လောက အင်မော်တယ်အဆင့်
Vol. 17 Ch. 232
ယန်မြို့တော် အပြင်ဘက်တွင် ပျော်ပွဲရွှင်ပွဲများကား နေရာတိုင်းတွင် ကျင်းပ နေလေသည်။ မြောက်များစွာသော ကျင့်ကြံသူများက ယင်သင်္ချိုင်း၌ အသတ် ခံလိုက်ရပြီး နယ်ခြား ကျင့်ကြံသူ အားလုံးလည်း အသတ် ခံလိုက်ရလေသည်။ ထိုသည်က အောင်ပွဲ ခံသင့်သော အခါသမာယ ဖြစ်လေ၏။
ဂိုဏ်းအကြီးကြီးများ၏ ဂိုဏ်းချုပ် အချို့ကို ကျန်းမိုနယ်မြေ အဆင့်မြင့် ကျင့်ကြံသူများ အတွက် ပွဲလုပ်ပေးသည့် အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြား ထားလေသည်။ ကျင့်ကြံသူ အများစုမှာလည်း ယန်မြို့တော် တစ်ဝိုက်တွင် စုစည်းနေကြသည်။
ယန်မြို့တော်၏ အင်မော်တယ် ကျောက်စိမ်း အိမ်တော်တွင် လူများဖြင့် စည်ကားလျက် ရှိလေသည်။ ထိုစဉ် အခြားသော ကျင့်ကြံသူများနှင့် ရန်ငြိုးရန်စ ရှိနေလျှင်ပင် အားလုံးက အတူတကွ ပျော်ရွင်စွာ ဆင်နွှဲနေကြလေသည်။
မိုဝူကျီတို့ ငါးယောက်အဖွဲ့ ယန်မြို့တော်သို့ ရောက်လာသည့် အခါ ပျော်ပွဲရွှင်ပွဲများကို မြင်လိုက်ရ၍ အဖြစ်အပျက်ကို ကြောင်သွားကြလေသည်။
“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး ဘာဖြစ်တာလဲ”
စန်ယီပင်းက နားမလည်စွာ မေးလိုက်သည်။
“အရင် ကြည့်ကြည့် ကြတာပေါ့”
မိုဝူကျီက ခေါင်းခါပြလိုက်ရင်း သူလည်း ဘာဖြစ်နေမှန်း မသိပေ။ သူ့တွက်ချက်မှုများ အရ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့သည် တိုက်ပွဲကို ရှုံးမည် ဖြစ်သော်လည်း သူ့အား အံ့ဩ စေသည်က မဟာမိတ် အဖွဲ့က အပြတ်သတ် အနိုင်ရလာခြင်း ဖြစ်၏။
သူတို့က ယန်မြို့တော် အလယ်သို့ တိုးဝင် သွားလာ ကြလိုက်သည့် အခါ လူအုပ်များ၏ ဆွေးနွေးမှုများကို ကြားရင်း လက်ရှိ အခြေအနေကို နားလည် သွားကြလေသည်။
ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့က ရှုံးခါနီး ဖြစ်ကာ ပျောက်ဆုံးနယ်မြေ တစ်ခုလုံး နယ်ခြား ကျင့်ကြံသူတွေ လက်ထဲ ပါသွားဆဲဆဲတွင် ကျန်းမိုနယ်မြေမှ အဆင့်မြင့် ကျင့်ကြံသူများ ရောက်လာ ကြလေသည်။
“ကျန်းမို နယ်မြေက အကြီးအကဲ လက်ကလေး မြောက်လိုက်ရုံနဲ့ တစ်ဖက်က လူသောင်းချီ ပြီးတော့ သေကုန်ကြတာ။ စစ်မှန်ခြင်း နတ်ဘုရား အဆင့်တွေတောင် ပါတယ်။ ချက်ချင်းကို အသတ် ခံလိုက်ရတာပဲ”
“မိတ်ဆွေ မင်းအပိုတွေ ပြောနေတာလား။ ငါက တိုက်ပွဲ မသွားခဲ့ပေမဲ့ ကျန်းမိုနယ်မြေမှာ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ ဆယ်ယောက်တောင် မရှိဘူးဆိုတာ သိသေးတယ်။ ပြီးတော့ လက်တစ်ဖက်တည်းနဲ့ ကျင့်ကြံသူ သောင်းချီကို သတ်ဖို့က နည်းနည်းတော့”
“ဒီလူက နည်းနည်းတော့ ပိုပြောနေသလို ဖြစ်နေပေမဲ့ အဲဒီ အကြီးအကဲက စစ်မှန်ခြင်း နတ်ဘုရား အဆင့်က ကျင့်ကြံသူတွေကို လက်တစ်ဖက်တည်းနဲ့ သတ်ခဲ့တာ။ ကျုပ်ကိုယ်တိုင် မြင်ခဲ့တာ”
“ဘယ်အဆင့်များ ဖြစ်နေမလဲ”
“ကျုပ်ကြားတာတော့ လောက အင်မော်တယ် အဆင့်တဲ့”
“လောကအင်မော်တယ်အဆင့်က ဘာကြီးလဲ”
“လောက အင်မော်တယ် အဆင့်က စစ်မှန်ခြင်း နတ်ဘုရား အဆင့် အထက်က ဆိုတော့ ငါက ဘယ်လိုလုပ် သိမှာလဲ”
မိုဝူကျီက လောက အင်မော်တယ် အဆင့်ကို မသိသော်လည်း အနည်းဆုံးတော့ နယ်ခြား ကျင့်ကြံသူများကို ကျန်းမိုနယ်မြေ အဆင့်မြင့် ကျင့်ကြံသူများ ရှင်းပစ် လိုက်ကြောင်း သိလိုက်ရ၏။
ကြည့်ရသည်မှာ ကျင်းကုမူ တစ်ယောက် ကျန်းမိုနယ်မြေတွင် တွေ့ခဲ့ရသော ကျင့်ကြံသူများက အဆင့်မြင့် ကျင့်ကြံသူများ မဟုတ်လောက်ပေ။ မဟုတ်လျှင် သူ့အတွက် လက်ရှိ အနေအထားဖြင့် ကောင်းကင် ပင်လယ်ကို ဖြတ်၍ ကောင်းကင် ဘူးသီးကျွန်းသို့ ရောက်ရှိလာရန် ခက်ခဲပေလိမ့်မည်။
“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး”
စန်ယီပင်းနှင့် အခြားလူများက အဖြစ်အပျက်ကို နားလည်ပြီးနောက် မိုဝူကျီကို ကြည့်လိုက် ကြလေသည်။ မိုဝူကျီက ချက်ချင်း ပြန်ဖြေလိုက်လေသည်။
“ကျုပ်တို့တွေ ဒီနေရာက ထွက်သွားကြမယ်။ ကျုပ်က အခုထိ ကောင်းကင်ဖွေရှာ နန်းတော် တပည့်ပဲ ရှိသေးတာ ဆိုတော့ ကောင်းကင်ဖွေရှာ နန်းတော်ကို အရင် သွားရမယ်။ ကျုပ် ဂိုဏ်းက ထွက်လာတာနဲ့ တျန်းဂျီ ဂိုဏ်းကို ပြန်လည် ထူထောင်ကြမယ်”
ယန်မြို့တော်တွင် အခမ်းနားဆုံး နေရာမှာ တျန်းရှန်းနန်းတော် ဖြစ်၏။ သို့သော်လည်း ပျောက်ဆုံး နယ်မြေမှ ကျန်းမို နယ်မြေ ကျင့်ကြံသူများကို ကြိုဆိုသည့် နေရာတော့ မဟုတ်ချေ။ တျန်းရှန်း အင်ပါယာ ဧကရာဇ် ကျောင်းတန်ကို ဖိတ်ကြား ထားသော်လည်း အဝေးနေရာတွင် ထိုင်ရလေသည်။
ဤစားပွဲသောက်ပွဲ အခမ်းအနားမှာ ကျန်းမို နယ်မြေ အဆင့်မြင့် ကျင့်ကြံသူများကို ကြိုဆိုသည့် အနေနှင့် ကျင်းပပေးခြင်း ဖြစ်သည့်အတွက် ဧကရာဇ် နေရာတွင် ထိုင်နေသူမှာ ပိုင်စုတင်းလည်း မဟုတ်ချေ။ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ထဲမှ ဂိုဏ်းချုပ်များက အကြောင်းအရင်းကို နားလည်လေ၏။ ကျန်းမိုနယ်မြေ ကျင့်ကြံသူများ ရှေ့တွင် ပျောက်ဆုံး နယ်မြေမှာ စကား ပြောခွင့်ပင် မရှိချေ။
ပိုင်စုတင်းနှင့် အခြားလူများကို အံ့ဩ စေသည်က ဧကရာဇ်နေရာတွင် ထိုင်နေသူမှာ လောက အင်မော်တယ် အဆင့် ရောက်နေသည့် မုတ်ဆိတ်ဖြူ အမျိုးသား မဟုတ်ဘဲ ခရမ်းရောင် ဝတ်ရုံနှင့် ခန့်ညား ချောမောသည့် လူငယ်လေး ဖြစ်နေသည်။
ခရမ်းရောင် ဝတ်ရုံနှင့် လူငယ်လေးက အခန်းအတွင်းမှ အားလုံးကို ဝှေ့ကြည့် လိုက်ပြီးနောက် ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်လေသည်။
ကျုပ်တို့က ကိုယ့်ဘာသာ မိတ်ဆက် ပေးပါရစေ။ အားလုံးက ကျုပ်တို့တွေက ကျန်းမိုနယ်မြေက ဆိုတာ သိကြမှာပါ။ အမှန်တော့ ကာကွယ်သူ ရှုပြောသလိုပါပဲ ကျုပ်တို့တွေက မတူညီတဲ့ နယ်မြေတွေက ဖြစ်ပေမဲ့ တူညီတဲ့ ဂြိုလ်ပေါ်မှာ နေနေကြတာပဲလေ။ ကျန်းမို နယ်မြေမှာ ကြီးမြတ်တဲ့ နေရာတစ်ခု ရှိတယ်။ အားလုံးကတော့ ကြယ်တာရာ ဘုရင်တောင်လို့ ခေါ်ကြတယ်။ ကျန်းမို နယ်မြေထဲမှာ ကြယ်တာရာ ဘုရင်တောင်က ပျောက်ဆုံး နယ်မြေထဲက ကောင်းကင်ဖွေရှာ နန်းတော်လို နေရာမျိုးပဲ။ ကျုပ်ကတော့ ကြယ်တာရာ ဘုရင်တောင်ကနေ လွတ်လိုက်တဲ့ သံတမန်ပါ။ အားလုံးက ကျုပ်ကို ရှားမူလို့ ခေါ်နိုင်ပါတယ်”
ပြောပြီးနောက်တွင် သူ လက်ဝဲဘက်တွင် ရှိနေသော မုတ်ဆိတ်ဖြူ အမျိုးသားကို ညွန်ပြလိုက်ပြီး
“ဒါကတော့ ကြယ်တာရာ ဘုရင်တောင်ရဲ့ ကာကွယ်သူ ရှုချီဟောင်ပါ။ အကြီးအကဲရှုက ကျုပ်လေးစားရတဲ့ တစ်ယောက်ပဲ”
ထိုအချိန်တွင်ရှားမူက ခဏ ရပ်လိုက်ပြီး သူက ပိုင်စုတင်းကို ကြည့်လိုက်သည်။ သူက သူ့လက်ယာဘက်မှ လူကို ဆက်လက် မိတ်ဆက် မပေးသေးပေ။ အခြားသော ကျန်းမိုနယ်မြေ ကျင့်ကြံသူများ ကိုလည်း မိတ်ဆက် မပေးပေ။
ပိုင်စုတင်းက မတ်တတ်ရပ်ကာ ပြောလိုက်လေသည်။
“ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ ပိုင်စုတင်းက သံတမန်ရှားနဲ့ ကာကွယ်သူ ရှုတို့နဲ့ ကျန်းမိုနယ်မှ အကြီးအကဲ အားလုံးကိုလည်း နှုတ်ဆက်ပါတယ် ...”
ပိုင်စုတင်းက ကောင်းကင်ဖွေရှာ နန်းတော်၏ ပထမ ဂိုဏ်းချုပ် ဖြစ်ကာ သူမက ထရပ်ကာ နှုတ်ဆက် လိုက်သောကြောင့် အခြားသော ဂိုဏ်းချုပ်များလည်း ထို့နည်း၎င်း နှုတ်ဆက် ကြရသည်။
နှုတ်ဆက်မှု ပြီးဆုံး သွားသည်နှင့် ရှားမူက တိတ်ဆိတ်စွာ ရှိနေဆဲ ဖြစ်၏။ သူက ဂိုဏ်းအမျိုးမျိုးမှ နှုတ်ဆက်မှုများကို မကြားလိုက်ရသည့်အလား သူ့မျက်နှာတွင် တည်ငြိမ်သော အမူအရာ ရှိနေ၏။
ပျောက်ဆုံး နယ်မြေမှ ဂိုဏ်းချုပ်များမှ သည်းမခံ နိုင်တော့ပေ။ သူတို့က အနည်းငယ် အားနည်း သော်လည်း ဤနေရာသို့ လာရောက် ကြသော သူများမှာ ကောင်းကင် တစ်ပိုင်းအဆင့် ဂိုဏ်းချုပ်များ ဖြစ်ကြလေသည်။ အဆိုးရွားဆုံး လူပင် မြေကမ္ဘာအဆင့် ထိပ်တန်း ဂိုဏ်းတစ်ခုမှ ဂိုဏ်းချုပ်များ ဖြစ်၏။
ရှားမူ၏ လက်ယာဘက်တွင် ထိုင်နေသော မျက်နှာနီနီ အမျိုးသားက ရုတ်တရက် ထပြော လိုက်လေသည်။
“ပိုင်စုတင်း မင်းက ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ ဂိုဏ်းချုပ် ဖြစ်ပြီးတော့ သံတမန်ရှား ရှေ့မှာ ပဝါနှင့် ပြောတာက လေးစားမှုမရှိတာ မဟုတ်ဘူးလား”
အခန်းအတွင်း လေထုက ချက်ချင်း ဆိုသလို လေးလံလာကာ အားလုံးက သံတမန်ရှား စကားပြော ရပ်သွားသည့် အကြောင်းအရင်းကို နားလည် သွားကြလေသည်။ သူက ပိုင်စုတင်းကို ပဝါ ဖယ်ရှား စေလိုခြင်း ဖြစ်၏။ ကောင်းကင်ဖွေရှာ နန်းတော် ဂိုဏ်းချုပ်အနေနှင့် ပိုင်စုတင်းက ပျောက်ဆုံး နယ်မြေ တစ်ခုလုံးကို ကိုယ်စား ပြုလေသည်။ ပိုင်စုတင်းကို ပဝါ အတင်း ဖယ်ရှား ခိုင်းသည်က သူမ တစ်ယောက်တည်း အပေါ် သက်ရောက်ခြင်း မဟုတ်ပေ။
သူမက ဤသို့သော နေရာမျိုးတွင် ပဝါကို အတင်းကြပ် ဖယ်ရှား ခိုင်းခံရမည်နည်း။
ဖိအားနှင့် တိတ်ဆိတ်မှုများသာ အခန်းအတွင်း ကြီးစိုး လာလေသည်။ အောင်ပွဲ ခံနေသည့် အခြေအနေက ချက်ချင်း ပျောက်ကွယ် သွားလေတော့သည်။ ခဏအကြာတွင် ပိုင်စုတင်းက မတ်တပ်ရပ်၍ ရှားမူကို ဦးညွတ်ကာ
“စုတင်းက ကျွန်မရဲ့ တာအိုလမ်းစဉ် မပြီးခင် အချိန်အထိ တခြားသူတွေ ရှေ့မှာ ပဝါကို မဖယ်ဘူးလို့ ကျိန်ဆို ထားလို့ပါ။ ကျွန်မရဲ့ တာအိုမိတ်ဖက်ကပဲ ကျွန်မ ပဝါကို ဖယ်ရှားပိုင်ခွင့် ရှိတယ်။ သံတမန် ရှားက ကျွန်မ ဆန္ဒလေး နားလည် ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ရှားမူ မျက်နှာက မည်းမှောင်လာပြီး မျက်နှာမှ အပြုံးများလည်း ပျောက်ကွယ် သွားလေသည်။ ထိုအရာက တခြားသူများကို ဖိအား ဖြစ်စေသည်။ မျက်နှာနီနီ အမျိုးသားက ရယ်မောလိုက်ပြီး
“အဲဒါက အရမ်း ရိုးရှင်းပါတယ်။ သံတမန်ရှားက မင်းကို ကြယ်တာရာ ဘုရင်တောင်ကို ဝင်ခွင့် ပြုလိမ့်မယ်။ ဝင်ခွင့်ရတာနဲ့ မင်းရဲ့ တာအိုလမ်းစဉ် ပြီးမြောက်ဖို့ အတွက် စိုးရိမ်နေစရာ လိုပါ့မလား။ သံတမန်ရှားက အခု ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ၄ ရောက်နေပြီ။ မင်းသာ ကြယ်တာရာ ဘုရင်တောင်ကို ဝင်တာနဲ့ မင်းလိုမျိုး အရည်အချင်းနဲ့ ဆိုရင် သံတမန် ရှားနဲ့အတူ လောက အင်မော်တယ် အဆင့်ကို သေချာပေါက် တက်လှမ်းနိုင်မှာပဲ”
ရှားမူက ကျေနပ်စွာ ခေါင်းညိတ် ပြလိုက်သည်။
ကျန်လူများက “လောကအင်မော်တယ် အဆင့်” ကို ကြားသောအခါ ဂိုဏ်းချုပ်များ အားလုံးတွင် အလိုရှိသော အမူအရာများ ဖြစ်လာကြလေသည်။ သူတို့အထဲတွင် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ရောက်ဖို့ပင် မလွယ်ကူလှပေ။ တစ်ချိန်တည်းတွင် ရှားမူ၏ အရည်အချင်းကို အံ့ဩတကြီး ဖြစ်ရလေသည်။ ရှားမူက ထိုမျှ အသက် မကြီး သေးသော်လည်း သူက အမှန်တကယ် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ၄ ရောက်ရှိနေလေပြီ။ ပိုင်စုတင်းပင် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ၃ သာ ရောက်သေး၏။
ပိုင်စုတင်း မျက်လုံးများက “လောက အင်မော်တယ်အဆင့်” ဟူသော စကားလုံးကို ကြားသောအခါ လင်းလက် သွားလေသည်။ ထိုအရာက သူမ အမြဲတမ်း မျှော်လင့် နေသည့်အရာ ဖြစ်၏။
ရှားမူ အမူအရာက ငြိမ်ကျသွားကာ ပိုင်စုတင်းအကြည့်ထဲမှ အားတက်မှုကို သတိထားမိ၍
“စီမံခန့်ခွဲရေးမှူး ချိန် ပြောတာ မှန်တယ်။ တကယ်လို့ မင်းသာ ကြယ်တာရာ ဘုရင်တောင်ကို ဝင်မယ်ဆိုရင် မင်းက ကျုပ်နဲ့အတူ လောက အင်မော်တယ် အဆင့်ကို ရောက်ရစေမယ်လို့ အာမခံတယ်။ လောက အင်မော်တယ် အဆင့်ကို လောက အင်မော်တယ် ဘုရင် အဆင့်လို့လည်း သိကြတယ်။ လောက အင်မော်တယ် အဆင့်မှာ မင်းတာအို လမ်းစဉ်လည်း ပြီးဆုံး လိမ့်မယ်လို့ ယုံကြည်တယ်”
သူက လက်ထပ်ပွဲကို မရည်ညွှန်းသော်လည်း အားလုံးက ရှားမူ ဆိုလိုရင်းကို သိကြလေသည်။ ရှားမူက ပိုင်စုတင်း၏ စွဲဆောင်မှု ရှိသည့် သွင်ပြင်နှင့် အရည်အချင်းတို့တွင် စိတ်လှုပ်ရှား မိသွားခြင်း ဖြစ်ရလိမ့်မည်။ သူမအတွက် ကျန်သည်က ပဝါကို ဖယ်ရှားရုံသာ ဖြစ်လေ၏။ နောက်တစ်ဆင့်မှာ သူသာ ကျေနပ်သွားပါက လက်ထပ်ပွဲ အတွက် ကမ်းလှမ်း နိုင်ခြင်း ဖြစ်နိုင်၏။
ပိုင်စုတင်းက ရှားမူ ဆိုလိုရင်းကို နားလည်လေ၏။ သူမက အသံကို နိမ့်ကာ
“သံတမန်ရှားရဲ့ အရည်အချင်းတွေက ကျွန်မ မြင်ဖူးသမျှထဲ အသာလွန်ဆုံးပါ။ သူ့တည်ရှိမှုမျိုးက လူသားကြားက နဂါးတစ်ကောင် လိုပါပဲ။ သံတမန်ရှားလို ထူးချွန်တဲ့ အမျိုးသား တစ်ယောက်က မိတ်ဖက်တွေ အများကြီး ရှိမှာပဲ။ အဲဒါကို ဘာလို့ သာမန် ကျင့်ကြံသူ ဖြစ်တဲ့ ကျွန်မကို ရွေးချယ် ရတာပါလဲ”
အသာအယာ ပြုံးလိုက်ရင်း ရှားမူက ပြန်ဖြေလိုက်သည်။
“ညီမစုတင်း မင်းက သာမန် အမျိုးသမီး တစ်ဦး မဟုတ်ပဘူး။ မင်းအလှတရားကို ထည့်မတွက် ရင်တောင် မင်းအသက်က ကျုပ်နဲ့ သိပ်မကွာဘူး။ ပြီးတော့ မင်းက လူသား အဆင့်လွန်ဆုံးကို ကျော်ဖြတ် လာပြီးတော့ အခု စစ်မှန်ခြင်း နတ်ဘုရား အဆင့် ၃ ကို ရောက်နေပြီ ဆိုတော့ မင်းအရည်အချင်းတွေက ကျုပ်လောက် ကောင်းတယ်။ ပြီးတော့ ကျုပ်တာအို ကျင့်ကြံခြင်းမှာ မိတ်ဖက် နည်းနည်း ရှိတာက ပုံမှန်ကိစ္စပဲလေ။ မင်းလည်း ကြယ်တာရာ ဘုရင်တောင်ကို ဝင်တာနဲ့ မင်းလည်း အရောင်သွေး စုံလင်လာလိမ့်မယ်”
ထိုစကားလုံးများက စိတ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်ရာ ရှားမူအတွက် သူ့အနေအထား အရ မျက်စိအာရုံ ဖြစ်မိသည့် သူမှာ သူ့တာအို မိတ်ဖက် အတွက် သူ့ကျင့်ကြံဆင့်ကို မှီခို၍ မဟုတ်ဘဲ ကိုယ်တိုင် ပါရမီရှိခြင်းကို လိုချင် နေလေသည်။ ကျန်းမိုနယ်မြေ တစ်ခုလုံးတွင် သူ့တာအို မိတ်ဖက် ဖြစ်ချင်ကြသော အလှပဂေးများမှာ ရေတွက်၍ မကုန်နိုင်ပေ။ သို့သော် သူက စိတ်ထဲပင် မထားပေ။ သူ့အမြင်အရ သူသည် တစ်ရက်၌ ကြယ်တာရာ ဘုရင်တောင်ကို အုပ်ချုပ်ရမည် ဖြစ်ကာ ကြယ်တာရာ ဘုရင်တောင်၏ ကြယ်တာရာ သခင် တစ်ယောက် အတွက် တာအိုမိတ်ဖက် အနည်းငယ် မရှိသင့် ပေဘူးလား ...
အကယ်၍ တစ်ယောက်တည်း ရှိနေမှသာ ပြက်လုံး ဖြစ်နေလိမ့်မည်။ သူ့တာအို မိတ်ဖက်များက ရုပ်ရည် ကြည့်ကောင်းရုံသာ မက အရည်အချင်းလည်း လိုအပ်လေသည်။ သူက လူသား အဆင့်လွန်ဆုံးကို မရောက်ရှိခဲ့ပေမဲ့ သူက ယွမ်ဒန် အဆင့် ၁၀ နှင့် အစစ်အမှန်ရေ အဆင့် ၁၀ တို့ကိုတော့ ရောက်ရှိခဲ့လေသည်။ ထို့ကြောင့် သူ့အတွက် မြေကမ္ဘာ အဆင့်လွန်ဆုံး အထိ ရောက်ရှိဖို့ရန် အခွင့်အရေး များလှသည်။ ထို့အပြင် သူ့ကို ဝိညာဉ် ကြည့်ရှုခြင်း ပညာရပ် လေ့ကျင့် ခံထားရသဖြင့် ပိုင်စုတင်းသည် လူသား အဆင့်လွန်ဆုံး ရောက်ခဲ့သည့် အကြောင်းကို ပြောနိုင် လေသည်။
သို့သော်လည်း သူက ပိုင်စုတင်းကို သူက နောက်ကြယ်တာရာသခင် ဖြစ်မည့် အကြောင်း တိုက်ရိုက်ပြော၍ မဖြစ်ပေ။ သူ့မိတ်ဖက်များထဲမှ တစ်ယောက် ဖြစ်လာခြင်းသည် သူမအတွက် ဂုဏ်ယူစရာ ဖြစ်လိမ့်မည်။ ထိုနေရာ အဆင့်အတန်းမှာ ကြယ်တာရာ ဘုရင်တောင်တွင် အမျိုးသမီး သခင် ဆရာများနှင့် တူညီလေသည်။ ထို့အပြင် သူက ကြယ်တာရာ သခင် ဖြစ်လာနိုင်ချေ ရှိသော်လည်း မသေချာသေးပေ။ ပိုင်စုတင်းအတွက် သူမ နှစ်သက်နေသောသူလည်းမရှိသေး၍ ရှားမူက သူမကို နှစ်သက်သည်ဆိုလျှင် သူတို့နှစ်ယောက် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
သို့သော်လည်း သူမက ရှားမူ၏ အများထဲမှ တစ်ယောက် ဖြစ်မည့် အကြောင်း ကြားသောအခါ ချက်ချင်း နားလည်သွားကာ
“သံတမန်ရှားရဲ့ ကြင်နာမှုအတွက် ကျေးဇူး တင်ပါတယ်။ စုတင်းက အမြဲတမ်း ကျင့်ကြံခြင်း အပေါ်မှာပဲ အာရုံ စိုက်ထားချင်တဲ့ အတွက် တာအို မိတ်ဖက်ရှာဖို့ အစီအစဉ် မရှိသေးပါဘူး။ ကြယ်တာရာ ဘုရင်တောင်ကို ဝင်ခွင့်ရဖို့၊ မရဖို့က စုတင်းကံကိုသာ ပုံအပ် ထားပါ့မယ်။ ကျရှုံး ခဲ့ရင်လည်း ကျွန်မ ကံမကောင်းတာ ဖြစ်မှာပါ”
ထိုအရာကို ကြားပြီး ရှားမူစိတ်ထဲ လေးလံ သွားလေသည်။ သူက ကြင်နာမှုကို ငြင်းပယ်ရဲသည့် ပိုင်စုတင်းလို အမျိုးသမီးမျိုး မတွေ့ဖူးသေးပေ။ ကောင်းကင်ဖွေရှာ နန်းတော်က ထိုမျှ အံ့အားသင့်ဖို့ ကောင်းနေလို့လား ... သူက အမိန့်တစ်ချက် ပေးလိုက်ရုံဖြင့် ကောင်းကင်ဖွေရှာ နန်းတော်သည် မြေခနိုင်လေ၏။
လေထုက သိပ်သည်း လာသောကြောင့် မုတ်ဆိတ်ဖြူ အမျိုးသားက ရုတ်တရက် ပြောလိုက် လေသည်။
“ဒီကိစ္စတွေကို တစ်ဖက် ထားကြစို့။ ကျုပ်တို့ ရောက်လာတဲ့ အကြောင်းပြချက်က အဲဒါတွေ မဟုတ်သေးဘူး။ သံတမန်ရှားက ပြောဖို့ အချိန်မရတော့ ကျုပ်ပဲ ပြောပါ့မယ်”
အစပိုင်း စိတ်မကျေမနပ် ဖြစ်နေသည့် ရှားမူက ပုံမှန် ပြန်ဖြစ်သွားကာ ကာကွယ်သူရှု နှင့်အတူ လိုက်ပါရင်း ပြောလိုက်လေသည်။
“အကြီးအကဲရှု ပြောတာ မှန်တယ်။ ကျုပ်က အရဲတင်းလွန်း မိသွားတယ်။ ဂိုဏ်းချုပ်များကို တည့်တည့်ပဲ ပြောပါ့မယ်။ ကျုပ်က ကြယ်တာရာ ဘုရင်တောင်ကို ကိုယ်စား ပြုပြီးတော့ ဒီနေရာကို ရောက်လာခဲ့တာ။ နယ်ခြား ကျင့်ကြံသူတွေကို မောင်းထုတ်ရုံ အပြင် ကျုပ်မှာ လက်ရှိ ကိစ္စနှစ်ခု ကျန်သေးတယ်”
***