တျန်းဂျီဂိုဏ်းချုပ် မိုဝူကျီ
Vol. 18 Ch. 248
ယခု ရောက်လာသည့် သူကား မင်ဟန်အင်ပါယာ၏ မင်းသား (၂၆) အစား မင်းသား (၃၁) ပိုင်တျန်းယု ဖြစ်နေသည်။ သူ့တော်ဝင် အစ်ကိုတော်က တျန်းဂျီဂိုဏ်းရှိ ဤနေရာတွင် ကံကောင်းမှုများ ရသွားသည်ကို ကြား၍ မင်းသား (၃၁) လည်း အကျိုးမြတ် မျှဝေရန် မစောင့်နိုင်ဘဲ ရောက်လာခြင်း ဖြစ်၏။ သို့သော်လည်း မင်ဟန် အင်ပါယာမှ တျန်းဂျီဂိုဏ်းသို့ ခရီး ထွက်လာစဉ် သူ့လူတချို့ကို အင်မော်တယ် အဖွဲ့တစ်ဖွဲ့မှ သတ်ဖြတ် သွားသည်ဟု ပြန်ကြားသိရသည်။
သူက ထိုသူများက သူ့လူများကို သတ်သွားသည့် အတွက် အင်မော်တယ်များ ဖြစ်နေလျှင်ပင် လုံးဝလွတ်မပေးနိုင်ချေ။ သူက ထိုမြင်းစီး ဓားပြများကို သေချာ စုစည်းထားပြီး လမ်းတစ်လျှောက်တွင် သူ့အား ကာကွယ်ပေးမည့် လူသား အဆင့်လွန် ကျင့်ကြံ သူများကို စုဆောင်း ခဲ့ရသည်။
“မင်းတို့တွေ အမွေးတိုင် တစ်ဝက်အချိန် အတွင်းမှာ တျန်းဂျီတောင် နယ်နမိတ် အတွင်းက ထွက်သွားရင် သွား ... မဟုတ်ရင် မင်းတို့ကို သက်ညှာပေးနေမှာ မဟုတ်ဘူး”
ပိုင်တျန်းယုက ဖူချန်းနှင့် အခြားလူများသည် သူတို့ကို ဘာမှ မလုပ်ရဲသည်ကို အခွင့်ကောင်း ယူ၍ အတော်လေး မကျေမနပ် ဖြစ်နေသည့် အသံနှင့် ပြောလိုက်လေသည်။
စန်ယီပင်း အကျပ်ရိုက် နေသည်ကို တွေ့ပြီး ဖူချန်းက ဝင်ပြောလိုက်လေသည်။
“ဘာလို့ တွေဝေ နေတာလဲ။ အားလုံးကို သတ်ပစ် လိုက်ရအောင်”
ဘေးမှ နှဲ့ကျန်းနွန်မှ မြန်မြန် ပြောလိုက်ရသည်။
“စီနီယာ အစ်ကိုဖူ ... စီနီယာ အစ်မက တွေဝေနေတာက ကျုပ်တို့ တိုက်သင့်၊ မတိုက်သင့် မဟုတ်ဘူး။ မင်ဟန် အင်ပါယာမှာ အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ ရှိတယ်လို့ ကြားထားတယ်။ ပြီးတော့ သူတို့က အကူအညီ တောင်းစရာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူလည်း ရှိတယ်တဲ့။ အဲဒါကြောင့် ကျုပ်တို့ဖက်မှာကျ စီနီယာ တစ်ယောက်တည်း မြေကမ္ဘာ အဆင့်လေ။ အဲဒါကြောင့် အခု သတ်ဖြတ်လိုက်ရင် နောက်ပိုင်းကျ ဘာဖြစ်လာမယ် ဆိုတာ ဘယ်သူသိမှာလဲ”
ဖူချန်းက တိတ်ဆိတ် သွားလေသည်။ သူက စန်ယီပင်းနှင့် နှဲ့ကျန်းနွန်တို့သည် မှန်ကန်ကြောင်း သိ၏။ ယခုအချိန်တွင် ပျော်ပျော်ကြီး သတ်၍ ရသော်လည်း နောင်တစ်ချိန်တွင် ဘာဖြစ်မည်ကို မည်သူ ပြောနိုင်မည်နည်း။ သူတို့သည် တျန်းဂျီဂိုဏ်း ပြန်လည် တည်ဆောက်ရန် ရောက်ရှိလာခြင်း ဖြစ်ရာ လူအများကို သတ်ပြီး ထွက်သွားဖို့ရာ မဟုတ်ပေ။
“စီနီယာ အစ်ကိုကြီး သင်္ဘောပျံပဲ”
ကျောင်းယန်က ရုတ်တရက် ထပြောလိုက်သည်။
“ဟားဟား”
ဖူချန်းက မိုဝူကျီ သင်္ဘောပျံကို တွေ့သောအခါ စိတ်အေးသွား၍ စိတ်လွတ် ကိုယ်လွတ် ရယ်မော မိလိုက်သည်။
သူက သူနှင့် စီနီယာ အစ်ကိုကြီးကြားမှ ကွာခြားချက်ကို ကောင်းကောင်းသိ၏။ သူက စီနီယာ အစ်ကိုကြီး ဤနေရာတွင် မရှိစဉ် သူသည် မည်သို့ ဖြေရှင်း ရမည်မှန်း မသိပေ။ ယခု စီနီယာ အစ်ကိုကြီး ပြန်ရောက်လာပြီ ဖြစ်သည့်အတွက် သူက ချက်ချင်း ဆိုသလို ကျောထောက် နောက်ခံ ရှိသွားလေပြီ။
ဖူချန်းတင် မဟုတ်ချေ။ စန်ယီပင်းနှင့် ကျန်လူများမှာလည်း စိတ်အေး သွားကြသည်။ သူတို့ရှေ့မှ လူများမှာ ကြောက်စရာ တစ်စက်လေးမျှ မရှိသော်လည်း သူတို့က မလုပ်ရဲခြင်းသာ ဖြစ်၏။
“မင်းသားတျန်းယု ... ကျုပ်တို့ ဒီကနေ ခဏ ထွက်သွားရအောင်။ မင်းသား ဖန်ကျန်းကို အသိပေးပြီးမှ ပြန်လာ ရအောင်”
ပိုင်တျန်းယုဘေးမှ လူသား အဆင့်လွန် ကျင့်ကြံသူ တစ်ယောက်က မိုဝူကျီ၏ သင်္ဘောပျံကို မြင်သောအခါ စိတ်ပူပင်စွာ ပြောလိုက်လေသည်။
ပိုင်တျန်းယုက မျက်မှောင် အနည်းငယ် ကြုတ်မိသွားလေသည်။ အကြောင်းမှာ သူက ဖူချန်းနှင့် အခြားလူများ ထွက်သွားဖို့ ငြင်းဆန်သည်ကို အမှန်တကယ်ကျ ဘာမှ မလုပ်ရဲပေ။ သူတို့တွင် လေးယောက်သာ ရှိသော်လည်း ထိုလေးယောက်လုံးမှာ အင်မော်တယ်များ ဖြစ်ကြပြီး သူတို့တွင် အင်မော်တယ် နှစ်ယောက်သာ ရှိလေသည်။ အင်မော်တယ် ကျင့်ကြံဆင့် အတွက်တော့ သူက တွက်ဆ မထားပေ။ သူသာ စတင် မတိုက်ခိုက်ပါက တစ်ဖက်လူမှာ စတင်၍ မတိုက်ခိုက်မှန်း သိ၏။ ထို့အပြင် သူက မင်ဟန် အင်ပါယာမှ မင်းသားတစ်ပါး ဖြစ်လေသည်။ ယခင်အချိန်မှ တျန်းဂျီဂိုဏ်းသည် မင်းသား တစ်ပါးကို ပြဿနာ မရှာရဲခဲ့ပေ။ ထို့ကြောင့် အဆင့်နိမ့် လေးယောက်က လုပ်ဆောင်ရဲမည်လား ...
သင်္ဘောပျံသည် ကောင်းကင်ဂိတ် မြို့အပြင်ဘက်တွင် ဆင်းသက် လိုက်လေသည်။ ထို့နောက် မိုဝူကျီက သင်္ဘောပျံမှ ထွက်လာ၍ သိမ်းဆည်း လိုက်တော့သည်။
ဖူချန်းနှင့် အခြားလူများက မိုဝူကျီကို အလျင်အမြန် နှုတ်ဆက် လိုက်ကြတော့သည်။ ကံကောင်းလှစွာ ကောင်းကင်ဂိတ် မြို့ကို ဖြတ်သန်း သွားသည့်သူ နည်းသည့် အတွက် တချို့လူများသာ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို ကျန်းမိုနယ်မြေ ကျင့်ကြံသူ ခေါ်ဆောင် သွားသည့် သတင်း အကြောင်းကို သိကြ၏။ မဟုတ်လျှင် သူတို့သည် ထိုမြင်းစီး ဓားပြများကို ရင်ဆိုင်မည့် စိတ်အခြေအနေ ရှိမည် မဟုတ်ပေ။
မိုဝူကျီက ပျက်စီးနေသည့် ကောင်းကင်ဂိတ် မြို့နှင့်အတူ မြို့အပြင်၌ လူသေ အရိုးများ အပုံလိုက်ကိုလည်း မြင်တွေ့ ပြီးလေပြီ။
ကုန်သည်များလည်း မြင်းစီး ဓားပြရာကျော်ကို စိတ်တုန်လှုပ်စွာ ကြည့်နေ ကြလေသည်။
“ဘာတွေ ဖြစ်နေတာလဲ”
မိုဝူကျီက ဓာပြများကို ကြည့်ရင်း ဖူချန်းနှင့် အခြားလူများကို မေးလိုက်တော့သည်။ ပိုင်တျန်းယုက အော်ပြော လိုက်လေသည်။
“နောက်ဆုံးတော့ စကား ပြောတဲ့သူ ရောက်လာပြီပဲ။ ကျုပ်က မင်ဟန် အင်ပါယာရဲ့ ၃၁ ယောက်မြောက် မင်းသား ပိုင်တျန်းယုပဲ။ ဒီနေရာက ကျုပ်ပိုင်နက် ဆိုတော့ မင်းတို့တွေ ထွက်သွာတာ အကောင်းဆုံးပဲ။ မဟုတ်ရင် အကျိုးဆက်ကို ခံစားရလိမ့်မယ်”
မိုဝူကျီတွင် သင်္ဘောပျံ ပိုင်ဆိုင်သည်ကို မြင်၍ ယခင်နှင့်စာလျှင် စကားလုံး ရွေးချယ် ပြောနေရ၏။
“စီနီယာ အစ်ကိုကြီး ... အဲဒါက ပိုင်တျန်းယုပါ။ ကျွန်မတို့ တျန်းဂျီဂိုဏ်း နေရာကို ငှားထားတဲ့လူ ပိုင်ဖန်ကျန်းနဲ့ တစ်ဖွဲ့တည်းပါ။ ပြီးတော့ သူတို့က မြင်းစီး ဓားပြအုပ်စု ခေါင်းဆောင်တွေပါ။ ဒီကုန်သည်တွေက ဒီလမ်းကြောင်းကို တိတ်တဆိတ် သုံးချင်ပေမဲ့ သူတို့တွေက ရှာတွေ့သွားတယ်။
သူတို့တွေမှာ ရာကျော် ရှိတယ်။ အခုတော့ တချို့က ထွက်သွား ကြတယ်။ ကျွန်မတို့ကို ကျေးဇူတင်တဲ့ အနေနဲ့ ကုန်သည်တွေက ကောင်းကင် ဂိတ်မြို့ကို ကူရှင်းပေးမယ် ဆိုပြီး ပြောထားတယ်”
စန်ယီပင်းက မိုဝူကျီကို အားလုံး အလျင်အမြန် ရှင်းပြလိုက်လေသည်။
“တစ်ယောက်မှ အသက်ရှင်ရက် မထားနဲ့။ အားလုံးကို သတ်ပစ်လိုက်”
မိုဝူကျီက တွေဝေခြင်း မရှိ ပြောလိုက်တော့သည်။ ထိုစကားကို အချိန် အတော်ကြာ စောင့်စား နေသည့် ဖူချန်းက ထိုမြင်းစီး ဓားပြများဆီ ပြေးထွက်သွားကာ အချိန် မဖြုန်းတီးဘဲ တိုက်ခိုက် လိုက်တော့သည်။ ထိုလူသား အဆင့်လွန် ကျင့်ကြံသူ နှစ်ယောက်မှာ သူကဲ့သို့ ယွမ်ဒန်အဆင့် ကျင့်ကြံသူ ရှေ့တွင် ခြိမ်းခြောက် နိုင်စွမ်း မရှိချေ။
စီနီယာ ခေါင်းဆောင် အစ်ကိုကြီး၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ အစပိုင်းက စိုးရိမ် နေကြသော စန်ယီပင်းနှင့် နှဲ့ကျန်းနွန်တို့ပင် ထပ်၍ တွေဝေ မနေတော့ဘဲ လက်နက် ကိုယ်စီ ကိုင်ဆွဲ၍ တိုက်ခိုက် ကြတော့သည်။
မိုဝူကျီ ဝင်မပါသည်မှာ ထိုမြင်းစီး ဓားပြများက သူ့အားထုတ်မှုနှင့် မထိုက်တန်၍ ဖြစ်သည်။
“မင်းတို့ အားလုံး ရူးနေတာပဲ ... ငါက မင်ဟန် အင်ပါယာ မင်းသား”
ပိုင်တျန်းယုက သူ့ရာထူးကို ပြောဆိုတော့မည့် ဆဲဆဲတွင် ဖူချန်း၏ တင်းဘုတ်က သူ့ဦးနှောက်ကို ခြေမွ လိုက်တော့သည်။
အမွေးတိုင် တစ်ဝက် အချိန်အတွင်း ဓားပြရာကျော်၊ လူသား အဆင့်လွန် ကျင့်ကြံသူ နှစ်ယောက် အပါအဝင် မင်းသားကိုပါ ဖူချန်းနှင့် တခြား သုံးယောက်က ရှင်းပစ် လိုက်ကြတော့သည်။
“စီနီယာ အစ်ကိုကြီး ဒီဟာကမှ စိတ်ပျော်စရာပဲ။ ကိစ္စ အကြီးကြီးတွေ လုပ်တဲ့အခါ တွေဝေနေလို့ ဘယ်ရမှာလဲ”
ဖူချန်းက မိုဝူကျီ လက်ယာဘက် ရောက်လာပြီး ပြောလိုက်လေသည်။ မိုဝူကျီက စိတ်မဝင်စားဟန် ပြောလိုက်သည်။
“အင်ပါယာ မင်းသားလေး အဆင့်နဲ့ ငါ့တျန်းဂျီဂိုဏ်းကို လာခြိမ်းခြောက် ချင်နေတာပဲ။ ကျန်းနွန်နဲ့ ကျောင်းယန် မင်းတို့ နှစ်ယောက်က ဒီမှာနေပြီးတော့ ကောင်းကင်ဂိတ်မြို့ ပြန်လည် တည်ဆောက်ဖို့ အဆင့်သင့် ဖြစ်အောင် လုပ်ထားလိုက်။ ကုန်သည်တွေ ကိုတော့ ငါတို့ တျန်းဂျီဂိုဏ်း ဆောက်ရင် လူအင်အား အများကြီး လိုမှာဆိုတဲ့ သတင်းကို ကြေညာ ခိုင်းလိုက်ကြ။ သူတို့ကို ရွှေပြားနဲ့ ပေးချေမယ်ပါ ထည့်ပြောလိုက်”
“ဟုတ်ကဲ့ပါ စီနီယာ အစ်ကိုကြီး။ ကျုပ်တို့တွေ ကောင်းကင်ဂိတ် မြို့ကို အရင်ကလိုမျိုး ပြန်ဆောက်မှာလား”
နှဲ့ကျန်းနွန်က မေးလိုက်သည်။ မိုဝူကျီက သူ့ရှေ့မှ ကောင်းကင်ဂိတ်မြို့ကို ကြည့်ကာ ခေါင်းခါ လိုက်တော့သည်။
“မဟုတ်ဘူး။ မင်းတို့က လူအင်အားရယ်၊ ဆောက်လုပ်ရေးသုံး ကုန်ကြမ်းတွေ ရယ်နဲ့ ဆောက်လုပ်ရေး ပညာရှင်တွေကို ရှာထားရုံပဲ။ ငါ ပြန်ရောက်တဲ့ အခါ မင်းကို ပုံကြမ်း ပေးမယ်။ တကယ်လို့ ပိုက်ဆံ လုံလုံလောက်လောက် မရှိတော့ရင် စိတ်စွမ်းအင် ကျောက်တုံးနဲ့ လဲလိုက်”
သူ့စကား အဆုံးတွင် မိုဝူကျီက သိုလှောင်အိတ် တစ်အိတ် ထုတ်ပေးလိုက်ပြီး နှဲ့ကျန်းနွန်ဆီ လှမ်းပေးလိုက်သည်။
“ဒီထဲမှာ မြေကမ္ဘာ အဆင့် စိတ်စွမ်းအင် ကျောက်တုံး ၁၀၀ ၀၀၀ပါတယ်။ အားလုံးကို ပြန်လည် တည်ဆောက်တာ အတွက် သုံးမယ်”
နှဲ့ကျန်းနွန်က ပြန်ဖြေလိုက်သည်။
“စီနီယာ အစ်ကိုကြီး ကျုပ်တို့တွေ ကောင်းကင်ဂိတ် မြို့လိုမျိုး ရာကျော် ဆောက်ရင်တောင် ဒီစိတ်စွမ်းအင် ကျောက်တုံးတွေ ကုန်မှာ မဟုတ်ဘူး”
မိုဝူကျီက ခေါင်းခါပြလိုက်ရင်း
“ကောင်းကင်ဂိတ် မြို့အပြင် ငါတို့တွေ တျန်းဂျီဂိုဏ်းကိုလည်း ပြန်လည် တည်ဆောက် ရဦးမယ်။ အဲဒါကြောင့် မင်းက လူတွေနဲ့ ပစ္စည်းတွေ ရှိဖို့လိုတယ်။ တကယ်လို့ လူများများ စိတ်ဝင်စား လာကြရင် သူတို့အတွက် ကောင်းကင်ဂိတ် မြို့အပြင်မှာ ယာယီ စခန်းလေးတွေလည်း ဆောက်ပေး နိုင်တယ် ....”
မိုဝူကျီ မပြောခဲ့သည့် နောက်တစ်ခုကား သူက တျန်းဂျီဂိုဏ်းချုပ် ဖြစ်လာပြီ ဖြစ်သည့်အတွက် ကောင်းကင်ဂိတ် မြို့သည် ပျောက်ဆုံး နယ်မြေရှိ အကြီးမားဆုံး ကျင့်ကြံခြင်းမြို့ ဖြစ်လာလိမ့်မည်။ ထို့အပြင် တျန်းဂျီဂိုဏ်းသည် ပျောက်ဆုံး နယ်မြေ၌ အကြီးမားဆုံး ဂိုဏ်းတစ်ခု ဖြစ်လာလိမ့်မည်။ ထိုအရာက ကောင်းကင်ဖွေရှာ နန်းတော်ထက် သေချာပေါက် ဆိုးရွားမည် မဟုတ်ပေ။
သူက တခြား ကျင့်ကြံသူများ မလုပ်နိုင်သည့် အကြောင်းကို သွယ်ဝှက်၍ ပြောဆိုနေခြင်း မဟုတ်ပေ။ အကြောင်းမှာ သူကဲ့သို့ သေမျိုး လောကတွင် နှစ်ဆယ်ချီ၍ ကျင်လည် ခဲ့ဖူးသော ကျင့်ကြံသူမျိုး ရှိမည် မဟုတ်ပေ။ ရှိနေလျှင်လည်း ထိုသို့ ရူးမိုက်လှသော ကျင့်ကြံခြင်း မြို့ကို တည်ဆောက်မည် မဟုတ်ပေ။ ထို့ကြောင့် သူသာ ထိုသို့ အရာမျိုးကို လုပ်သည့် တစ်ဦးတည်းသောသူ ဖြစ်၏။
နှဲ့ကျန်းနွန်က နောက်ဆုံးတွင် သဘော ပေါက်သွားပြီး စိတ်စွမ်းအင် ကျောက်တုံးများကို လက်ခံ ထားလိုက်တော့သည်။
“စီနီယာအစ်ကိုကြီး ... ကျွန်မတို့ ကရော ဘာလုပ်ပေးရမလဲ”
မိုဝူကျီက ကျောင်းယန်နှင့် ကျန်းနွန်တို့ကို အလုပ်တာဝန် ခွဲပေးလိုက်သည်ကို မြင်၍ စန်ယီပင်းက မေးလိုက်သည်။
“ငါတို့တွေက ငှားရမ်းခ သွားသိမ်းမယ်”
မိုဝူကျီက တျန်းဂျီတောင်၏ တစ်နေရာကို ကြည့်ကာ ဖြေလိုက်လေသည်။
သူ ရောက်သွားသည်နှင့် ဤနေရာနှင့် ချစ်ကျွမ်း ဝင်သွားလေသည်။ တျန်းဂျီ တောင်တန်း အလယ်တွင် တျန်းဂျီမြစ်က စီးဆင်းလာနေ၏။ တောင်များ၏ အပိုင်းအခြား များကြောင့် ငွေရောင် ခါးပတ် ပတ်ထားသည့် အလား အလွန်အမင်း လှပလွန်း၏။
“ငှားရမ်းခ သွားသိမ်းမှာလား”
ဖူချန်းက သူ့စကားလုံးများကို သေချာ နားမလည်သောကြောင့် ဝေဝေဝါးဝါး ပြန်မေး လိုက်ရသည်။
စန်ယီပင်းက စကားလုံးများ နောက်ကွယ်မှ အဓိပ္ပာယ်ကို သဘော ပေါက်သွားသောကြောင့် အမြန်အဆန် မေးလိုက်လေသည်။
“စီနီယာ အစ်ကိုကြီး ပြောတာက ကျွန်မတို့တွေက မင်ဟန် အင်ပါယာရဲ့ မင်းသား (၁၄) ပိုင်စွန်းနဲ့ မင်းသား (၂၆) ပိုင်ဖန်ကျန်းဆီက အကြွေးတွေ သွားတောင်းမှာလား”
မိုဝူကျီက အသာ ပြုံးလိုက်ရင်း
“အသေအချာပဲ။ ငါတို့ တျန်းဂျီဂိုဏ်းက တောင်ခွဲကို နှစ်တွေ အကြာကြီး ငှားရမ်းပြီးတော့ ဘယ်လိုလုပ် ငှားရမ်းခ မပေးဘဲ နေနိုင်ရတာလဲ။ ငါက အဲဒီတောင်ခွဲတွေ အကုန်လုံးကို ပြန်သိမ်း လိုက်ရင်တောင် သူတို့က အကြွေး ပေးရဦးမှာပဲ”
မြေကမ္ဘာ အဆင့် စိတ်စွမ်းအင် ကျောက်တုံး ၁၀၀၀၀၀သည် မိုဝူကျီအတွက် တျန်းဂျီဂိုဏ်း ပြန်လည် တည်ဆောက်ဖို့ရန် မလုံလောက်သေးပေ။ ထို့ကြောင့် သူက မင်ဟန် အင်ပါယာမှ အပိုစိတ်စွမ်းအင် ကျောက်တုံးများ ရရှိဖို့ရန် စုဆောင်းနေခြင်း ဖြစ်သည်။ မူလ တျန်းဂျီ ဂိုဏ်းချုပ်သည် မင်ဟန် အင်ပါယာကို ကြောက်ရွံ့ခဲ့လိမ့်မည်။ အကြောင်းမှာ မူလ တျန်းဂျီဂိုဏ်းသည် အစစ်အမှန် ရေအဆင့် ကျင့်ကြံသူပင် မရှိသည့် ရွမ်အဆင့် ဂိုဏ်းလေးသာ ဖြစ်၍ အင်အား နည်းလှလေသည်။
မိုဝူကျီ တာဝန်ယူသည့် အခါတွင်မူ ကွဲပြားလှသည်။ သူတို့က သူ့ကို စိတ်ဆိုး ဒေါသ ထွက်အောင် ပြုမူပါက သူက မင်ဟန်အင်ပါယာ တစ်ခုလုံးကို အမြစ်ဖြတ် သုတ်သင်ပစ်ရန် တွန့်ဆုတ် နေမည် မဟုတ်ပေ။ ထို့အပြင် မိုဝူကျီ မှန်းဆ ထားသည်က မင်ဟန် အင်ပါယာသည် သူနှင့် ဖြေရှင်းရန် အချိန်ရှိဦးမည် မဟုတ်ချေ။ အကြောင်းရင်းမှာ သူတို့မြို့တော်ကို နယ်ခြား ကျင့်ကြံသူတေွ ဖျက်စီးထား၍ ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်းများဖြင့် နှစ်အနည်းငယ်ကြာ အလုပ် ရှုပ်နေလိမ့်မည်။
ထို ၂ နှစ်အတွင်း သူ့အတွက် တျန်းဂျီဂိုဏ်းကို သေချာ တည်ဆောက်ဖို့ရန် အကောင်းဆုံး အချိန် ဖြစ်ရုံသာမက စန်ယီပင်းနှင့် အခြားလူများ အတွက် ယွမ်ဒန်အဆင့်သို့ တက်လှမ်း သွားနိုင်မည့် အကောင်းဆုံး အချိန်လည်း ဖြစ်ပေသည်။
“စီနီယာ အစ်ကိုကြီး လိန်မျိုးနွယ်စုရော ဘယ်လို ဖြစ်သွားပြီလဲ ...”
စန်ယီပင်းက မင်ဟန် အင်ပါယာကို များစွာမှ တစ်ချက် မပေးတော့ပေ။ သူမက မိုဝူကျီ စရိုက်ကို သိနေလေပြီ။ သူက မင်ဟန် အင်ပါယာကို ပြဿနာရှာရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်၍ သူက အကျိုးဆက်ကို လက်ခံနိုင်ရန် ကိုယ်ပိုင် ပြင်ဆင်ချက်များ ရှိဖို့ လိုအပ်လေသည်။
“ဒီနေ့က စပြီးတော့ ယုလင်းမှာ လိန်မျိုးနွယ်စု မရှိတော့ဘူး။ လွတ်သွားတဲ့ တစ်ယောက်တော့ ရှိသေးတယ်။ သူ့နာမည်က လိန်ဟုန်ကျီတဲ့။ သူ့ကို မသတ်ခင် သူပြန်လာတာကို အေးအေး စောင့်ကြတာပေါ့”
မိုဝူကျီက ယုံကြည်ချက် ခိုင်ခိုင်မာမာဖြင့် ပြောလိုက်လေသည်။
စန်ယီပင်းနှင့် နှဲ့ကျန်းနွန်မှာ မိုဝူကျီ စကားများကို ကြားပြီး ခဏအကြာထိ မှင်တက် သွားကြသည်။ သူတို့သည် အဖြစ်အပျက် တစ်ခုလုံးကို နားလည်သွားပြီး နောက်တွင် တျန်းဂျီဂိုဏ်း ရှိရာသို့ ဒူးထောက် လိုက်ကြတော့သည်။
မွေးစားအဖေ၊ တျန်းဂျီဂိုဏ်းရဲ့ အကြီးအကဲများ၊ စီနီယာအစ်ကို အစ်မများ၊ တျန်းဂျီ ဂိုဏ်းချုပ် အသစ်က အားလုံးအတွက် လက်စား ချေပေးခဲ့ပြီ။ အားလုံး သက်သောင့်သက်သာ အနားယူလို့ ရသွားပါပြီ ။
တျန်းကျိုင်းတောင်
ထိုသည်က တျန်းဂျီဂိုဏ်းက ပိုင်သည့် တောင်ခွဲတစ်ခု ဖြစ်၏။ အကြောင်းမှာ ထိုတောင်ထိပ်ရှိ တောက်ပြောင်လှသော အနေအထားကြောင့် ပင်မတောင် ဖြစ်သည့် တျန်းဂျီတောင်ပင် မယှဉ်နိုင်ချေ။ တျန်းဂျီဂိုဏ်း ဖျက်စီး မခံရသေးခင် တျန်းကျိုင်းတောင်မှာ ယခုထက်ပို၍ တောက်ပ၍ စိုစိုလွင်လွင် ရှိလှပေသည်။
အကယ်၍ အပြင်ဘက်မှနေ၍ တျန်းကျိုင်းတောင်ကို ကြည့်မည်ဆိုလျှင် တစ်ယောက်မျှ မြင်းစီးဓားပြ ပုန်းအောင်းရာ ဖြစ်လိမ့်မည်ဟု ထင်ကြမည် မဟုတ်ပေ။ ဤနေရာကို မင်ဟန် အင်ပါယာ မင်းသား (၂၆) ပိုင်ဖန်ကျန်းက ဆောက်လုပ်ထားခြင်း ဖြစ်သည်။ နှစ်တွေ အများကြီးတိုင် သူ ပြုလုပ်ထားသည့် ကိုယ်ပိုင် သားရဲတွင်းကြောင့် ပွပေါက်ကြီးစွာ တိုးခဲ့၏။
လတ်တလောတွင် စိုးရိမ် ပူပင်နေရသော လူငယ်က အရောင် တောက်တောက် ဝတ်ရုံကြီးကို ဝတ်ဆင်ထားပြီး တျန်းကျိုင်းတောင်ထိပ်မှ ဇိမ်ခံ အခန်းလယ်တွင် ရပ်နေလေသည်။
“တျန်းယုကို ကောင်းကင်ဂိတ်မြို့ဆီ လူတေွ ခေါ်သွားဖို့ ဘယ်သူ ခွင့်ပြု လိုက်တာလဲ။ တကယ်လို့ မင်ဟန် အင်ပါယာရဲ့ မင်းသား တစ်ပါးက တခြားသူတွေကို သတ်ဖို့ မြင်းစီး ဓားပြတွေကို မွေးမြူ ထားတယ်ဆိုတဲ့ သတင်းသာ ထွက်သွားကြည့်ပါ့လား။ မင်ဟန်အင်ပါယာက လောကကြီးကို ဘယ်လို မျက်နှာချင်း ဆိုင်ရတော့မှာလဲ ...”
အခန်းအတွင်းမှ အားလုံးက တုန်ယင်နေကြပြီး တစ်ယောက်မှ အသံ မထွက်ရဲကြပေ။ ပိုင်ဖန်ကျန်းတွင် စိတ်ဆိုးလွယ်သော အကျင့်စရိုက် ရှိပြီး သူက အကြောင်းပြချက် မရှိဘဲ အရှင်လတ်လတ် အရေခွာတတ်သည့် လူစားမျိုး ဖြစ်၏။ တစ်ရက် တစ်ယောက် လောက်မျှ မသတ်ရလျှင် နေထိုင် မကောင်းသော လူစားမျိုးလည်း ဖြစ်ပေသည်။
“မင်ဟန် အင်ပါယာတော့ ကိုယ်ထည် ပျောက်တော့မှာကို ဘာလို့ မျက်နှာကို ဂရုစိုက် နေမှာလဲ”
အေးစက်စက် အသံ တစ်သံက ပိုင်ဖန်ကျန်း မေးခွန်းကို ဖြေကြား လိုက်လေ၏။
“ဘယ်သူလဲ”
အခန်း အတွင်းသို့ အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက် ဝင်လာသည်ကို တွေ့၍ ပိုင်ဖန်ကျန်းက မတ်တတ် ရပ်လိုက်သည်။ ထိုလူသုံးယောက်မှာ မည်သည့် အချိန်ကတည်းမှ မည်သို့ ရောက်ရှိနေမှန်း လုံးဝ စဉ်းစားမရပေ။
“တျန်းဂျီဂိုဏ်းချုပ် မိုဝူကျီပဲ”
သူ့စကား အဆုံးတွင် သူက ပိုင်ဖန်ကျန်း ဘေးတွင် ရောက်နေလေပြီ ဖြစ်၏။
***