုးဖြတ်နိုင်လိမ့်မည်ဟု သူက အိမ်မက်တွင်တောင် ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။
"ငါက အခြေတည်စိတ်ဝိညာဉ်အဆင့်မှာ ရှိမယ်လို့ ငါ မထင်ဘူး"ရွှယ်ယုက ရယ်ကာ ဆက်ပြော၏"ငါက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်မှာ ရှိလောက်မယ်"
!”
"အိုး....ချီးလိုပဲ...."
သူက ပြောစရာစကားမဲ့လောက်သည့်အထိ ထန်ရှက ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး သူက ရွှယ်ယု၏အခြေတည်စိတ်ဝိညာဉ်အား စိုက်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
ရုတ်တရက် ရှက်သွေးဖြာမှုတစ်ခုက ရွှယ်ယု၏လှပသောမျက်နှာပေါ်တွင် ဖုံးလွှမ်းသွားပြီး သူမက သူမ၏အင်္ကျီလက်အား ဝှေ့ယမ်းကာ သူမ၏အခြေတည်စိတ်ဝိညာဉ်အား ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်လိုက်၏။ သူမ၏အခြေတည်စိတ်ဝိညာဉ်အား ပထမဆုံးအကြိမ်ထုတ်လွှတ်တုန်းက မသင့်လျော်သည်ဟု သူမက မခံစားခဲ့ရပေ၊ သို့သော် ထန်ရှု၏စိုက်ကြည့်နေမှုအပေါ် သူမက အတော်ကလေးသည်းမခံနိုင်တော့ပေ။
ထန်ရှုက အံ့အားသင့်စွာ ကြည့်လိုက်ပြီး ရွှယ်ယု၏ရှက်သွေးဖြာနေသောမျက်နှာအား တွေ့လိုက်ရ၏။ ဘာဖြစ်ခဲ့သည်ကို သူက ချက်ချင်း သဘောပေါက်သွားပြီး ကျယ်လောင်စွာ ရယ်လိုက်မိသည်"ဟားဟားဟား၊ ငါတို့က လင်မယားတွေ ဖြစ်နေပြီးသားလေ။ မင်းအနေနဲ့ ရှက်စရာမလိုပါဘူး။ ကောင်းတာအချို့လဲ ရှိလာပါတယ်။ မကြာခင်မှာ ငါတို့တွေ နေ့ရောညရော နှစ်ကိုယ်တူကျင့်ကြံခြင်းနဲ့ ယောင်္ကျားမိန်းမအလုပ်တွေကို လုပ်လို့ရပြီးပေါ့။ အာ၊ ဒါ မဟုတ်ဘူး။ ငါက ငါ့ရဲ့ကျင့်ကြံခြင်းနည်းစနစ်ကို ပြောင်းလဲထားပြီးပြီ၊ ငါ့အနေနဲ့ အခြေတည်စိတ်ဝိညာဉ်ကို ဖွဲ့စည်းဖို့ မဖြစ်နိုင်လောက်ဘူး"
"ရှင်က အခြေတည်စိတ်ဝိညာဉ်ကို မကျင့်ကြံနိုင်ဘူးလား"ရွှယ်ယုက ခေါင်းရှုပ်စွာ မေး၏"ဘာလို့လဲ"
ထန်ရှုက အသက်ရှုသွင်းပြီးနောက် အနည်းငယ်နောင်တရသောလေသံနှင့် ပြော၏"တစ်ချိန်တုန်းက ငါ ကျင့်ကြံခဲ့တာက ပြိုင်ဘက်ကင်းအင်မော်တယ်နည်းစနစ်ပဲ၊ ဒါကြောင့် အခြေတည်စိတ်ဝိညာဉ်တစ်ခုကို ကျင့်ကြံနိုင်ခဲ့တယ်။ ဒါပေမယ့် ထူးခြားတဲ့အခြေအနေတွေကြောင့် ငါက သာမန်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တယ်၊ ဒါကြောင့် လုံးဝမတူတဲ့ပိုပြီးနက်နဲသိမ်မွေ့တဲ့ခန္ဓာကိုယ်သန့်စင်ခြင်းကို ပိုအလေးထားတဲ့ကျင့်ကြံခြင်းနည်းစနစ်ကို စတင်ကျင့်ကြံခဲ့တယ်။ ဒါကြောင့် အခြေတည်စိတ်ဝိညာဉ်ကို မကျင့်ကြံနိုင်တော့တာပဲ"
ရွှယ်ယုက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်၏။ အမွေဆက်ခံခြင်းဖြင့် သူမ၏ကျင့်ကြံခြင်းက အကြီးအကျယ်တိုးမြင့်လာကာ အသုံးဝင်သောဗဟုသုတတော်တော်များများရရှိလာသော်လည်း ထန်ရှု၏အနေအထားနှင့်ပတ်သက်ပြီး သူမက အများကြီးနားမလည်ပေ။
သူ၏ကိုယ်ပိုင်ပြဿနာနှင့်ပတ်သက်ပြီး ဆက်ဆွေးနွေးချင်စိတ်မရှိတော့ဘဲ ထန်ရှုက ရွှယ်ယုအား ကြည့်ကာ မေး၏"ဒါနဲ့ ဒီတာအိုဆရာသခင်ကွိုက်ကနေ မင်းရဲ့အမွေဆက်ခံမှုအကြောင်းကို ပြောကြရအောင်။ သူက အတိအကျ ဘယ်သူလဲ၊ သူက မင်းကို ဘာတွေ ပေးခဲ့တာလဲ"
ရွှယ်ယုက သူမ၏လက်ဝါးအား ရုတ်တရက်ဖြန့်လိုက်ရာ အစိမ်းရောင်အလင်းစက်လုံးတစ်လုံးက ရုတ်တရက် ထွက်ပေါ်လာ၏။ ထို့နောက် သူမက ပြောလိုက်၏"ဒါက ငါ့ဆရာသခင်ရဲ့ဆက်သွယ်ရေးစက်လုံးပဲ။ သူ့ရဲ့စိတ်ဝိညာဉ်ကိုယ်ပွားက ဒီနေရာမှာ ထွက်ပေါ်လာလိမ့်မယ်"
ပြောရင်း သူမက အစိမ်းရောင်အလင်းစက်လုံးအား ချက်ချင်းအသက်သွင်းလိုက်၏။
သို့သော် ထန်ရှုက မှင်တက်သွားပြီး သူ၏အမူအရာက ရုတ်တရက်ပြောင်းလဲသွားကာ ကမန်းကန်းအော်လိုက်သည်။
ဝီဝီဝီ.....
ကြောက်စရာကောင်းသောအရှိန်အဝါတစ်ခုက အစိမ်းရောင်အလင်းစက်လုံးမှ ထွက်ပေါ်လာပြီး ချက်ချင်းပင် အစိမ်းရောင်ပုံရိပ်တစ်ခုက ထန်ရှုနှင့်ရွှယ်ယုတို့၏အရှေ့၌ ရုတ်တရက်ထွက်ပေါ်လာသည်။ ပုံရိပ်က ပိန်ပါးပြီး အင်မော်တယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့၏။
"ရွှယ်ယုလား။ ငါတို့ရဲ့မူလသန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းက အမျိုးသမီးတပည့်တစ်ယောက်ထပ်ရှိလာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါက ဒုက္ခများတော့မှာပဲ"တာအိုဆရာသခင်ကွိုက်က ခေါင်းခါယမ်းကာ အကူအညီမဲ့စွာ ပြောလိုက်၏"ဟူး.....ဖြစ်လာမှတော့ လက်ခံရတော့မှာပေါ့။ ငါ့ကို မင်းရဲ့စိတ်ဝိညာဉ်အမျှင်တစ်ခုပေးပါ။ အခုကစပြီး မင်းက ရှေးဟောင်းအင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့တပည့်တစ်ယောက်ဖြစ်လာပြီ။ ဒါပေမယ့် အင်မော်တယ်ကမ္ဘာကို တက်လှမ်းပြီးရင် မင်းအနေနဲ့ ငါ့ကို တိုက်ရိုက်လာမရှာရဘူး။ ငါ မင်းရဲ့စိတ်ဝိညာဉ်ပင်လယ်ထဲမှာ အမှတ်အသားတစ်ခုကို ချန်ထားမယ်၊ ဒါကြောင့် မင်းရောက်တာနဲ့ ငါ့ကို ရှာဖို့ အဲနေရာကို သွားနိုင်တယ်"
ရွှယ်ယုက ခေါင်းညိတ်ကာ သူ့အား သုံးကြိမ်အရိုအသေပေးလိုက်၏။ ထို့နောက် သူမက ဒူးထောက်လျက် မေးသည်"ဘာလို့ မင်းကို ရှာဖို့ ငါက ရှေးဟောင်းအင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းကို တိုက်ရိုက်သွားလို့မရတာလဲ၊ ဆရာသခင်။ မင်းက ဂိုဏ်းရဲ့အကြီးအကဲတွေထဲကတစ်ယောက်မဟုတ်လား။ အဲဒါကို မင်းရဲ့အမွေဆက်ခံမှုမှာ ဖော်ပြခဲ့တယ်လေ"
"သူ့အစား ငါ မင်းရဲ့မေးခွန်းကို ဖြေမယ်။ သူ့ရဲ့မူလသန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းက တပည့်အဖြစ် အမျိုးသားတွေကိုပဲ လက်ခံတယ်၊ အမျိုးသမီးတွေကို လက်မခံလို့ပဲ" ထန်ရှုက သက်ပြင်းချလိုက်ပြီး ရွှယ်ယုအား ဆွဲထူကာ ပြော၏။
ဤအချိန်တွင် အမွေအနှစ်အားလက်ခံခဲ့သည့်သူ့တပည့်နှင့်အတူ လူငယ်တစ်ယောက်ရှိသည်ကို တာအိုဆရာသခင်ကွိုက်က သတိပြုမိခဲ့သည်။ သူ့မျက်နှာပေါ်တွင် အနည်းငယ်တုန်လှုပ်မှုတစ်ခုဖြစ်သွားပြီး သူက မေး၏"မင်း ဘယ်သူလဲ။ ဒီနေရာက ကမ္ဘာမြေပဲ။ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ငါ့ဂိုဏ်းရဲ့အခြေအနေကို မင်းက ဘယ်လိုသိတာလဲ"
အပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ထွက်ပေါ်သွားပြီး"အင်မော်တယ်ကမ္ဘာမှာ အချိန်ဘယ်လောက်ရှိနေပြီးလဲဆိုတာ ငါ မသိပေမယ့် ငါ သိတာ တစ်ခုတော့ ရှိတယ်။ မင်းတို့မူလအင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ဘိုးဘေးကို ငါ့တပည့်က သတ်ခဲ့တာပဲ။ ငါ့နောက်လိုက်ကြောင့်ပဲ မင်းတို့ဂိုဏ်းက အမျိုးသမီးတပည့်တွေကို လက်မခံတော့ဖို့ ကြေညာခဲ့ရတယ်မလား"
"ဘာ"တာအိုဆရာသခင်ကွိုက်က အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ ထန်ရှု၏ခပ်ဖျော့ဖျော့ပြုံးယောင်သမ်းနေသောမျက်နှာအား စိုက်ကြည့်လိုက်၏။ ထို့နောက် သူက ရုတ်တရက် ထန်ရှု၏ရှေ့မှောက်၌ ဒူးထောက်ကာ ရိုသေလေးစားစွာ ပြောလိုက်၏"တာအိုဆရာသခင်ကွိုက်၊ မူလသန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့တပည့်က အရှင်ကို နှုတ်ဆက်ပါတယ်။ အသင့်ရဲ့အရှေ့မှာ မယဉ်ကျေးခဲ့မိတဲ့ဒီဂျူနီယာကို ခွင့်လွှတ်ပေးပါ"၏
***