သတ္တိကောင်းသော ရွမ်အဆင့် ဂိုဏ်းချုပ်
Vol. 19 Ch. 253
တျန်းဂျီဂိုဏ်း ပြန်လည် တည်ထောင်ပြီးသည်နှင့် တပည့် အသစ်များနှင့် ဆက်ဆံတာမှ လွဲ၍ မိုဝူကျီက တစ်နှစ်တာလုံးကို ဂိုဏ်းကာကွယ်ရေး အစီအရင် အပေါ်၌သာ အာရုံ စိုက်ထားလေသည်။
တျန်းဂျီဂိုဏ်းထဲတွင် အစီအရင် အကြောင်း တတ်ကျွမ်းသူမှာ သူတစ်ယောက်တည်းသာ ရှိ၏။ တတ်ကျွမ်း နားလည်သူ တစ်ဦး၏ အကူအညီဖြင့် သူက ချူရှင်ကျီ မှတ်စုကို လေ့လာနေရင်း ဂိုဏ်းကာကွယ်ရေး အစီအရင်ကို တပ်ဆင် နိုင်လိမ့်သည်။ ဂိုဏ်းကာကွယ်ရေး အစီအရင်အပြင် သူက ဝိညာဉ် စွမ်းအား ဖုံးကွယ်ရေး အစီအရင်လည်း လိုအပ်သေး၏။ မဟုတ်လျှင် သူက ဝိညာဉ်စွမ်းအား ပိတ်လှောင်ရေး အစီအရင်ကို ဖွင့်ချလိုက်သည်နှင့် သိပ်သည်းလှသည့် ဝိညာဉ် စွမ်းအားများ ဖြစ်တည် လာလိမ့်မည်။ ကံကောင်းလှစွာ သူက အစီအရင် အကြောင်းကို တစ်နှစ်ကျော် လေ့လာထားသည့် အတွက် သူက ဂိုဏ်းကာကွယ်ရေး ပုံစံကို အကြမ်းဖျင်း တပ်ဆင် ထားပြီးလေပြီ။
ထိုနေ့တွင် မိုဝူကျီက တျန်းဂျီဂိုဏ်း ကာကွယ်ရေး အစီအရင် နောက်ဆုံး အစီအရင် ဗဟိုအတွက် တျန်းဟိုင်တောင်ဆီ ရောက်ရှိလာလေ၏။ သူက ထိုအစီအရင် ဗဟိုကို ပိတ်လိုက်လျှင် ဂိုဏ်း ကာကွယ်ရေး အစီအရင်က လုံးဝ ပြီးစီး သွားလိမ့်မည်။ ထိုသို့ ဖြစ်လာပါက ရိုးရိုးလေးချီ ရောက်လာ လျှင်ပင် သူက ထွက်သွား နိုင်တော့မည် မဟုတ်ပေ။
မိုဝူကျီက တျန်းဟိုင်တောင်တွင် အစီအရင် အလံများစွာကို တပ်ဆင်ထား၏။ နောက်ဆုံး အလံ ထည့်သွင်း လိုက်သည်နှင့် ဂိုဏ်းကာကွယ်ရေး အစီအရင်က လှုပ်လှုပ်ရှားရှား ဖြစ်လာလေသည်။ တျန်းဟိုင် တောင်အောက်တွင် ရှိနေသော ဝိညာဉ် သွေးကြောမှ စွမ်းအားများ ထွက်ပေါ် လာသည်နှင့် ဂိုဏ်းကာကွယ်ရေး အစီအရင်က တျန်းဂျီတောင်နှင့် တောင်ခွဲ ၁၃ လုံးကို ခြုံငုံ သွားလိမ့်မည်။
“ဘမ်း ...”
သဘာဝ စွမ်းအား ပေါက်ကွဲမှု တစ်ခု ထွက်ပေါ်လာ၍ အစီအရင်ကို အပြည့်အဝ အသက် မသွင်း ရသေးသည့် မိုဝူကျီက အံ့ဩမှု နှင့်အတူ တုန်လှုပ် သွားလေသည်။
တိုက်ဆိုင်မှု တစ်ခု ဖြစ်နိုင်ပါ့မလား ....
သူက ဂိုဏ်းကာကွယ်ရေး အစီအရင်ကို အသက်သွင်းပြီးကာစ ဖြစ်ကာ အပြည့်အဝ အသက် မဝင်သေးသည့် အချိန် တစ်ယောက်ယောက်က လာ၍ ကျုးကျော် ရဲလာသည်လား ....
“ဘမ်း ဘမ်း ဘမ်း ...”
ပို၍ ပြင်းထန်လာသော ပေါက်ကွဲသံ များကိုပါ ကြားလာ ရလေသည်။ ထို့နောက် မိုဝူကျီက ထိုအရာသည် ဂိုဏ်းကို တိုက်ခိုက်နေသည့် ဖြစ်ရပ် မဟုတ်မှန်း သတိထားမိ လိုက်လေသည်။ တစ်ယောက်ယောက်၏ တိုက်ပွဲက တျန်းဂျီတောင်ဆီ ရောက်လာသည်သာ ဖြစ်ရမည်။ သူတို့က တိုက်ခိုက်ရင်း တျန်းဟိုင်တောင်ဆီ ရောက်လာခြင်း ဖြစ်ရမည်။ သဘာဝ စွမ်းအားများက ထိတွေ့ကာ ပေါက်ကွဲ ကုန်ကြပြီး ဂိုဏ်း ကာကွယ်ရေး အစီအရင်ကို တုန်လှုပ် လာစေသည်။
မိုဝူကျီက တျန်းဟိုင် တောင်ထိပ်တွင် မတ်တတ်ရပ်နေရင်း တိုက်ပွဲကို လေ့လာနေလေ၏။ သူက သူတို့ နှစ်ယောက်သည် ပျံသန်းရေး ရတနာများကို အသုံး မပြုသော်လည်း လေထဲတွင် ကောင်းကောင်း တိုက်ခိုက်နိုင်ကြ၍ ထိုသူနှစ်ဦးမှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူတွေမှန်း သိလိုက် ရသည်။ သူတို့နှစ်ယောက် တိုက်ခိုက်နေရင်း မိုဝူကျီကို မြင်သော်လည်း မရှိသည့် လေကဲ့သို့ သဘော ထားကာ ဆက်တိုက် နေကြသည်။
မိုဝူကျီ အမူအရာက ပုံဆိုးပန်းဆိုး ဖြစ်လာကာ ကျယ်လောင်စွာ အော်ပြော လိုက်လေသည်။
“တာအို ရောင်းရင်းတို့ ... ဒါက ကျုပ်ရဲ့ တျန်းဂျီဂိုဏ်း ပိုင်နက်ပါ။ ခင်ဗျားတို့ တိုက်ချင်ရင် တခြားနေရာ သွားတိုက်ကြပါ”
သူ့စွမ်းဆောင်ရည်က မလုံလောက်လျှင်ပင် သူက သူ့ပိုင်နက်အတွင်း တိုက်ခိုက်မှုကို ခွင့်မပြုနိုင်ပေ။ ထို့အပြင် ယခု သူ့တွင် ဂိုဏ်းကာကွယ်ရေးအစီအရင် ရှိလေပြီ။ ဂိုဏ်းကာကွယ်ရေး အစီအရင်နှင့် ရောင်ခြည်အမြောက်များဖြင့် သူက ထိုနှစ်ယောက်ကို ကြောက်စရာ မလိုပေ။
“အာ ... တျန်းဂျီဂိုဏ်းလား။ လိန်မန်က ဖျက်စီးပစ်လိုက်ပြီ မဟုတ်ဘူးလား။ ဘာလို့ ရှိနေသေးတာလဲ ...” နှစ်ယောက်သား တိုက်ခိုက်နေရင်း ဆံပင်ရှည် ကျင့်ကြံသူက မိုဝူကျီကို အံ့ဩတကြီး ကြည့်ရင်း မေးလိုက်သည်။
“ခင်ဗျားက ဘယ်သူလဲ”
မိုဝူကျီ အသံက မာဆတ်ဆတ် ဖြစ်သွားလေသည်။ ထိုလူက တျန်းဂျီဂိုဏ်းကို ဖျက်စီး ပစ်ခဲ့သည့် လိန်မန်ကို သိနေသည့် အတွက် သူက လိန်မန်နှင့် ရင်းနှီးသူသာ ဖြစ်လိမ့်မည်။
ဆံရှည် ကျင့်ကြံသူ စကားပြောသည့် အခွင့်ကောင်းကို ယူ၍ တစ်ဖက်လူက မိုဝူကျီ ရှိသည့် တောင်ထိပ်ဆီ ဆင်းလာလေသည်။ မိုဝူကျီက ဆယ်မီတာလောက် နောက်ဆုတ် လိုက်ပြီး သူ့ပိုင်နက် အတွင်း ရောက်လာသည့် အမျိုးသားကို အေးစက်စက် ကြည့်လိုက်လေ၏။
ထိုစဉ် သူ့ကာကွယ်ရေး အစီအရင် အပြည့်အဝ အသက် ဝင်လာလေသည်။ သူ့ရန်သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ဖြစ်နေလျှင်ပင် ကြောက်စရာ မရှိတော့ပေ။
လွန်ခဲ့သည့် နှစ်အတွင်း သူက အမျိုးမျိုးသော ဖုံးကွယ် သတ်ဖြတ် အစီအရင်များနှင့် သတ်ဖြတ်ခြင်း ထောင်ချောက် အစီအရင်များကို ရေတွက် နိုင်သည်ထက် စီမံထားခဲ့၏။ သူသာ အစီအရင်ကို အသက် သွင်းလိုက်သည်နှင့် ထိုလူကို ပိတ်ဖမ်းဖို့ရာ အချိန်တစ်ခုသာ လိုအပ်ပြီး ရောင်ခြည် အမြောက် တစ်ချက်တည်းဖြင့် ကိစ္စ တုံးလိုက်နိုင်လိမ့်မည်။
“မင်းက တျန်းဂျီဂိုဏ်းကလား”
မိုဝူကျီ ပိုင်နက် အတွင်း ဆင်းလာသည့် အမျိုးသားက မိုဝူကျီကို စုန်ချည်ဆန်ချည် ကြည့်ရင်း ရုတ်တရက် ကောက်မေး လိုက်သည်။
မိုဝူကျီက ထိုလူကို ပြန်မဖြေသော်လည်း ထိုလူကို ပြန်ကြည့်လိုက်သည်။ ထိုသည်က ဒူတာ ဖြစ်လေ၏။ ဒူတာ မျက်နှာကား အနည်းငယ် ဖြူဖျော့နေပြီး ခါးတွင် သွေးများ စီးကျနေလေသည်။ သူက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားမှန်း သိသာလှသည်။ မိုဝူကျီကို အအံ့ဩဆုံး ဖြစ်စေသည်က ထိုဒူတာ၏ နဖူး အလယ်တွင် ဖြူတော့တော့ မျက်လုံးပုံ ပါရှိနေခြင်း ဖြစ်သည်။
“ခင်ဗျားက ကောင်းကင်ဖွေရှာနန်းတော်ရဲ့ သုံးမျက်လုံးရှင် ဒူတာလား ...”
မိုဝူကျီက စန်ယီပင်းသည် သုံးမျက်လုံးရှင် ဒူတာအကြောင်း ပြောဖူးသည်ကို အမှတ် ရလိုက်သည်။ သူက ထိုလူဆီ သွားလည်ပတ်ရန် ကြံရွယ် ထားသော်လည်း ထိုလူက သူ့တံခါးဝရှေ့ အထိ ကိုယ်တိုင်ကိုယ်ကျ ရောက်လာ လိမ့်မည်ဟု ထင်မထားပေ။
မိုဝူကျီက လက်ကို မြောက်၍ အစီအရင် အလံများစွာကို ပစ်လွှတ် လိုက်လေသည်။ တစ်ချိန်တည်းတွင် သူက များစွာသော လျှပ်စီး အလုံးများကိုပါ ပစ်လွှတ် လိုက်လေသည်။
ဒူတာ နောက်ကို လိုက်လာသည့် ဆံရှည် ကျင့်ကြံသူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ဖြစ်လေသည်။ သူက မိုဝူကျီ၏ ထောင်ချောက် မိသွားသောအခါ ရုတ်တရက် အတော်လေး အံ့အား သင့်သွားလေသည်။ သူက အကြည့် မလွဲဘဲဖြင့် သူက မည်ကဲ့သို့ ပိတ်လှောင် ခံလိုက်ရသနည်း။
ဘယ်လို ဖြစ်သွားတာလဲ ....
ချက်ချင်း ဆိုသလို သူက ဒေါသူပုန် ထသွားလေသည်။ ပုရွက်ဆိတ်က သူ့လို ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူကို ရင်ဆိုင်ဖို့ ကြိုးစား ရဲတယ်လား ...
အကယ်၍ ပါးမွှား တစ်ကောင် ပြုလုပ်ထားသည့် ထောင်ချောက်က သူ့ကို အချိန်အတော်ကြာ ပိတ်လှောင် ထားနိုင်လိမ့်မည်ဟု တွေးထင်နေလျှင် ထိုကောင်စုတ် အိမ်မက်မက်နေခြင်းသာ ဖြစ်ရမည်။ ကံဆိုးလှစွာ သူက သူနောက်မှ လိုက်နေသည့် ဒူတာသည် သူ့ထက် အားမနည်းကြောင်း မေ့လျော့ သွားလေသည်။
ဒူတာက အချိန် အတော်ကြာ အလိုက်ခံခဲ့ရ၍ သူ့ပြိုင်ဖက် ပိတ်လှောင် အစီအရင်ထဲ ရောက်သွား သည်ကို မြင်သည်နှင့် အားနာ မနေတော့ပေ။ သူက ဧရာမ မီးညှပ်ကြီးကို ထုတ်ယူကာ ထိုမီးညှပ် အတွင်း မီးနဂါး နှစ်ကောင် ပါရှိလေသည်။ ထိုမီးနဂါး နှစ်ကောင်က ပိတ်မိနေသည့် ဆံရှည် အမျိုးသားဆီ ပျံသန်း သွားကာ သူ့ခါးကို ရစ်ပတ် ထားလိုက်ကြ၏။
“ဘမ်း ...”
များပြားစွာသော လျှပ်စီးအလုံးများက ဆံရှည် အမျိုးသား ခြေထောက်ဆီ ကျရောက် လာလေသည်။ ပိတ်မိနေသည့် ဆံရှည် အမျိုးသားက မိုဝူကျီ၏ လျှပ်စီး အလုံးများကို မပေါက်ကွဲခင် ဆွဲယူလိုက်ပြီး မြေပြင်ဆီ ပစ်လွှတ် လိုက်လေ၏။
သို့သော်လည်း ထိုစဉ် ဒူတာ၏ မီးညှပ်က ရောက်ရှိ လာပြန်သည်။ ပိတ်မိနေသည့် ကျင့်ကြံနေသူက ချက်ချင်း ဆိုသလို စိုးရိမ် မိသွားသည်။ သူက မိုဝူကျီ၏ လျှပ်စီး အလုံးများကို အလွယ်တကူ ဆွဲယူ နိုင်သော်လည်း သူက ဒူတာ မီးညှပ်ကိုတော့ ရင်မဆိုင်နိုင်ချေ။
“ဖူး ...”
သွေးများ ပန်းထွက် လာလေသည်။ ပိတ်လှောင်နေသည့် အမျိုးသားခါးတွင် သွေးစီးကြောင်း နှစ်ခု ပေါ်လာလေ၏။ အမျိုးသားက အလျင်အမြန် နောက်ဆုတ်ဖို့ရာ ကြိုးစား သော်လည်း သူက မီးညှပ်၏ အပူဒဏ်ကြောင့် သူ့လက်မောင်းကို အပူဟပ် သွားလေသည်။
ထိုအခိုက်အတန့်တွင် အမျိုးသားက မိုဝူကျီ၏ အစီအရင်ကို ချေဖျက်ပြီးပြီ ဖြစ်၍ တျန်းဟိုင်တောင်မှ အမြီးနှံ့ကာ ထွက်ပြေး ရတော့မည် ဖြစ်သည်။
မိုဝူကျီက ထိုလူကို မည်ကဲ့သို့ အလွတ် ပေးနိုင်မည်နည်း။ သူ့လက်ထဲမှ အစီအရင်ကို ယိမ်းလိုက်သည့် အခါ နောက်ထပ် သေမင်း ထောင်ချောက် အစီအရင် တစ်ခု ပေါ်လာကာ ဆံရှည် အမျိုးသားကို ပိတ်လှောင် ထားလိုက်ပြန်သည်။
ဒူတာက ထိုအရာသည် သူ့အတွက် အကောင်းဆုံး အခွင့်အရေးမှန်း သိ၏။ ထို့ကြောင့် သူ့မီးညှပ်ကို ဆွဲကိုင်ရင်း ပိတ်မိနေသည့် အမျိုးသားဆီ ချီတက် သွားတော့သည်။
“မင်း လုပ်ရဲတယ်လား။ တျန်းဂျီဂိုဏ်းက ပါးမွှားလေးကများ ငါ ဖန်ကျီချင်းကို ပိတ်လှောင် ရဲတယ်။ ဒီလို ရွမ်အဆင့် ဂိုဏ်းလေးကများ ...”
“ဖူး”
ဒူတာက သူ့ကို နောက်ထပ် အခွင့်အရေး မပေးဘဲ မီးညှပ်ဖြင့် အားပြင်းပြင်း ချုပ်ကိုင် ထားလိုက်သည်။ ကြီးမြတ်ရန်ကျုံး ဂိုဏ်း၏ အဆင့်မြင့် ကျင့်ကြံသူ ခန္ဓာ အပေါ်ပိုင်းက လုံးဝ ပြုတ်ထွက် သွားလေသည်။
မိုဝူကျီက “ကြီးမြတ် ရန်ကျုံးဂိုဏ်း” ဟု ကြားလိုက်ရသည့် အခါ စိတ်ထဲတွင် တုန်လှုပ် သွားလေသည်။ ကြီးမြတ်ရန်ကျုံး ဂိုဏ်းမှာ ကောင်းကင်ဖွေရှာ နန်းတော်နှင့် အဆင့်တူ ဖြစ်နေသည့်ဂိုဏ်း ဖြစ်၏။ ထိုအခြေအနေမှာ ငါးဖမ်းသည့် လူအိုကြီးက သူ့ကိုယ်သူ လူသိ မခံသေးသည့် အခြေအနေတွင် ဖြစ်၏။
သို့သော်လည်း ထိုအတွေးက သူ့စိတ်ထဲ ပေါ်လာသော်လည်း အဝေးသို့သာ လွှင့်ပစ် လိုက်တော့သည်။ သူက တျန်းဂျီဂိုဏ်း ပိုင်နက်ကို ကြေညာပြီးပြီ ဖြစ်သော်လည်း ထိုလူက အတင်းကြပ် ဝင်ရောက်လာရန် ရွေးချယ်ခဲ့၏။ သူက ထိုလူကို လက်လွတ်ပေးလျှင် ရူးသွပ် နေ၍သာ ဖြစ်လိမ့်မည်။ ထို့အပြင် ဒူတာလည်း ရှိနေသေး၏။ သူက ကောင်းကင်ဖွေရှာ နန်းတော်မှ ဖြစ်သော်လည်း မိုဝူကျီက အလွတ်ပေးဖို့ အစီအစဉ် မရှိပေ။
ဒူတာက ကြီးမြတ်ရန်ကျုံး ဂိုဏ်းမှ အဆင့်မြင့် ကျင့်ကြံသူကို သတ်သည့်အခါ အခွင့်အရေးကို အသုံးချပြီး မိုဝူကျီ လက်ထဲမှ အစီအရင်အလံက အားပြင်းပြင်း ဝှေ့ယမ်း လိုက်သည်။ ပတ်ဝန်းကျင်တွင် အက်ကွဲသံများ ထွက်ပေါ်လာပြီး အဆုံးမသတ်သည့် ကျယ်လောင်သံများကို တျန်းဂျီဂိုဏ်းနှင့် တောင် ၁၃ လုံး တစ်လျှောက်၌ ကြားနေ ရလေသည်။
ဒူတာ အမူအရာက ချက်ချင်း ပြောင်းလဲ သွားလေသည်။ သူ့အတွေ့အကြုံဖြင့် သူသည် ကြီးမားသည့် အစီအရင် အတွင်း ကျရောက် သွားကြောင်း မည်သို့မပြောဘဲ နေနိုင်မည်နည်း။
ထိုစဉ် မိုဝူကျီက သူနှင့် ဒူတာကြားမှ အကွာအဝေးကို ခြားလိုက်၏။ အကယ်၍ ဒူတာသာ သူ့ကို တိုက်ခိုက်လာပါက သူက ရောင်ခြည် အမြောက်ဖြင့် ပြန်ဖျက်စီးပစ်ရန် တွေဝေနေမည် မဟုတ်ပေ။
“တာအိုရောင်းရင်း ကူညီပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်။ ကျုပ်က ကောင်းကင်ဖွေရှာ နန်းတော် သုံးမျက်လုံးရှင် ဒူတာ အမှန်ပါပဲ ...”
သုံးမျက်လုံးရှင် ဒူတာက တည့်တိုးသာ နှုတ်ဆက် လိုက်လေသည်။ သူက ထိုစကား ဆုံးသည်နှင့် ချက်ချင်း သွေးအန်သွားပြီး ခန္ဓာတစ်ကိုယ်လုံးက မြေပြင်ပေါ် ဘုံးခနဲ လဲကျသွားတော့သည်။
မိုဝူကျီက သတိလျော့ချ လိုက်တော့သည်။ ကြည့်ရသည်မှာ ထိူလူက ဒဏ်ရာ အပြင်းအထန် ရနေသည့်ဟန် ပေါ်သည်။
“ခင်ဗျားလည်း ကောင်းကင်ဖွေရှာ နန်းတော်က ဆိုတော့ စည်းမျည်း စည်းကမ်းတွေကို သိမှာပါ။ ကျုပ်က တျန်းဂျီဂိုဏ်း ပိုင်နက်လို့ သတိ ပေးနေတာကို ဘာလို့ ဆက်တိုက်နေကြတာလဲ ...” မိုဝူကျီက အမူအရာကင်းမဲ့စွာ မေးလိုက်သည်။
သုံးမျက်လုံးရှင် ဒူတာက မိုဝူကျီ သူ့ကို ပိတ်လှောင်ထားကာ သူတို့ နှစ်ဦးကြားမှ အကွာအဝေး ခြားထားသည်ကို မသိဘဲ မည်သို့ ဖြစ်နိုင်မည်နည်း။ ထိုအရာ အားလုံးက သူ့ကို သတ်ဖို့ရန် ပြင်ဆင် ထားခြင်းသာ ဖြစ်၏။ အကယ်၍ သူသာ ဒဏ်ရာ ရမနေပါက ဤကြီးမားသည့် အစီအရင်မှ လွတ်မြောက်ဖို့ရာ ယုံကြည်ချက် ရှိ၏။ ထွက်မသွားခင် ယွမ်ဒန်အဆင့် ကျင့်ကြံသူကိုပါ သတ်ပစ် နိုင်သေးသည်။
“တာအို ရောင်းရင်းက တျန်းဂျီဂိုဏ်း ကာကွယ်ရေး အစီအရင်ကို ထိန်းချုပ်နေတာ ဆိုတော့ ဂိုဏ်းထဲမှာ ခင်ဗျားရဲ့ အဆင့်အတန်းက သာမန်တော့ မဟုတ်လောက်ဘူး။ ကျုပ်ကို ဂိုဏ်းချုပ်နဲ့ တွေ့ခွင့် ပေးပါ့လား”
သုံးမျက်လုံးရှင် ဒူတာက မခုခံတော့ဘဲ လက်နှစ်ဖက် ယှက်ကာ မိုဝူကျီဆီ တောင်းဆို လိုက်လေသည်။ မိုဝူကျီက တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။
“ကျုပ်က တျန်းဂျီဂိုဏ်းချုပ် မိုဝူကျီပဲ။ ပြောစရာရှိရင် ပြောပါ။ ဒီနေရာမှာ တခြားသူ မရှိဘူး ...”
“ခင်ဗျားက တျန်းဂျီ ဂိုဏ်းချုပ်လား ...”
သုံးမျက်လုံးရှင် ဒူတာက မိုဝူကျီကို အံ့ဩတကြီး ကြည့်လိုက်လေသည်။
ဂိုဏ်းချုပ်က ဒီလောက်တောင် ငယ်သေးတယ်လား ... သူ့ကျင့်ကြံ ဆင့်မှာလည်း ယွမ်ဒန် နောက်ပိုင်း အဆင့်သာ ရှိနေသေးတယ်လား ... ဒီတျန်းဂျီဂိုဏ်းက ရွမ်အဆင့်ဂိုဏ်း ဟုတ်တယ် မလား .... ဒါပေမဲ့ ဘယ်ရွမ်အဆင့် ဂိုဏ်းက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်က ကျင့်ကြံသူနဲ့ ရင်ဆိုင်ဖို့ အထိ သတ္တိ ကောင်းကြမှာလဲ ...
သုံးမျက်လုံးရှင် ဒူတာက ကမ္ဘာကြီးကို နားမလည်တော့သည့် အလား မေးခွန်းများ စတင် ထုတ်လိုက် တော့သည်။
သူက အခြားသူများနှင့် ကွဲပြားလှသည်။ သူက တျန်းဂျီဂိုဏ်းကို မသိပေ။ ထို့အပြင် ယခုအချိန် မတိုင်ခင် အထိ တျန်းဂျီဂိုဏ်းသည် ရွမ်အဆင့်ဂိုဏ်း ဖြစ်နေမှန်းလည်း မသိရှိချေ။
“ဟုတ်တယ်။ ကျုပ်က ဂိုဏ်းချုပ်ပဲ ... ကျုပ်ကို တည့်တည့် ပြောလို့ရတယ် ...”
မိုဝူကျီက စိတ်ထဲ မထားပေ။ သူက သူ့ကိုယ်သူ ဂိုဏ်းချုပ် ဖြစ်ကြောင်း ဖုံးကွယ် ထားရန် ဆန္ဒမရှိပေ။
သုံးမျက်လုံးရှင် ဒူတာက အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး သူ့စိတ်ထဲမှ အံ့ဩမှုများကို ချိုးနှိမ် ထားကာ ဆက်ပြော လိုက်လေသည်။
“ဂိုဏ်းချုပ်မို ... ကျုပ်က ခင်ဗျားနဲ့ ကိစ္စတစ်ခု ဆွေးနွေး ချင်ပါတယ်။ ကျုပ်ကို ကြီးမြတ်ရန်ကျုံး ဂိုဏ်းက အလိုက် ခံနေရတာ ဆိုတော့ ဒီနေရာမှာ အားပြန်ဖြည့်ဖို့ အတွက် မျှော်လင့်မိပါတယ်။ ပြန်လည် ပေးဆပ်တဲ့ အနေနဲ့ ကျေနပ်လောက်မဲ့ ဈေးကို ပေးပါ့မယ်။ ပြီးတော့ ကျုပ်က လက်နက် ပန်းပဲ ပညာရပ်မှာလည်း အတော်လေး ထိပ်တန်း ရောက်ပါတယ်။ တကယ်လို့ ဝိညာဉ်ပစ္စည်း လိုရင်လည်း ကျုပ်ဆီ တောင်းဆိုလို့ ရပါတယ်”
မိုဝူကျီက သူ့ကို ငြင်းပစ်ဖို့ရာ တုံ့ဆိုင်း မနေပေ။
“ကျုပ်လည်း အားနာပါတယ်။ ဒီနေရာမှာ လက်ခံ မထားနိုင်ဘူး။ ကျုပ်တျန်းဂျီဂိုဏ်းက ဂိုဏ်းအသေးလေး ဆိုတော့ ကြီးမြတ်ရန်ကျုံးလို ဂိုဏ်းအကြီးကြီးတွေနဲ့ ရင်မဆိုင်နိုင်ဘူး။ ခင်ဗျားက ကောင်းကင်ဖွေရှာ နန်းတော်ကပဲ။ ဘာလို့ ကျုပ်ဂိုဏ်း အသေးလေးဆီ လာပြီးတော့ မှီခိုနေမှာလဲ ...”
သုံးမျက်လုံးရှင် ဒူတာက သက်ပြင်း ချလိုက်ပြီး …
“ကျုပ်က ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ ဧည့်ပန်းပဲ ဆရာ တစ်ယောက်ပါပဲဗျာ။ ကောင်းကင်ဖွေရှာ နန်းတော်က ကျုပ်အတွက်နဲ့ ကြီးမြတ်ရန်ကျုံး ဂိုဏ်းကို ရင်မဆိုင် ချင်တာကြောင့် ကျုပ်ကို စွန့်ပစ်လိုက်ကြတယ်။ ကျုပ်က ကောင်းကင်ဖွေရှာ နန်းတော်က မဟုတ်တော့ပါဘူး။ ဖန်ကျီချင်းက ဘာလို့ ကျုပ်နောက် လိုက်နေတယ် ဆိုတာ တစ်ယောက်မှ မသိကြဘူး။ ကျုပ်မပြောရင် ကြီးမြတ်ရန်ကျုံးက ဒီနေရာက ပျောက်ကွယ် သွားတာ ဆိုတာ သိမှာတောင် မဟုတ်ဘူး ....”
မိုဝူကျီက နှလုံးခုန် မြန်လာလေသည်။ ထိုလူက အသုံး ဝင်လှသည့် အဆင့်မြင့် ကျင့်ကြံသူ ဖြစ်၏။ အကယ်၍ သူသာ တျန်းဂျီဂိုဏ်းကို ဝင်ပါက အလွန်လွန့် ကောင်းပေလိမ့်မည်။ တျန်းဂျီဂိုဏ်းတွင် အဆင့်မြင့် ကျင့်ကြံသူ မရှိသေးချေ။
***