← Chapters

အကြွေးပြန်ဆပ်ခြင်း

Vol. 18 Ch. 245

အကြွေးပြန်ဆပ်ခြင်း

Vol. 18 Ch. 245

လတ်တလောတွင် ယုလင်း လိန်မျိုးနွယ်စုကား အတော်လေး စည်ကား နေလေ၏။ လိန်မျိုးနွယ်စုဝင်တိုင်း နီးပါးက လိန်မျိုးနွယ် ဘိုးဘေး အထိမ်းအမှတ် နေ့အတွက် ပြန်ရောက်ရှိ လာကြလေသည်။

လိန်မျိုးနွယ် ဘိုးဘေးခန်းမတွင် အမွေးနံ့သာတိုင်များ ဝန်းရံ နေလေသည်။ လိန်မျိုးနွယ်စုဝင် ဖြစ်နေပါက ပင်မ မိသားစုမှ ဖြစ်စေ၊ မိသားစု အခွဲလေးမှ ဖြစ်စေ အားလုံးက အမွေးတိုင် ထွန်း၍ လာရောက် ဂါရဝ ပြုကြရသည်။

လိန်မျိုးနွယ် ဘိုးဘေး ခန်းမနှင့် ဆယ်မီတာ အကွာတွင် မိုဝူကျီက ခြုံပင်တွေ ကြား၌ ရောင်ခြည် အမြောက်ကို တပ်ဆင် ထားလေ၏။ ထိုနေရာတွင် ခြုံပင်များ ပေါများ နေသောကြောင့် မိုဝူကျီက အလယ်အလတ် အဆင့်ဟု ယူဆ၍ ရသည့် ဖုံးကွယ် အစီအရင်ကိုပါ တပ်ဆင် ထားလေသည်။ လိန်ကွမ်းက သူ့စိတ်စွမ်းအားဖြင့် စစ်ဆေး ကြည့်လျှင်ပင် တစ်ခုမှ မတွေ့နိုင်ကြောင်း ယုံကြည်၏။

ထိုအကွာအဝေးကိ သေချာ ရွေးထားခြင်း ဖြစ်၏။ မူလအကြံစည်တွင် ရောင်ခြည် အမြောက်ကို ဘိုးဘေးခန်းမနှင့် အတော် အလှမ်း ကွာသည့် နေရာတွင် ထားရန် စိတ်ကူးထားခြင်း ဖြစ်သော်လည်း လိန်မျိုးနွယ်စုတွင် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ ရှိသည်ကို ကြား၍ အကြံအစည် ပြောင်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မိုဝူကျီက ကမ္ဘာမြေမှ လာသူ ဖြစ်၍ ကလေးများနှင့် အမျိုးသမီးများကို နာကျင်အောင် မလုပ်ရက်ပေ။ အကယ်၍ အခြားသော ကျင့်ကြံသူများ ဆိုပါက သူတို့က ရောင်ခြည် အမြောက် တစ်ခုတည်းကို မရွေးဘဲ ကောင်းကင် အမြောက်ကို ရွေးချယ်ကြလိမ့်မည်။

ယုလင်း လိန်မျိုးနွယ်စုက နေရာ အကျယ်ဝန်းများသော်လည်း မိုဝူကျီသာ ကောင်းကင် အမြောက်ဖြင့် ပစ်ခတ် လိုက်ပါက ဤနေရာ တစ်ခုလုံးက ပြာအဖြစ် ရောက်ရှိသွားပြီး ပုရွက်ဆိတ် လေးပင် အသက်ရှင် ကျန်ရစ်မည် မဟုတ်ပေ။

ရက်ရက်စက်စက် မသတ်ဖြတ်ချင်သည့် မိုဝူကျီအတွက် လိန်မျိုးနွယ်စု ဘိုးဘေး ခန်းမတွင် လိန်မျိုးနွယ်စုဝင်များ အားလုံး စုဝေးနေခြင်းက သူ့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်၏။ ပထမဦးစွာ သူက လိန်မျိုးနွယ်စုကို အမြစ်ဖြတ် သုတ်သင် နိုင်ရမည်။ ဒုတိယက သူ မသတ်ချင်သော သူများကို သတ်ဖို့ မလိုပေ။

လိန်မျိုးနွယ်စုက တျန်းဂျီဂိုဏ်းသား အားလုံးကို သတ်ခဲ့သော်လည်း သူက အားလုံးကို သူတို့ကဲ့သို့ အဆုံး မသတ်ချင်ပေ။

လိန်မျိုးနွယ် ဘိုးဘေးခန်းမတွင် အနည်းဆုံး လိန်မျိုးနွယ်စုဝင် ထောင်ကျော် စုဝေး နေလေသည်။ သူတို့မျိုးနွယ်စု ခေါင်းဆောင်နှင့် အကြီးအကဲများက သူတို့ကို ဦးဆောင်လာပြီ’ အားလုံးက လိန်မျိုးနွယ်စု ဘိုးဘေးများ အတွက် အမွေးတိုင် ထွန်းညှိ ပေးတော့မည့် ဆဲဆဲ ဖြစ်၏။

“မျိုးနွယ်စု ခေါင်းဆောင် ... နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က ကောင်းကင်ဖွေရှာ နန်းတော် တပည့် မိုဝူကျီတဲ့။ သူက အဲဒါကြောင့် ဟော်ယွီချန် အတွက် ရပ်တည် ပေးခဲ့တာ”

လိန်မန်က လိန်မျိုးနွယ်စု ခေါင်းဆောင် လိန်ဒီနားသို့ ကပ်ပြောလိုက်သည်။ လိန်ဒီ မျက်လုံးများက လင်းလက်သွားပြီး အသံနိမ့်၍ မေးလိုက်သည်။

“သူ့နေရာ ရှာတွေ့ပြီလား”

လိန်မန်က သူ့အသံကို ပိုတိုးလိုက်ပြီး “အခုထိတော့ မသိသေးဘူး။ ဒါပေမဲ့ ကျုပ်တို့တွေ သူ့ခြေရာ လက်ရာတော့ ခံမိပြီ။ သူက ရှင်းဟန် အင်ပါယာ မြောက်ဖက်ပိုင်း ချင်စီရင်စု မိုမျိုးနွယ်စုကတဲ့။ သူတို့တွေက အမြဲတမ်း မြောက်ဖက်ပိုင်း ချင်စီရင်စု သခင်တွေ ဖြစ်ခဲ့တာ။ နောက်ပိုင်းကျ ချင်ယွီပြည်နယ် သခင် စစ်ထူချင်က မိုမျိုးနွယ်စု နေရာကို ဂျူမျိုးနွယ်ကို ပြောင်းပေး လိုက်တယ်။ မိုဝူကျီက ပြန်သွားပြီးတော့ ဂျူမျိုးနွယ်စု အားလုံးကို သတ်ပစ်ပြီးတော့ နယ်မြေကို ပြန်ရအောင် ယူနိုင်ခဲ့တယ် ...”

“အရမ်း ကောင်းတယ်။ အခု မင်းအကြံက ဘယ်လိုလဲ”

လိန်ဒီက ခေါင်းညိတ် ပြလိုက်သည်။ လိန်မန် မျက်လုံးတွင် လူသတ်ငွေ့များ ထွက်ပေါ် နေကာ...

“ကျုပ်တို့တွေ မြောက်ဖက်ပိုင်း ချင်စီရင်စုရဲ့ မြို့တော် လောင်အန်းကို သွားပြီးတော့ သူ ရောက်မလာမချင်း နေ့တိုင်း လူတွေ သတ်ပစ်မယ်”

သူက ထပ်ပြောလိုက်လေသည် “အဲဒီလူမှာ သာမန် အရည်အချင်းပဲ ရှိတယ် ဆိုပေမဲ့ ဘယ်လို ရတနာမျိုး ရှိနေတယ် ဆိုတာ မှန်းမရဘူး။ အဲဒါကြောင့်ပဲ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့မှာ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ နာမည်လွဲပြီး ထိပ်ဆုံးထိ ရောက်သွားတာ။ ပြီးတော့ သူ တျန်းဂျီဂိုဏ်းဆီက ရထားတာလည်း ရိုးရိုးရှင်းရှင်းတော့ မဖြစ်နိုင်ဘူး”

“ဟင်း ...”

လိန်ဒီက ပြောလိုက်သည်။

“ဂရုစိုက်ကြဦး။ လိန်မျိုးနွယ် ဘိုးဘေး အခမ်းအနား ပြီးတာနဲ့ ချက်ချင်း မြောက်ဖက်ပိုင်း ချင်စီရင်စုဆီ သွားတော့။ ငါလည်း ကောင်းကင်ဖွေရှာ နန်းတော်မှာ စောင့်ကြည့်ဖို့ လူလွှတ် ထားလိုက်မယ်။ သူပေါ်လာတာနဲ့ ငါတို့ သိရလိမ့်မယ်။ ငါစိုးရိမ်တာက ကောလာဟလတွေက မှန်နေမှာကိုပဲ။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို ကျန်းမိုနယ်မြေ ချိန်ဟောင်ယီ ခေါ်သွားတယ် ဆိုရင်တော့ ငါတို့တွေတော့ အကျိုးမြတ်တစ်ခုမှ မရနိုင်တော့ဘူး ...”

“လိန်ခေါင်း‌ဆောင် ... အဲဒီလူက အတော် ဉာဏ်များတယ်။ မဟုတ်ရင် သူက အမှတ်တွေ ၁၀၀၀၀၀ တန်နေတဲ့ စစ်မှန်ခြင်း နတ်ဘုရား အဆင့်ကို သတ်နိုင်ပါ့မလား။ အဲဒါကြောင့် ကောလာဟလတွေက မမှန်လောက်ဘူး။ မှန်နေရင်တောင် မြောက်ဖက်ပိုင်း ချင်စီရင်စုကို ရှင်းပစ် လိုက်တာက ဗျာမများပါဘူး။ မှားနေတယ် ဆိုရင် ကျုပ်တို့က ဝေဟင်လျှပ်စီး ဟန်ပန်ခုနှစ်မျိုး ပုံစံနှစ်ခုလုံး ကျင့်စဉ်တွေနဲ့ သူ့လျှို့၀ှက်ချက်လည်း ရနိုင်တယ်လေ”

လိန်မန်က ရဲရဲတင်းတင်း ပြောလိုက်တော့သည်။

ထို့နောက် လိန်ဒီက များစွာ မပြောတော့ပေ။ ထိုသည်က သူ လုပ်ရန် ပြင်ဆင် ထားသည်များလည်း ဖြစ်နေ၏။ ယုလင်း လိန်မျိုးနွယ်စု နှစ်များစွာ အင်အား နည်းလာသည့်တိုင် ယခုအထိ ရှင်ကျန်ရစ် နေသည်မှာ သူတို့က ညှာတာခြင်း မရှိ သတ်ဖြတ်ခဲ့၍ ဖြစ်သည်။ လိန်မျိုးနွယ်စုမှ သုတ်သင် ထားသည့် ဂိုဏ်းများနှင့် မျိုးနွယ်စုများမှာ ရေတွက်လို့ပင် မဆုံးနိုင်ချေ။ နယ်လှည့် ကျင့်ကြံသူများ အတွက် လိန်မျိုးနွယ်စုက ပို၍ပင် သတ်ဖြတ်ခဲ့သေး၏။

ထို့ကြောင့် သာမန် သေမျိုးဖြစ်သည့် စီရင်စု လောက်တော့ မျက်လုံးထဲ မထည့်ချေ။ သူတို့ အားလုံးကို သတ်ပစ် လိုက်သည်က ပိုမကောင်း ပေဘူးလား ....

မိုဝူကျီက အမြောက် မီးညှိရမည့် အချိန်ကို တွက်ချက်နေစဉ် နောက်တစ်အုပ်စု မှာလည်း သူ့အကြံစည်နှင့် သူတို့ အလုပ် ရှုပ်နေကြသည်။

ထိုအုပ်စုတွင် ဆယ်ယောက်ကျော် ပါရှိပြီး သူတို့က မိုဝူကျီနှင့် ဆန့်ကျင်ဘက် လားရာတွင် ပုန်းနေကြလေ၏။ သူတို့ မျက်နှာများတွင် လူသတ်ချင်စိတ်နှင့် ဆုံးဖြတ်ချက် ပြတ်သားသော အမူအရာများ တွေ့နေရသည်။

သူတို့ ခေါင်းဆောင်မှာ လူသား အဆင့်လွန်သာ ရှိသေးသော လူငယ်လေး ဖြစ်၏။ သူ့လက်ထဲတွင် ဓားကြီးကို ဆုပ်ကိုင်ထားကာ အဝေးမှ လိန်မျိုးနွယ် ဘိုးဘေး ခန်းမကို လှမ်းကြည့် လိုက်သည်။

“စီနီယာ ရှင်းယွမ် ကျုပ်တို့တွေ ဘယ်အချိန် စတိုက်ကြမလဲ”

ဓားအကြီးကြီး ကိုင်ထားသည့် လူငယ်ဘေးမှ တစ်ယောက်က မေးလိုက်သည်။ လူငယ်က အသံနိမ့်၍ ပြန်ဖြေလိုက်သည်။

“နောက်ထပ် အမွေးတိုင် တစ်ဝက်စာလောက် စောင့်ဦး။ လိန်မျိုးနွယ်စု အခမ်းနား စတင်မှ ငါတို့တွေ ဝင်တိုက်ကြမယ်။ သူတို့ ပြန်လည် တုံ့ပြန်တဲ့ အခါကျ ငါတို့တွေ အတော်လေး ဖျက်စီး ပြီးလောက်ပြီ။ ငါ့တျန်းဂျီ ဂိုဏ်းက လိန်မျိုးနွယ်စုကြောင့် ပျက်စီး ခဲ့ရတယ်။ အဲဒါကြောင့် အဆင့်မြင့် ကျင့်ကြံသူတွေ မသတ်နိုင်ရင်တောင် အနည်းဆုံးတော့ အားနည်းသူတွေ သတ်ပြီး လက်စား ချေရမယ်”

“တျန်းဂျီဂိုဏ်း အတွက် လက်စား ချေကြမယ်”

လူငယ်နောက်မှ ဆယ်ယောက်လုံးကလည်း တစ်ပြိုင်တည်း ရွတ်ဆို လိုက်ကြသည်။ သူတို့က ထိုကိစ္စ အပြီးတွင် အသက်ရှင်ဖို့ရာ မမျှော်လင့်ထားပေ။ သူတို့က တျန်းဂျီဂိုဏ်း အတွက် လက်စားချေရန် လိန်မျိုးနွယ်စုဝင်များကို သတ်ပစ်ရန်သာ ရည်ရွယ် ထားကြ၏။

မိုဝူကျီနှင့် သူတို့ကြားက တစ်ခုတည်းသော ကွာခြားချက်မှာ မိုဝူကျီက လိန်မျိုးနွယ်စုမှ အဆင့်မြင့် ကျင့်ကြံသူများနှင့် ယောကျ်ားသားများကို တိုက်ခိုက်ဖို့ ရွေးချယ်စဉ် သူတို့က အမျိုးသမီး များနှင့် အားနည်းသူများကို ရွေးချယ်ခဲ့ခြင်း ဖြစ်နေသည်။

အချိန် ကျလာပြီဟု ခံစားမိသည့်အခါ မိုဝူကျီက ရောင်ခြည် အမြောက်ကို မီးညှိလိုက်ပြီး ဦးတည်ရာ သေချာ ချိန်ထားရင်း ပစ်လွှတ် လိုက်တော့သည်။

“ဘမ်း”

အားလုံး မျက်လုံးကို စူးရှ သွားစေသည့် အလင်းတန်းက လေဟုန်ခွင်း၍ ကမ္ဘာမြေ တုန်ဟီးသံ နှင့်အတူ ထွက်ပေါ် လာလေသည်။

ထိုစဉ် အားလုံးက ယုလင်းလိန် မျိုးနွယ်စု ပိုင်နက်ကို ကြည့်မိ လိုက်ကြသည်။ မျက်မမြင် လူပင် ထိုအလင်းတန်းကို မြင်နိုင်ပြီး ထိုနားကွဲမတတ် အသံကြီးကို ကြားနိုင်လိမ့်မည်။

မိုဝူကျီက သူ့တိုက်ခိုက်မှု ရလဒ်ကို မချီးကျူးဘဲ မနေနိုင်ချေ။ အမြောက် ပစ်လွှတ်လိုက်သည့် အခိုက်အတန့်တွင် သူက ရောင်ခြည် အမြောက်ကို သိမ်းဆည်းကာ ထွက်သွားလေသည်။ သူက ထိုအမြောက်အစွမ်းကို သိသည့် အတွက် ထိုရောင်ခြည် ရောက်သမျှ နေရာတိုင်းသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲ သွားမည်ကို သိ၏။ လိန်မျိုးနွယ်စုထဲမှ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ၉ ကျင့်ကြံသူပင် ထိုအမြောက် တစ်ချက်တည်းဖြင့် ညက်ညက် ကြေသွားနိုင်လေသည်။

ထင်ထားသည့် အတိုင်း လိန်မျိုးနွယ်စု ဘိုးဘေးခန်းမသည် သူ့အမြောက် လက်ချက်ဖြင့် ချိုင့်ကြီး ဖြစ်သွား လေသည်။ လှပသော ခန်းမကြီး၏ ပုံရိပ်ကား လူစိတ်ထဲတွင်သာ ကျန်ရှိတော့မည် ဖြစ်၏။ မြောက်ဖက်ပိုင်း ချင်စီရင်စုကို ဖျက်စီးရန် ဆွေးနွေး နေကြသည့် လိန်မန်နှင့် လိန်ဒီတို့၏ အရိုးစပင် ကျန်ရှိ မနေတော့ပေ။ လိန်မျိုးနွယ်စုတွင် အားအကောင်းဆုံး ဖြစ်သည့် လိန်ကွမ်းက သူတို့ လိန်မျိုးနွယ်စုသည် ကြောက်စရာ ကောင်းသော လူကို သွား၍ ရန်စမိပြီဟုသာ တစ်ချက် တွေးနိုင် လိုက်သည်။ ထို့နောက် သူလည်း ပျောက်ဆုံး နယ်မြေမှ ပျောက်ကွယ် သွားတော့သည်။

“ဘာတွေ ဖြစ်သွားတာလဲ”

ယူရှင်းယွမ်က ဦးစွာ မတ်တတ် ရပ်လိုက်ရင်း လိန်မျိုးနွယ်စု ဘိုးဘေးခန်းမ နေရာအစား ဖြစ်ပေါ်နေသည့် ချိုင့်ကြီးကို ကြည့်ကာ အံ့ဩတကြီး မေးလိုက် လေသည်။ သူက အမြောက် ပစ်ခတ်မှုကို ရှင်းရှင်းလင်းလင်း မြင်လိုက် ရသောကြောင့် အသေးငယ်ဆုံး ပုရွက်ဆိတ်ပင် မလွတ်နိုင်ကြောင်း သိ၏။

“ကျုပ်တော့ အခုနားလည်သွားပြီ။ လိန်မျိုးနွယ်စုက အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ကို သွားရန်စမိတာ ဖြစ်ရမယ်။ အဲဒီလူက အထိမ်းအမှတ်နေ့ကို အခွင့်ကောင်း ယူပြီးတော့ လိန်မျိုးနွယ် အကုန်လုံးကို ရှင်းပစ် လိုက်တာပဲ။ လိန်မျိုးနွယ်စုက ပြစ်မှုတွေ များနေပြီ။ အခု‌တော့ သူတို့ ဝဋ်ကြွေး ပြန်ဆပ် လိုက်ရတာပဲ”

စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ လူငယ်က ထရပ်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ယူရှင်းယွမ်လည်း အခြေအနေကို နားလည်သွားကာ ဓားကို ယမ်းရင်း

“အဲဒါဆို ငါတို့တွေ ဘာကို စောင့်နေမှာလဲ။ အားလုံးကို သတ်ပစ်ပြီးတော့ လိန်မျိုးနွယ်စုကို အမြစ်ဖြတ် သုတ်သင်ရအောင် ... တစ်ယောက်မျှ အရှင်မထားနဲ့။ နောက်ဆုံးတော့ တျန်းဂျီဂိုဏ်းက အစ်ကိုတွေ၊ ဘိုးဘေးတွေ အတွက် လက်စားချေနိုင်ပြီ”

“သတ်ကြ” ယူရှင်းယွမ်က သူ့ဓား အကြီးကြီးကို ကိုင်ဆွဲရင်း လိန်မျိုးနွယ်စုဆီ အရင် ပြေးသွားတော့သည်။ ဤသည်က သွေးစွန်းမည့် ညတစ်ညသာ ဖြစ်နေ၏။ ယုလင်း လိန်မျိုးနွယ်စုကား ယနေ့ညတွင် အမြစ်ဖြတ် သုတ်သင်ခံရမည့် ကံတရား ဖြစ်၏။

ကောင်းကင်ဖွေရှာ လှေကား

“ဂျွတ်”

လိန်ဟုန်ကျီက ၁၀၀ ထစ်မြောက်သို့ ခြေချရန် ကြိုးစား လိုက်သည့် အခါ ခြေနှစ်ဖက်လုံး ကျိုးသွားလေသည်။ ထို့ကြောင့် ၉၉ ထစ်၌သာ ပြန်ဆင်း လိုက်ရသည်။ ထိုစဉ် သူက ရုတ်တရက် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်၏။ သို့သော် ထိုခံစားချက်က ဘာအရာမှန်း သေချာ အဓိပ္ပာယ် မဖော်နိုင်ပေ။ ဘေးမှ ကျင့်ကြံသူများက လိန်ဟုန်ကျီသည် နာမည် ချရေးလိုက်ပြီး လှေကားမှ ဆင်းလာသည်ကို တွေ့လိုက်ရသည်။ သူက လှေကား ၁၀၀ ထစ်ထိ မရောက်နိုင် ခဲ့သောကြောင့် အများစုက သက်ပြင်း ချလိုက်ကြသည်။

ကြယ်တာရာ ဘုရင်တောင် ကာကွယ်သူ ရှုချီဟောင်လည်း သက်ပြင်း ချမိလိုက်သည်။ ရှားမူက သက်တူရွယ်တူထဲတွင် တခြားလူများကို ကျော်လွန်နိုင်သည်က သူသည် တခြား သူများထက် များစွာ အရည်အချင်း ရှိနေ၍ မဟုတ်ဘဲ တစ်ယောက်မှ လိုက်မယှဉ်ပြိုင် နိုင်သည့် ကျင့်ကြံခြင်း အထောက်အပံ့ များကြောင့်သာ ဖြစ်၏။ ပြောရမည် ဆိုလျှင် သူ့ကျင့်ကြံဆင့် အားလုံးက ထိုအထောက်အပံ့များမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ရှားမျိုးနွယ်စုတွင် မွေးဖွားခဲ့ခြင်းက သူ့အတွက် ကံကောင်းမှုသာ ဖြစ်၏။

“ဂိုဏ်းချုပ်ပိုင် .... ကျုပ်မှာ နောက်ထပ် ဖိတ်ကြားချက် ရှိသေးတယ်။ မင်းအတွက်ပေါ့။ မင်းနဲ့ လျှပ်စီးကျင့်စဉ် အသုံးပြုနိုင်တဲ့ ချိန်စုယင်ကို ကျန်းမိုနယ်မြေကို ဖိတ်ခေါ်ချင်ပါတယ်။ ဂိုဏ်းချုပ်ပိုင် သဘောကရော ဘယ်လိုလဲ”

လူအများကြီး ကောင်းကင်ဖွေရှာ လှေကားမှ ဆင်းလာပြီး နောက်တွင် ရှုချီဟောင်က ရုတ်တရက် ထ၍ ပိုင်စုတင်းကို မေးလိုက်လေ၏။

ရှုချီဟောင် အမြင်အရ ပိုင်စုတင်းသည် ရှားမူနှင့် သက်တူရွယ်တူ ဖြစ်သည့်အပြင် သူမက ပျောက်ဆုံး နယ်မြေတွင် ကျင့်ကြံသော်လည်း ရှားမူထက် များစွာပို၍ အားကောင်းပေ၏။ ထိုသည်က သူမတွင် မည်သို့ အရည်အချင်းများ ရှိနေသည်ကို ပြသနေခြင်းသာ ဖြစ်၏။ ထို့အပြင် သူက လျှပ်စီး သဘာဝ ကျင့်စဉ်ကို အသုံးပြုနိုင်သည့် ချိန်စုယင် အပေါ်တွင်လည်း အမြင်ကောင်းများ ရှိလေသည်။

ထိုအရာကို ကြားပြီး ရှားမူ မျက်နှာမှာ မှောင်မည်း လာလေသည်။ ပိုင်စုတင်းနှင့် ချိန်စုယင်တို့ နှစ်ယောက်လုံးမှာ သူ့ကြင်နာမှုကို မသိတတ်ခဲ့ကြပေ။ သို့သော် ရှုချီဟောင်က သူ့ဂုဏ်သတင်းကို မတွေးတောဘဲ ထိုအမျိုးသမီးများကို ပွင့်လင်း မြင်သာစွာ ဖိတ်ခေါ်နေလေသည်။

ပိုင်စုတင်းက ခဏတာ ကြောင်သွားလေသည်။ သူမက ထို့ထက် ပိုအလှမ်းကွာသော ကျင့်ကြံ လမ်းစဉ် အတွက် ပျောက်ဆုံး နယ်မြေမှ ထွက်သွားရမည်မှန်း သိ၍ ကျန်းမိုနယ်မြေကို လိုက်သွား ချင်မိသည်။ ထို့အပြင် ကောင်းကင်ဖွေရှာ နန်းတော်မှ ကျန်းမိုနယ်မြေကို သွားမည့် ပါရမီရှင် များစွာလည်း ပါလေသည်။ သူမက သူတို့အတွက် စိုးရိမ်ပူပန်မိ၏။

သူမက ရှားမူကို မကျေမနပ် ဖြစ်စေထားသည့် အတွက် ကြယ်တာရာ ဘုရင်တောင် ကာကွယ်သူရှုက သူမကို ကိုယ်တိုင် ဖိတ်ကြား လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

“အကြီးအကဲရှုကို ကျေးဇူး တင်ပါတယ်။ ကျွန်မက ကျန်းမိုနယ်မြေကို သွားဖို့ ဆန္ဒရှိပါတယ်”

ပိုင်စုတင်းက လေးလေးစားစား ဦးညွတ်ရင်း ပြန်ဖြေလိုက်သည်။

“အဲဒါဆို ချိန်စုယင်ရော ... သူမကို ဘာလို့ မတွေ့ရတာလဲ”

ရှုချီဟောင်က ကောလာဟလများကို သိပ်၍ စိတ်ထဲမထားပေ။ ထို့ကြောင့် သူက ချိန်စုယင်သည် ရှားမူနှင့် အဆင် မပြေသည့် အတွက် ဂိုဏ်းသို့ ပြန်သွားသည် ဟုသာ သိထားလေသည်။

ပိုင်စုတင်း ပြန်ဖြေဖို့ရာပင် မစောင့်ဘဲ ဓားရေကန် အကြီးအကဲက ရှေ့ထွက်လာပြီး ဖြေလိုက်သည်။

“လွန်ခဲ့တဲ့ ဆယ်ရက်လောက်က ဂျုနီယာ ညီမလေးချိန်က ဂိုဏ်းအပြင်ကနေ တော်တော်လေး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရလာတယ်။ သူမက မြက်တောထဲမှာ မေ့လဲ နေခဲ့တာ။ ကျုပ်က ဖြတ်သွားတော့ ဂိုဏ်းထဲ ပြန်ခေါ်လာခဲ့တာပါ။ သူမက အခု အားပြန် ဖြည့်နေတာ ဆိုတော့ ကျန်းမို နယ်မြေကို လိုက်နိုင်မှာပါ”

လက်တွေ့တွင် ဓားရေကန် အကြီးအကဲ ချိန်စုယင်ကို မြင်သောအခါ ဓားရေကန် တံခါးဝရှေ့တွင် ဖြစ်၏။ ဂိုဏ်းအပြင်တွင် မဟုတ်ချေ။ သတိ မေ့မြောနေသည်က လွဲ၍ အခြားသော ဒဏ်ရာများ မရှိပေ။ သို့သော်လည်း သူက သူမ အခြေအနေများကို ဤသို့ ပြောရသည်က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ နှင့် ချိန်စုယင် ပတ်သတ်သည့် သတင်းများ ကြားထား၍ ဖြစ်သည်။ သူက ချိန်စုယင်ကို မေးမြန်းပြီး နောက်တွင် ချိန်ဟောင်ယီကို မြင်ပြီးနောက်တွင် သတိ မေ့သွားကြောင်းသာ ပြောကြားခဲ့၏။ ထို့ကြောင့် သူမကို မည်သူ ကယ်တင်လိုက်မှန်း မသိချေ။

ချိန်စုယင်ကို မည်သူ ကယ်တင်စေကာမူ ထိုသူကား ကောင်းကင်ဖွေရှာ နန်းတော်၏ ရန်သူတော့ မဟုတ်ချေ။ ချိန်စုယင် အသက်သခင်ကို မထုတ်ဖော်လိုပေ။ ထို့ကြောင့် ဇာတ်လမ်း တစ်ပုဒ်လုံးကို ဤအတိုင်း ရှင်းပြလိုက်ခြင်း ဖြစ်သည်။

“ကောင်းပြီ။ အဲဒါဆို သူမကို ခေါ်လာလိုက်တော့။ အခုသွားကြမယ်”

ချူဟောင်ယီက ရှားမူ အမြင်ကို မမေးတော့ဘဲ ချက်ချင်း ညွှန်ကြား လိုက်တော့သည်။

စိတ်ထဲတွင် ရှားမူက ဒေါသူပုန်ထနေလေ၏။ သို့သော် တစ်ခွန်းမျှ မပြောရဲချေ။ သူက ကြယ်တာရာ ဘုရင်တောင်၌ ကြယ်တာရာ သခင် ဖြစ်လာလျှင်ပင် လောက အင်မော်တယ် အဆင့် ဖြစ်သည့် ရှုချီဟောင်သည် အထူးအနေနှင့် ကျန်ရှိ နေဦးမည် ဖြစ်လေသည်။

***

All Chapters