ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့၏ မဟာမိတ်ခေါင်းဆောင်
Vol. 19 Ch. 262
ဂိုဏ်းချုပ်တွေ တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ရင်း စင်ပေါ်တွင် အားလုံး မတ်တတ် ရပ်ပြီးသား ဖြစ်သွားကြလေသည်။ တချို့လူများက မိုဝူကျီ ဂိုဏ်းချုပ် ဖြစ်လာမည့် အရေးကို ဆန့်ကျင်ကြသော်လည်း သူတို့က မတ်တတ်သာ ရပ်လိုက်ရလေ၏။ မိုဝူကျီဘက်တွင် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ ရှိနေ၍ တချို့သော ကောင်းကင်တစ်ပိုင်း အဆင့်ထက်ပင် အင်အား ကောင်းသွားပြီ ဖြစ်၏။
“ကောင်းကင်ဖွေရှာ နန်းတော်လည်း သဘောတူပါတယ် ... ”
ဖုန်းကျန့်ချိုးက မိုဝူကျီကို ကြည့်ကာ …
“ဂိုဏ်းချုပ်မို အားလုံးက ခင်ဗျားကို နောက်မဟာမိတ် ခေါင်းဆောင် ဖြစ်လာစေချင်မှတော့ ခင်ဗျား ဆန္ဒရှိတယ်ဆိုရင် ကျုပ်တို့ကို အကြောင်းပြန်ပေးပါ ... ”
မိုဝူကျီက ဤနေရာတွင် အမှန်ပင် နေရာရရှိခဲ့လေသည်။ သူက တျန်းဂျီဂိုဏ်း အတွက် နေရာလေး ရဖို့သာ ကြံစည်ခဲ့သည် ဖြစ်ကာ နောက်မဟာမိတ် ခေါင်းဆောင် ဖြစ်လာလိမ့်မည်ဟု ထင်မထားပေ။
“တာအိုရောင်းရင်းတို့ ... ကျုပ် ကျင့်ကြံဆင့်က နိမ့်နေပေမဲ့ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့အတွက် အကျိုးပြုနိုင် ခဲ့တယ်။ ဒါပေမဲ့ ကျုပ်က မဟာမိတ် ခေါင်းဆောင် ဖြစ်ဖို့အထိတော့ အရည်အချင်း မပြည့်မီသေးဘူး ... ”
မိုဝူကျီက ထိုအချက်ကို ကောင်းကောင်းသိရှိ၏။ သူ့ကျင့်ကြံဆင့်မှာ အမှန်ပင် နိမ့်နေ သေးလေ၏။ အခြားအချက်များ ထည့်မတွက်လျှင်ပင် အကယ်၍ နယ်ခြား တိုက်ပွဲ ထပ်ဖြစ်ပေါ်လာပါက လက်ရှိအဆင့် အနေအထားဖြင့် သူ့အတွက် ထိပ်တန်းအဆင့်မြင့် ကျင့်ကြံသူများကို အမိန့်ပေး ညွှန်ကြားရန် မဖြစ်နိုင်ချေ။
“ဂိုဏ်းချုပ်မို ... ခင်ဗျား တွေးနေတာကို သိပါတယ်။ ပျောက်ဆုံး နယ်မြေမှာ ခင်ဗျား ဂုဏ်သတင်းကို ကျော်ပြီးတော့ မဟာမိတ် ခေါင်းဆောင်ကို ဖြစ်ဖို့ရာ လူမရှိဘူး။ တကယ်လို့ နယ်ခြား ကျုးကျော်လာမှုနဲ့ အဆင့်မြင့် အကြီးအကဲတွေကို ထိန်းချုပ်ဖို့ စိတ်ပူနေတာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကျုပ်ထင်တာတော့ ခင်ဗျား စဉ်းစားနေတာက အဓိပ္ပာယ် မရှိဘူး။ အနည်းဆုံးတော့ ကျုပ်တို့ ကောင်းကင်ဖွေရှာ နန်းတော်အနေနဲ့ ပျောက်ဆုံး နယ်မြေကိုသာ အကျိုးရှိစေမယ် ဆိုရင် ဆန့်ကျင်နေမှာ မဟုတ်ဘူး။ ပြီးတော့ ကျုပ်တို့က ခင်ဗျားရဲ့ အကြံပြုချက်ကြောင့် ကျဆုံးသွားကြတဲ့ ကျင့်ကြံသူတွေကို အထိမ်းအမှတ် မှတ်တိုင် ထားပေးဖို့ စဉ်းစားမိသွားတာ ... ”
ကောင်းကင်ဖွေရှာ နန်းတော် ဖုန်းကျန့်ချိုးက မတ်တတ်ရပ်ကာ ပြောလိုက်လေသည်။
“ကျုပ်တို့က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို လေးစားကြတာ ဆိုတော့ သူက မဟာမိတ် ခေါင်းဆောင် ဖြစ်ဖို့ အကောင်းဆုံးပဲ ... ”
“ဟုတ်တယ်။ ကျုပ်တို့က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို မဟာမိတ် ခေါင်းဆောင်အဖြစ် လိုအပ်တယ်”
***
ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့ရှိ ကျင့်ကြံသူ အများအပြားက မိုဝူကျီ မဟာမိတ် ခေါင်းဆောင် ဖြစ်လာရေးကို တောင်းဆို နေကြလေသည်။ မိုဝူကျီ မဟာမိတ် ခေါင်းဆောင် ဖြစ်လာဖို့ တောင်းဆိုသည်များ များပြား လာသည်နှင့် စင်ပေါ်ရှိ ဂိုဏ်းများပင် မတ်တတ်ရပ်၍ ထောက်ခံ ပေးနေကြသည်။ တစ်ချိန်တည်းတွင် ဖုန်းကျန့်ချိုးလည်း တူညီစွာ ထရပ်လိုက်ပြီး သူတို့သည် ဂိုဏ်းတစ်ရာ မဟာမိတ်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ကြေညာ လိုက်လေ၏။
“ဂိုဏ်းချုပ်မို .. ကျုပ်ကတော့ ခင်ဗျား အလားအလာတွေက အကန့်အသတ် မဲ့တယ်လို့ ယုံကြည်တယ်၊ ခင်ဗျားက ကောင်းကင်ဖွေရှာ လှေကားထိပ်ဆုံးထိ တက်နိုင်ခဲ့တာဆိုတော့ မဟာမိတ် ခေါင်းဆောင်နေရာနဲ့ ထိုက်တန်ပါတယ်။ ပြီးတော့ မဟာမိတ် ခေါင်းဆောင် ဖြစ်လာရန် ခင်ဗျား အတွက်လည်း အကာအကွယ်တစ်ခု ရသွားလိမ့်မယ်။ ခင်ဗျား မသိလောက်သေး ပေမဲ့ ကျန်းမိုနယ်မြေရဲ့ သံတမန်က ခင်ဗျားကို အငြိုးထား နေတာဆိုတော့ အနာဂတ်မှာ လာဖြေရှင်းဖို့ ရောက်လာနိုင်တယ်”
ဖုန်းကျန့်ချိုး အသံက ရုတ်တရက် မိုဝူကျီနားထဲ၌ ထွက်ပေါ် လာသောကြောင့် ဖုန်းကျန့်ချိုးကို လှည့်ကြည့် လိုက်လေသည်။
ဖုန်းကျန့်ချိုးက သူ့အား ခေါင်းညိတ် ပြလိုက်သည်။ ကောင်းကင်ဖွေရှာ လှေကားထိပ်သို့ ရောက်ရှိခဲ့သည့် လူက မိုဝူကျီ ဖြစ်နေသည့် အကြောင်းကို မှန်းဆနိုင်သည်က သိသာပေသည်။ သူက မိုဝူကျီသည် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်မှန်း သိသည်နှင့် ထိုအချက်ကို သိရှိနိုင်ပေလိမ့်မည်။ သူ့စိတ်ထဲတွင် နောင်တ တရားတို့ ရှိမနေကြောင်း ပြောလျှင် လိမ်ညာမှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။ အကယ်၍ သူသာ မိုဝူကျီသည် ကောင်းကင်ဖွေရှာ လှေကားထိပ်ဆုံးသို့ ရောက်ရှိခဲ့သည် သူမှန်း သတိပြုမိခဲ့လျှင် သူက မိုဝူကျီကို ကောင်းကင်ဖွေရှာ နန်းတော်၏ နံပါတ်တစ် တပည့် ခေါင်းစဉ်ပင် ချီးမြင့်လိမ့်မည်။ ဖြစ်နိုင်သည်က မိုဝူကျီသည် ကောင်းကင်ဖွေရှာနန်းတော်၏ နောက်ဂိုဏ်းချုပ် အသစ်ပင် ဖြစ်လာနိုင်ချေ ရှိသည်။
ထိုစဉ် ဖုန်းကျန့်ချိုးက တျန်းဂျီဂိုဏ်းမှ တုရှီချင်း၏ လူကဲခတ်စွမ်းကို အတော်လေး အားကျမိသွားသည်။ တုရှီချင်းသည် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅သည် ရိုးရှင်းသည့် လူမဟုတ်မှန်း သိ၍ တျန်းဂျီဂိုဏ်းကို လွဲပေးခဲ့ခြင်း ဖြစ်ရမည်။ ထို့အပြင် မိုဝူကျီက စိတ်ခံစားချက် ရှေ့တန်း တင်သည့်သူ ဖြစ်သည့်အတွက် တျန်းဂျီဂိုဏ်းချုပ် ရာထူးကို မငြင်းဆန်နိုင်ပေ။
နောက်ဆက်တွဲ ဖြစ်ရပ်များက တုရှီချင်း လုပ်ဆောင်ခဲ့သည်က မှန်ကန်ကြောင်း သက်သေ ပြနေလေ၏။ တျန်းဂျီဂိုဏ်းမှာ မူလက ဂိုဏ်းအသေးလေး ဖြစ်သော်လည်း မိုဝူကျီကြောင့် ပျောက်ဆုံးနယ်မြေ တစ်ခွင်တွင် အောင်မြင်ကျော်ကြား လာပေလိမ့်မည်။ ထိုအဖြစ်အပျက် နောက်တွင် ကျင့်ကြံသူ အများအပြားက တျန်းဂျီဂိုဏ်းကို ဝင်ရောက်ကြလိမ့်မည်။
သူ့စိတ်ထဲ၌ မိုဝူကျီက သက်ပြင်း ချလိုက်တော့သည်။ ဖုန်းကျန့်ချိုးသည် သူ ကောင်းကင်ဖွေရှာ လှေကား ထိပ်ဆုံးသို့ ရောက်ခဲ့သည်ကို မှန်းဆ နိုင်သောကြောင့် ကျန်သူများလည်း သိပေလိမ့်မည်။ သူက ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့၏ မဟာမိတ်ခေါင်းဆောင်ရာထူးကို လက်ခံ ရတော့မည်ဟန် ရှိသည်။ ထိုသည်က သူ့အတွက် အကျိုးရှိပေလိမ်မ့ည်။ သူ့အား မနာလိုမုန်းတီးနေကြသော သူများမှာ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့၏ မဟာမိတ် ခေါင်းဆောင်ကိုတော့ ထိရဲမည် မဟုတ်ပေ။
သူ့အင်အား မကြီးမားလာခင် အထိ သူနှင့် တျန်းဂျီဂိုဏ်းကို ကာကွယ်နိုင်ရန် ထိုခေါင်းစဉ် အဆင့်အတန်း ပေါ်၌ မှီခိုရပေလိမ့်မည်။ သူက မဟာမိတ် ခေါင်းဆောင် ဖြစ်နေသရွေ့ တျန်းဂျီဂိုဏ်း၏ ဝိညာဉ်ပိတ်လှောင်ခြင်း အစီအရင် အကြောင်း ထွက်ပေါ်သွားလျှင်ပင် တစ်ယောက်မျှ လာရောက် လုယူရဲမည် မဟုတ်ပေ။
“တာအို ရောင်းရင်းတို့ ထောက်ခံပေးတဲ့ အတွက် ကျေးဇူး အများကြီး တင်ပါတယ်။ ကျုပ် မိုဝူကျီက ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ မဟာမိတ် ခေါင်းဆောင်ဖြစ်ဖို့ လိုလိုလားလား ရှိပါတယ်”
မိုဝူကျီက ဆုံးဖြတ်ချက် ချလိုက်သည်နှင့် မည်သူ့ကိုမျှ တီးတိုး ဆိုမနေတော့ဘဲ လူအုပ်ကြီးကို ကြည့်ကာ ကြေညာ လိုက်တော့သည်။
ထိုအရာကို ကြားပြီး ဖုန်းကျန့်ချိုးက ပျော်ရွှင်သွားပြီး ဆက်ပြော လိုက်လေ၏။
“ပျောက်ဆုံးနယ်မြေရဲ့ ပထမဆုံး မဟာမိတ် ခေါင်းဆောင်က ဂိုဏ်းချုပ်ပိုင်စုတင်း ဆိုပေမဲ့ သူမက ကျန်းမိုနယ်မြေကို လိုက်သွားပြီ ဆိုတော့ ကျုပ်တို့ ဆွေးနွေးပြီးတဲ့ နောက်မှာ တျန်းဂျီဂိုဏ်းရဲ့ ဂိုဏ်းချုပ် မိုဝူကျီကို ကျုပ်တို့ရဲ့ ဒုတိယ မဟာမိတ် ခေါင်းဆောင် ဖြစ်လာလိမ့်မယ်”
ဖုန်းကျန့်ချိုး စကားအဆုံးတွင် ကွင်းပြင်တစ်လျှောက်၌ လက်ခုပ်ဩဘာသံ များဖြင့် ပြည့်နှက် သွားလေသည်။ ထိုသည်က ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့၏ မဟာမိတ် ခေါင်းဆောင်၏ အသစ် တိုးတက်မှုဖြစ်စဉ် ဖြစ်သည်။
ကျန်းရှုရှန်း တစ်ယောက်သာ အနည်းငယ် စိတ်ပျက် သွားလေသည်။ အကြောင်းမှာ ဤညီလာခံတွင် နောက်မဟာမိတ် ခေါင်းဆောင်ကို ရွေးချယ်ရန် ကြံရွယ် ထားလေသည်။ အကယ်၍ ထိုကိစ္စများသာ မဖြစ်ပေါ်ခဲ့လျှင် မဟာမိတ် ခေါင်းဆောင်မှာ သူကိုယ်တိုင် ဖြစ်ပေလိမ့်မည်။ သို့သော် မိုဝူကျီက ရုတ်တရက် ပေါ်လာပြီး သူ့နေရာကို လုယူသွားလေ၏။ ထို့အပြင် သူက ထိုအရာကို ထောက်ခံ ပေးနေရသေးသည်။ အမှန်တကယ် ဒေါသထွက်ဖွယ် ဖြစ်၏။ ယခု မိုဝူကျီက မဟာမိတ် ခေါင်းဆောင် ဖြစ်သွားသည့် အတွက် ပျောက်ဆုံး နယ်မြေမှ တစ်ယောက်မျှ သူ့အား ရင်မဆိုင် ရဲကြတော့ပေ။
ဖုန်းကျန့်ချိုးက ဆက်ပြောလိုက်လေ၏။
“အရင် မဟာမိတ် ခေါင်းဆောင်တုန်းက အမှတ်အသားပြား မရှိခဲ့ဘူး။ ဒါပေမဲ့ ကျုပ်က ဂိုဏ်းချုပ်မိုရဲ့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ အမှတ်အသားပြားကို ဒီလုပ်ဆောင်ချက် အတွက် အသုံး ပြုချင်ပါတယ်။ ဂိုဏ်းချုပ်မိုက အမှတ်အသားပြား ထုတ်ပြပေးလို့ ရမလား။ ကျုပ်တို့က ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ ညီလာခံကို စတင်လိုက်ပြီးတော့ ခေါင်းဆောင်နေရာ လွဲပြောင်းရေး ပွဲကို ကျင်းပ ကြတာပေါ့။ အခုချိန်က စပြီးတော့ ဒီအမှတ်အသားပြားက ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ရဲ့ မဟာမိတ် ခေါင်းဆောင် မျိုးဆက်အားလုံး အတွက် အမှတ်အသားပြား ဖြစ်လာလိမ့်မယ် ”
မိုဝူကျီက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ အမှတ်အသားပြား ကိုင်ဆောင်ရင်း ရှေ့ထွက်လာသည့် အခါ ယခင်ကထက် ပိုမို ကျယ်လောင်သော အားပေးသံများ ထွက်ပေါ်လာလေသည်။ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့၏ မဟာမိတ်ခေါင်းဆောင် အပ်နှင်းပွဲကား စတင်လေပြီ။
ထိုအဖြစ်အပျက်က ရုတ်တရက် ဆန်လွန်းလှသောကြောင့် ဂိုဏ်းချုပ်အားလုံး ပါဝင်နေသည့် အပ်နှင်းပွဲတွင် မိုဝူကျီအား ပျောက်ဆုံးနယ်မြေ အတွက် အကျိုးပြုရန် သူ့ ဆုံးဖြတ်ချက်ကို ပန်ကြားရန် အလို့ဌာ ဖိတ်ခေါ်လိုက်လေသည်။
“ဂိုဏ်းချုပ်မို ... အခု ခင်ဗျားက မဟာမိတ် ခေါင်းဆောင် ဖြစ်နေပြီဆိုတော့ ဂိုဏ်းတစ်ရာ မဟာမိတ် ညီလာခံကို ဦးစီးပေးပါ ... ”
ကျန်းရှုရှုန်းက ပြောလိုက်သည်။
မူလက သူသည် မိုဝူကျီကို ပထမတန်း နေရာမှ နှင်ထုတ် ချင်သော်လည်း အဆုံးသတ်တွင် သူက သူ့ရည်ရွယ်ချက်ကို ပြီးမြောက် ခဲ့လေသည်။ သူက မိုဝူကျီကို နောက်ဆုံးတန်း အစား ပထမတန်းမှ အလယ်သို့ ပြောင်းရွေ့ စေလိုက်ရသည်။ ပြောရလျှင် ထိုနေရာမှာ ဤညီလာခံတွင် အဆင့်တစ် ထိုင်ခုံနေရာ ဖြစ်လေသည်။
ထိုစဉ် မိုဝူကျီက ကျန်းရှုရှန်းကို ယဉ်ယဉ်ကျေးကျေး လောကဝတ်များ ပြုမူမနေတော့ပေ။ သူက ဂိုဏ်းချုပ်များကို ထိုင်ရန် အချက်ပြလိုက်သည့်အခါ ကွင်းပြင်ရှိ လူများက ငြိမ်ကျသွားလေသည်။ ထို့နောက် သူက ပြောလိုက်သည်။
“အားလုံးလည်း ဒီဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ပျောက်ဆုံး နယ်မြေက ဖွင့်ထားတာ မဟုတ်မှန်း သိမှာပါ။ ကျန်းမိုနယ်မြေက ကျင့်ကြံသူတွေ လက်ချက် ဆိုတာလည်း သိကြမှာပါ။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲမှာ ကျုပ်တို့ ပျောက်ဆုံး နယ်မြေကို အင်အား ကောင်းလာစေနိုင်တဲ့ ရတနာများစွာ ရှိတယ်။ ပြီးတော့ တစ်ချိန်တည်းမှာ ထိုပစ္စည်းတွေကြောင့် လူတွေက အချင်းချင်း တိုက်ခိုက်တာ ဖြစ်စေနိုင်တယ်။ အဲဒါကြောင့် ကျုပ်တို့ အားကောင်း လာပြီးတော့ တခြားသူတွေ အပေါ် မှီခိုမဲ့ အစား ကျုပ်တို့ ပြောဆိုနိုင်ခွင့် ရှိအောင် လုပ်ကြမယ် ... ”
အကြောင်းပြချက်က မည်သို့ပင် ဖြစ်နေစေကာမူ ကျန်းမိုနယ်မြေ ကျင့်ကြံသူများက ပျောက်ဆုံးနယ်မြေ အတွက် နယ်ခြားတိုက်ပွဲကို လာရောက်၍ ကူညီပေးကြတာ ဖြစ်ပြီး ပျောက်ဆုံး နယ်မြေမှ လူများအတွက် ကြင်နာမှု တစ်ရပ် ဖြစ်လေသည်။ သို့သော် ကျင့်ကြံသူဖြစ်သည့် သူကိုယ်တိုင်အတွက် မိုဝူကျီက ကျန်းမိုနယ်မြေ ကျင့်ကြံသူများမှာ ဒြပ်ငါးမျိုး ကင်းမဲ့နယ်၏ ရတနာများကို ထားခဲ့လိမ့်မည်ဟု မယုံကြည်ပေ။ မူလတွင် သူက အဝေးမှ လေ့လာ ဆန်းစစ်ရုံသာ ဖြစ်သောကြောင့် ထိုသို့သော အရာမျိုးကို တွေးရန် မလိုအပ်ပေ။ သို့သော် သူက စည်းမျည်း စည်းကမ်းများကို တာဝန်ယူရသည့် သူ ဖြစ်နေသည့် အတွက် ထိုရတနာများကို အခြားသူများဆီ ခွဲဝေပေးရလျှင် ပျောက်ဆုံးနယ်မြေ အတွက်သာ စဉ်းစားမိပေမည်။
နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ခေါင်းစဉ်မှာ မိုဝူကျီအတွက် အတော်လေး အသုံးဝင်လှ ပေသည်။ သူ့မိန်ခွန်းတွင် အနည်းလေးမျှ ဆူဆူညံညံ ဖြစ်ပေါ်မလာပေ။ အားလုံးက သူ့အကြံကို စိတ်ဝင်စားစွာ နားထောင်နေကြသည်။
“ကျင့်ကြံခြင်း လမ်းပေါ်မှာရှိနေတဲ့ ကျင့်ကြံသူတိုင်းက မလွယ်ကူလှဘူး။ အဲဒါကြောင့် အားလုံးကို အကြံပြုချင်တာက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဝင်ဖို့ ဘယ်သူပင် ဖြစ်ဖြစ်၊ ကျင့်ကြံဆင့် ဘယ်လိုဖြစ်ဖြစ် ဝင်ခွင့်ပေးရမယ် ... ”
မိုဝူကျီ စကားများက အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။ တချို့က နားမလည်ကြပေ။ တချို့မှာ အားပေး ထောက်ခံနေကြသည်။ တချို့သောသူများမှာ ပို၍ အံ့အား သင့်နေကြပေသည်။
“မဟာမိတ် ခေါင်းဆောင်မို ... တကယ်လို့ အားလုံးက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ဝင်သွားကြရင် သေဆုံးသူ အများအပြား ရှိလာလိမ့်မယ်။ ကျုပ်တို့က အထဲမှာ ဘယ်လိုမျိုး ကြံရမယ် ဆိုတာတောင် မသိသေးဘဲနဲ့ လူသတ်မှုတွေလည်း များပြား လာလိမ့်မယ်။ ပြီးတော့ အဲဒီလိုလုပ်တာက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို အတော်လေး ရှုပ်ထွေး သွားစေလိမ့်မယ် ... ”
ကောင်းကင်ဆေးဝါး ဂိုဏ်းချုပ် ချင်ဖူယွီက ပြောလိုက်လေသည်။
ထိုသို့ ပြောပြီး မိုဝူကျီက တည်ငြိမ်စွာ ဖြေလိုက်သည်။
“တကယ်လို့ အထဲဝင်ပြီတော့ အကျိုးမြတ်ရတဲ့ သူတွေက ဒီဟာလေးတွေတော့ လုပ်ပေးရမယ် ... သူ အကြံပြုချင်တဲ့ ဂိုဏ်းတစ်ရာ မဟာမိတ်က ဒီအတိုင်း ဗလာ မဟာမိတ်တစ်ခု မဟုတ်ဘူး။ ပျောက်ဆုံး နယ်မြေရဲ့ မဟာမိတ် အစစ်အမှန်ပဲ။ အဲဒီ မဟာမိတ်ထဲမှာ ကျုပ်တို့က ကျင့်ကြံခြင်း အဖွဲ့အစည်း၊ ဆေးလုံး အဖွဲ့အစည်း၊ လက်နက်ပန်းပဲ အဖွဲ့အစည်း၊ အစီအရင် အဖွဲ့အစည်း၊ အဆောင် အဖွဲ့အစည်းနဲ့ နယ်လှည့် ကျင့်ကြံသူ အဖွဲ့အစည်းတွေ ဖွဲ့စည်း ထားကြမယ်။ နမူနာ ပြောရရင်တော့ ကျင့်ကြံသူတိုင်းက ကျင့်ကြံခြင်း အဖွဲ့အစည်းကို ဝင်နိုင်တယ် ပြီးတော့ ကျင့်ကြံဆင့် အဆင့်တူထဲက ယှဉ်နိုင်ဖို့ အဆင့်ဇယား လုပ်ပေးထားမယ်။ ဆေးလုံးဆရာ ဆိုရင်လည်း ဆေးလုံး အဖွဲ့အစည်းဆီ သွားပြီးတော့ သူတို့ ဖော်စပ်ထားတဲ့ ဆေးလုံးတွေကို အသိမှတ်ပြုမှု သွားယူရမယ်။ ကျုပ်တို့က ကောင်းကင်ဖွေရှာ နန်းတော် ဆေးလုံးဘုံ စေတီရဲ့ ဆေးလုံးဆရာ အသိမှတ်ပြု လက်မှတ်ကို အသုံးပြုလို့ ရမယ် ... ”
ဖုန်းကျန့်ချိုးက တွန့်ဆုတ်နေခြင်း မရှိစွာ …
“ဂိုဏ်းတစ်ရာ မဟာမိတ် ဆေးလုံး အဖွဲ့အစည်းအတွက် ကောင်းကင်ဖွေရှာ နန်းတော်က ဆေးလုံဘုံ စေတီကို ဆေးလုံဆရာတွေအတွက် အရည်အချင်းစစ် နေရာ ဖြစ်လာဖို့ ဆန္ဒရှိပါတယ် ... ”
မိုဝူကျီက ကောင်းကင်ဖွေရှာ လှေကား ထိပ်ဆုံး တက်ခဲ့သည့် သူမှန်း အတည်ပြုပြီး သည်နှင့် ဖုန်းကျန့်ချိုးက မိုဝူကျီဘက်တွင် နေရန် ဆုံးဖြတ် လိုက်တော့သည်။ ကျန်းမိုနယ်မြေ သံတမန်၏ မခံရပ်နိုင်စရာ အပြုအမူ အကြောင်းကား စိတ်ထဲတွင် ကျန်ရှိနေဆဲ ဖြစ်ကာ မိုဝူကျီသည် ပျောက်ဆုံး နယ်မြေ၏ ဂုဏ်ပုဒ်ကို ပြန်လည် အဖတ် ဆယ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်၏။
“ဒုဂိုဏ်းချုပ်ဖုန်းကို ကျေးဇူးတင်ပါတယ်”
မိုဝူကျီက ဖုန်းကျန့်ချိုးက လေးလေးစားစား ဦးညွှတ် လိုက်လေသည်။ သူ့အပြုအမူအတွက် သူ့၌ အကြောင်းပြချက်ကောင်း ရှိလေသည်။ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ကို တည်ဆောက် ထားသော်လည်း နယ်ခြား ကျင့်ကြံသူများကို တိုက်ခိုက်ရန် အတွက် ပေါင်းစည်းထားသည့် အဖွဲ့လေးသာ ဖြစ်နေ၏။ မဟာမိတ် အဖွဲ့တွင် အဖွဲ့အစည်း အသီးသီး သတ်မှတ်လိုက်သည်က နယ်ခြား ကျင့်ကြံသူများ နောက်တစ်ကြိမ် ထပ်မံ ကျူးကျော် လာလျှင်ပင် မဟာမိတ်တွင် သူတို့အင်အားကို ပေါင်းစည်းနိုင်မည့် နည်းလမ်း ရှိနေလိမ့်မည်။
ဥပမာအားဖြင့် အစီအရင် ဆရာများသာ အတူတကွ စုစည်း၍ မဟာမိတ် တည်ထောင်လိုက်လျှင် သူတို့သည် အစီအရင်ကြီး တစ်ခု တပ်ဆင်နိုင်ရန် အစီအရင် ဆရာများစွာကို အလွယ်တကူ ခေါ်ဆောင်၍ ရနိုင် ပေလိမ့်မည်။ ဤဖြစ်စဉ်က ဂိုဏ်းများဆီတွင် အစီအရင်ဆရာများ ရှိလား မေးခြင်းထက် အသုံးဝင်လှ ပေသည်။
တူညီလှစွာ ဆေးလုံးဆရာများ သည်လည်း အတူတကွ စုစည်း၍ ဆေးလုံး ဖော်စပ်နိုင်ကြပြီး အဆောင် ဆရာများလည်း အဆောင်များ ပြုလုပ် နိုင်ကြလိမ့်မည်။ အကယ်၍ ယခင်ကသာ ဤသို့ အတူတကွ တွဲလျက် ရှိနေပါက ကျန်းမိုနယ်မြေမှ ကျင့်ကြံသူများ ဝင်မစွက်ဖက်လျှင်ပင် မျှောလွင့် ကြယ်တာရာ ကျင့်ကြံသူများက ပျောက်ဆုံးနယ်မြေကို ရရှိနိုင်မည် မဟုတ်ပေ။
ဖုန်းကျန့်ချိုးက ထိုအကြံကို ဦးစွာ ထောက်ခံလိုက်သည့် အတွက် မိုဝူကျီ အကြံပြုချက်မှာ အားလုံးက လိုက်၍ ထောက်ခံ လိုက်လေသည်။ ထို့ကြောင့် ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့က မဟာမိတ် ယာယီစခန်း တစ်ခု ဖြစ်လာပြီး အဖွဲ့အစည်း အမျိုးမျိုး တည်ရှိပေလိမ်မ့ည်။
“ဂိုဏ်းချုပ်မို ... ကျုပ်လည်း သဘော တူပါတယ်။ အဓိက ဖိအား အများဆုံး ကိစ္စက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ဝင်ဖို့ နေရာတွေကို ဘယ်လို ခွဲဝေကြမလဲ ဆိုတာပဲ ... ”
အဆုံးသတ်တွင် ကျန်းရှုရှန်းက ဆက်၍ မျိုသိပ် မထားတော့ဘဲ ထုတ်ပြော လိုက်တော့သည်။
***