← Chapters

အထွတ်အထိပ်ဓားမြို့တော်မှ တုန့်မျိုးနွယ်စုကို ချေမှုန်းခြင်း

Vol. 19 Ch. 258

အထွတ်အထိပ်ဓားမြို့တော်မှ တုန့်မျိုးနွယ်စုကို ချေမှုန်းခြင်း

Vol. 19 Ch. 258

တုန့်မင်ကျီက လှည့်ကြည့်လိုက်သည့် အခါ ရင်းနှီးသော မိုဝူကျီ၏ မျက်နှာကို တွေ့လိုက်သည်။ သူက မိုဝူကျီကို မှတ်မိရုံသာ မက သူ့အပေါ်တွင် အမြင်တချို့လည်း ရှိလေသည်။ အရင် တစ်ခေါက်က အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်တွင် တွေ့စဉ်အခါ မိုဝူကျီ မျက်ဝန်းထဲမှ လူသတ်ငွေ့ကို ခံစား မိခဲ့သည်။ ထိုအချိန်၌ ချိန်စုယင်သာ ပေါ်မလာခဲ့ပါက သူက မိုဝူကျီကို ထိုနေရာ၌ အပြတ်ရှင်းမိ ပေလိမ့်မည်။

ထိုလူက ဤနေရာတွင် ရဲရဲ ဝင့်ဝင့် ပေါ်လာလိမ့်မည်ဟု သူမယုံကြည်နိုင်ပေ။ သူက ပြန်ပြောမည့် ဆဲဆဲတွင် ကျင့်ကြံသူ၏ ကျယ်လောင်စွာ ကြေညာသံကို ကြားလိုက်ရသည်။

“တျန်းဂျီဂိုဏ်းရဲ့ ဂိုဏ်းချူပ် မိုဝူကျီ ... ဘယ်လက်ရုံး ရှင်းဟွမ်နှင့် အကြီးအကဲ ဂျင်ဖေးလန်တို့ ရောက်ရှိလာပါပြီ”

“တျန်းဂျီ ဂိုဏ်းချူပ်လား … ဒီလူက ချိန်စုယင်ဘေးမှာ အမြဲတမ်း တွယ်ကပ်နေတဲ့ .. ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ အပြင်စည်း တပည့် မဟုတ်ဘူးလား ...  ဘယ်လိုလုပ် တျန်းဂျီဂိုဏ်းချူပ် ဖြစ်လာရတာလဲ ...”

တုန့်မင်ကျီက သေချာ မသိသေးခင် နောက်ထပ် သူက လှည့်၍ ကြည့်လိုက်သည့် အခါ မျက်နှာတွင် ပုဝါများ စည်းထားသည့် ဂျင်ဖေးလန်ကို မြင်လိုက်ရသည်။

“ဒီနေ့တော့ သူမကို အလွတ်မပေးနိုင်ဘူး”

တုန့်မင်ကျီက ကြိမ်းဝါး လိုက်သည်။ သူက ဂျင်ဖေးလန်ကို ချက်ချင်း ပြဿနာ သွားမရှာရဲချေ။ အကြောင်းမှာ ဂျင်ဖေးလန်က ရူးမိုက်စွာ ပြုမူပြီး အထွတ်အထိပ် ဓားမြိုတော်၏ စိတ်ဝိညာဉ် ကူးပြောင်းသည့် ကိစ္စကို ပြောမည်ကို စိုးရိမ်၍ ဖြစ်သည်။

“အော် ... အပြင်စည်း ဂိုဏ်းသားကတောင် အခွင့်အရေးကို အမိအရ အသုံးချပြီး တျန်းဂျီ ဂိုဏ်းချူပ် ဖြစ်လာနိုင်သားပဲ…”

တုန့်မင်ကျီက မနှစ်မြို့ဟန်ဖြင့် ပြောလိုက်သည်။ သူ၏ အထွတ်အထိပ် ဓားမြို့တော်တွင် မိုဝူကျီတို့ကဲ့သို့ ရွှမ်အဆင့် ဂိုဏ်းတစ်ခုကို ချေမှုန်းဖို့ရန် လက်တစ်ချက် ယမ်းလိုက်ရုံသာ လိုအပ်လေသည်။

“ညီလာခံ စတင် ပါတော့မယ် … အားလုံး … အားလုံး နေရာ ယူပေးကြပါ…”

“ကြီးမြတ်ရန်ကျုံး ဂိုဏ်းချူပ် ကျန်းရှုရှန်းက ထိုစကားဝိုင်း မပြီးဆုံးသည်ကို မြင်၍ အော်ကာ ပြောလိုက်သည်။ သူက ရွှမ်အဆင့် ဂိုဏ်းတစ်ခုမှာ ရှေ့ဆုံးတွင် နေရာ ယူထားသည်ကို မသင့်တော်ကြောင်း ခံစားမိပေသည်။ တုန့်မင်ကျီ ပြောသည့်အလှည့်ပင် မစောင့်ပဲ မိုဝူကျီက စင်မြင့်ပေါ်သို့ ရုတ်တရက် တက်လာကာ ပြောလိုက်သည်။

“ဒီနေ့ အားလုံး သိဖို့ရာ အတွက် ကျင့်ကြံမှု လောကမှာ ဖြစ်ပျက်နေတဲ့ လူမဆန်ဆုံး ကိစ္စတစ်ခုကို ပြောပြချင်ပါတယ်….”

“မင်းက သေချင်နေတာပဲ…”

တုန့်မင်ကျီက မိုဝူကျီ၏ စကားကို ကြားသော အခါ ကိစ္စများက သူ့အတွက် ဆိုးရွား လာတော့မည် ဖြစ်ကြောင်း သိလိုက်သည်။

အထွတ်အထိပ် ဓားမြို့တော်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ် ခံရပါက အထွတ်အထိပ် ဓားမြို့တော်ရှိ သူ၏ တုန့်မျိုးနွယ်စုမှာ ဆက်လက် မရပ်တည်နိုင် လောက်တော့ချေ။ ထို့နောက် တုန့်မင်ကျီက မိုဝူကျိဆီသို့ ပျံသန်း ရောက်ရှိသွားသည်။

မိုဝူကျီက အေးစက်စွာ ရယ်မောလိုက်သည်။ အကြောင်းမှာ တုန့်မင်ကျီက သူ့ထက် ကျင့်ကြံခြင်း အဆင့် အနည်းငယ်မျှ မြင့်သော်လည်း သူသည် မိုဝူကျီကဲ့သို့ ယွင်ဒန်အဆင့်တွင်ပင် ရှိနေသေး၏။

ယွင်ဒန် အဆင့်လေးက သူ့ကိုယ်သူ့ ဘာမှ မတွက်ချက်ပဲ သူ့ဆီသို့ ဝင်လာရဲပေသည်။ တုန့်မျိုးနွယ်စုကား သေချင်နေသည်ပင် ဖြစ်ရမည်။

“ဘုန်း…”

တုန့်မင်ကျီ၏ လှုပ်ရှားမှုကိုပင် မစောင့်တော့ပဲ မိုဝူကျီက အရင်ဦးစွာ တိုက်ခိုက် လိုက်သည်။ တုန့်မင်ကျီက မိုဝူကျီသည် အပြင်စည်း တပည့်ဖြစ်ပြီး ဝိညာဉ် စွမ်းအားများ မမြင်ရသည်ကို သိ၍ မိုဝူကျီကို အရမ်း တွေးမထားချေ။ ထို့ကြောင့် မိုဝူကျီဆီမှ တိုက်ခိုက်မှုကို ခံယူဖို့ရာ စိတ်ထဲ သိပ်မထားချေ။ သူက ထိုလက်သီးကို လက်ခံလိုက်လျှင်ပင် မိုဝူကျီကို အရင်ဆုံး သတ်နိုင်အုံးမည် ဖြစ်သည်။

“ဘုန်း”

ပေါက်ကွဲ ထွက်သွားသည့် လျှပ်စီးလှိုင်း တစ်ခုက တုန့်မင်ကျီ၏ ရင်ဘတ်အတွင်း ထိုးထွင်း ဝင်ရောက် သွားသည်။ ထိုအခိုက်တန့်က သူ၏ တိုက်ခိုက်မှုက မိုဝူကျီ၏ ခေါင်းကို ဆွဲမဖြုတ်နိုင်ခင် တွင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် တုန့်မူကျီကား နောက်ဆုတ်လိုက်ရသည်။ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ကာ နောက်ကနေ သူ့အား ဖမ်းထား လိုက်ခြင်း မရှိပါက သူကား စင့်မြင့် ပေါ်မှာ ပြုတ်ကျ သွားလိမ့်မည် ဖြစ်သည်။

သူက သူ့၏ ရင်ဘတ်တွင် သွေးများ စီးကျသည့် အပေါက်ကို မြင်သော်လည်း ထိုတိုက်ခိုက်မှုမှာ သူ့အသက်ကို မနှုတ်ယူ သွားနိုင်ချေ။ သို့သော် တုန့်မင်ကျီက သူ့တွင် နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ရန် စွမ်းအားများ မကျန်ရှိတော့သဖြင့် ဆေးလုံးတချို့ကို အလျင်အမြန် မျိုချလိုက်သည်။ တုန့်မင်ကျီက မိုဝူကျိ၏ တိုက်ခိုက်မှု တစ်ချက်ကိုပင် တောင့်မခံနိုင်ကြောင်းကို အသိတရား မရသေးချေ။

”မင်းက သေချင်နေတာပဲ”

ဒေါသ ထွက်နေသည့် အသံနှင့်အတူ မိုဝူကျီဆီသို့ သဘာ၀ စွမ်းအားများက ပြေးလွှား ဝင်ရောက် လာသည်။ ထိုတိုက်ခိုက်မှုမှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူ၏ လက်ချက်ပင် ဖြစ်သည်။ ကျန်းရှုရှန်းက သူ၏လက်ကို မြှောက်ကာ  ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ ထို့ကြောင့် သူတို့ နှစ်ဦးစလုံးက စင်မြင့်အလယ်သို့ ရောက်ရှိ သွားလေသည်။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို တားဆီးပြီးသည့် နောက်တွင် သူက အေးစက်စွာ ပြောလိုက်သည်။

“ငါ့ရဲ့ ဂိုဏ်းတစ်ရာ မဟာမိတ် ညီလာခံကို ကျင်းပဖို့အတွက် မင်းတို့ အားလုံးကို စောင့်နေပေး ရဦးမှာလား…”

ကျန်းရှုရှန်းကြောင့် အမှိုက်သဖွယ် ဖယ်ရှား ခံလိုက်ရသည့် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူက သွေးတစ်ပွက် အန်ကာ မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။

“ဂိုဏ်းချူပ်ကျန်း … ကျူပ်သား ဒဏ်ရာ ရနေတာကို ဘာလို့ ဝင်မပါရတာလဲ”

မိုဝူကျီက ထိုလူမှာ တုန့်မင်ကျီ ၏ အဖေဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ထို့ကြောင့် ထိုလူမှာ တုန့်လွန်၏ အဖေလည်း ဖြစ်ကာ သူကား အထွတ်အထိပ် ဓားမြို့တော်၏ ပင်မသခင် ပန်းချွေဓား တစ်လက် တုန့်လောင်ဟွားပင်  ဖြစ်ပေလိမ့်မည်။ ထိုကျော်ကြားလှသည့် တုန့်လောင်ဟွားက မြေပြင်ပေါ်သို့ ကြက်ကလေး သဖွယ် ရိုက်ချခံလိုက်ရသည်ပြီး သေလုမတတ် ဖြစ်သွားသည်မှာ သနားစရာ ကောင်းလှ၏။ အကယ်၍ ထိုသတင်းက ပျံ့နှံ့သွားလျှင် သူ၏ ဂုဏ်သတင်းကို ထိခိုက် စေလိမ့်မည် ဖြစ်ကာ သူ့အား ပန်းချွေဓား တစ်လက်ဟုပင် ခေါ်ဆိုရန် အရည်အချင်း မပြည့်မှီဟု မေးခွန်း ထုတ်လာ နိုင်ချေသည်။

အစကတည်းက ရှင်းဟွမ်မှာ လုံး၀၀င်မပါခဲ့ချေ။ အကြောင်းမှာ မိုဝူကျီ၏ အသက် အန္တရာယ် မရှိသေးသောကြောင့် ဖြစ်သည်။ အကယ်၍ မိုဝူကျီသာ အသက် အန္တရာယ် ရှိခဲ့ပါက သူသေချာပေါက် ဝင်ပါမည် ဖြစ်သည်။ ကျန်းရှုရှန်က တုန့်လောင်ဟွားကို ဂရုမထားပဲ မိုဝူကျီကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“မင်းက ဘာလိုချင်တာလဲ ငါ့ဆီက အာရုံစိုက်မှု တစ်ခုခုကို လိုချင်တာလား … ဘာကို လိုချင်တာလဲ…”

မိုဝူကျီက ကျန်းရှုရှန်ကို ကြည့်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

“ဂိုဏ်းချူပ်ကျန်း … အဲဒီတော့ ကောင်းကင်ဖွေရှာ နန်းတော်က ဒီနေရာမှာ ပြောခွင့် မရှိဘူးပေါ့… ခင်ဗျားကပဲ ဒီနေရာမှာ အရာအားလုံးကို ဆုံးဖြတ်မှာလား”

ကျန်းရှုရှန်က မိုဝူကျီ၏ စကားကြောင့် ဒေါသပုန် ထသွားသော်လည်း သူ့ဒေါသကို ထိန်းချူပ်ကာ ဖုန်းကျန့်ချိုး ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“အစ်ကိုဖုန်း … ဒီကိစ္စကို ဘယ်လိုလုပ်ချင်လဲ…”

ဖုန်းကျန့်ချိုး၏ အကြည့်များက မိုဝူကျိထံသို့ ရောက်ရှိလာကာ ပြောလိုက်သည်။

“မင်းက ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲမှာ အဆင့်၅၀နဲ့ အောင်လာတဲ့ မိုဝူကျီမလား ပြီးတော့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲကို ဝင်ပြီး လင်းလောင်ရဲ့ မျက်နှာသာ ပေးမှုရပြီး ငါ့ရဲ့ ကောင်းကင်ဖွေရှာ နန်းတော်မှာ အပြင်စည်းတပည့်ဖြစ်လာတာ မလား…”

မိုဝူကျီက ကျန်းရှုရှန်းထက် စာလျှင် ဖုန်းကျန့်ချိုးအား လေးစားဟန်ဖြင့် လက်နှစ်ဖက် ဆုပ်ကာ ပြောလိုက်သည်။

“ဂိုဏ်းချူပ်ဖုန်း … ဂိုဏ်းချူပ်ဖုန်း ပြောတာ မှန်ပါတယ် … တစ်ခါက ကျူပ်က ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ အပြင်စည်း တပည့် ဖြစ်ခဲ့တယ် … ဒါပေမဲ့ ကောင်းကင်ဖွေရှာ နန်းတော်က ထွက်လာခဲ့ပြီးပြီ … အခုကျူပ်က တျန်းဂျီဂိုဏ်းရဲ့ ဂိုဏ်းချူပ် မိုဝူကျီ ဖြစ်နေပြီ… အဲဒါကြောင့် ကောင်းကင်ဖွေရှာ နန်းတော်နဲ့ ဆက်စပ်မှု မရှိတော့ဘူး”

ဖုန်းကျန့်ချိုးက ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။

“အဲဒါဆို မင်းပြောတဲ့ ကျင့်ကြံခြင်း လောကမှာ အဆိုးဝါးဆုံး အရက်စက်ဆုံး ကိစ္စက ဘာလဲ”

ထိုစကားကို ကြားသောအခါ တုန့်လောင်ဟွားက ခြေမခိုင်ပင် ဖြစ်သွားပြီး မတ်တတ်ရပ်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

“ဂိုဏ်းချူပ်ဖုန်း … ဒီဟာက ကျူပ်ရဲ့ အထွတ်အထိပ် ဓားမြို့တော်ကို ဆက်ဆံတဲ့ ပုံစံမျိုးလား… ခင်ဗျား မျက်နှာ လိုက်လွန်းနေတယ်….”

ဤအချိန်တွင် တုန့်လောင်ဟွားက မိုဝူကျီမှာ သူတို့၏ လျှို့ဝှက်ချက်အား ထုတ်ဖော်လိုက်မည်ကို ကြောက်နေခြင်း ဖြစ်သည်။ ကျန်းရှုရှန်းက ဖုန်းကျန့်ချိုးသည် မိုဝူကျိကို မေးခွန်း မေးသည်ကို မတားဆီး နိုင်သော်လည်း ယခု တုန့်လောင်ဟွားက အရင်ဆုံး ဦးဆောင် မေးလိုက်သည်ကို တွေ့သည့်အခါ ပြန်လည် ချေပလိုက်သည်။

“မိုဝူကျီက စင်မြင့်ပေါ်မှာ အခွင့်မရပဲနဲ့ စကားပြောခဲ့တာ မှန်ပေမဲ့ တုန့်မင်ကျီက သူ့ကို ရုတ်တရက် တိုက်ခိုက်ခဲ့တယ် … ခင်ဗျားတို့ အထွတ်အထိပ် ဓားမြို့တော်မှာ လူသိခံလို့မရတဲ့ ကိစ္စရှိနေလို့လား…”

ကျန်းရှုရှန်၏ စကားကို ကြားသောအခါ တုန့်လောင်ဟွား၏ မျက်နှာက အနည်းငယ် ပျက်သွားသည်။ မိုဝူကျီ ပြောဆိုမည့် ကိစ္စကို သူသိပေသည်။ အကယ်၍ ထိုကိစ္စသာ ပေါက်ကြား သွားပါက သူတို့ အထွတ်အထိပ် ဓားမြို့တော်မှ တုန့်မိသားစုအတွက် ပျက်စီးခြင်းများ ဆိုက်ရောက် လာနိုင်လေသည်။

မိုဝူကျိက တုန့်လောင်ဟွားကို ဂရုမထားပဲ သူ၏ လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်။

“တာအို ရောင်းရင်း အပေါင်းတို့ ကျူပ်အခု ပြောမှာကတော့ အထွတ်အထိပ် ဓားမြို့တော်ရဲ့ လူမဆန်တဲ့ အကြောင်းတွေကိုပဲ အဲဒီ တုန့်မျိုးနွယ် ခွေးတစ်သိုက်က ပျောက်ဆုံးနယ်မြေ တစ်လျှောက်မှာ အသာလွန်ဆုံး ဝိညာဉ်ကြော ပိုင်ရှင်တွေကို ရှာပြီး တိတ်တဆိတ် အတင်းအဓမ္မ ခေါ်ဆောင်ခဲ့တယ်… ပြီးတော့ သူတို့က သူတို့ တုန့်မျိုးနွယ်ဝင်တွေ အတွက် အသာလွန်ဆုံး ဝိညာဉ်ကြောတွေကို ပိုင်ရှင်တွေ ဆီကနေ အတင်းအဓမ္မ လွှဲပြောင်း ယူခဲ့တာပဲ … ပြီးတော့ အားလုံး သိကြတဲ့ အတိုင်းပဲ ဒီခွေးတစ်သိုက် တုန့်မျိုးနွယ်စုက လူတွေက အသာလွန်ဆုံး ဝိညာဉ် သွေးကြောတွေကိုပဲ ပိုင်ဆိုင်တယ်လေ …”

မိုဝူကျိ၏ စကားက လူအုပ်ကြီးကို ပွက်လော ရိုက်သွားစေခဲ့သည်။ အကယ်၍ ထိုသို့သော မျိုးနွယ်စုမျိုးက တကယ့် လူစိတ်မရှိသော ခွေးမျိုးနွယ်စုသာ ဖြစ်ပေမည်။ တစ်ပါးသူ၏ ဝိညာဉ်ကြောကို ဖယ်ထုတ်သည့် ကိစ္စရပ်မျိုးက စိတ်ကူးကြည့်လျှင်ပင် အတော် ရက်စက်သော ကိစ္စတစ်ခု ဖြစ်သည်။ ကျန်းရှုရှန်းနှင့် ဖုန်းကျန့်ချိုး တို့၏ အမူအရာက မှုန်သုန်သွားသည်။ အကြောင်းမှာ ပျောက်ဆုံးနယ်မြေ အတွင်းတွင် အသာလွန်ဆုံး ဝိညာဉ်ကြော ပိုင်ဆိုင်သူတို့မှာ အနည်းစုသာလျှင် ရှိပြီး ထိုလူများသည်လည်း ဂိုဏ်းကြီးများမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ယခုအခါ အထွတ်အထိပ် ဓားမြို့တော်က ထိုကဲ့သို့ ကိစ္စမျိုးကို ပြုလုပ်နေခြင်းက မည်သည့် သဘောသို့ သက်ရောက် သွားစေမည်နည်း။

ထို့အပြင် တုန့်လောင်ဟွား၏ သားများ အားလုံးသည်လည်း အသာလွန်ဆုံး ဝိညာဉ်ကြော ပိုင်ရှင်များသာ ဖြစ်ကြသည် မဟုတ်လား။

လက်တွေ့တွင် အသာလွန်ဆုံး ဝိညာဉ်ကြော ပိုင်ရှင်တစ်ယောက် မွေးဖွား လာသည်မှာ မျိုးနွယ်စု တစ်ခုအတွက် အလွန်ပင် ရှားပါး လှသည်။ သို့သော် တုန့်မျိုးနွယ်စုတွင်ကား အသာလွန်ဆုံး ဝိညာဉ်သွေးကြော ပိုင်ရှင်များမှာ တစ်ယောက်မကသည် မဟုတ်လား။ အကယ်၍ လောကတွင် အသာလွန်ဆုံး ဝိညာဉ်ကြော ပိုင်ရှင်များ များပြားနေပါက ထိုအရာက အဖိုးတန်တော့မည် မဟုတ်ချေ။ တုန့်လောင်ဟွားနှင့် တုန့်မင်ကျီတို့၏ မျက်နှာမှာ သေမတတ် ဖြူလျော်သွားပြီး သူတို့၏ တစ်ကိုယ်လုံးအား ရေခဲရေဖြင့် လောင်းချလိုက်သကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အေးစက် သွားသည်။ ယခုအခါ သူတို့ လုပ်ဆောင်နိုင်သည့် ကိစ္စဟူ၍ မရှိတော့ချေ။

“မင်းညာနေတာ”

တုန့်လောင်ဟွားက မိုဝူကျီအား တုန်တုန်ယင်ယင်ဖြင့် လက်ညှိုးထိုးကာ ချောက်ချ ခံရသည့်ဟန်ဖြင့် ပြောလိုက်သည်။

“ကျူပ်ညာတာလား မညာဘူးလား ဆိုတာ ခင်ဗျား အသိဆုံး ဖြစ်မှာပါ … ဒီကို ကျူပ်တစ်ယောက်တည်း ရောက်လာတာ မဟုတ်ဘူး … ခင်ဗျားတို့ရဲ့ အထွတ်အထိပ် ဓားမြို့တော် တတိယ လက်ထောက်သခင် ဂျင်ဖေးလန်လည်း ပါတယ် ... သူမက အားလုံးကို အမှန်တရားကို အသေးစိတ် ပြောပြ ပါလိမ့်မယ်…"

မိုဝူကျီ၏ အသံက ရှင်းလင်းက ပို၍ပင် တည်ငြိမ် လာလေသည်။ သူကား ဂျင်ဖေးလန်ကို တွေ့ပြီးသည့် နောက်တွင် အထွတ်အထိပ် ဓားမြို့တော်အား တိတ်တဆိတ် ဖျက်ဆီးမည့် အစား ဤနေရာတွင် ထုတ်ဖော်ရန် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။ မိုဝူကျိက တုန့်မျိုးနွယ်စုများကို ပျောက်ဆုံးခြင်း ကုန်းမြေအနှံ့ သူတစ်ယောက်တည်း လိုက်သတ်မည့်အစား ဤနေရာတွင် ဖော်ထုတ် လိုက်ခြင်းက တုန့်မျိုးနွယ်စုကို ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားရန် လုံလောက်သည်ကို သိရှိပေသည်။ ဂျင်ဖေးလန်က ခံရခက်စွာ ပြောလိုက်သည်။

“တုန့်လောင်ဟွား … ကျွန်မက ရှင့်ရဲ့ ဝိညာဉ်ကြော ကူးပြောင်းတဲ့ ကိစ္စတွေကို သိသွားတော့ ရှင့်ရဲ့ တုန့်မျိုးနွယ်စုက ကျွန်မကို လူမဆန်စွာ ရက်စက်ခဲ့တယ် … ကျွန်မသာ ထွက်မပြေးခဲ့ဘူး ဆိုရင် ဒီကိစ္စက သေသည့်အထိ အမှန်တရား ပေါ်ပေါက်လာမှာ မဟုတ်ဘူး … ရှင်က ကျွန်မ တပည့်တွေရဲ့ ဝိညာဉ်ကြောကိုလည်း လူမဆန်စွာ လုယူ ခဲ့တယ်….”

သူမ၏ စကား ဆုံးသွားသော အခါ ဂျင်ဖေးလန်က လူအုပ်ကြီး ဘက်သို့ လှည့်ကာ ဆက်လက် ပြောလိုက်သည်။

“ဒီတုန့်မျိုးနွယ်စုက သူတို့ရဲ့ အကျိုးအတွက်  အပြစ်မဲ့တဲ့ အသာလွန်ဆုံး ဝိညာဉ်ကြော ပိုင်ရှင်တွေကို ဘယ်လောက် သတ်ပြီးပြီထင်လဲ … သူတို့က ပျောက်ဆုံးနယ်မြေ တစ်လျှောက်လုံး နှစ်ဆယ်နဲ့ချီပြီး လိုက်ရှာခဲ့ကြပြီး အသာလွန်ဆုံး ဝိညာဉ်ကြော ပိုင်ရှင် အယောက်တစ်ရာကျော်လောက် အထိ တွေ့ခဲ့ကြတယ် … အဲဒီ အသာလွန်ဆုံး ဝိညာဉ်ကြော ပိုင်ရှင်တွေက ဝိညာဉ်ကြော ကူးပြောင်းမှုမှာ ကျရှုံးပြီး အသက် ဆုံးရှုံးခဲ့ရတဲ့လူတွေ မနည်းဘူး … ဒီလို ရက်စက် ယုတ်မာတဲ့ လုပ်ရပ်မျိုးက ဒီခွေးတစ်သိုက် တုန့်မျိုးနွယ်စုက လုပ်တယ် ဆိုတာကို ကျွန်မ ကျိန်ဆိုပြီး ပြောရဲတယ်…”

အားလုံးက ဂျင်ဖေးလန်၏ အသံမှာ ဝမ်းနည်းမှု နာကျဉ်းမှုများကို ခံစားမိပြီး သူမနေရာမှ ဝင်ရောက်ခံစား ကြည့်လိုက်ကြသည်။ သူမကား ဘယ်လောက်တောင် ကြမ်းတမ်းလှသော အဖြစ်အပျက်များကို ရင်ဆိုင် ကြုံတွေ့ခဲ့ရသနည်း ။

***

All Chapters