စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ခြင်း
Vol. 17 Ch. 225
ပျောက်ကွယ် ဓားအလင်းများက သူမျှော်မှန်းထားသည်ထက် ဆယ်ဆမြန်ကာ လေကို ခွင်း၍ ရောက်ရှိလာလေသည်။ ဓားစွမ်းအားက သူ့မျက်ခုံးကြားကို ဖြတ်သွားလေ၏။ နဖူးသို့ ဓားအလင်း ထိုးဖောက် သွားသည်နှင့် ချက်ချင်း ပေါက်ကွဲကာ သူ့သက်စောင့် နန်းတော်ကိုပါ အပိုင်းပိုင်း စုတ်ပြဲ သွားလေသည်။ ထို့နောက် သူ့အသိစိတ် ပင်လယ်သို့ ဝင်ရောက်လာကာ ဖျက်ဆီးပစ်လိုက်သည်။
လူသားအဆင့်လွန် ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအား မည်သို့ ဖြစ်နိုင်မည်နည်း။ ထိုသည်က အနည်းဆုံး ယွမ်ဒန် အလယ်အလတ် အဆင့်သာ ဖြစ်ရမည်။ သို့သော်လည်း သူ့ရှေ့တွင် ရှိနေသော လူများတွင် ဉာဏ်များသော လူငယ်က လူသား အဆင့်လွန် အဆင့် (၁) ဟု ထင်ရသော်လည်း သူက အားအကောင်းဆုံး ဖြစ်နေလေသည်။ တခြားသူများ၏ ကျင့်ကြံဆင့်မှာ သူ့ထက် မြင့်ကြသော်လည်း သူတို့ တိုက်ခိုက်မှုများက လူငယ်နှင့် မယှဉ်နိုင်ပေ။
“ဖူး”
ဓားစွမ်းအားက အနက်ဝတ် အမျိုးသား နောက်စေ့မှ ပြန်ထွက်လာကာ သွေးများပင် ပန်းထွက် လာလေ၏။
“မင်း”
အနက်ဝတ် အမျိုးသားက မိုဝူကျီကို လက်ညိုးထိုးရင်း ကျိန်ဆဲလိုက်တော့သည်။ သူသည် မိုဝူကျီဆီမှ နှစ်ကြိမ် လှည့်စား ခံထားရပြီး သုံးကြိမ်မြောက် မရှိစေရန် ကျိန်ဆို ထားမိလေသည်။ သူက မိုဝူကျီ၏ တတိယ အကြိမ်မြောက် လှည့်ဖျားမှုတွင် သေဆုံး သွားလိမ့်မည်ဟု တစ်ခါမှ ထင်မထားဖူးပေ။
ဘယ်လို လူသားအဆင့်လွန် အဆင့် (၁) မျိုးလဲ ….
ထိုသည်က ယွမ်ဒန် အလယ်အလတ် အဆင့်နှင့်ပင် ယှဉ်နိုင်လေသည်။ သို့သော် သူ့ခန္ဓာတွင် ဝိညာဉ်စွမ်းအား အငွေ့အသက်များ ရှိမနေသောကြောင့် လူသား အဆင့်လွန် အဆင့် (၁) နှင့်ပင် မတူချေ။
သေမင်းနှင့် ရင်ဆိုင် တွေ့နေရသည့်သူက သူတို့ စွမ်းရည်များကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ် ထားသည့်သူ ရှိနိုင်ပါ့မလား …။
ဝိညာဉ် ပူးကပ်မှု ပြီးဆုံးသွားပါက သူ့အတွက် ထိုလူများကို အလွယ်တကူ ဖယ်ရှား ပစ်နိုင် လိမ့်မည်ကို သိ၏။ သို့သော် ဤသို့သော အခြေအနေမျိုး အောက်တွင် လူငယ်က သူ့အစစ်အမှန် စွမ်းအားကို နောက်ဆုံး ဓားအလင်း တိုက်ကွက် အတွက် ဖုံးကွယ် ထားလေသည်။
“ဖူး …”
အနက်ဝတ် အမျိုးသားက သွေးတစ်ပွက် အန်လိုက်လေသည်။ သူ့မျက်လုံးတွင် ခံပြင်းမှုများ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။
ဘယ်လို ခံပြင်းမှုများလဲ …
သူက ယခု လှည့်စားမခံရလျှင်ပင် နောက်တစ်ကြိမ် ထပ်လှည့်စား ခံရဦးမည် ဖြစ်သည်။ ထိုလူငယ်က ဉာဏ်များလွန်းလှသည်။ ထိုလူလည်က ဖုံးကွယ် အစီအရင်သည် သေချာပေါက် သူကို အလုပ်ဖြစ်မည် မဟုတ်ကြောင်း သိလိမ့်မည်။ သို့သော် သူ့ရှေ့တွင် ထိုအစီအရင်ကို အသုံးပြုဖို့ ကြိုးစား ရဲသေးသည်။ ယခုအချိန်က သူ့ကို ရှင်းပစ်ဖို့ အကောင်းဆုံး အချိန်ဆိုတာ မည်သို့ မသိဘဲ နေမည်နည်း။ သူက အရမ်း ပေါ့ပေါ့တန်တန် နေခဲ့မိလေခြင်း ဟုသာ နောင်တ ရနိုင်တော့သည်။
“ဘမ်း ဘမ်း …”
နေက်ထပ် လျှပ်စီးများက ကျရောက် လာပြန်သည်။ ထိုလျှပ်စီး အလုံးများက ယခင်ထက် အဆများစွာ အားပြင်း နေသည်လား။ အနက်ဝတ် အမျိုးသား၏ အသက် ရှင်နိုင်ခွင့်ကို မိုဝူကျီက ဖျက်ဆီး လိုက်သည်မှာ ကြာလှလေပြီ။ ယခု ထိုလျှပ်စီး အလုံးများက အနက်ဝတ် အမျိုးသား ဦးနှောက်ကို ပွင့်ထွက် သွားစေကာ သေခြင်း တရားဆီ အရောက် ပို့ဆောင် လိုက်တော့သည်။
ဖူချန်းနှင့် ကျန်လူများသည် မိုဝူကျီက အနက်ဝတ် အမျိုးသားကို သတ်နိုင်လိုက်သည်ကို မြင်၍ အလွန်အမင်း အံ့ဩတကြီး ဖြစ်သွားလေသည်။ စန်ယီပင်းက နဖူးမှ ချွေးစေးများကို သုတ်ရင်း
“စီနီယာ ခေါင်းဆောင် အစ်ကိုကြီးကြောင့်သာ မဟုတ်ရင် ကျွန်မတို့တွေတော့ သေချာပေါက် သေတော့မှာပဲ။ စီနီယာက စစ်မှန်ခြင်း နတ်ဘုရားအဆင့်က လူကိုတောင် သတ်နိုင်ခဲ့တယ်။ တကယ့်ကို အံ့ဩစရာပဲ”
မိုဝူကျီက ကုသဆေးလုံး တချို့ ထုတ်ကာ ပါးစပ်ထဲ ထည့်လိုက်လေသည်။ အစပိုင်းတွင် သူက စွမ်းအားများကို ဖုံးကွယ်ထားပြီး နောက်ဆုံး အခိုက်အတန့်မှ ပျောက်ကွယ် ဓားတိုက်ကွက် အတွက် အသက်ကယ် ယွမ်ဆေးလုံးကို သောက်သုံး၍ သူ့စွမ်းအားများကို တိုးပွား လာစေလိုက်သည်။ သူ စိုးရိမ်မိသည်က အနက်ဝတ် အမျိုးသား၏ နဖူးကား အလွန်အမင်း မာကျောနေမည်ကို ဖြစ်၏။ အကယ်၍ သူ့ပျောက်ကွယ် ဓားက သူ့နဖူးကို မထိုးဖောက်နိုင်ပါက သူက ကျန်သည့် သူများကို ခေါ်ပြီး ချက်ချင်း ထွက်ပြေးလိမ့်မည်။
ကံကောင်းလှစွာ အနက်ဝတ် အမျိုးသား ခန္ဓာကိုယ်က သူ့ပျောက်ကွယ်ဓား မထိုးဖောက်နိုင်သည့် အထိ မလေ့ကျင့်ထားပေ။ အမှန်အတိုင်း ဆိုရလျှင် အပိုပညာရပ် တစ်ခုကား အမှန်ပင် အသုံး ဝင်လှပေသည်။ သူ့တွင် လေ့ကျင့်စရာ ပညာရပ် မရှိသဖြင့် သူက ဓားအမွေအနှစ် ပညာရပ်ကို သင်ယူထားခြင်း ဖြစ်သည်။ ယနေ့တွင် ဤပျောက်ကွယ် ဓားက အမှန်အကန် အသုံးဝင်မှုကို ပြသ နေလေသည်။
“မသွားနဲ့ဦး”
ဖူချန်း ရှေ့ထွက် လာသည်ကို မြင်၍ မိုဝူကျီက အလောတကြီး တားလိုက်ရသည်။
“အခုလေးတင် အနက်ဝတ် အမျိုးသားကို သတ်နိုင်ခဲ့ပေမဲ့ ငါ့လှည့်စားမှုကြောင့်တော့ မဟုတ်ဘူး။ ကောင်းကင်ဂိုဏ်းချုပ် ကျင်းကုမူက သူ့ကို ပူးကပ်ဖို့ ကြိုးစားလိုက်လို့ပဲ … အခု အနက်ဝတ် အမျိုးသားက အသတ်ခံလိုက်ရလို့ သူ့ဝိညာဉ်က ပျောက်ကွယ်သွားပြီ။ ဒါပေမဲ့ ကျင်းကူမူ အတွက် သူ့အစွမ်းက အနက်ဝတ် အမျိုးသားထက် ပိုသာတယ် ဆိုတော့ သူက ဝိညာဉ်ကို နှစ်အတော်ကြာ စုစည်းထားလို့ ပျောက်သွားမှာ မဟုတ်သေးဘူး”
မိုဝူကျီက ပြောရင်း အစီအရင် အလံဆယ်တိုင်ကို ပစ်လွှတ်လိုက်လေသည်။ အချိန်တို အတွင်း သူက အနက်ဝတ် အမျိုးသား အလောင်း ဝန်းကျင်တွင် ဝိညာဉ် ပိတ်လှောင်ရေး အစီအရင်ကို အသက် သွင်းပြီး သွားလေပြီ။
“ဒီဂိုဏ်းချုပ်က အပြင် မရောက်တာ အတော်ကြာပြီ ဆိုတော့ အခု လူငယ်တွေက ဒီလောက်တောင် အားကောင်း နေပြီလား”
မှိန်ပျပျ အရိပ်တစ်ခုက အနက်ဝတ် အမျိုးသား ခန္ဓာမှ ထွက်ပေါ်လာလေသည်။ မိုဝူကျီက စိတ်ထဲတွင် ငြီးငြူ လိုက်လေသည်။ ဤကျင်းကုမူက အမှန်တကယ် မသေသေးပေ။ သို့သော်လည်း ဤလူ၏ ဝိညာဉ်မှာ အတော်လေး အားနည်းနေ၍ အနက်ဝတ် အမျိုးသားကြောင့် ဒဏ်ရာ အပြင်းအထန် ရသွားသည်က သိသာ လှသည်။
“ဂိုဏ်းချုပ်ကျင်းကို ကျုပ် ကယ်လိုက်တာနော်။ တကယ်လို့ ကျုပ်သာ အနက်ဝတ် အမျိုးသားကို မတိုက်ရင် ခင်ဗျားရဲ့ ပူးကပ်မှုက သေချာပေါက် ကျရှုံးမှာပဲ။ ပြီးတော့ အနက်ဝတ် အမျိုးသား သတ်တာလည်း ခံရနိုင်သေးတယ်”
မိုဝူကျီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ အရိပ်က ခဏတာ တိတ်ဆိတ် သွားပြီးမှ ပြောလိုက်လေသည်။
“မင်းလှည့်ကွက်ကြောင့် သူ့ကို ပူးကပ်လို့ မရတာက အရင်လေ။ ပြီးတော့ ဒီလို ကယ်တာမျိုးက မှတ်မထား သင့်ဘူး။ မင်းလိုချင်တာ ရပြီးသွားရင် ထွက်သွား ကြပါတော့။ ဒီလူအိုကြီးက အေးအေးဆေးဆေး ပြန်ကျင့်ကြံ တော့မယ်”
“ဒါပေါ့ ကျုပ်ထွက်သွားမှာပါ။ ဒါပေမဲ့ အခြေအနေ တချို့တော့ ရှိတယ်။ ပထမက ကျုပ်က အနက်ဝတ် အမျိုးသားကို သတ်လိုက်တာ ဆိုတော့ သူ့သိုလှောင် လက်စွပ်ကို ကျုပ်ယူမယ်။ ပြီးတော့ ဂိုဏ်းချုပ်ကျင်း ပစ္စည်းတွေ အတွက်တော့ ခင်ဗျားကို သတ်ပြီးတော့ ယူနိုင်ပေမဲ့ မယူတော့ဘူး။ ဒုတိယ တစ်ခုက ဂိုဏ်းချုပ်ကျင်း အတွက် မေးခွန်း တချို့ရှိတယ်”
မိုဝူကျီက ရှင်းရှင်းလင်းလင်း ပြတ်သွားစွာ ပြောလိုက်သည်။ ကျင်းကုမူ အသံက လေးနက်လာကာ
“မင်းက ငါ့ကို ခြိမ်းခြောက် နေတာလား”
မိုဝူကျီ အသံတွင် အကြောက်တရား စိုးစဉ်းမျှ မပါဝင်နေပေ။
“အဲဒီလို ပြောရင်လည်း ရပါတယ်”
အစကတည်းမှ ကျင်းကုမူသည် ဤနေရာရှိ ကျင့်ကြံသူထဲ အနက် တစ်ယောက်ကို ပူးကပ်ဖို့ရာ ကြံရွယ် ထားလေသည်။ အကယ်၍ သူသာ ထိုအခွင့်အရေးကို မဆုပ်ကိုင်မိပါက သူ့ခန္ဓာကိုယ်သည် ကျင်းကုမူ အပိုင် ဖြစ်နေလောက်လေပြီ။ ထိုသို့လူစားမျိုး အတွက် မိုဝူကျီက စေတနာ ရှိနေမည် မဟုတ်ပေ။
“မေး”
ကျင်းကုမူ အသံက အေးစက် လာလေသည်။
“ပထမက အင်မော်တယ် အမွေအနှစ် ခြောက်ခုက ဘယ်ရောက်သွားတာလဲ။ ပြီးတော့ အင်မော်တယ် ကျောက်စိမ်းပြားက ဘာလို့ ဒီမှာ ကျန်နေတာလဲ။ ဒုတိယတစ်ခုက ကျန်းမိုနယ်မြေက ဘယ်လို နေရာမျိုးလဲ။ တတိယတစ်ခုက ကျုပ်တို့ ရထားတဲ့ မြေပုံကို ဘယ်သူဖြန့်လိုက်တာလဲ…”
မိုဝူကျီက တစ်ခါတည်းဖြင့် မေးခွန်းသုံးခု ဆက်တိုက် မေးလိုက်လေသည်။ ကျင်းကူမူ အသံတွင် မလိုလားမှုများ ထင်ဟပ်နေရင်း ပြောလိုက်သည်။
“အင်မော်တယ် အမွေအနှစ်တွေကို ငါ ယူလာခဲ့တာ။ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမဲ့ အင်မော်တယ် အမွေအနှစ်တွေကို ဖွင့်လို့ မရခဲ့ဘူး။ မင်းတို့လည်း အဲဒါက ဘယ်လောက် ခက်ခဲမယ် ဆိုတာ သိမှာပါ။ ငါ့သွေးချွေးတွေ ရင်းပြီး ကြိုးစာခဲ့ပေမဲ့ သူတို့က ငါ့ကို ပိုင်ရှင်အဖြစ် အသိမှတ် မပြုကြဘူး။ ငါ့ကျောက်စိမ်းပြားမှာ ငါ့စိတ်စွမ်းအား ပါဝင်နေတာ ဆိုတော့ တစ်ယောက်ယောက်က အင်မော်တယ် အမွေအနှစ်တွေ ရှာဖို့ ရောက်လာခဲ့ရင် သူက ငါ့ကျောက်စိမ်းပြား ယူကို ယူလိမ့်မယ်။ အဲဒါဆိုရင် သူ့ကို ပူးကပ်ဖို့ အခွင့်အရေး ရပြီ”
သူက ပြောရင်း သက်ပြင်းချလိုက်ကာ ...
“အင်မော်တယ် အမွေအနှစ်တွေက ဘက်လိုက်လိမ့်မယ်လို့ ထင်မထားဘူး။ ငါ နည်းမျိုးစုံနဲ့ ကြိုးစားတုန်းက မပွင့်ဘဲနဲ့ ဒီကို ရောက်လာတဲ့ လူကိုကျ ပိုင်ရှင်အဖြစ် အသိမှတ် ပြုလိုက်တယ်။ အဲဒီနောက် သူ့နောက်ပါသွားရော … အဲဒီ တစ်ယောက်က ငါ့အခန်းကိုတောင် ရောက်မလာဘူး”
သူ ရှိနေသည့် အခန်းကို မတွေ့သွားသည့် အတွက် ပူးကပ်ဖို့ရန် သူ့ပြင်ဆင် ချက်များက အသုံးမဝင် ဖြစ်သွားလေသည်။
“တစ်ယောက်လား၊ နှစ်ယောက်လား”
မိုဝူကျီက ကျင်းကုမူ စကားလုံးများကို ဝင်ဖြတ် ပြောလိုက်သည်။
ကျင်းကုမူအသံမှာ တည်ငြိမ်လာပြီး …
“ငါက အပြင်ကိုမှ မထွက်တာ။ အင်မော်တယ် အမွေအနှစ်က သခင်အဖြစ် အသိမှတ်ပြုပြီး ထွက်သွားတာပဲ သိလိုက်တာ။ လူအရေအတွက်ကို ငါ ဘယ်လိုလုပ် သိမှာလဲ … ကျန်းမိုနယ်မြေ ဆိုတာကျ ပျောက်ဆုံး နယ်မြေကနေ ပင်လယ်ခြားနေတဲ့ ကျင့်ကြံသူ နယ်မြေတစ်ခုပဲ။ ကောင်းကင် ပင်လယ်ကို ရွက်လွှင့်သွားရင် ကျန်းမိုနယ်မြေကို တွေ့လိမ့်မယ်။ ပြီးတော့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဖြတ်သွားရင်လည်း ကျန်းမိုနယ်မြေကို ရောက်သွားလိမ့်မယ်။ နောက်ဆုံး မေးခွန်း အတွက်က မြေပုံတွေကို ဖြန့်ခဲ့တာ ငါပဲ”
မိုဝူကျီက ကျင်းကုမူ စကားများကို သံသယ မရှိပေ။၊ ကမ္ဘာမြေသည် လုံးဝန်းသော ဂြိုလ်တစ်လုံး ဖြစ်သည့်အတွက် ဒြပ်ငါးမျိုး ကင်းမဲ့နယ်နှင့် ကောင်းကင် ပင်လယ်တို့သည် တည်နေရာ မတူသော်လည်း ကျန်းမိုနယ်မြေကို သွားဖို့ရန် ဤနေရာ နှစ်ခုကို ဖြတ်သွားခြင်းက ဖြစ်နိုင်လေသည်။ မိုဝူကျီ စိုးရိမ်သည့် ကိစ္စတစ်ခုက ဒေါ်လေးဆယ့်တစ်နှင့် မိုရှင်းထောင်တို့ ဖြစ်လေသည်။ သူတို့က အင်မော်တယ် အမွေအနှစ်များမှ အသိမှတ်ပြုခံလိုက်ရသည့်သူများလားပင် မသေချာသေးပေ။
“မင်းကို အနက်ဝတ် အမျိုးသားနဲ့ ငါ့လက်စွပ်ကို မင်းဆီ ပေးနိုင်တယ်။ ပြီးတော့ ငါ့အောက်က ဝိညာဉ်သွေးကြောကိုလည်း ယူသွားနိုင်တယ်။ ငါ့လက်စွပ်ထဲက ရတနာတွေက မင်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး”
ကျင်းကုမူက ရုတ်တရက် ထပြောလိုက်လေသည်။
မိုဝူကျီက သံသယရှိရှိ ကျင်းကုမူကို ကြည့်ကာ …
“ခင်ဗျားက အဲဒီလောက်တောင် စေတနာ ကောင်းတယ်လား”
ကျင်းကုမူ လုပ်ခဲ့သည့် အရာများကို ပြန်ကြည့်ပါက သူသည် မဖြောင့်မတ်သည့် သူမှန်း သိသာလှသည်။ သူသည် ထိုပစ္စည်းများကို ပေါပေါသီသီ ပေးကမ်းမည့် လူစားမျိုး မဟုတ်ပေ။
“ဒါပေါ့ အခြေအနေ တချို့တော့ ရှိတာပေါ့။ မင်းတို့ ထွက်သွားတဲ့ အခါ ငါ့ကို ဒီနေရာမှာ ပိတ်လှောင်ပေးခဲ့ရမယ်။ တခြားသူတွေ ငါ့ကို ရှာမတွေ့စေပါနဲ့။ ငါ့ဝိညာဉ် လုံးဝ မပျောက်ကွယ် သွားခင်အထိ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေချင်တယ်။ ငါ ဒီကျင့်ကြံခြင်း လမ်းကြောင်းပေါ် ရောက်လာ ကတည်းက အရင်းအမြစ်တွေ ရပြီးတော့ ကျင့်ကြံနိုင်ဖို့ အများကြီး အားထုတ်ခဲ့ရတယ်။ ငါ အမှန်တကယ်ကို ပင်ပန်းနေပြီ …”
ကျင်းကုမူက သက်ပြင်းချကာ ပြောလိုက်လေသည်။
စန်ယီပင်းနှင့် ကျောင်းယန်တို့ အပေါ်တွင် ကျင်းကုမူ စကားက သက်ရောက်မှု ရှိလေသည်။ သူတို့က ခေါင်းငုံ့ထားကာ နောက်ထပ် နှစ်များစွာ ကြာသည့်အခါ သူတို့လည်း “ငါလည်း အမှန်တကယ် ပင်ပန်းနေပြီ” ဟု ပြောနေမလား ...
မိုဝူကျီက စကားတစ်ခွန်းမျှ မပြောဘဲ စိတ်စွမ်းအားဖြင့် ဝိညာဉ်သွေးကြောကို စစ်ဆေး ကြည့်လိုက်သည်။ ခဏ အကြာတွင် သူက ရုတ်တရက် ပြောလိုက်သည်။
“ကောင်းပြီလေ ... ကျုပ်သဘော တူပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ဝိညာဉ် သွေးကြောရော ၊ လက်စွပ်ရော မလိုချင်ဘူး။ ပြီးတော့ ခင်ဗျားက ကျုပ်တို့ထဲက တစ်ယောက်ကို ရွေးပြီးတော့ ပူးကပ်လို့ ရတယ်။ အိုဗျာ ဟုတ်သား နောက်တစ်ခုက အင်မော်တယ် အမွေအနှစ်အကြောင်း ကြားတဲ့အခါ ခင်ဗျားကို လာပြောပြဦးမှာ”
လူများက ကြောင်သွားကြလေသည်။ သူတို့က မိုဝူကျီကို အံ့ဩတကြီး ကြည့်မိလိုက်ကြလေ၏။ မိုဝူကျီက အဘယ်ကြောင့် ထိုသို့ စကားမျိုးကို ပြောနေသနည်း။ မိုဝူကျီက ပစ္စည်းများကို ငြင်းပယ်ရုံသာ မက သူက ကျင်းကုမူကို ပူးကပ်ခွင့်ပါ ပေးနေသေးသည်လား ... သူက အင်မော်တယ် အမွေအနှစ်တွေ အကြောင်းကိုပါ သတင်း ပို့ပေးဦးမည်ဟု ပြောသေးသည် ။
ဘာကြောင့်လဲ …
ကျင်းကုမူက မိုဝူကျီကို ပါးစပ် ဟောင်းလောင်းဖြင့် မယုံကြည်နိုင်စွာ ကြည့်ကာ ပြောလိုက်တော့သည်။
“ငါ့ကို လာနောက်နေတာလား”
မိုဝူကျီက အေးစက်စွာ ပြောလိုက်လေသည်။
“ခင်ဗျားက အရင် လာနောက်တာလေ”
သူသာ ထိုမျှ အယုံလွယ်ပါက သူ့အုတ်ဂူပေါ်မှ မြက်များပင် တော်တော် ရှည်နေလောက်လေပြီ။
“မင်းက သေချင်နေတာပဲ …”
ရုတ်တရက် ဆိုသလို ကျင်းကုမူက အလင်းတန်းများ ပစ်လွှတ်လိုက်သည့် အခါ ကောင်းကင်မှ ဓားနက်ကြီး ဆင်းသက်လာပြီး မိုဝူကျီနှင့် တခြားလူများကို ချိန်ရွယ်ထားသည့် ဓားမိုးစက်များ ဖြစ်ပေါ်လာလေသည်။
ထိုဓားနက်သည် သူ့၏ အဆုံးသတ်တိုက်ကွက် ဖြစ်လေ၏။ ထိုသည်က ဓားမိုးစုစည်းခြင်း အစီအရင် ဖြစ်လေသည်။ ထိုအစီအရင်က အနက်ဝတ် အမျိုးသားနှင့် ရင်ဆိုင်ဖို့ရာ မဖြစ်နိုင်သော်လည်း လူသားအဆင့် ကျင့်ကြံသူများကိုတော့ ကိုင်တွယ်ဖို့ရာ လုံလောက်သည်ထက် ပိုပေ၏။ မိုဝူကျီက အစီအရင်များကို နားလည်လျှင်ပင် ဘာအရေးပါမည်နည်း။ ဤဓားမိုးစုစည်းခြင်း အစီအရင်ကို ချိုးဖျက်ဖို့ရာ အစီအရင်ကို နားလည်ရုံသာမက ဓားမိုးများကို ခုခံဖို့လည်း လိုအပ်ပေသည်။ အကယ်၍ သူတို့က ဓားမိုးကို မခုခံနိုင်ပါက သေခြင်းတရားကို စောင့်နေခြင်းနှင့် အတူတူသာ ဖြစ်လေသည်။ သို့သော် သူက မိုဝူကျီကို မသတ်သေးပေ။ ထိုလူငယ်လေး၏ ခန္ဓာကိုယ်က သူ့အတွက် ပူးကပ်ဖို့ရာ သင့်တော်ပေ၏။
“အားလုံး မလှုပ်နဲ့ ... မင်းတို့ရဲ့ စွမ်းအားတွေကို ငါ့အပေါ် စုစည်းထားလိုက်ကြ …”
မိုဝူကျီက တွေဝေခြင်း မရှိ ပြောလိုက်လေသည်။
အာ … သူတို့စွမ်းအားတွေကို မိုဝူကျီ အပေါ် စုစည်း ထားရမည်လား ။ သူတို့က ကျင့်စဉ်တူ ကျင့်ကြံလျှင်ပင် မိုဝူကျီက သူတို့၏ စွမ်းအားများကို အသုံးပြုနိုင်မည် မဟုတ်ပေ။ ထိုစဉ် မိုဝူကျီက ဓားမိုးစက်များဆီ ရှုပ်ထွေးလှ၍ မရေတွက်နိုင်သော လက်ဟန်များ ပြုလုပ်နေလေသည်။ ဖူချန်းနှင့် တခြားသူများက စဉ်းစားတော့ရန် အချိန်မရတော့ဘဲ မိုဝူကျီ ပြောသည့် အတိုင်းသာ လုပ်ဆောင် လိုက်ကြသည်။
“ဘမ်း ဘမ်း”
ဓားမိုးက မိုဝူကျီဦးခေါင်း အထက်၌ ထီးသဏ္ဌာန် ဖြစ်တည်လာကာ မြေပေါ်သို့ သက်ဆင်း လာလေသည်။ ဓားမိုး ကျရောက်လာသည့် အခါ မရေတွက်နိုင်သော ပူဖောင်းများက ကောင်းကင်တခွင် ပြည့်နှက် သွားလေသည်။ ထိုဓားအရိပ်များက မည်မျှ အားကောင်းကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ အကယ်၍ တခြား တစ်ယောက် ဆိုပါက သူတို့သည် ဤဓားမိုး စုစည်းခြင်း အစီအရင်မှ လွတ်မြောက် နိုင်လိမ့်မည် မဟုတ်ပေ။ ဖူချန်းနှင့် တခြားလူများက တိတ်တဆိတ် ဝမ်းသာ သွားကြသည်။ သူတို့၏ စီနီယာ ခေါင်းဆောင် အစ်ကိုကြီးသည် သူတို့ကို နောက်တစ်ကြိမ် ကယ်တင်လိုက်ပြန်ပြီ။ မိုဝူကျီသာ မဟုတ်ပါက သူတို့သည် ထပ်ကာ ထပ်ကာ သေပြီးနေသည်မှာ ကြာလောက်လေပြီ။
“ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းရေး ပညာရပ်လား ... ဒါက လျှို့ဝှက် ကျင့်စဉ် တစ်ခုပဲ”
ကျင်းကုမူက အံ့ဩတကြီး ရေရွတ် လိုက်လေသည်။ သူ့တစ်ဘဝလုံးတွင် အမျိုးမျိုးသော ရတနာမျိုးကို စုစည်း ခဲ့သော်လည်း ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းရေး ကျင့်စဉ်ကိုတော့ လက်ဝယ် မရရှိဖူးပေ။ ထိုသည်က လျှို့ဝှက် ကျင့်စဉ် တစ်ခုဖြစ်ကာ အမှန်တကယ် အံ့ဖွယ် ကောင်းလှလေ၏။
***