အနာဂတ်ကာလအတွက် ပြင်ဆင်ခြင်း
Vol. 66 Ch. 923
ထန်ရှုက စိတ်ထဲ၌ သက်ပြင်းချရုံသာ တတ်နိုင်သည်။ ရွှယ်ယု၏လှုပ်ရှားမှုက သူ၏အရှိန်ထက် မမြန်ဆန်ခဲ့လျှင် ဤကဲ့သို့သူ၏အဆင့်အတန်းအားထုတ်ဖော်ပြရမည့်ပြဿနာတစ်ခုက ပေါ်ပေါက်လာမည်မဟုတ်ပေ။ သို့သော် ကံကောင်းစွာနှင့် မူလသန့်စင်ကွန်ဖြူးရှပ်ဂိုဏ်းက ဖြောင့်မတ်သောဂိုဏ်းတစ်ခုအဖြစ် ကျော်ကြားသည်။ ဂိုဏ်းတပည့်အားလုံးက အင်မော်တယ်ကွန်ဖြူးရှပ်ပညာရှင်များဖြစ်ကြသည်။
ထို့ပြင် ထန်ရှုက ဤကွန်ဖြူးရှပ်ပညာရှင်ဂိုဏ်းအား လေ့လာခဲ့ပြီး ဂိုဏ်း၏အကြီးအကဲကဲ့သို့သောခေါင်းဆောင်နေရာများအတွက် စိတ်နေစိတ်ထားအရ အလွန်မြင့်မားသောလိုအပ်ချက်ရှိ၏။ သူတို့အနေဖြင့် ကျင့်ဝတ်သိက္ခာပုဒ်၊ သီလသိက္ခာပုဒ်နှင့် လူ့ကျင့်ဝတ်တစ်ရပ်လုံးကို အားပေးထောက်ခံရန် လိုအပ်သည်။
ထို့ကြောင့် ယနေ့တွင် သူက ဤတာအိုသခင်ကွိုက်အား ကတိတစ်ခု တောင်းခံနိုင်သရွေ့ သူ့အဆင့်အတန်းထုတ်ဖော်ရခြင်း၏ပြဿနာက အနိမ့်ဆုံးအထိ လျော့ကျသွားပေလိမ့်မည်။
အချိန်တစ်ခုအထိ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် သူ့အားအရိုအသေပေးနေသောတာအိုသခင်ကွိုက်အား ကြည့်ကာ ထန်ရှုက ပြောလိုက်၏"မူလသန့်စင်အင်မော်တယ်ကွန်ဖြုးရှပ်ဂိုဏ်းက အင်မော်တယ်ကမ္ဘာမှာ တတိယအဆင့်ဂိုဏ်းတစ်ခုမျှပဲ။ မင်းရဲ့ဂိုဏ်းက နယ်မြေတစ်ခုကို သိမ်းပိုက်ထားနိုင်ပေမယ့် မင်းတို့အားလုံးကို အမြစ်ဖြတ်သုတ်သင်ချင်ရင် ငါ ပါးစပ်လှုပ်ဖို့ပဲ လိုတယ်။ ငါ မင်းရဲ့ဂိုဏ်းကို ဖျက်ဆီးချင်စိတ်မရှိတာကြောင့်ပဲ။ ကောင်းပြီ၊ ဒီနေ့၊ ငါ မင်းဆီက ကတိတစ်ခု တောင်းခံချင်တယ်- ဒီနည်းလမ်းနဲ့ဆိုရင် မင်းရဲ့ဂိုဏ်းဆီ ငါ လူလွှတ်စရာမလိုတော့ဘူး။ သေချာတာကတော့ မင်း ငါ့ကို ကိစ္စတစ်ခုကို လုပ်ပေးဖို့ ကူညီမယ်ဆိုရင် အနာဂတ်မှာ လက်ဆောင်တွေ ရက်ရက်ရောရောပေးမယ်၊ မင်းရဲ့ဂိုဏ်းကလဲ ငါနဲ့ ကံချည်နှောင်မှုတစ်ခု ရှိလာလိမ့်မယ်"
"ကျေးဇူးပြုပြီး ပြောပါ၊ အန္တိမအရှင်" တာအိုဆရာသခင်ကွိုက်က ကမန်းကတန်းတုံ့ပြန်လိုက်၏။
"ငါ မင်းကို လုပ်ခိုင်းချင်တဲ့အရာက ကမ္ဘာမြေပေါ်မှာ ငါ့ရဲ့ကိုယ်ပွားထွက်ပေါ်လာတာကို မင်း ဖုံးကွယ်ပေးရမယ်"ထန်ရှုက ပြော၏"ရွှယ်ယုက ဒီကမ္ဘာက ငါ့မိန်းမပဲ။ ပြီးတော့ သူမက မင်းကို သူမရဲ့ဆရာသခင်အဖြစ် သတ်မှတ်ထားတာကြောင့် ငါတို့က ကံကြမ္မာချည်နှောင်မှုရှိနေပြီ။ သူမ အင်မော်တယ်ကမ္ဘာကို တက်လှမ်းတဲ့အခါကျရင် မင်း သူမကို ကာကွယ်ပေးမယ်လို့ ငါ မျှော်လင့်တယ်"
တာအိုသခင်ကွိုက်၏မျက်လုံးများက ကျုံ့သွားခဲ့သည်။ သူက ရွှယ်ယုအား နက်နက်ရှိုင်းကြည့်ကာ ချက်ချင်းပြောလိုက်၏"ကမ္ဘာမြေပေါ်မှာ သင်ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ ထုတ်မပြောဘူးလို့ ငါ တာအိုသခင်ကွိုက်က ကတိပေးပါတယ်။ ပြီးတော့.....သင့်ရဲ့ဇနီး...ရွှယ်ယုက အင်မော်တယ်ကမ္ဘာကို ရောက်လာတာနဲ့ အရာအားလုံးကို ပေးဆပ်ပြီး သူမကို ကာကွယ်ပေးပါ့မယ်"
ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏"ငါ အတော်လေးသိချင်တာ တစ်ခုရှိတယ်။ မင်းက မင်းရဲ့အမွေအနှစ်ကို ဘယ်လိုလုပ်ပြီး ကမ္ဘာမြေပေါ်မှာ ချန်ထားနိုင်ခဲ့တာလဲ။ မင်းက ကမ္ဘာမြေသားဖြစ်ခဲ့ပြီး အင်မော်တယ်ကမ္ဘာကို တက်လှမ်းခဲ့တာများလား"
"ဟုတ်ပါတယ်။ ငါ့ကို ထန်မင်းဆက်ခေတ်မှာ မွေးဖွားခဲ့ပါတယ်"တာအိုသခင်ကွိုက်က တလေးတစားပြန်ဖြေ၏"အဲ့အချိန်တုန်းက ကွန်ဖြူးရှပ်ဝါဒက ကျဆင်းလာပြီး ဗုဒ္ဓဝါဒက ပိုပြီးကျော်ကြားပျံ့နှံ့လာတယ်။ အစက ငါ မျှော်လင့်ချက်မဲ့ပြီး ငါ့ရဲ့အမွေအနှစ်ကို ဒီနေရာမှာ ချန်ထားခဲ့တယ်။ တစ်ယောက်ယောက်က ငါတပ်ဆင်ထားတဲ့ကြယ်ခြောက်ပွင့်အစီအရင်ကို ချိုးဖြတ်ပြီး ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံနိုင်လိမ့်မယ်လို့ ငါ ဘယ်တော့မှ မမျှော်လင့်ထားခဲ့ဘူး"
"ငါ သိပြီ"ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"ကြည့်ရတာ ကမ္ဘာမြေနှင့်အင်မော်တယ်ကမ္ဘာရဲ့အချိန်စီးဆင်းမှုကြားမှာ ကြီးမားတဲ့ခြားနားချက်တစ်ခုရှိတာ ဖြစ်ရမယ်။ ကောင်းပြီ၊ ထလို့ရပြီ....."
တာအိုသခင်ကွိုက်က သတိထားလျက် ထရပ်လိုက်သည်။ သူက ရွှယ်ယုအား တစ်ချက်ကြည့်ပြီးနောက် သူ့မျက်လုံးများက ထန်ရှုထံ ပြောင်းရွှေ့လိုက်၏။ သူ့အမူအရာက ရုတ်တရက်ပြောင်းလဲသွားပြီး သူက မေးလိုက်သည်"အန္တိမအရှင် ဘယ်လိုလုပ်ပြီး မင်းက ......"
"ငါ ဒီကမ္ဘာမြေပေါ်ကို ဘာအတွက်နဲ့ဘယ်လိုရောက်လာတာလဲဆိုတာ မင်း ငါ့ကို မေးချင်တာမလား"ထန်ရှုက ပြုံးကာ ပြောလိုက်၏"ကောင်းပြီ၊ အင်မော်တယ်ကမ္ဘာမှာ ပျံ့နှံ့နေတဲ့ကောဟဟာလတွေရှိတယ်မဟုတ်လား"
"အင်မော်တယ်ကမ္ဘာမှာ သင်နဲ့ပတ်သက်ပြီး ကောလဟာလအချို့ တကယ်ပဲရှိတယ်။ သင် နတ်ဘုရားကမ္ဘာကို တက်လှမ်းတုန်းက သင့်ရဲ့ခန္ဓာကိုယ်က ကြေမွသွားပြီး သင့်ရဲ့စိတ်ဝိညာဉ်က ပျောက်ကွယ်သွားတယ်လို့ ပြောကြတယ်။ သင့်ရဲ့တပည့်တွေနဲ့နောက်လိုက်တွေက ယခင်က သင်နေခဲ့တဲ့ဘုံဗိမ္မာန်ဆီ ပြေးသွားခဲ့ကြတယ်။ အဲနေရာမှာ သူတို့က သင့်အတွက် ကြီးမားတဲ့အထိမ်းအမှတ်တစ်ခုကို ပြုလုပ်ပေးခဲ့ကြတယ်"
"ငါ့ရဲ့စိတ်ဝိညာဉ်နဲ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားတာလား"ထန်ရှုက ရေရွတ်လိုက်၏"ဘယ်လိုဟာသလဲ.....နတ်ဘုရားကမ္ဘာကို ငါ့ရဲ့တက်လှမ်းခြင်းက ထူးထူးခြားခြားမလွယ်ခဲ့ဘူး။ အင်မော်တယ်ကမ္ဘာမှာ အချိန်တစ်ခုအထိ ငါ့အနေနဲ့ ဘာမှ လုပ်စရာမရှိဘူး။ အနာဂတ်မှာ အဲကို ငါ ပြန်လာမှာကို စောင့်နေပါ။ ငါ့မိတ်ဆွေဟောင်းတွေနဲ့ ထပ်မံဆုံတွေ့ရတာပေါ့...."
တာအိုဆရာသခင်ကွိုက်က ထန်ရှုအား သေချာကြည့်ရှုကာ ချီတုံချတုံမေးလိုက်၏"အန္တိမအရှင်.....မင်းရဲ့အသွင်အပြင်နဲ့.....မင်းရဲ့ကျင့်ကြံခြင်းက....ဘယ်လို....."
ဝီဝီဝီ.....
အရှိန်အဝါတစ်ခုက မြေအောက်နေရာလပ်ထဲသို့ ရုတ်ခြည်းဝင်ရောက်လာပြီး ပုံမှန်အတိုင်းအဖြူရောင်ဝတ်စုံနှင့်ကူးယန်အာက လေထဲမှ ထွက်ပေါ်လာ၏။ သူမက အင်မော်တယ်ကမ္ဘာသို့ ဆင်းသက်လာသော ကောင်းကင်နတ်သမီးနှင့် တူသည်။ သူမမျက်လုံးများက တာအိုသခင်ကွိုက်၏စိတ်ဝိညာဉ်ကိုယ်ပွားပေါ်သို့ ကျရောက်သွားသောအခါ သတ်ဖြတ်ခြင်းဆန္ဒက သူမမျက်လုံးထဲတွင် ဝင်းလက်သွားပြီး သူမလက်ချောင်းအား ဆတ်ခနဲလှုပ်ရှားလိုက်၏။
"မင်းက......"
တာအိုသခင်ကွိုက်က အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားပြီး ကျယ်လောင်စွာ အော်မည့်ဆဲဆဲတွင် သူမမျက်နှာကို မြင်ပြီးနောက် အရူးအမူးပြန်မျိုချလိုက်ရသည်။ ကြောက်ရွံ့ခြင်းက သူ့မျက်နှာပေါ်တွင် သိသာထင်ရှားစွာ ပေါ်နေပြီး သူက ချက်ချင်းဒူးထောက်လိုက်ချေသည်"မူလသန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့၃၂၆ယောက်မြောက်မျိုးဆက်တပည့်-တာအိုသခင်ကွိုက်က အင်မော်တယ်ရက်ရှာရှီ(နတ်ဆိုးတစ်မျိုး)ဘုရင်ကို နှုတ်ဆက်ပါတယ်"
ရွှယ်ယု၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားပြီး သူမအား ဟန့်တားရန် ထန်ရှုရှေ့သို့ ချက်ချင်းတိုက်ခိုက်လိုက်၏။ ယခု သူမက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ကူးယန်အာက သူမအား အလွန်ခြိမ်းခြောက်နိုင်သေးသည်ဟု ခံစားရသည်။ သူမအရှေ့ရှိအသက်ရှုမှားလောက်စရာအလှလေးက သူမအနေနှင့် မော့ကြည်ရန်လိုအပ်သည့်တောင်တန်းကြီးတစ်ခုအလားပင်။ သူမအား သတ်ဖြတ်ခြင်းက ဤအမျိုးသမီးအတွက် အသေးအဖွဲ့ဟု သူမက ပြောနိုင်သည်။
"ဆရာ....."
ကူးယန်အာ၏မျက်ခုံးက တွန့်သွားပြီး ရွှယ်ယုအား သာမန်မျှတစ်ချက်ကြည့်ကာ ထန်ရှုအား သိမ်မွေ့စွာ နှုတ်ဆက်လိုက်၏။
ဆရာသခင်လား.....
ရွှယ်ယုက မှင်တက်သွား၏။ သူမက ခေါင်းလှည့်ကြည့်ရာ ထန်ရှုပြုံးနေသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူမက ကူးယန်အာအား ထပ်ကြည့်လိုက်ပြီး ထူးဆန်းသောခံစားချက်တစ်ခုက သူမနှလုံးသားထဲတွင် ပြည့်နှက်သွားသည်။
လက်ရှိအချိန်တွင် သူ၏စိတ်ဝိညာဉ်ကိုယ်ပွားသာ ရှိသည်မှာ တာအိုသခင်ကွိုက်အတွက် အလွန်ကံကောင်းသည်။ သူ၏အစစ်အမှန်ခန္ဓာကိုယ်က ဤနေရာတွင် ရှိပါက ကူးယန်အာထံမှ'ဆရာ'ဟုခေါ်ခြင်းကြောင့် သူက လုံးဝထိတ်လန့်သွားရပေလိမ့်မည်။ ဤအမျိုးသမီးနတ်ဆိုးအား မည်သူက မသိသနည်း။ သူမက အင်မော်တယ်ကမ္ဘာတွင် မကောင်းသတင်းနှင့်ကျော်ကြားပြီး ကြောက်စရာကောင်းသောအမျိုးသမီးအသူရာတစ်ယောက်ဖြစ်၏။
လွန်ခဲ့သောထောင်စုနှစ်များက သူက သူ၏ဂိုဏ်းအကြီးအကဲနောက်လိုက်ရင်း ဤရက်ရှာရှီဘုရင်မအား မြင်တွေ့ရန် အကြောင်းဖန်လာခဲ့သည်။ ဤအမျိုးသမီး၏လက်ဝါးရွေ့လျားလိုက်ရုံဖြင့် ရှေးဟောင်းတိုင်းပြည်တစ်ခုရှိသေမျိုးနှင့်အင်မော်တယ်များစွာအား သတ်ဖြတ်ခဲ့သည်ကို သူက မှတ်မိနေပါသေး၏။ ထိုအချိန်တုန်းက ထိုနေရာရှိအင်မော်တယ်ကမ္ဘာ၏ကောင်းကင်က သွေးများဖြင့် ရဲရဲနီနေပြီး သူ၏နှလုံးသားထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသာ မြင်ကွင်းတစ်ခုဖြစ်လာခဲ့ပြီး နှစ်ထောင်ချီကြာသည့်အထိ ဘယ်သောအခါမှ မမေ့နိုင်ခဲ့ပေ။
ဒါပေမယ့်.....
....ဒါပေမယ့် ဒီလိုရက်စက်ကြမ်းကြုတ်တဲ့နတ်ဆိုးမက.....ဒီအန္တိမအရှင်ရဲ့တပည့် ဘယ်လိုဖြစ်လာခဲ့တာလဲ။ ဤအန္တိမအရှင်က မရေမတွက်နိုင်သောသေမျိုးများနှင့်ဗုဒ္ဓများအား အလားတူသတ်ဖြတ်ခဲ့သော်လည်း အပြစ်မဲ့သူများအား ဘယ်သောအခါမှ မသတ်ဖြတ်ခဲ့သည်ကို သူ သိသည်။
သို့သော် မည်သည့်အတွေးများက တာအိုသခင်ကွိုက်၏ခေါင်းထဲ၌ ရစ်ဝဲနေသည်ကို ထန်ရှုကိုယ်တိုင် မသိပေ။ သူက ပြုံးကာ မေး၏"ယန်အာ၊ ဘာလို့ ဒီနေရာကို လာတာလဲ"
ကူးယန်အာက လက်ဝှေ့ယမ်းကာ ရွှယ်ယုအား ဘောင်ခတ်ပြီးနောက် မီတာအနည်းငယ်အဝေးသို့ တွန်းထုတ်လိုက်၏။ ထို့နောက် သူမက ချိုသာစွာ ပြုံးလျက် ပြောလိုက်၏"ဒီဒိုင်မန်းရှင်းထဲမှာ အင်မော်တယ်အရှိန်အဝါတစ်ခုကို ခံစားမိခဲ့တယ်၊ ဒါကြောင့် ငါ စူးစမ်းဖို့ ဒီနေရာကို လာခဲ့တာ။ အင်မော်တယ်ကမ္ဘာမှတစ်ယောက်ယောက် ဒီနေရာမှာ ရှိမယ်လို့ ငါ မထင်ထားခဲ့ဘူး"
"ဟုတ်ပါပြီ၊ သူတို့ကို အရင်လွှတ်ပေးလိုက်အုံး"ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
ကူးယန်အာက အနည်းငယ်ပြုံးလိုက်သည်။ သူမက ထန်ရှုလက်မောင်းအား ပွေ့ဖက်ရင်း တာအိုသခင်ကွိုက်နှင့်ရွှယ်ယုတို့အား အကျဉ်းချထားသည့်မန္တန်အား ရုတ်သိမ်းလိုက်၏။
ရွှယ်ယုက ထန်ရှု၏အခြားတစ်ဖက်သို့ ပြေးလာပြီး ကူးယန်အာအား စိုက်ကြည့်လိုက်၏"သူမက ရှင့်တပည့်လား၊ ထန်ရှု။ ပြီးတော့....ရှင်က အင်မော်တယ်ကမ္ဘာမှာတုန်းက အန္တိမအရှင်တစ်ယောက်ဖြစ်ခဲ့တာလား"
ထန်ရှုက ပြုံးကာ တုံ့ပြန်လိုက်သည်။ သူမအား ရှင်းပြမည့်အစား သူက တာအိုသခင်ကွိုက်အား ပြောလိုက်၏"မင်း စောစောက ဘာကတိပေးထားတယ်ဆိုတာ အမှတ်ရပါ၊ မင်းအနေနဲ့ မင်းကတိကို မချိုးဖောက်ဘူးလို့ ငါ မျှော်လင့်တယ်။ ပြီးတော့ မင်းရဲ့ဒီစိတ်ဝိညာဉ်ကိုယ်ပွားက ပြန်မသွားနိုင်ဘူးမလား။ ဒါဆိုရင် အဲဒါရဲ့စိတ်ဝိညာဉ်စွမ်းအားကို မင်းရဲ့တပည့်ရွှယ်ယုကို ပေးလိုက်ပေါ့"
"နားလည်ပါပြီ"တာအိုသခင်ကွိုက်က ရိုသေလေးစားစွာ ပြန်ဖြေလိုက်၏။
ထို့နောက် ထန်ရှုက အသက်တစ်ချက်ရှုကာ ဆက်ပြောလိုက်သည်"ငါ့အနေနဲ့ မင်းရဲ့ကတိကို မှတ်ထားပေးမှာပါ။ မင်းကတိတည်သရွေ့ အနာဂတ်မှာ ပိုမြင့်မားတဲ့နယ်ပယ်တစ်ခုကို ရောက်ဖို့ မင်းကို ကူညီပေးမယ်။ မင်းရဲ့မူလသန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းကိုတောင် ကြီးမားတဲ့အခွင့်အလမ်းတစ်ခုပေးမှာပါ"
"ကျေးဇူးတင်ပါတယ်၊ အန္တိမအရှင်"
တာအိုသခင်ကွိုက်က တလေးတစားတုံ့ပြန်လိုက်၏။ သို့သော် သူက ကူးယန်အာအား တစ်ချက်ခိုးကြည့်ပြီးနောက် သူ့ကိုယ်ပွားက အင်မော်တယ်စိတ်ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းသွားပြီး ရွှယ်ယု၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့သည်။
"ရွှယ်ယု၊ ဒီအင်မော်တယ်စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူလိုက်၊ အဲဒါက မင်းကို ကြီးမားတဲ့အကျိုးအမြတ် ပေးလိမ့်မယ်"ထန်ရှုက ပြော၏"မင်းစိတ်ထဲမှာ သံသယတွေ ရှိမယ်ဆိုတာ ငါ သိတယ်၊ မင်း အဲဒါကို စုပ်ယူပြီးရင် ငါ အားလုံးရှင်းပြပေးမယ်"
"ကောင်းပြီ" ရွှယ်ယုက ခေါင်းညိတ်ပြီး ဘေးသို့ လျှောက်ကာ တင်ပျဉ်ခွေထိုင်လိုက်၏။
အခြားတစ်ဖက်တွင် ကူးယန်အာက သူမအား နက်ရှိုင်းစွာ တစ်ချက်ကြည့်ပြီးနောက် ချက်ချင်းပြောလိုက်၏"ဘာလို့ ငါ့ကို အဲဒီတာအိုသခင်ကွိုက်ကို သတ်ခွင့်မပြုတာလဲ။ သူက အင်မော်တယ်ကမ္ဘာကပဲ။ သူက ဆရာနဲ့ပတ်သက်ပြီး တစ်ခုခုကို ထုတ်ဖော်ပြောလိုက်ရင် ဆိုးရွားတာတွေ ဖြစ်လာမှာကို ငါ စိတ်ပူတယ်"
ရွှယ်ယုအား ကြည့်နေရင်း ထန်ရှုက ညင်သာစွာ ပြန်ဖြေလိုက်၏"အခု ငါ့ကို ပြောပါ၊ မင်းကိုယ်တိုင်ကရော သူ့ရဲ့ကိုယ်ပွားကို သုတ်သင်၊ သူ့ရဲ့နတ်ဘုရားအာရုံနောက်ကို လိုက်ပြီး အင်မော်တယ်ကမ္ဘာထဲကို ဝင်ပြီး ထိုနေရာမှာရှိတဲ့သူ့ရဲ့စိတ်ဝိညာဉ်ကို ဖယ်ရှားနိုင်ပါ့မလား"
ကူးယန်အာက တစ်ချက်ငြိမ်ကျသွားသည်။ သူမက ခေါင်းခါယမ်းကာ ပြောလိုက်၏"ငါ့ရဲ့စွမ်းအားက အခုထိ ပြန်မကောင်းလာသေးဘူး၊ ငါက ရွှေရောင်အင်မော်တယ်အဆင့်ကိုတောင် ပြန်မရောက်နိုင်သေးဘူး။ သူ့ရဲ့အင်မော်တယ်စိတ်ဝိညာဉ်ကို ဖျက်ဆီးဖို့က မဖြစ်နိုင်ဘူး"
"ဒါက အကြောင်းပြချက်ပဲ"ထန်ရှုက ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်"မင်း သူ့ရဲ့စိတ်ဝိညာဉ်ကို ခြေရာခံလိုက်ပြီး အင်မော်တယ်ကမ္ဘာမှာရှိတဲ့သူ့ရဲ့အင်မော်တယ်စိတ်ဝိညာဉ်ကို ဖယ်ရှားနိုင်မယ်ဆိုရင် အရေးပေါ်ပြဿနာတွေကို ကာကွယ်ဖို့ သူ့ကို သုတ်သင်ခွင့်ပြုလိုက်မှာပါ။ ဒါပေမယ့် မင်းက မလုပ်နိုင်မှတော့ သူက သူ့ကတိကို ထိန်းပြီး ငါ့အကြောင်း မထုတ်ဖော်ပြောဖို့ အလောင်းအစားတစ်ခုလုပ်ရမှာပဲ။ ကောင်းပြီ၊ ဒါနဲ့ပတ်သက်ပြီး အများကြီးတော့ စိုးရိမ်စရာမလိုပါဘူး၊ ယန်အာ။ သူ့ရဲ့မူလသန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းနဲ့ပတ်သက်ပြီး ငါ တော်တော်လေးသိတယ်။ ဒီဂိုဏ်းရဲ့တပည့်တွေက သူတို့ရဲ့ကတိကို ဘယ်တော့မှ အလွယ်တကူမဖောက်ဖျက်ကြပါဘူး၊ သူတို့ပေးချေရမယ့်တန်ဖိုးက ကြီးမားလွန်းတယ်လေ"
တစ်ခဏအကြာ ကူးယန်အာက ငြိမ်သက်နေခဲ့သည်။ ထို့နောက် သူမက ခေါင်းခါယမ်းကာ ပြော၏"မဟုတ်ဘူး၊ ဒီလိုလုပ်လို့မရဘူး။ တစ်ခုခု မလွယ်ဘူးလို့ ငါ ခံစားနေရတုန်းပဲ၊ ဆရာ။ ကျီချီမိန်ကို အင်မော်တယ်ကမ္ဘာကို အရင်ပြန်ခိုင်းပြီး သူ့ကို ဖယ်ရှားခိုင်းလိုက်ရင်ရော ဘယ်လိုလဲ"
"အဲလိုလုပ်မရနိုင်ဘူး။ ပြီးတော့ ကျီချီမိန်အနေနဲ့ အဲကို ပြန်ဖို့က လွယ်မယ်လို့ ငါ မထင်ဘူး"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"ပြီးတော့ သူမက ရဲ့ဒဏ်ရာက သက်သာလာပေမယ့် သူမရဲ့အထွတ်အထိပ်ကျင့်ကြံခြင်းအဆင့်ကို ပြန်ရဖို့က မလွယ်ဘူး။ အခြားတစ်ခုက မူလသန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းက အင်မော်တယ်ကမ္ဘာမှာ တတိယအဆင့်ဂိုဏ်းတစ်ဂိုဏ်းသာ ဖြစ်ပေမယ့် အဲဂိုဏ်းမှာ ပြီးပြည့်စုံခြင်းရွှေရောင်အင်မော်တယ်အချို့ရှိနေတုန်းပဲ။ သတ်ဖြတ်မှုက ကျဆုံးသွားရင် ငါတို့က ပိုပြီးတော့ ခပ်မြန်မြန်ထုတ်ဖော်ခံရလိမ့်မယ်"
"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ"ကူးယန်အာက အကူအညီမဲ့စွာ မေးလိုက်၏။
အေးစက်မှုက ထန်ရှု၏မျက်လုံးများထဲ၌ လက်သွားပြီး သူက လေးနက်စွာ ပြော၏"လက်ရှိအချိန်မှာ ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူး။ အင်မော်တယ်ကမ္ဘာကို ဖြစ်နိုင်သမျှ အမြန်ပြန်ရောက်အောင်ပဲ ငါတို့ ကြိုးစားရမယ်။ ငါတို့ ပြန်ရောက်တာနဲ့ မင်းတို့ကို သီးသန့်နေရာတစ်ခုကို တိုက်ရိုက်ခေါ်သွားနိုင်တယ်။ ငါ အသက်ရှင်နေသေးတယ်ဆိုတာ ငါ့ကို ဒုက္ခပေးခဲ့တဲ့သူတွေ သိရင်တောင် သူတို့ ငါတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"
ကူးယန်အာက အကြိမ်ကြိမ်ခေါင်းညိတ်ကာ မေးလိုက်၏"အခု မင်း ငါ့ကို ဘာလုပ်စေချင်လဲ၊ ဆရာ"
"မင်းလုပ်ရမယ့်အရေးကြီးဆုံးအရာက မင်းကိုယ်မင်းကုသပြီးပြန်ကောင်းအောင်လုပ်ဖို့ပဲ"ထန်ရှုက ပြန်ဖြေ၏"မင်းဒဏ်ရာကုသပြီးတာနဲ့ မင်းရဲ့ခွန်အားကို ပြန်ရအောင် လုပ်ရမယ်၊ ငါ့အတွက်ကတော့ ငါက ငါ့ရဲ့ကျင့်ကြံခြင်းအရှိန်ကို မြှင့်တင်ရမယ်။ ငါ ဒီကမ္ဘာရဲ့အတားအဆီးတွေအားလုံးကို ချိုးဖြတ်ပြီး အင်မော်တယ်ကမ္ဘာကို အောင်မြင်စွာ တက်လှမ်းနိုင်တာနဲ့ အင်မော်တယ်ကမ္ဘာကို လူတွေအများကြီးခေါ်သွားဖို့ နည်းလမ်းရှိလာမှာပါ၊ အင်မော်တယ်ကမ္ဘာအတွက်ကတော့ အနာဂတ်တစ်နေ့မှာ ငါတို့ရဲ့စစ်မြေပြင်ဖြစ်လာမှာပါ"
"ငါ သေချာပေါက် ဒဏ်ရာကို အမြန်ဆုံးကုသပြီး ယခင်ခွန်အားကို ပြန်ရအောင် ကြိုးစားမှာပါ၊ ဆရာသခင်" ကူးယန်အာက ပြန်ဖြေလိုက်၏"ပြီးတော့ ငါ အချိန်ပေးပြီး လက်ရွေးစင်တွေကို လေ့ကျင့်ပေးသွားပါ့မယ်"
"ဒါကို ဖြစ်နိုင်သမျှ မြန်မြန်လုပ်ကြတာပေါ့"ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်၏"ပြီးတော့ ဒီကမ္ဘာမြေက အရမ်းထူးခြားတယ်လို့ ငါ အမြဲတမ်းခံစားရတယ်။ ဥပမာအားဖြင့် ကမ္ဘာမြေနဲ့အင်မော်တယ်ကမ္ဘာကြားမှာ အချိန်ကွာဟတဲ့ပြသနာတစ်ခုရှိတယ်။ ကမ္ဘာမြေမှာတစ်နှစ်က အင်မော်တယ်ကမ္ဘာမှာ နှစ်ဆယ်သန်းနဲ့ ညီမျှပုံပဲ၊ ဒါကြောင့် ငါတို့ရဲ့ရန်သူတွေက ပိုသန်မာနေမှာ။ နောက်ကျရင် ငါတို့တွေ ပိုအန္တရာယ်များတဲ့အနေအထားတွေကို ရင်ဆိုင်ရမှာ သေချာသလောက်ပဲ"
***