ရောက်ရှိခြင်း
Vol. 003 Ch. 204
လီတောင်ယွန်က အဆက်မပြတ် အော်ဟစ်လိုက်သည်။ အကယ်၍ သူ၏လက်က ဓားဖြင့် အဖြတ်ခံရလျှင် ဤမျှ နာကျင်မည် မဟုတ်ပေ။ သို့သော် သူ၏ လက်ကား တဖြည်းဖြည်း လောင်ကျွမ်းနေသည်။ နာကျင်မှုကား မှန်းဆ၍ မရနိုင်ပေ။ မီးတောက်က ပျောက်ကွယ် သွားသောအခါ သူ၏ လက်တစ်ဖက်က အရင်းသို့အထိ လောင်ကျွမ်း ပျောက်ကွယ်သွားပြီး ဖြစ်သလို လီတောင်ယွန်၏ ဓားအသိကလည်း ကြမ်းတမ်း ခက်ရော်သွားသည်။ သူ၏ မျက်လုံးများက အေးစက်နေ၏။ ဖူယွန်ဓားကလန်မှ လူများအားလုံးက သူ့အား ကာကွယ်ရန် ရှေ့ကို တက်လာကြသည်။ ဓားအားလှိုင်းများက ရီဖူရှင်းထံသို့ တိုးဝင်လာနေသည်။
ပရိသတ်များ အားလုံး ထိတ်လန့်သွားသည်။ ရီဖူရှင်းက ရဲတင်းလွန်း လှသည်မှာ မထူးဆန်းတော့ပေ။ ရုပ်တုနှင့် ပေါင်းစပ်ပြီးနောက် သူ၏ စွမ်းရည်ကား ဓမ္မအဆင့် အမြင့်ဆုံးကို ရောက်ရှိသွားသည်။ လီတောင်ယွန်ကား ဖူယွန်ဓားကလန်၏ အတော်ဆုံး မဟုတ်သော်လည်း သူသည်လည်း နာမည်ကြီးသည်။ သူနှင့် သက်တူရွယ်တူ လူငယ်များထဲတွင် သူ့အား အနည်းငယ်မျှသာ ကျော်ဖြတ်နိုင်သည်။ သူ၏ ပါရမီက ငြင်းပယ်၍ မရနိုင်ပေ။ သို့သော် သူ၏ လက်ကား ရီဖူရှင်းထံတွင် မီးလောင်ကျွမ်း ခံရ၏။
ရုပ်တု၏ မျက်လုံးက ရီဖူရှင်း၏ မျက်လုံးနှင့် တူသည်။ သူက လီတောင်ယွန်အား အေးစက်စွာ ကြည့်ကာ ပြောသည်... “မင်းက ဒီလောက် အားနည်းပြီး ဘယ်လိုလုပ် ထင်ရာစိုင်း ရတာလဲ...”
လီတောင်ယွန်က မော်ကြည့်လိုက်သည်။ သူ၏ မျက်လုံးတွင် ဓားအသိများ ဖုံးလွှမ်းနေသည်။ သူ၏ရှေ့မှ ရီဖူရှင်းအား ဒေါသတကြီး ကြည့်လိုက်သည်။ ရှေးဟောင်း လို့လန်တွင် သူက အလွန် လွှမ်းမိုးနိုင်စွမ်းရှိကာ ဤကဲ့သို့ အခြေအနေမျိုးကို တစ်ခါမှ မတွေးမိခဲ့ပေ။
ဖူယွန်ဓားကလန်မှ လူများက ရှေ့ကို တိုးလာကြသည်။ ဓားအသိများ ကောင်းကင်တွင် ပြည့်နှက်သွားသည်။
ရီဖူရှင်း၏ အကြည့်က သူတို့ထံ ရောက်ရှိသွားပြီး အေးစက်စွာ ပြောသည်.... “လီတောင်ယွန်က ကျုပ်သူငယ်ချင်းရဲ့ လက်ကို ဖြတ်သွားတယ်... ဒါကြောင့် ကျုပ်က လက်စားပြန်ချေတာပဲ... မင်းတို့က ကျုပ်ကို သတ်ချင်ရင် ကြိုးစားကြည့်လို့ရတယ်... တကယ်လို့ မသတ်နိုင်ရင်တော့ ကျုပ်ကို အဆိုးမဆိုနဲ့...” သူက ထိုသို့ ပြောပြီးသည်နှင့် ကြောက်မက်ဖွယ် ကောင်းသော သဘာဝ စွမ်းအားများက ရုပ်တု၏ လက်များအား ရစ်ပတ်လာသည်။ ဓားချက်ကြောင့် ပြတ်တောက် သွားသော ရုပ်တု၏ လက်မှာ ချက်ချင်း ပြန်လည် မွေးဖွားလာသည်။
ကြောက်မက်ဖွယ် ကောင်းသော မီးအသိကို ခံစားမိလျှင် ဖူယွန်ဓားကလန်မှ လူများ၏ မျက်နှာများ သိပ်မကောင်းကြပေ။ ဤနေရာကို လာရောက်သူများထဲတွင် လီတောင်ယွန်ကား စွမ်းအားအမြင့်ဆုံး ဖြစ်သော်လည်း သူ၏လက်က အလွယ်တကူ မီးမြှိုက်ခံရသည်။ တခြားလူများကား ရီဖူရှင်းထက်ပင် အားနည်းသည်။
“သွားစို့...” လီတောင်ယွန်က အေးစက်စွာ ပြောသည်။ သူက ဓားကို ကောက်ကိုင်ကာ နောက်လှည့် ထွက်သွားသည်။ တခြား ဖူယွန်ဓားသမားများကလည်း ရီဖူရှင်းကို စိုက်ကြည့်ကာ လီတောင်ယွန်နှင့်အတူ ထွက်ခွာသွားကြသည်။
လီတောင်ယွန်က အဆိုးရွားဆုံးဟု ပြောရမည်။ သူက တစ်ခါက ကျွန်ဟု ခေါ်ဝေါခဲ့သော သူက ဖူယွန်ဓားကလန်အား အရှက်ရစေကာ သူ့အစ်ကို၏ လက်အား လောင်ကျွမ်းစေမည်ဟု တစ်ခါမှ မမျှော်လင့်ထားဖူးပေ။ အကယ်၍ ရီဖူရှင်းသာ ထိပ်သီး အင်အားစုတစ်ခုကို ဝင်ရောက်သွားပါက လက်စားချေရန် အလွန် ခက်ခဲသွားပေတော့မည်။
ဖူယွန်ဓားကလန် ထွက်ခွာသွားသည်ကို မြင်လျှင် ရီဖူရှင်းက ရုပ်တုထဲမှ ထွက်လာသည်။ လူတိုင်းက သူ၏ ချောမောသော မျက်နှာကို ကြည့်လိုက်ကြသည်။
ယခင်က ရီဖူရှင်းကား အလွန်ပါရမီမြင့်ပြီး ယုံကြည်မှုလွန်ကဲသော ပါရမီရှင်ဖြစ်သည်။ ယခု သူကား ရှောင်ဝူကျိကဲ့သို့ ထိပ်သီးပါရမီရှင် ဖြစ်သည်။ နောက်နှစ် အနည်းငယ်ကြာလျှင် သူက တန်ခိုးအဆင့် မြင့်လာသောအခါ ထိပ်သီးအင်အားစုများ၏ အတော်ဆုံး ပါရမီရှင်များကို ယှဉ်နိုင်တော့မည် ဖြစ်သည်။
မည်သူမှ စကားမပြောပေ။ ရီဖူရှင်းက ရှောင်ဝူကျိ တင်ထားခဲ့သော စံချိန်သုံးခုကို ချိုးဖျက်ကာ ကျော်ဖြတ်ထားသည်။ ယခုကား မှန်မျက်နှာပြင် တောင်ကုန်း တစ်ခုသာ ကျန်တော့သည်။
လူတိုင်းက တိတ်ဆိတ်စွာ စောင့်နေကြသည်။ ရီဖူရှင်းက နံရံပေါ်တွင် နိုဘယ်ပုံရိပ် မည်မျှ ထွက်ပေါ်လာအောင် လုပ်နိုင်မည်ကို သိလိုကြသည်။ ထိုအချိန်တွင် အင်အားစုများအားလုံးက သူ၏ ပါရမီကို မြင်တွေ့နိုင်မည် ဖြစ်သည်။ အတန်ကြာလျှင် ရီဖူရှင်းက နောက်ရုပ်တုတစ်ခုတွင် ထိုင်ကာ တန်ခိုးကျင့်နေသည်ကို တွေ့ကြရသည်။ သူက မှန်တောင်ကုန်းကို သွားမည်ဟန် လုံးဝ မရှိပေ။
“....”
လူတိုင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်နေသည်။ တောင်ထိပ်မှ လူများအားလုံးက သူ၏ပါရမီကို ကြည့်ရန် စောင့်ဆိုင်းနေကြသည်။ သို့သော် သူက တန်ခိုးကျင့်နေသည်။
ဂူဘိုင်ယွီက မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြင့် ရီဖူရှင်းကို ကြည့်သည်။ ယူချင်း ရှက်ရွံ့သွား၏။ ဤကောင်ကား ထိုသို့လုပ်နေပြန်သည်။ ယူချင်းပင်လျှင် မခံစားနိုင်ပေ။ ရီဖူရှင်းကား အမှန်ပင် အရှက်မဲ့လှသည်။
လူတိုင်းက စောင့်ဆိုင်း နေသော်လည်း ရီဖူရှင်းက သူနှင့်မဆိုင်သလို တန်ခိုးကျင့်နေသည်။ သည်ကောင်ကား ရှောင်ဝူကျိ၏ စံချိန်ကို ချိုးဖျက်နေသည်။ နောက်ဆုံး အရေးအကြီးဆုံး နေရာကို ရောက်မှ သူက ရပ်တန့်ကာ တန်ခိုးကျင့်နေသည်။ သူက ဘာကို ဆိုလိုသနည်း။
“ဘာဖြစ်နေတာလဲ...” လျိုနိုင်ငံမှ လျိုဖေးယွန်က သူ၏ ညီမအား မေးသည်။
လျိုချန်းယွီ၏ မျက်လုံး အရောင်လက် သွားသည်... “ညီမလည်း မသိဘူး....” ထို့နောက် သူမက ရီဝူချင်းအား နားမလည်စွာ ကြည့်သည်။
“ကျုပ်ကို မကြည့်နဲ့... အသားကျအောင်သာ လုပ်...”
လျိုမောင်နှမ အံ့အားသင့်သွားသည်။ လျိုချန်းယွီက ရီဖူရှင်းနှင့် ယူချင်းကို ကြည့်လိုက်သည်။ ယခု ရီဖူရှင်းနှင့် ပတ်သက်ပြီး ရီဝူချင်း၏ စကားက အမှန်လော ပြန်လည် သံသယ ဝင်လာသည်။
“ချန်းယွီ...” လျိုဖေးယွန်က တိုးတိုးလေး ပြောသည်… “မင်းနဲ့ သူတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ...”
လျိုချန်းယွီ၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်... “အမှန်က ညီမတို့က အခုမှ တွေ့တာ... ဒါပေမဲ့ ဆက်ဆံရေးက ကောင်းတယ် ပြောရမယ်...” ရီဖူရှင်း ပြသခဲ့သော ပါရမီကို ပြန်တွေးမိလျှင် သူမက ပြောသည်... “ဒါပေမဲ့ အစ်ကိုတွေးနေတဲ့ ကိစ္စက ဖြစ်လာဖို့ မလွယ်ကူဘူး... အနည်းဆုံးတော့ ညီမတို့နဲ့ သူတို့က မိတ်ဆွေတွေ ဖြစ်နိုင်တယ်...” သူမက လျိုဖေးယွန်၏ အတွေးများကို နားလည်သည်။ သူက ရီဖူရှင်းတို့အား လျိုနိုင်ငံသို့ ခေါ်သွားလိုသည်။
ရီဖူရှင်း၏ လက်ရှိပါရမီဖြင့် သူက ရှောင်ဝူကျိကို မကျော်ဖြတ်နိုင်လျှင်ပင် သူက မှန်တောင်ကုန်းပေါ်တွင် နိုဘယ်ပုံရိပ် သုံးခု ပေါ်လာအောင် စွမ်းဆောင်နိုင်ပါက လုံလောက်ပြီ ဖြစ်သည်။ သူက နိုဘယ်ပုံရိပ်လေးခု ဖြစ်ပေါ်စေနိုင်ရန် အခွင့်အလမ်းလည်း အလွန် များပြားပေသည်။ ထို့နောက် သူက မည်သည့် ထိပ်သီး အင်အားစုကိုမဆို ရွေးချယ်နိုင်ပြီ ဖြစ်သည်။
ဒွန်ဟွာကလန်မှ ဟွာချိန်ချဲနှင့် ကျောင်းတော်မှ တန့်ယွီတို့က သူ့အား အထင်သေးခဲ့ကြသည်။ သို့သော် ရီဖူရှင်း ပြောခဲ့သလိုပင် အကယ်၍ သူက လုံလောက်သော ပါရမီရှိပါက ဟွာချိန်ချဲနှင့် တန့်ယွီတို့က သူတို့၏ အင်အားစုများကို ကိုယ်စားပြုနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
“သူတို့ထဲက တစ်ယောက်က မင်းသမီးရဲ့ ကြင်ရာတော် ဖြစ်နိုင်တယ်လို့ မပြောခဲ့ဘူးလား....” လျိုချန်းယွီ၏ အစေခံကောင်မလေးက ရေရွတ်လိုက်သည်။
လျိုချန်းယွီက သူမ၏ အစေခံအား ဒေါသတကြီး ကြည့်လိုက်ရာ ကောင်မလေးက ကြောက်ရွံ့စွာ နောက်ဆုတ်လိုက်သည်။ “အဲ့လိုမဟုတ်ဘူး....” လျိုချန်းယွီက သူမ၏အစ်ကိုအား ကြည့်ကာ ပြောသည်။
“ငါတို့ ဒါကို သေချာ စဉ်းစားဖို့လိုတယ် မထင်ဘူးလား...” လျိုဖေးယွန်က ရယ်မောလိုက်သည်... “မင်းက ဘယ်တစ်ယောက်ကို ကြိုက်လဲ...”
လျိုချန်းယွီက ရှက်ရွံ့သွားကာ လျိုဖေးယွန်အား ဒေါသတကြီး ကြည့်လိုက်သည်။
“မင်းက မှန်တောင်ကုန်းမှာ သွားမစမ်းသပ်ဘူးလား... လူတိုင်းကို စောင့်ခိုင်းရတာ ပျော်စရာ ကောင်းလား...” ရှောင်ဝူကျိက ရုတ်တရက် မေးလိုက်သည်။ သူ အတန်ကြာအောင် စောင့်ဆိုင်း ပြီးသော်လည်း ရီဖူရှင်းက မည်သို့မှ မလုပ်သေးပေ။
ရီဖူရှင်းက သူ၏စံချိန်သုံးခုကို ချိုးဖျက်ထားပြီးဖြစ်ရာ ရီဖူရှင်းက မှန်တောင်ကုန်းတွင် မည်မျှ စွမ်းဆောင်နိုင်မည်ကို သိလိုသည်။ သို့သော်လည်း ရီဖူရှင်းက မှန်တောင်ကုန်းကို သွားမည့် အရိပ်အယောင် လုံးဝ မပြသေးပေ။
လူတိုင်းက ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ သူတို့ကလည်း ထိုမေးခွန်းကို မေးလိုနေသည်။
ရီဖူရှင်းက ရှောင်ဝူကျိအား ထူးဆန်းစွာ ကြည့်ကာ ပြောသည်... “မင်းတို့ကို စောင့်ဖို့ ငါက ပြောနေလို့လား...”
ရှောင်ဝူကျိ မျက်နှာပျက်သွားသည်။ သူက ရီဖူရှင်းကို စိုက်ကြည့် လိုက်သော်လည်း မည်သို့ပြောရမည် မသိပေ။ လူအများအပြားက သူတို့နှစ်ဦးကို ကြည့်နေသည်။ သူတို့နှစ်ယောက်လုံးက မောက်မာဝင့်ကြွားသည်။ စကားတစ်ခွန်းက စိန်ခေါ်မှုတစ်ခု အလားပင်။ သို့သော် ရီဖူရှင်း၏ အပြုအမူများက သိသာသည်။ သူ၏ စကားက ကျိုးကြောင်း ဆီလျော်သည်။ သူက အမှန်ပင် မည်သူ့ကိုမှ မစောင့်ခိုင်းပေ။ အမှန်က သူက မှန်တောင်ကုန်းကို သွားရောက် စမ်းသပ်ခံမည်ဟုလည်း တစ်ခွန်းမှ မပြောခဲ့ပေ။ သူက ရှောင်ဝူကျိ၏ စံချိန်သုံးခုကို ချိုးပြီးနောက် သူက မှန်တောင်ကုန်းကို သွားမည်ဟု လူတိုင်းက တွေးထင်ခဲ့ကြသည်။
ကြည့်ရသည်မှာ ရီဖူရှင်းက ထိုသို့ တွေးဟန်မရပေ။
သူက ရှောင်ဝူကျိကို စိန်မခေါ်တော့ဘူးလား။ သို့မဟုတ် သူက မှန်တောင်ကုန်းတွင် ရှောင်ဝူကျိကို အနိုင်ယူရန် ယုံကြည်မှု မရှိသေးသောကြောင့် ထပ်မံလေ့ကျင့် လိုသည်လား။
“သွားစို့...” ရှောင်ဝူကျိက ထူးမခြားနားစွာ ပြောသည်။ သူက ရီဖူရှင်းနှင့် ဆော့ကစားရန် စိတ်ဝင်စားခြင်း မရှိပေ။
တန့်ယွီက ရီဖူရှင်းကို သေသေချာချာ စိုက်ကြည့်ကာ ထွက်သွားသည်။ လူတိုင်း၏ မျက်လုံးများ အရောင်လက်သွားသည်။ ပါရမီရှင်များ အားလုံးက မာနကြီးကြရာ ရှောင်ဝူကျိက ရီဖူရှင်း၏ ရင့်သီးသော အပြုအမူများကို သည်းခံလျက် စောင့်ဆိုင်းနေမည် မဟုတ်ပေ။
“ကြည့်ရတာ ငါက မင်းကို လျှော့တွက်မိတာပဲ... မင်းက ဒွန်ဟွာကလန်ကို ပူးပေါင်းဖို့ စိတ်ဝင်စားလား....” ဟွာချိန်ချဲက ဖိတ်ခေါ်လိုက်သည်။ သူက မှန်တောင်ကုန်းတွင် သွားရောက် စမ်းသပ်မခံသည့်တိုင် ယနေ့ပြသခဲ့သော သူ၏ စွမ်းဆောင်ရည်များက လုံလောက်ပေသည်။
“ကျုပ် မစဉ်းစားရသေးဘူး...” ရီဖူရှင်းက ပြုံးလျက် ပြန်ပြောသည်။
“ကောင်းပြီ...” ဟွာချိန်ချဲက ခေါင်းညိတ်ကာ ထပ်မပြောတော့ပေ။
ယနေ့တွင် ရီဖူရှင်းက မည်သည့်ကလန်ကို ရွေးမည်ကို မဆုံးဖြတ်လိုသေးဟု လူတိုင်းက ရိပ်မိလိုက်ကြသည်။ တခြားလူများကလည်း မိမိတို့ဘာသာ ပြန်လည်ကာ တန်ခိုးကျင့်ကြသလို တချို့လည်း တောင်ထိပ်မှ ဆင်းသွားကြသည်။ သို့သော် အင်အားစုတိုင်း၏ လူတချို့စီက တောင်ထိပ်ပေါ်တွင် ရီဖူရှင်းကို စောင့်ကြည့်ရန် ကျန်နေရစ်ကြသည်။
ရီဖူရှင်းတို့ အုပ်စုကလည်း စိတ်အနှောင့်အယှက် မရှိဘဲ အေးဆေးစွာ ကျင့်ကြံနေကြသည်။ တောင်ထိပ်တွင်ကား ကံစွမ်းအား အရင်းအမြစ် များစွာရှိသည်။ သူတို့အတွက် အချိန်ကြာမြင့်စွာ ကျင့်ကြံရန် လုံလောက်ပေသည်။
ရီဖူရှင်းအပြင် ယူချင်းနှင့် ရီဝူချင်းတို့လည်း တိုးတက်လာသည်။
ရက်များ ကုန်ဆုံးသွားသည်။ ရီဖူရှင်းတို့အုပ်စု တဖြည်းဖြည်း တိုးတက်လာ၏။ လအနည်းငယ်ကြာလျှင် သူတို့၏ တန်ခိုးအဆင့်များ မြင့်တက်သွားသည်။ ရီဝူချင်းက ဓမ္မအဆင့်ခြောက်ကို ရောက်ရှိသွားကာ ရီဖူရှင်းနှင့် ယူချင်းတို့က ဓမ္မအဆင့်သုံးကို တက်ရောက် သွားသည်။
ဤနေ့ရက်များတွင် တောင်ထိပ်တွင် အနည်းငယ် အလုပ်များသည်ဟု ပြောရမည်။ လူအများက မဆုံးနိုင်အောင် စံချိန်များ ချိုးဖျက်နေသော ဒဏ္ဍာရီဆန်သော သူတစ်ယောက်အား လာရောက် ကြည့်ရှုကြသည်။
“နင်က တောင်ထိပ်မှာရှိတဲ့ နေရာတွေ အကုန်လုံးကို လေ့လာပြီးပြီ... အခု မှန်တောင်ကုန်းကို သွားဖို့ အစီအစဉ် မရှိသေးဘူးလား...” ဂူဘိုင်ယွီက ရီဖူရှင်းကို မေးသည်။
“မင်းက ဘာကို အလျင်လိုနေတာလဲ...” ရီဖူရှင်းက သူမအား ကြည့်ကာ မေးသည်။ ဂူဘိုင်ယွီကား ဤနေ့ရက်များတွင် အလွန်ရိုကျိုးကာ သူ၏ဘေးတွင် အမြဲရှိနေတတ်သည်။ မှော်ကလန်မှ လူများလာလျှင်လည်း ထိုလူများကို သူမက အမြဲ နှင်လွှတ်တတ်သည်။
“ငါက နင့်ကို မှော်ကလန်သို့ ခေါ်သွားချင်တယ်...” ဂူဘိုင်ယွီက ပြုံးလျက် ပြောသည်။ သူမ၏ အပြုံးကား ယစ်မူးဖွယ် ကောင်းလှသည်။
“မှော်ကလန်က ဘာကောင်းလဲ...” ရီဖူရှင်းက မေးသည်။ ဒွန်ဟွာကလန်နှင့် ကျောင်းတော်က မှော်ကလန်ထက် ပိုမိုကောင်းမွန်သည်မှာ သံသယရှိစရာ မလိုပေ။ အမှန်က လျိုနိုင်ငံပင်လျှင် ပိုမို၍ စိတ်ဝင်စားစရာ ကောင်းသည်။
“ငါလေ...” ဂူဘိုင်ယွီက နှစ်လိုဖွယ်ပြုံး၍ ပြောသည်... “တကယ်လို့ နင်သာ မှော်ကလန်ကို ဝင်မယ်ဆိုရင် ငါက နင့်ကို တစ်သက်လုံး ပြုစုမယ်... ဘယ်လိုလဲ...”
ရီဖူရှင်းက သူမ၏ ယစ်မူးဖွယ်ကောင်းသော မျက်လုံးများကို ကြည့်ကာ ပြောသည်... “မင်းရဲ့ တာဝန်တွေကိုသာ ကျေပွန်အောင်လုပ်... မဟုတ်တာတွေ မတွေးနဲ့...”
မိန်းမလှများ၏ ထောင်ချောက်က သူ့အတွက် သက်ရောက်မှု မရှိပေ။
ဂူဘိုင်ယွီက သူ့အား မျက်နှာငယ်လေးဖြင့် ကြည့်သည်။ သူမကား သနားစဖွယ် ကောင်းလှ၏။
ထိုအခိုက်တွင် မြေရိုင်းမြို့မှ လူတစ်စုက မှန်တောင်ကို ရောက်ရှိလာကြသည်။ ရှေ့ဆုံးမှ လူများမှာ တန်ခိုးအဆင့် နိမ့်သော်လည်း ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါများကို ပိုင်ဆိုင်ထားသည်။ မိန်းကလေး တစ်ယောက်မူကား မျက်နှာကို ပဝါဖြင့် ဖုံးထားသည့်တိုင် သူမ၏ ရုပ်ရည်သွင်ပြင်အရ မိန်းမလှတစ်ယောက်မှန်း လူတိုင်းက ပြောနိုင်သည်။ သူမ၏ မျက်လုံးများက ပြုံးရောင်သန်းနေသည်။ သူမက ထိုကောင်လေး၏ သတင်းအား နောက်ဆုံးတွင် ရရှိခဲ့ပြီဖြစ်သည်။ သူက မြေရိုင်းမြို့ကို ဤမျှ လှုပ်ခတ်အောင် လုပ်ထားသည်။
***