← Chapters

တျန်းဂျီဂိုဏ်း၏ ဝိညာဉ်စွမ်းအား ပိတ်လှောင်ရေး အစီအရင်အား ပြန်ဖွင့်ခြင်း

Vol. 19 Ch. 255

တျန်းဂျီဂိုဏ်း၏ ဝိညာဉ်စွမ်းအား ပိတ်လှောင်ရေး အစီအရင်အား ပြန်ဖွင့်ခြင်း

Vol. 19 Ch. 255

စန်ယီပင်းက အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်ပြီး တောင်ခွဲမြေပုံကို ထုတ်ကာ ရှင်းဟွမ်ဆီ ပေးလိုက်လေသည်။

“ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်။ ကျုပ် အနီးဆုံး နေရာပဲ ရွေးပါ့မယ်။ ဒီတောင်ခွဲက အနီးအနား ဆိုတော့ နောင်ကျ အလုပ်အတူတူ တွဲလုပ်ဖို့ ပိုအဆင် ပြေလိမ့်မယ် ...”

ရှင်းဟွမ်က မြေပုံကို ယူကာ တျန်းဝူတောင်ကို ကြည့်ရင်း ပြောလိုက်သည်။

ရှင်းဟွမ်က သူ့တောင်ထိပ် ရွေးချယ်ပြီးသည်ကို မြင်၍ မိုဝူကျီက စန်ယီပင်းကို ပြောလိုက်လေသည်။

“ယီပင်း ... ဘက်လက်ရုံး ရှင်းကို တျန်းဝူ တောင်ထိပ်ဆီ ခေါ်သွားပေးလိုက်။ ငါက ဘယ်လက် ရုံးရှင်း တစ်လအတွင်း စစ်မှန်ခြင်း နတ်ဘုရားအဆင့် တက်လှမ်းနိုင်ဖို့ ဝိညာဉ်စွမ်းအား စုစည်းခြင်း အစီအရင်ကို သွားအသက် သွင်းလိုက်ဦးမယ် ...”

မိုဝူကျီက သူသာ ဝိညာဉ်စွမ်းအား လုံလုံလောက်လောက် ထောက်ပံ့ ပေးနိုင်ပါက ရှင်းဟွမ်က ထိုအခွင့်ကောင်းကို လက်လွတ်ခံမည် မဟုတ်ကြောင်း ယုံကြည်သည်။ ရှင်းဟွမ်လို အလိုက်ဖမ်း ခံနေရသော်လည်း ကောင်းကင်ဖွေရှာ နန်းတော်တွင် တစ်နှစ်တာလုံး ပုန်းကွယ်နေ၍ ပစ္စည်းများ ပြုလုပ်နေသည့် လူတစ်ယောက် အတွက် ဖော်မပြ တတ်လောက်အောင် အထိ ချမ်းသာပေလိမ်မ့ည်။

သူ ချမ်းသာ ချင်လာသည့် အကြောင်းအရင်းမှာလည်း သူက စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ တက်လှမ်းရန် ပြင်ဆင်ထားခြင်းသာ ဖြစ်၏။ မိုဝူကျီက သူသည် ထိုပြင်ဆင်မှုများကို လုပ်ဆောင် ထားသည်မှာ ကြာလှပြီ ဖြစ်ကြောင်း ခန့်မှန်းမိသည်။ အကယ်၍ ရှင်းဟွမ်တွင် စစ်မှန်ခြင်း နတ်ဘုရားပန်း ရှိနေပြီး စစ်မှန်ခြင်း နတ်ဘုရား အဆင့် မတက်လှမ်း နိုင်သေးသည် ဆိုလျှင် သူ့အတွက် တိုးတက်မည့် အခွင့်အလမ်း နည်းပါးသွားပြီ ဖြစ်ကြောင်း ပြောနိုင်လေသည်။

စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ တက်လှမ်းဖို့ရန် စစ်မှန်ခြင်း နတ်ဘုရားပန်းကို အသုံးပြုလျှင်ပင် အောင်မြင်မှု ရာနှုန်းပြည့် မဟုတ်သေးပေ။ အမှန်တော့ အောင်နိုင်ခြေ ၃၀ ရာခိုင်နှုန်းလောက်သာ ရှိလေ၏၊

နှစ်များစွာ ပြင်ဆင်လာပြီးနောက် သူ့အောင်မြင်မှု ရာခိုင်နှုန်းက နှစ်ဆ တိုးသွားကာ တစ်ဝက် အောင်မြင်နိုင်ချေ ရှိလေ၏။ အကယ်၍ တျန်းဂျီဂိုဏ်းအတွင်း ပိတ်လှောင် ထားသည့် ဝိညာဉ် စွမ်းအားများက ကောင်းကင်တစ်ခွင် ပြန့်နှံ့သွားပါက သူ့အောင်မြင်နိုင်နှုန်း တိုးလာ နိုင်ပေသည်။

“ဟုတ်...” စန်ယီပင်းက တုံ့ဆိုင်း မနေဘဲ ပြန်ဖြေလိုက်လေသည်။

စန်ယီပင်းနှင့် ရှင်းဟွမ်းတို့ တျန်းဝူတောင်ဆီ ထွက်သွားပြီးနောက် မိုဝူကျီက တျန်းဂျီဂိုဏ်း ခန်းမအတွင်းသို့ ဝင်လိုက်သည်။ သူက တျန်းဂျီ ကျောက်ဓားသည် သိပြီးနောက်တွင် မိုဝူကျီက နှဲ့ကျန်းနွန်ကို ခန်းမအောက်တွင် ပင်မ အဆောက်အဦနှင့် ပင်မ ဝိညာဉ် ပိတ်လှောင်ရေး အစီအရင်တို့ ထားရှိရာ လမ်းကြောင်းကို ဖောက်လုပ်ထားရန် ညွှန်ကြား ထားခဲ့၏။

သူက ပင်မ ကျောက်ဓားကို ဆွဲထုတ် ပြီးသည်နှင့် ဝိညာဉ် စွမ်းအားများကို ပိတ်ထားရန် နဂို အခြေအနေ အတိုင်း ပြန်ထားရှိခဲ့သည်။ ကျန်ရှိနေသော တောင်ခွဲ ၁၃ လုံးမှ ဝိညာဉ်စွမ်းအား ပိတ်လှောင်ရေး ကျောက်ဓားများကို ဆွဲထုတ်ကာ သူ့သိုလှောင် လက်စွပ်ထဲ ထည့်ထားပြီးပြီ ဖြစ်လေသည်။

လက်ရှိ သူက ပင်မ ကျောက်ဓား ဆွဲနှုတ်လိုက်သည်နှင့် အခြားသော ဝိညာဉ်စွမ်းအား ပိတ်လှောင်ရေး အစီအရင်များကို လှုံ့ဆော်ပြီးသား ဖြစ်သွားလိမ့်မည်။

သူက တျန်းဂျီဓားကို လေ့လာ ပြီးသော်လည်း အခြားသော အစီအရင် ၁၃ ခုကိုတော့ အနည်းဆုံး တစ်ခုသာ စိစစ်ရသေး၏။ သူက ဝိညာဉ်စွမ်းအား ပိတ်လှောင်ရေး အစီအရင်ကို အသက် သွင်းချင်သောကြောင့် မိုဝူကျီက ဓားကို ဆွဲနှုတ်ရန် တွေဝေခြင်းမရှိပေ။

“ဘမ်း ဘမ်း ...”

သူ့ခြေထောက်အောက်မှ အသံများ ဆက်တိုက် ထွက်ပေါ် လာသောကြောင့် မိုဝူကျီက သူရပ်နေသည့် နေရာကာ ပြိုသွားတော့မတတ် ခံစားမိနေသည်။

မိုဝူကျီက တုန်လှုပ်သွားကာ သူ့တာအို ပညာရပ်က အရည်အချင်း မပြည့်မီ သေးတာများလား ... သူများ မှားယွင်း ဆုံးဖြတ် လေမိသလား ...

တျန်းဂျီတောင်သာ ထိုသို့ ပြိုကျသွားပါက ကပ်ဘေး ဖြစ်သွားလိမ့်မည်။ အချိန် အတော်ကြာ ပြန်လည် ပြင်ဆင် ခဲ့ရသည့် အရာက မကြာမီ ပြန်ပြိုကျ သွားပါက ပြက်လုံး ဖြစ်သွားလိမ့်မည်။

သိပ်သည်းလှသည့် ဝိညာဉ် စွမ်းအားတွေ ထွက်ပေါ်လာသည့် အခါမှ မိုဝူကျီက သူ့ဆုံးဖြတ်ချက် မမှားမှန်း သိလိုက်ရသည်။ ပြောမပြတတ်သည့် ခံစားချက်က မိုဝူကျီကို ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး ခံစားရသည့် အလား သက်သောင့်သက်သာ ဖြစ်စေသည်။

“ဘမ်း ...”

မိုဝူကျီက လက်တွေ့ ကျလေသည်။ သူ မတုံ့ပြန်ခင် ပတ်ဝန်းကျင် တစ်လျှောက် တုန်ခါနေမှုက ပျောက်ဆုံး သွားလေပြီ။ ယခု သူက မြူများ ဝန်းရံနေသည့် ရေကန် အနားတွင် ရှိနေလေ၏။

မိုဝူကျီက ထိုမြူရေကန်ကို ကြည့်လိုက်ပြီး လေအေးများ မှုတ်ထုတ် လိုက်တော့သည်။

မြူရေကန်က လေထဲသို့ မြှောက်တက်လာကာ ဝိညာဉ်သွေးကြော ကိုးခုကို လေထဲတွင် အစီအရင်ဖြင့် ချိတ်ဆွဲ ထားလိုက်သည်။ အဆုံးမရှိသည့် ဝိညာဉ် စွမ်းအားများက ထိုနေရာ ပတ်ဝန်းကျင်ကို လွှမ်းခြုံ သွားလေသည်။ ထိုမြူရေကန်ကား ဝိညာဉ် စွမ်းအားများ သိပ်သည်းလွန်း၍ ဖြစ်လာသည့် ဝိညာဉ်စွမ်းအား ရေကန်နှင့် ပိုတူလေသည်။

ထို့အပြင် မိုဝူကျီက ထိုဝိညာဉ် သွေးကြော ကိုးခု၏ အဆင့်သည် ကောင်းကင် ပင်လယ်မှ ရလာသည့် ဝိညာဉ် သွေးကြောထက် များစွာ ပိုကောင်းကြောင်း သေချာ၏။

တခြားစကားနှင့် ဆိုရလျှင် သူ ရရှိထားသော ဝိညာဉ် သွေးကြောက အဆင့်နိမ့် သွေးကြော ဖြစ်နေလျှင် ဤဝိညာဉ် သွေးကြော ကိုးခုကား အနည်းဆုံး အဆင့်မြင့် သွေးကြော သို့မဟုတ် အသာလွန်ဆုံး အဆင့် သွေးကြောပင် ဖြစ်နိုင်သေး၏။

မိုဝူကျီက ဤနေရာအကြောင်း ပေါက်ကြားသွား၍ မဖြစ်ကြောင်း သိလိုက်သည်။ ပေါက်ကြား သွားပါက ကောင်းကင်ဖွေရှာ နန်းတော်ပင် လာရောက်၍ လုယူကြလိမ့်မည်။

တျန်းဂျီဂိုဏ်းတွင် ရှိိနေခဲ့သည်မှာ ကြာလှပြီ ဖြစ်ရာ ယခင်ဂိုဏ်းချုပ်က ဤနေရာကို သတိမပြုမိ လေသလား သို့မဟုတ် သတိပြုမိ သော်လည်း မဖွင့်ရဲလေ သလားတော့ မသိပေ။

မိုဝူကျီက ဤသွေးကြော ကိုးခုလုံးကို မည်သို့ အပြည့်အဝ အသုံးပြုနိုင်မှန်း သိလိုက်သည်။ သူက ဤနေရာကို တံခါးပိတ် ကျင့်ကြံရာ၌ အသုံးပြုနိုင်ပြီး သူ့အတွက် အဆင့်တက်ရန် လိုအပ်ချက်က အင်မတန် ကြောက်မက်ဖွယ် ကောင်းသော်လည်း ဤနေရာတွင် ကျင့်ကြံပါက သူ့အမြန်နှုန်းမှာ တခြား နေရာတွင် ကျင့်ကြံသည်ထက် နှေးကွေးမည်တော့ မဟုတ်ပေ။

သို့သော်လည်း ဤဝိညာဉ်သွေးကြော ကိုးခုကို အချိန် အတော်ကြာ ဖွင့်ထား၍ မဖြစ်ပေ။ ရှင်းဟွမ် စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ တက်လှမ်း ပြီးသည်နှင့် ဤဝိညာဉ် သွေးကြောများကို ပြန်ပိတ်သိမ်း ထားရမည်။ တျန်းဂျီတောင်မှ ဝိညာဉ် စွမ်းအားများကိုတော့ ချန်ထား ခဲ့ရမည်။ ထိုမှသာ တျန်းဂျီ ဂိုဏ်းသား သူတို့ စိတ်ကြိုက် ကျင့်ကြံနိုင်မည် ဖြစ်၏။

တျန်းဂျီတောင်တွင် မိုဝူကျီ ဝိညာဉ်သွေးကြော ဖွင့်လိုက်သည့် အခိုက်အတန့် အားလုံးက ဝိညာဉ်စွမ်းအား ရေကန်ထဲတွင် စိမ်နေသကဲ့သို့ စွမ်းအားများကို ခံစားမိကြသည်။ ထိုသို့ ဝိညာဉ် စွမ်းအားများ ရှိနေရက်နှင့် မကျင့်ကြံလျှင် သူတို့ထက် ရူးမိုက်မည့်သူ မရှိတော့ချေ။

အံ့ဩဆုံးလူမှာ တျန်းဂျီဂိုဏ်းသို့ ဝင်လာခါစ ဖြစ်သည့် သုံးမျက်လုံးရှင် ဒူတာ ရှင်းဟွမ်သာ ဖြစ်၏။ သူက မိုဝူကျီသည် ဝိညာဉ် စွမ်းအားများ သူ့ဆီ ရောက်ရှိလာရန် ကူညီ ပေးလိမ့်မည်ဟုသာ တွေးထင်ထားခဲ့၏။ သူ ပိုင်ဆိုင် ထားသည့် စိတ်စွမ်းအင် ကျောက်တုံးများ အကူအညီနှင့် ဆိုလျှင် သူက မကြာခင် စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ တက်လှမ်း နိုင်ပေလိမ့်မည်။

သို့သော်လည်း သူ့အိမ်မက်ထဲတွင်ပင် ထိုမျှ အံ့ဩစရာ ကောင်းသော ဝိညာဉ် စွမ်းအားများကို မိုဝူကျီက ပို့ဆောင် ပေးလိမ့်မည်ဟု တွေးမကြည့် မိဖူးပေ။ ဤထူးခြား လှသော ဝိညာဉ်စွမ်းအား ပမဏက သူ့အတွက် အားရစရာ ကောင်းလှ၍ အားရပါးရ ဟစ်ကြွေး ပစ်ချင်စိတ် ပေါ်စေသည်။

ရှင်းဟွမ်က အသာလွန်ဆုံး အဆင့် ပန်းပဲပညာရှင် ဖြစ်သည့် အတွက် သူက ကမ္ဘာအနှံ့ ရောက်ရှိ ဖူးလေသည်။ ကောင်းကင်ဖွေရှာ လက်နက် တောင်ထိပ်တွင် ဝိညာဉ်စွမ်းအားများ သိပ်သည်းလွန်းသည့် အချက်ကို ထည့်မတွက် သေးလျှင်ပင် သူ ရောက်ရှိခဲ့သမျှ နေရာ အားလုံးက ဝိညာဉ်စွမ်းအား ပေါကြွယ်ဝသော နေရာများ ဖြစ်ကြသည်။

နှစ်များစွာအထိ ရှင်းဟွမ်သည် ယနေ့ တျန်းဝူတောင်ကဲ့သို့ ကြောက်မက်ဖွယ် အားကောင်း လှသည့် ဝိညာဉ် စွမ်းအားများကိုတော့ မကြုံဖူးသေးပေ။ သူ တျန်းဂျီဂိုဏ်းသို့ ဝင်ရန် ဆုံးဖြတ် လိုက်သည်က မိုဝူကျီ၏ အလားအလာကို မြင်သည့် အချက်နှင့်အတူ သူ ပုန်းခိုရန် နေရာ လိုအပ် နေသောကြောင့်လည်း ပါဝင် ပေသည်။ မိုဝူကျီ၏ အန္တရာယ်ကိုလည်း ခံစားမိ၍ အကြောင်းအရင်း တစ်ပိုင်းတစ်စ ပါဝင်ပေသည်။ မိုဝူကျီက အကြောက်တရား တစ်စက်မှ မရှိဘဲ သူ့ကို ကြီးမြတ်ရန်ကျုံးမှ ဖန်ကျီချင်းကို သတ်နိုင်ရန် ကူညီပေးခဲ့သည်။

ထို့အပြင် သူက မိုဝူကျီတွင် ဖုံးကွယ်ထားသော လှည့်ကွက်များ ရှိနေသေးကြောင်း ယုံကြည်မိသည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် သူက ဤနေရာ ဝင်လိုက်သည့် ဆုံးဖြတ်ချက်ကို မှန်ကန်စွာ ချခဲ့မိသည့် အတွက် အမှန်ပင် ပျော်ရွှင် မိသွားသည်။

အကယ်၍ သူသာ ထိုသို့ဝိညာဉ် စွမ်းအားများဖြင့် စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ မတက်လှမ်းနိုင်ပါက သူသည် အသုံးမကျသည့် အမှိုက် ဖြစ်သွားပေလိမ့်မည်။ ရှင်းဟွမ်က တျန်းဂျီတောင်ကို အရိုအသေ ပေးလိုက်ပြီးနောက် နောက်တဆင့် တက်လှမ်းရန် စတင်၍ ကျင့်ကြံ လိုက်တော့သည်။

သူက စွမ်းအားစုစည်းခြင်း အစီအရင်များ၊ စိတ်စွမ်းအင် ကျောက်တုံး များကိုပင် မထုတ်တော့ပေ။ အကြောင်းမှာ ဤနေရာရှိ ဝိညာဉ် စွမ်းအားများက သူ့စိတ်စွမ်းအင် ကျောက်တုံးမှ ထုတ်နိုင်သည့် စွမ်းအားများထက် အဆများစွာ သာလွန်ပေသည်။

ထိုစဉ် တျန်းဂျီတောင်ရှိ အပင်များပင် အသက်စွမ်းအင် ပေါကြွယ်ဝကာ သန်စွမ်း လာကြလေသည်။

အားလုံးက တံခါးပိတ် ကျင့်ကြံနေကြစဉ် မိုဝူကျီက ဝိညာဉ်စွမ်းအား မြူရေကန် ထဲသို့သာ တိုက်ရိုက်ဆင်း၍ ကျင့်ကြံ လိုက်တော့သည်။ သူက ယွမ်ဒန်အဆင့် ဝင်ခါစ ဖြစ်သော်လည်း ထိုမျှဝိညာဉ် စွမ်းအားများဖြင့် နောက်တစ်ဆင့် တက်လှမ်း သင့်ပေသည်။

ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့သည် ဒြပ်ငါးမျိုး ကင်းမဲ့နယ် ညီလာခံ ကျင်းပတော့မည် ဖြစ်ကာ တျန်းဂျီဂိုဏ်းအတွက် အောင်မြင်မှု ဆွတ်ခူးနိုင်ရန် သူက အားနည်းနေ၍ မဖြစ်ပေ။

မြူကန်အတွင်းတွင် ဝိညာဉ်စွမ်းအားကန် ရှိနေသောကြောင့် မိုဝူကျီက ခုန်ဝင်လိုက် တော့သည်။သူက ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်း မစတင် ရသေးသော်လည်း မိုဝူကျီက ကျင့်ကြံရာတွင် လွတ်လပ်မှုကို ခံစားမိနေသည်။

သူက ဝိညာဉ်စွမ်းအား စတင် လှည့်ပတ်လိုက်သည့် အခါ သူက ကောင်းသည့် အရာတစ်ခုက မြန်မြန် ရွေ့လျားကာ သူ့ခန္ဓာအတွင်းတွင် စုစည်း သွားကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်၏။ ချီသွေးကြော ၁၀၂ ခုလုံးက ဆက်တိုက် လှည့်ပတ် နေသောကြောင့် ကြောက်မက်ဖွယ် ဝိညာဉ် စွမ်းအားများက မြူရေကန်တွင် ဝဲကတော့ သဖွယ် ဖြစ်ပေါ်လာလေသည်။

ကျင့်ကြံနေစဉ် အကုန်မြန်ဆုံး အရာမှာ အချိန်သာ ဖြစ်၏။ လဝက် ကြာသွားသည့် အခါ မိုဝူကျီက ယွမ်ဒန် အဆင့် ၁ မှ အဆင့် ၂ သို့ တက်လှမ်း သွားလေပြီ။ သူ့ဒန်တျန်း အတွင်း စီးဆင်းနေသည့် ဝိညာဉ် စွမ်းအားများက ယခင်ကထက် ပို၍ ကြည်လင်လာကာ အဆုံးမဲ့သည့် ဝိညာဉ်စွမ်းအား အငွေ့အသက်များ ထုတ်လွှင့် နေလေသည်။

နောက်ထပ် ငါးရက်ကြာ ကုန်ဆုံး သွားသည့်အခါ မိုဝူကျီက ယွမ်ဒန်အဆင့် ၂ အလယ်အလတ် အဆင့်သို့ ရောက်ရှိသွား၏။

သူက အဆင့်နှစ် နောက်ဆုံးအဆင့် ဖြတ်ကျော်မည့် အချိန်တွင် ကျယ်လောင်သည့် အသံက မိုဝူကျီ အာရုံကို ဝင်နှောင့်ယှက် လိုက်လေသည်။

ထို့နောက် မိုဝူကျီက မိုးကြိုးသံ ဆက်တိုက် ကြားလိုက်ရ၏။

မိုဝူကျီက မတ်တပ်ရပ်လိုက်ပြီး သူက စစ်မှန်ခြင်း နတ်ဘုရား အဆင့် တက်လှမ်းသည်ကို တစ်ခါမှ မမြင်ဖူးပေ။ ရှင်းဟွမ်က ကောင်းကင်ဘုံ စမ်းသပ်ချက် ခံယူတော့မည်ကို သိလိုက်သည်။ ထို့အပြင် သူက ဒြပ်ငါးမျိုး ကင်းမဲ့နယ်တွင် ရှိစဉ်က သားရဲတစ်ကောင် တက်လှမ်း သည်ကို တွေ့ဖူး၍ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သိ၏။

မိုဝူကျီက မြူရေကန်မှ မြန်မြန် ထွက်သွားလိုက်သည်။ အကြောင်းမှာ ရှင်းဟွမ်က ထိုကပ်ကို ကျော်ဖြတ်နိုင်မှသာ စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် သွားကြည့် သင့်လေသည်။ သူက မိုးကြိုးများ အကာအကွယ်ကို ထိမှာစိုးရိမ်၍ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ပိတ်သိမ်း လိုက်ရသည်။

တျန်းဝူ တောင်ထိပ်တွင် ရှင်းဟွမ်က မားမားမတ်မတ် ရပ်နေရင်း မိုးကြိုးများကို စောင့်နေ လေ၏။

“ဘမ်း ...”

အလင်းနှင့်အတူ အသံကို ကြားလိုက်ရ၍ ရှင်းဟွမ်က ဂိုဏ်းကာကွယ်ရေး အစီအရင် သိမ်းလိုက်မှန်း ခံစား မိလိုက်သည်။ သူက ကျေနပ်စွာဖြင့် ခေါင်းညိတ် ပြလိုက်သည်။ ဂိုဏ်းချုပ်က သူ တက်လှမ်း တော့မည်ကို သိ၍ အကာအကွယ် အစီအရင်ကို ပိတ်သိမ်း လိုက်မှန်း သိ၏။

“ဘမ်း ဘမ်း ဘမ်း ...”

မိုးကြိုးသွားက ဆင်းသက် လာလေသည်။

ရှင်းဟွမ်က သူ့မှော်ရတနာကို ထုတ်မည့် အစား မိုးကြိုးကို လက်သီးနှင့် ခုခံ လိုက်လေသည်။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူ အတွက် မိုးကြိုးသွား ၅၉ ချက်ကို ခံယူရန် လိုအပ်ပေသည်။

ပထမဆုံး မိုးကြိုးသွားက အားနည်း လှသည်တော့ မမှတ်ယူနိုင်ပေ။ သို့သော် သူက အစကတည်းမှ မှော်ရတနာနှင့် ခုခံနေလျှင် ကျန်ရှိနေသည့် မိုးကြိုးသွားများ အတွက် မည်သို့ လုပ်ရမည်နည်း။

“ဘမ်း ...”

မိုးကြိုးသွားက ရှင်းဟွမ် လက်သီးနှင့် တွေ့ဆုံသွားကာ ချက်ချင်းဆိုသလို နောက်ဆုတ် လိုက်ရသည်။ သူက ဆေးလုံးများကို အလျင်အမြန် မျိုချ လိုက်ရသည်။ တစ်ချိန်တည်းတွင် သူ့ပေါ်သို့ နောက်ထပ် မိုးကြိုးနှစ်ချက် ဆင်းသက် လာပြန်သည်။

မိုဝူကျီလည်း တျန်းဝူတောင်ထိပ်သို့ ရောက်ရှိလာကာ ရှင်းဟွမ် အဆင့် တက်သည်ကို ကြည့်ရန် လူအုပ်နှင့်အတူ ရောနှော နေလိုက်သည်။

ဆုံးဖြတ်ချက် မခိုင်မာသူများ အတွက် ထိုသို့သော အားပြင်းမိုးကြိုးများ ဆက်တိုက် ကျရောက်နေသည့် မြင်ကွင်း အောက်တွင် ဆက်လက် မကျင့်ကြံ နိုင်ကြတော့ပေ။ သို့သော်လည်း တစ်ခုခုအပေါ် အာရုံစိုက် မထားပါက ထိုမိုးကြိုးများကို မျက်မြင်ကိုယ်တွေ့ ကြုံနေလျှင်ပင် သူ့ဆုံးဖြတ်ချက်ကို ယိမ်းယိုင်စေမည် မဟုတ်ပေ။

မိုဝူကျီက မိုးကြိုးများ တစ်ချက်ပြီး တစ်ချက် ထွက်ပေါ်လာပြီး နောက်တွင် ရှင်းဟွမ်က သူ့မီးညှပ် မှော်ရတနာကို ထုတ်ယူလိုက်ပြီမှန်း သိလိုက်၍ ပို၍ စိတ်လှုပ်ရှား မိသွားသည်။

မိုဝူကျီက ရှင်းဟွမ် နောက်တစ်ဆင့် တက်လှမ်းနိုင်မည့် အချက်ကို စိတ်မလှုပ်ရှားပေ။ အမှန်တကယ် စိတ်လှုပ်ရှား မိသည်က သူကိုယ်တိုင်လည်း ထိုသို့ ကျော်ဖြတ်ရမည်ကို တွေးမိ၍ ဖြစ်သည်။ ထိုသို့ မိုးကြိုးသွားများက သာမာန်လူများ အတွက် အတော် အန္တရာယ်များ နိုင်သော်လည်း သူအနေနှင့် အလကား မဖြစ်စေနိုင်သည့် အခွင့်အရေး တစ်ခု ဖြစ်နေသည်။

မိုဝူကျီက လျှပ်စီးများ ရိုက်ခတ်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ အရရော၊ ရုပ်ပိုင်းဆိုင်ရာ အရရော မာကြော နေလေပြီ။ ထို့ကြောင့် ရှင်းဟွမ် နေရာတွင် သူ့အလှည့် ဖြစ်ဖို့အရေး မစောင့်နိုင်တော့ပေ။

“ဘမ်း ဘမ်း ဘမ်း ...”

ဤတစ်ကြိမ်တွင် နောက်ထပ် မိုးကြိုးသုံးချက် ကျရောက် လာသောကြောင့် စုစုပေါင်း ကိုးချက် ရှိသွားလေပြီ။

ရှင်းဟွမ် မီးညှပ်နှင့် မိုးကြိုးများကြား ထိတွေ့မှုကြောင့် ရလဒ်အနေနှင့် ကောင်းကင် တစ်ခွင်၌ မီးတောက်များ၊ မိုးကြိုးများဖြင့် ပြည့်နှက် သွားလေသည်။ ရှင်းဟွမ်က မိုးကြိုးသွားများမှ အတင်းဖိအားပေး ခံရပြီး တွားသွား၍ ထွက်မလာခင် နောက်ထပ် မိုးကြိုးကိုးချက် ကျရောက် လာပြန်သည်။

အဆုံးမသတ်သည့် မိုးကြိုးသွားများက ဆက်တိုက် ကျရောက်လာပြီး ရှင်းဟွမ် ရှိနေသည့် နေရာကို မည်းသည်းသွားသည့် အထိ ပစ်ခတ်နေလေသည်။ ထိုကိစ္စက မိုဝူကျီကို ရှင်းဟွမ်သည် အမှန်တကယ် အသက်ရှင်လျက် ပြန်ထွက်လာ နိုင်ပါ့မလားဟု စိုးရိမ်မိစေသည်။

မိုးကြိုးကိုးချက် ဆက်တိုက် ကျရောက်ခြင်း မပြီးဆုံးခင် နောက်ထပ် မိုးကြိုးသုံးချက်က ထပ်မံ ကျရောက်လာပြန်သည်။ ဘေးမှ ကြည့်နေသည့် မိုဝူကျီပင် ထိုမိုးကြိုး သုံးချက်မှာ ယခင် အရာများထက် အဆများစွာ အားကောင်းကြောင်း ခံစား မိလေသည်။

မိုဝူကျီက မီးညှပ်မှ မီးနဂါးနှစ်ကောင် ထွက်ပေါ် လာသည်ကို မြင်ပြီး စိတ်သက်သာရာ ရသွားတော့သည်။ ကြည့်ရသည်မှာ ရှင်းဟွမ်က ခံနိုင်ရည် ရှိသေးသည့်ပုံ ပေါ်သေး၏။

မိုဝူကျီက အမှန်တကယ် စိတ်သက်သာရာ မရခင် နောက်ထပ် မိုးကြိုး ခြောက်ချက်က ဆင်းသက် လာလေ၏။

“ဘမ်း ...”

လျှပ်စီးများက မည်းနက်နေသည့် နေရာဆီ စီးဆင်း သွားလေသည်။ မိုဝူကျီက မီးနဂါး နှစ်ကောင်က ထိုနေရာမှ ထွက်လာသည်ကို မမြင်ရတော့ပေ။ နောက်ထပ် မိုးကြိုးခြောက်ချက် အဆုံးတွင် တျန်းဝူ တောင်ထိပ်မှ ကောင်းကင်က ပြန်လည် ကြည်လင် လာလေသည်။ မိုးကြိုးသံ များလည်း မကြားရတော့ပေ။ လက်တွေ့တွင် တျန်းဝူ တောင်ထိပ်တွင် သက်တံပါ ထွန်းလင်း နေသေးပေ၏။

ကောင်းကင်ဘုံ စမ်းသပ်ချက် ပြီးဆုံး သွားတာလား ... ရှင်းဟွမ် သေသွားပြီ များလား ....

မိုဝူကျီက မိုးကြိုးပစ်ကွင်း နေရာကို အလျင်အမြန် သွားကြည့် လိုက်ရသည်။

***

All Chapters