← Chapters

ရေအောက် အင်မော်တယ် အမွေအနှစ်

Vol. 16 Ch. 223

ရေအောက် အင်မော်တယ် အမွေအနှစ်

Vol. 16 Ch. 223

မိုဝူကျီနှင့် အခြားလူများက အဝင်ဝသို့ ရောက်သည့်အခါ ကျောက်ပြားကြီးကို သတိပြုမိ လိုက်ကြသည်။ ကျောက်ပြားရှေ့ မီတာအနည်းငယ် အကွာတွင် အမည်မသိ ပစ္စည်းနှင့် ပြုလုပ်ထားသည့် တံခါး အမည်းကြီး ရှိနေလေသည်။

ရေအောက်တွင် ဖူချန်းနှင့် တခြား လူများက ထိုတံခါးကား ကျောက်တုံးကြီး ဖြစ်နေကြောင်း မြင်လိုက်ရသည်။ သို့သော်လည်း မိုဝူကျီ၏ စိတ်စွမ်းအားက တံခါးအလယ်မှ အက်ကြောင်း အသေးလေး ရှိကြောင်း ခံစားမိလိုက်သည်။

မိုဝူကျီက ဖူချန်းနှင့် တခြား လူများကို စောင့်ရန် လက်ဟန် ပြလိုက်သည်။ သူက တံခါးဆီ သွားပြီး ဖြည်းဖြည်းချင်းစီ တွန်းလိုက်လေသည်။ ထို့နောက် မိုဝူကျီက သဘာဝ  စွမ်းအားများကို စုစည်းပြီးတော့ တံခါးကို တဖြည်းဖြည်း ဖွင့်လိုက်တော့သည်။

ရွှေရောင် အလင်းတန်း ထွက်လာသောကြောင့် မိုဝူကျီနှင့် အခြားလူများက ကြောင်သွားကြသည်။ သူတို့ မြင်လိုက် ရသည်က ရွှေများ မြှုပ်ထားကာ ကောင်းကောင်း ပြင်ဆင်ထားသော နံရံများနှင့် ခန်းမကျယ် ဖြစ်၏။

မိုဝူကျီက တံခါးအတွင်းသို့ မဝင်ခင် စန်ယီပင်းနှင့် ကျန်လူများကို လက်ပြ လိုက်လေသည်။

တံခါး ပွင့်လာသည့် အခိုက်အတန့်တွင် သူတို့ ခံစားနေရသည့် ပြင်းထန်လှသည့် ရေဖိအားများက တစ်မုဟုတ်ချင်း ပျောက်ကွယ် သွားလေသည်။ ထိုမျှတင် မဟုတ်ချေ။ သူတို့ရှေ့တွင် ရေတစ်စက်မှ မရှိသည့် အတွက် ယုံတမ်း ပုံပြင်ထဲမှ နဂါးနန်းတော် ရောက်နေသည့် အလား ခံစား နေရသည်။ ရေများက အပြင်ဘက်တွင်သာ စီးဆင်းနေပြီး တံခါးကို ဖြတ်၍ မဝင်နိုင် ကြချေ။

နောက်အခိုက်အတန့်တွင် စန်ယီပင်းနှင့် ကျန်လူများက တံခါး အတွင်းသို့ ဝင်လိုက်သောကြောင့် ဖိအားက သိသိသာသာ လျော့နည်း သွားလေသည်။ သူမက တံခါးထိပ်တွင် စီတန်းထားသော ပုလဲများကို ကြည့်ပြီး …

“ဒါက ပင်လယ် ရေတွေကို တားဆီးပေး ထားတဲ့ ရေလွင့်ပြယ် ပုလဲတွေ ဖြစ်ရမယ်”

ကျန်ရှိနေသာ သူများမှာ ထိုပုလဲများကို စိတ်အား တက်ကြွစွာ ကြည့်နေရင်း ထိုပုလဲ တစ်လုံးက မည်မျှ ကုန်ကျမည် နည်းဟု တွေးတော နေကြသည်။ ထိပ်တန်း ဝိညာဉ် ပစ္စည်းပင် ထိုပုလဲလောက် အဖိုးတန်မည် မဟုတ်ချေ။

“ဖြစ်နိုင်တာ ဒီနေရာမှာ အင်မော်တယ် အမွေအနှစ် ရှိနေတာလား ...” စန်ယီပင်းက အဝင်ဝတွင် ပုလဲများကို တွေ့လိုက်ရသည့် အတွက် ဦးဆုံး တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ အင်မော်တယ် အမွေအနှစ်က လွဲ၍ မည်သည့်အရာ ဖြစ်နိုင်မည်နည်း။

“ဝိညာဉ် စွမ်းအားတွေ သိပ်သည်းနေတာ ဆိုတော့ ဖြစ်နိုင်တယ် …” ဖူချန်းလည်း စိတ်လှုပ်ရှားစွာ ဝင်ပြော လိုက်လေသည်။ အကြောင်းမှာ သူဝင်လိုက်သည့် အခိုက်အတန့် သူက ဝိညာဉ်စွမ်းအား သိပ်သည်းမှုကို အာရုံခံမိ လေသည်။ သူက ကျင့်ကြံစဉ်မှ စ၍ ထိုသို့သော နေရာမျိုးတွင် တစ်ခါမှ မကျင့်ကြံဖူးပေ။ ထို့အပြင် အဝင်ဝတွင် ရွေရောင်များ တောက်ပနေသည့် အတွက် အထဲတွင် မည်မျှပင် ကြွယ်ဝ နေမည်ကို စိတ်ကူး မကြည့်နိုင်ပေ။

စန်ယီပင်း မျက်နှာတွင် မျှော်လင့်ချက် အပြည့်ဖြင့် မိုဝူကျီကို ကြည့်ကာ ပြောလိုက်သည်။

“စီနီယာ ခေါင်းဆောင် အစ်ကို ကျွန်မတို့ အခု ဘာလုပ်ကြမလဲ …”

မိုဝူကျီက စိတ်စွမ်းအားဖြင့် တစ်နေရာလုံးကို စစ်ဆေး ကြည့်ပြီးလေပြီ …

“အင်မော်တယ် အမွေအနှစ် ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ငါတို့တွေ သွားကြည့်ရင် သိလိမ့်မယ်။ ဒါပေမဲ့လည်း အဝင်ဝက ပုလဲက ရေလွင့်ပြယ် ပုလဲတော့ မဟုတ်ဘူး။ သာမန် ပုံရိပ်ယောင် အစီအရင်ပဲ ဖြစ်လိမ့်မယ်။ ရေတွင် မဝင်နိုင်တာက ပုလဲနဲ့ မဆိုင်ဘူး။ အကြောင်းက ဒီနေရာမှာ ရွေလွင့်ပြယ် အစီအရင် ရှိနေလို့ပဲ …” မိုဝူကျီ စကားကို ကြားပြီးနောက် အားလုံးက စိတ်ပျက် သွားကြသည်။

မိုဝူကျီက ရယ်မောလိုက်ပြီး …

“တကယ်လို့ ဘာမှ မရှိရင်တောင် ဝိညာဉ် စွမ်းအားတွေ သိပ်သည်း နေတာဆိုတော့ ကျင့်ကြံဖို့ နေရာကောင်း တစ်ခုပဲ။ ဘာဖြစ်ဖြစ် အရင် ကြည့်ကြည့် ကြတာပေါ့ ...”

ခန်းမ အရှေ့ပိုင်းကို ဖြတ်ကျော် လာပြီးနောက် သူတို့သည် တန်ဖိုးကြီး အခန်း အလယ်ပိုင်းသို့ ရောက်ရှိလာကြ၏။

အခန်း ရှေ့ပိုင်းတွင် သူတို့အာရုံကို ဖမ်းစားနိုင်သည့် စာလုံးများ ရှိနေလေသည်။

“မင်းက အင်မော်တယ် အမွေအနှစ်ကို ရတော့ ဘာဖြစ်လဲ ... ဘာဖြစ်လဲ ... ဘာဖြစ်လဲ…”

“ဘာဖြစ်လဲ” ဟု သုံးခါဆက်တိုက် ရေးထားသည့် အတွက် သူ့အဓိပ္ပာယ်ကို အားလုံး နားရှုပ်သွား ကြလေသည်။

“ဒါက တကယ့် အင်မော်တယ် အမွေအနှစ် ပဲလား ... ကျွန်မတို့ အင်မော်တယ် အမွေအနှစ် နယ်မြေထဲ ရောက်လာတာလား …” စန်ယီပင်းက တအံ့တဩ မေးလိုက်သည်။

စကားနည်း လှသည့် နှဲ့ကျန်းနွန်ပင် အလွန်တရာ စိတ်လှုပ်ရှား နေလေသည်။ သူက မိုဝူကျီနှင့် တွေ့ဆုံခဲ့ပြီး အင်မော်တယ် အမွေအနှစ် နယ်မြေအထိ ရောက်သွားသည့် ကိစ္စနှင့် ပတ်သက်၍ သူ့ကံတရားကို အံ့ဩနေမိသည်။

မိုဝူကျီက သက်ပြင်း ချလိုက်ကာ …

“သူတို့တွေ အင်မော်တယ် အမွေအနှစ် ရသွားတဲ့ နေရာ ဖြစ်လိမ့်မယ်။ ငါတို့က အင်မော်တယ် အမွေအနှစ် နယ်မြေထဲ ရပ်နေပေမဲ့ နှမြောစရာ ကောင်းတာက ငါတို့ပဲ ရောက်လာတာ မဟုတ်ဘူး။ တကယ့် အမွေအနှစ်က ပါသွားပြီ။ အားလုံး ကြည့်ကြည့် …”

သူက ပြောရင်း အခန်းရှေ့ပိုင်း နေရာမှ ခြေရာများကို ညွှန်ပြလိုက်သည်။ ထိုခြေရာများက စက်ဝိုင်းပုံ ပေါ်နေပြီး မီတာ အနည်းငယ် ကျယ်ဝန်းကာ အလယ်တွင် ခြေရာများ မရှိချေ။

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး ပြောချင်တာက အလယ်မှာ အမွေအနှစ် ရှိပြီးတော့ လူတချို့ ရောက်လာပြီး လှည့်ပတ်ကြည့် ပြီးတေ့ာ ပါသွားတာလား ... ဒါပေမဲ့ အဲဒါဆို အင်မော်တယ် နယ်မြေက ဘယ်မှာလဲ ...” စန်ယီပင်းက သိချင်စွာ မေးလိုက်သည်။

ဘေးတွင် ရပ်နေသည့် ဖူချန်းက ထပ်ပြောလိုက်သည်။

“အရင်တုန်းက မှတ်စုတွေထဲမှာ ဖတ်ဖူးတယ်။ ထိပ်တန်း ရတနာတွေမှာ အသိစိတ် ရှိတယ်တဲ့။ သူတို့က သူတို့ ပိုင်ရှင်ကို အသိမှတ် ပြုနိုင်ကြပြီးတော့ သူတို့ ဘာသာလည်း ထွက်သွားနိုင်တယ်။ ဖြစ်နိုင်တာက ဒီအင်မော်တယ် အမွေအနှစ်ကို ဆက်ခံ ပြီးတဲ့နောက် ပိုင်ရှင် အသစ်ဆီ လိုက်သွားတာ နေမယ် …”

မိုဝူကျီက အင်မော်တယ် အမွေအနှစ် မည်သို့ အလုပ် လုပ်ပုံကို အတိအကျ မသိသည့် အတွက် ဖူချန်းစကားများမှ တစ်ဆင့် နားလည်သွား လေသည်။

“ဟူး ... နှမြောဖို့ ကောင်းတာက ငါတို့တွေ အင်မော်တယ် အမွေအနှစ် နယ်မြေထဲ ဝင်လာပြီးတော့ လက်ဗလာနဲ့ အဆုံးသတ် သွားတယ်။ ပြီးတော့ ဒီအခန်းက အရောင်အဝါ တောက်ပ နေတာလည်း ပုံရိပ်ယောင် အစီအရင်ကြောင့် ဆိုတော့ စိတ်ပျက်စရာပဲ ...”

မိုဝူကျီက ကြမ်းပြင်ပေါ်မှ ခြေရာများကို ဆန်းစစ်နေကာ နောက်ဆုံးတွင် လူနှစ်ယောက် ဖြစ်ကြောင်း နိဂုံးချုပ် လိုက်တော့သည်။ သို့သော်လည်း သူက မိုရှင်းထောင်နှင့် ဒေါ်လေး ဆယ့်တစ်တို့နှင့် ခြေရာမှတ်မိ နေလောက်အောင် အထိ မရင်းနှီးခဲ့ပေ။ သူ့စိတ်ထဲတွင် မိုဝူကျီက ထိုခြေရာများသည် သူတို့ ဖြစ်ပါစေဟုသာ ဆုတောင်း နေမိသည်။

“ငါတို့တွေ လက်ဗလာ မပြန်ရပါဘူး။ ကြည့်လိုက် ဒီမှာ တံခါးတစ်ချပ် ရှိသေးတယ် …” မိုဝူကျီက မတ်တတ်ရပ်ကာ အခန်းညာဘက်မှ တံခါးဆီ သွားလိုက်တော့သည်။

မူလ အမှတ်အသား မရှိသော နံရံတွင် နောက်တံခါး အသေးတစ်ချပ် ပွင့်လာလေသည်။

သူတို့က တံခါး အသေးလေးထဲ ဝင်သွားသည့် အခါ သူတို့အားလုံး မှင်တက်မိ သွားသည်။ ထိုအခန်းလေးမှာ အိပ်ခန်း အသေးလေး ဖြစ်နေသည်။ ခုတင် ပါရှိပြီး ခုတင်ပေါ်တွင် ခြောက်ကပ်နေသည့် လူသေလောင်း ရှိနေသည်။ အလောင်းရှေ့တွင် သားရေစာလိပ် ရှိနေပြီး ထိုစာလိပ်ပေါ်တွင် ကြည်လင်နေသည့် ကျောက်စိမ်းအ မှတ်အသားပြား ရှိနေသည်။

ထိုအရာမှလွဲ၍ ခုတင်ဘေးတွင် အမည်မသိ ပစ္စည်းနှင့် ပြုလုပ်ထားသည့် စင်ရှိလေသည်။ ထိုစင်ပေါ်တွင် ကျောက်စိမ်းပုလင်း အမျိုးမျိုး ရှိနေသည်။

အားလုံးက နားမလည်စွာ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ ဤအလောင်းက ဤနေရာတွင် ကျင့်ကြံနေတာ များလား …

မိုဝူကျီက သွားပြီး စာလိပ်၊ လက်စွပ်နှင့် ကျောက်စိမ်း အမှတ်အသားပြားကို ယူလိုက်သည်။ သားရေ စာလိပ်ပေါ်တွင် ရေးထားသော စာလုံးများမှာ ရှင်းလင်းလှ၍ အားလုံးက သေချာဖတ်နိုင် ကြလေသည်။

“မနိုင်ဝန်ထမ်းရင်း ကောင်းကင် ပင်လယ်မှ မပျောက်ဆုံးသွားခင် ကျင်းကုမူက အင်မော်တယ် အမွေအနှစ် ခြောက်ခုအတွက် ကျန်းမိုပျောက်ဆုံး နယ်မြေက ထိပ်တန်း ကျင့်ကြံသူ ဆယ်ယောက်နဲ့ တိုက်ခိုက်ခဲ့တယ်။ ကောင်းကင် ဘူးသီးကျွန်းမှာ သူ့အခြေအနေ ပြန်ကောင်းအောင် အတွက် ဆင်းသက်ခဲ့ ရတယ်။ ပြန်ကောင်းပြီး နောက်မှာ အင်မော်တယ် အမွေအနှစ် ခြောက်ခုက သူ့အတွက် အကူအညီ မဖြစ်ဘူး။ အဲဒါကြောင့် ဒီအင်မော်တယ် အမွေအနှစ် အတွက် ဘာလို့ ခက်ခက်ခဲခဲ တိုက်ခိုက် နေဦးမလဲ …

နှစ်များစွာ တံခါးပိတ် ကျင့်ကြံပြီးနောက် နောက်ဆုံး ကန့်သတ်ချက်ကို ရောက်လာခဲ့တယ်။ ကုန်ဆုံးခဲ့တဲ့ နှစ်တွေကို ကြည့်ပြီးတော့ စိတ်ဓာတ်ကျ သက်ပြင်းချရုံက လွဲပြီး မတတ်နိုင်ခဲ့ဘူး။ ကျုပ်မှာ အမွေအနှစ် ခြောက်ခုနဲ့ ရေစက် မပါဘူး။ ရေစက်ပါတဲ့ သူအတွက် ထားခဲ့ပါတယ်။ ဒီအခန်းထဲ ဝင်လာတဲ့ သူတွေက အားလုံးကို ယူသွားကြပါ။ ကျောက်စိမ်း အမှတ်အသားပြားက အင်မော်တယ် အမွေအနှစ်ကို အသက် သွင်းဖို့ပါ။ သွေးတစ်စက်နဲ့ ပိုင်ရှင်အဖြစ် အသိမှတ် ပြုပါလိမ့်မယ်။ ကျန်ရှိနေတဲ့ အရာတွေကို ဒီအတိုင်း ထားထားပေး ကြပါ …”

“ကျွန်မ ကျင်းကုမူကို သိတယ် ...” စာလိပ်ကို ဖတ်ရှုပြီးနောက် စန်ယီပင်းက ရုတ်တရက် ထပြောလိုက် လေသည်။

မိုဝူကျီက စန်ယီပင်းကို ကြည့်ကာ မေးလိုက်သည်။

“ဘယ်သူများလဲ …”

“သူက ကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ ။ သူက မိုးမြေတစ်ခွင် လိုက်ပြီးတော့ ရတနာတွေကို စုဆောင်းရတာ နှစ်သက်တယ်လို့ ကြားဖူးတယ်။ အဖိုးတန်သ‌ရွေ့ သူက သွားပြီးတော့ စုဆောင်းတတ်တယ် ...”

“အာ ... ကျင်းကုမူလား ...” ဖူချန်းက စန်ယီပင်းဆီက ကြားသည်နှင့် ထရေရွတ် လိုက်သည်။

မိုဝူကျီက နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

“ကျင်းကုမူက တော်တော် ကျော်ကြားတယ်လား။ ဘာလို့ တစ်ခါမှ မကြားဖူးပါလိမ့် ...”

စန်ယီပင်းက ပြန်ဖြေလိုက်သည် ။

“အရင်တုန်းက ကောင်းကင်ဂိုဏ်းက အင်ပါယာ ငါးခုလုံးမှာ အကြီးဆုံးဂိုဏ်းပဲ။ လက်ရှိ ကောင်းကင်ဖွေရှာ နန်းတော်တောင် ကောင်းကင်ဂိုဏ်းကို ကျော်နိုင်မှာ မဟုတ်ဘူး။ ကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျင်းကုမူက ကောင်းကင်နယ်ပင် နောက်ဆုံးအဆင့် ရောက်နေပြီလို့ ပြောကြတယ်။ အင်ပါယာ ငါးခုထဲမှာ ဒီအဆင့်ထိ ရောက်ဖူးတာ သူတစ်ယောက်ပဲ ရှိတာ။ ဒါပေမဲ့လည်း ကျင်းကုမူက လူအများနှင့် ပေါင်းသင်း ဆက်ဆံရတာ မကြိုက်ဘူး။ အတော်လေးလည်း အထက်စီး ဆန်တယ်။ အဲဒါကြောင့် ကောင်းကင် ဂိုဏ်းသားတွေက အမြဲတမ်း တခြား သူတွေရဲ့ အပေါ်မှာချည်းပဲ။ လွန်ခဲ့တဲ နှစ်များစွာက ဂိုဏ်းချုပ် ရုတ်တရက် ပျောက်သွားခဲ့တယ် …

သူတို့ဂိုဏ်းချုပ် မရှိတော့ အရင်က ပြဿနာတွေက တစ်ခါတည်း စုပြုံပြီး ရောက်လာတယ်။ တပည့် အချင်းချင်းကြားက ရှုပ်ထွေးမှုတွေကြောင့် ဂိုဏ်းလည်း ပြိုလဲ သွားခဲ့တယ်။ အဲဒီမှာ ကောင်းကင်ဖွေရှာ နန်းတော်က နေရာရ လာပြီးတော့ သူတို့ နာမည်ကို ပျောက်ဆုံးနယ်မြေ တစ်ခုလုံးကနေ ဖယ်ရှားလိုက်တယ် …

ရှင်းဟန် အင်ပါယာထဲက ကောင်းကင်ဂိုဏ်း သုံးခုဖြစ်တဲ့ ကောင်းကင်ဓားကျွန်း၊ ကောင်းကင်နတ်ဆိုး ဂိုဏ်းနဲ့ ကောင်းကင် တေးသီဂိုဏ်းတို့ကို ကောင်းကင်ဂိုဏ်းရဲ့ မျိုးဆက်တွေက ထူထောင်ထားတာ။ ကျွန်မတို့ ထျန်းဂျီဂိုဏ်းလည်း ကောင်းကင်ဂိုဏ်းနဲ့ ဆက်နွှယ်နေတယ်။ ပြီးတော့ ကောင်းကင်ဖွေရှာ နန်းတော်ကို တည်ထောင်ခဲ့တဲ့ အကြီးအကဲ တစ်ဦးက ကောင်းကင်ဂိုဏ်းရဲ့ အပြင်စည်း တပည့်လေ။ ဒါပေမဲ့လည်း ကျွန်မတို့ ထျန်းဂျီဂိုဏ်းက အဆင့် နိမ့်နေတော့ ဘယ်သူကမှ ဂရုမစိုက် ကြပါဘူး …”

“ကောင်းကင်ဖွေရှာ နန်းတော်က ကောင်းကင်ဂိုဏ်းကို ဘာလို့ ဖယ်ရှား ချင်နေတာလဲ …” မိုဝူကျီက မေးကြည့်လိုက်သည်။

“ကောင်းကင်ဂိုဏ်း နာမည်ကို မပြောဖို့ ကောင်းကင်ဖွေရှာ နန်းတော်မှာ တားမြစ် ထားတယ်လို့ ကြားဖူးတယ်။ တစ်ခုက ကောင်းကင် ဖြစ်နေတုန်း နောက်တစ်ခုက ကောင်းကင်ဖွေရှာ ဖြစ်နေတော့ တစ်ဆင့် နိမ့်နေတာပေါ့။ ကျင်းကုမူသာ ရှိရင် ကောင်းကင်ဖွေရှာ နန်းတော်က ဘာမှ ပြောရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူပျောက်ဆုံးသွားတော့ ကောင်းကင်ဖွေရှာ နန်းတော်က ဒီအတိုင်း ကြည့်မနေတော့ဘူး …” စန်ယီပင်းက ရှင်းပြလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြ လိုက်ပြီး ပစ္စည်းများကို ယခင် နေရာအတိုင်း ပြန်ထားလိုက်ကာ …

“ အပြင်မှာ ဆက်ပြော ကြတာပေါ့ ...”

လေးယောက်သား မိုဝူကျီက ဆေးပုလင်းများကို စင်ပေါ်မှာ ထားခဲ့ရုံ သာမက အားလုံးကို ထားခဲ့သည်ကို တွေ့လိုက်ရသည်။ ထို့နောက် အခန်းအထဲမှ ထွက်လာလေသည်။

အားလုံး အခန်းမှ ထွက်လာပြီး နောက်တွင် မိုဝူကျီက ပြောလိုက်သည်။

“ကောင်းကင်ဂိုဏ်းချုပ် ချန်ထားခဲ့တဲ့ သတင်းအရ နည်းနည်း သိလိုက်ရတယ်။ ပထမဆုံးက ကောင်းကင်ပင်လယ်ကို ဆက်သွားရင် ကျန်းမို နယ်မြေ ရှိလိမ့်မယ်။ ဒုတိယ အချက်က ကျင်းကုမူက စစ်မှန်ခြင်း နတ်ဘုရားအဆင့် နောက်ဆုံး ရောက်တာတောင် ကျန်းမို နယ်မြေထဲမှာ ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်။ အဲဒါက ကျန်းမိုနယ်မြေမှာ ထိပ်တန်း ကျင့်ကြံသူတွေ အများကြီး  ရှိတယ်လို့ ပြောတာပဲ။ တတိယ အချက်က အပြင်ဘက်မှာ ရှိနေတဲ့ အင်မော်တယ် အမွေအနှစ်တွေကို ကျင်းကူမူ ထားထားတာ ဖြစ်ရမယ်။ နောက်ဆုံး အချက်က ကောင်းကင် ဘူးသီးကျွန်း  မြုပ်သွားတာက တစ်ယောက်ယောက်က အင်မော်တယ် အမွေအနှစ်ကို ယူသွားလို့ပဲ။ ပြီးတော့ အပြင်ဘက်မှာ ထားထားတာက တစ်ယောက်မှ သူ့ကို မနှောင့်ယှက်အောင်လို့ ဖြစ်နိုင်တယ် …”

“ဒီလိုလည်း ဖြစ်နိုင်တာပဲ ...” ဖူချန်းက မိုဝူကျီ စကားများကို ထောက်ခံ လိုက်လေသည်။

ထိုသို့ ဆိုလျှင်ပင် မိုဝူကျီက မျက်မှောင်ကြုတ်လျက် ထပ်မေးလိုက်သည်။

“ဒါပေမဲ့ ကြားထဲက ပြဿနာတွေကို သတိထား မိကြလား ….”

“ဘာ ပြဿနာများလဲ ...” စန်ယီပင်းနှင့် အခြားလူများက ဆက်တိုက် မေးလိုက်တော့သည်။

မိုဝူကျီက အနောက်ဘက်မှ အခန်းကို ညွှန်ပြပြီးတော့ …

“ပထမဆုံး ကျင်းကုမူ ပြောထားတဲ့ ကျောက်စိမ်းပြားက အင်မော်တယ် အမွေအနှစ်တွေကို အသက် သွင်းနိုင်တယ် ဆိုပေမဲ့ အင်မော်တယ် အမွေအနှစ်တွေက မရှိတော့ဘူး။ တကယ်လို့ အင်မော်တယ် အမွေအနှစ်တွေကို အသက်မသွင်းရင် ဘယ်လိုလုပ် ပျောက်သွားမှာလဲ။ ဒုတိယ အချက်က ကျင်းကုမူက ကောင်းကင် ပင်လယ်ကနေ ထွက်ပြေးလာပြီး ဒီနေရာကို ရွေးချယ်ခဲ့တယ်။ သူ့စကားတွေအရ သူက ဒဏ်ရာ အပြင်းအထန် ရနေတယ် ဆိုတာ ပြောနိုင်တယ်။ အဲဒါဆိုရင် မြေပုံတွေကို ဘယ်သူက ပေးခဲ့တာလဲ … နောက်ပြဿနာ တစ်ခုက လူတွေက အင်မော်တယ် အမွေအနှစ်ကို ရှာနိုင်မှတော့ ဘာလို့ ကျင်းကုမူ နေတဲ့ အခန်းကို ဘယ်လိုလုပ် မရှာဘဲ နေပါ့မလဲ …”

သူက နောက်ဆုံး အချက်ကို ပြောလိုက်သည့် အခါ မိုဝူကျီ စိတ်ထဲတွင် စိုးရိမ်မိ သွားသည်။ အကြောင်းမှာ အင်မော်တယ် အမွေအနှစ်များကို ဒေါ်လေး ဆယ့်တစ်နှင့် မိုရှင်းထောင်တို့ ယူသွားခဲ့သည် ဆိုလျှင် သူတို့က ကျင်းကုမူ အခန်းကို ရှာမတွေ့သည်မှာ ဖြစ်နိုင်လေသည်။ နှစ်ယောက်လုံးက မကျင့်ကြံဖူးသည့် အတွက် ကျင့်ကြံသူ တံခါး တာအိုကို သတိပြုမိမည် မဟုတ်ချေ။ မည်သို့ပင် ဖြစ်နေပါစေ ကျောက်စိမ်းပြားက ရှိနေသေးသည့် အတွက် သူတို့ နှစ်ယောက်က အင်မော်တယ် အမွေအနှစ်ကို မည်သို့ ယူဆောင်သွား သနည်း။

***

All Chapters