← Chapters

အပြည့်အဝ သုတ်သင်ခြင်း/ ပျက်သုဉ်းခြင်း

Vol. 17 Ch. 229

အပြည့်အဝ သုတ်သင်ခြင်း/ ပျက်သုဉ်းခြင်း

Vol. 17 Ch. 229

“ဒီလူက ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ ပထမ ဂိုဏ်းချုပ် ပိုင်စုတင်းလား ...” ဂါဘာ၏ မျက်နှာက သူပြောလိုက်သည့် စကားအပေါ်တွင် နည်းနည်း နောင်တရမိ သွားလေသည်။ ထိုစကား တစ်ခွန်းဖြင့် တစ်ဖက် ရန်သူ၏ စိတ်ဓာတ်က မြင့်တက် သွားသေး၏။ သူက တစ်ဖက်လူ၏ စိတ်ဓာတ် ပျက်ပြား သွားစေမည့် စကားမျိုး ပြောဖို့ လိုအပ်လေသည်။

တစ်ဖက် ရန်သူ၏ စိတ်ဓာတ် ကျဆင်းသွားပါက သူတို့သည် တိုက်ပွဲကို ချက်ချင်း စတင်မည် ဖြစ်၏။ မဟုတ်လျှင် မျောလွင့်ကြယ်ဘက်က ဆုံးရှုံးမှု များပြား သွားလိမ့်မည်။

သူမ မျက်နှာ တစ်ဝိုက်တွင် ပဝါလွှား ထားသော အမျိုးသမီး တစ်ဦးက နှစ်ဖက်ကြားတွင် လေထဲ၌ ရပ်နေလေသည်။ တစ်ယောက်မှ သူမ သွင်ပြင်ကို မမြင်ရ သော်လည်း သေးသွယ် သိမ်မွေ့သော သွင်ပြင်အရ သူမသည် သေချာပေါက် စွဲမက်ဖွယ် အမျိုးသမီး တစ်ဦး ဖြစ်ကြောင်း ထင်ရှား၏။ သူမက ဂါဘာ စကားများကို လုံးဝ လျစ်လျုရှူ ထားပြီး ဂိုဏ်းတစ်ရာ မဟာမိတ်ဘက်သို့ လှည့်ကာ ရှင်းလင်း ပြတ်သားလှသည့် အသံဖြင့် ပြောလိုက်လေသည်။

“ဒီနယ်ခြား ကျင့်ကြံသူ အလကားဟာတွေက ငါတို့ နယ်မြေကို လာရောက် ကျူးကျော်ကြတယ်။ ငါတို့ ပျောက်ဆုံး နယ်မြေက ကျင့်ကြံသူတွေက ဘယ်လို တုံ့ပြန်ကြမလဲ ...”

“သတ်ပစ်ကြမယ် ...” မရေတွက် နိုင်သည့် အသံများက ထွက်ပေါ် လာလေသည်။

“ဒီလူဖျင်းတွေက ငါတို့ရဲ့ ညီအစ်ကိုတွေ၊ မောင်နှမတွေကို သတ်ဖြတ် ပစ်ကြတယ်။ အခု ငါတို့ကို ဒူးထောက် စေချင်နေတယ်။ ငါတို့ ပျောက်ဆုံး နယ်မြေဘက်က ကျင့်ကြံသူ တွေက ဘယ်လို တုံ့ပြန်ကြမလဲ ...”

“သတ်ပစ်မယ် ...” ရဲရဲရင့်ရင့် အသံများက လေဟုန်ခွင်း၍ ထွက်ပေါ် လာလေသည်။

အတည်ငြိမ် ဆုံးသော ကျင့်ကြံသူများပင် သတ်ဖြတ် စိတ်ဓာတ်များ တက်ကြွနေသည့် အချိန်တွင် သူတို့ သွေးများပင် ပွက်ပွက်ဆူ လာလေကြသည်။ ရှေ့ထွက်ပြီး ထိုနယ်ခြား ကျင့်ကြံသူများကို သတ်ဖြတ်ပစ် ဖို့ရာ မစောင့်နိုင် ကြတော့ပေ။

“အဲဒါဆို ငါတို့တွေ ဘာကို စောင့်နေဦးမှာလဲ ... ငါ့နောက်လိုက်ခဲ့ အားလုံးကို သတ်ပစ်ကြမယ် ...”

“သတ်ပစ် ... သတ်ပစ် ... သတ်ပစ် ...”

မျိုသိပ်ထား ရသည့် သတ်ဖြတ်လို စိတ်များက ထွက်ပေါ် လာလေသည်။ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ကား ကျားများကဲ့သို့ ဖြစ်နေကာ နယ်ခြား ကျင့်ကြံသူ များဆီ အတင်းခုန်ဝင် သွားကြတော့သည်။

ဂါဘာက ထိုသူများ၏ စိတ်ဓာတ်ကို ရိုက်ချိုးဖို့ရာ မဖြစ်နိုင်တော့ကြောင်း သိလိုက်သည်။ ထိုစဉ် တိုက်ပွဲကို ရင်ဆိုင်ရုံ အပြင် တခြား ရွေးချယ်စရာ မရှိတော့ပေ။

“မျောလွင့်ကြယ်မှ ကျင့်ကြံသူ အပေါင်းတို့ မင်းတို့တွေ နတ်ဘုရား စွန့်ပစ်မြေ အထောက်အပံ့ ရှားပါးလှတဲ့ နေရာကို ပြန်သွားချင် ကြလား။ မင်းတို့တွေ ဝိညာဉ်စွမ်းအား မရှိတဲ့ နေရာမှာပဲ သေဖို့ ဆန္ဒရှိနေ ကြတာလား။ ငါတို့ မျောလွင့်ကြယ်က ရဲရင့်ကြတဲ့ ကျင့်ကြံသူ အပေါင်းတို့ ငါတို့တွေ ဒီနေရာကို နေခွင့်ရ၊ မရက ဒီတိုက်ပွဲမှာ မူတည်နေတယ် ... အားလုံး သတ်ပစ်ကြစမ်း ...”

“ဘမ်း ...” နှစ်ဖက်လုံးက ရင်ဆိုင်တိုက်ခိုက် ကြလေသည်။

သတ်ဖြတ်ခြင်း အငွေ့အသက်များက လေထုထဲ ဖုံးလွှမ်းနေပြီး သွေးမြူများပင် ဖြစ်ပေါ်နေကာ နေရာတိုင်းတွင် အကျိုးအပဲ့ အပျက်အစီးများ ပြည့်နေလေ၏။ အမျိုးမျိုးသော သဘာဝ စွမ်းအားများက ရင်ဆိုင်မိ နေကြသောကြောင့် ယင်သင်္ချိုင်း တစ်ခုလုံးတွင် မပြီးဆုံးနိုင်သော ပေါက်ကွဲမှုများ ဖြစ်ပေါ် နေလေသည်။ လူအသွားအလာ နည်းလှ၍ အမြဲ တိတ်ဆိတ်နေသည့် ယင်စွမ်းအားများ ပြည့်နေသော ယင်သင်္ချိုင်းတွင် ယခုအခါ သေခြင်း၊ ရှင်ခြင်းတိုက်ပွဲ ဖြစ်ပွားနေလေ၏။

နာကျင်စွာ အော်ညည်းသံများနှင့် ဒေါသတကြီး မာန်ဖီမှုများဖြင့် လေထုအတွင်း ပျံ့နှံ့ နေလေသည်။ ကျင့်ကြံသူ အလောင်းများမှလည်း မြေပြင်တွင် အများအပြား ရှိနေလေသည်။ တစ်ယောက်မျှ နောက်မဆုတ်ကြပဲ ရှေ့သို့သာ ချီတက် နေကြလေသည်။ အားလုံး၏ စိတ်တွင် ရှိနေသည့် တစ်ခုတည်းသော အရာကား သတ်ဖြတ်ဖို့ရန် ဖြစ်သည်။

ဤတိုက်ပွဲသည် ယခင် တိုက်ပွဲများနှင့် ခြားနား လှပေသည်။ တစ်ဖက်က လက်မလျှော့မချင်း သို့မဟုတ် မသေမချင်း‌ ပြီးဆုံးကြမည် မဟုတ်ပေ။

တိုက်ပွဲသည် နေဝင် ရီတရောမှ နေ့လယ်ပိုင်း အထိ ကြာမြင့် လာလေသည်။ သွေးနံ့များက လှိုင်လှိုင်သင်း နေပြီး ယင်သင်္ချိုင်း တစ်ခုလုံးတွင် ဖုံးလွှမ်း နေလေသည်။ သို့သော် တိုက်ပွဲသံကိုတော့ မဖုံးလွှမ်းနိုင်ပေ။

ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့၏ အစပိုင်း အရှိန်ကား တဖြည်းဖြည်းချင်း လျော့နည်း သွားလေပြီ။ ဤသည်က မျောလွင့်ကြယ် အနေနှင့် ပထမဆုံး နွှဲဖူးသည့် နယ်မြေတိုက်ပွဲ ဖြစ်လေသည်။ သို့သော် သူတို့၏ အရေအတွက် များကြောင့် ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ကို တဖြည်းဖြည်းချင်း ဖိနှိပ် လာနိုင်လေသည်။

“ဟားဟား ...” ရူးကြောင်ကြောင် ရယ်သံက ယင်သင်္ချိုင်း တစ်လျှောက် ပျံ့နှံ့ လာလေသည်။ အနီရောင် ဝတ်စုံနှင့် ထိပ်ပြောင် အမျိုးသားက အလယ်တွင် စိတ်တက်ကြွစွာ ရယ်မော နေလေကာ အော်ဟစ် နေလေ၏။

“နောက်ထပ် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူတော့ ကျုပ်သတ်နိုင် လိုက်ပြန်ပြီ။ အခုက စပြီးတော့ ကျုပ်ရဲ့ မျောလွင့်ကြယ်က ဒီနယ်မြေရဲ့ အရှင်သခင် ဖြစ်လာလိမ့်မယ် ...”

“ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ အကြီးအကဲ မူအန်း အသတ်ခံလိုက် ရပြီ ...”

အထောက်အပံ့ကြီး တစ်ခု ဆုံးရှုံးသွားသော ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့သည် ယခု အစိုးရိမ်ရဆုံး အခြေအနေ ရောက်ရှိ နေလေ၏။ သို့သော် အားလုံး အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးသည် စစ်မှန်ခြင်း နတ်ဘုရား ကျင့်ကြံသူ သုံးယောက်နှင့် ယှဉ်ကာ တိုက်ခိုက် နေသည်ကို မြင်လျှင် တစ်ယောက်မျှ နောက်မဆုတ် ကြတော့ပေ။ ထိုသူက ကောင်းကင်ဖွေရှာ နန်းတော် ပထမဂိုဏ်းချုပ် ဖြစ်ပြီး ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့၏ ပဲ့ကိုင် ဖြစ်လေသည်။

သင်္ဘောပျံသည် ကောင်းကင် ပင်လယ်ကို ဖြတ်သန်း၍ အင်ပါယာ ငါးခု နယ်မြေ အတွင်းသို့ ရောက်ရှိ လာလေသည်။ သင်္ဘောပျံပေါ်တွင် လူငါးယောက် ပါရှိလေသည်။ သူတို့မှာ ကောင်းကင် ပင်လယ်မှ ပြန်ရောက်လာ ကြသော မိုဝူကျီတို့ အုပ်စု ဖြစ်သည်။

နေ့အတော် အကြာတွင် သင်္ဘောပျံကား တျန်းရှန်း အင်ပါယာ နယ်နိမိတ် အတွင်းသို့ ချဉ်းကပ် လာလေ၏။

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး ... ကျုပ်တော့ တစ်ခုခု မှားနေတယ်လို့ ခံစား နေရတယ်။ ဟိုးဘက်မှာ သွေးမြူတွေက တိမ်တောင် ဖြစ်လာလောက်အောင် ကြီးမားနေပြီ ...” ဖူချန်း၏ ကျင့်ကြံဆင့်က အမြင့်ဆုံး ဖြစ်သည့်အတွက် သူက ယင်သင်္ချိုင်းမှ သွေးမြူများကို ပထမဆုံး သတိပြုမိသော သူ ဖြစ်၏။

မိုဝူကျီက ရပ်တန့် လိုက်လေသည်။ သူလည်း သွေးမြူများကို သတိပြုမိ၏။ အတော်အတန် ကွာဝေးသေး သော်လည်း သွေးမြူများ သွင်ပြင်က အမှန်ပင် ကြောက်လန့်ဖွယ် ကောင်းလှသည်။

“ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့နဲ့ နယ်ခြား ကျင့်ကြံသူတို့ တိုက်ပွဲ ဖြစ်နေတာ ဖြစ်မယ်။ အမြင်နဲ့တင် တိုက်ပွဲက တော်တော်လေး ပြင်းထန် နေတာပဲ ...” မိုဝူကျီက မိုးကြိုးမြူ တောတွင် ထိုသို့‌သော တူညီလှသည့် သွေးမြူများကို မြင်ဖူးခဲ့ရာ ထိုဖြစ်ရပ်ကို စိတ်ထဲတွင် ထင်းကျန်နေဆဲ ဖြစ်၏။

“ကျွန်မတို့တွေ ဘာလုပ်ကြမလဲ ...” စန်ယီပင်းက ကတိုက်ကရိုက် ထမေးလိုက်သည်။

သူမက မည်သို့ မစိုးရိမ်မိပဲ နေမည်နည်း။ သူတို့ လက်ရှိ စွမ်းအားဖြင့် တိုက်ပွဲထဲ ရောက်သွားသည့် အခိုက်အတန့် “ဝက်သတ်ရုံ  လွှတ်လိုက်သည့် ဝက်များသဖွယ်” အသတ်ခံ ရလိမ့်မည်။ သူတို့ အသတ်ခံ ရနိုင်ခြေမှာ ၇၀ရာခိုင်နှုန်းမှ ၈၀ရာခိုင်နှုန်း အထိ ရှိ၏။ အကယ်၍ တျန်းဂျီဂိုဏ်းသာ ကောင်းကောင်း ရှိနေသေးပါက သေခြင်းတရားက သေခြင်း တရားမျှသာ ဖြစ်၏။ သို့သော် တျန်းဂျီဂိုဏ်း အတွက် လက်စား ချေဖို့ပင် မပြီးသေးခင် သူမအနေနှင့် သေဆုံးဖို့ရာ ဆန္ဒမရှိချေ။

မိုဝူကျီက တောင်ထိပ်တွင် သင်္ဘောပျံကို ဆင်းသက်လိုက်ပြီး …

“အားလုံး သွားကြမယ် ...”

အဖွဲ့က အတော် အလှမ်းကွာသည့် နေရာ ရောက်လာပြီးနောက် မိုဝူကျီက သိုလှောင် လက်စွပ်ထဲမှ မပြီးစီးသေးသည့် သင်္ဘောပျံကို ထုတ်လိုက်လေသည်။

“ဒါက တိုက်ပွဲ သင်္ဘောလား ...” စန်ယီပင်းက အားအကောင်းဆုံး မဟုတ်သော်လည်း သူမက အတွေ့အကြုံ အကြွယ်ဝဆုံး ဖြစ်၏။ တစ်ချက်တည်းဖြင့် သူမက ထိုအရာသည် ဧရာမ အာကာသ သင်္ဘောပျံ ဖြစ်ကြောင်း ပြောနိုင်လေသည်။

မိုဝူကျီက ခေါင်းညိတ်ပြ လိုက်ပြီး …

“ဟုတ်တယ်။ ဒါက တိုက်ပွဲသင်္ဘောပဲ။ ဒါပေမဲ့ ဒီသင်္ဘောက မပြီးစီးသေးဘူး။ အစတုန်းက သုံးမျက်လုံးရှင် ဒူတာကို ဖိတ်ပြီးတော့ ပြင်ဆင် ချင်စေခဲ့တာ ပြီးရင် လိန်မျိုးနွယ်စုကို ဖျက်ဆီးပစ်မယ်။ ဒါပေမဲ့ အခုတော့ ဒီသင်္ဘောပေါ်က အစိတ်အပိုင်း တချို့ အရင်တပ်ဆင် ထားရအောင်။ သင်္ဘောက မပျံနိုင်ပေမဲ့ နယ်ခြား ကျင့်ကြံသူတွေ ရုတ်တရက် ရောက်လာရင် ကြောင်သွားမှာပဲ ...”

သင်္ဘောအကြောင်း ဖော်ပြထားသော အက္ခရာ အမျိုးမျိုးတွင် သင်္ဘောက ပျံသန်း၍ မရကြောင်း ရေးထိုးထားသည်။ မပျံနိုင်သည့် သင်္ဘောပျံ တစ်စင်း အမှိုက်သဖွယ် ဖြစ်၏။

ကံကောင်းသည်က သင်္ဘောပေါ်တွင် အမြောက်များ ပါရှိနေသည့် အပြင် ခဲယမ်း အမျိုးမျိုးလည်း ပါရှိ၏။ အကယ်၍ သူတို့သာ အမြောက်များကို တပ်ဆင်နိုင်ပါက သူတို့သည် သူတို့ကိုယ် သူတို့ ကာကွယ်ဖို့ရာ ပြဿနာ မရှိလောက်ချေ။

“ဘယ်လောက်တောင် အံ့ဩဖို့ ကောင်းလိုက်တာလဲ ...” ဖူချန်းက သင်္ဘောပေါ် ရောက်ရှိသွားကာ အမြောက်များကို တအံ့တဩ ကြည့်နေလေ၏။

“အရင်ဆုံး ဒီအမြောက်တွေကို တပ်ဆင်ရအောင်၊။ အရေးကြီးဆုံးက ရောင်ခြည် အမြောက်၊ ရွှေရောင်အလင်း အမြောက်နဲ့ ကောင်းကင်မီးတောက် အမြောက်တို့ပဲ ...” မိုဝူကျီက အမြောက် သုံးမျိုးကို ညွှန်ပြရင်း ပြောလိုက်သည်။

နောက်တစ်ခု ကံကောင်းသည်က သင်္ဘော၏ အမြောက်များက တည်ဆောက် ထားပြီးပြီ ဖြစ်၍ တပ်ဆင်ဖို့ရာ အရမ်း ရှုပ်ထွေးသော ကိစ္စရပ် မဟုတ်ချေ။ ထို့အပြင် မိုဝူကျီက အစီအရင်များ အကြောင်း ဗဟုသုတ ရှိလေသည်။ လေးနာရီအတွင်း ငါးယောက်သာ အမြောက် ၁၆လက်ကို တပ်ဆင်ပြီး သွားလေပြီ။

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး ... ကျွန်မတို့တွေ ဒီနေရာက စောင့်နေမှာလား ...” စန်ယီပင်းက မိုဝူကျီ တစ်ယောက် အမြောက်များ နောက်တွင် ခဲယမ်းများ နေရာချ နေသည်ကို မြင်၍ မေးကြည့်လိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြ လိုက်ပြီး …

“ငါတို့တွေ ဒီမှာ စောင့်ကြမယ်။ တိုက်ပွဲ ပြီးသွားတာနဲ့ ငါတို့တွေ ထွက်သွားကြမယ် ...”

မိုဝူကျီက တိုက်ပွဲ အခြေအနေကို ရှင်းရှင်းလင်းလင်း သိ၏။ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့သည် ရှုံးသည် ဖြစ်စေ၊ နိုင်သည် ဖြစ်စေ သူတို့အတွက် ယခု ထွက်သွားဖို့ရာ ကိစ္စကောင်း တစ်ခုတော့ မဟုတ်ချေ။

အကယ်၍ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့သာ နိုင်သွားခဲ့ပါက နယ်ခြား ကျင့်ကြံသူများက နေရာအနှံ့ ထွက်ပြေး ကြလိမ့်မည်။ အကယ်၍ သူတို့သာ အစစ်အမှန်ရေ ကျင့်ကြံသူနှင့် တွေ့ဆုံပါက သေခြင်းတရားကို တွေ့သည်နှင့် အတူတူ ဖြစ်၏။ အကယ်၍ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့သာ ရှုံးသွားပါက နယ်ခြား ကျင့်ကြံသူများလည်း နေရာအနှံ့ ဝရုန်းသုန်းကား သောင်းကျန်း ကြလိမ့်မည်။ ထိုအခါလည်း သူတို့သည် အားကောင်းသည့် ကျင့်ကြံသူများနှင့် တွေ့ဆုံ နိုင်သေး၏။

ပုန်းကွယ်ဖို့ နေရာရှာခြင်းက အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်လိမ့်မည်။ သို့သော် မိုဝူကျီက ဤတိုက်ပွဲသည် သာမန်ထက် ထူးခြား နေကြောင်း သတိထားမိ၏။ ကြည့်ရသည်မှာ နယ်ခြား ကျင့်ကြံသူတွေ အတွက် အင်ပါယာ ငါးခုကို မထိန်းချုပ်ခင် နောက်ဆုံး တိုက်ပွဲအလား ဖြစ်၏။ အကယ်၍ သူ ပုန်းနေပါက တိုက်ပွဲ၏ နောက်ဆုံး ရလဒ်ကို မသိဘဲ ဖြစ်သွားကာ သူ့အနာဂတ် မှာလည်း မသေချာ၊ မရေမရာ ဖြစ်သွားပေ လိမ့်မည်။

ဤနေရာတွင် ရပ်နေသည်က တိုက်ပွဲ ရလဒ်ကို ပြောနိုင်လိမ့်မည်။ ထိုအခါမှ ထွက်ပြေးဖို့ရာ ဦးတည်ချက် တစ်ခုကို ရွေးနိုင်လိမ့်မည်။

စိတ်ထဲတွင် မိုဝူကျီက တိုက်ပွဲ အတွင်းသို့ သွားကာ စိတ်ရှိလက်ရှိ သတ်ပစ် ချင်နေသည်။ သို့သော် ထိုသို့ လုပ်ဆောင်ပါက လုံးဝ အသုံးမဝင် ကြောင်းကိုလည်း သိ၏။ သူ့စွမ်းဆောင်ရည် များမှာ တိုက်ပွဲ၏ နောက်ဆုံး ရလဒ်ကို ပြောင်းလဲပစ် နိုင်သည့်အထိ အားမကောင်း သေးပေ။

အကယ်၍ ဤသင်္ဘောသာ ပျံနိုင်ပါက သူသည် ထိုသို့ လုပ်ဆောင် နိုင်လိမ့်မည်။ သို့သော် ထိုသို့ လုပ်ပါက သူ့သင်္ဘောကို လက်လွှတ် ရလိမ့်မည်။

ယင်သင်္ချိုင်းတွင် ကောင်းကင်ဖွေရှာ နန်းတော်၏ ဂိုဏ်းချုပ် ပိုင်စုတင်းက သူမကိုယ်တိုင် ရန်သူ လေးယောက်နှင့် ရင်ဆိုင် နေရသည်။ ရန်သူ လေးယောက်က သူမကို ဝန်းရံထားပြီး ကမူးရှူးထိုး တိုက်ခိုက် နေကြသည်။ သူမ၏ ခုခံရေး မှော်ရတနာကြောင့်သာ မဟုတ်ပါက သူမက ပျောက်ကွယ် သွားလောက်လေပြီ။

ထိုစဉ် ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ဘက်မှ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူကား အဆုံးသတ် ရောက်ရှိသွား၍ ပိုင်စုတင်းကို ဝန်းရံနေသည့်သူ ဦးရေမှာ တိုးပွား လာလေသည်။ အညံ့ဆုံး ကျင့်ကြံသူပင် ပိုင်စုတင်း၏ ခုခံရေး မှော်ရတနာက မည်မျှ အားကောင်း စေကာမူ သူမအနေနှင့် ထပ်၍ မတောင့်ခံ နိုင်တော့မှန်း ပြောနိုင်လေ၏။

ကြီးမြတ်ရန်ကျုံး ဂိုဏ်း၏ ဂိုဏ်းချုပ်မှာလည်း စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ သုံးယောက်က ပိတ်ထားသဖြင့် အခက်အခဲ ဖြစ်နေလေသည်။ သူက ပိုင်စုတင်းကို မကူညီနိုင်သေးပေ။

“ဂိုဏ်းချုပ်ပိုင် ... အခု ထွက်သွားတော့ ကျုပ်တို့တွေ စီနီယာကို ကာကွယ်ဖို့ ကူညီပေးမယ်။ စီနီယာ အသက် ရှင်နေသရွေ့ ကျုပ်တို့ ပျောက်ဆုံး နယ်မြေရဲ့ မျှော်လင့်ချက် ဖြစ်နေမှာပဲ။ နောင်ကျ ပြန်လာပြီးတော့ လက်စားချေပေးဖို့ ကူညီပေး ...” ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့သား တစ်ဦးက ရုတ်တရက် အော်ဟစ် လိုက်လေသည်။

ချက်ချင်း ဆိုသလို ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့သားတွေက ပိုင်စုတင်းကို ထွက်ပြေးဖို့ရာ တောင်းဆိုလာ ကြလေသည်။ အကြောင်းမှာ ထိုကျင့်ကြံသူ ပြောသည်က အမှန်ဖြစ်၏။ ပိုင်စုတင်းသည် ပျောက်ဆုံး နယ်မြေ၏ အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်၏။

သူမက ပျောက်ဆုံးနယ်မြေ တစ်ခုလုံးတွင် လူသား အဆင့်လွန်ဆုံး၊ မြေကမ္ဘာ အဆင့်လွန်ဆုံးနှင့် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ၃အထိ ရောက်ရှိထားသော တစ်ဦးတည်းသော ကျင့်ကြံသူ ဖြစ်၏။ သူမက စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူများတွင် အငယ်ဆုံးလည်း ဖြစ်နေပြန်သည်။ အကယ်၍ ဤတိုက်ပွဲသာ ဖြစ်မလာပါက သူမက ထွက်လာမည် မဟုတ်ပေ။

“ငါ ပိုင်စုတင်းက ပျောက်ဆုံး နယ်မြေရဲ့ ငါ့ရဲဘော် ရဲဘက်တွေနဲ့ အတူ သေသည်အထိ တိုက်ခိုက်နိုင်တယ်။ ဒါက ငါ ပိုင်စုတင်းရဲ့ အကြီးမားဆုံး ဂုဏ်ယူစရာပဲ။ မင်းတို့ အတွက်လည်း ဂုဏ်ယူစရာ ဖြစ်မှာပါ။ ဒါပေမဲ့ သေတဲ့အထိ တိုက်တဲ့ ပိုင်စုတင်းပဲ ရှိမယ်။ လူကြောက် ပိုင်စုတင်းတော့ မရှိဘူး ... ဒီနေ့ ဒီနေရာမှာ ငါက ပျောက်ဆုံး နယ်မြေအတွက် တိုက်ခိုက်ပြီးတော့ ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူး ...”

“တိုက်ကြ ဘယ်တော့မှ နောက်မဆုတ်ကြေး ...” ပိုင်စုတင်း စကားများက ပျောက်ဆုံးနယ်မြေ ကျင့်ကြံသူများ ကြားတွင် လှုံ့ဆော်မှု ဖြစ်စေသည်။ အားလုံက သူတို့ဘဝတွင် နောက်ဆုံး မြင်နိုင်သည့် အလင်းရောင်မှန်း သိလိုက်ကြသည်။

“မင်းတို့တွေက ငါတို့ မျောလွင့်ကြယ်ဆီ အညံ့ခံဖို့ စိတ်ကူး မရှိမှတော့ ငါတို့တွေလည်း ယဉ်ကျေး မနေတော့ဘူး။ သူတို့အားလုံးကို အပြတ် သုတ်သင်ပစ်လိုက်။ ဂျာအက် ငါတို့ဘက်က ကျင့်ကြံသူ ၁၀၀၀၀ကို ထုတ်ခဲ့တော့။ ပြီးရင် မင်းမြင်သမျှ အားလုံးကို သတ်ပစ်။ ငါတို့ မျောလွင့်ကြယ်က အဲဒီလို လူတွေ မလိုအပ်ဘူး။ ငါတို့မှာ ကိုယ်ပိုင်လူတွေ ရှိပြီးသား ...” ဂါဘာက ပိုင်စုတင်းသည် သူမ မသေခင် ပျောက်ဆုံးနယ်မြေမှ ကျင့်ကြံသူများကို သူ၏ မျောလွင့်ကြယ် ကျင့်ကြံသူများအား သတ်ဖြတ်စေရန် လှုံဆော်ပေးခဲ့ သဖြင့် ဒေါသ အလိပ်လိုက် ထွက်လာလေသည်။

မျောလွင့်ကြယ်က အားသာနေခြင်း ဖြစ်၍ ရလဒ်မှာ ဆုံးဖြတ်ပြီး သွားလေပြီ။ ကျင့်ကြံသူ ၁၀၀၀၀ကို ပို့လွှတ်ခြင်းသည် ကြီးမားသည့် သက်ရောက်မှု မရှိချေ။ အချုပ်အားဖြင့် ပျောက်ဆုံးနယ်မြေ ကျင့်ကြံသူများ စိတ်ဓာတ်ကို ဖျက်ဆီးပစ်ရုံသာ ဖြစ်၏။ ထို့အပြင် ပျောက်ဆုံး နယ်မြေမှ ကျင့်ကြံသူများ အားလုံး ဤနေရာတွင် စုစုစည်းစည်း ရှိသောကြောင့် ထိုလူ ၁၀၀၀၀သည် သူတို့စိတ်ထဲ ရှိသည့်အတိုင်း သတ်ဖြတ်၍ ရလေသည်။

“ဟုတ် ...” ရွှေရောင်ခြုံထည်နှင့် အမျိုးသားက ရှေ့ထွက် လာလေသည်။ သူ့ခန္ဓာမှ ဝိညာဉ် စွမ်းအားများ က စူးရှလှ၍ သူသည် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်မှန်း သိသာစေ၏။

“ငါ့ကို ပြောစမ်း ... မင်းတို့တွေ ဒီနေရာက ထွက်သွားရင် ဘာလုပ်ကြမလဲ ...” ဂါဘာက ကျယ်လောင်စွာ အော်လိုက်သည်။

ရွှေရောင် ခြုံထည်နှင့် အမျိုးသားက လေးနက်စွာ ပြန်ဖြေလိုက်သည်။

“ဂိုဏ်း၊ မြို့တော်၊ သေမျိုး အကုန်လုံးကို ဖျက်ဆီးပစ်မယ်။ ကြက်တစ်ကောင်၊ ခွေးတစ်ကောင်တောင် အလွတ်မပေးဘူး ...”

“အရမ်း ကောင်းတယ်။ ဆက်လုပ် ...” ဂါဘာက ခေါင်းညိတ်၍ ပြောလိုက်သည်။

ရွှေရောင်ခြုံထည်နှင့် အမျိုးသားက တုံ့ပြန်လိုက်ပြီး လက်ကို ပြကာ တိုက်ပွဲ သင်္ဘောများကို ယင်သင်္ချိုင်းဆီ ပို့ဆောင် လိုက်တော့သည်။ သင်္ဘော တစ်ခုချင်းစီတွင် သွေးသံရဲရဲ အငွေ့အသက်များ ဖုံးလွှမ်းနေသည့် သွေးဆာနေသော နယ်ခြား ကျင့်ကြံသူများ ပါဝင်လေသည်။

***

All Chapters