← Chapters

မိုဝူကျီ၏ အမျက်ဒေါသ

Vol. 18 Ch. 239

မိုဝူကျီ၏ အမျက်ဒေါသ

Vol. 18 Ch. 239

ဖူချန်းက တံခါးကို ပိတ်လိုက်ပြီးနောက်တွင် မိုဝူကျီက အားလုံးကို ထိုင်ရန် လက်ဟန် ပြလိုက်သည်။ ထို့နောက် သူက မေးလိုက်လေ၏။

“ဘာတွေ ဖြစ်နေတာလဲ။ အားလုံးက ငါ့ကို မြင်လိုက်တော့ ဘာလို့ စိတ်အေးသွားတဲ့ပုံ ပေါက်နေတာလဲ”

စန်ယီပင်းက ဦးစွာ ပြန်ဖြေလိုက်လေသည်။

“ကျွန်မတို့တွေ စီနီယာ ခေါင်းဆောင် အစ်ကိုကြီး မှာထားတဲ့ အတိုင်း လမင်းကိုးစင်း ဆေးလုံး အိမ်တော် အကြောင်းကို တိတ်တဆိတ် စုံစမ်းခဲ့တယ်”

“သတင်း မရသေးဘူးလား”

မိုဝူကျီက အလောတကြီး မေးလိုက်လေသည်။ ကျန်းရှောက်ခယ်တို့နှင့် လမ်းခွဲပြီးနောက် မိုဝူကျီက ကျင့်ကြံခြင်း အပေါ်တွင်သာ အာရုံ စိုက်ခဲ့လေသည်။ သူက ချီသွေးကြောများ ဖွင့်ခြင်း သို့မဟုတ် သူ့ချီသွေးကြောများ ဖွင့်ရန် ဆေးပင်များ ရှာခြင်း၌သာ လုပ်ဆောင် မိလေသည်။ သူ့ ကိစ္စအားလုံး ပြေလည် သွားသောအခါ နယ်ခြား ကျင့်ကြံသူများက ကျုးကျော်လာလေသည်။

သူက ကောင်းကင်ဖွေရှာ မြို့တွင် လမင်းကိုးစင်း ဆေးလုံးအိမ်တော် အကြောင်း နှစ်ခါ မေးမြန်း ဖူးသော်လည်း တစ်ခါမျှ သတင်း မကြား သိခဲ့ရပေ။ မိုဝူကျီက စွန်ဖျားမြို့သို့ သွားဖို့ရန်ပင် ကြံရွယ် ထားသေး၏။ သို့သော် တျန်းဂျီဂိုဏ်း၏ အခြေအနေနှင့် မျက်မှောက် ကြုံတွေ့ လာလေသည်။

စန်ယီပင်းက ခေါင်းညိတ် ပြလိုက်ကာ

“လွန်ခဲ့တဲ့ သုံးလတုန်းက ဖေးပင်းကျူလို့ ခေါ်တဲ့ တာဝန်ခံ တစ်ယောက်က ကောင်းကင်ဖွေရှာ မြို့ကို ရောက်လာပြီးတော့ ဆိုင်တစ်ဆိုင်ကို ဈေးကြီးကြီး ပေးပြီး ဝယ်သွားတယ်။ အဲဒီ တာဝန်ခံက အချိန်ကိုက် ရွေးလာတတ်တာပဲ။ နယ်ခြားကျင့်ကြံသူတွေနဲ့ တိုက်ပွဲကြောင့် ကောင်းကင်ဖွေရှာ မြို့က ယန်မြို့တော်နဲ့ မဝေးဘူး ဆိုတော့ ကုန်သည် တော်တော်များများက ယန်မြို့တော် အတွက် ကောင်းကင်ဖွေရှာ မြို့ကနေ ထွက်သွားကြတယ်။ ကောင်းကင်ဖွေရှာ မြို့ထဲက ဆိုင်တွေက ဈေးချိုလာတော့ သိပ်မဆိုးတဲ့ ဆိုင်တစ်ဆိုင်ကို ဝယ်နိုင်ခဲ့တယ်”

“ဆိုင်က ဘယ်မှာလဲ”

မိုဝူကျီက ဖေးပင်းကျူ အကြောင်း ကြားရသည့် အတွက် ဝမ်းသာသွားကာ နောက်တစ်ခု ထပ်မေး လိုက်သည်။

စန်ယီပင်းက စိတ်ထဲမှ သက်ပြင်း ချလိုက်တော့သည်။ စီနီယာ ခေါင်းဆောင် အစ်ကိုကြီးသည် လမင်းကိုးစင်း ဆေးလုံးအိမ်တော်နှင့် ပတ်သက်မှုကား မရိုးရှင်းလှပေ။ သူမက ဆက်ပြောပြလိုက်သည်။

“လမင်းကိုးစင်း ဆေးလုံးအိမ်တော်က ပရိဘောဂတွေ ခင်းကျင်းပြီးတဲ့နောက် ဖွင့်ခါနီးလေး တစ်ညတာ အတွင်းမှာ ဖျက်စီး ခံလိုက်ရတယ်။ အဲဒီ တာဝန်ခံဖေးက အသတ် ခံလိုက်ရပြီးတော့ ဘဏ္ဍာထိန်း စွန်းကျင်းယီလည်း အသတ် ခံလိုက်ရတယ်”

မိုဝူကျီ စိတ်နှလုံးသားက အေးစက်သွားကာ လက်သီးတင်းတင်း ဆုပ်ထားမိလိုက်သည်။ ဖေးပင်းကျူသည် သူဆင်းရဲစဉ်ကတည်းမှ အတူတူ ရှိခဲ့သည် ဖြစ်ရာ ဖေးပင်းကျူက သူ့ဒုက္ခ အရောက်ဆုံး အချိန်များတွင် ဘေးမှာ ရှိနေပေးခဲ့သည်။ သို့သော် ကောင်းကင်ဖွေရှာ မြို့တွင် အသတ် ခံလိုက်ရလေသည်။

“ဘယ်သူ လက်ချက်လဲ။ အဲဒါရော သိခဲ့လား”

မိုဝူကျီက ဖြည်းဖြည်းချင်း မေးလိုက်သည်။ သူသည် လက်စားချေဖို့ရန် ကျိန်ဆို ထားလေ၏။ ဖူချန်းက ဝင်ပြောလိုက်လေသည်။

“ဟုတ်ကဲ့။ အဲဒါက ယုလင်းရဲ့ လိန်မျိုးနွယ်စုပါ။ အဲဒါကြောင့် ဂျူနီယာ ညီမလေးစန်တို့ကို အပြင် မထွက်ခိုင်းတာပါ”

လိန်မျိုးနွယ်စုပဲလား ... မိုဝူကျီက စိတ်ထဲမှ ကျိန်ဆဲ လိုက်လေသည်။ စန်ယီပင်းနှင့် အခြားလူများသည် အလွန်တရာ စိတ်ပူနေသည်ကား အံ့ဩစရာ မဟုတ်တော့ပေ။ အကယ်၍ သူ့ကိုသာ ရှာတွေ့ သွားပါက လိန်မျိုးနွယ်စုက သေချာပေါက် အလွတ်ပေးမည် မဟုတ်ပေ။

သူက လိန်မျိုးနွယ်စုသည် သူ့ကို ရှာနိုင်လိမ့်မည် ဖြစ်ကြောင်း ခန့်မှန်းမိ၏။ ဟော်ယွီချန်ပင် သူက ဝေဟင်လျှပ်စီး ဟန်ပန်ခုနှစ်မျိုး ပညာရပ် ပထမပုံစံကို ဝယ်ယူခဲ့မှန်း သိနိုင်သည့် အတွက် လိန်မျိုးနွယ်စုလည်း သေချာပေါက် သိနိုင်လေသည်။

ထို့အပြင် သူက ကောင်းကင်ဖွေရှာ နန်းတော်၏ အပြင်စည်း တပည့် တစ်ယောက်သာ ဖြစ်၏။ လိန်မျိုးနွယ်စု၏ ပါရမီရှင် လိန်ဟုန်ကျီက ကြီးမြတ်ရန်ကျုံးတွင် ရှိနေသည့်အတွက် သူတို့က အတွင်းစည်း တပည့် ဖြစ်သည့် ဟော်ယွီချန်ကိုပင် အကွက်ကျကျ စီစဉ် ရဲသေးလေသည်။ အပြင်စည်း တပည့် တစ်ယောက်ကို အဘယ်ကြောင့် ကြောက်ရွံ့နေလိမ့်မည်နည်း။

သူ့အကြောင်း စုံစမ်းမိသည်နှင့် လမင်းကိုးစင်း ဆေးလုံးအိမ်တော် အကြောင်းကို သိနိုင်လေသည်။ ထို့အပြင် သူတို့သည် ယန်မြို့တော်၌ ဟော်ယွီချန်ကို ကယ်တင် ပေးလိုက်မှုနှင့် ဆက်စပ်၍ သူ့ကို နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း သံသယ ရှိနိုင်လေ၏။

အကယ်၍ လိန်မျိုးနွယ်စုသာ သူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း ခန့်မှန်း မိသွားခဲ့ကြလျှင် သူတို့သည် သေချာပေါက် ထုတ်ပြောမည် မဟုတ်ပေ။ သူတို့က တျန်းဂျီဂိုဏ်း၏ လျှို့၀ှက်ချက်ကို သူ့ဆီမှ အလို ရှိနေကြသေးလေသည်။

“လိန်မျိုးနွယ်စုက လူတွေ ထွက်သွားပြီလား”

အချိန်တို အတွင်း မိုဝူကျီက အကြောင်းရင်းကို ရှာတွေ့ သွားလေပြီ။

“လမင်းကိုးစင်း ဆေးလုံးအိမ်တော် အဖျက်စီး ခံလိုက်ရပြီး နောက်ပိုင်းမှာ လိန်မျိုးနွယ်စုက သူတို့ဆိုင်ကို ဖွင့်ခဲ့တာ။ တစ်ချက် သွားကြည့်လိုက်တော့ သူတို့က နေရာတွေ ပြန်စီစဉ် ထားပြီးပြီ။ မကြာခင် ဖွင့်ဖို့ပဲ လိုတော့တာ”

ဖူချန်းက ဖြေလိုက်သည်။ အရမ်း ကောင်းတယ်။

မိုဝူကျီက ခေါင်းညိတ် ပြလိုက်သည်။ သူက တျန်းဂျီဂိုဏ်းကို ပြန်လည် မထူထောင်ခင် လိန်မျိုးနွယ်စုကို သေချာပေါက် အမြစ်ဖြတ် သုတ်သင် ပစ်ရမည်။ သူ့တွင် အမြောက်များ မရှိစဉ်က သူ့အင်အားသည် အမှန်ပင် မလုံလောက်ချေ။ သူက လက်စား ချေလိုလျှင်ပင် မလုပ်ဆောင်နိုင်ချေ။ သို့သော် သူ့တွင် အင်အား ရှိလာပြီ ဖြစ်သည့် အတွက် သေချာပေါက် အချိန်ဆွဲ မနေတော့ချေ။ အကယ်၍ အချိန်ဆွဲနေပါက မူလ လမင်းကိုးစင်း ဆေးလုံးအိမ်တော်ကိုပင် သက်ရောက်မှု ရှိသွားနိုင်လေသည်။ ကျန်းရှောက်ခယ်ပင် အသက် ဆုံးရှုံးသွားနိုင်၏။

လိန်မျိူးနွယ်စုတွင် ကြီးမြတ်ရန်ကျုံး ဂိုဏ်းမှ မျက်နှာသာ ပေးခံထားရသည့် လိန်ဟုန်ကျီ ရှိနေသေး၏။ လိန်မျိုးနွယ်စု အတွက် လမင်းကိုးစင်း ဆေးလုံးအိမ်တော်ကို ဖြေရှင်းဖို့ရာ ခက်ခဲသော အရာတစ်ခု မဟုတ်ချေ။

“ယီပင်း ... တျန်းဂျီဂိုဏ်းနားမှာ ကျင့်ကြံသူမြို့ ရှိလား”

မိုဝူကျီက လိန်မျိုးနွယ်စု အကြောင်း ထပ်မမေးတော့ဘဲ စန်ယီပင်းကို တျန်းဂျီဂိုဏ်း အကြောင်း မေးလိုက်လေ၏။

စန်ယီပင်းက မြန်မြန် ပြန်ဖြေလိုက်သည်။

“တျန်းဂျီဂိုဏ်းရဲ့ အပြင်ဘက်မှာ ကောင်းကင်ဂိတ်မြို့လို့ ခေါ်တဲ့ မြို့အသေးလေးတော့ ရှိတယ်။ တျန်းဂျီဂိုဏ်းရဲ့ ကာကွယ်မှုနဲ့ အဲဒီမြို့လေးက အရမ်းတော့ မစည်ကားပေမဲ့ ကုန်သည်တွေတော့ ရှိတယ်။ အခု တျန်းဂျီဂိုဏ်းက အဖျက်စီး ခံလိုက်ရပြီဆိုတော့ မြို့လည်း ပျက်စီး သွားလောက်ပြီ”

စန်ယီပင်းအသံက တိုးဝင် သွားလေသည်။ တျန်းဂျီဂိုဏ်း တိုးတက်လာဖို့ရန် အတွက် ဘေးဝန်းကျင်တွင် ကျင့်ကြံသူမြို့ ရှိသင့်ပေသည်။ တျန်းဂျီဂိုဏ်း၏ နှစ်များစွာ တည်ရှိ လာမှုကြောင့်သာ ကောင်းကင်ဂိတ် မြို့က ဖွံ့ဖြိုးလာခြင်း ဖြစ်၏။ ယခု တျန်းဂျီဂိုဏ်း ပျက်စီးသွားပြီ ဖြစ်ရာ ဘေးနား ဝန်းကျင်မှ မြင်းစီး ဓားပြများစွာ ရှိနေသဖြင့် ကောင်းကင်ဂိတ်မြို့ ကျန်ရှိနေမှသာ အံ့ဖွယ် ဖြစ်နေလိမ့်မည်။

မိုဝူကျီက အလေးနက်ထား၍ ပြောလိုက်သည်။

“ဖူချန်း ယာဉ်ပျံကို ချက်ချင်း ပြင်ဆင်လိုက်။ ပြင်ဆင်ပြီးတာနဲ့ ယီပင်း၊ ကျောင်းယန်နဲ့ နှဲ့ကျန်းနွန်တို့ကို ခေါ်သွားပြီးတော့ ကောင်းကင်ဂိတ်မြို့မှာ ငါ့ကို စောင့်နေ”

ထို့နောက် မိုဝူကျီက ယာဉ်ပျံကို ဖူချန်းဆီ ပေးလိုက်သည်။

“စီနီယာခေါင်းဆောင် အစ်ကိုကြီး”

စန်ယီပင်းက မိုဝူကျီ ရည်ရွယ်ချက်ကို ချက်ချင်း သဘော ပေါက်သွားလေသည်။ သူက ဤနေရာတွင် တစ်ယောက်တည်း နေခဲ့ကာ ကောင်းကင်ဖွေရှာ မြို့တွင် လိန်မျိုးနွယ်စုကို ဖျက်စီးဖို့ရာ အခွင့်အရေးကို စောင့်နေလိမ့်မည်။

“စီနီယာခေါင်းဆောင် အစ်ကိုကြီး တိုက်ပွဲတွေလည်း ပြီးသွားပြီ ဆိုတော့ ဒီတစ်ခါကျ အရင်သုံးလနဲ့ မတူလောက်တော့ဘူး။ ကောင်းကင်ဖွေရှာ နန်းတော်က အနီးအနား ရှိနေတာဆိုတော့ ဆိုင်သာ ဖျက်စီးခံလိုက်ရရင် ကိစ္စတွေ ကြီးကုန်လိမ့်မယ်”

နှဲ့ကျန်းနွန်က ဝင်ပြောလိုက်လေသည်။ သို့သော် သူပြောသည်များက ပိုတိကျလေသည်။ ဖူချန်းက မိုဝူကျီ စရိုက်သဘာဝကို ရှင်းရှင်းလင်းလင်း သိ၏။ မိုဝူကျီသာ ဆုံးဖြတ်ချက် ချပြီး သွားပါက သေချာပေါက် ဖြစ်အောင် လုပ်မည်မှန်း သိ၏။ သူက ဦးစွာ ပြောလိုက်တော့သည်။

“အဲဒီလိုဆိုရင် ကျွန်တော်တို့လည်း အတူတူ နေခဲ့ပြီးတော့ အဆုံး သတ်ရအောင်။ ပြီးတာနဲ့ ချက်ချင်း ထွက်သွား ကြမယ်လေ”

မိုဝူကျီက လက်ခါပြကာ “ဒါက ငါ့ကိုယ်ပိုင်ကိစ္စ ဖြစ်သွားပြီ။ ဂိုဏ်းနဲ့ မဆိုင်ဘူး။ ပြီးတော့ ငါတစ်ယောက်တည်း လုပ်တာက ပိုအဆင်ပြေ လိမ့်မယ်။ ကောင်းကင်ဖွေရှာ မြို့မှာ လူသတ်တာက တားမြစ် ထားတာဆိုတော့ လူနည်းလေ ပိုကောင်းလေပဲ”

မိုဝူကျီက လမင်းကိုးစင်း ဆေးလုံးအိမ်တော်ကို ဖျက်စီးသွားသည့် လိန်မျိုးနွယ်စုဝင်များကို ရှာ၍ ဖျက်စီး ပစ်ချင်ရုံမျှ မကပေ။ သူက ထိုသို့ လုပ်ဆောင်ပြီးပါက ယုလင်း လိန်မျိုးနွယ်စုဆီ သွား၍ သူတို့အားလုံးကို ပျောက်ဆုံးနယ်မြေမှ ဖယ်ရှား ပစ်လိုခြင်း ဖြစ်သည်။ ဤကိစ္စသည် သူ့လူသတ်ချင်စိတ်အား တွန်းအား ပေးနေလေသည်။

ဖူချန်းနှင့် ကျန်လူများက မိုဝူကျီ၏ သန္နိဋ္ဌာန်ကို မြင်ကြသောအခါ ထပ်၍ မပြောတော့ပေ။

မိုဝူကျီ၏ စိတ်စွမ်းအား အထောက်အပံ့ဖြင့် ဖူချန်းသည် နှစ်နာရီအတွင်း ယာဉ်ပျံကို ပြန်လည် ပြင်ဆင် နိုင်သွားလေသည်။ ငါးယောက်သား တည်းခိုခန်းကို သေချာ စစ်ဆေး ကြည့်လိုက်ပြီး ကောင်းကင်ဖွေရှာ မြို့မှ ထွက်သွားကြတော့သည်။

နောက်ထပ် နှစ်နာရီ အကြာတွင် ငါးယောက်သား ကောင်းကင်ဖွေရှာ မြို့အပြင်သို့ ရောက်ရှိ လာကြလေသည်။ ဖူချန်းက ယာဉ်ပျံကို ထုတ်ယူလိုက်တော့သည်။ သူက စန်ယီပင်းနှင့် အခြားလူများကို တက်ဖို့ရန် အချက် ပြလိုက်ကာ သူက မိုဝူကျီကို မေးလိုက်သည်။

“တကယ်လို့ တောင်တွေကို ဌားထားတဲ့ မင်းသားနှစ်ပါးက လာနှောင့်ယှက်ရင် ဘယ်လို လုပ်ရမလဲ”

“သတ်ပစ်လိုက်”

မိုဝူကျီက တွေဝေခြင်းမရှိ ပြောလိုက်လေ၏။ သူက တျန်းဂျီဂိုဏ်းကို ကြီးမြတ်သည့် ဂိုဏ်းတစ်ခု အဖြစ် ပြန်လည် ထူထောင်ချင်သည့် အတွက် မင်ဟန် အင်ပါယာလေးကို ကြောက်ရွံ့ နေရမည်လား။ သူက မင်ဟန် အင်ပါယာသည် မင်းသား နှစ်ပါးကြောင့် သူ့တျန်းဂျီဂိုဏ်းကို ပြဿနာ လာရှာရဲလိမ့်မည်ဟု မထင်ပေ။

မိုဝူကျီ စကားလုံးများက စန်ယီပင်းနှင့် အခြားလူများကို ယခင်က သည်းခံနေခဲ့သော တျန်းဂျီဂိုဏ်း မဟုတ်တော့ကြောင်း ရှင်းလင်းသွားစေသည်။

“တကယ်လို့ တျန်းဂျီဂိုဏ်းရဲ့ ရှင်ကျန်သူတွေ ရှိသေးရင် ပြန်ခေါ်လာဖို့ မမေ့နဲ့ဦး”

ဖူချန်းနှင့် အခြားလူတွေ ယာဉ်ပျံထဲ ရောက်သွားသည့် အခါ မိုဝူကျီက နောက်ထပ် မှာကြား လိုက်လေသည်။ လိန်မျိုးနွယ်စုသည် တျန်းဂျီဂိုဏ်းကို ဖျက်စီး ပစ်လိုက်ပြီ ဖြစ်၍ တျန်းဂျီဂိုဏ်းတွင် အစောင့် မထားထား လောက်ချေ။

ဖူချန်း၏ ယာဉ်ပျံ ထွက်ခွာသည်ကို စောင့်နေပြီးနောက် မိုဝူကျီ ဖြူဖျော့ဖျော့ ကျောင်းသား နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ပုံစံကို ပြန်အယောင် ဆောင်လိုက်ကာ ကောင်းကင်ဖွေရှာ မြို့အထဲသို့ ပြန်ဝင် သွားလိုက်သည်။ ဤတစ်ကြိမ်တွင် သူက တည်းခိုခန်း အသေးလေးသို့ ဝင်ကာ သုံးရက်တာ ငှားရမ်း လိုက်လေသည်။

မိုဝူကျီ သုံးရက်တာ စောင့်ရသည့် ရည်ရွယ်ချက်မှာ ပထမအချက်က ဖူချန်းနှင့် ကျန်လူများ အဝေး ရောက်စေရန် ဖြစ်ကာ ဒုတိယတစ်ချက်ကား သူက နောက်ဆုတ်ရန် လမ်းကြောင်း ရှာချင်၍ ဖြစ်သည်။ တတိယ တစ်ချက်မှာ သူက လိန်မျိုးနွယ်စု ဆိုင်၏ အင်အားကို သိချင်လို၍ ဖြစ်သည်။

ကိစ္စများအားလုံးက မိုဝူကျီ မျှော်မှန်းထားသည့် အတိုင်း ကွက်တိ ဖြစ်နေသည်။ လိန်မျိုးနွယ်စုသည် လူသားအဆင့်လွန် နှစ်ယောက်ကို ကာကွယ်သူ အနေနှင့် နေရာချထားပြီး ကျန်လူများမှာ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်နှင့် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူများ ဖြစ်ကြလေသည်။

သုံးရက်အကြာတွင် မိုဝူကျီက တည်းခိုခန်းမှ ထွက်လာကာ လိန်မျိုးနွယ်စု၏ ဆိုင်ကို သွားလိုက် လေသည်။

“မိတ်ဆွေကို အားနာပါတယ်။ ကျုပ်တို့ဆိုင်က မဖွင့်သေးဘူးဗျ”

ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူ တစ်ယောက်က မိုဝူကျီကို တားလိုက်လေသည်။

“မင်းက လိန်မျိုးနွယ်စုကလား”

မိုဝူကျီက ရုတ်တရက် ထမေးလိုက်သည်။

ထိုကျင့်ကြံသူက ရင်ဘတ် ပုတ်ပြကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေသည်။

“ဟုတ်တာပေါ့။ ကျုပ်တို့ လိန်မျိုးနွယ်စု ကုန်သည် အိမ်တော်ကလည်း လိန်မျိုးနွယ်စုဝင်တွေ ပဲလေ။ မိတ်ဆွေ ဘာမှမဖြစ်ဖို့ စိတ်ချ နေလိုက်စမ်းပါ။ အခုတော့ ဆိုင်မဖွင့်သေးလို့ ထွက်သွားဖို့ပဲ ပြောရလိမ့်မယ်”

“ဖယ်စမ်း”

မိုဝူကျီက လက်မြှောက်ကား တစ်ချက် ရိုက်လွှတ် လိုက်လေသည်။ ဤလိန်မျိုးနွယ်စုဝင်ကား အဝေးသို့ လွင့်စဉ်သွားကာ နံရံနှင့် မိတ်ဆက်သွားလေသည်။ သူက မြေပြင်ပေါ်သို့ လျှောကျသွားပြီး မလှုပ်မရှားဖြင့် အသက် ပြန်မရှူတော့ချေ။

မိုဝူကျီက အသက်ပြင်းပြင်း ရှူသွင်းလိုက်လေသည်။ သူက ထိုသို့ လုပ်ရသည်ကို မနှစ်သက်ပေ။ ထိုလူက လမင်းကိုးစင်း ဆေးလုံး အိမ်တော်ကိုရော သို့မဟုတ် တျန်းဂျီ ဂိုဏ်းသားများကိုရော သတ်ခဲ့တာ မဟုတ်ကောင်း မဟုတ်နိုင်ပေမဲ့ မိုဝူကျီ ဤလောကသို့ ရောက်ရှိလာကာ ကျင့်ကြံခြင်း လမ်းပေါ် လျှောက်နေသောကြောင့် လုပ်ကို လုပ်ဆောင်ရလိမ့်မည်။

“ငါ့လိန်မျိုးနွယ်စုကို ဘယ်သူ ပြဿနာ ရှာရဲတာလဲ”

ဆိုင်အတွင်းမှ ပုံရိပ်များစွာ ထွက်ပေါ်လာကာ မိုဝူကျီကို ဝိုင်းထား လိုက်လေသည်။

“နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ပဲ။ မင်းတို့ ရှာနေတဲ့လူက မင်းတို့ကို လက်စားချေဖို့ ရောက်လာပြီ”

ထိုသို့ပြောလိုက်ပြီး မိုဝူကျီ လက်ထဲတွင် ပျောက်ကွယ် ဓားစွမ်းအားများ ပေါ်လာပြီး ဓားကွန်ယက် သဖွယ် ဖြစ်သွားကာ ကျင့်ကြံသူများ အားလုံးကို ပိတ်လှောင် ထားလိုက်သည်။ မိုဝူကျီက ယနေ့ ရောက်ရှိ လာခြင်းမှာ ဖေးပင်းကျူ တစ်ယောက်တည်း အတွက် မဟုတ်ဘဲ တျန်းဂျီ ဂိုဏ်းသားများကြောင့်သာ ပါဝင်လေသည်။ တျန်းဂျီ ဂိုဏ်းချုပ်သည် သူ့ကြောင့် အပြစ်မဲ့စွာ သေဆုံး ခဲ့ရလေ၏။

ဤနေရာရှိ အမြင့်ဆုံး ကျင့်ကြံဆင့်နှင့် လူမှာ လူသား အဆင့်လွန် အဆင့် ၃ သာ ဖြစ်၏။ သူက မိုဝူကျီနှင့် ယှဉ်လျှင် ဘာမှ မဟုတ်ချေ။

သွေးများက ဆက်တိုက် စွန်းထင်း ကုန်လေသည်။ ဆယ်မိနစ် အတွင်း လိန်မျိုးနွယ်စု ခုနှစ်ယောက်၊ ရှစ်ယောက်သည် သူ့ဓား လက်ချက်ကြောင့် ဝိညာဉ် ကူးပြောင်း သွားရလေပြီ။

တစ်နာရီ အကြာတွင် မိုဝူကျီက သတိကြီးကြီးထား၍ ကောင်းကင်ဖွေရှာ မြို့မှ ထွက်ခွာ လာလေသည်။ ဖျက်စီး ခံလိုက်ရသော လိန်မျိုးနွယ်စု ဆိုင်ခန်းကား မိုဝူကျီအတွက် အာသီသ ပြေရုံလေး ဖြစ်၏။ ယခု သူက ယုလင်းမှ လိန်မျိုးနွယ်စု တစ်ခုလုံးကို ရှင်းပစ်ဖို့ရာ သွားမည် ဖြစ်၏။

ချိန်စုယင်သည် ယန်မြို့တော်မှ ထွက်သွားစဉ် နောက်က အလိုက် ခံနေရမှန်း မသိချေ။ သူမက အကြမ်းထည် သင်္ဘောပျံကို မောင်းနှင်ရင်း ကောင်းကင်ဖွေရှာ နန်းတော်သို့ ဦးတည်နေလေသည်။ သူမ ယာဉ်ပျံကို မိုဝူကျီ၏ လျှပ်စီးကျင့်စဉ် အတွက် လဲလှယ်ခဲ့ရသည်။ ဤသင်္ဘောပျံကား နယ်ခြား တိုက်ပွဲမှ ရရှိထားခြင်း ဖြစ်လေ၏။ ဤသင်္ဘောပျံသည် အနည်းငယ် ပုံဆိုးပန်းဆိုး ဖြစ်နေသော်လည်း သူမယာဉ်ပျံထက်တော့ ပိုမြန်ဆန်ပေသည်။

အန်းယန်နှင့်ယှဉ်လျှင် ယန်မြို့တော်သည် ကောင်းကင်ဖွေရှာ နန်းတော်နှင့် ပိုနီးကပ် လေသည်။ ရက်အနည်းငယ် အတွင်း ချိန်စုယင်က ကောင်းကင်ဖွေရှာ မြို့အပြင်သို့ ရောက်ရှိလာလေ၏။

ထိုစဉ် သူမက မိုဝူကျီ (နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ပုံစံ) တစ်ယောက် ကောင်းကင်ဖွေရှာ မြို့မှ ထွက်သွားသည်ကို မြင်လိုက်ရ၏။

“နယ်လှည့် ကျင့်ကြံသူ ၂၇၀၅လား” ချိန်စုယင်သည် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ကို မမြင်ဖူးသော်လည်း အများကြီး ကြားဖူးလေသည်။ ယန်မြို့တော်တွင် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ သည် မည်သို့ ပုံစံမှန်း မသိသည့်သူ မရှိပေ။ သူသည် ဖြူဖျော့ဖျော့ ကျောင်းသားပုံစံ ဖြစ်ကာ သူ့ပုံတူများလည်း နေရာတိုင်းတွင် ရောင်းချ နေသေး၏။

ဤဖြူဖျော့ဖျော့ ကျောင်းသားက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ကလွဲ၍ မည်သူ ဖြစ်မည်နည်း။ ချိန်စုယင်က အတော်လေး အံ့အား သင့်မိသွားသည်။ မည်သို့ပင် ဖြစ်နေပါစေ သူမက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို ထိုကိစ္စ အကြောင်း အသိပေးရန် လိုအပ်လေ၏။

***

All Chapters