← Chapters

အဆင့်တစ်

Vol. 17 Ch. 226

အဆင့်တစ်

Vol. 17 Ch. 226

မိုဝူကျီက ကျင်းကုမူကို အလွတ်မပေးဘဲ ပြောလိုက်သည်။

“အားလုံး ငါ့ကို စောင့်နေရင်း ငါလှည့်ပတ်ထားတဲ့ စွမ်းအားလမ်းကြောင်း အတိုင်း လိုက်လုပ်ကြ ...”

သူက ကျင်းကုမူ မပြောလျှင်ပင် ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း ပညာရပ်သည် လျှို့ဝှက်ကျင့်စဉ် ဖြစ်ကြောင်း သိ၏။

မိုဝူကျီ စကားအတိုင်း ဖူချန်းနှင့် ကျန်လူများက သူတို့ စွမ်းအားများကို မိုဝူကျီ၏ စွမ်းအား လှည့်ပတ်မှု အတိုင်း စတင် ပို့ဆောင်ကာ ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း ကျင့်စဉ်အတွက် ဖြည့်စွက်ပေး နေကြသည်။ ထိုအရာက မိုဝူကျီအပေါ်မှ ဖိအားများကို သိသိသာသာ သက်သာရာ ရသွားစေသည်။

“ဘမ်း ...” မိုဝူကျီက လက်နှစ်ဖက်ဖြင့် လျှပ်စီး မိုးများကို ထုတ်လွှင့်လိုက်ရင်း ကျင်းကုမူဆီ ချိန်ရွယ် လိုက်တော့သည်။

ထိုစဉ် အခန်းကို နှစ်ပိုင်းခြား ထားနိုင်လေသည်။ တစ်ဖက်တွင် ဓားနက်မိုးများ ပြည့်နှက်နေကာ တစ်ဖက်၌ အပြာရောင် လျှပ်စီးများဖြင့် ပြည့်နေလေ၏။

“ရပ်လိုက် ...” ကျင်းကုမူ၏ ကျန်ရှိနေသော ဝိညာဉ်အပိုင်းက ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေသည်။ အကြောင်းမှာ အကယ်၍ ထိုသို့ ဆက်ဖြစ်နေပါက သူက ပြန်လည် မွေးဖွားဖို့ မျှော်လင့်ချက်ပင် မရှိဘဲ ပြာအဖြစ် လောင်ကျွမ်း သွားလိမ့်မည်။

မိုဝူကျီက သူ့လျှပ်စီး မိုးများကို ပို၍ ကြမ်းတမ်းစွာ ကျရောက် စေလိုက်သည်။ တိုက်ပွဲအတွင်း သူက မလိုအပ် သည်များကို ဘယ်သော အခါမှ မပြောပေ။ ပြောစရာများ သို့မဟုတ် ဆွေးနွေးစရာ များသည် တစ်ဖက် ရန်သူကို ဖယ်ရှားပြီးမှ လုပ်ဆောင် နိုင်လေသည်။

“ဝှီး ...” ကျင်းကုမူ၏ ဝိညာဉ် တဖြည်းဖြည်းချင်း ပျောက်ဆုံး သွားသည်နှင့် ခုတင်အောက်မှ ဝိညာဉ် သွေးကြောမှ ရွှေရောင် အလင်းများ ပေါက်ကွဲ လာလေသည်။

သူတို့ ငါးယောက်လုံးကို ပိတ်လှောင်ထားသော ဓားမိုး စုစည်းခြင်း အစီအရင်သည် ပျောက်ကွယ် သွားသဖြင့် မိုဝူကျီ မျက်နှာ ပျက်သွားမိသည်။ ထိုသည်က အကြောင်းအရင်း နှစ်ချက်ကြောင့် ဖြစ်နိုင်လေသည်။ ပထမ တစ်ချက်မှာ အဆင့်မြင့် ကျင့်ကြံသူနှင့် တိုက်ခိုက်သည့် အကျိုးဆက်လည်း ဖြစ်နိုင်သလို ကျင်းကုမူ ထွက်ပြေး သွားခြင်းလည်း ဖြစ်နိုင်လေသည်။

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး ကျွန်မတို့တွေ ဝိညာဉ်ကို သတ်နိုင် လိုက်ပြီလား ...” ကျောင်းယန်က အခန်း တိတ်ဆိတ် သွားမှုကို သတိပြုမိ၍ မေးကြည့်လိုက်သည်။

မိုဝူကျီက ခေါင်းခါပြ လိုက်ပြီး …

“မဟုတ်ဘူး။ ဒီလူက အသာလွန်ဆုံး အဆင့် လွတ်မြောက်ရေး ရတနာကို သုံးပြီး သူ့ကို မသတ်ခင်လေးမှာ ထွက်ပြေးသွားတာ ... သူက အသက် မျှင်းမျှင်းလေးပဲ ကျန်တော့မှာ ဆိုတော့ ဆက်ကျင့်ကြံ ချင်သေးတယ် ဆိုရင် ကောင်းကင် ခွင့်ပြုချက် တောင်းခံရဲမှာ မဟုတ်ဘူး ... “

“ကံကောင်းတာက သူက ဒီပစ္စည်းတွေ ယူသွားဖို့ အချိန် မရသွားတာပဲ ...” မိုဝူကျီက လျှောက်လှမ်းလာပြီး သိုလှောင်လက်စွပ် နှစ်ကွင်းကို ကောက်ယူလိုက်သည်။ တျန်းဂျီဂိုဏ်းမှ ရလာသော ပစ္စည်းများသည် အကြိမ်တိုင်း ကောင်းလာသည့် အတွက် သူတို့သည် ဂိုဏ်းကို ပြန်လည် ထူထောင်ရေးနှင့် နီးကပ် လာလေပြီ။

“ဟူး ... ကျွန်မတို့တွေ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ လက်အောက်က အသက် ရှင်နိုင်ရုံတင် မကဘူး။ သူ့ကို သတ်လည်း သတ်နိုင်ခဲ့တယ်၊ ဒီအကြောင်းတွေသာ ပြန့်သွားရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး ...” စန်ယီပင်းက ဆက်ပြောလိုက်သည်။

သူမ စကား အဆုံးတွင် သူမက တစ်ခုခု တွေးမိဟန်ဖြင့် ပြောလိုက်လေသည်။

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး ... ဘွားဘွားလင်းလောင် နောက်ကို လိုက်နေတဲ့ အနက်ဝတ် အမျိုးသားက နယ်ခြား ကျင့်ကြံသူလား။ တကယ်လို့ သူသာ နယ်ခြား ကျင့်ကြံသူ ဆိုရင် အမှတ်တွေ အများကြီး ရတော့မှာပဲ ...”

မိုဝူကျီက သူ့ကျောက်စိမ်းပြားကို ထုတ်ကြည့် လိုက်သည့်အခါ နံပါတ်ကို မြင်၍ အံ့ဩတကြီး ဖြစ်မိသွားသည်။

နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၊ အမှတ်ပေါင်း ၁၁၂ ၀၇၆၊ အဆင့် (၁) ဟူ၍ ပြနေလေသည်။

နောက်တွင် မိုဝူကျီ အသုံးပြုထားသော အမှတ် ၁၀၀၀၀သာ ရှိသေးသော်လည်း ကျင့်ကြံသူ အဆင့်ဇယားတွင် ဝင်နေဆဲ ဖြစ်သည်။

“အိုဘုရားရေ ... အဆင့် တစ်တဲ့လား ...” စန်ယီပင်းက မိုဝူကျီ အမှတ်ကို မြင်သည့်အခါ အံ့ဩတကြီး အော်မိ သွားလေသည်။

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီးက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ အစစ်ပဲ ...” ဖူချန်းက ရုတ်တရက် သတိပြုမိ သွားပြီး အလွန်အမင်း ကျေနပ် သွားလေသည်။ သူက ယန်မြို့တော်ကို မရောက်ဖူး၍ နာမည်ကျော် တာ့ရှီရှုန်းက မည်သူမှန်း မသိပေမဲ့ ကျင့်ကြံသူ အများအပြား၏ စိတ်ထဲတွင် နတ်ဘုရား ကဲ့သို့ မှတ်ယူ ထားကြသော နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ အကြောင်းကိုတော့ ကြားဖူးလေ၏။

စီနီယာ ခေါင်းဆောင် အစ်ကိုကြီးက အမှန်တကယ်ပင် နတ်ဘုရား ကဲ့သို့လူ ဖြစ်ကြောင်း လူအနည်းငယ်ဖြင့် အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ပြီး တစ်ယောက်ကို အနိုင် ယူနိုင်ရာမှ ကြည့်၍ သိသာလှသည်။ သာမန်လူ တစ်ယောက်က မည်သို့ လုပ်ဆောင် နိုင်မည်နည်း။

ကျောင်းယန်သည်လည်း အံ့ဩတကြီး ဖြစ်နေကာ နာမည်ကျော် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က သူမဘေးတွင် ရှိနေပြီး သူတို့၏ စီနီယာ ခေါင်းဆောင် အစ်ကိုကြီး ဖြစ်လာ၍ ကျေနပ်ပီတိ ဖြစ်နေလေသည်။

မဟုတ်သေးဘူး ... နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၏ ကောလာဟလများက နောင်တွင် ပိုကြောက်မက်ဖွယ် ကောင်းလာလိမ့်မည်။ ဂိုဏ်းတစ်ရာ မဟာမိတ် အဆင့်ဇယားတွင် အမှတ်ပေါင်း ၁၀၀၀၀၀ကျော်နှင့် နံပါတ်တစ် ချိတ်ဆွဲနိုင်သည့် သူက မည်မျှပင် စွမ်းဆောင်နိုင် လိမ့်မည်နည်း။

မိုဝူကျီက သူ့ကိုယ်သူ ရေရွတ် လိုက်လေသည်

“အမှတ် ၁၀၀၀၀၀ ကျော်နေတဲ့ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ သတ်နိုင်ခဲ့တာ ကျုပ် ကံအတော်လေး ကောင်းနေတာပဲ။ ငါတို့တွေ ဒီအမှတ် ၁၀၀၀၀၀နဲ့ လဲလို့ရမဲ့ ပစ္စည်းတွေကို တွေးကြည့် လိုက်စမ်းပါဦး ...”

အမှတ် လဲလှယ်ရေး ခန်းမရှိ အပြင်ဘက်တွင် ချိတ်ဆွဲထားသော ဇယားတွင် နယ်ခြား ကျင့်ကြံသူ တစ်ယောက်ချင်းစီကို သတ်နိုင်သည့် အခါ ရရှိလာမည့် အမှတ်ကို ပြသ ထားလေသည်။ သို့သော်လည်း အမြင့်ဆုံးမှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်၉ထိ သာဖြစ်၏။

စစ်မှန်ခြင်း နတ်ဘုရား အဆင့်ကို သတ်ဖြတ်နိုင်လျှင် ရမည့် အမှတ်ကို မပြထား သော်လည်း မိုဝူကျီက တစ်‌ယောက် အတွက် အမှတ် ၁၀၀၀၀၀တန်ကြောင်း သိလိုက်သည်။

မိုဝူကျီက ကျောက်စိမ်းပြားကို သိမ်းထားကာ ပြောလိုက်သည်။

“ငါတို့တွေ ယန်မြို့တော်ကို ပြန်ရောက်တဲ့ အခါ ဒီအမှတ်တွေကို သွားလဲကြမယ်။ အခု အားလုံး ကျောက်စိမ်း ပုလင်းတွေ ထဲမှာ ဆေးတွေရှိ နေသေးလား ဆိုတာ တစ်ချက် ကြည့်ကြည့်လိုက်ဦး ...”

ဤအခန်းသည် မကျယ်ဝန်း လှသည့်အတွက် မိုဝူကျီ၏ လျှပ်စီးမိုးနှင့် ဂိုဏ်းချုပ်ကျင်း၏ ဓားမိုး စုစည်းခြင်း အစီအရင်တို့ကို ကြုံတွေ့ပြီး နောက်တွင် အစပိုင်း၌ သေချာ စီရီထားသော ပုလင်းများက မွစာကြဲ ကုန်လေသည်။ ကြမ်းပြင် ပေါ်တွင်လည်း ပုလင်းကွဲ အများအပြား ရှိနေလေသည်။

မိုဝူကျီ ညွှန်ကြားချက်ဖြင့် အားလုံးက ထိုပုလင်းများကို စုစည်းပြီး တစ်နေရာတည်း ထားလိုက်ကြသည်။

“မြေကမ္ဘာ ယွမ်ဆေးလုံး တစ်ပုလင်း တွေ့တယ် ...”

“အခြေအနေမှန် ဆေးလုံး...”

“ဒီမှာ အဆင့်ခြောက် ဝိညာဉ်ဟုန် ဆေးလုံး တွေ့တယ်...”

“အာ ... ဒီမှာ ရွှေအသွင် ဆေးတစ်ပုလင်း‌ တွေ့တယ် ...”

အားလုံးက ဖူချန်း စကားကြောင့် စိတ်လှုပ်ရှား သွားကြလေသည်။ ရွှေအသွင် ဆေးလုံးမှာ အဆင့်လေး ဆေးလုံးဖြစ်ကာ ဝိညာဉ်ဟုန် ဆေးလုံးလောက် တန်ဖိုး မကြီးသော်လည်း ဤနေရာတွင် ရှိနေသော လူအားလုံး အတွက် အဖိုးတန်ဆုံး ဖြစ်၏။

ရွှေအသွင် ဆေးလုံးမှာ လူသားနယ်ပယ် လူသား အဆင့်လွန် အဆင့်မှ မြေကမ္ဘာ နယ်ပယ် ယွမ်ဒန် အဆင့်သို့ တက်လှမ်းနိုင်သော ဆေးလုံး ဖြစ်သည်။ ထိုအရာက အဆင့်လေး ဆေးလုံး ဖြစ်သော်လည်း အသုံးပြုရသော ဆေးပင်များမှာ အင်မတန် ဈေးကြီးလှသည်။ ထိုဆေးပင်များကို လူသားတွေ စိုက်ပျိုးနိုင်သည့် အရာတော့ မဟုတ်ချေ။ ဈေးကြီး ပေးရသော ဆေးပင်များ သာမက ရွှေအသွင် ဆေးလုံးမှာ ဖော်စပ်ဖို့ ရာလည်း အလွန် ခက်ခဲလှသည်။ အဆင့်လေး ဆေးလုံးများ ကြားတွင် အခက်ခဲဆုံးများ အနက် တစ်ခု ဖြစ်လေ၏။

ရွှေအသွင် ဆေးလုံး ဖော်စပ်နိုင်သော ဆေးလုံး ဆရာများမှာ အဆင့်ငါး ဆေးလုံးဆရာ များသာ ဖြစ်ကြသည်။ အကြောင်းမှာ သာမန် အဆင့်လေး ဆေးလုံးဆရာများ အတွက် ဤဆေးလုံးကို ဖော်စပ်ဖို့ ကြိုးစား ရသည်မှာ အလွန်အမင်း ခက်ခဲပေ၍ ဖြစ်သည်။

မိုဝူကျီက မြန်မြန် သွားကြည့်လိုက်ပြီး ဖူချန်း လက်ထဲမှ ဆေးလုံးကို သေချာ စစ်ဆေးကြည့် လိုက်သည်။

“ဖူချန်း ပြောတာ မှန်တယ်။ ဒါက ရွှေအသွင် ဆေးလုံးပဲ ။ အားလုံးအခု ကိုယ့်ကျင့်ကြံ ဆင့်ကို ပြောကြ ...”

“ကျုပ်က လူသား အဆင့်လွန် အဆင့် (၇) ပါ ...” ဖူချန်းက အရင်ဦးစွာ ပြောလိုက်သည်။

“ကျွန်တော်က လူသား အဆင့်လွန် အဆင့် (၄) ...” နှဲ့ကျန်းနွန်က ပြောလိုက်သည်။

စန်ယီပင်းလည်း ပြောလိုက်သည်။

“ကျွန်မက အခုမှ လူသား အဆင့်လွန် အဆင့် (၁) ထဲမှာပါ ...”

“ကျွန်မက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် (၇) ...” ကျောင်းယန်က ထပ်ပြောလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြရင်း ပြောလိုက်လေသည်။

“ကျုပ်က လူသား အဆင့်လွန် အဆင့် (၁၂) ...”

လေးယောက်သား မိုဝူကျီကို ပါးစပ် ဟောင်းလောင်းဖြင့် အံ့ဩတကြီး ကြည့်ကာ …

လူသား အဆင့်လွန် အဆင့်(၁၂)လား ... လူသား အဆင့်လွန် အဆင့်ထဲမှာ အဆင့် (၁၂)ထိ ရှိတာလား ...

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး ပြောတာက လူသား အဆင့်လွန်ဆုံး အဆင့်ကို ပြောတာလား ...” စန်ယီပင်းက ခဏတာ တအံ့တဩ ဖြစ်နေပြီးနောက် မေးလိုက်သည်။

“ဟုတ်တယ်။ ကျုပ်က လူသား အဆင့်လွန်ဆုံး အဆင့်ထဲမှာပဲ ...” မိုဝူကျီက လူသား အဆင့်လွန်ဆုံး အဆင့် ဖြစ်ကြောင်း အတည်ပြုပေး လိုက်သည်။ အကြောင်းမှာ သူ့ခန္ဓာတွင် သူများ မမြင်နိုင်သော လူသား အဆင့်လွန်ဆုံးကို ကိုယ်စားပြုသည့် ဝိညာဉ်ကွင်း ရှိနေလေသည်။

ဖူချန်းနှင့် အခြား လူများက အသက်ဝအောင် ရှူလိုက်ကြပြီး …

‘လူသား အဆင့်လွန်ဆုံး တဲ့လား ..’

မိုဝူကျီ အားကောင်း နေသည်မှာ အံ့ဩစရာ မရှိတော့ပေ။ သူတို့သည် အင်ပါယာ ငါးခုထဲတွင် အဆင့် တစ်ခုချင်းစီတွင် အဆင့်သေး ဆယ်ခုကို ရောက်ခဲ့သော ကျင့်ကြံသူများ အကြောင်း ကြားဖူးသော်လည်း အလွန်ဆုံး နယ်ပယ်အထိ ရောက်နိုင်သူကို မကြားဖူးသေးပေ။ သူတို့က တျန်းဂျီ ဂိုဏ်းခေါင်းဆောင် ဖြစ်လာတော့မည့် သူတို့၏ စီနီယာ ခေါင်းဆောင် အစ်ကိုကြီးသည် လူသား အဆင့်လွန်ဆုံး ဖြစ်နေလိမ့်မည်ဟု မယုံကြည် နိုင်ကြပေ။

ဖူချန်းနှင့် ကျောင်းယန်တို့က နည်းနည်း အပြစ်ရှိစိတ် ခံစားမိ လိုက်ကြသည်။ အစပိုင်းတွင် သူတို့က မိုဝူကျီသည် သူတို့ထဲတွင် အနိမ့်ဆုံး ဖြစ်ရမည်ဟု ထင်နေမိ လေသည်။ ယခု ပျောက်ဆုံးနယ်မြေ တစ်ခုလုံးတွင်ပင် သူတို့၏ စီနီယာ ခေါင်းဆောင် အစ်ကိုကြီးကို လိုက်မီနိုင်သော သူ ရှိလာ လိမ့်မည်မှန်း မဟုတ်ကြောင်း သတိပြုမိ လိုက်ကြသည်။

စန်ယီပင်းက နောက်ထပ် တအံ့တဩ ထပ်မေးလိုက်သည်။

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး လူသား အဆင့်လွန်မှာ အဆင့် ဆယ်ဆင့်ပဲ ရှိတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် အဆင့် (၁၂) လဲ ...”

မိုဝူကျီက ခေါင်းခါပြ လိုက်ပြီး …

“ကျုပ်မှာ သင်ကြား လမ်းညွှန်ပေးမဲ့ ဆရာမရှိတော့ မိတ်ဆွေတွေဆီ မေးမြန်းရင်း ကိုယ့်ဘာသာ ဖြတ်သန်း ကျော်ဖြတ်ခဲ့ရတာ။ အဲဒါကြောင့် အဆင့်(၁၂)ထိ ရောက်နေတာပဲ ကျုပ်လည်း သေချာတော့ မသိဘူး ...”

အားလုံးလည်း မိုဝူကျီကဲ့သို့ သူအဘယ်ကြောင့် အဆင့်(၁၂)ထိ ရောက်သွားကြောင်း မသိကြပေ။

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီးမှာ အလားအလာ ကောင်းတွေ ရှိတာပဲ။ ကျွန်တော်တို့ တျန်းဂျီဂိုဏ်းရဲ့ အနာဂတ်တော့ စီနီယာ လက်အောက်မှာ ထွန်းတောက် နေတော့မှာ သေချာတယ် ...” နှဲ့ကျန်းနွန်က သူစိတ်မကူး ဖူးသည့်အရာ ဖြစ်လာသည့် အလား စိတ်လှုပ်ရှား ကြီးစွာ ပြောလိုက်လေသည်။ လူသား အဆင့်လွန်ဆုံး အဆင့်တွင် ရှိခြင်းက အဓိကအချက်မှာ အင်အား မဟုတ်ဘဲ သေချာသည့် အလားအလာ ဖြစ်၏။

စန်ယီပင်းက ထရပ်ကာ ပြောလိုက်သည်။

“ဒီသတင်းက ပြန့်လို့ မဖြစ်ဘူး။ မဟုတ်ရင် တျန်းဂျီဂိုဏ်းကို ပြန်လည် ထူထောင်ဖို့ ခက်ခဲလိမ်မ့ယ် ...”

အားလုံးက သဘောတူစွာ ခေါင်းညိတ် လိုက်ကြသည်။

မိုဝူကျီလည်း ထပ်ပြောလိုက်သည်။

“ယီပင်း ပြောတာမှန်တယ်။ ဂိုဏ်းတစ်ခုက အမွေအနှစ် ရှိရုံနဲတင် မရသေးဘူး။ အင်အား ကောင်းဖို့လည်း လိုတယ်။ အဲဒါကြောင့် အားလုံးကို ဒီအခွင့်အရေးကို အသုံးချပြီးတော့ ကိုယ်ပိုင် ကျင့်ကြံဆင့်ကို မြှင့်စေချင်တယ်။ အခြေအနေမှန် ဆေးလုံးက လူသား အဆင့်လွန် အဆင့် ကျင့်ကြံဖို့ အကောင်းဆုံးပဲ။ ပြီးတော့ ယွမ်ဒန် အဆင့်ကို တက်လှမ်း နိုင်စေမဲ့ ရွှေအသွင် ဆေးလုံးလည်း ရှိနေပြီ။ ကျုပ်က ဝိညာဉ် သွေးကြောက ဝိညာဉ် စွမ်းအားတွေကို စုစည်းပေးမယ်။ အားလုံးက နောက်နယ်ပယ် အဆင့်တစ်ခုကို မကြာခင် တက်လှမ်း နိုင်လိမ့်မယ်လို့ ယုံတယ် ...”

“ကောင်းပါပြီ ...” ဖူချန်းက ပထမဆုံး သဘောတူသည့်သူ ဖြစ်၏။ သူ့ ကျင့်ကြံဆင့်မှာ မိုဝူကျီ ပြီးလျှင် ဒုတိယ နေရာ ဖြစ်နေသော်လည်း သူက ဤနေရာအထိ ရောက်ရှိဖို့ရန် တစ်လှမ်းချင်း ကြိုးစား လာရခြင်း ဖြစ်သည်။ ပြောရလျှင် သူက ကျင့်ကြံဖို့ရာ အတွက် အခြေအနေ ကောင်းများကိုပင် မကြုံတွေ့ဖူးပေ။ တျန်းဂျီဂိုဏ်းကို ဝင်ဖို့ရန် ဆုံးဖြတ်ချက်သည် သူ့အတွက် အမှန်ကန်ဆုံး ဖြစ်လေသည်။

ကျောင်းယန်က နည်းနည်း စိတ်ဓာတ် ကျနေသည်ကို မြင်၍ မိုဝူကျီက သူမကို ကျောက်စိမ်းပုလင်း လှမ်းပေးကာ ပြောလိုက်သည်။

“ဒီဆေးလုံးတွေနဲ့ ဆိုရင် ယွမ်ဒန်အထိ ရောက်နိုင်လိမ့်မယ် ...”

“ဟုတ် ... စီနီယာ ခေါင်းဆောင် အစ်ကိုကြီးကို ကျေးဇူး တင်ပါတယ် ...” ကျောင်းယန်က မိုဝူကျီသည် သူမ ပြဿနာကို ဖြေရှင်းနိုင်ရန် အတွက် ဆေးပုလင်း လာပေးသည်ကို မြင်သောအခါ အတော်လေး ကျေနပ်မိ သွားလေသည်။

လေးယောက်သား ဆေးလုံးများကို အမြန်အဆန် ဝေခွဲလိုက်ပြီး အခန်းကို သန့်ရှင်းရေး လုပ်ကာ ကျင့်ကြံဖို့ရာ အတွက် ကိုယ်စီ နေရာ ရွေးချယ် လိုက်ကြသည်။

မိုဝူကျီက ဝိညာဉ် သွေးကြောနှင့် အပြင်ဘက်မှ ဝိညာဉ် စွမ်းအားများကို စုစည်းဖို့ရာ စွမ်းအား စုစည်းခြင်း အစီအရင်ကို အသက်သွင်း လိုက်လေသည်။ အချိန်တို အတွင်း အခန်း အလယ်တွင် အလွန် သိပ်သည်းလှသော ဝိညာဉ် စွမ်းအားများ လွှမ်းခြုံ လာလေသည်။

မိုဝူကျီလည်း ထိုင်ကာ ဝိညာဉ် စွမ်းအားများကို စုပ်ယူရင်း သူ့စွမ်းအားများကို လှည့်ပတ်လိုက်သည်။ အကယ်၍ သူ့တွင် ယွမ်ဒန် အဆင့်သို့ ချိုးဖျက်ဖို့ရာ အခွင့်အရေး ရှိပါက အကောင်းဆုံး ဖြစ်၏။

မိုဝူကျီက ဤခရီးမှ အတွေ့အကြုံများကို ပြန်လည် သုံးသပ်မိသည့် အခါ စွမ်းအားသည် အရာအားလုံး ဖြစ်ကြောင်း သတိထားမိ သွားလေသည်။

စုစည်းထားသည့် ဝိညာဉ် စွမ်းအားများသည် ငါးယောက်သား စုပ်ယူမှုကြောင့် ပါသွာလေသည်။ ထိုအထဲတွင် မိုဝူကျီ စုပ်ယူနှုန်းက ကြောက်ခမန်း လိလိ ဖြစ်၏။ ငါးယောက်လုံး အခန်းအတွင်းမှ ဝိညာဉ် စွမ်းအားများကို စုပ်ယူ နေသောကြောင့် အခန်းမှာ တိတ်ဆိတ် လာလေသည်။

ယန်မြို့တော် …

ကျင့်ကြံသူ အများအပြားက ဂိုဏ်းတစ်ရာ မဟာမိတ် အဆင့်ဇယား ရှေ့တွင် စုစည်းနေ ကြလေသည်။

အားလုံးက ပထမအကြိမ် နာမည်ပြောင်း သွားသည့် နံပါတ်တစ် နေရာကို ကြည့်နေ ကြလေ၏။ ထို့အပြင် နံပါတ်တစ် ရသူမှာ အားလုံးနှင့် မစိမ်းလှသောသူ ဖြစ်သော်လည်း နံပါတ်တစ် ဖြစ်လိမ့်မည် ဟုတော့ ထင်မထားကြပေ။

နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၊ အမှတ် ၁၁၂ ၀၇၆၊ အဆင့် (၁)

ယခင် နံပါတ်တစ် ဖြစ်ခဲ့သာ ကြီးမြတန်ရန် ကျူံးမှ ရှီယီရွမ်မှာ နံပါတ်နှစ် ဖြစ်သွားလေသည်။ အမှတ်ပေါင်းမှာ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၏ တစ်ဝက်လောက်သာ ရှိလေ၏။

တတိယ နေရာအတွက် ဖုန်းလော့ကျန့် ဖြစ်ကာ အမှတ်ပေါင်း ၅၀၀၀၀ ရှိလေသည်။

နယ်လှည့် ကျင့်ကြံသူသည် ကောင်းကင်ဖွေရှာ နန်းတော်နှင့် ကြီးမြတ်ရန်ကျုံးကို ဖိအား ဖြစ်စေ၏။ ပို၍ ဆိုးသည်က သူတစ်ယောက်တည်းနှင့် အဆင့်နှစ်နှင့် အဆင့်သုံး အမှတ်ပေါင်း ထက်ပင် ကျော်လွန်နေခြင်း ဖြစ်သည်။

***

All Chapters