← Chapters

စကားလုံးမဲ့ ဆေးလုံးစာအုပ်အတွက် ရောက်ရှိလာခြင်း

Vol. 19 Ch. 264

စကားလုံးမဲ့ ဆေးလုံးစာအုပ်အတွက် ရောက်ရှိလာခြင်း

Vol. 19 Ch. 264

“အဖေ တကယ်လို ကျတော်သာ သူကို ကိုယ်တိုင် မသတ်ရရင် ကျုပ်စိတ်ထဲ စနိုးစနောင့် ဖြစ်ပြီးတော့ ကျင့်ကြံခြင်း  ထိခိုက်မှာ စိုးတယ်  ... ”

ရှားမူက သူ့ကို ပိတ်လှောင် ထားတော့မည့် အကြောင်း ကြားသောအခါ မြန်မြန် အရိုအသေ ပေးကာ ပြောလိုက်သည်။

သူက သူ့စိတ်ထဲမှ နတ်ဆိုးသည် ချိန်စုယင် တစ်ယောက်တည်း မဟုတ်ကြောင်း သိ၏။ ပျောက်ဆုံး နယ်မြေမှ ကျန်းမိုနယ်မြမှ ပြန်ရောက်လာသော အခါ သူက ချိန်စုယင်ကို တစ်ကြိမ် တစ်ခါမျှ ပိုးပန်းခဲ့ခြင်း မကပေ။

အကယ်၍ ချိန်စုယင်က သူမကို သူမ သတ်သေမည်ဟု  ခြိမ်းခြောက်၍  ရှုချီဟောင်ဆီမှ အဆူခံ ရသည်ကြောင့်သာ မဟုတ်လျှင် သူက လက်လျော့မည် မဟုတ်ပေ။

သူ့အမြင်အတွင် ချိန်စုယင်၏ ငြင်းဆန်နေမှုက သေချာပေါက် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ကြောင့် ဖြစ်မည်မှန်း မှန်းဆမိသည်။ သူက ကြယ်တာရာ ဘုရင်တောင်မှ ကြယ်တာရာ တိုက်ပွဲခန်းမ သခင် ဖြစ်လာမည့်သူ ဖြစ်လေသည်။ အချစ်တိုက်ပွဲတွင် နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ကို ရှုံးနိမ့်ခဲ့၍ သူ့ဂုဏ်သိက္ခာကို မည်သည့်နေရာတွင် ထားရမည်နည်း။ သူက “စိတ်တွင်း နတ်ဆိုး” အကြောင်း ပြောစဉ်က လျောက်ပြောနေခြင်း မဟုတ်ပေ။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ သည် အမှန်တကယ် သူ့စိတ်နတ်ဆိုးများ အနက် တစ်ယောက် ဖြစ်လေသည်။

သူက ကျန်းမိုနယ်မြေသို့ ပြန်ရောက်သည့် အခါ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅သည် လူသားအဆင့် ဇယားတွင် နံပါတ်တစ် ဖြစ်နေကြောင်း မြင်လိုက် ရသောကြောင့် ဒေါသူပုန် ပိုထလာလေသည်။

ရှားတန်တောက်က အနည်းငယ် မျက်မှောင် ကြုတ်လိုက်ပြီး ပြောတော့မည့် ဆဲဆဲတွင် အပြင်ဘက်သို့ ကြည့်ကာ

“ဘာဖြစ်တာလဲ၊ ဝင်ခဲ့  ...  ”

အဝါရောင် ဝတ်ရုံနှင့် အမျိုးသားက လျှောက်လှမ်းကာ ဝင်လာလေသည်။ ထိုအမျိုးသားက ရှားတန်တောက်ကို ဦးညွှတ်ကာ …

“ကြယ်တာရာ တိုက်ပွဲအတွင်းမှာ ဟင်းလင်းပြင် လမ်းကြောင်း အသစ်ပေါ်လာပြီ ...  ”

“တခြားဂြိုလ်က ကျင့်ကြံသူတွေ ထပ်ပေါ်လာတာလား  ... ”

ရှားတန်တောက်က တုန်လှုပ်စွာ မတ်တတ် ရပ်လိုက်လေသည်။ အဝါရောင် ဝတ်ရုံနှင့် အမျိုးသားက ပြန်ဖြေလိုက်သည်။

“ဒီတစ်ကြိမ်တော့ ကျင့်ကြံသူတွေ မဟုတ်ဘဲနဲ့ အာကာသ သားရဲတွေ ရောက်လာတာ။ အားအကောင်းဆုံးက အဆင့် ၉ ကျော်လိမ့်မယ်။ ကျုပ်တို့ ကျန်းမိုနယ်မြေရဲ့ ဧရာမအာကသ အစီအရင်လည်း ဘေးအန္တရာယ် ကျရောက်နေပြီ။ ကြယ်တာရာ သခင်က အခု ကိုယ်တိုင်သွားနေပြီ။ အခု ကျုပ်ကို ခန်းမသခင် အားလုံးကို အကြောင်းကြား ခိုင်းလို့ပါ  ...  ”

ရှားတန်တောက်က ခေါင်းညိတ်လိုက်သည်။

“ငါ နားလည်ပြီ  ... ”

ထိုသို့ပြောပြီး ရှားမူဘက် လှည့်ကာ ပြောလိုက်သည်။

“ပျောက်ဆုံးနယ်မြေကို မင်း မသွားနိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အခု မင်း ငါ့နောက်က လိုက်ပြီးတော့ ကြယ်တာရာ တိုက်ပွဲမှာ ကောင်းကောင်း လုပ်ရမယ်။ တကယ်လို့ မင်းက လောကအဆင့် ဇယားထဲ တက်လှမ်းနိုင်ရင် မင်းကို ပျောက်ဆုံးနယ်မြေ သွားခွင့်ပေးမယ်။ တကယ်လို့ မင်း အဲဒီ ကောင်မလေးကို လိုချင်ရင် ငါ ကိုယ်တိုင် သူမကို ပြန်ဖမ်းပြီးတော့ မင်းဆီ ပေးမယ်။ တကယ်လို့ ရှုချီဟောင်က ဆန့်ကျင်နေရင်တောင် ရအောင် လုပ်ပေးမယ်  ... ”

“ဟုတ်ကဲ့ပါ အဖေ”

ရှားမူက စိတ်ထဲတွင် ပျော်သွားလေသည်။ သူသာ ချိန်စုယင်ကို ခေါ်ဆောင်နိုင်ပါက အချိန် ကြာသွားလျှင် သူမက သူ့ကို ဆက်၍ ငြင်းပယ် နေဦးမည်တော့ မယုံကြည်ပေ။ ခံစားချက်များကို ဖြည်းဖြည်းချင်း မွေးမြူ၍ ရပေသည်။ သူမက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ နှင့် အချိန်အတော်ကြာ ရှိနေခဲ့ရုံမျှသာ ဖြစ်၏။

သူ့ ဖခင်က ချိန်စုယင်အကြောင်း မည်သို့သိရှိသွားသည်ကို သူ့အနေဖြင့် ထူးဆန်းသည်ဟု မထင်ပေ။ သူ လုပ်သမျှကို သူ့ဖခင် မသိသည့် အရာ ရှိဦးမည်လား  ...

တစ်ဖက်တွင် သူက ကြယ်တာရာ တိုက်ပွဲသို့ ဝင်ပါချင်တာ ကြာလှလေပြီ။ သူ့ဖခင်က သူ့ကျင့်ကြံခြင်းဖြင့် သူတိုက်ပွဲ စွမ်းအားက လိုအပ်နေကြောင်း ခံစားနေ၍သာ ဖြစ်သည်။ ထို့ကြောင့် သူ့ဖခင်မှာ သူ့ကို ကြယ်တာရာ တိုက်ပွဲ၌ ပါဝင်ခွင့် မပြုပေ။ ယခု သူ့ဖခင်လည်း တစ်ခုခုကို တွေးမိဟန်ဖြင့် သူ့ကို တိုက်ပွဲသို့ ခေါ်ချင် နေလေသည်။

ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့ရှိ ဂိုဏ်းတစ်ရာ မဟာမိတ် ညီလာခံမှာ ပြီးဆုံး သွားလေပြီ။ လူအများစုက မိုဝူကျီ ဆုံးဖြတ်သည့် ကိစ္စရပ်များကို အားရကျေနပ် နေကြလေသည်။

ကုန်သည် အိမ်တော်များနှင့် ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့ထဲရှိ နေရာများကို ခွဲဝေပြီး သွားလေ၏။ ယခုအခါ အမျိုးမျိုး မဟာမိတ် အဖွဲ့အစည်းများ ဖြစ်ပေါ်လာပြီး သူတို့က သူတို့ ယာယီစခန်း အတွက် နေရာမြန်မြန် ရှာတွေ့ သွားကြလေသည်။ တစ်ချိန်တည်းတွင် ကျင့်ကြံသူ အသစ်များကို ခေါ်ယူ နေလေသည်။

မကျေနပ်ဆုံးသော သူမှာ ကျန်းရှုရှုန်းသာ ဖြစ်လေသည်။ အကယ်၍ လိန်မျိုးနွယ်စုကြောင့်သာ မဟုတ်လျှင် ကျန်းရှုရှန်းက သူ့ကိုယ်သူ နှိမ်ချ၍ မိုဝူကျီနှင့် ငြိမ်းချမ်းရေး တည်ဆောက် မိလောက်သည်။ သို့သော် လိန်မျိုးနွယ်စုကို မိုဝူကျီ၏ တျန်းဂျီဂိုဏ်းမှ ဖျက်စီးသွားသည် ဖြစ်သောကြောင့် သူက မည်သို့ သဘောထား ကြီးပေးရမည်နည်း။ အကယ်၍ မိုဝူကျီက မဟာမိတ် ခေါင်းဆောင် ဖြစ်နေသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူက လိန်မျိုးနွယ်စု အတွက် လက်စား ချေပေးဖို့ရန် ကူညီပေးမိ လောက်၏။

လိန်မျိုးနွယ်စုသည် ထိုသို့ ထိုက်တန်သော်လည်း ကြီးမြတ်ရန်ကျုံး ဂိုဏ်းမှ လိန်ဟုန်ကျီ ရှိနေပေ သေးသည်။ ဂိုဏ်းချုပ်အနေနှင့် သူက သူ့တပည့်အတွက် မရပ်တည်ပါက လိန်ဟုန်ကျီ ပြန်လာသည့်အခါ မျက်နှာချင်း မဆိုင်နိုင်လောက်ပေ။

ကံဆိုးလှစွာ မိုဝူကျီ၏ အဆင့်အတန်းမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားကာ ဂိုဏ်းတစ်ရာ မဟာမိတ် ခေါင်းဆောင် ဖြစ်လာပေသည်။ အကယ်၍ သူက ကြီးမြတ်ရန်ကျုံး ဂိုဏ်းကို ဆက်လက် တည်ရှိလိုပါက မိုဝူကျီကို မထိသည်က အကောင်းဆုံး ဖြစ်၏။

မိုဝူကျီက ကျန်းရှုရှုန်း စိတ်ထဲမှ အတွေးများကို ဂရုမစိုက်ပေ။ သူက စင်ပေါ်မှ ထွက်ခွာနေပြီ ဖြစ်သည့် ဂိုဏ်းချုပ် တစ်ယောက်ကို တားဆီးဖို့ရာ သွားလိုက်သည်။ ထိုသူမှာ ဆံပင်အညိုရောင် အမျိုးသား ဖြစ်ကာ သူ့၌  ပဟေဠိဆန်သော အပြာရောင် မျက်ဝန်းတို့ ရှိပြီး လူတစ်ယောက်ကို ဖောက်မြင်နိုင်သည့် အလား ခံစားမိစေသည်။

“ခင်ဗျားက ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖန်ကျန်းတျန်းလား”

မိုဝူကျီက လက်နှစ်ဖက်ယှက်လျက် မေးလိုက်သည်။

ဆံညိုရောင် အမျိုးသားက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ရင်း လှည့်ကြည့်ကာ

“ဟုတ်ပါတယ် ကျုပ်က အဲဒီ ဖန်ကျန်းတျန်းပါ။ မဟာမိတ် ခေါင်းဆောင်မိုကို နှုတ်ဆက်ပါတယ်။ မဟာမိတ် ခေါင်းဆောင်မိုရဲ့ ဆုံးဖြတ်ချက်တွေနဲ့ မိန့်ခွန်းကြောင့်  ကျုပ် လေးစား မိသွားပြီ  ... ”

မိုဝူကျီက အားရပါးရ ရယ်မောလိုက်ပြီး

“ဂိုဏ်းချုပ်ဖန် ချီးကျူးပေးတာ ကျေးဇူးတင်ပါတယ်။ နောင်ကျရင် ဂိုဏ်းချုပ်ဖန်ရဲ့ ထောက်ခံမှုတွေ လိုဦးမှာပါ။ အခု ဂိုဏ်းချုပ်ဖန်ကို လာရှာတာက တစ်ခု မေးကြည့်ချင်လို့ပါ။ ခင်ဗျားရဲ့ ဂိုဏ်းမှာ ယန်ယင်ပင်းလို့ ခေါ်တဲ့ ကောင်မလေးများ ရှိလား  ...  ”

ဖန်ကျန်းတျန်းက အနည်းငယ် အံ့အား သင့်မိသွားသော်လည်း ပြန်ဖြေလိုက်လေသည်။

“ဟုတ်ပါတယ်။ ယန်ယင်ပင်းက ကျုပ် ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ တိုက်ရိုက်တပည့် တစ်ယောက်ပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်များစွာက ကိစ္စတစ်ခုကြောင့် သူမက တံခါးပိတ် ကျင့်ကြံနေတယ်”

မိုဝူကျီက ကျောက်စိမ်းပုလွေကို ထုတ်ယူပြီး ဖန်ကျန်းတျန်းကို ပေးလိုက်လေ၏။

“ဒါက ခင်ဗျားတို့ ဂိုဏ်းက ကျန်းဟယ်ဖေးရဲ့ နောက်ဆုံး တောင်းဆိုချက်ပါ။ သူက ကျုပ်ကို ဒီဟာ ယန်ယင်ပင်းဆီ ပေးခိုင်းခဲ့တာ။ ကျုပ်မှာ ပေးဖို့ အခွင့်အရေး မရှိခဲ့ဘူး။ ဂိုဏ်းချုပ်ဖန်က ဒီပုလွေကို ယန်ယင်ပင်းဆီ ပေးပေးမယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ဟုတ်သား ကျန်းဟယ်ဖေးက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲမှာ တုန့်လွန် လက်ချက်ကြောင့် သေဆုံးသွားခဲ့တာ။ ကျုပ်က တုန့်လွန်ကို သတ်ပြီး သွားပါပြီ  ...  ”

သူ့တွင် အခွင့်အရေး မရရှိခဲ့ကြောင်း ပြောသည်က အလိမ်အညာ တစ်ခုသာ ဖြစ်သည်။ အဓိက အကြောင်းပြချက်မှာ မိုဝူကျီက ထိုကိစ္စကို ပြီးစီးအောင် လုပ်နိုင်မည့် အရည်အချင်း မရှိသေး၍ ဖြစ်သည်။ အကယ်၍ သူသာ သာမန် နယ်လှည့် ကျင့်ကြံသူ ဖြစ်နေပါက သူက အဖမ်းခံရနိုင်ပြီး မေးခွန်း ထုတ်ခံ ရပေလိမ့်မည်။ သူ့အသက်လေးပင် ဆုံးရှုံး သွားနိုင်သေး၏။ ယခု သူက မဟာမိတ် ခေါင်းဆောင် ဖြစ်နေ၍ ထိုကျောက်စိမ်းပုလွေကို လွဲပေးခြင်းမှာ ကျေးဇူးတင်ခံရသည့် ကိစ္စသာ ဖြစ်သွားတော့သည်။

ဖန်ကျန်းတျန်းက အံ့ဩတကြီး ကျောက်စိမ်းပုလွေကို လက်ခံယူလိုက်ပြီး မိုဝူကျီကို လက်နှစ်ဖက် ယှက်ကာ ပြောလိုက်လေ၏။

“ကျုပ်ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်း ကိစ္စလေးကို ကူညီပေးတဲ့ အတွက် မဟာမိတ် ခေါင်းဆောင်မိုကို ကျေးဇူး တင်ပါတယ်  ...  ”

သူက အပြင်ပန်းတွင် တည်ငြိမ် နေသော်လည်း စိတ်ထဲတွင် ကျယ်လောင်စွာ အောင်ပွဲ ခံနေလေသည်။ ကောင်းကင်နတ်ဆိုး ပုလွေကို သူ့လက်ထဲသို့ အလွယ်တကူ ရရှိခဲ့လေပြီ။ ထိုသည်က သူ့တပည့်များ အားလုံးကို ဒြပ်ငါးမျိုး ကင်းမဲ့နယ်ဆီ မဝင်ခင်က ချမှတ်ပေးထားသော တာဝန် ဖြစ်လေသည်။ ကျန်းဟယ်ဖေးက ရှာတွေ့ခဲ့သော်လည်း အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ချေ။ ကံကောင်းသည်က ကျန်းဟယ်ဖေးက သူ့ကို ကူညီပေးမည့်သူ ရှာတွေ့ခဲ့ခြင်း ဖြစ်လေသည်။ ဖန်ကျန်းတျန်းက သူ့ခံစားချက်များကို ထိန်းချုပ်ထားပြီး သူ့ရှေ့မှ မဟာမိတ် ခေါင်းဆောင်မိုကို သံသယ ဝင်စေ၍ မဖြစ်ပေ။

“ဂိုဏ်းချုပ်ဖန်က ယဉ်ကျေးလွန်းနေပါပြီ  ... ”

မိုဝူကျီက မြန်မြန် ပြန်ဖြေလိုက်သည်။ သူ့စိတ်ထဲတွင် ပျော်ရွှင် နေလေသည်။ သူက ဂိုဏ်းတစ်ရာ မဟာမိတ် ခေါင်းဆောင် ဖြစ်သောကြောင့် ဖန်ကျန်းတျန်းသည် သူ့ကျေးဇူးတင်မှုကို ထိုမျှရိုးရှင်းသော စကားလေး တစ်ခွန်းဖြင့် ဖော်ပြမည် မဟုတ်လောက်ပေ။ အနည်းဆုံးတော့ ဖန်ကျန်းတျန်းက သူ့ကို ကောင်းကင်နတ်ဆိုး ဂိုဏ်းဆီ ဖိတ်ကြားသင့်ပေသည်။

ထို့အပြင် သူက ဖန်ကျန်းတျန်း ထွက်သွားသည့်အခါ အနည်းငယ် အလျင်လိုနေသည်ကို သတိပြုမိ လိုက်သည်။ မိုဝူကျီက ကောင်းကင်နတ်ဆိုး ဂိုဏ်းကို ပစ္စည်းလေးတစ်ခု ပေးရန် ကူညီပေးရုံမျှ ဖြစ်သော်လည်း ဂိုဏ်းချုပ်ဖန်က ထိုမျှ စိုးရိမ်နေဖို့ လိုအပ်သည်လား။ ဖြစ််နိုင်သည်က ဖန်ကျန်းတျန်းတွင် တခြားကိစ္စ ရှိနေခြင်းသာ ဖြစ်ရမည်။

မိုဝူကျီက ထိုအတွေးကို ဘေးဖယ် ထားလိုက်သည်။ သူ လှည့်လိုက်သည့် အချိန်တွင် လူလတ်အရွယ် ဘုန်းကြီး တစ်ပါးကို တွေ့လိုက်ရသည်။ ထိုဘုန်းကြီးက စင်မြင့်ပေါ်သို့ တက်မလာ သော်လည်း မိုဝူကျီက သူ့အင်အားကို ခံစားမိလေသည်။ သူက အနည်းဆုံးတော့ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်တွင် ရှိရမည် သို့မဟုတ် စစ်မှန်ခြင်း နတ်ဘုရား အဆင့်မှ ကျင့်ကြံသူပင် ဖြစ်နိုင်သေး၏။

“အစိမ်းတိမ်တိုက် ခံတပ်မှ ရှန်းပိုင်ချီက မဟာမိတ် ခေါင်းဆောင်မိုကို နှုတ်ဆက်ပါတယ် ...  ”

မိုဝူကျီ မပြောသေးခင် လူလတ်အရွယ် ဘုန်းကြီးက အရင်ဦးစွာ နှုတ်ဆက်လိုက်လေသည်။

အစိမ်းတိမ်တိုက်ခံတပ်က ရှန်းပိုင်ချီလား ... မိုဝူကျီက ခဏတာ စဉ်းစား လိုက်သော်လည်း သူက ထိုလူကို မသိသည်မှာ သေချာလှသည်။ မိုဝူကျီ ဘာမှမပြောသည်ကို မြင်၍ ရှန်းပိုင်ချီက ပြုံးကာ

“မဟာမိတ် ခေါင်းဆောင်မိုက ကျုပ်ကို မသိတာ ဖြစ်နိုင်ပေမဲ့ မဟာမိတ် ခေါင်းဆောင်မိုက ကျုပ် ကလေးမလေးကိုတော့ မှတ်မိမှာပါ  ... ”

မိုဝူကျီက စိတ်ထဲတွင် တွေးကြည့် လိုက်လေသည်။ သူ့တွင် ချစ်သူရည်းစားပင် ရှိသည် မဟုတ်ပေ။ အဘယ်ကြောင့် ခင်ဗျား သမီးကို မှတ်မိနေမှာလဲ ...

ထိုအတွေးများက စိတ်ထဲတွင် ဖြစ်ပေါ် လာသော်လည်း မိုဝူကျီက လက်နှစ်ဖက် ယှက်လျက် ပြန်မေးလိုက်သည်။

“ခင်ဗျား သမီးက ဘယ်သူလဲဆိုတာ သိလို့ ရမလား ... ”

“ကျုပ် သမီးရဲ့နာမည်က ရှန်းလျဲ့ပါ။ သူမက မဟာမိတ် ခေါင်းဆောင်မိုနဲ့ ချန်လောင်မှာ ဆုံတွေ့ခဲ့ဖူးတယ်  ... ”

ရှန်းပိုင်ချီက ပြုံးကာ ဆက်ပြောလိုက်လေသည်။

သူက စိတ်ထဲတွင် သက်ပြင်းသာ ချလိုက်တော့သည်။ သူ့ရှေ့မှ လူသည် မဟာမိတ် ခေါင်းဆောင် ဖြစ်မနေပါက သူက ထိုသို့ ပြောနေစရာ မလိုအပ်ပေ။ တစ်ခါတည်း ဂုတ်မှ ဆွဲခေါ်သွားမည်သာ ဖြစ်၏။

မိုဝူကျီက ချက်ချင်း အတွေး ပေါက်သွားလေသည်။ သူက ရှန်းလျဲ့နှင့် အလွန်တူပေသည်။ လက်တွေ့တွင် ရှန်းလျဲ့က သူ့အား ကျင့်ကြံခြင်း လောကကို အစပြုခဲ့သူ မဟုတ်ပါလော။ ထိုမျှတင် မကသေးပေ။ သူ့စကားလုံးမဲ့ ဆေးနည်း စာအုပ်သည်လည်း ရှန်းလျဲ့ဆီမှ လက်ဆောင် ဖြစ်လေသည်။ ယခုအခါ ရှန်းလျဲ့ဖခင် ဖြစ်နေ၍ မိုဝူကျီက အလွန် ယဉ်ကျေးစွာဖြင့်

“ဒါက ဆေးလုံးဆရာရှန်းကိုး  ...  မိုဝူကျီရဲ့ မသိနားလည်မှုကို ခွင့်လွတ်ပေးပါ  ...  ”

သူက ရှန်းပိုင်ချီသည် အစိမ်းတိမ်တိုက် ခံတပ်၏ ခံတပ် သခင်မှန်း မသိခဲ့သော်လည်း ရှန်းလျဲ့သည် သူမ ဖခင်က မြေကမ္ဘာအဆင့် ဆေးလုံးဆရာ ဖြစ်ကြောင်း ပြောဖူးလေ၏။

ရှန်းပိုင်ချီက အမြန်အဆန် ဆက်ပြောလိုက်လေသည်။

“မဟာမိတ် ခေါင်းဆောင်မိုမှာ ကျုပ်နဲ့ စကားပြောဖို့ အချိန်လေးများ ရှိမလား  ...  ”

“ရတာပေါ့။ ရတာပေါ့ ဆေးလုံးဆရာရှန်း ဒီဘက်ကြွပါ  ... ”

မိုဝူကျီက လက်ဟန်ကြကာ ယဉ်ကျေးသမှုဖြင့် ပြောလိုက်သည်။ သူက ရှန်းလျဲ့ဆီမှ အကူအညီ ကြီးကြီး ရရှိခဲ့သည့်အတွက် ရှန်းပိုင်ချီက ဤနေရာ ရောက်လာသည့် အခါ မျက်နှာသာ ပေးရန် လိုအပ်လေသည်။

မိုဝူကျီနှင့် အနည်းငယ် ကွာသော နေရာကို ရပ်နေသည့် ဝမ်မန်ကျူက မိုဝူကျီသည် ရှန်းပိုင်ချီနှင့် ထွက်သွားသည်ကို မြင်လိုက်၏။ သူမက သက်ပြင်းချကာ ဖြည်းဖြည်းချင်း ထွက်ခွာ သွားတော့သည်။ သူမက မိုဝူကျီကို ရှာ၍ စကားအချို့ ပြောချင်သော်လည်း သူမတွင်  အမြဲတမ်း စိုးရိမ်နေစိတ်များ ရှိနေခဲ့သည်။ ယခု မိုဝူကျီက ထွက်သွားသည့်အခါ သူမက သူ့နောက်လိုက်ဖို့ရန် သတ္တိများ အားလုံး ပျောက်ကွယ်သွားလေသည်။

ထိုစဉ် မိုဝူကျီနှင့် စကား ပြောနေသူများတွင် ဂိုဏ်းချုပ်တို့၊ မြေရှင်သခင်တို့ မဟုတ်သည့်သူ ဟူ၍ မပါပေ။ သူမက သာမန် အပြင်စည်း တပည့်မျှသာ ဖြစ်လေသည်။ သူမက မိုဝူကျီနှင့် သူမသည် မတူညီသည့် ကမ္ဘာတွင် နေထိုင်ကြသူများ ထင်ခဲ့မိသည်။ သူမက ကျင့်ကြံခြင်းမှာ အောင်မြင်ဖြစ်ထွန်းသည့် အချိန်၌ မိုဝူကျီကို ကံကောင်းမှု တချို့ ပေးစွမ်း ပေးချင်မိသည်။ သို့သော် ယခု သူမ တွေးကြည့်လိုက်သည့် အခါ အမှန်ပင် ရယ်မောဖွယ် ကောင်းလှသည်။

“ဆေးလုံးဆရာရှန်း .. ရှန်းလျဲ့ရော အဆင်ပြေရဲ့လားဗျ  ... ”

နှစ်ယောက်သား အသစ် ဖွင့်လှစ်ထားသည့် လက်ဖက်ရည် အိမ်တော်သို့‌ ရောက်ရှိလာသည့် အခါ မိုဝူကျီက ရှန်းပိုင်ချီကို ဝိညာဉ် လက်ဖက်ရည်ကြမ်း တစ်ခွက်ငှဲ့ပေးရင်း ဦးစွာ မေးလိုက်သည်။

“ရှန်းလျဲ့ကို အခု ပိတ်လှောင်ထားတယ်။ သူမက ကျုပ်ရဲ့ စကားလုံးမဲ့ ဆေးနည်း စာအုပ်ကို ခိုးသွားလို့လေ”

ရှန်းပိုင်ချီက စကားအဆုံးတွင် မိုဝူကျီကို ကြည့်ရင်း ဆက်ပြောလိုက်လေသည်။

“သူမက သူမအမေကို ပြန်ပြောပြနေတာ ကြားလိုက် ရတာတော့ သူမက မဟာမိတ် ခေါင်းဆောင်မိုကို ပေးလိုက်တာဆို  ...  ”

မိုဝူကျီက ချက်ချင်း မျက်မှောင် ကြုတ်မိသွားလေသည်။ သူ့စကားလုံးမဲ့ ဆေးနည်း စာအုပ်သည် အမှန်ပင် ရှန်းလျဲ့ဆီမှ ရထားသည် မှန်သော်လည်း ရှန်းလျဲ့က ဈေးမှ ရရှိလာသည်ဟုသာ ပြောခဲ့လေသည်။ သူမအဖေဆီမှ ခိုးလာသည့် ကိစ္စက မည်သို့ ဖြစ်ပေါ်လာသနည်း။

မိုဝူကျီက မကြာခင်တွင် တုံ့ပြန်လိုက်လေသည်။ စကားလုံးမဲ့ ဆေးနည်းစာအုပ် ကဲ့သို့သော ရတနာမျိုးကို လမ်းဘေးမှ ရရှိလာလျှင် ကောင်းကင်သွေဖယ်သည့် ကံတရားကို ပိုင်ဆိုင်၍သာ ဖြစ်ရမည်။  အကြည့်နှင့်ပင် ရှန်းလျဲ့က သူ့ကို လိမ်ညာခဲ့မှန်း သိလိုက်သည်။

“ဟုတ်ပါတယ်။ စကားလုံးမဲ့ ဆေးနည်း စာအုပ်က ကျုပ်ဆီမှာပါ။ ကျုပ် ခင်ဗျားကို စာအုပ် ပြန်ပေး နိုင်ပါတယ်။ ဒါပေမဲ့ ရှန်းလျဲ့ကို လွတ်ပေးလို့ ရမလား။ သူမက အမှား မလုပ်ခဲ့ပါဘူး  ... ”

မိုဝူကျီ လေသံ အေးစက် လာလေသည်။ ရှန်းပိုင်ချီသည် ရှန်းလျဲ့၏ ဖခင် ဖြစ်သော်လည်း မိုဝူကျီက ထိုပိတ်လှောင်ထားသည့် အကြောင်းကို ကြားသောအခါ စိတ်အလိုမကျ ဖြစ်လာလေသည်။

သူက ရှန်းပိုင်ချီ စကားများကို သံသယမဝင်ပေ။ ရှန်းလျဲ့က သူ့ကို စကားလုံးမဲ့ ဆေးနည်းစာအုပ်ကို ပေးစဉ်အခါက တတိယလူ ရှိမနေပေ။ သို့သော် ရှန်းပိုင်ချီက ဤကိစ္စကို သိနေသောကြောင့် ရှန်းလျဲ့ ကိုယ်တိုင်ဆီမှသာ ဖြစ်လိမ့်မည်။ ထို့အပြင် ရှန်းလျဲ့နှင့် ရှန်းပိုင်ချီတို့ကား အနည်းငယ် ဆင်တူလှပေသည်။

ရှန်းပိုင်ချီက အတော်လေး အံ့အား သင့်သွားလေသည်။ သူက မိုဝူကျီသည် တည့်တိုးဆန်၍ စာအုပ် ထုတ်ပေးလိမ့်မည်ဟု ထင်မထားပေ။ အမှန်တကယ်တော့ သူက ထိုစာအုပ် ပြန်လည် ရရှိရန် အတွက် သူ့သွေးများနှင့် လဲလှယ်ရန်ပင် ပြင်ဆင်ထားလေသည်။ ထို့အပြင် သူ့ရှေ့တွင် ရှိနေသော မိုဝူကျီက သူ သွားရှုပ်နိုင်သည့် လူစားမျိုး မဟုတ်ချေ။

“မဟာမိတ်ခေါင်းဆောင်မိုကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျုပ်က ရှန်းလျဲ့ကို လွတ်ပေးဖို့ တွန့်ဆုတ် မနေပါဘူး။ ဒါပေမဲ့ ရှန်းလျဲ့ကို ပိတ်ထားတာက သူမ အမေကို ဒေါသ ထွက်သွားစေတယ်။ အဲဒါကြောင့် လွန်ခဲ့တဲ့ နှစ်ဝက်ကတည်းက သူမ အမေက ရှန်းလျဲ့ကို ခေါ်ပြီးတော့ အစိမ်းတိမ်တိုက် ခံတပ်ကနေ ထွက်သွားပြီ  ... ”

ရှန်းပိုင်ချီက ပင်ပန်း နွမ်းလျှစွာ ပြောလိုက်လေသည်။

“ဂိုဏ်းချုပ် .. ကျောက်စိမ်း ကွန်ယက်ဂိုဏ်းရဲ့ ဟော်ကျင့်ထီကို ခေါ်လာပါပြီ။ ပြီးတော့ ကျောက်စိမ်း ကွန်ယက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဟန်ရှင်းပါ ရောက်လာပါတယ်  ... ”

မိုဝူကျီက သူ့စကားလုံးမဲ့ ဆေးနည်းစာအုပ်ကို ထုတ်မပေး ရသေးခင် ရှင်းဟွမ်က ဘေးသို့ ရောက်လာကာ ပြောလိုက်သည်။

***

All Chapters