လက်စွပ်အတွင်းမှ သင်္ဘော
Vol. 17 Ch. 227
“နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က အမှတ် ၁၂၀၇၆ ရှိတာ မှတ်မိ လိုက်သေးတယ်။ ဒါပေမဲ့ သူ့အမှတ်တွေက တစ်ခါတည်းနဲ့ သိန်းချီပြီးတော့ တက်သွားတာ ဆိုတော့ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကို တစ်ပြိုင်တည်း သတ်လိုက်တာလား ... ဒါက မဖြစ်နိုင်ဘူး ...”
“ဘာလို့ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ဖြစ်နေရမှာလဲ။ စစ်မှန်ခြင်း ရေအဆင့်က ကျင့်ကြံသူ မဖြစ်နိုင်ဘူးလား။ သူက စစ်မှန်ခြင်း ရေအဆင့် ကျင့်ကြံသူ ဆယ်ချီပြီးတော့ သတ်လိုက်တာ ဖြစ်နိုင်တာပဲ ဒါမှမဟုတ် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်လိုက်တာလား ...”
“ဟားဟား အဲဒါဆို ငါ့အတွက် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်ပြစမ်းပါ။ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူကို သတ်လိုက်တာ အတွက် အမှတ် ဇယားမှာ ဘာလို့ မပြထားတာလဲ သိလား။ သူတို့ကို မသတ်နိုင်လို့ကွ ...”
“ကျုပ်တော့ သူက စစ်မှန်ခြင်း နတ်ဘုရား အဆင့်ကို သတ်နိုင်ခဲ့တယ် ထင်တယ် ...” အသံတစ်သံ ထွက်ပေါ်လာကာ လူအုပ်ကြီး၏ ဆူညံ ပွက်လောရိုက် ဆွေးနွေးမှုများကို ဝင်ဖြတ်ပြော လိုက်လေသည်။
ထိုအသံမှာ လေးနက်လွန်း လှသည့်အတွက် လူထု၏ အာရုံကို တန်းရ သွားလေသည်။
“ကြီးမြတ် ရန်ကျုံးဂိုဏ်းက စီနီယာရှီပဲ ...” တစ်ယောက်က မှတ်မိ သွားလေသည်။
“စီနီယာရှီကို နှုတ်ဆက်ပါတယ် ...” လူအုပ်ကြီးထဲမှ ကျင့်ကြံသူ အများအပြားက နှုတ်ဆက် လိုက်ကြသည်။
ရှီယီရွှမ်သည် အထင်ကရ လူတစ်ဦး ဖြစ်ပြီး ဂုဏ်သတင်းမှာ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ထက် ပိုကောင်းလေသည်။ အကြောင်းမှာ နယ်လှည့် ကျင့်ကြံသူက နယ်လှည့် ကျင့်ကြံသူ အဖြစ် ထိပ်တန်း ဆယ်ယောက်အထိ ဝင်နိုင်ခဲ့၍ သူ့ဂုဏ်သတင်းမှာ အားနည်းသူများ အတွက် အားတက်စရာ တစ်ခု ဖြစ်လာလေသည်။ သူတို့သာ အားစိုက်ထုတ် ပါက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ကဲ့သို့ အဆင့်ဇယားတွင် ဝင်နိုင်ကောင်း ဝင်နိုင်လိမ့်မည်။ သို့သော် ရှီယီရွမ်အတွက် သူသည် အဆင့် ဇယားတွင် အမြဲတမ်း နံပါတ်တစ် ဖြစ်ခဲ့ခြင်း ဖြစ်၏။
များပြားစွာသော ကျင့်ကြံသူတို့ အမြင်တွင် ထိုသည်က အစစ်အမှန် စွမ်းရည်ကို ပြသခြင်း ဖြစ်လေသည်။ နယ်လှည့် ကျင့်ကြံသူများနှင့် တိုက်ပွဲ အကြီးအကျယ် ဖြစ်တိုင်း တိုက်ပွဲအတွင်း ရှီယီရွှမ်၏ ပုံရိပ်က အဆင့်တူ ကျင့်ကြံသူများ ကြားတွင် ထင်းနေလေသည်။
ရှီယီရွှမ်က ခေါင်းညိတ်ပြ လိုက်ပြီး …
“အမှတ်ဇယားမှာ စစ်မှန်ခြင်း နတ်ဘုရား အဆင့် တစ်ယောက်ကို သတ်ရင် ရတဲ့အမှတ်ကို မဖော်ပြထား ပေမဲ့ ကျုပ်တော့ အမှတ် ၁၀၀၀၀၀ ကွက်တိ တိုးသွားမယ်လို့ သေချာတယ် ...”
နေရာရှိ လူအားလုံးက လေအေးများ မှုတ်ထုတ် လိုက်ကြလေသည်။ သူက စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူကို အမှန်တကယ် သတ်နိုင်ခဲ့ တာလား ...
စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူက တုံ့ပြန်ခြင်းမရှိ ရပ်နေသည် ဆိုလျှင်ပင် လူသားအဆင့် ကျင့်ကြံသူ တစ်ယောက်အတွက် သတ်ဖို့ရာ မဖြစ်နိုင်ပေ။
“နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က လူသား အဆင့်လွန် မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ် စစ်မှန်ခြင်း နတ်ဘုရား အဆင့်ကို သတ်နိုင်မှာလဲ။ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူက အိပ်နေတာ များလား ...”
“အရူး အိပ်နေတဲ့ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူကို ငါ့တို့ မြင်ဖူးအောင် သတ်ပြစမ်း ပါဦး ... ...”
“တာ့ရှီရှုန်း လုပ်နိုင်တာတွေက တကယ်ကို အံ့ဩဖို့ ကောင်းပေမဲ့ ကျုပ်တော့ အားလုံးက ပုံမှန်လို့ပဲ ထင်တယ်။ ကျုပ်က တာ့ရှီရှုန်းကို အမြဲတမ်း ထောက်ခံတယ်။ တာ့ရှီရှုန်း ကျင့်ကြံဆင့် တက်မလာဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ။ ဖြစ်နိုင်တာ သူက ယွမ်ဒန်အဆင့် ရောက်နေလောက်ပြီ ...”
“ယွမ်ဒန်အဆင့် ဆိုရင်တောင် ဒဏ်ရာ အပြင်းအထန် ရနေတဲ့ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူကို မသတ်နိုင်သေးဘူး ...”
“ဒါပေမဲ့ တာ့ရှီရှုန်း အမှတ်တွေက တိုးသွားတာကျ ဘယ်လို ရှင်းပြမလဲ ...”
***
အဆင့်ဇယား ရှေ့တွင် ရုတ်ရုတ်သဲသဲ ထပ်ဖြစ် လာပြန်သည်။ အမျိုးမျိုးသော ဆွေးနွေး ငြင်းခုံမှုများဖြင့် ဆူညံလျက် ရှိသည်။
“အားလုံး ...” ရှီယီရွမ် အသံက နောက်တစ်ကြိမ် ထွက်ပေါ် လာပြန်သည်။
“မိတ်ဆွေတို့ တကယ်လို့ အဲဒီ တာ့ရှီရှုန်းကို မြင်ရင် ကျုပ်ဆီက သတင်းတစ်ခု ပါးပေးကြပါ။ ကြီးမြတ် ရန်ကျုံးဂိုဏ်းရဲ့ ရှီယီရွမ်က ကြီးမြတ် ရန်ကျုံးဂိုဏ်းကို ဧည့်သည်တော် အနေနဲ့ ဖိတ်ကြား ပါတယ်လို့ တစ်ဆင့် ပြောပေးကြပါ ...”
“ဟားဟား ... ဂျူနီယာရှီက အမှန်တကယ် ဧည့်ဝတ်ကျေတာပဲ ...” ရွှင်လန်း တက်ကြွသည့် အသံတစ်သံ ထွက်ပေါ်လာ ပြန်သည်။
“ကြည့်ရတာ စီနီယာဖုန်းက ဒီနေ့ အားနေတယ် ထင်ပါ့ ...” ရှီယီရွှမ်က သူ့ဆီ ကျင့်ကြံသူ တစ်ယောက် ရောက်လာသည်ကို မြင်သည့်အခါ နှုတ်ဆက်လို က်လေသည်။
“အဲဒါ ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ စီနီယာ ဖုန်းလော့ကျန်းပဲ ...”
“စီနီယာဖုန်းကို နှုတ်ဆက်ပါတယ် ...”
လေထုက ပူပြင်း လာလေသည်။ အားလုံးက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ အကြောင်း ဆွေးနွေးကြစဉ် နံပါတ်တစ် နေရာကို အမြဲတမ်း လုနေကြသော ကြီးမြတ် ရန်ကျုံးဂိုဏ်းမှ ရှီယီရွမ်နှင့် ကောင်းကင်ဖွေရှာ နန်းတော်မှ ဖုန်းလော့ကျန်းတို့ ရောက်ရှိလာ၍ စည်ကား နေလေသည်။
ဖုန်းလော့ကျန်း အသံက ပို၍ ဆွဲဆောင်မှုရှိကာ သူက လူအုပ်ကြီးကို ပြန်၍ နှုတ်ဆက်ကာ …
“မိတ်ဆွေတို့ တကယ်လို့ တစ်ယောက်ယောက် ကများ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို တွေ့ခဲ့ရင် ကျုပ်တို့ ကောင်းကင်ဖွေရှာ နန်းတော်ကလည်း သူ့ကို နွေးထွေးစွာ ကြိုဆိုနေ ပါတယ်လို့ သတင်း ပါးပေးပါ ...”
ယန်မြို့တော် အင်မော်တယ် ကျောက်စိမ်းအိမ်တော် ဆယ်လွှာရှိ ပြတင်းပေါက် ဘေးတွင် ကျင့်ကြံသူ နှစ်ယောက်က ထိုင်ရင်း လူအုပ်ကြီးကို ကြည့်နေကြသည်။
“ဒီလူတော့ ကြာကြာ အသက် ရှင်နေလို့ မဖြစ်ဘူး။ ငါတို့တွေ သူ့ကို ဘယ်သူမှ မတွေ့ခင် အရင်ရှာပြီး သတ်ပစ်ရမယ်။ မဟုတ်ရင် ငါတို့ လိန်မျိုးနွယ်စုက ပျက်စီး သွားလိမ့်မယ် ...” ဖော်ရွှေဖွယ် မျက်နှာပေါက်နှင့် အရပ်ပုပု လူက အသံနိမ့်၍ ပြောလိုက်သည်။
သူနှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်က လူလတ် အမျိုးသမီး ဖြစ်ကာ သူမက ခေါင်းညိတ်ပြ လိုက်လေသည်။
“ဟုတ်တယ်။ အဲဒီလူက ကောင်းကင်ဖွေရှာ နန်းတော် ဒါမှမဟုတ် ကြီးမြတ်ရန်ကျုံး ဂိုဏ်းသားတွေရဲ့ တိုက်ရိုက်တပည့် ဖြစ်သွားရင် ကျွန်မတို့ လိန်မျိုးနွယ်စုကို အလွတ်ပေးမှာ မဟုတ်ဘူး ...”
အရပ်ပုပု အမျိုးသားက ထရပ်ကာ …
“အဲဒါဆို နေရာတိုင်း ရှာကြည့်ရအောင်။ သူက အမှတ်တွေ အများကြီး ရထားတာ ဆိုတော့ အခုတလော နယ်ခြား ကျင့်ကြံသူတွေနဲ့ တိုက်ပွဲ ဖြစ်ထားတာလို့ ပြောနေတာပဲ။ အဲဒီလူက ရုပ်ပြောင်းရုပ်လွဲ လုပ်နိုင်တယ် ဆိုတော့ ပိုဂရုစိုက် ရမယ် ...”
အမျိုးသမီးက မတ်တတ် ရပ်ရင်း ထောက်ခံစွာ ခေါင်းညိတ်ပြ လိုက်သည်။
ပင်လယ်အောက်ရှိ ကျွန်းတွင် တစ်လတာ ကျင့်ကြံပြီးနောက် မိုဝူကျီက ရပ်တန့် လိုက်တော့သည်။ သူက ရွှေအသွင် ဆေးလုံး တချို့ကို မျိုချလိုက်ပြီး အဆင့် တက်လှမ်းဖို့ရာ စွမ်းအား စုပ်ယူနှုန်းကို တိုးမြင့် လိုက်လေသည်။ သို့သော်လည်း လူသား အဆင့်လွန် အဆင့် ၁၂တွင် တိုးတက်မှုကား အလွန် နှေးကွေးလှ၍ ယွမ်ဒန် အဆင့်ကို တက်လှမ်းဖို့ရာ မဖြစ်နိုင်သေးချေ။
ထိုသည်က မိုဝူကျီကို စိတ်မရှည် ဖြစ်စေ၏။ ချမ်းချမ်းသာသာ နေခဲ့ရသည့် သူက ရုတ်တရက် ဆင်းရဲသွား သကဲ့သို့ ခံစားချက်မျိုး ဖြစ်သည်။ သာမန် ဝိညာဉ် စွမ်းအားများကို အသုံးပြုခြင်းက နည်းနည်းလေးမျှ မတိုးတက် လာပေ။ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ရာ သူ့တွင် ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး မရှိသဖြင့် ဖြည်းဖြည်းချင်းစီ သွားရမည် ဖြစ်၏။
ထိုသို့သော ကျင့်ကြံခြင်း ပတ်ဝန်းကျင်က မိုဝူကျီအတွက် ပုံမှန် ဖြစ်လေသည်။ သို့သော် ဖူချန်းနှင့် အခြား လူများအတွက် ဤအရာကို ပထမဆုံး ကြုံတွေ့ဖူးခြင်း ဖြစ်သည်။ တျန်းဂျီဂိုဏ်းသည် ရွမ်အဆင့် ဂိုဏ်းတစ်ခု ဖြစ်၍ သူတို့အတွက် ကျင့်ကြံဖို့ရာ နိမ့်ကျသော ပတ်ဝန်းကျင် ရှိသည်က ပုံမှန် ကိစ္စရပ် ဖြစ်သည်။
တစ်လတာ အတွင်း ကျောင်းယန်က စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်၉သို့ ရောက်ရှိလာကာ မကြာခင်တွင် လူသား အဆင့်လွန်သို့ ရောက်ရှိတော့မည် ဖြစ်၏။ ဖူချန်းက လူသား အဆင့်လွန် အဆင့်၈ကို ချိုးဖျက်နိုင် ခဲ့ပြီး စန်ယီပင်းမှာလည်း လူသား အဆင့်လွန် အဆင့်၂သို့ ရောက်ရှိ လာလေပြီ။ နှဲ့ကျန်းနွန်က စန်ယီပင်းထက် အရည်အချင်း ပိုရှိ၍ မူလ လူသား အဆင့်လွန် အဆင့် ၄မှ လူသား အဆင့်လွန် အဆင့် ၆သို့ ရောက်ရှိနေပြီ ဖြစ်၏။
တိုးတက် မလာသည့် တစ်ဦးတည်းသော သူကား မိုဝူကျီပင် ဖြစ်နေ၏။
သူက လူသား အဆင့်လွန်ကို မချိုးဖျက်နိုင်မှန်း သိ၍ မိုဝူကျီက လက်စွပ် သုံးကွင်းကို ထုတ်ယူ လိုက်တော့သည်။ ကျင့်ကြံသူ တစ္ဆေဆီမှ ရထားသော လက်စွပ်တွင် အားကောင်းသော အမှတ်အသား ပါ၍ ချိုးဖျက်ဖို့ရန် အနည်းဆုံး တစ်လလောက် ကြိုးစားရ ပေလိမ့်မည်။
ဒုတိယ လက်စွပ်က အနက်ဝတ် အမျိုးသား အပိုင်ဖြစ်ပြီး တတိယမှာ ကျင်းကုမူအရာ ဖြစ်၏။ ကျင်းကုမူ၏ လက်စွပ်တွင် ရတနာ အများဆုံး ပါနေမည် ဖြစ်သော်လည်း လက်စွပ်ကို ချိုးဖျက်ဖို့ရာ ခက်ခဲလှသည်က နှမြောစရာ ကောင်းလှသည်။ ကျင်းကုမူက မသေဆုံးသေးသည့် အတွက် သူ့အမှတ်အသားမှာ ဖယ်ရှားဖို့ရန် ပိုခက်ခဲ ပေလိမ့်မည်။
မိုဝူကျီက အနက်ဝတ် အမျိုးသား လက်စွပ်ကို အရင် ဖွင့်ကြည့်ရန် ဆုံးဖြတ် လိုက်လေသည်။ အကြောင်းမှာ အနက်ဝတ် အမျိုးသားက သေဆုံးသွားပြီ ဖြစ်၍ လက်စွပ်ပေါ်မှ အမှတ်အသားမှာ မည်မျှ အားကောင်း စေကာမူ သူ့စိတ်စွမ်းအားကို အတော်ကြာသည် အထိ တောင့်ခံနိုင်မည် မဟုတ်ပေ။ လဝက်လောက် အကြာ၌ လက်စွပ်တွင် အက်ကြောင်း အသေးလေး ဖြစ်ပေါ်လာကာ အမှတ်အသား အားလုံး ပျက်စီး သွားလေပြီ။
အကျယ်အဝန်းကား မိုဝူကျီ ယခင် အသုံးပြုနေသည်ထက် များစွာ ကျယ်ဝန်းလှသည်။ သူ့ရှေ့တွင် မြေကမ္ဘာ စိတ်စွမ်းအင် ကျောက်တုံးများ အပုံလိုက် ရှိနေလေသည်။ ဝိညာဉ် ဆေးပင်များ၊ သတ္တုများလည်း အပုံလိုက် ရှိနေလေသည်။ ထို့အပြင် ဝိညာဉ် ပစ္စည်းများနှင့် ကျင့်စဉ်များ ကိုလည်း တွေ့ရသည်။ ဝိညာဉ်ပစ္စည်း တစ်ခုချင်းစီတွင် သူ ယခင်က ရဖူးထား သည့်ထက် အဆင့်မြင့် ကြလေ၏။
ဝိညာဉ် ပစ္စည်းများအပေါ် မိုဝူကျီ ၏ နားလည် နိုင်စွမ်းသည် အပေါ်ယံ ဖြစ်သော်လည်း အဆင့်မြင့် ပစ္စည်းသုံးခု ရှိနေကြောင်း သတိထားမိ သေးသည်။ လခြမ်းကွေးဓား၊ ကြေးမီးအိမ်နှင့် ဓားစိမ်းတို့ ဖြစ်သည်။
မိုဝူကျီကို စိတ်အလှုပ်ရှားဆုံး ဖြစ်စေသည့် အရာကား ပျံသန်းရေး ရတနာ ဖြစ်သည်။ ဤပျံသန်းရေး ရတနာသည် အဆင့်မြင့် မှော်ရတနာ တစ်ခု မဟုတ်သော်လည်း အလယ်အလတ် အဆင့်ထဲတွင် အကောင်းဆုံး ဖြစ်လိမ့်မည်။
သူ ရရှိခဲ့သမျှ သိုလှောင် လက်စွပ်များတွင် ပျံသန်းရေး ရတနာကို ပထမဆုံး အကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ မိုးကြိုးမြူ တောထဲမှ ရလာသော လက်စွပ် နှစ်ကွင်းတွင်လည်း ပျံသန်းရေး ရတနာများ မပါရှိကြပေ။ ပျံသန်းရေး ရတနာကို လူတွေက ဝှက်ထားသည်လား ဒါမှမဟုတ် မတည်ရှိတာလား ဆိုတာ မည်သူ သိနိုင်မည်နည်း။
သို့သော်လည်း မိုဝူကျီကို စိတ်ပျက် သွားစေသည်က မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး အများအပြား ရှိနေလျက်နှင့် ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး တစ်တုံးတောင် မပါရှိခြင်း ဖြစ်သည်။ သူက မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံးများကို အလို မရှိတော့ပဲ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး အစစ်ကိုသာ လိုချင် နေလေသည်။
အနက်ဝတ် အမျိုးသား၏ သိုလှောင် လက်စွပ်သည် မိုဝူကျီ အသုံးပြုနေသည့် လက်စွပ်ထက် ပိုကျယ်ဝန်း သော်လည်း မိုဝူကျီက ပစ္စည်းများကို ပြောင်းရွှေ့ဖို့ရန် စိတ်ကူးမရှိပေ။ ထို့အပြင် နေရာကျယ်ပင် ကန့်သတ်ချက် ရှိသေး၍ လက်စွပ်လဲဖို့ရာ ဒုက္ခများလှ၏။ ထို့နောက် သူက သင်္ဘောပေါ်မှ ရထားသော လက်စွပ်ကို ထုတ်ယူကာ အမှတ်အသားကို ဆက်လက် ဖယ်ရှားလိုက်သည်။
အားလုံး၏ ကျင့်စဉ်က ခြားနားလှ၍ လက်စွပ် တိုင်းတွင်လည်း မတူညီသော အမှတ်အသားများ ရှိတတ်ကြသည်။
သင်္ဘောပေါ်မှ လက်စွပ်ပိုင်ရှင် ဘယ်အချိန်က သေဆုံး သွားသည်ကို မသိနိုင်ပေမဲ့ အမှတ်အသားက အနက်ဝတ် အမျိုးသားထက် များစွာ အားကောင်းလှသည်။
တစ်လတာ ကုန်ဆုံးပြီးနောက် လက်စွပ်ပေါ်မှ အမှတ်အသားက စတင် လျော့နည်း လာသော်လည်း ထိုအခိုက် အတန့်တွင် မိုဝူကျီက အားကောင်းသော စွမ်းအင် လှိုင်းများကို ခံစားမိ လိုက်သည်။
သူက စွမ်းအား အရင်းအမြစ် ဖြစ်နေသည့် ကျောင်းယန်ကို ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သူမက လူသား အဆင့်လွန်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင် သွားလေပြီ။
လေးနာရီ အကြာတွင် ကျောင်းယန်၏ အရှိန်အဝါက သိသိသာသာ တိုးတက်လာပြီး သူမ စွမ်းအားများလည်း မတည်မငြိမ် ဖြစ်နေလေသည်။ သူမက လူသား အဆင့်လွန် အဆင့်သို့ အခက်အခဲ မရှိ ဝင်ရောက် သွားလေသည်။
မိုဝူကျီက ထိုမြင်ကွင်းကို ကြည့်၍ ခေါင်းညိတ်မိ လိုက်သည်။ ကျောင်းယန်၏ ဝိညာဉ်ကြောက အရမ်း မကောင်းလှချေ။ သူမက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်မှ လူသား အဆင့်လွန်သို့ အချိန်တိုအတွင်း တက်လှမ်း သွားနိုင်သည့် အဓိက အကြောင်းအရင်းမှာ ဤသို့သော ပတ်ဝန်းကျင်ကို ပထမဆုံး အကြိမ် ကြုံတွေ့ဖူး၍ ဖြစ်သည်။ အကယ်၍ အနာဂတ်တွင် သူမက ကျင့်ကြံဖို့ရန် နည်းလမ်းကောင်းများ မရှာနိုင်လျှင် သူမ ကျင့်ကြံနှုန်းက ယခင်ကထက် သိသိသာသာ လျော့ကျ သွားပေလိမ့်မည်။
အားလုံက ကိုယ်စီ ကျင့်ကြံ နေကြသည့် အတွက် မိုဝူကျီက သွား၍ မနှောင့်ယှက်တော့ပေ။ လက်စွပ်အပေါ်သာ အာရုံစိုက် ထားလိုက်၏။ နောက်လဝက် အကြာတွင် မိုဝူကျီ လက်ထဲမှ လက်စွပ်မှ ရင်းနှီးလှသော “ခွမ်း ...” ဟူသော မြည်သံကို ကြားလိုက်ရသည်။ မိုဝူကျီ မျက်လုံးရှေတွင် ဧရာမ နေရာကြီး ပေါ်လာလေ၏။
မိုဝူကျီကို အံ့ဩစေသည်က သိုလှောင် လက်စွပ်အတွင်း ပစ္စည်း တစ်ခုတည်း ရှိနေခြင်းကြောင့် ဖြစ်သည်။ ဝိညာဉ် ဆေးပင်များ၊ စိတ်စွမ်းအင် ကျောက်တုံးများနှင့် အခြားသော ရတနာများမှာ မပါရှိချေ။
အတွင်းဘက်တွင် ဧရာမ မပြီးဆုံးသေးသည့် သင်္ဘောကြီး ပါရှိလေသည်။ ထိုသင်္ဘောကား မီတာရာချီ မြင့်မား၍ အားလုံးထက် ထိပ်ရောက် နေလေသည်။ အထဲတွင် ရှိနေသည်က မည်မျှ ကြာမြင့် နေမည်ကို မည်သူ သိမည်နည်း။ ထိုအရာကား ခန့်ခန့်ထည်ထည် ရှိနေဆဲ ဖြစ်သည်။
မိုဝူကျီက စိတ်စွမ်းအားဖြင့် သင်္ဘောကို စစ်ဆေး ကြည့်လိုက်သည်။ သူ ကြည့်လေလေ ပို၍ အံ့ဩကာ ဇဝေဇဝါ ဖြစ်လေလေ ဖြစ်နေသည်။ အစီအရင် ပေါ်တွင် များစွာသော အစီအရင်များ ရေးဆွဲ ထားခြင်းသာ မက အမြောက် အမျိုးမျိုးလည်း ရှိနေလေသည်။
***