← Chapters

အကျပ်ရိုက်နေသော ချိန်စုယင်

Vol. 17 Ch. 238

အကျပ်ရိုက်နေသော ချိန်စုယင်

Vol. 17 Ch. 238

ချိန်စုယင်က အံ့အား သင့်မိသွားသည်။ သူမက သံတမန်ရှားသည် သူမ၏ တာအို လက်တွဲဖော်ကို မေးလိမ့်မည်ဟု ထင်မထားပေ။ ထိုသည်က သူမကိုယ်ပိုင် ကိစ္စဖြစ်ကာ ထိုသို့ မေးခွန်း မေးဖို့ရာ သူက ဘယ်သူမလို့လဲ ...။

“မင်း မဖြေချင်ရင် မင်းစကားတွေက ကျုပ်ကို ဝေ့လည်ကြောင်ပတ် လုပ်တယ်လို့ ထင်မိလိမ့်မယ်။ ကျုပ်ရုပ်ရည်က အရမ်း ဆိုးရွားနေလို့ မင်းအမြင် မင်းနဲ့ မထိုက်တန်ဘူးလို့ ထင်နေတာလား”

ရှားမူ မျက်နှာမှ အပြုံးကား တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လေသံပင် အေးစက် လာလေသည်။

သူ့စိတ်ထဲမှ ဒေါသတရားက ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေသည်။ သူသည် တစ်ခါမျှ ထိုသို့ ဆက်ဆံမခံရဖူးပေ။ သူသည် ကြယ်တာရာ ဘုရင်တောင်မှ ဂုဏ်ဆောင် တစ်ယောက်ဖြစ်ကာ ကျန်းမိုနယ်မြေရှိ လူအားလုံးက လေးစားရသော တည်ရှိမှုမျိုး ဖြစ်လေ၏။ ပျောက်ဆုံး နယ်မြေကဲ့သို့ အမှိုက်သဖွယ် နယ်မြေ တစ်ခုက သူ့ကို နှစ်ကြိမ် ဆက်တိုက် ငြင်းပယ်ခဲ့လေသည်။

သူတို့က ကျုပ်ကို သူများ အသတ် မသတ်ရဲတဲ့ ဥပုဒ် စောင့်ထားတဲ့သူများ မှတ်နေသလား ....

ချိန်စုယင်က သူနှင့် မနီးမဝေးတွင် ရပ်နေသောကြောင့် ရှားမူ၏ လူသတ်ငွေ့များကို ခံစားမိလေသည်။ သူမက ခိုးကိုးရာမဲ့ ဖြစ်သွားလေသည်။ သူမ ကောင်းကင်ဖွေရှာ နန်းတော်သို့ ရောက်၍ ဓားရေကန်သခင် ရှန်းကုံကျန်း၏ တိုက်ရိုက် တပည့် ဖြစ်လာသည့်အထိ တစ်ယောက်မျှ သူမရုပ်ရည် သွင်ပြင်အတွက် ငမ်းငမ်းတက် မဖြစ်ရဲကြတော့ပေ။ ထို့ကြောင့် သူမက ကောင်းကင်ဖွေရှာ နန်းတော်တွင် သာမက အင်ပါယာ ငါးခုလုံးတွင် ထင်ရှားသော တည်ရှိမှုမျိုး ဖြစ်လာခြင်း ဖြစ်၏။

သို့သော် ယခုတွင် သံတမန်ရှားက သူမကို ခြိမ်းခြောက်နေခြင်း ဖြစ်သော်လည်း သူမ တတ်နိုင်သည့် အရာ မရှိတော့ချေ။ ချိန်စုယင်၏ မျှော်လင့်ချက် ကုန်ဆုံးမှုမှာ သူမကံတရား အပြောင်းအလဲ ကြောင့်သာ ဖြစ်၏။ တစ်ချိန်တည်းတွင် သူမက နယ်ခြား တိုက်ပွဲတွင် သူမဆရာ ရှန်းကုံကျန်း ပျောက်သွားမှုကိုသာ ညည်းညူ မိတော့သည်။

“ဟားဟား ...”

ဖုန်းကျန့်ချိုးက ရယ်မောလိုက်ပြီး လက်နှစ်ဖက် ယှက်ကာ ပြောလိုက်လေ၏။

“သံတမန်ရှား ဒေါသထိန်းပါဗျာ။ ဒီကလေး စုယင်ကို ကျုပ်နားလည်တယ်။ သူမက သံတမန်ရှား မေးခွန်းကြောင့်သာ မဟုတ်ဘူး ဆိုရင် သူမမှာ တာအိုလက်တွဲဖော် ရှိတဲ့ အကြောင်းတောင် ပြောမှာ‌တောင် မဟုတ်ဘူး။ သူမ တာအိုလက်တွဲဖော် အကြောင်းကို လူနည်းနည်းလေးပဲ သိကြတာ။ ကျုပ်က အဲထဲက တစ်ယောက်ပေါ့”

ချိန်စုယင်က ဖုန်းကျန့်ချိုးကို တအံ့တဩ ကြည့်လိုက်သည်။ သူမတွင် တာအိုလက်တွဲဖော် မရှိသေးချေ။ ထိုစကားများက ရှားမူကို အရူးလုပ်ဖို့သာ ရည်ရွယ်ထားခြင်း ဖြစ်၏။

ရှားမူ မပြောခင် ဖုန်းကျန့်ချိုးက ဆက်ပြောလိုက်လေသည်။

“တကယ်တော့ သံတမန်ရှားလည်း အဲဒီလူ နာမည်ကို သိပါတယ်”

“ကျုပ်လည်း သိတယ်လား။ ဘယ်သူများလဲ ...”

ရှားမူက ဖုန်းကျန့်ချိုးကို ကြောင်ကြည့်လိုက်ပြီး မေးလိုက်သည်။ လက်တွေ့တွင် ချိန်စုယင်သည် သူမ တာအိုလက်တွဲဖော် နာမည်ကို မပြောနိုင်၍ သူမက သူ့ကို ဝေ့လည်ကြောင်ပတ် လုပ်နေသည်ဟုသာ ထင်မြင် ခဲ့လေသည်။ ယခု ဖုန်းကျန့်ချိုးက ဝင်ပြောသောအခါ သူက အတော်လေး အံ့အား သင့်မိသွားသည်။

“သူက နယ်လှည့် ကျင့်ကြံသူပါ။ သူ့ နောက်ထပ် နာမည်တစ်ခုက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ တဲ့။ သူ့အပြုအမူတွေက အရမ်း လျှို့ဝှက်တော့ ချိန်စုယင်တောင် သူမ တာအိုလက်တွဲဖော် ဘယ်မှာ ရှိနေမှန်း မသိဘူး ...”

ဖုန်းကျန့်ချိုးက ရယ်ရယ်မောမော ပြောလိုက်လေသည်။

နယ်လှည့် ကျင့်ကြံသူ ၂၇၀၅သည် တစ်ခါသာ ပေါ်လာဖူးကာ သဲလွန်စမရှိဘဲ ပျောက်ပျောက် သွားတတ်၏။ ကောင်းကင်ဖွေရှာ နန်းတော်နှင့် ကြီးမြတ်ရန်ကျုံးတို့က ထိုအမျိုးသားကို ရှာဖွေ ကြသော်လည်း မရှာနိုင်ကြပေ။ ထို့ကြောင့် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို သုံးလိုက်ခြင်းသည် ရှားမူအတွက် အသင့်တော်ဆုံး ဖြေရှင်းနည်း ဖြစ်လေ၏။

ကောင်းကင်ဖွေရှာ နန်းတော်နှင့် ကြီးမြတ်ရန်ကျုံးတို့သည် ပျောက်ဆုံး နယ်မြေ၏ အားအကောင်းဆုံး ဂိုဏ်းများ ဖြစ်ကြသည်။ သူတို့ပင် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ၏ တည်နေရာကို မရှာနိုင်လျှင် ဖုန်းကျန့်ချိုးသည် ဤရှားမူလည်း သေချာ‌ပေါက် ရှာနိုင်မည် မဟုတ်ကြောင်း သေချာသည်။

ချိန်စုယင် စိတ်ထဲတွင် လေးလံ သွားလေသည်။ သူမက နည်းနည်းလေးမျှ မပျော်ရွင်ပေ။ သူမက ဖုန်းကျန့်ချိုး အကူအညီအတွက် ကျေးဇူး တင်သော်လည်း အခြားသော ကျင့်ကြံသူကိုပါ ဆွဲမချချင်ပေ။ သူမက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြင့် တစ်ခါမျှ မတွေ့ဖူးသေးပေ။ အကယ်၍ ဖြစ်နိုင်ပါက ဂိုဏ်းချုပ်ဖုန်းကို ထိုစကားများ မပြောရန် အလိုရှိ၏။ အကြောင်းမှာ ရှားမူသာ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို ရှာတွေ့သွားပါက သူက သေချာပေါက် အမွေးတိုင် တစ်တိုင်ခန့်ပင် အသက် ရှင်နိုင်မည် မဟုတ်ပေ။

သူမက ဖုန်းကျန့်ချိုး ရည်ရွယ်ချက်ကို သေချာသိ၏။ သူက ရှားမူသည် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို မရှာနိုင်လောက်ဘူးဟု ယုံကြည်နေဟန် ရသည်။ သို့သော် ထိုသို့သော အရာမျိုးကို တပ်အပ် မပြောနိုင်သေးပေ။

ထိုကိစ္စက ချိန်စုယင်ကို အပြစ်ရှိစိတ် ခံစားရ၍ အဆင်မပြေ ဖြစ်စေသည်။ သူမက အမြဲတမ်း စိတ်သန့်သန့်ဖြင့် ကျင့်ကြံခဲ့သည် ဖြစ်ရာ ဖုန်းကျန့်ချိုး စကားများက သူမ စိတ်နှလုံးကို အနာတရာ ဖြစ်စေသည်။

အကယ်၍ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅သာ သူမကြောင့် အသတ် ခံလိုက်ရပါက သူမ တစ်သက်လုံး မြှုပ်နှံထားသော တာအိုက ပျက်စီး သွားပေလိမ့်မည်။ အကယ်၍ သူ အဆင်ပြေ နေလျှင်ပင် ထိုအနာတရာက သူမ‌ အပေါ် သက်ရောက်မှု ရှိဆဲ ဖြစ်လိမ့်မည်။ သူမစရိုက်က ထိုသို့သော ကိစ္စမျိုးကို ခွင့်မပြု ပေးနိုင်ပေ။ သူမတာအိုတွင် အပြစ်ရှိစိတ်ကို မမွေးမြူနိုင်ပေ။

ထိုတာအိုကြောင့် သူမက အပြင်စည်း တပည့်ဆီမှ ကျင့်စဉ်ကို လဲလှယ် ယူခဲ့ကာ သူမအနေနှင့် အကောင်းဆုံး ကြိုးစား ခဲ့လေသည်။

ဂိုဏ်းချုပ်ဖုန်းက ထိုသို့စကားမျိုး ပြောလိုက် သော်လည်း သူမက မငြင်းဆန်နိုင်ပေ။ သူမ ငြင်းဆန်လိုက်လျှင် ရှားမူက ဂိုဏ်းချုပ်ဖုန်းကို သတ်ပစ်လိမ့်မည်။

အကယ်၍ သူမသာ အချိန် နောက်ပြန်သွားလို့ ရပါက သူမသည် တာအိုလက်တွဲဖော် အလို မရှိကြောင်းသာ ပြောမိလိမ့်မည်။ သူမတွင် ရှိနေပြီးသားဟူ ပြောလိုက်ခြင်းက တခြားသူများ အပေါ် သက်ရောက်မှု ရှိစေ၏။

ရှားမူက မျက်မှောင် ကြုတ်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။

“ကျုပ်မှတ်မိသလောက် သူက ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ နံပါတ်တစ်မလား”

ဖုန်းကျန့်ချိုးက မြန်မြန် ပြောလိုက်လေ၏။

“ဟုတ်ပါတယ်။ သူ့ အရည်အချင်းတွေက ထူးကဲပေမဲ့ ဂိုဏ်းက ထိန်းချုပ်တာမျိုးကို မကြိုက်ဘူး။ အဲဒါကြောင့် သူက နယ်လှည့် ကျင့်ကြံသူ ဖြစ်နေတာပါ။ အဲဒီလို အရည်အချင်းမျိုးနဲ့ ဂိုဏ်းအကြီးကြီးတွေတောင် သူ့မျက်လုံးထဲ မတိုးဘူး။ အမျိုးသမီးတွေ အပေါ် စံနှုန်းကလည်း မြင့်တာပေါ့”

ဖုန်းကျန့်ချိုးက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို ချီးကျူးရင်း မိန်းမလှလေး ချိန်စုယင်နှင့် လိုက်ဖက်ကြောင်း ပြောပြဖို့ရာ ကြိုးစား နေလေသည်။

ရှားမူက သူ့နဂို အခြေအနေအတိုင်း ပြန်ဖြစ်သွားပြီး ချိန်စုယင်ကို ကြည့်ကာ ပြောလိုက်လေ၏။

“မင်းက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ကို သွားရှာသင့်တယ်။ အဲဒီလို အရည်အချင်းမျိုးနဲ့ ဒီနယ်မြေမှာ အလကား ဖြစ်သွားလိမ့်မယ်”

ချိန်စုယင်က စကားတစ်ခွန်းမျှ ပြန်မပြောဘဲ တိတ်ဆိတ် နေလေသည်။ သူမက ဖုန်းကျန့်ချိုး စကားများက မှားယွင်း နေကြောင်းနှင့် သူမက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က သူမ တာအို လက်တွဲဖော် ဖြစ်သည်က မဟုတ်ကြောင်းကိုပါ မပြောနိုင်ပေ။

“စုယင် မင်းအရင် ဆင်းသွားလိုက်တော့။ တကယ်လို့ သူနဲ့ အဆက်သွယ်ရရင် သံတမန် ဖိတ်ကြားချက်ကို ပြောပေးလိုက်ဦး။ ကျန်းမိုနယ်မြေ သွားတာ၊ မသွားတာတော့ သူ့အပိုင်းပေါ့”

ဖုန်းကျန့်ချိုးက ချိန်စုယင် ထွက်သွားဖို့ရာ စကား ခေါ်ပေးလိုက်သည်။ မဟုတ်လျှင် ဤသို့သာ ဆက်ဖြစ် နေပါက ရှားမူက ဒေါသ ထွက်လာပြီး လူသတ် လာလိမ့်မည်။

ချိန်စုယင်က ဖုန်းကျန့်ချိုးကို ဦးညွှတ်ကာ ထွက်သွားခါနီးတွင် ကာကွယ်သူ ရှုက ရုတ်တရက် ထမေးလိုက်သည်။

“နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ရဲ့ ကျင့်ကြံဆင့်က ဘာလဲ”

ချိန်စုယင်က ရပ်လိုက်ပြီး သူမက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို မသိသည့် အတွက် သူ့ကျင့်ကြံဆင့်ကို မည်သို့ သိမည်နည်း။ သူမက သူသည် လူသား အဆင့်လွန်ဟု ကြားဖူးသော်လည်း သူမက ထိုကောလာဟလများကို မယုံချေ။ လူသားအဆင့်လွန် ကျင့်ကြံသူက ထိုမျှ ကံကောင်း နေလျှင်ပင် သူက နံပါတ်တစ် နေရာကို ရဖို့ မဖြစ်နိုင်ချေ။

ကြီးမြတ်ရန်ကျုံး ဂိုဏ်းချုပ် ကျန်းရှုရှန်းက သူမကို အရှုပ်အ‌ထွေးကြားမှ ဝင်ကူညီလိုက်၏။

“ကာကွယ်သူရှုကို ဖြေရမယ် ဆိုရင် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က လူသား အဆင့်လွန်ထဲလို့ ကြားမိတယ်၊ သူက ဖြူဖပ်ဖြူရော် မျက်နှာနဲ့ ကျောင်းသားပုံစံတဲ့။ ကျင့်ကြံဆင့် မမြင့်ပေမဲ့ သူ့စွမ်းအား အစစ်အမှန်က တော်တော် အံ့ဩဖို့ ကောင်းတယ်။

ကောင်းကင်ဖွေရှာ နန်းတော် ဆေးလုံးဘုံ စေတီရဲ့ အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ ပြောတာတော့ နယ်ခြား ကျင့်ကြံသူတို့နဲ့ တိုက်ပွဲမှာ သူက နယ်ခြားကျင့်ကြံသူ ရာချီ ဝန်းရံထားတာတောင် အားလုံးကို အမြစ်ဖြတ် သုတ်သင် နိုင်လိုက်တယ်တဲ့။ အဲဒါတင် မကသေးဘူး။ သူက အစစ်အမှန် ရေအဆင့် ကျင့်ကြံသူနဲ့ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား တစ်ပိုင်းအဆင့်က သူကိုပါ သတ်ဖြတ် နိုင်ခဲ့တယ်။ သူ့ကို ဝန်းရံထားတဲ့ အထဲမှာ မြေကမ္ဘာ နယ်ပယ်က ယွမ်ဒန် အဆင့်တွေတောင် ပါတယ်တဲ့”

ထိုသည်က ပုံမှန်မေးခွန်း တစ်ခုသာ ဖြစ်သော်လည်း ကာကွယ်သူရှုက အံ့အားသင့်မှုကြောင့် မတ်တတ်ပင် ရပ်မိသွားလေသည်။

“သူက အဲဒီလောက်တောင် အံ့ဩဖို့ ကောင်းလား။ ဒီအတိုင်း ကောလာဟလ မဟုတ်ဘူးလား”

ကျန်းရှုရှန်းက အလျှင်အမြန် မတ်တတ်ရပ်ကာ လက်နှစ်ဖက် ယှက်လျက် ပြောလိုက်လေ၏။

“ဒါတွေက ကောလဟာလတွေ မဟုတ်ဘူးဗျ။ လူတော်တော်များများက သူကို အသိမှတ် ပြုကြတယ်။ သူက ကျုပ်ဂိုဏ်းရဲ့ တိုက်ရိုက် တပည့် တစ်ယောက်ကို‌တောင် သတ်သွားသေးတာ။ သူက ဖြစ်တည်းခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူကို သတ်တုန်းက အဲဒီ အဆင့်မြင့် ကျင့်ကြံသူက ဒဏ်ရာ အပြင်းအထန်တော့ ရထားတယ်”

ကာကွယ်သူရှုက ခေါင်းညိတ် ပြလိုက်ပြီး …

“အဲဒီလို ဆိုရင်တောင် တော်တော် အံ့အားသင့်ဖို့ ကောင်းနေတာပဲ။ ဒီလူကို ရှာတွေ့တာနဲ့ ကျန်းမို နယ်မြေကို ခေါ်သွားရမယ်။ ဒီလိုပါရမီမျိုးကို ကြယ်တာရာ ဘုရင်တောင်က လိုအပ်နေတာ”

သံတမန်ရှားလည်း ဝင်ပြောလိုက်လေသည်။

“ကာကွယ်သူရှု စိတ်ချနေပါ။ ကျုပ် သေချာပေါက် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို တွေ့အောင် ရှာပြီးတော့ သူ့အရည်အချင်းတွေ အလကား မဖြစ်စေရပါဘူး”

အဝေးမှ ရပ်နေသည့် ဂူရှောက်ယီက လှောင်ပြောင်ဟန် ရယ်မော လိုက်လေသည်။ အကယ်၍ သူသာ ကျင့်ကြံသူ ရာချီ အဝိုင်းခံရပြီး ထို့အထဲ ယွမ်ဒန်အဆင့် ကျင့်ကြံသူ တချို့ ပါဝင်နေမည် ဆိုလျှင်ပင် သူ့အတွက် အားလုံးကို သတ်ဖို့ရာ မဖြစ်နိုင်ချေ။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ နယ်ခြား ကျင့်ကြံသူတို့နှင့် တိုက်ပွဲအတွက် ပျောက်ဆုံး နယ်မြေသည် အားလုံး၏ စိတ်ဓာတ် မြင့်တက်စေရန် ဤနယ်လှည့်ကျင့်ကြံသူ ၂၇၀၅ကို ဖန်တီးထားခြင်းသာ ဖြစ်ရမည်။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ သည် အဘယ်ကြောင့် တခြားသူများနှင့် မတွေ့ရဲသနည်း။ အကြောင်းမှာ သူက စိတ်ကူးယဉ် ဇာတ်ကောင်တစ်ခု ဖြစ်နေ၍ ဖြစ်သည်။

ချိန်စုယင် စိတ်နှလုံးတွင် မအီမသာ ခံစားချက်သာ ဖြစ်နေလေသည်။ ကာကွယ်သူရှုက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို အကောင်း ချီးကျူးသော်လည်း သံတမန်ရှားသည် ထိုသို့ ရည်ရွယ်ချက် မျိုးတော့ မဟုတ်ပေ။

“စီနီယာတို့ စုယင် သွားလိုက်ပါဦးမယ် ...”

လက်နှစ်ဖက်ယှက် နှုတ်ဆက်လိုက်ပြီး ချိန်စုယင်က စင်မြင့်မှ ထွက်သွားလိုက်လေသည်။ သူမက ကောင်းကင်ဖွေရှာ နန်းတော်ကို ပြန်ရောက်သည်နှင့် တံခါးပိတ် လေ့ကျင့်ရန် ဆုံးဖြတ် လိုက်တော့သည်။ သူမက ကျန်းမိုနယ်မြေကို မသွားနိုင်တော့လည်း ဘာဖြစ် သွားမည်နည်း။ သူမ ဆရာသည် ပျောက်ဆုံး နယ်မြေတွင် စစ်မှန်ခြင်း နတ်ဘုရား အဆင့်ထိ ကျင့်ကြံနိုင်ခဲ့ရာ သူမလည်း သေချာပေါက် လုပ်ဆောင် နိုင်လိမ့်မည်။

အမွှေးတိုင် တစ်တိုင် အကြာတွင် မျက်နှာနီနီ အမျိုးသားက ရှားမူ နားထဲ တီးတိုး ပြောလိုက်လေသည်။

“ချိန်စုယင်က ယန်မြို့တော်ကနေ တစ်ယောက်တည်း ထွက်သွားပြီ။ ဖြစ်နိုင်တာ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို သွားရှာတာ ဖြစ်လောက်တယ် ...”

ရွေးချယ်ပွဲတွင် စင်မြင့် (၅) တွင် ယှဉ်ပြိုင် တိုက်ခိုက်နေကြသော ယွမ်ဒန်အဆင့် ကျင့်ကြံသူ နှစ်ယောက်က အားလုံး၏ အာရုံကို ဖမ်းစား သွားလေသည်။ ရှားမူက စင်မြင့် (၅) ကို ကြည့်ကာ ရိုးရိုး ပြောလိုက်လေသည်။

“သူမ နောက်ကို လိုက်သွားပြီးတော့ လုပ်လိုက်တော့”

မျက်နှာနီနီ အမျိုးသားက ဘာမှ ပြန်မပြောဘဲ ရှားမူ နောက်တွင် ရပ်နေလေသည်။ ထို့နောက် သူက ဘာမှမဖြစ်ခဲ့သည့် အတိုင်း ထွက်သွားလေတော့သည်။

“ဘာလို့ လိုက်လာတာလဲ ...”

သူ ယန်မြို့တော်မှ ထွက်လာသည့် အခိုက်အတန့် မျက်နှာနီနီ အမျိုးသားက ဂူရှောက်ယင်လည်း လိုက်ပါလာသည်ကို သတိထားမိလိုက်သည်။

“အကြီးအကဲချိန် ကျုပ်လည်း နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို မြင်ဖူးချင်တယ် ... သူက တကယ် တော်တာလား ဒါမှမဟုတ် သိုးရေ ခြုံထားတဲ ဝံပုလွေလား ဆိုတာ ကိုယ်တိုင် ကြည့်ကြည့်ချင်တယ်”

ဂူရှောက်ယင်က ဦးညွှတ်ကာ ပြောလိုက်လေသည်။ မျက်နှာနီနီ အမျိးသားက ရယ်မောကာ

“ကောင်းပြီ‌လေ အဲဒါဆိုလည်း လိုက်ခဲ့ ...”

သူ့အတွက် လုပ်ဖို့ခက်ခဲသော အရာများရှိသည်။ ကံကောင်းလှစွာ ကျင့်ကြံခြင်းကိုသာ သိသည့် ထိုအရူးကို သူ့အတွက် ခိုင်းလို့ရလေပြီ။ ဂူရှောက်ယင် အကြောင်း သူက သေချာသိ၏။ ဂူရှောက်ယင်သည် သူ့စိတ်ထဲတွင် ကျင့်ကြံခြင်းနှင့် အင်အား အကြောင်းသာ ရှိလေသည်။ သူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ အကြောင်း ကြားသည့်အခါ သူ စိတ်ဝင်စားသည်က ဖြစ်သင့်ပေသည်။ အကယ်၍ သူက ကိုယ်တိုင် လိုက်မကြည့်ရပါက စိတ်ထဲ နေရခက်နေလိမ့်မည်။

အကယ်၍ သူသာ ထိုသို့လူစားမျိုး မဟုတ်လျှင် သူက ကျန်းမိုနယ်မြေမှ ပျောက်ဆုံး နယ်မြေအထိ လိုက်ပါလာမည် မဟုတ်ပေ။

တိုက်ပွဲအတွင်း ကောင်းကင်ဖွေရှာ မြို့၏ စည်ကားမှုသည် ငြိမ်ကျ သွားလေ၏။ တိုက်ပွဲ ပြီးဆုံး သွားသော်လည်း ကောင်းကင်ဖွေရှာ မြို့သည် ယခင်ကဲ့သို့ ပြန်မဖြစ်သေးချေ။

မိုဝူကျီ ကောင်းကင်ဖွေရှာ မြို့သို့ ဝင်လာသည့် အခိုက်အတန့် အေးစက်ကာ ကျယ်ဝန်းလှသည့် လမ်းများသာ တွေ့လိုက်ရလေသည်။

“စီနီယာခေါင်းဆောင် အစ်ကိုကြီး ...”

မိုဝူကျီ တစ်ယောက် အင်မော်တယ် လေ့ကျင့်ရေး တည်းခိုခန်းကို ရောက်သည်နှင့် အပေါက်တွင် ယောင်လည်လည် လုပ်နေသည့် ဖူချန်းကို မြင်လိုက်ရသည်။ ဖူချန်းက သူ့ကို ခေါ်လိုက်သည့် အခါ သူ့အသံတွင် စိုးရိမ်မှုများ စွက်နေလေ၏။

“ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး။ အထဲ ထိုင်ကြစို့”

မိုဝူကျီက ဖူချန်းကို ပြောကာ အထဲ ဝင်လာလိုက်သည်။

အခန်း ကျယ်ထဲတွင် စန်ယီပင်း၊ ကျောင်းယန်နှင့် နှဲ့ကျန်းနွန်တို့လည်း ရှိနေလေသည်။ သူတို့ အမူအရာများ အရ မိုဝူကျီသည် တစ်ခုခု ဖြစ်သွားကြောင်း ခန့်မှန်းမိလိုက်၏။

မိုဝူကျီ ပြန်ရောက်လာသည်ကို မြင်၍ သူတို့က စိတ်သက်သာရာ ရသွားပြီး သက်ပြင်းများ ချကာ သူ့ကို နှုတ်ဆက် လိုက်ကြသည်။

***

All Chapters