← Chapters

ညီလာခံ အစ

Vol. 19 Ch. 256

ညီလာခံ အစ

Vol. 19 Ch. 256

“လက်ရုံးရှင်း ...”

မိုးကြိုး ပစ်ထားသည့် နေရာဘေးတွင် ရပ်နေရင်း မိုဝူကျီက စိုးရိမ်စွာ ခေါ်လိုက်လေသည်။

“ကျုပ် အဆင်ပြေတယ် ...”

ရှင်းဟွမ်၏ ဖျော့တော့တော့ အသံကို ကြားလိုက်ရသည်။ အသံက အလွန် အားနည်း နေသော်လည်း သူ့အသံတွင် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ပါဝင်နေကြောင်း မိုဝူကျီ ခံစား မိလိုက်သည်။

မိုဝူကျီ ကူညီ ပေးသည်ကိုပင် မစောင့်တော့ဘဲ ရှင်းဟွမ်က သူ့ကိုယ်သူ ထိုင်ပြီး နေလေပြီ ဖြစ်၏။ နောက်အခိုက်အတန့်တွင် သူက အံ့မခန်း ဝိညာဉ်စွမ်းအား ပမာဏကို စုပ်ယူ လိုက်လေသည်။ မိုဝူကျီက ရှင်းဟွမ်၏ ဒဏ်ရာများက ဖြည်းဖြည်းချင်း ပြန်ကောင်းလာပြီး သူ့ဝန်းကျင်တွင် ဝိညာဉ် စွမ်းအားများ လွှမ်းခြုံ နေသည်ကို တွေ့လိုက် ရလေသည်။

မိုဝူကျီက ရှင်းဟွမ်ကို သွား၍ မနှောင့်ယှက်တော့ဘဲ မြူရေကန် အတွင်းသို့ ပြန်မသွားခင် ဂိုဏ်းကာကွယ်ရေး အစီအရင်ကိုသာ အသက် ပြန်သွင်းလိုက်လေ၏။ သူက ထိုနေရာကို ကျင့်ကြံဖို့ သွားမည် မဟုတ်ဘဲ ဝိညာဉ်စွမ်းအား ပိတ်လှောင်ခြင်း အစီအရင်ကို သွား၍ ပိတ်ရန် ဖြစ်၏။ သို့သော်လည်း တျန်းဂျီ ဂိုဏ်းသားတွေ ဆက်လက် ကျင့်ကြံနိုင်ရန် သူက ပင်မ ဝိညာဉ်စွမ်းအား ပိတ်လှောင်ခြင်း အစီအရင် ဘေးတွင် ဝိညာဉ်စွမ်းအား ပို့လွှတ်ရေး အစီအရင် ထားပေးထား၏။ သူက တျန်းဂျီတောင်မှ ဝိညာဉ် စွမ်းအားများကို တခြား တောင်များဆီ ပေးပို့နိုင်မည် ဖြစ်၏။ သူတို့၏ ဝိညာဉ် စွမ်းအားများကိုမူ ယာယီ ပိတ်လှောင် ထားလေသည်။

တျန်းဂျီဂိုဏ်းက အားနည်းနေဆဲ ဖြစ်သောကြောင့် သူက ကြောက်မက်ဖွယ် ဝိညာဉ် စွမ်းအားများ အကြောင်းကို လူသိခံ၍ မဖြစ်သေးပေ။

…

ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့သည် ကင်းမဲ့နယ် အပြင်ဘက်တွင် တည်ရှိလေ၏။

နဂိုက လေးထောင့်သဏ္ဌာန် ရှိသော အရောင်းအဝယ် ဖောက်ကားရာ ဟင်းလင်းပြင် ဖြစ်၏။ ထိုနေရာက ဈေးအကြီးကြီးနှင့် ပိုမိုတူကာ ပတ်ဝန်းကျင် နေရာများကား ဂိုဏ်းအကြီးကြီးများ၏ ပိုင်နက် ဖြစ်ကြလေသည်။

ဒြပ်ငါးမျိုး ကင်းမဲ့နယ် ညီလာခံများကို ဤနေရာတွင် ကျင်းပလေ့ ရှိသောကြောင့် လူစည်ကားသော နေရာတစ်ခု ဖြစ်လာလေသည်။ နယ်ခြား ကျင့်ကြံသူများကို မောင်းထုတ် ပြီးသည့်နောက် ကျန်းမိုနယ်မြေ ကျင့်ကြံသူများက ကျန်းမိုနယ်မြေသို့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဖြတ်၍ လမ်းဖွင့် ပေးခဲ့လေသည်။

ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့က နယ်ခြား ကျင့်ကြံသူများဆီမှ ရရှိထားသော အကျိုးမြတ်များကို အသုံးချကာ တစ်နှစ်အတွင်း တည်ဆောက် ခဲ့ရသည်။

ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့သည် အကျယ်အဝန်းအားဖြင့် မိုင် တစ်ရာပတ်လည် ရှိသောကြောင့် ကျင့်ကြံမြို့ အသေးလေးတော့ မဟုတ်ချေ။ ဤမြို့ တည်စဉ်အခါက ဤနေရာရှိ နယ်မြေအတွက် ဂိုဏ်းများနှင့် စီးပွားရေး အဖွဲ့အစည်းများက တိုက်ခိုက် ခဲ့ကြရသည်။ သို့သော်လည်း ထိုပြိုင်ဆိုင်မှုများက ငြိမ်ကျ သွားပြန်သည်။ အကြောင်းရင်းမှာ အစွန်အဖျား ဒေသရှိ အိမ်တော်၊ ခြံဝန်းများမှ လွဲ၍ ကျန်ရှိနေသော အဆောက်အဦများ၊ နေရာများတွင် ဝိညာဉ် စွမ်းအားများ စုစည်းလျက် ရှိသည်။

ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့ကို တည်ဆောက်နိုင်သည့် အဓိက အကြောင်းအရင်းမှာ နယ်ခြား ကျင့်ကြံသူတွေဆီမှ အကျိုးမြတ်ကြောင့်သာ ဖြစ်လေသည်။ ထို့ကြောင့် ဂိုဏ်းအကြီးကြီးများက မြို့ကို ဂိုဏ်းတစ်ရာ မဟာမိတ် ညီလာခံအရ ခွဲဝေသင့်ကြောင့် သဘော တူကြလေသည်။ သူတို့သည် ပျောက်ဆုံး နယ်မြေအတွက် အားကြိုးမာန်တက် တိုက်ခိုက်ကြသော ဂိုဏ်းများကို မေ့မထားသင့်ပေ။

…

ဂိုဏ်းတစ်ရာ မဟာမိတ် ညီလာခံ နီးလာသောကြောင့် ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့တွင် လူအများအပြား တိုးပွား၍ ရောက်ရှိ လာကြလေသည်။ ထိုသည်က ညီလာခံ ပြီးဆုံးပြီးနောက် ဒြပ်ငါးမျိုး ကင်းမဲ့နယ် ယခင်က ဖွင့်သည့် အခါနှင့် ကွာခြား သွားလိမ့်မည်။ ယခုအခါ လူဦးရေ ကန့်သတ် မထားသဖြင့် အားလုံးသည် တူညီသော အခွင့်အရေးကို ရရှိမည်ဟု ဆိုလိုခြင်း မဟုတ်လား။

ဒြပ်ငါးမျိုး ကင်းမဲ့နယ် အထဲတွင် စစ်မှန်ခြင်း နတ်ဘုရားပန်း ရှိသည့် အချက်အပြင် ကျင့်ကြံသူများ လိုအပ်နေသည့် ကျင့်ကြံခြင်း အရင်းအမြစ်များစွာ ရှိသေးသည် မဟုတ်ပါလော။ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဖွင့်ချိန်တွင် အထဲ ဝင်ကြမည့် လူများအတွက် ကမောက်ကမ ဖြစ်နေသည့် အချက် ရှိနေသေး၏။ ထိုအချက်ကြောင့် လူများစွာက နယ်မြေထဲမှ ရတနာများစွာ ထုတ်ယူသွားသည် များလည်း ရှိလိမ့်မည်။ ထို့ကြောင့် ဂိုဏ်းတစ်ရာ မဟာမိတ် ညီလာခံ ကျင်းပရန်အတွက် တစ်ယောက်မျှ မငြင်းဆန်ခြင်း ဖြစ်သည်။

ယနေ့ကား ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ ညီလာခံ ဖွင့်ပွဲရက် ဖြစ်လေသည်။ ဂိုဏ်းများနှင့် ကျင့်ကြံသူများ၏ သံသယကို ချေမှုန်းနိုင်ရန် အတွက် ညီလာခံကို ပွင့်လင်းမြင်သာ ကျင်းပမည် ဖြစ်သည်။

ထိုညီလာခံကို အသစ် ဆောက်လုပ်ထားသည့် ဒြပ်ငါးမျိုး ကင်းမဲ့နယ် နေရာတွင် ကျင်းပခြင်း ဖြစ်ရာ ထိုကွင်းပြင် အလယ်တွင် ဆွေးနွေးဖို့ရာ အတွက် လူထောင်ချီ ဆန့်သော စင်မြင့်တစ်ခု ပါရှိလေသည်။ ထိုစင်မြင့် ဝန်းကျင်တွင် အသံချဲ့ အစီအရင်များ တပ်ဆင်ထားကာ ဒြပ်ငါးမျိုး ကင်းမဲ့နယ် မြို့တစ်မြို့လုံး ကြားရအောင် ပြုလုပ် ထားပေးသည်။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့ထဲမှ မည်သည့် ကျင့်ကြံသူမဆို ညီလာခံ အကြောင်းအရာများကို ကြားသိရမည် ဖြစ်သည်။ ထိုကွင်းပြင်တွင် လူကိုယ်တိုင် ရှိမနေလျှင်ပင် မြို့ထဲတွင် ရှိနေရုံဖြင့် ဆွေးနွေးချက်များကို ကြားသိနိုင်သည်။

စင်မြင့်ပေါ်တွင် အလုပ် ရှုပ်နေကြသော ကျင့်ကြံသူတချို့ ရှိကြသော်လည်း ဒြပ်ငါးမျိုး ကင်းမဲ့နယ် ကွင်းပြင်က ဂိုဏ်းတစ်ရာ မဟာမိတ် ညီလာခံကို လာရောက် ပါဝင်ကြသည့် လူများနှင့် ပြည့်နေလေသည်။

ကျောက်စိမ်းဖြူနှင့် ပြုလုပ်ထားသော လျှောက်လမ်းကို ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့ အဝင်ဝမှ စ၍ စင်မြင့်အထိ ခင်းကျင်း ထားလေသည်။ နေရာ တစ်ခုလုံးကား လူအများနှင့် ပြွတ်သိပ် နေသော်လည်း ထိုလျှောက်လမ်းကိုတော့ မည်သူမျှ ခြေမချရဲကြပေ။ အားလုံးက ထိုလျှောက်လမ်းပေါ် ခြေချမည့် သူများမှာ ဂိုဏ်းချုပ်များနှင့် အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြောင်း သိကြ၏။ သာမန်လူသာ ထိုပေါ် ခြေချမိပါက ချက်ချင်း အသတ် ခံရပေလိမ့်မည်။

“ကြည့်စမ်း ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ ဒုဂိုဏ်းချုပ်ဖုန်း ရောက်လာပြီ ...”

လူအုပ်ထဲမှ တစ်ယောက်ယောက်က ပြောလိုက်သည့် အခါ နေရာ တစ်ခုလုံးကား တိတ်ဆိတ် သွားလေသည်။

“ဒုဂိုဏ်းချုပ် ဖုန်းဘေးက ကောင်းကင်ဖွေရှာ နန်းတော် တာအိုဂိတ်ရဲ့ တာအို ခေါင်းဆောင် ချွီကျန်းယွမ် မလား။ ပြီးတော့ ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ အစောင့်အရှောက် ...”

“ဒုတိယရောက်လာကာ ကြီးမြတ်ရန်ကျုံး ဂိုဏ်းရဲ့ သခင်ကျန်း မလား။ သခင်ကျန်းက အရမ်း ငယ်ပြီးတော့ ကြော့မော့ နေတာပဲ ...”

“တတိယက ဘယ်သူလဲ။ ကြည့်ရတာ ကောင်းကင်ဘုရား ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ထင်တယ် ...”

“မဟုတ်ဘူး၊ ကောင်းကင် ဆေးတာအို ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ချင်ဖူယွီပဲ။ သခင်ချင်က ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်ကို ရောက်ရုံတင် မကဘူး။ သူက မြေကမ္ဘာ အဆင့် ဆေးလုံးဆရာပဲ။ အင်ပါယာ ငါးခုလုံးမှာ ပထမတန်းစား ဆေးလုံးတာအို ကျွမ်းကျင်သူလို့ ပြောလို့ ရတယ်”

“ပထမတန်းစား ဆေးလုံးတာအို ကျွမ်းကျင်သူလား။ ခင်ဗျားက ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ ဘွားဘွား လင်းလောင်ကို မေ့သွားပြီလား။ ဘွားဘွား လင်းလောင်က အဆင့် ၇ ကောင်းကင် အဆင့် ဆေးလုံး ဆရာလို့ ကြားဖူးတယ်”

“ကျုပ်ကြားတာတော့ ဘွားဘွားလင်းလောင်က နယ်ခြားတို က်ပွဲပြီးတော့ ပျောက်ဆုံး နေတယ်တဲ့။ တစ်ယောက်က ပြောတာတော့ သူမနောက်ကို စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူက လိုက်နေတာ ဆိုလားပဲ ...”

***

ဘေးမှ လူများက ဆွေးနွေးနေသည် ဖြစ်စေ၊ မဆွေးနွေးသည် ဖြစ်စေ ထိုလျှောက်လမ်းပေါ်မှ လျှောက်လှမ်း သွားသူသည် စင်မြင့်ထက် ရောက်လျှင် သူတို့၏ အမည်နာမများနှင့် ဇစ်မြစ်ကို စာရင်း သွင်းရမည် ဖြစ်၏။ ထိုအခါမှ တာဝန်ရှိသူက ထိုလူ၏ အမည်နာမနှင့် ဇစ်မြစ်ကို အားလုံး သိအောင် ကြေညာပေးမည် ဖြစ်သည်။

အချိန် ကုန်ဆုံး လာသည်နှင့် စင်မြင့် အထက်တွင် အဆင့်မြင့် ကျင့်ကြံသူ များစွာက ပို၍ ပို၍ ရောက်ရှိ လာကြသည်။

ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့ အပြင်ဘက်တွင် မိုဝူကျီက ဘယ်လက်ရုံးရှင်းနှင့် ဂိုဏ်းတာဝန် ခန်းမသခင် ကျောင်းယန်တို့ကို ခေါ်ဆောင်၍ ရောက်ရှိ လာလေသည်။

“ခဏ ...”

မြို့အဝင်ပေါက်ဆီ လျှောက်လှမ်း သွားပြီးနောက် မိုဝူကျီက ကွင်းပြင်တွင် ရင်းနှီးနေသည့် ပုံရိပ်ကို မြင်လိုက်သောကြောင့် ရပ်တန့် လိုက်လေသည်။

“ကျောင်းယန် မင်းအရင် သွားပြီးတော့ ငါတို့ တျန်းဂျီဂိုဏ်း အကြောင်း သတင်း သွားပို့ပေး။ ငါတို့နေရာကို အနောက် မရောက်စေနဲ့ မှတ်ထားနော်။ အဲဒါက ငါတို့အတွက် ရမဲ့ အကျိုးမြတ်ကို လာသက်ရောက် လိမ့်မယ်။ ဘယ်လက်ရုံးရှင်းက ကျုပ်နဲ့ လိုက်ခဲ့”

မိုဝူကျီက ပြောရင်း လူကြားထဲ တိုးဝင်လိုက်တော့သည်။

အကယ်၍ သူက သာမန် လူတစ်ယောက်ကို မြင်လိုက်ပါက လိုက်ဖမ်းရန် ဒုက္ခခံမည် မဟုတ်ပေ။ သို့သော်လည်း သူ ပြာအဖြစ် လောင်ကျွမ်းသွားလျှင်ပင် ထိုလူ၏ နောက်ကျော ပုံသဏ္ဌာန်ကို လုံးဝမေ့နိုင်မည် မဟုတ်ပေ။ ထိုသူမှာ အကြံ ပက်စက်သည့် ဂျင်ဖေးလန် ပင် ဖြစ်၏။

ယန်အာက ကံဆိုးမှုမှ တစ်ဆင့် သန္ဓေပြောင်း ဝိညာဉ်ကြောကို ရရှိနိုင်ခဲ့ သော်လည်း သူက ယန်အာ၏ အသက်ကို ကယ်တင်နိုင်ရန် အတွက် ဒြပ်ငါးမျိုး ကင်းမဲ့နယ်တွင် ခက်ခက်ခဲခဲ တိုက်ခိုက် ခဲ့ရလေသည်။ ထိုအမျိုးသမီးက ယန်အာ၏ ဝိညာဉ်ကြောကို တခြားသူဆီ ပြောင်းရွေ့ဖို့ရာ ကြံစည် ကြိုးစား ခဲ့လေသည်။ ယခုအခါ သူမက ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့တွင် ပေါ်လာပြီ ဖြစ်၍ သူက မည်ကဲ့သို့ အလွတ်ပေးနိုင်မည်နည်း။

***

“ကျောင်းယန် ...  နင် ဘာလုပ်နေတာလဲ”

လူအုပ်ကြားမှ အသံစူးစူး ထွက်ပေါ် လာသောကြောင့် လူထု၏ အာရုံကို ဖမ်းစား သွားလေသည်။

ထိုစဉ် လူအုပ်ကြီးက ကျောင်းယန်က ကျောက်စိမ်းဖြူ လျှောက်လမ်းပေါ် လျှောက်လှမ်း လာသည်ကို မြင်သောအခါ ရှေ့တွင် လျှောက်သွားကြသော သူများမှာ ဂိုဏ်းချုပ်များနှင့် အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်သောကြောင့် ကျောင်းယန်မှာ နေရာနှင့် မသက်ဆိုင်သည့် အလား ဖြစ်နေလေ၏။

ကျောင်းယန်က သူမကို ခေါ်သည့်သူကို မြင်လိုက်သောကြောင့် ရပ်လိုက်လေသည်။ ထိုသူမှာ ကျောင်းမိသားစုမှ ကျောင်းကျဲဖြစ်ကာ ကျောင်းယန်၏ ဝမ်းကွဲညီမ ဖြစ်လေသည်။ ကျောင်းကျဲ ဘေးတွင် ရပ်နေသော လူနှစ်ယောက် ရှိလေသည်။ တစ်ယောက်မှာ သူမနှင့် ပင်လယ် ထွက်ခဲ့သော ချီဝမ်ရှန်း ဖြစ်ကာ နောက်တစ်ယောက်မှာ ကျောင်းမိသားစုဝင် ကျောင်းယွမ်တုန် ဖြစ်လေသည်။ ထိုသူက ကျောင်းယန်၏ ဝမ်းကွဲအစ်ကို ဖြစ်လေ၏။

ကျောင်းယန်က ကျောင်းကျဲနှင့် ချီဝမ်ရှန်းတို့ အတူတူ ထိုင်နေသည်ကို မြင်သောအခါ သူမက ခပ်ယဲ့ယဲ့ ပြုံးမိလိုက်သည်။ ချီဝမ်ရှန်း၏ အရည်အချင်းက မဆိုးရုံသာမက သူက အတော်လေး ဂရုစိုက်တတ်ပေသည်။ သူ ကျောင်းမိသားစုကို ရောက်သည်မှ စ၍ ကျောင်းကျဲက သူ့နောက်ကို အတင်း လိုက်ခဲ့လေသည်။ အဆုံးသတ်တွင် ချီဝမ်ရှန်းက ကြင်နာတတ်ပြီး နူးညံ့ သိမ်မွေ့လှသည့် ကျောင်းယန်ကို ရွေးချယ်သွားသည့် အတွက် ကျောင်းကျဲက ကျောင်းယန် အပေါ်တွင် အပြစ်ရှာလေ့ ရှိသည်။

ကျောင်းယန်က ကောင်းကင် ပင်လယ်တွင် ချီဝမ်ရှန်း၏ အစစ်အမှန်ပုံစံကို မြင်ရလိမ့်မည်ဟု နည်းနည်းလေးမျှ တွေးမထားခဲ့ပေ။ ထို့ကြောင့် သူ့ကို ချန်ထားခဲ့ခြင်း ဖြစ်သည်။ ထိုလူက ကျောင်းမိသားစုသို့ ပြန်သွားပြီး ကျောင်းကျဲနှင့်ပင် ပေါင်းဖက် သွားသေး၏။ သူမ ဝမ်းကွဲအစ်ကို ဖြစ်သည့် ကျောင်းယွမ်တုန်က ဘေးတွင် ရှိနေသည့် အတွက် ထိုလူက ကျောင်းမိသားစု တစ်ခုလုံး အပေါ်တွင် အနိုင် ရရှိသွားပြီလားဟု စဉ်းစားမိစေသည်။

အစပိုင်း၌ ကျောင်းကျဲနှင့် သူမမှ လွဲ၍ ကျောင်းမိသားစုမှာ သူ့ကို မနှစ်မြို့ကြချေ။ သူမ မိဘများက သူမသာ ချီဝမ်ရှန်းကို ရွေးချယ်မည် ဆိုပါက အိမ်ကို ပြန်လာရန် မလိုတော့ကြောင်းနှင့် သူတို့တွင် ထိုသို့ သမီးမိုက်မျိုး မရှိကြောင်း ပြောဖူးလေသည်။

ကျောင်းယန်က ငြင်းပယ်ရင်း ချီဝမ်ရှန်းကို မျက်မမြင် တစ်ယောက်ကဲ့သို့ ရွေးချယ်ခဲ့ကာ မိဘ အကြံဉာဏ်ကို နားမထောင်ခဲ့ချေ။ ထို့ကြောင့် သူမက သူမမိသားစုနှင့် တွေ့ဆုံရန် သတ္တိမရှိချေ။

ယခင်က ကျောင်းယန်သည် ခရီးများစွာ မသွားဖူးသည့် အတွက် သူမက အတွေ့အကြုံ မရှိလှချေ။ သို့သော်လည်း တျန်းဂျီဂိုဏ်းသို့ ဝင်ပြီး နောက်တွင် သူမက ယခင်ကထက် အတွေ့အကြုံ ကြွယ်ဝ လာပေသည်။ သူမ၏ စီနီယာ အစ်ကိုကြီး မိုဝူကျီနှင့် ဖူချန်းတို့မှာ ထိုချီဝမ်ရှန်းထက် အဆများစွာ ပိုအားကောင်း ပေသည်။

ကျောင်းယန်က ခေါင်းခါကာ စင်မြင့်ဆီသို့ တက်လှမ်း သွားသည်ကို မြင်၍ ကျောင်းကျဲမှာ ရူးမိုက်စွာဖြင့် အော်ပြော လိုက်လေသည်။

“ကျောင်းယန် နင် သတ္တိတွေ သိပ်ကောင်း နေတာလား။ နင် ဘာလုပ်နေတယ် ဆိုတာရော သိရဲ့လား။ မြန်မြန် ဆင်းခဲ့စမ်း ... ငါတို့ ကျောင်းမိသားစု တစ်ခုလုံးကို အသတ် ခံရအောင် လုပ်နေတာလား ...”

ကျောင်းကျဲဘေးမှ ရပ်နေသည့် ကျောင်းယွမ်တုန်ပင် ကြောက်လန့် သွားပေသည်။ ဖြစ်နိုင်သည်က ချီဝမ်ရှန်းက ကျောင်းကျဲကို ရွေးချယ်ခဲ့၍ ကျောင်းယန်က လက်စားချေသည့် အနေဖြင့် မိသားစု တစ်ခုလုံး အသတ်ခံရအောင် ကြံစည် နေသည်လား ...

ထိုအတွေးဖြင့် ကျောင်းယွမ်တုန် နောက်ကျောတွင် ချွေးအေးများ ထွက်လာလေသည်။ ကျောင်းယန်က စင်မြင့်ထက်သို့ ရောက်သွားသည့် အခါ သူက မည်မျှပင် သတ္တိ ကောင်းနေစေကာမူ ကျောင်းယန်ကိုတော့ စင်ပေါ်က ဆွဲမချရဲပေ။

“ဧည့်သည်တော်ရဲ့ အမှတ်အသားပြားကို ကြည့်လို့ ရမလား ...”

စင်မြင့်ကို စောင့်ကြပ်နေသည့် ကျင့်ကြံသူ နှစ်ယောက်လည်း ကျောင်းယန်ကို သံသယ ရှိမိ နေသော်လည် ယဉ်ယဉ်ကျေးကျေး ပြောလိုက်လေသည်။ သူတို့က အတည် မပြုရသေးဘဲ ကျောင်းယန်ကို ဘာမှ မလုပ်ရဲပေ။

အမှတ်အသားပြားမှာ ဓားပျံဖြင့် ပေးပို့ထားသည့် ဖြူမည်းကတ်လေး ဖြစ်သည်။ တျန်းဂျီဂိုဏ်းကို သုံးနေရာ ပေးထားသည့် အတွက် တတ်ရောက်သည့်သူ မည်သူပင် ဖြစ်နေပါစေ ကတ်ပေါ်တွင် နာမည် ရေးသားထားသည့် အတွက် လုံလောက်လေ၏။

ကျောင်းယန်က အမှတ်အသားပြား ကတ်ကို ထုတ်ပေးလိုက်သည့် အခါ ကျင့်ကြံသူက ယူကြည့်လိုက်ပြီး ချက်ချင်း ပြောလိုက်လေ၏ ...

“ခန်းမသခင်ကျောင်း ဒီလမ်းပါ ခင်ဗျာ ...”

ကျောင်းယန်က အထဲထိ ဝင်ပြီး စင်ပေါ် ရောက်သွားသည့်အခါမှ နောက်ထပ် ကျင့်ကြံသူ တစ်ယောက်က အော်ပြောလိုက်သည်။

“တျန်းဂျီဂိုဏ်းရဲ့ ဂိုဏ်းတာဝန် ခန်းမသခင်ကျောင်း ညီလာခံသို့ ရောက်ရှိလာပါပြီ ....”

ထိုကြေညာချက်ကို ကြားသည့်အခါ ကျောင်းကျဲနှင့် ချီဝမ်ရှန်းသာ အံ့ဩသွားရုံသာမက ကျောင်းယွမ်တုန်သည်လည်း ကြောင်သွား လေသည်။

တျန်းဂျီဂိုဏ်းရဲ့ ဂိုဏ်းတာဝန် ခန်းမသခင် တဲ့လား ....

ကျောင်းယန်က မိသားစုငယ်လေး ကနေ စွန့်ပစ်ထားတဲ့ မိန်းမငယ်လေး မဟုတ်ဘူးလား...

သူမက ခန်းမသခင် ဖြစ်တဲ့အထိ အခြေအနေတွေက ဘယ်လိုများ ပြောင်းလဲသွားတာလဲ ...

ခဏအကြာတွင် ကျောင်းယွမ်တုန်က ကျောင်းမိသားစု၌ ဂိုဏ်းတစ်ရာ မဟာမိတ် ညီလာခံကို တက်ရောက် နိုင်သည့် ခန်းမသခင် တစ်ယောက်ရှိသည့် အချက်ကို စိတ်လှုပ်ရှား လာလေသည်။ ထိုသည်က ကျောင်းယန်တွင် ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဝင်နိုင်မည့် နေရာအတွက် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

“မဖြစ်နိုင်ဘူး။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...”

ကျောင်းကျဲက သူမကို သူမ ရေရွတ်ရင်း တုံ့ပြန် လာလေသည်။ ငယ်စဉ်မှ စ၍ သူမသည် ကျောင်းယန်ထက် အရာအားလုံးတွင် ရှေ့ရောက်ခဲ့သည် မဟုတ်ပါလော။ ကျောင်းယန်ကို ရှုံးနိမ့်ဖူးသည့် တစ်ခုတည်းသော အခါက ကျောင်းယန်သည် သူမဆီမှ ချီဝမ်ရှန်းကို လုယူသွားစဉ်က ဖြစ်သည်။ သို့သော်လည်း သူမက ပြန်ရအောင် ယူနိုင်ခဲ့လေ၏။

အခုက ဘာတွေ ဖြစ်နေတာလဲ .... ကျောင်းယန်က ခန်းမသခင် ဖြစ်လာပြီးတော့ ဂိုဏ်းတစ်ရာ မဟာမိတ် ညီလာခံကို တက်ခွင့်ရတာလား ...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...

ကျောင်းယန်ကို မသိသည့် သူများက တိတ်တဆိတ် အားကျ နေကြလေသည်။ သူမက ငယ်ရွယ် သေးသော်လည်း ခန်းမသခင် တစ်ယောက် ဖြစ်နေလေပြီ။ သူတို့ကိုယ် သူတို့ သူမနှင့် နှိုင်းယှဉ် ကြည့်လျှင် မခံချိမခံသာ ဖြစ်နေရလိမ့်မည်။

***

All Chapters