ကောင်းကင်လှေကားထစ်ကို နောက်တဖန် စိမ်ခေါ်ခြင်း
Vol. 17 Ch. 234
ကျန်းမိုနယ်မြေ ပါရမီရှင် ရွေးချယ်ပွဲသည် ကြီးမြတ်ရန်ကျုံး ဂိုဏ်းချုပ် ကျန်းရှုရှန်းနှင့် ကောင်းကင်ဖွေရှာ နန်းတော် ဖုန်းကျန့်ချိုးတို့က တာဝန် ယူထားရသည်။ ပိုင်စုတင်းကို ချမှတ် ထားသော်လည်း သူမက စိတ်ဝင်စားခြင်း မရှိပေ။
ယန်မြို့တော် ကွက်လပ်တွင် ကျယ်ဝန်းသော်လည်း ယှဉ်ပြိုင်ပွဲ စင်ဆယ်ခုနှင့် အတူ အဓိက စင်မြင့်နှင့် လူအုပ်ကြီးကို ပေါင်းထည့် လိုက်သောအခါ ကျဉ်းကျပ် သွားလေ၏။
ရှားမူနှင့် ရှူချီဟောင်တို့က အလယ်ပင်မ စင်မြင့်တွင် ရှိနေကြလေသည်။ သူတို့က ပျောက်ဆုံး နယ်မြေမှ ကျင့်ကြံသူများ၏ အရည်အချင်းကို ကြည့်ရန်နှင့် အကဲဖြတ်ရန် ရောက်ရှိနေကြခြင်း ဖြစ်သည်။ ကျင်းရှုရှန်း၊ ဖုန်းကျန့်ချိုးနှင့် ပျောက်ဆုံးနယ်မြေမှ အခြားသော အကဲဖြတ် ဒိုင်များမှာ လက်ဝဲဘက်နှင့် လက်ယာဘက် စင်နှစ်ခုတွင် ရှိနေကြသည်။
“စလိုက်တော့ ...”
ရှားမူက ကျန်းရှုရှန်းကို ခေါင်းညိတ် ပြလိုက်ရင်း တိုတိုတုတ်တုတ် ပြောလိုက်လေသည်။ ကျန်းရှုရှန်းက မတ်တတ် ရပ်ကာ ရှားမူနှင့် ရှုချီဟောင်တို့ကို အရိုအသေ ပေးလိုက်ပြီး အလယ် စင်မြင့်တွင် ကြေညာရန် တက်လာလိုက်သည်။ ရှားမူက ကောင်းကင်ဖွေရှာ နန်းတော်ကို ပို၍ နေရာ ပေးသော်လည်း ကျန်းရှုရှန်း အနေနှင့် ဂရုမစိုက်ဟန် ရှိနေသည်။ သို့သော် လက်တွေ့တွင် သူက ကောင်းကင်ဖွေရှာ နန်းတော်သည် ကြီးမြတ်ရန်ကျုံးထက် အထက် ရောက်နေသည့် အချက်ကို မကျေမနပ် ဖြစ်နေလေ၏။ တူညီလှစွာ ရှားမူကိုလည်း သူက သိပ်မကျေနပ်လှပေ။
“ကျုပ်တို့ ပျောက်ဆုံးနယ်မြေရဲ တာအို ရောင်းရင်းများနှင့် ကျင့်ကြံသူများကို နှုတ်ဆက်ပါတယ်။ ဒီနေ့ ကျုပ်တို့တွေက ကျန်းမိုနယ်မြေက စီနီယာတွေကို တကယ် ကျေးဇူးတင်ရမယ်။ သူတို့သာ အချိန်ကိုက် ပေါ်မလာခဲ့ရင် ကျုပ်တို့ ပျောက်ဆုံးနယ်မြေက နယ်ခြား ကျင့်ကြံသူတွေ လက်ထဲ ကျရောက် သွားလောက်ပြီ။ တာအိုရောင်းရင်းတို့လည်း ကျုပ်လိုမျိုး ဆိုတာ ယုံကြည်တယ်။ ကျုပ်တို့ အားလုံးက ပျောက်ဆုံး နယ်မြေထဲက အမွေအနှစ်တွေ လစ်ဟာနေတယ် ဆိုတာလည်း သိကြတယ်။ ကံကောင်းတာက ကျန်းမိုနယ်မြေက ကျုပ်တို့ကို အခွင့်အရေး ပေးလိုက်တာပဲ။ ဒီတစ်ကြိမ်မှာ လူအယောက် ၁၀၀ ကို လက်ခံပေးလိမ့်မယ်။ ပျောက်ဆုံးနယ်မြေ အတွက် မျှော်လင့်ချက် ဖြစ်ရုံမကဘဲ ကျင့်ကြံသူတိုင်း အတွက်လည်း အဖိုးတန်တဲ့ အခွင့်အရေး တစ်ခုလို့ ကျုပ်ယုံတယ်”
ကျန်းရှုရှန်း စကားများ ဆုံးသွားသောအခါ လက်ခုပ် ဩဘာသံများ ဆူညံ သွားလေသည်။ သူ့နောက်ဆုံး စကားမှာ အမှန်ဖြစ်ကြောင်း သိသာလှသည်။
“ကျုပ်က အားလုံးကို ကျန်းမိုနယ်မြေဆီ သွားပြီးတော့ ကြီးမြတ်တဲ့ တာအိုတွေကို ရှာဖွေနိုင်မယ်လို့ မျှော်လင့်မိတယ်။ ဒါပေမဲ့ ကျုပ်တို့မှာ အချိန်နဲ့လူ ကန့်သတ်ချက် ရှိတော့ ရေစက်ပါတဲ့ အယောက် ၁၀၀ ကို ရွေးချယ်သွားမယ်။ ကျုပ်တို့ သတ်မှတ် ထားတာက အနည်းဆုံး လူသားအဆင့်လွန် ဖြစ်ပြီးတော့ အသက်အားဖြင့် ၅၀ မကျော်ရဘူး ...”
မျှော်လင့်ထားသည့် အတိုင်း ကျန်းရှုရှုန်းက ရွေးချယ်မှု စံနှုန်းကို ကြေညာလိုက်သည့် အခါ ယန်မြို့တော် နေရာတစ်ခုလုံး ဆူညံသံများ ဖုံးလွှမ်းသွားလေသည်။ လူတော်တော်များများက ထိုစံနှုန်းကို မကြိုက် နှစ်သက်သည်မှာ သိသာလှသည်။
ကျန်းရှုရှုန်က လက်ကို မြှောက်လိုက်ပြီး လူအုပ်ကြီးကို ငြိမ်ဖို့ အချက်ပြလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်လေသည်။
“အများစုက ဝင်ပါဖို့ရာ အရည်အချင်း မပြည့်ကြပေမဲ့ အနာဂတ်မှာ အခွင့်အရေး မရှိဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ နောင်ကျ ဒီရွေးချယ်ပွဲကို သုံးနှစ်တစ်ကြိမ် ဒြပ်ငါးမျိုး ကင်းမဲ့နယ် ပြိုင်ပွဲနဲ့ အတူတူ ကျင်းပလိမ့်မယ်။ နောင်လိုအပ်ချက်က ပိုများလာနိုင်တယ်။ ကျန်းမိုနယ်မြေကို သွားဖို့ရာလည်း အခွင့်အလမ်း ပိုများ လာလိမ့်မယ်။ အခုတော့ ဂိုဏ်းချုပ်ဖုန်းက စည်းမျည်းတွေကို ရှင်းပြပါလိမ့်မယ် ...”
ကျန်းရှုရှုန်း စကားများကို ကြားပြီးနောက် ယခင် အုတ်အော်သောင်းနင်း ဖြစ်နေရာက ငြိမ်ကျသွားလေသည်။
စင်မြင့်ပေါ်ကို လျှောက်လှမ်း လာသူက ပိုင်စုတင်း မဟုတ်ဘဲ ဖုန်းကျန့်ချိုး ဖြစ်နေသည်ကို သတိထားမိသောအခါ ရှားမူက မျက်မှောင် ကြုတ်သွားလေသည်။ သို့သော်လည်း ရှုချီဟောင်က ဘာမှ မပြောသောအခါ သူလည်း တိတ်တဆိတ်သာ နေရတော့၏။ အမှန်မှာ သူက သံတမန် ဖြစ်သော်လည်း လောက အင်မော်တယ် အဆင့်သည် တစ်မူထူးသော တည်ရှိမှုမျိုး ဖြစ်၏။ သူက သံတမန် ဖြစ်နေလျှင်ပင် သူက ကာကွယ်သူရှုကို လေးစားရ၏။
ဖုန်းကျန့်ချိုးက ကျင့်ကြံသူများကို လက်နှစ်ဖက် ယှက်လျက် နှုတ်ဆက်လိုက်ကာ ချက်ချင်း လိုရင်းကိုသာ ပြောလိုက်တော့သည်။
“အချိန် ကန့်သတ်ချက်နဲ့ ဆိုတော့ ရွေးချယ်ပွဲအတွက် စာရင်း သွင်းတာတွေ မရှိတော့ဘူး။ စံနှုန်း ပြည့်မှီတဲ့ မည်သူမဆို စင်ပေါ် လာရောက်လို့ ရပါတယ်။ ကျုပ်တို့က ပြိုင်ပွဲဝင် ဆယ်ဦးကို ရွေးချယ် ပြီးသွားပြီ။ သူတို့က ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ အဆင့်ဇယားက ထိပ်ဆုံး ဆယ်ယောက်ပဲ”
ဖုန်းကျန့်ချိုး စကားများကို လူအုပ်ကြီးမှ လက်ခုပ် ဩဘာသံများ ချီးမြင့် လိုက်ကြသည်။ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ အဆင့်ဇယားမှ ထိပ်ဆုံးဆယ်ယောက်သည် ပြိုင်ပွဲဝင်များ ဖြစ်နေကြောင်းကို မည်သူမျှ ကန့်ကွက်ခြင်း မရှိပေ။ ထိုလူများသည် သူတို့ကိုယ်ပိုင် အရည်အချင်းဖြင့် ဤနေရာအထိ ရောက်ရှိ လာလေ၏။
နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို တွေ့ခွင့်ရဖို့ မျှော်လင့် နေကြသူများလည်း ရှိကြသည်။ သူတို့သည် အဆင့်ဇယားတွင် နံပါတ်တစ် ယူထားနိုင်သော နယ်လှည့် ကျင့်ကြံသူက မည်သူ ဖြစ်နေမည်ကို သိချင်နေကြသည်။
ဖုန်းကျန့်ချိုးက စင်မြင့်ဆယ်ခုကို ညွှန်ပြပြီး ပြောလိုက်သည်။
“ဆယ်ယောက် စင်ပေါ်ကို တက်လို့ ရပါပြီ။ စင်မြင့်တွေကို စိမ်ခေါ်ချင်တဲ့ မည်သူမဆို တက်လို့ ရပါတယ်။ ဆက်တိုက်နိုင်ခဲ့ရင် နောက်တစ်ဆင့်ကို တက်လှမ်းသွားမှာပါ။ အဖြုတ်ခံရတဲ့ ပွဲလည်း ရှိတဲ့အတွက် ရှုံးတာနဲ့ ရွေးချယ်ပွဲက ထွက်သွားပေးရမှာ ဖြစ်ပါတယ်။ အမွေးတိုင် တစ်တိုင်အတွင်း စိမ်ခေါ်မဲ့သူ မရှိဘူးဆိုရင် အနိုင်ရရှိသူက အလိုလို နောက်တစ်ဆင့်ကို ရောက်သွားမှာပါ”
အားလုံးက စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။ ဤယှဉ်ပြိုင်ခြင်း နည်းလမ်းက မြန်ဆန်သော်လည်း ရက်စက်လှ၏။ သူတို့ စင်ပေါ်သို့ သွားလိုက်သည်နှင့် ရှုံး၍ မရတော့ချေ။ တိုက်ပွဲ တစ်ပွဲ ရှုံးနိမ့်ခြင်းသည် သူတို့ပြိုင်ပွဲ တစ်ခုလုံးကို အရှုံး ပေးလိုက်ရခြင်းသာ ဖြစ်နေ၏။
ဖုန်းကျန့်ချိုး စကား ပြီးဆုံး သွားသည်နှင့် ကျင့်ကြံသူ ခြောက်ယောက်က စင်ပေါ်သို့ တက်လာ ကြလေသည်။ ဖုန်းကျန့်ချိုးက ကျန်စင်အလွတ် နေရာများကို ကြည့်၍ မေးလိုက်သည်။
“ကျန်လေးခုရော”
အကဲဖြတ် တစ်ယောက်က ထရပ်ကာ ဖုန်းကျန့်ချိုးကို ပြောလိုက်သည်။
“အဆင့် (၄) ကောင်းချီ၊ အဆင့် (၇) ရှမြှောင်၊ အဆင့် (၉) စွန်းချန်းလဲ့တို့က ယင်သင်္ချိုင်း တိုက်ပွဲမှာ သေဆုံး သွားကြပြီ။ ပြီးတော့ အဆင့် (၁) နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ သတင်းလည်း မကြားရသေးဘူး”
အကဲဖြတ် အသံက နူးညံ့မှု မရှိသောကြောင့် နေရာမှ လူအားလုံး ကြားနိုင်လေသည်။ ယန်မြို့တော်တွင် ဆူညံနေသော အသံများမှာ အနည်းငယ် ငြိမ်ကျသွားလေ၏။ ဖုန်းကျန့်ချိုးသည် ရှားမူ အမူအရာကို မြင်သောအခါ ကျယ်လောင်စွာ ကြေညာ လိုက်တော့သည်။
“ပျောက်ဆုံးနယ်မြေရဲ့ များပြားလှတဲ့ သူရဲကောင်းတွေကို ယင်သင်္ချိုင်း တိုက်ပွဲမှာ ဆုံးရှုံး ခဲ့ရတယ်။ ဒါပေမဲ့ သူတို့သွေးနဲ့ သေခြင်း တရားတွေကို အလဟဿ မဖြစ်စေဘဲ အမြင့်ကို တက်လှမ်းဖို့ လိုအပ်တယ်။ သူတို့နေရာကို ယူပြီးတော့ ကျုပ်တို့ရဲ့ ကုန်းမြေ၊ နယ်ပယ်ကို ကာကွယ်ကြရမယ် .... ”
“ဟုတ်တယ် ... ကျုပ်တို့ နေရာကို ကာကွယ်ကြရမယ် ...”
နေရာတစ်လျောက် ဝက်ဝက်ကွဲ အော်သံများနှင့် ဆူညံ သွားလေသည်။ ပြိုင်ပွဲအတွက် မျှော်လင့်ချက် အပြင် မျိုးချစ်စိတ်များ နှိုးကြွား လာလေသည်။ ဖုန်းကျန့်ချိုးက ခေါင်းညိတ်ပြကာ ထပ်ပြော လိုက်လေသည်။
“အဆင့် ၁၁ ကနေ ၁၄ ကျင့်ကြံသူတွေက နေရာ ယူပေးကြပါ”
လူနှစ်ယောက်သာ တက်လာ၍ ဖုန်းကျန့်ချိုးက အဆင့် ၁၈ ထိ ခေါ်လိုက် ရလေသည်။ ထိုမှသာ စင်မြင့် ဆယ်ခုလုံး လူပြည့်သွားလေ၏။
ထိုသည်က ဖုန်းကျန့်ချိုး အမူအရာကို လေးလံစေရုံမက ပျောက်ဆုံးနယ်မြေ တစ်ခုလုံးမှ ကျင့်ကြံသူများလည်း စိတ်ဓာတ် ကျသွားကြသည်။ ဤတိုက်ပွဲ အတွင်း ပါရမီရှင်နှင့် သူရဲကောင်းမည်မျှ ပျောက်ကွယ် သွားပြီနည်း။
“စိမ်ခေါ်မှုကို စတင်ကြစို့ ...”
စင်ဆယ်ခုလုံး လူစုံသည့်အခါ ဖုန်းကျန့်ချိုးက ကြေညာ လိုက်ပြီးနောက် နောက်ပြန်ဆုတ် သွားလိုက်သည်။
ပြိုင်ပွဲ စတင်ဖို့ရာ စောင့်နေသည့် ရှားမူက ခေါင်းမခါဘဲ မနေနိုင်တော့ပေ။ စွမ်းဆောင် နိုင်ကြသည့် အဆင့် ၂ နှင့် အဆင့် ၃ မှလွဲ၍ ကျန်လူများကို သူ့မျက်လုံးထဲပင် မရှိပေ။
နယ်ခြား ကျင့်ကြံသူများ၏ တိုက်ပွဲကြောင့် ကောင်းကင်ဖွေရှာ နန်းတော်မှ အင်အားနည်းသည့် ကျင့်ကြံသူများက ဂိုဏ်းက ထွက်ကုန်ကြလေသည်။ နေ့လယ်ပင် လူတချို့ကိုသာ မြင်တွေ့ နိုင်လေသည်။
ညရောက်လာသည့် အခါ လူပြတ်လှ၏။
ထိုစဉ် ကောင်းကင်ဖွေရှာ လှေကားထစ်ပေါ်တွင် မှိန်ဖျော့ဖျော့ ကျရောက်နေသာ လရောင်အပြင် မိုဝူကျီသာ ရှိလေသည်။ ကောင်းကင်ဖွေရှာ လှေကားထစ် ဘေးနေရာတွင် ကောင်းကင်ဖွေရှာ အဆင့်ဇယား ရှိလေ၏။ ဇယားရှိ နံပါတ်တစ် နေရာမှာ ကုန်းကျိဟန် ဖြစ်နေဆဲ ဖြစ်သည်။
မိုဝူကျီက ပြုံးလိုက်လေ၏။ သူက လူသားအဆင့်လွန် အဆင့်တွင် မဟုတ်တော့လေရာ ကောင်းကင်ဖွေရှာ လှေကားထစ်ကို စိမ်ခေါ်ကြည့်ခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သေလည်။ အကယ်၍ သူသာ နောက်နယ်ပယ် တစ်ခုတွင် ဖြစ်နေပါက ကောင်းကင်ဖွေရှာ လှေကားထစ်မှ ဖိအားများသည် အဆများစွာ တိုးသွားလိမ့်မည်။
မိုဝူကျီက ကောင်းကင် လှေကားထစ်များကို ကြည့်လိုက်ပြီး ထိပ်ဆုံးသည် တွေးမကြည့် နိုင်လောက်အောင် မြင့်မားလွန်း၍ မမြင်နိုင်ပေ။ သူ့စိတ်ခံစားချက်များကို စုစည်းပြီးနောက် မိုဝူကျီက ကောင်းကင်ဖွေရှာ လှေကားထစ်၏ ပထမအထစ်ကို စတင် တက်လှမ်း လိုက်တော့သည်။
အား အနည်းငယ်ကို ခံစားမိ၏။ သို့သော် လွှမ်းမိုးနိုင်စွမ်းတော့ မရှိသည့် အတွက် မိုဝူကျီက ဒုတိယ လှေကားထစ်ကို တက်လှမ်း လိုက်လေသည်။ သူက ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်တွင် ရှိစဉ်က ဒုတိယအထစ်ကို တက်လှမ်းဖို့ရာ ပြဿနာ တစ်ခုတလေမျှ မရှိခဲ့ချေ။ ယခုအခါတွင် ပိုနည်းလေသည်။ သူက ချီသွေးကြော ၁၀၁ ခုမြောက်နှင့် လူသား အဆင့်လွန်ဆုံး အဆင့်တွင် ဖြစ်၏။
အသက်ရှူကြိမ်ရေ အနည်းငယ်အတွင်း မိုဝူကျီက လှေကားထစ် ၂၀ ကို ကျော်ဖြတ်၍ ၂၁ ထစ်သို့ ရောက်ရှိ သွားလေပြီ။ ထိုစဉ် ဖိအားများက အဆမတန် မြင့်တက် လာသော်လည်း မိုဝူကျီအတွက် များစွာ သက်ရောက်မှု မရှိသေးပေ။
အမွေးတိုင် တစ်ဝက်စာခန့်တွင် မိုဝူကျီက လှေကားထစ် ၅၃ ကို ကျော်လွန်၍ ၅၄ ထစ်သို့ ရောက်ရှိသွားလေ၏။
မိုဝူကျီက လှေကားထစ်ဘေးမှ ကျောက်တုံးအဖြူကို တွေ့သောအခါ သူသာ သူ့နာမည်ကို ထိုအပေါ်တွင် ရေးလိုက်ပါက ကောင်းကင်ဖွေရှာ အဆင့်ဇယား ၅၀ ယောက်မြောက်တွင် သူ့နာမည် ပေါ်လာလိမ့်မည်။ အကြောင်းမှာ သူက ဇယား၌ ချိန်စုယင်နာမည်ကို မြင်ဖူးလေရာ သူမက အဆင့် ငါးဆယ်ဖြစ်၍ လှေကားထစ် ၅၄ ထစ်သို့ ရောက်ခဲ့ပေလိမ့်မည်။ မိုဝူကျီက ချိန်စုယင်သည် အမွေးတိုင် တစ်ဝက်ခန့် အချိန်တွင် ထိုမျှ မစွမ်းဆောင်နိုင်ကြောင်း သေချာလေသည်။
ဖိအားက မနည်းပါးသော်လည်း မိုဝူကျီအတွက် များလှချည်တော့ မဟုတ်သေးပေ။
၅၅ ထစ် ... ၅၆ ထစ် ...
သူ အပေါ် တက်သွားတိုင်း ဖိအားနှင့် ဆွဲအားက များစွာ အားကောင်း လာလေသည်။ သူက ၆၇ ထစ်သို့ ရောက်ရှိသည့်အခါ သာမန် ဖိအားမျှသာ မဟုတ်တော့ပေ။ မိုဝူကျီကို လွင့်စဉ် သွားစေပြီး ပြုတ်ကျ သွားစေနိုင်သည့် တွန်းကန် အင်အားလည်း ပါဝင်လာလေသည်။
၆၈ ထစ် ... ၆၉ ထစ် …
နှစ်နာရီအတွင်း မိုဝူကျီက ၈၂ ထစ်တွင် ရပ်တန့် သွားလေသည်။ ရူးသွပ်လောက်သည့် ဖိအားနှင့် တွန်းကားအားတို့ ပေါင်းစပ် သွားသောအခါ မိုဝူကျီ ခြေထောက်များကို အနည်းငယ် တုန်ယင် လာစေသည်။ သူက အနည်းငယ် စိတ်ပျက်သွားရုံကလွဲ၍ မတတ်နိုင်ချေ။ မူလက သူသည် ၁၀၅ ထစ်သို့ ရောက်ချင်သော်လည်း သူ့ခြေထောက်များမှာ ၂၈၂ ထစ်နှင့်ပင် တုန်ယင်နေပြီ ဖြစ်၏။ သူက နောက်ထပ် ဆယ်ထစ်ကို တက်လှမ်းကောင်း တက်လှမ်း နိုင်လိမ့်မည်။ ထိုအရာက သူ့ကို ကောင်းကင်ဖွေရှာ အဆင့် ဇယားတွင် နံပါတ်တစ် ဖြစ်စေသော်လည်း သူ့အတွက် ၁၀၈ ထစ်ထိ ရောက်ဖို့က မဖြစ်နိုင်ချေ။
ဖြစ်နိုင်သည် ဖြစ်စေ၊ မဖြစ်နိုင်ဘူး ဖြစ်စေ သူက ကြိုးစားကြည့်ရမည်။ ကောင်းကင်ဖွေရှာ အဆင့်ဇယားမှ နံပါတ်တစ် အဆင့်သည် သူ အလိုရှိသော အရာမဟုတ်ချေ။ ဤဂုဏ်ပုဒ်က သူ့အတွက် လုံးဝ အသုံးမဝင်ချေ။
၈၃ ထစ် … ၈၄ ထစ် ...
ထိုစဉ် မိုဝူကျီက သူ့သဘာဝ စွမ်းအားများကို လှည့်ပတ်လိုက်ပြီး ပတ်ဝန်းကျင် နေရာကို အားကောင်းကောင်းဖြင့် တုန်ခါ စေလိုက်သည်။ သူ့ချီသွေးကြော ၁၀၁ ခုမြောက်မှ သဘာဝ စွမ်းအားများက စတင် စီးဆင်းလာပြီး သဘာဝစွမ်းအား လှည့်ပတ်ခြင်း အကွင်း ဖြစ်ပေါ်လာစေသည်။
၉၃ ထစ် ... ၉၄ ထစ် ...
“ဖူး ...”
မိုဝူကျီက ၉၅ ထစ်သို့ ရောက်ရှိသည့်အခါ သွေးတစ်ပွက် အန်ထုတ် လိုက်မိလေသည်။ ထိုမျှ အားကောင်းသော အင်အားက သူ့ကို ကောင်းကင်ဖွေရှာ လှေကားမှ ပစ်ချတော့မည့် အတိုင်း ခံစားနေရသည်။
နောက်ထပ် ဆယ်ထစ်သာ လိုတော့သည်။ မိုဝူကျီက သူ့နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြိး ခေါင်းကို မော့ကာ လှေကားထစ်များကို ကြည့်လိုက်လေသည်။
ဖိအားနှင့် တွန်းကန်အားတို့သည် အားကောင်းကောင်းဖြင့် ပေါင်းစပ်ထား၍ မိုဝူကျီ အရိုးများပင် “ဂျွတ်ခနဲ” စတင်၍ မြည်လာ ကြတော့သည်။ မိုဝူကျီ စိတ်ထဲမှ ဇွဲလုံ့လက ဖြည်းဖြည်းချင်း ထွက်ပေါ် လာတော့သည်။
ယခုအချိန်အထိ မိုဝူကျီသည် ဖိအား မခံမရပ်နိုင် မဖြစ်လာသရွေ့ စတင်၍ ဦးစွာ နောက်မဆုတ်ဖူးသေးပေ။ ယခု သူ့ခြေထောက်များက တုန်ယင်နေကာ သူ့အရိုးများပင် ကျိုးအက်ကုန်သော်လည်း သူက ဆက်လက် ရုန်းကန်နေဆဲ ဖြစ်၏။
၉၆ ထစ် ... ၉၇ ထစ် ...
မိုဝူကျီက ၉၈ ထစ်ထိ သူ့ကိုယ်သူ အတင်း ခြေချ နိုင်လိုက်သည်။ အကယ်၍ သူသာ အလိုအရှိပါက သူ့နာမည်ကို ချရေးကာ ထွက်သွားနိုင်ကြောင်း သိ၏။ ယခုအချိန်မှ
စ၍ နံပါတ်တစ်သည် ကုန်းကျိဟန် မဟုတ်တော့ဘဲ မိုဝူကျီသာ ဖြစ်တော့မည်။
အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး မိုဝူကျီက လက်လျော့ဖို့ရာ မရွေးချယ်ခဲ့ပေ။ သူက အားလုံးနှင့် ခြားနား လှသည်ဟု ခံစားနေရသည်။ သူက ၉၈ ထစ်သို့ ရောက်သည့်အခါ လှေကားထစ်မှ တွန်းဖယ်ခံရသလို ခံစား လိုက်ရသော်လည်း သူ့ခန္ဓာထဲမှ ချီသွေးကြော ၁၀၁ ခုမြောက်က သူတို့ကိုယ်သူတို့ လှည့်ပတ်လိုက်ကာ သဘာဝစွမ်းအားများဖြင့် သူ့ကို ထောက်ပံ့ ပေးထားလေ၏။
သူသည် ချီသွေးကြော ၁၀၀ ခုမြောက်နှင့် ၁၀၁ ခုမြောက်ကို ဖွင့်ပြီးသည့် အချိန်မှစ၍ ထိုသဘာဝသိုလှောင်ရေး လမ်းကြောင်းနှစ်ခုဖြင့် မိုဝူကျီသည် သူတို့၏ အကျိုးသက်ရောက်မှုကို ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်လေသည်။ ပုံမှန်အားဖြင့် ထိုချီသွေးကြော နှစ်ခုမှာ သူ့ ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းကိုသာ တိုးပွားအောင် ကူညီပေးလေ၏။ သို့သော် သူ့သဘာဝ စွမ်းအားများက အပြည့်အဝ ကုန်ခမ်းလာချိန်တွင် ထိုချီသွေးကြောနှစ်ခုက အစွမ်းပြလာလေသည်။
မသိသာသော ထိပ်ဆုံးကို နောက်တစ်ဖန် ကြည့်လိုက်ပြိး မိုဝူကျီက လက်သီးတင်းတင်း ဆုပ်ထားလိုက်လေသည်။ ထိုချီသွေးကြော နှစ်ခုဖြင့် သူသည် နှစ်လိုဖွယ် အံ့ဩမှု ရရှိနိုင်လိမ့်မည်။
***