← Chapters

ငါတို့တွေ တိုက်ပွဲ ဖြစ်နေတာ၊ အဓိပ္ပာယ် မရှိတာတွေ ရပ်လိုက်စမ်း

Vol. 17 Ch. 228

ငါတို့တွေ တိုက်ပွဲ ဖြစ်နေတာ၊ အဓိပ္ပာယ် မရှိတာတွေ ရပ်လိုက်စမ်း

Vol. 17 Ch. 228

ဤအရာက ကျင့်ကြံခြင်းနှင့် နည်းပညာ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ မိုဝူကျီက သေချာ ကြည့်လိုက်သည့် အခါ သင်္ဘောပေါ်တွင် တပ်ဆင်ထားသည့် စစ်အမြောက်များကို တွေ့လိုက် ရလေသည်။ သူတို့ကို အမြောက်အိမ် ပေါ်တွင် တပ်ဆင်ထားခြင်း မဟုတ်ရုံသာ ဖြစ်၏။

စစ်အမြောက်များ အပြင် သင်္ဘောပေါ်တွင် အမျိုးမျိုးသော အသေးစိတ် စီမံချက်များနှင့် စာအုပ်များလည်း ရှိနေသည်။

မိုဝူကျီက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့် လိုက်သည့်အခါ ထိုမြေပုံများသည် သင်္ဘော၏ လုပ်ဆောင်ချက် ပုံကြမ်း ဖြစ်နေလေသည်။

မပြီးဆုံးသေးသည့် အင်မော်တယ် သင်္ဘောပျံ၊ အလျား ၆၄၀ မီတာ၊ အကျယ် ၂၃၀ မီတာ ... ရောင်ခြည် အမြောက် ဆယ်ခု၊ နေရာခွင်း အမြောက် ဆယ်ခု၊ သဘာဝ ငါးမျိုး အမြောက် သုံးခု၊ အမျိုးဖြုတ် အမြောက် ငါးခုတို့ ပါရှိရန် ကြံရွယ်ထား၏။

သင်္ဘောဦး ထိပ်ပိုင်းနှင့် ကိုယ်ထည်ပိုင်းကို နတ်ဘုရား ရွှေနေကြာ သတ္တုနှင့် ပြုလုပ်ထား၍ ဟင်းလင်းပြင်ကို ဖြတ်၍ ရွက်လွှင့် နိုင်လေသည်။ ရောင်ခြည် အမြောက်တွင် လိုအပ်သော ပစ္စည်းများ ရှိသေး၏။ ထိုအရာများမှာ မြေကမ္ဘာ အဆင့် စိတ်စွမ်းအင် ကျောက်တုံးများ၊ ရေဒီယို သတ္တိုကြွ ကျောက်၊ မြေကမ္ဘာ နှလုံးမီးတောက်၊ သက်တံကျောက်တို့ ဖြစ်ကြသည်။

မိုဝူကျီက ဖတ်လေလေ ပို၍ စိတ်လှုပ်ရှား လေလေ ဖြစ်၏။ ထိုစာရွက်တွင် အမြောက်များကို တည်ဆောက်နိုင်သည့် နည်းလမ်း အမျိုးမျိုးကို ပြသ ထားသေးသည်။ ထိုသည်က မည်သို့ သာမန် သင်္ဘောတစ်စင်း ဖြစ်နိုင်မည်နည်း။ ထိုအရာက ရွေ့လျားနိုင်သည့် တိုက်ပွဲ ခံတပ်ကြီး ဖြစ်၏။ ထိုအရာ ထွက်ပေါ်လာပါက စစ်မှန်ခြင်း နတ်ဘုရား ကျင့်ကြံသူပင် ပြေးရလိမ့်မည်။

မိုဝူကျီ၏ ဝိညာဉ် စွမ်းအားက သင်္ဘော ဦးပိုင်းနှင့် ခါးလယ်ပိုင်းကို ရောက်သွားသည့် အခါ သူတို့သည် အမှန်ပင် နတ်ဘုရား ရွှေနေကြာ သတ္တုနှင့် ပြုလုပ် ထားလေသည်။ သို့သော် ဤနေရာရှိ နတ်ဘုရား ရွှေနေကြာ သတ္တုကား လုပ်ဆောင် ပြီးလေပြီ။ သင်္ဘောပေါ်ရှိ နတ်ဘုရား ရွှေနေကြာ သတ္တု ပမဏမှာ သူ့တွင် ရှိသော ပမာဏထက် ရာပေါင်းများစွာ ပိုလေသည်။

ကြောက်မက်ဖွယ် သင်္ဘောကို ဖန်တီးဖို့ရန် နတ်ဘုရား ရွှေနေကြာ သတ္တု အများကြီး သုံးဖို့ရာ အတွက် ယခင်လက်စွပ် ပိုင်ရှင်သည် မည်မျှ ချမ်းသာ လိမ့်မည်နည်း။

ကံဆိုးလှစွာ သင်္ဘောကား လုံးဝ မပြီးပြည့် စုံသေးပေ။ အကယ်၍ ပြီးစီးသွားပါက သေချာပေါက် လူသတ် လက်နက်တစ်ခု ဖြစ်လာလိမ့်မည်။ သူ့တွင် ပန်းပဲနှင့် ပတ်သက်သည့် ဗဟုသုတ မရှိသည့် အတွက် ဤသင်္ဘောပျံကို ပြီးစီးအောင် မပြုလုပ်နိုင်ပေ။

မိုဝူကျီက စိတ်စွမ်းအားဖြင့် သိုလှောင် လက်စွပ် အတွင်းမှ နေရာ အကျယ်ကြီးကို ဆက်ရှာကြည့် လိုက်သည်။ လက်စွပ်တွင် ထောင့်တစ်နေရာ၌ အမှိုက်သဖွယ် ပုံထားသည့် ပစ္စည်း အပုံလေးမှ လွဲ၍ ဗလာကျင်း နေလေသည်။ သို့သော် မိုဝူကျီ စိတ်စွမ်းအား ရောက်ရှိ သွားသည့်အခါ ချက်ချင်း ဆိုသလို လေအေးများ ခံစားမိ လိုက်သည်။

ထိုအရာက မည်သို့ အမှိုက်ဖြစ် နိုင်မည်နည်း။ အမြောက် ခဲယမ်းသာ ဖြစ်၏။ ထို့အပြင် ထိုခဲယမ်းများကို ရောင်ခြည် အမြောက်၊ နေရာခွင်း အမြောက်၊ ကောင်းကင် မီးတော်က အမြောက်၊ ကောင်းကင်ရေ အမြောက် အစရှိသဖြင့် စနစ်တကျ ခွဲခြားထားလေသည်။

မိုဝူကျီက စိတ်စွမ်းအားကို ပြန်ရုပ်သိမ်း လိုက်တော့သည်။ ဤသင်္ဘောပျံသည် သူ့အတွက် သေချာပေါက် ကောင်းကောင်း အသုံးဝင် ပေလိမ့်မည်။ သူက ပန်းပဲအကြောင်း မသိသော်လည်း ပန်းပဲ ဆရာကိုတော့ ရှာနိုင်လေသည်။

ယခုအခါ မိုဝူကျီက သူအသုံးပြု နေသော လက်စွပ်ကို ပြောင်းလိုက်တော့သည်။ ယခင် လက်စွပ်ထဲမှ ပစ္စည်းများ အားလုံးကို ပို၍ ကြီးမားသော လက်စွပ် အတွင်းသို့ ရွှေ့လိုက်တော့သည်။

အခြားလူများက ကျင့်ကြံခြင်းတွင် နှစ်မြှုပ်နေသည်ကို မြင်၍ မိုဝူကျီက အခန်းထဲမှ ထွက်သွားလိုက်သည်။ အခန်း အကျယ်ထဲတွင် မိုဝူကျီက အနက်ဝတ် အမျိုးသား၏ အလယ်အလတ် အဆင့် ပျံသန်းရေး သင်္ဘောပျံကို စတင် မွမ်းမံ လိုက်တော့သည်။

ချိန်စုယင်၏ ယာဉ်ပျံမှာ အဆင့်နိမ့် ပျံသန်းရေး ရတနာ ဖြစ်သော်လည်း ခုခံနိုင်စွမ်း မရှိသလောက် ဖြစ်ကာ အမြန်နှုန်း မှာလည်း နှေးလှသည်။ နေရာ အကျယ်အဝန်း မှာလည်း ကျဉ်းကျဉ်းကျုတ်ကျုတ် ဖြစ်လှသည်။

သို့သော် ဤသင်္ဘောပျံတွင် နေရာ ကျယ်ဝန်းသည့် အပြင် ခုခံနိုင် စွမ်းလည်း ရှိ၏။ သူတို့ ပြန်ရောက်သည့် အခါ သူက ဤသင်္ဘောပျံကို အသုံးပြုလိမ့်မည်။

နေရက်များက ကုန်ဆုံး လာလေသည်။ မိုဝူကျီက သင်္ဘောပျံကို အပြည့်အဝ မွမ်းမံ ပြီးသည့်အခါ ပတ်ဝန်းကျင်မှ လေထုကား တုန်ခါ လာလေသည်။ ဤတစ်ကြိမ်တွင် ယခင် ကထက် ပို၍ အားပြင်းလေသည်။

မိုဝူကျီက သင်္ဘောပျံကို သိမ်းဆည်း လိုက်လေသည်။ ဖူချန်းက လူသား အဆင့်လွန်မှ ယွမ်ဒန် အဆင့်သို့ တက်လှမ်းသွားခြင်း ဖြစ်ရမည်ဟု မှန်းဆမိ လိုက်သည်။

အမှန်ပင် ဖြစ်၏။ နေ့ဝက် အကြာတွင် စွမ်းအားများ မတည်မငြိမ် ဖြစ်နေမှုက ပျောက်ကွယ်သွားကာ ဖူချန်းက အခန်းငယ် အတွင်းမှ ထွက်လာလေသည်။ သူ့ခန္ဓာတွင် သိပ်သည်းသော ဝိညာဉ် စွမ်းအားများ လွှမ်းခြုံ ထားလေသည်။ ထိုအရာက သူ့ကို မိမိကိုယ်ကိုယ် ယုံကြည်ချက် တိုးပွား လာစေသည်။ သူက ယွမ်ဒန်အဆင့် ရောက်သွားသည်မှာ သိသာလှ၏။

“ဖူချန်း ယွမ်ဒန်အဆင့် ရောက်သွားတဲ့ အတွက် ဂုဏ်ယူပါတယ်. ...” မိုဝူကျီက ဖူချန်းအတွက် ဝမ်းသာ နေလေသည်။ ထို့အပြင် ဖူချန်းက တျန်းဂျီဂိုဏ်းသား ဖြစ်သည့် အတွက် သူ့ကျင့်ကြံဆင့် မြင့်လေလေ တျန်းဂျီဂိုဏ်း အတွက် ပိုကောင်းလေလေ ဖြစ်၏။

“စီနီယာ ခေါင်း‌ဆောင် အစ်ကိုကြီး ... ကျုပ်တော့ ကျင့်ကြံရတာကို ဒီလောက် တစ်ခါမှ အားမရ ဖူးဘူးဗျာ။ ဝိညာဉ် စွမ်းအားတွေလည်း သိပ်သည်းပြီးတော့ အသုံးပြုဖို့ ဆေးလုံး လုံလုံ လောက်လောက်လည်း ရှိနေတော့ ကျင့်ကြံရတာ အရမ်းကောင်းတယ် ...” ဖူချန်း မျက်နှာတွင် အားရပီတိ ဖြစ်နေသည်က သိသာလှသည်။ သူ့မူလ အကြံစည်အရ သူသည် ယွမ်ဒန် အဆင့်သို့ ဆယ်နှစ်အတွင်း တက်လှမ်းရန် ကြံရွယ်ထားခြင်း ဖြစ်၏။ သို့သော် လပိုင်းလေး အတွင်းဖြင့် သူက ယွမ်ဒန် အဆင့်သို့ ရောက်ရှိ သွားလေပြီ။ ထိုသည်က ရိုးရိုးရှင်းရှင်း ကျေနပ်မှု မကဘဲ ပျံသန်းနေသည့် ခံစားချက်မျိုး ဖြစ်၏။

မိုဝူကျီက ရယ်မောလိုက်ပြီး …

“ငါတို့ ထွက်သွားတဲ့ အခါ ဒီဝိညာဉ် သွေးကြောကို ယူပြီးတော့ တျန်းဂျီဂိုဏ်းရဲ့ မူလ ပိုင်နက်မှာ ထားကြမယ်။ အဲဒါဆိုရင် အားလုံးက ကျင့်ကြံဖို့ ဆက်အသုံးပြုလို့ ရတယ် ...”

မိုဝူကျီက ထိုအရာများကို တွေးထားသည်မှာ ကြာလှလေပြီ။ တျန်းဂျီဂိုဏ်းကို ပြန်လည် ထူထောင်ဖို့ရန် ကျင့်ကြံဖို့ရာ အတွက် သိပ်သည်းသော ဝိညာဉ် စွမ်းအားများ ရှိရမည်။ အင်အား အစစ်အမှန် မပါရှိလျှင် တျန်းဂျီဂိုဏ်းကို ပြန်လည် ထူထောင်မည့် အဓိပ္ပာယ် မရှိချေ။ သူက တျန်းဂျီဂိုဏ်းကို နာမည်လေးတင် မဟုတ်ဘဲ အမှန်တကယ် ထူထောင်လိုခြင်း ဖြစ်၏။

“စီနီယာ ခေါင်း‌ဆောင် အစ်ကိုကြီး ... ကျွန်တော်တော့ အဲဒီလို မဖြစ်နိုင်မှာ စိုးရိမ်မိတယ်။ ကျွန်တော်တို့တွေ ပြန်ရောက်တဲ့ အခါ တျန်းဂျီဂိုဏ်းကို ပြန်လည် ထူ‌ထောင်ဖို့ တိုးတိုးတိတ်တိတ် လုပ်ဆောင် ရလိမ့်မယ်။ ပြီးတော့ တျန်းဂျီဂိုဏ်းရဲ့ မူလ နေရာကိုလည်း ပြန်လို့ မရသေးဘူး။ ကျွန်တော်တို့တွေ အင်အား ကြီးလာတဲ့အထိ စောင့်သင့်တယ်၊ အဲဒီအခါကျမှ ပြန်လို့ ရလိမ့်မယ် ...”

နှဲ့ကျန်းနွန်လည်း ထွက်လာလေသည်။ သူကား လူသားအဆင့်လွန် အဆင့်၈သို့ ရောက်နေလေပြီ။ သူ့တိုးတက်နှုန်းကား ဖူချန်းကိုပင် ကျော်နိုင်လေ၏။

မိုဝူကျီက တစ်ခွန်းမျှ ပြန်မပြောပေ။ သူ့စိတ်ထဲတွင်ကား ခံယူချက် မတူညီလေပေ။ သူက ဂိုဏ်းကို ပြန်လည် ထူထောင်ချင်စဉ်မှ စ၍ သူက ထင်ထင်ပေါ်ပေါ်သာ လုပ်ဆောင် ချင်လေသည်။ ဂိုဏ်းတစ်ခုကို ပုန်းလျှိုးကွယ်လျှိုး တည်ထောင်ခြင်းက သူ့စံကို ဆန့်ကျင် နေလေသည်။

သို့သော် တျန်းဂျီဂိုဏ်းကို ပုံရိပ် ကောင်းကောင်းနှင့် ပြန်လည် ထူထောင်ဖို့ရန် ကိုယ်ပိုင် ပြဿနာများ ရှိနေသေး၏။ ဂိုဏ်းကို ပြန်လည် မထူထောင်ခင် လိန်မျိုးနွယ်စုက တျန်းဂျီဂိုဏ်းကို နောက်တစ်ခါ လာပြီး ဖျက်ဆီးပစ် နိုင်လေသည်။

“မင်းတို့တွေ အင်ပါယာ ငါးခုထဲမှာ တော်တဲ့ ပန်းပဲဆရာကို သိကြလား ...” ခဏတာ တိတ်ဆိတ် နေပြီးနောက် မိုဝူကျီ မျက်လုံးများ လင်းလက်လာပြီး ခေါင်းမော့ကာ မေးကြည့် လိုက်လေသည်။

သူ့တျန်းဂျီဂိုဏ်းသည် ယုလင်း လိန်မျိုးနွယ်စုကို မသတ်နိုင် လောက်သော်လည်း ထိုမပြီးစီး သေးသော သင်္ဘောကြီးက သတ်နိုင် လောက်လေ၏။ လိန်မျိုးနွယ်စုသည် မြေကမ္ဘာအဆင့် ဂိုဏ်းသာသာမျှသာ ဖြစ်၏။ အကယ်၍ သူတို့ကို အထင်ကြီး နေလျှင် သူတို့က ကောင်းကင် တစ်ပိုင်းလောက် အထိ ထင်နေရ လိမ့်မည်။ တကယ်လို့သာ သူက အရင်ဆုံး အလယ်အလတ် အဆင့် ထောင်ချောက် အစီအရင်ကို အသက် သွင်းနိုင်လျှင် လိန်မျိုးနွယ်စုကို ပိတ်လှောင် ထားလိုက်ပြီး အင်မော်တယ် သင်္ဘောပျံမှ အမြောက်များကို အသုံးပြု လိုက်မည်။

အလယ်အလတ် အဆင့် ထောင်ချောက် အစီအရင်ကို ပြုလုပ်ဖို့ရန် သူက ချူရှင်ကျီ၏ အစီအရင် တာအိုကို ထပ်လေ့လာရန် လိုအပ်လိမ့်မည်။ တစ်ချိန်တည်းတွင် သူက အစီအရင် အလံများကို ပုံသွင်းဖို့ရန် သင်ယူ ရလိမ့်မည်။

အစီအရင် အလံကို ပုံသွင်းခြင်းနှင့် ပစ္စည်းများကို ပုံသွင်းခြင်းမှာ ကွာခြား လှပေသည်။ အစီအရင် အလံများကို ပုံသွင်းဖို့ရန် ပန်းပဲဆရာ တစ်ယောက် ဖြစ်စရာ မလိုအပ်သော်လည်း သာမန် အစီအရင်ဆရာ တစ်ယောက်က အစီအရင် အလံများကို ပုံမသွင်းနိုင်ပေ။

“ကျွန်တော်တော့ ဒီလို ကိစ္စတွေနဲ့ မရင်းနှီးပေမဲ့ ဂျူနီယာ ညီမလေး စန်တော့ သိလိမ့်မယ် ...” နှဲ့ကျန်းနွန်က ပြန်ဖြေလိုက်သည်။ သူက သူ့ကိုယ်သူ တံခါးပိတ် ကျင့်ကြံရာ၌ အာရုံ စိုက်ထားခြင်း များ၍ ပြင်ပ ကိစ္စများကို ဖြေရှင်း ရသည်မှာ စန်ယီပင်းသာ ဖြစ်လေသည်။

ဖူချန်းက ဝင်ပြော လိုက်လေသည်။

“ကောင်းကင်ဖွေရှာ နန်းတော်က ပန်းပဲတောင်ထိပ် သခင် ကျန်းပင်းရှန်က တော်တော်လေး အံ့ဩဖို့ ကောင်းတယ်။ ကျုပ်ကြားတာတော့ သူဖန်တီးတဲ့ ဝိညာဉ် ပစ္စည်းတွေက အတော်လေး အဆင့် မြင့်တယ်တဲ့ ...”

“ပန်းပဲ တောင်ထိပ်မှာ အံ့ဩဖို့ အကောင်းဆုံးက တောင်ထိပ်သခင် ကျန်းပင်းရှန် မဟုတ်ဘူး။ ဧည့်အကြီးအကဲ သုံးမျက်လုံးရှင် ဒူတာပဲ ...” စန်ယီပင်းနှင့် ကျောင်းယန်တို့က အခန်းမှ ထွက်လာလေသည်။

စန်ယီပင်းသည် လူသား အဆင့်လွန် အဆင့်၅သို့ ရောက်ရှိနေပြီး ကျောင်းယန်ပင် လူသား အဆင့်လွန် အဆင့် ၂သို့ တက်လှမ်း နိုင်ခဲ့လေသည်။

မိုဝူကျီက ရယ်မောလိုက်ပြီး …

“ကြည့်ရတာ ဒီတံခါးပိတ် ကျင့်ကြံတာက အတော်လေး အသုံးဝင်ပုံပဲ။ အားလုံးရဲ့ ကျင့်ကြံဆင့်တွေက သိသိသာသာ တိုးတက် လာကြတယ်။ မဆိုးဘူး။ ငါတို့ ပြန်မသွားခင် အားလုံး ယွမ်ဒန်အဆင့် တက်လှမ်း နိုင်အောင် ပြင်ဆင်ထားကြ ...”

“စီနီယာအစ်ကို ဖူချန်း မြေကမ္ဘာ နယ်ပယ်အဆင့် တက်လှမ်းနိုင်တာ ဂုဏ်ပြုပါတယ် ...” စန်ယီပင်းနှင့် တခြား လူများက ဖူချန်း အဆင့်တက် သွားသည်ကို သတိပြုမိပြီး ပြောလိုက်လေ၏။

ဂုဏ်ပြုစကား ဆိုပြီးနောက်တွင် မိုဝူကျီက မေးလိုက်သည်။

“ယီပင်း ... မင်းပြောတာက ပန်းပဲ တောင်ထိပ် သုံးမျက်လုံးရှင် ဒူတာက ပန်းပဲနဲ့ ပတ်သက်လာရင် အကောင်းဆုံးလား ... ဘယ်လိုလုပ် သိလဲ ...”

စန်ယီပင်းက အမြန်အဆန် ရှင်းပြ လိုက်လေသည်။

“အရင်တုန်းက ဂိုဏ်းချုပ်က ဂိုဏ်းကြီးတွေရဲ့ လျှို့ဝှက်ချက်တွေ အကြောင်း ဆွေးနွေးဖူးတယ်။ သူက ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ သုံးမျက်လုံးရှင် ဒူတာအကြောင်း ပြောဖူးတယ်။ သူ့မူလ ဇာစ်မြစ်ကို မသိရပေမဲ့ နောက်ကနေ အလိုက်ခံရလို့ ကောင်းကင်ဖွေရှာ နန်းတော်မှာ ခိုလှုံ လိုက်တာတဲ့။ တောင်ထိပ်သခင် ကျန်းပင်းရှန်က သုံးမျက်လုံးရှင် ဒူတာရဲ့ ပန်းပဲ အရည်အသွေးကို ဂရုပြုမိ ပြီးတော့ ဧည့်အကြီးအကဲ အနေနဲ့ ခေါ်ထားလိုက်တာ။ အင်ပါယာ ငါးခုလုံးထဲက မှော်ရတနာ အများစုက ကောင်းကင်ဖွေရှာ နန်းတော်က ထွက်လာတာပဲ။ အဲဒီရတနာတွေ ထဲမှာ ၉၀ရာခိုင်နှုန်း လောက်က သုံးမျက်လုံးရှင် ဒူတာ ကိုယ်တိုင် လုပ်ထားတာ ...”

မိုဝူကျီက ခေါင်းညိတ်ပြ လိုက်သည်။ သူ ကောင်းကင်ဖွေရှာ နန်းတော်ကို ပြန်ရောက်သည်နှင့် သူ့မပြီးစီး သေးသည့် သင်္ဘောပျံကို ပြီးမြောက်စေရန် သုံးမျက်လုံးရှင် ဒူတာကို ဖိတ်ခေါ်ဖို့ရန် ချက်ချင်း လိုအပ်လိမ့်မည်။

“ငါတို့တွေ ဒီရောက်နေတာ လအတော် ကြာပြီ။ ငါတို့တွေ ဝိညာဉ် သွေးကြောကို နုတ်ယူ ပြီးတာနဲ့ ငါတို့ ပြန်ကြမယ်။ ပြီးသွားရင် ငါတို့ တျန်းဂျီဂိုဏ်းကို ချက်ချင်း ပြန်လည် ထူထောင်ကြမယ် ...” မိုဝူကျီက ကြေညာ လိုက်လေသည်။

ဝိညာဉ် သွေးကြောကို ကျင်းကုမူက မူလကတည်းမှ နှုတ်ကာ အခန်းအတွင်းသို့ ပြောင်းရွှေ့ ထားလေသည်။ ယခု မိုဝူကျီက အားများစွာ မစိုက်လိုက်ရဘဲ သူ့သိုလှောင် လက်စွပ်အတွင်းသို့ ရွှေ့နိုင်လေသည်။

နှစ်နာရီ အကြာတွင် မိုဝူကျီနှင့် ကျန်လူများက သူတို့၏ သင်္ဘောပျံဖြင့် ကောင်းကင် ဘူးသီးကျွန်းမှ ထွက်လာ ကြလေသည်။

ယင်သင်္ချိုင်း ကမ်းစပ် …

ယန်မြို့တော်နှင့် ကီလိုမီတာ ထောင်ချီ ကွာဝေးလေသည်။ ယင်စွမ်းအားများ သိပ်သည်းနေသည့် ကျတ်တီးမြေ တစ်ခု ဖြစ်သောကြောင့် ဤနေရာသို့ မလာချင်ကြပေ။

သို့သော် ယခု ယင်သင်္ချိုင်းတွင် မှုန်မှိုင်း နေလေသည်။ သိန်းပေါင်းစွာသော ကျင့်ကြံသူ တို့က စုစည်းလျက် ရှိနေကြသည်။ တိုက်ပွဲကို မစတင် ရသေးပေမဲ့ သေခြင်းတရား အငွေ့အသက်များက လေထဲအနှံ့ ပြန့်နေလေ၏။

နယ်လှည့် ကျင့်ကြံသူများက ပျောက်ဆုံး နယ်မြေကို ကျူးကျော်လာစဉ်မှ စ၍ အင်ပါယာ ငါးခုမှာ ဂိုဏ်းများ ပူးပေါင်း၍ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ကို ဖွဲ့စည်းခဲ့ ကြသည်။ အစပိုင်းတွင် ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့က နယ်ခြား ကျင့်ကြံသူများကို ဖိနှိပ်နိုင်ကာ နယ်ခြား ကျင့်ကြံသူများ၏ ယာယီ စခန်းများကိုပင် ဖျက်ဆီး နိုင်ခဲ့လေသည်။ သို့သော် တိုက်ပွဲ ဖြစ်လာသည်နှင့် နယ်ခြား ကျင့်ကြံသူများက စုစည်း လာကြပြီး သူတို့ တိုက်ပွဲ စွမ်းအားမှာ တဖြည်းဖြည်းချင်း ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ကို ကျော်လွန် လာလေသည်။ လတ်တလော လပိုင်းအတွင်း အင်ပါယာ ငါးခု၏ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ကား ဆက်တိုက် ရှုံးနိမ့်မှု များနှင့်သာ ရင်ဆိုင်နေ ရပြီး အရေးပါဆုံး နေရာအချို့ပင် နယ်ခြား ကျင့်ကြံသူတို့ လက်ထဲ တဖြည်းဖြည်းချင်း ပါသွားလေသည်။

ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့၏ ဆက်တိုက် နောက်ဆုတ်မှုကြောင့် တိုက်ပွဲ နေရာကား ယန်မြို့တော် အပြင်ဘက်မှ ယင်သင်္ချိုင်း အထိ ရောက်ရှိ လာလေသည်။ ယန်မြိုတော်နှင့် တစ်မိုင်၊ နှစ်မိုင်သာ ကွာဝေးသည်။ လူများစွာက ရှင်းရှင်းလင်းလင်း သိကြ၏။ သူတို့သာ ယင်သင်္ချိုင်းမှာ ရှုံးနိမ့် သွားပါက ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့သည် ယန်မြို့တော်ကို ဆုံးရှုံး သွားလိမ့်မည်။

ယန်မြို့တော်သည် တျန်းရှန်း အင်ပါယာ၏ မြို့တော် ဖြစ်ကာ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့၏ ယာယီစခန်း အဖြစ် သတ်မှတ် ထားလေသည်။ အကယ်၍ ယန်မြို့တော်သာ နယ်ခြား ကျင့်ကြံသူတွေ လက်ထဲ ရောက်သွားပါက အင်ပါယာ ငါးခု၏ အင်အားမှာ ပြိုကွဲ သွားလိမ့်မည်။ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့လည်း ပြိုလဲ ပျက်စီး သွားလိမ့်မည်။ ထို့နောက် နယ်ခြား ကျင့်ကြံသူများက အင်ပါယာ ငါးခုလုံးကို ထိန်းချုပ်ဖို့ရန် အချိန်တစ်ခုသာ လိုလိမ့်မည်။

ထို့ကြောင့် ဤတိုက်ပွဲသည် ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့အတွက် သူတို့သည် သေရှင်မြေကြီး၊ ရှင်လျှင်ရွှေထီး စိတ်ဓာတ်ဖြင့် တိုက်ရမည် ဖြစ်သည်။

တိုက်ပွဲ၌ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ဘက်တွင် ရပ်နေသော အဆင့်မြင့် ကျင့်ကြံသူ ရှစ်ယောက်လောက် ရှိလေသည်။ ထိုလူများက ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ဘက်မှ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

တိုက်ပွဲ၏ တစ်ဖက်တွင် လေထဲ၌ ကျင့်ကြံသူ ဆယ်ယောက်ကျော် ရှိ၏။ နယ်ခြား ကျင့်ကြံသူများတွင် ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ထက် စစ်မှန်ခြင်း နတ်ဘုရား ကျင့်ကြံသူများ ပိုများလေသည်။

“ဖုန်းကျန့်ချိုး ... ငါတို့ မျောလွင့်ကြယ် အင်အားစုနဲ့ မင်းတို့နဲ့က မိုးနဲ့မြေလို ကွာခြားနေတာ။ တကယ်လို့ မင်းတို့ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့သာ ဆက်ခုခံနေမယ် ဆိုရင် ငါ့ကို ရက်စက်တယ်လို့ လာမပြောနဲ့။ မင်းတို့ နောက်ဆုတ်မယ် ဆိုရင် အသက်လေးတော့ ချမ်းသာပေးဖို့ စဉ်းစား ကြည့်ပေးမယ် ...” နယ်ခြား ကျင့်ကြံသူ ဘက်မှ မီးခိုးရောင် ဆံပင်နှင့် အမျိုးသားက ရှေ့ထွက်လာကာ ပြောလိုက်သည်။ သူ့အသံတွင် ခြိမ်းခြောက်ဟန်များ ပါဝင်နေလေ၏။

ဖုန်းကျန့်ချိုးက တစ်ခုမျှ ပြန်မပြောပေ။ သို့သော် အဝေး တစ်နေရာမှ ရှင်းလင်း ပြတ်သားလှသည့် အမျိုးသမီး အသံကို ကြားလိုက်ရ၏။

“ပျောက်ဆုံးနယ်မြေ ထဲမှာ တျန်းဂျီဂိုဏ်းလို့ ခေါ်တဲ့ ဂိုဏ်းတစ်ခု ရှိတယ်။ တျန်းဂျီဂိုဏ်းမှာ ကျင့်ကြံသူတွေ အားလုံးအတွက် မှတ်သားသင့်တဲ့ သင်ကြားချက် ဆောင်ပုဒ် တစ်ခုရှိတယ်။ ဒီနေရာမှာ ရှိနေတဲ့ ကျင့်ကြံသူတွေက သေတဲ့အထိ မားမားမတ်မတ် ရပ်တည်နေမယ်။ အသက် ရှင်ရက်နဲ့ တွားသွားမဲ့ လူစားမျိုးတွေ မပါဘူး။ ငါတို့တွေက တိုက်ပွဲ ဖြစ်နေတာ။ အဓိပ္ပာယ် မရှိတာတွေ ရပ်လိုက်စမ်း ...”

“ဂိုဏ်းချုပ်ကို ထောက်ခံပါတယ်။ ကျုပ်တို့တွေက တိုက်ပွဲ ဖြစ်နေတာ အဓိပ္ပာယ် မရှိတာတွေ ရပ်ကြစမ်း ...” ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ ကျင့်ကြံသူများက ကျယ်လောင်စွာ အော်ဟစ် လိုက်ကြသည်။ တိုက်ပွဲ စိတ်ဓာတ်က ကောင်းကင်တစ်ခွင် မြင့်တက်သွားပြီး လူသတ်ချင် စိတ်များလည်း ပေါက်ကွဲ လာလေသည်။

***

All Chapters