← Chapters

လူသားအဆင့်ဇယား နံပါတ်တစ်

Vol. 18 Ch. 241

လူသားအဆင့်ဇယား နံပါတ်တစ်

Vol. 18 Ch. 241

ဂူရှောက်ယင်က မိုဝူကျီသည် သူ့မျက်နှာပြင် လှီးဖြတ်ခြင်း လှံအရိပ် တိုက်ကွက် အတွင်းသို့ ပိတ်မိနေသည်ကို မြင်၍ တစ်ဖက်လူသည် သေချာပေါက် ရှုံးလိမ့်မည်မှန်း သိလိုက်သည်။ သူက နိုင်တော့မည် ဖြစ်သော်လည်း ရတက် မအေးသေးပေ။ တစ်ဖက်လူသည် နယ်လှည့် ကျင့်ကြံသူ အစစ် ဖြစ်နေကြောင်း နားလည် သွားလေသည်။ နယ်လှည့် ကျင့်ကြံသူများသာ ကိုယ်ပိုင်လက်နက် ကျင့်စဉ် မရှိကြခြင်း ဖြစ်၏။

မိုဝူကျီက လှံအရိပ်များနှင့် ကောင်းကင်တစ်ခွင် ပိတ်ဆို့ နေသည့် လှံစွမ်းအားများကို ကြည့်ကာ သူ့အမူအရာကား ပြောင်းလဲခြင်း မရှိ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ့တွင် တုတ်ကျင့်စဉ် မရှိသည်က မှန်သော်လည်း သူ့တွင် လျှို့ဝှက်ကျင့်စဉ် ရှိသေး၏။ လျှို့၀ှက်ကျင့်စဉ်နှင့် ယှဉ်လျှင် သာမန် ကျင့်စဉ်များက ဘာဆိုဘာမှ မဟုတ်ချေ။

သူ့ ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း ပညာရပ်သည် တတိယအဆင့် အိမ်မက် ကြယ်တာရာ လှည့်ပတ်ခြင်း အဆင့်သို့ ရောက်ရှိနေလေပြီ။ ဂူရှောက်ယင်က အားအပြည့်ဖြင့် သူ့လှံ အရိပ်ကို လွှတ်လိုက်သည့် အခါမှ မိုဝူကျီက လှုပ်ရှားမည် ဖြစ်၏။

တျန်းဂျီတုတ်ဖြင့် မျက်နှာပြင် လှီးဖြတ်ခြင်း လှံအရိပ်များ ပေါ်တွင် စက်ဝိုင်းပြတ် ရေးဆွဲ လိုက်လေသည်။ မိုဝူကျီ၏ စိတ်စွမ်းအား ထိန်းချုပ်မှု အောက်တွင် သူက သဘာဝ စွမ်းအင်များဖြင့် မျက်နှာပြင်ကို ကွေးရန် ပြုလုပ်လိုက်လေသည်။ ထို့နောက် တုတ်အရိပ်များစွာ ဖြစ်ပေါ်လာပြီး ထိုကွေးညွှတ် သွားသည့် မျက်နှာပြင်ကို ဝေဝါး လာစေသည်။

ဂူရှောက်ယင်က သူ့ရှေ့မှ မိုဝူကျီသည် ချက်ချင်း ပျောက်ကွယ် သွားကြောင်း ခံစားလိုက်မိ၏။ သူ့ရှေ့တွင် ဗလာနိတ္ထိ ကြယ်တာရာ ကောင်းကင်သာ ရှိနေလေသည်။ ထိုကောင်းကင်တွင် သူက တစ်ကိုယ်တည်း ဖြစ်နေပြီး ဦးတည်ရာ၊ တည်နေရာ အားလုံး ပျောက်ဆုံးနေလေသည်။

ထိုသည်က ပုံရိပ်ယောင် ဖြစ်ကာ သေချာပေါက် ပုံရိပ်ယောင် ကျင့်စဉ်သာ ဖြစ်လိမ့်မည်။ ဂူရှောက်ယင်က မျက်လုံး ပိတ်ထားလိုက်ကာ သူ့လှံအရိပ်များနှင့် လူသတ်ငွေ့က ပို၍ ပြင်းထန် လာလေသည်။

နောက်အခိုက်အတန့် ဂူရှောက်ယင်က မျက်လုံး ပြန်ဖွင့် လိုက်လေသည်။ သူ မျက်လုံး ပိတ်ထားလျှင်ပင် သူ့လှံအရိပ်များက ကျယ်ပြန့်လှသော ကြယ်တာရာ ကောင်းကင်နှင့် ရင်ဆိုင် နေရသလို ခံစားနေရဆဲ ဖြစ်သည်။ သူ့လှံ အရိပ်ရှေ့တွင် အိမ်မက်နှင့် တူသော ကြယ်တာရာများ ရှိနေသည်။

“ဘမ်း”

လှံ၏ သတ်ဖြတ်ခြင်း အရိပ်အယောင်များက ထိုကြယ်တာရာများနှင့် တွေ့ဆုံသည့် အခါ ဘာမှမဟုတ် သကဲ့သို့ ပြောင်းလဲသွားကာ ထိုကောင်းကင် အတွင်း ပျောက်ကွယ် သွားလေ၏။ ကြောက်မက်ဖွယ် တုံ့ပြန်မှုက ပြန်ရောက်ရှိ လာသောအခါ ဂူရှောက်ယင် စိတ်နှလုံးက တုန်လှုပ် လာလေသည်။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅သည် မည်မျှ အားကောင်းလှ၍ ထိုသို့သော အခြေအနေမျိုး အောက်တွင် သူ့မျက်နှာပြင် လှီးဖြတ်ခြင်း တိုက်ကွက်ကို ခုခံနိုင်သနည်း။ ထို့အပြင် အားကောင်းလှသော သဘာဝ စွမ်းအားများလည်း တုံ့ပြန် နိုင်သေးသည်လား ....

မဟုတ်သေးပါဘူး ... ဒီတုံ့ပြန်မှုက သူ့အတွက် ဒုက္ခပေးနိုင်မည့်ဟန် မရှိပေ။

လေထဲတွင် ပမာဏ များပြား လှသည့် သဲနှင့်ဖုန်များ ရောပြွန်း နေလေသည်။ ထိုအခါမှ ဂူရှောက်ယင်သည် သူ့လှံဖျားက မိုဝူကျီဆီ ရောက်မသွားဘဲ ဘေးမှ ကျောက်တုံးဆီ စိုက်ဝင်နေကြောင်း သတိထားမိလိုက်၏။ ထိုကျောက်တုံးသည် လေးပိုင်း၊ ငါးပိုင်းလောက် ကွဲကြေ သွားလေသည်။ ထိုစဉ် မိုဝူကျီ၏ တုတ်က သူ့ဆီ ရောက်ရှိ လာလေသည်။

ငါ သေတော့မှာလား ....

ဂူရှောက်ယင် နှလုံးသားက အေးစက် သွားလေသည်။

မိုဝူကျီက မပျော်ရွှင်နေပေ။ အကယ်၍ သူ့ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း ပညာရပ်ကိုတောင် တတိယအဆင့် အိမ်မက်ကြယ်တာရာ လှည့်ပတ်ခြင်း အထိ မကျင့်ကြံထားမိလျှင် ဂူရှောက်ယင်၏ လှံတိုက်ကွက်က သူ့အား နောက်ကျန်ရစ် ဖြစ်စေလိမ့်မည်။

ချိန်စုယင်က သူတို့နှစ်ယောက်၏ တိုက်ပွဲကို မျက်လုံးပြူး မျက်ဆံပြူးဖြင့် ကြည့်နေလေသည်။ သို့သော် အရာအားလုံးက မြန်ဆန်လွန်းသည့် အတွက် သူမ ဝင်ပါဖို့ပင် အခွင့်အရေး မရလိုက်ပေ။ သူမက အထဲဝင်ကာ မိုဝူကျီကို ကယ်တင်ရန် ကြိုးစားမည့် အချိန်တွင် အခြေအနေက ရုတ်တရက် ပြောင်းလဲ သွားလေသည်။ နဂိုက အသာစီး ရနေသည့် ဂူရှောက်ယင်သည် ယခု သေခြင်းတရားနှင့် ရင်ဆိုင် နေရလေသည်။

ချိန်စုယင်က စိတ်သက်သာရာ ရပြီး သက်ပြင်းမချခင် မျက်လုံးထောင့်မှ မျက်နှာနီနီ အမျိုးသားသည် တောထဲမှ ရုတ်တရက် ထွက်လာသည်ကို မြင်လိုက်ရသည်။

သူမက ထိုလူကို မြင်လိုက်သောအခါ စိတ်နှလုံးက လေးလံ သွားတော့သည်။ သူမက ထိုလူကို မှတ်မိလေ၏။ သံတမန်ရှား ဘေးတွင် အမြဲလိုလို ရှိနေတတ်သည့် မျက်နှာနီ အမျိုးသား ဖြစ်၏။ ထို့အပြင် သူမက သူ့လှုပ်ရှားမှုကို ယခင်က မြင်ဖူးသည့် အတွက် သူ့စွမ်းအားမှာ လောက အင်မော်တယ် ဖြစ်သည့် မုတ်ဆိတ်ဖြူ အမျိုးသား နောက်တွင် ရှိကြောင်း သိ၏။

ယခင်က သူသည် သင်္ဘောပျံတွင် မတ်တတ် ရပ်နေစဉ် ထိုနေရာကို လာဖျက်စီး ချင်သည့် စစ်မှန်ခြင်း နတ်ဘုရားအဆင့် နယ်ခြား ကျင့်ကြံသူကို တစ်ချက်တည်းဖြင့် အဝေးပို့လွှတ် နိုင်လိုက်လေသည်။ မကောင်းတော့ပေ ....

ထိုစဉ် မျက်နှာနီ အမျိုးသားက ဂူရှောက်ယင်ကို ကယ်တင်ဖို့ရာ ပေါ်လာကြောင်း သိလိုက်သည်။ အခြားအရာများကို ဂရုမစိုက်နိုင်ဘဲ ချိန်စုယင်က မိုဝူကျီဆီ တိုက်ရိုက် ပြေးဝင်လိုက်တော့သည်။

အဆင့်မြင့် ကျင့်ကြံသူ ဖြစ်သည့် မျက်နှာနီ အမျိုးသားအတွက် မိုဝူကျီဆီမှ ဂူရှောက်ယင်ကို ကယ်တင်လိုလျှင် အနည်းဆုံး နည်းလမ်းရာကျော် ရှိလိမ့်မည်။ သို့သော်လည်း ချိန်စုယင်က သူသည် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို သတ်လိမ့်မည် ဖြစ်ကြောင်း သေချာနေ၏။ အခြားသော အကြောင်းပြချက် မရှိချေ။ အကြောင်းမှာ သံတမန်ရှားသည် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က သူမ၏ တာအို လက်တွဲဖော် ဖြစ်ကြောင်း ယုံကြည်နေခြင်းကြောင့် ဖြစ်သည်။

“ဖူး ဖူး”

မိုဝူကျီ မျက်စိရှေ့တွင် သွေးလေးငါးပွက်လောက် အန်ထွက် လာလေသည်။ အလင်းတန်းက ချိန်စုယင် ရင်ဘတ်ကို ဖောက်ထွက်သွားပြီး မိုဝူကျီဆီ ပြေးဝင်လာလေ၏။

မိုဝူကျီ အမူအရာက ပြောင်းလဲသွားကာ တျန်းဂျီတုတ်ကို မြှောက်၍ ခန္ဓာကို လှည့်လိုက်သည်။ သွေးစွန်းနေသည့် အလင်းတန်း နှစ်ခုကို သူ့တုတ်ဖြင့် ကာဆီး ထားနိုင်လိုက်ပြီး တတိယ တစ်ခုကိုမူ ရှောင်တိမ်း နိုင်ခဲ့သည်။ လေးခုမြောက်နှင့် ငါးခုမြောက်မှာ သူ့ခန္ဓာကို ဖြတ်သွားပြီး သွေးများ ထွက်လာလေသည်။

“ဘုတ်”

ချိန်စုယင်က မိုဝူကျီ ရင်ခွင် အတွင်းသို့ ရောက်လာလေ၏။ မိုဝူကျီက နောက်ဆုံးတွင် သိသွားလေသည်။ ချိန်စုယင်က အဝတ်အမည်းနှင့် လူငယ်ကို ကယ်တင်ဖို့ရာ ခုန်ဝင်လာခြင်း မဟုတ်ဘဲ သူ့ကို ထိုအလင်းများမှ ကာကွယ်ပေးဖို့ရာ ကူညီပေးခြင်း ဖြစ်သည်။ ထိုအလင်းများက ချိန်စုယင်ခန္ဓာကို ဖောက်ထွင်းသွား၍ သွေးခြင်းရဲရဲ တောက်နေလေသည်။

မိုဝူကျီက ကုသဆေးလုံး တချို့ကို ထုတ်ယူပြီး ချိန်စုယင် ပါးစပ်ထဲ ထည့်ပေးလိုက်သည်။ တစ်ချိန်တည်းတွင် သူလည်း သောက်သုံး လိုက်လေသည်။ သူ့စိတ်စွမ်းအားက သူ့အား သတ်ဖြတ်ဖို့ လုပ်ကြံသူကို ရှာဖွေ နေလိုက်သည်။

“ကျွန်မ တောင်းပန်ပါတယ်”

မိုဝူကျီ ရင်ခွင်ထဲ ရှိနေစဉ် ချိန်စုယင်က မိုဝူကျီ နားမလည်နိုင်မည့် စကားကို ပြောလိုက်သည်။

“ဘာလို့လဲ” မိုဝူကျီက အေးစက်စွာ မေးလိုက်သည်။

ချိန်စုယင် အသံက အားနည်းလာပြီး

“ကျွန်မ ရှင့်ကို ပါဝင် ပတ်သက် စေမိသွားတယ် ... သူ ... သူတို့က ကျွန်မနောက်ကို လိုက်လာကြတာ ... ကျွန်မ မသိလိုက်ဘူး”

မိုဝူကျီက ခေါင်းညိတ်ပြကာ “ကျုပ် မင်းကို ယုံပါတယ်”

သူက ချိန်စုယင်ကို အမှန်တကယ် ယုံကြည်လေသည်။ သူတို့က အလွန် ရင်းနှီးသော မိတ်ဆွေကောင်းများ မဟုတ်သော်လည်း သူမ စရိုက်နှင့် ပတ်သက်၍ စိတ်ထင့်စရာ မရှိပေ။

“ကျေးဇူးတင်ပါတယ်”

ချိန်စုယင်က ထိုစကားများကို ပြောပြီးနောက် သူမ ခေါင်းက တစ်ဖက်သို့ စောင်းကျသွားကာ အသက် ထပ်မရှူတော့ချေ။

မိုဝူကျီက သူ့ကိုယ်သူ တည်ငြိမ်အောင် ထားလိုက်သည်။ သူ့ဒေါသများဖြင့် ဆုံးဖြတ်ချက် ဝေဝါးစေ၍ မဖြစ်သော အခိုက်အတန့်သို့ ရောက်နေခြင်း ဖြစ်သည်။ အကယ်၍ ချိန်စုယင်သာ ထိုအလင်းများကို ဝင်ကာဆီး မပေးပါက သူက သေချာပေါက် အသတ် ခံရလိမ့်မည်။ ချိန်စုယင် တောင်းပန်သည့် အကြောင်းအရင်းမှာ ကိစ္စမရှိပေ။ သူ့အသက်ကို ချိန်စုယင် ကယ်တင် ပေးလိုက်သည်က မငြင်းနိုင်ဖွယ် အချက် ဖြစ်၏။

“မဆိုးဘူး။ မင်းက အားကောင်းသားပဲ။ တစ်ခုတော့ သိချင်တယ်။ မင်းခန္ဓာမှာ ဝိညာဉ် စွမ်းအားတွေ တစ်စက်လေးတောင် ရှိမနေဘဲနဲ့ ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ ... ငါတောင် မင်းကျင့်ကြံဆင့်ကို မှန်းလို့ မရဘူး”

မျက်နှာနီ အမျိုးသားက အနီးအနား တောအုပ်မှ ထွက်လာလေသည်။ မိုဝူကျီက ဖြည်းဖြည်းချင်း စကားတစ်လုံးစီ မေးလိုက်သည်။

“ခင်ဗျားက ဘယ်သူလဲ။ ဘာလို့ ကျုပ်ကို သတ်ချင်နေတာလဲ”

မိုဝူကျီက အမျက်ဒေါသကို ချိုးနှိမ်ထားပြီး တည်ငြိမ်မှုရရန် ကြိုးစား နေရသည်။ တစ်ဖက်လူ၏ ကျင့်ကြံဆင့်မှာ သူရင်ဆိုင်ဖူးသည့် အနက်ဝတ် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူထက် များစွာ အားကောင်းလေသည်။ ထိုသို့သော အဆင်မြင့် ကျင့်ကြံသူက လူသား အဆင့်လွန် ကျင့်ကြံသူကို ချောင်းမြောင်း တိုက်ခိုက် ခဲ့လေသည်။ သူက ချိန်စုယင် သေဆုံးမှုကိုပါ လျစ်လျူရှု ထားသဖြင့် မိုဝူကျီက ဒေါသ မထွက်ဘဲ မည်သို့ နေနိုင်မည်နည်း။

“အကြီးအကဲချိန် ဒါက ဘာသဘောလဲ”

ဂူရှောက်ယင်က အသိ ပြန်ဝင်လာကာ အသံနိမ့်၍ မေးလိုက်သည်။ မျက်နှာနီ အမျိုးသားက နှာခေါင်းရှုံ့ကာ

“ငါသာ မင်းကိုမကယ်ရင် မင်း အသက်ရှင်ဦးမယ် ထင်နေလား ... ကျေးဇူး မသိတတ်ချက်”

ဂူရှောက်ယင် အမူအရာ ပျက်ပြား သွားလေသည်။ သူက မိုဝူကျီကို ကြည့်၍ လက်နှစ်ဖက် ယှက်ကာ

“ကျုပ်က ခင်ဗျားပြိုင်ဖက် မဖြစ်နိုင်သေးဘူး။ အခုကစပြီးတော့ ကျုပ်က လူသားအဆင့် ဇယားမှာ နံပါတ်တစ် မဟုတ်တော့ဘူး။ ခင်ဗျား နာမည် ပြောပြပါ”

“နယ်လှည့် ကျင့်ကြံသူ ၂၇၀၅”

မိုဝူကျီက အေးစက်စွာ ပြန်ဖြေလိုက်သည်။ သူ့အကြည့်များက မျက်နှာနီ အမျိုးသားတွင် မြဲမြံနေဆဲ ဖြစ်၏။ မျက်နှာနီ အမျိုးသား ဝင်မပါလျှင်ပင် သူက ဂူရှောက်ယင်ကို သတ်မည် မဟုတ်ပေ။

ဂူရှောက်ယင်က စိတ်တွင်းမှ သက်ပြင်းချကာ ထွက်သွားလေသည်။ မျက်စိတစ်မှိတ် အတွင်း သူက ပျောက်ကွယ် သွားလေသည်။ သူက မိုဝူကျီကို မကယ်နိုင်မှန်း သိ၏။

မိုဝူကျီလည်း ယနေ့တွင် သူ့အသက်လေး ချမ်းသာရာ မရနိုင်တော့မည်မှန်း သိ၏။ ဝမ်းနည်းလှစွာ သူ လုပ်ချင်သည့် ကိစ္စများစွာ ရှိသေးလေ၏။ အကယ်၍ သူသာ ထိုအတိုင်း သေသွားခဲ့လျှင် နောင်တကြီးစွာ ရမိလိမ့်မည်။

“ငါက မင်းကို သတ်ချင်တဲ့သူ မဟုတ်ပါဘူး။ မင်းကို သတ်ချင်တာ ကြယ်တာရာ ဘုရင်တောင်က သံတမန်ပဲ”

မျက်နှာနီ အမျိုးသားက စိတ်မပါစွာ ပြောလိုက်သည်။

“သံတမန်က မင်းရဲ့ တာအို လက်တွဲဖော်ကို စိတ်ဝင်စားနေပေမဲ့ သူမက ငြင်းနေတာကိုး”

ကျုပ်ရဲ့ တာအိုလက်တွဲဖော်လား ...

မိုဝူကျီက အသက် မဲ့နေသည့် ချိန်စုယင်ကို ကြည့်ကာ အခြေအနေကို နားလည်သွားလေသည်။ ချိန်စုယင်သည် သူ့ကို အကာအကွယ်အဖြစ် အသုံးပြုခဲ့သည် ဆိုလျှင် သူက အပုပ်ချခံရသည်သာ ဖြစ်၏။

သို့သော်လည်း ချိန်စုယင်က ထိုသို့လူစားမျိုး မဟုတ်ကြောင်း ယုံကြည်နေဆဲ ဖြစ်၏။ သူက ချိန်စုယင်ကို နားလည်လေသည်။ သူမက သူ့ကို သူမဘာသာ ကာကွယ်ဖို့ရန် အကာအကွယ် အဖြစ် အသုံးပြုမည် မဟုတ်ပေ။

“တကယ်လို့ ကျုပ်ကို သတ်ချင်ရင်လည်း သတ်ပစ်လိုက်”

မိုဝူကျီ အသံက တည်ငြိမ် နေလေသည်။ ကံဆိုးလှစွာ သူ့တွင် နေရာခြားနိုင်မည့် အခွင့်အရေး မရှိတော့ပေ။ မဟုတ်လျှင် သူ့ရောင်ခြည် အမြောက်ဖြင့် ထိုလူကို အမှုန့်အဖြစ် ပြောင်းလဲ ပစ်နိုင် လိုက်ဦးမည်။

သူ့တွင် အခွင့်အရေး မရှိမည်မှန်း သိသော်လည်း မိုဝူကျီက သဘာဝ စွမ်းအားများကို စုစည်းနေဆဲ ဖြစ်၏။ သူ မသေခင် သူက မျက်နှာနီ အမျိုးသားကို သူ့လျှပ်တစ်ပြက် လျှပ်စီးကို ခံစား စေခိုင်းလိုက်ဦးမည်။ အခွင့်အရေး မြင့်တက်လာပါက သူက နောက်က ချောက်ထဲ ခုန်ချလိုက်မည်။

သို့သော်လည်း မိုဝူကျီက သူ့ထူးဆန်းမှုကို သိ၏။ မျက်နှာနီ အမျိုးသား ဤနေရာတွင် ရှိနေရက်ဖြင့် သူ ချောက်အတွင်းသို့ ခုန်ချနိုင်မည့် အခွင့်အရေးမှာ မဖြစ်နိုင်သလောက် နည်းပါးလှ၏။ တခြားအမြင်မှ ကြည့်လျှင် အောက်သို့ ခုန်ချသည်ကလည်း အသုံးမဝင်ချေ။

မျက်နှာနီ အမျိုးသားက သူ့အား ချက်ချင်း မသတ်သေးဘဲ ရှေ့တိုးလာကာ မေးလိုက်သည်။

“မင်းခန္ဓာကိုယ်မှာ ဝိညာဉ် စွမ်းအားတွေက မင်းမှာ အဆင့်နိမ့် ဝိညာဉ်ကြော ရှိသလိုမျိုး အထိ အားနည်းတယ်။ ဘယ်လိုများ ဒီလောက် အထိ ဖြစ်လာနိုင်တာလဲ။ မင်းရဲ့ ကျင့်ကြံဆင့်ကို ဘယ်လိုများ ဖုံးထားတာလဲ “

ခဏရပ်လိုက်ပြီး သူက ဆက်ပြောလေသည်။

“မင်းမှာ ပြန်ဖြေဖို့ အခွင့်အရေး တစ်ခါပဲ ရမယ်၊။ ကောင်းကောင်းဖြေရင် မင်းအသက်ကို ချမ်းသာပေးမယ်”

“ကျုပ် ဖြေနိုင်တယ်။ ဒါပေမဲ့ ကျုပ် မေးခွန်းအရင်ဖြေ။ ခင်ဗျားက ဘယ်သူလဲ။ ကျန်းမို နယ်မြေက လာတာလား”

မိုဝူကျီက တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်သည်။

အကယ်၍ သူသာ နောက်ထပ် ဂလက်ဆီတွေ၊ ဂြိုလ်တွေ ဖြတ်သန်း၍ နောက်တစ်ကြိမ် အသက် ပြန်ရှင်လာခဲ့လျှင် မျက်နှာနီ အမျိုးသားဆီ သေချာပေါက် လာရောက်၍ လက်စား လာချေရမည်။

“ဟားဟား ... မင်းကိုယ်မင်း လက်စားချေဖို့ အခွင့်အရေးရှိဦးမယ်လို့ ထင်နေတာလား”

မျက်နှာနီ အမျိုးသားက ထိုသို့ပြောပြီး လက်ကို မြှောက်လိုက်သည့် အခါ အလင်းနှစ်တန်း ထွက်သွား လေသည်။ မိုဝူကျီက ထိုအလင်းများကို သေချာ မြင်လိုက်သော်လည်း မရှောင်နိုင်တော့ပေ။

သူ့ခန္ဓာမှ သွေးစီးကြောင်း နှစ်ခု ဖြစ်ပေါ်လာလေသည်။ သူ့အောက်ရှိ မြေကြီးတွင် အက်ကွဲကြောင်း နှစ်ခု ဖြစ်ပေါ်လာလေ၏။ သူက ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း ပညာရပ်ကို တိုက်ခိုက်မှုများကို ရှောင်ရှားဖို့ရာ အသုံးပြုလိုက်သည်။

“ဟုတ်သား နောက်တစ်ခု မေးဖို့ မေ့နေတာ။ မင်း ဂူရှောင်ယင် နောက်ဆုံး တိုက်ကွက်မှာ ခုခံနိုင်ခဲ့တယ်။ အဲဒါ ကျင့်စဉ် မဟုတ်ဘူး မလား။ သေချာ မှန်းကြည့်ရရင် အဲဒါက လျှို့၀ှက်ကျင့်စဉ်ပဲ ဖြစ်ရမယ်။ ဖြေစမ်း မင်း အဲဒါကို ဘယ်ကနေ ရလာတာလဲ။ မင်းသာ သေချာ ဖြေပေးဖို့ ငါအရင် ဖြေပေးမယ်။ ဒီသခင်က ကြယ်တာရာ ဘုရင်တောင် ရှားမျိုးနွယ်ကပဲ။ ကျုပ်က ရှားမျိုးနွယ်စုရဲ့ အကြီးအကဲ ချိန်ဟောင်ယီပဲ”

မိုဝူကျီက သူ့အလင်းတန်းကို မြေကြီးဆီ ပြန်ပို့ဆောင် နိုင်သည်ကို တွေ့ပြီး ထပ်မေးလိုက်သည်။

မိုဝူကျီက တိတ်တဆိတ်နေရင်း နောက်ကိုသာ ဖြည်းဖြည်းချင်း ဆုတ်နေလေ၏။ သို့သော် အမူအရာများက မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်၏။

“ခင်ဗျားကို တစ်ခုတော့ ပြောလိုက်ဦးမယ်။ ကျုပ်သာ အသက်ရှင်ရက် ပြန်လာနိုင်ခဲ့ရင် ကြယ်တာရာ ဘုရင်တောင်ထိ လာပြီးတော့ ခင်ဗျားရဲ့ ရှားမျိုးနွယ်စုကို သေချာပေါက် ဖျက်စီးပစ်မယ်”

ထိုသို့ပြောပြီး မိုဝူကျီက အသက်ပြင်းပြင်း ရှူထုတ်လိုက်လေသည်။ သူက နှစ်ကြိမ်နီးပါး အသတ်ခံရလု နီးပါး ဖြစ်ခဲ့ကာ ထိုနှစ်ကြိမ်လုံးမှာ “ရှား” ဟူသော မျိုးနွယ် နာမည်နှင့် လူကြောင့် ဖြစ်၏။

“မင်း နောက်ဆုတ်စရာ မလိုဘူး။ မင်းမှာ ခုန်ချဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူးကွ ... ငါ သာ မင်းဆိုရင် မေးခွန်းတွေပဲ ဖြေပေးလိုက်မှာ”

ချိန်ဟောင်ယီက မိုဝူကျီ အတွေးများကို မြင်နေသကဲ့သို့ အေးစက်စက် ပြောလိုက်လေ၏။

“ဘယ်ကောင်တုန်း ...ငါ့ ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ ပိုင်နက်အထိ လာပြီးတော့ ထောင်လွှား ရဲကြတာ။ ငါသာ မင်းဆိုရင် သေချာ ဒူးထောက်ပြီးတော့ ဒီလူကြီးဆီ လာပြီး ခယနေမှာပဲ”

ချိန်ဟောင်ယီ လည်ပင်းအောက်တွင် အလွန်ပါးလွှားသော ငါးမြှားကြိုးလေး ပေါ်လာပြီး လူအိုကြီး အသံကို ကြားလိုက်ရ၏။

***

All Chapters