မှော်ဝင်ပစ္စည်း _ _ ဓားကျိုးတစ်လက်!
Vol. 9 Ch. 121
နေ့လည်ခင်းပိုင်းတွင်…
အားကစားကွင်းအတွင်းတွင် ယဲ့ဖန်မှ လွဲ၍ မည်သူမှ ရှိမနေပါ။
မိုးမခပင်ပေါ်၌ ခြေချိတ်လျက် ထိုင်နေသော ယဲ့ဖန်သည် ရှေးဟောင်း ဓားတစ်လက်ကို ကိုင်လို့ ထားသည်။
ထိုရှေးဟောင်းဓားသည် လေလံစံအိမ်၌ မော့ထောင် ဝယ်ယူခဲ့သည့် ဓားဖြစ်ပြီး ယဲ့ဖန် လှည့်ကွက်လေးတွေ သုံးပြီးမှ သူ့လက်ထဲ ရောက်လာခြင်း ဖြစ်သည်။
ရှေးဟောင်းဓားသည် အလွန် ပျက်စီးနေပြီ ဖြစ်သည်။
ဓားထိပ်ဖျားက ပျောက်ဆုံးနေပြီး ဓားကိုယ်ထည် တစ်ခုလုံးက သံချေး တက်ကာ ပေကျံနေသည်။
*ပုံသွင်းထားတဲ့ပုံက သာမန်ပင်မယ့် သတ္တုနဲ့ မြေကြီး ဓာတ်တွေ ပါဝင် နေတယ်*
ယဲ့ဖန် သလင်း ကျောက်စိမ်းတုံးနှင့် သဲများ ပေကျံနေသည့် ကျောက်တုံးတို့ကို ထုတ်လိုက်သည်။
*ရေကျောက်စိမ်းတုံးနဲ့ မီးကျောက်*
*ဒီဓားကျိုးကိုသာ ဒီပစ္စည်း နှစ်ခုနဲ့ ပေါင်းစပ်လိုက်မယ် ဆိုရင် ဒီဓားထဲမှာ သတ္တု၊ ရေ၊ မီး နဲ့ မြေကြီးဓာတ်တွေ ပါဝင်လာပြီး မှော်ဝင်ပစ္စည်း တစ်ခု ဖြစ်လာမှာပဲ*
ယဲ့ဖန်၏ နှုတ်ခမ်းထောင့်က အသာတွန့်ကွေးသွားကာ နတ်ဆိုးချီဓာတ်ကို ထုတ်လွှတ်လိုက်သည်။
….
နတ်ဆိုးချီဓာတ်က ရေကျောက်စိမ်းတုံးနှင့် မီးကျောက်တို့နားသို့ ချက်ချင်း လှည့်ပတ်နေသည်။
လေထဲ လွင့်မြောနေရင်း ထိုရေကျောက်စိမ်းတုံးနှင့် မီးကျောက်တို့က ယဲ့ဖန်၏ လက်ဖဝါးနားတွင် လှည့်ပတ်လို့ နေ၏။
ထို့နောက် ခွပ်ခနဲ အက်ကွဲသံ နှင့်အတူ ရေကျောက်စိမ်းတုံးတွင် အက်ရာများ ပေါ်လာသည်။
နတ်ဆိုး ချီဓာတ်များက ရေကျောက်စိမ်းတုံးထဲသို့ ရေစီးကြောင်းကဲ့သို့ စီးဝင် သွားသည်။
တစ်ချိန်တည်းမှာပင် မီးကျောက်ထံမှ ပြင်းထန်သော ချီဓာတ်များ ထွက်ပေါ်လာသည်။
ထို့နောက် ရေနဂါးနှင့် မီးနဂါးတို့ စက်ဝိုင်းကဲ့သို့ လှည့်၍ ထွက်ပေါ် လာလေတော့သည်။
"ပေါင်းစပ်"
ယဲ့ဖန် ခပ်တိုးတိုး ပြောလိုက်ပြီးနောက်တွင် နဂါးနှစ်ကောင်က ဓားကျိုးထဲသို့ လျှပ်စီးကြောင်း နှစ်ခုကဲ့သို့ ပြေးဝင်သွားသည်။
တချွင်ချွင်မြည်သံ နှင့်အတူ ဓားကျိုးထံမှ အေးစက် ပြင်းထန်သည့် ချီဓာတ်များ ပျံ့လွင့်လာလေသည်။
ဤသည်ကား အစပင် ရှိချေသေး၏။
ဓားကျိုးထဲ ဝင်သွားပြီးနောက် နဂါးနှစ်ကောင်သည် ရုန်းကန် လှုပ်ရှားနေပုံ ရသည့်အပြင် နှစ်ကောင်သား ဓားထိပ်ဖျားနှင့် ရိုက်မိကြသည်။
ခွပ်ခနဲ အသံ နှင့်အတူ သူတို့ ဓားကျိုးထိပ်ကို တစ်ခါ ရိုက်မိတိုင်း အက်ရာ အသစ် ထွက်ပေါ်လာသည်။
မကြာခင်မှာပင် အက်ရာများစွာ ဖြစ်ပေါ်လာပြီး တစ်စစီ ဖြစ်ပေါ်တော့မည့် ပုံပေါက်လာသည်။
ယဲ့ဖန်ကတော့ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု အစောကြီးကတည်းက ခန့်မှန်းမိသည့်အလား တည်ငြိမ်နေသည်။
ထိုအချိန်တွင် သူက လက်ညှိုးထောင်၍ ထူးဆန်းသော မှော်အက္ခရာကို လေထဲတွင် ရေးဆွဲလိုက်သည်။
…
ထို မှော်အက္ခရာသည် နားလည်ရန် ခဲယဉ်း လွန်းလှသည်။ ဒါကိုသာ တစ်ယောက်ယောက် မြင်သွားခဲ့ လျင်တောင် ချက်ချင်း ခေါင်းမူး သွားလောက်သည်။
ရေးဆွဲ ပြီးသွားသည့် နောက်တွင် ထိုမှော်အက္ခရာမှ တောက်ပသော အလင်းများ ဖြာထွက်လာသည်။
ထိုအလင်းသည် ဓားထဲသို့ ဝင်ရောက်သွား၏။ ထိုအခါမှသာ ဓားအတွင်းရှိ ရေနှင့်မီး ချီဓာတ်တို့က တစ်မဟုတ်ချင်း ငြိမ်ကျသွားတော့သည်။
ထို့နောက် ဓားတစ်ခုလုံး ကျိုးပဲ့၍ ညစ်ပတ်နေသော အသွင်မှ တစ်ဖန် ပြန်လည် သစ်လွင်လာသည်။
"ပြီးသွားပြီ"
ယဲ့ဖန် ဝမ်းသာအားရ ပြုံး၍ ပြောလိုက်သည်။
"သတ္တု၊ ရေ၊ မီးနဲ့ မြေ၊ သစ်သား ဓာတ်ပဲ ကျန်တော့တယ်။ သစ်သား ဓာတ်ပါ ပါလိုက်လို့ကတော့ ဒီက တကယ့် မှော်ဝင်ပစ္စည်း ဖြစ်လာမှာပဲ"
*သစ်သားဓာတ်လား*
ထို့နောက် သူက ကျောင်းကို တစ်ချက်ကြည့်ကာ ပြောင်စပ်စပ် လေသံဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ကြည့်ရတာ ငါ မင်းဆီက သစ်သားဓာတ်ကို ချေးငှားရမယ်နဲ့ တူတယ်"
ထို့သို့ပြောပြီး ယဲ့ဖန်က များစွာသော နတ်ဆိုးချီဓာတ်များကို ထုတ်လွှတ် လိုက်သည်။
….
နတ်ဆိုး ချီဓာတ်များက အရပ်မျက်နှာ အနှံ့သို့ ဝိညာဉ်ကဲ့သို့ ပျံ့နှံ ့သွားလေတော့သည်။
စက္ကန့်ပိုင်း အတွင်းမှာပင် နတ်ဆိုး ချီဓာတ်များက ကျောင်းအနှံ့ ပျံ့သွား လေတော့သည်။
နတ်ဆိုးချီများ စိမ်းစိုနေသော အပင်များ ဘေးသို့ ဖြတ်သွား လိုက်သည်နှင့် ချက်ချင်း ဆိုသလို ထိုအပင်များက အက်ကွဲ ခြောက်သွေ့သွားသည်။ သစ်ကိုင်း အခက် အလက်များ ကျိုးကျကာ ပင်စည်ကလည်း ပြိုလဲ တော့မလို ဖြစ်လာသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သစ်ပင်များက သစ်သားအဖြစ်သို့ ကူးပြောင်းသွားသည်။
ထိုနည်းတူစွာပင် စိမ်းစိုနေသော မြက်ပင်များလည်း သေဆုံး သွားကြသည်။
မြက်ပင်များမှ သစ်သားဓာတ်တစ်ချို့ ထွက်ပေါ်လာပြီး စိမ်းစိုနေသော မြက်ခင်းပြင်သည် ဆောင်းရာသီသို့ ရောက်သွားသကဲ့သို့ ခြောက်သွေ့ကာ ပျောက်ကွယ်သွားလေတော့သည်။
ထိုမျှနှင့် မပြီးသေးချေ။
စာသင်ခန်းများအတွင်းတွင် ဆရာမတစ်ယောက်က သူမ တပည့်များကို အမြှုပ် တစီစီ ထမတတ် သင်ခန်းစာအချို့ ပို့ချလျက် ရှိသည်။
အနက်ရောင် ချီဓာတ်များက စာသင်ခန်းများအတွင်းသို့ ဝင်ရောက်လာပြီး စာအုပ်တိုင်း၊ စားပွဲတိုင်းနှင့် ထိုင်ခုံတိုင်း အတွင်းသို့ ဝင်သွားသည်ကို မည်သူမှ မသိလိုက်ကြပါ။
"ကဲ… စာမျက်နှာ ၃၂ ကို လှန်လိုက်"
ဆရာမက ပြောပြီးပြီးချင်း ဖတ်စာအုပ်ကို ကောက်ကိုင်ရန် ပြင်လိုက်သည်။
ထိုစဉ် ဖတ်စာအုပ် တစ်အုပ်လုံး ကြမ်းပြင်ပေါ် ပြုတ်ကျကာ စာရွက်တိုင်းက စက္ကူစများ အဖြစ်သို့ ပြောင်းသွားသည်။
ဤသည်ကား အစပင် ရှိသေးသည်။
မကြာခင်မှာပင် စာရွက် လှန်လိုက်သော ကျောင်းသားတိုင်း၏ ဖတ်စာအုပ် များက တစ်စစီ ဖြစ်ကာ ကျောင်းသားတိုင်း၏ လက်ထဲမှာပင် စက္ကူစများ အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
…
ဤအဖြစ်အပျက်ကြောင့် လူတိုင်း အံ့ဩသွားကြသည်။
*ဖတ်စာအုပ်ကနေ စက္ကူစ ဖြစ်သွားတယ်? ဒါ… လုံးဝ မဖြစ်နိုင်တာကြီးကို*
ဗလုံးဗထွေး အသံနှင့်အတူ ကျောင်းသား တစ်ယောက်၏ ထိုင်ခုံက တစ်စစီ ဖြစ်သွားကာ ထိုကျောင်းသား သည်လည်း ဖင်ထိုင်ရက် လဲကျသွား လေတော့သည်။
သူ အူကြောင်ကြောင် ဖြစ်နေစဉ်မှာပင် သူ့စားပွဲက ကျိုးသွားပြီး စားပွဲပေါ်ရှိ ဖတ်စာအုပ်တိုင်း စက္ကူစများ ဖြစ်သွားလေတော့သည်။
ထို့နောက် နှစ်ယောက်၊ သုံးယောက်၊ လေးယောက်…
စက္ကန့်ပိုင်း အတွင်းမှာပင် ကျောင်းသားတိုင်း ဖင်ထိုင်ရက် လဲကျ သွားတော့သည်။
သစ်သားဓာတ်များ ပါဝင်နေသော သူတို့၏ ထိုင်ခုံများ၊ စားပွဲများနှင့် ဖတ်စာအုပ်များသည် ပြာအဖြစ်သို့ ပြောင်းသွားတော့သည်။
လူတိုင်း မှင်တက်သွားကြသည်။
စင်မြင့်ပေါ်တွင် ရပ်နေသည့် ဆရာတစ်ယောက်သည် သူ့မျက်စိရှေ့၌ မည်သည့် စားပွဲ၊ ခုံနှင့် စာအုပ်များကို လုံးဝ မတွေ့ရတော့ပါ။
အူကြောင်ကြောင် ပုံစံများနှင့် ဖင်ထိုင်ရက် လဲကျနေသော ကျောင်းသား၊ ကျောင်းသူ များကိုသာ တွေ့နေရသည်။
ဂလု!
ကျောင်းသား တစ်ယောက်က မနည်းကို တံတွေး မြိုချ၍ သူ့မျက်လုံးသူ ပွတ်ကာ "ထင်ယောင် ထင်မှား ဖြစ်နေတာ။ ငါ အခု တလော မာစတာဘိတ်တာ များနေလို့ ထင်ယောင် ထင်မှား ဖြစ်နေတာ ဖြစ်မယ်"
အခြားသော ကျောင်းသားများသည်လည်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကာ မျက်လုံးကို အတင်း ပွတ်သပ်နေကြသည်။
အခြားသော အတန်းများတွင်လည်း ထိုနည်းတူစွာပင် ဖြစ်၏။
စားပွဲများ၊ ခုံများနှင့် ဖတ်စာအုပ်များ အားလုံး ပြာဖြစ်သွားကြသည်။
ဆရာများ၏ ရုံးခန်းမှာတောင်မှ ဆရာ၊ ဆရာမများအားလုံး ကြမ်းပြင်ပေါ် ဖင်ထိုင်ရက် လဲကျနေကာ သူတို့၏ စားပွဲများ၊ ခုံများနှင့် စာအုပ်များ အားလုံး ပြာဖြစ်သွားသည်ကို မြင်လိုက်ကြရသည်။
ထိုအခိုက်တွင် ကျောင်းတော် တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားလေတော့သည်။
ဆရာမများအားလုံး မှင်တက်သွားကြပြီး ကျောင်းသားများကတော့ ဆူညံ ပွက်လော ရိုက်နေလေတော့သည်။
ကျောင်းတော်ကြီး တစ်ခုလုံး ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲမှ ရေများ ကဲ့သို့ ဖြစ်နေလေတော့သည်။
ဆရာမများနှင့် ကျောင်းသားများအားလုံး စာသင်ခန်းထဲမှ ထွက်လာကြပြီး ဒါတွေအားလုံးက အိပ်မက် မက်နေသည် ဟုသာ ယုံကြည်လိုက်ချင်ကြသည်။
စိမ်းလန်းနေသော ကျောင်းတော်ကြီး တစ်ခုလုံး ခြောက်သွေ့ ညှိုးနွမ်းနေကာ သစ်ပင်များအားလုံး ပျောက်ကွယ် သွားပြီး စိမ်းစိုနေသော မြက်ပင်များ သည်လည်း သေနေပြီ ဖြစ်သည်။
သစ်သားဓာတ် ပါဝင်သော အရာအားလုံး ပျောက်ကွယ်သွားချေပြီ။
သို့သော် ထိုသစ်သားဓာတ်များသည် မျောလွင့်နေသော ချီဓာတ်နှင့်အတူ အားကစားကွင်း အတွင်းသို့ ရောက်ရှိ သွားမှန်း မည်သူမှ မသိလိုက်ကြပါ။
အားကစားကွင်း တစ်ခုလုံး စိမ်းလန်း စိုပြည်နေပြီး လေထုသည်လည်း အေးမြ လက်ဆတ်လျက် ရှိသည်။
"သူတို့ လာနေပြီ"
မိုးမခပင်ပေါ် ခြေချိတ် ထိုင်နေသော ယဲ့ဖန်၏ မျက်လုံးများက အလွန် တောက်ပ လာသည်။
မြောက်များလှစွာသော သစ်သားဓာတ်များကို ခံစားမိသည်နှင့် သူသည် လေထဲတွင် မှော် အက္ခရာတစ်လုံးကို ရေးဆွဲ၍ ဓားကျိုးပေါ် ညွှန်လိုက်သည်။
"ပေါင်းစပ်စမ်း"
ခပ်တိုးတိုး အသံနှင့်အတူ လေထဲရှိ သစ်သားဓာတ်များက ဓားကျိုးထံသို့ ပြေးဝင်သွားကြသဖြင့် အသံများ ဆူညံစွာ ထွက်ပေါ်လာသည်။
အခြေခံ သတ္တုဓာတ် ငါးမျိုးကို ပေါင်းစပ်ပြီးနောက် ချက်ချင်းဆိုသလိုပင် ဓားကျိုးထံမှ ကြမ်းကြုတ်၊ ရက်စက်သော ချီဓာတ်များ ထွက်ပေါ် လာလေတော့သည်။
နောက်ဆုံး လက်ကျန် သစ်သားဓာတ်များ ဓားကျိုးထဲသို့ တိုးဝင် သွားပြီးနောက် သာမန် ဓားကျိုးတစ်လက်မှ မှော်ဝင်ပစ္စည်းဖြစ်သည့် ဓားကျိုးအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။