← Chapters

စစ်မှန်သော လူသားအဆင့်လွန်ဆုံးအဆင့်

Vol. 20 Ch. 267

စစ်မှန်သော လူသားအဆင့်လွန်ဆုံးအဆင့်

Vol. 20 Ch. 267

မုတ်ဆိတ်ဖြူ လူအိုကြီးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး

“ပြီးတော့ မင်းကို ပြောချင်တာ ရှိသေးတယ်။ ငါ ကယ်ပေးလိုက်တဲ့ မင်းရဲ့ ချစ်သူလေးက ကျန်းမိုနယ်မြေဆီ ပါသွားပြီ။ ငါ ကြားတာတော့ ရှားမူလို့ ခေါ်တဲ့ အရူးက သူမကို အတော်လေး စိတ်ဝင်စား နေတယ်ဆိုပဲ။ မင်းသာ လက်မသွက်ရင် မင်းရဲ့ အလှလေး ဆုံးရှုံး ရတော့မှာပဲ  အဟင်းဟင်း  ... ”

လူအိုကြီး ပြောသမျှ၊ လုပ်သမျှ အရာ အားလုံးတွင် ရည်ရွယ်ချက် ကိုယ်စီ ရှိကြ၍ မိုဝူကျီက လူအိုကြီး စကားများကို လျစ်လျူရှု ထားလိုက်ရသည် ...

“စီနီယာက ကျုပ်နဲ့ အပေးအယူ လုပ်ချင်မှတော့ ပြောလိုက်ပါ။ ကွေ့ပတ် မနေပါနဲ့တော့ .... ”

“တည့်တိုးပါ့လား။ ငါတို့ကြားက ဆက်ဆံရေးကို သဘောကျမိသား။ တည့်တိုး ဆန်တယ် ... ” မုတ်ဆိတ်ဖြူ လူအိုကြီးက သူ့ပေါင်ကို ပြန်ရိုက်ရင်း စိတ်လိုလက်ရ ပြောလိုက်လေ၏။

မိုဝူကျီက စိတ်ထဲမှာသာ ကျိန်ဆဲ လိုက်တော့သည်။

တကယ်လို့ ခင်ဗျား နည်းလမ်းက တည့်တိုး ဆန်တယ်ဆိုရင် လောကကြီးထဲ ကွေ့ပတ်နေတဲ့ အရာကို ရှိတော့မှာ မဟုတ်ဘူး ....

မုတ်ဆိတ်ဖြူ လူအိုကြီးက အရှက်တရား တစ်စက်လေးမျှ မရှိဘဲ မျက်နှာပြောင်စွာ ဆက်ပြောလိုက်လေ၏။

“ကျန်းမိုနယ်မြေမှာ လောက အဆင့်ဇယားလို့ ခေါ်တဲ့ အရာရှိတယ်။ အဲဒါက တခြား အဆင့် ဇယားတွေနဲ့ မတူဘူး။ ကောင်းကင်ဖွေရှာ အဆင့်ဇယားက မင်း တက်ခဲ့တဲ့ လှေကား အရေအတွက်နဲ့ မင်းနာမည်ကို ပြပေးတာ။ ဒါပေမဲ့ လောက အဆင့်ဇယားမှာ မင်းရဲ့ အဆင့်ကို ကြည့်ပြီးတော့ တက်ဖို့ ခွင့်ပြု ပေးတာမျိုး၊ မှတ်ထား .... လောက အဆင့်ဇယားက ကောင်းကင်ဖွေရှာ နန်းတော်နဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ။ တစ်ထစ်က အမြင့်ဆုံး အဆင့်ပဲ ...”

မိုဝူကျီက မျက်နှာ ပုံဆိုးပန်းဆိုး ဖြစ်လာပြီး

“ခင်ဗျားက ကျုပ်ကို လောက အဆင့်ဇယားမှာ အဆင့်တစ် ရအောင် လုပ်ခိုင်းနေတာလား ... ”

မုတ်ဆိတ်ဖြူ လူအိုကြီးက မိုဝူကျီ ထေ့ငေါ့ ပြောသည်ကို မကြားသည့်ဟန်ဖြင့် လက်မ ထောင်ပြကာ ပြောလိုက်သည်။

“မင်းနဲ့ အလုပ် ကောင်းကောင်း တွဲလုပ်ကြတာပေါ့။ မင်းက လောက အဆင့်ဇယားမှာ နံပါတ်တစ် ရဖို့ အရင်လိုတယ်။ ပြီးတော့ လှေကား တစ်ထစ်ကို တက်ရမယ်။ အဲဒီနောက်ကျ လောက ထိပ်ဆုံး အမှတ်အသားပြားကို ရလာလိမ့်မယ်။ အဲဒါက ပထမဆုံး အရာပဲ ... ”

မိုဝူကျီက အေးစက်စွာ ပြောလိုက်လေသည်။

“ကျုပ်လည်း လောက အဆင့်ဇယားကို ကြားဖူးတယ်။ ကျန်းမိုနယ်မြေ တစ်ခုလုံးမှာ အဆင့်မြင့်ဆုံး အဆင့်ဇယားပဲ။ အဆင့်ဇယားမှာ ရှိတဲ့သူတွေက လောက အင်မော်တယ် အဆင့် ဒါမှမဟုတ် အဲဒီထက် အဆင့်မြင့်တဲ့ သူတွေပဲ ....

တကယ်လို့ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ပါရင် ဆိုရင်တောင် သူတို့က အဆင့် နောက်ပိုင်းမှာပဲ ဖြစ်လိမ့်မယ်။ ဒီအဆင့်ဇယားက လောကတစ်ခွင်မှာ အကျိုးပြုမှတ်တွေ အားလုံးကို သီးသန့် တိုင်းတာကြတာ။ ကျင့်ကြံဆင့် မြင့်ဖို့ လိုအပ်ရုံတင် မကဘူး သူတို့ အမှတ်ကလည်း အဆင့်တစ် ဖြစ်နေရဦးမယ်....

အဲဒါကို ခင်ဗျားက ကျုပ်ကို အဆင့်တစ် ဖြစ်စေချင်တာလား။ ပြီးတော့ လောက အဆင့်ဇယားရဲ့ အဆင့်တစ်က ရှိနေတာ ကြာပြီဆို။ ကျုပ်က တက်နိုင်ရင်တောင် လောကထိပ်ဆုံး အမှတ်အသားပြားကို ကျုပ်ရမှာ မဟုတ်တော့ဘူး ... ”

မုတ်ဆိတ်ဖြူ လူအိုကြီးက လက်ကို ဝှေ့ယမ်း ပြလိုက်ရင်း

“အဲဒါက ဘာမှ မဟုတ်ပါဘူး။ ဘာမှ မဟုတ်ဘူး ....

လောက အဆင့်ဇယားမှာ အဆင့်တစ် ရတဲ့သူက အမြဲတမ်း နှစ်ရာကျော် ချီနေတဲ့ လူအိုကြီးတွေ ချည်းပဲ။ တကယ်လို့ နှစ် ၁၀၀ သက်တမ်းရှိမှ နံပါတ်တစ် နေရာကို ရခဲ့တယ်ဆိုရင် သူတို့က လောက အဆင့်ဇယားမှာ နံပါတ်တစ် အဆင့်ကို တက်နိုင်တော့မှာ မဟုတ်ဘူး။ ပြီး‌တော့ ကျန်းမိုနယ်မြေက လူနည်းနည်းလေးပဲ လောက အဆင့်ဇယားကို တက်ကြတာ။ သူတို့က အများကြီး စားပြီးတော့ စွမ်းအားတွေ ပိုနေတယ် ထင်နေလား ...

သူတိုက သူတို့နာမည် ကျန်ဖို့ပဲ ဂရုစိုက်ကြတာ တက်ရကောင်းမှန်း သိတာ မဟုတ်ဘူး။ အဲဒါကြောင့် မင်းက အရင်ဆုံး ရှေ့မှာ ရှိနေတဲ့ အဆင့် ဇယားမှာ တစ်ရအောင် ယူလိုက် ...  ပြီးရင် လောကထိပ်ဆုံး အမှတ်အသားပြားကို ရဖို့ အခွင့်အရေး ရလာလိမ့်မယ်။ တကယ်လို့ မင်းက အသက်တစ်ရာကျော်မှ ရောက်သွားတယ် ဆိုရင်တော့ မင်းက ဒီအဆင့်နိမ့်နယ်မြေလေးမှာ နံပါတ်တစ် ဖြစ်ဖို့ မတန်ဘူး။ အဲဒီ ပါရမီနဲ့ဆိုရင် တက်နေလို့ အကျိုးမရှိဘူး ...”

မိုဝူကျီက သက်ပြင်း ချလိုက်ပြီး

“အဲဒါကြောင့် ချိန်စုယင်ကို  ကျန်းမိုနယ်မြေဆီ လွတ်ဖို့ အတွေးနဲ့ ကယ်လိုက်တာ မလား ... ”

မိုဝူကျီက ချိန်စုယင် အကြောင်း အချိန်အတော်ကြာ စုံစမ်းနေမိ၍ ဤမြေခွေးလို လူအိုကြီးက သူမကို ကယ်ပြီးတော့ တစ်ခွန်းလေးမျှ မပြောဘဲ ဓားရေကန် အပေါက်ဝဆီ ထားခဲ့ကြောင်း သိထား၏။ ထို့အပြင် ထိုအအကြောင်းကို သိရှိခဲ့သူမှာ ဓားရေကန်မှ အကြီးအကဲ ကိုယ်တိုင် ဖြစ်လေသည်။

“ဒါက မင်းပြောတာနော်။ ငါက သူမကို ကျန်းမို နယ်မြေသွားဖို့ အတင်းကျပ် မလုပ်ဖူးဘူး။  ငါက ဘာမှ မပြောလိုက်ပါဘူး။ ငါက ကောင်းတာတွေပဲ လုပ်တာပါ ....

ပြီးတော့ သူမက ကျန်းမို နယ်မြေကို သွားချင်တာလေ။ ဟိုရောက်တော့ ရှားမူက စိတ်အနှောင့်ယှက် ပေးတယ်လို့တောင် ကြားသေးတယ်။  အဲဒါကြောင့် မင်းက မြန်မြန် လက်သွက်ဖို့ လိုတယ်။ သူမကို ဆွဲဆောင်ပြီးတော့ အိပ်ရာဆီသာ ခေါ်သွားလိုက်တော့။ အဲဒီနောက် မင်းလုပ်ရမှာကို ဆက်လုပ် ...”

မုတ်ဆိတ်ဖြူ လူအိုကြီးက အလောတကြီး ဖြေလိုက်သည်။ မိုဝူကျီက ရိုးရှင်းစွာ ပြန်ပြော လိုက်လေသည်။

“ကျုပ်က တည့်တိုးပဲ ကြိုက်တယ်။ တကယ်လို့ ခင်ဗျား လှည့်ပတ်ကွေ့ဝှက် ပြောနေဦးမှာ ဆိုရင်တော့ ကျုပ် ဆက်မပြော ချင်တော့ဘူး။ အများဆုံး ခင်ဗျားဘာသာ ခင်ဗျားအတွက် ကျန်းမို နယ်မြေကို လွတ်ရမဲ့သူကို ထပ်ရှာရုံပေါ့ ... ”

မြေခွေးအိုကြီးက နယ်ခြား ကျင့်ကြံသူများ ပျောက်ဆုံး နယ်မြေကို လာဖျက်စီးစဉ်က ဝင်ကူဖို့ရန်ပင် ပျင်းရိနေသူ ဖြစ်၏။ မိုဝူကျီက ကောင်းကျိုးဟု အမည်တပ်ရင်း ချိန်စုယင်ကို စိတ်နှလုံး ကောင်းကောင်း ကူညီ ပေးလိမ့်မည်ဟု မယုံကြည်ပေ။

မုတ်ဆိတ်ဖြူ လူအိုကြီးက ဟက်ဟက်ပက်ပက် ရယ်မောရင်း

“အာ .. မင်း ချိန်စုယင် အကြောင်းပြောမှ ပြန်စဉ်းစားမိသွားပြီ။ သူမကို ကယ်တုန်းက အဲဒီလိုတော့ တွေးခဲ့ပါတယ်။ ဒါပေမဲ့ သူမကို မင်းနောက်ကနေ ကျန်းမိုနယ်မြေဆီ လိုက်သွားစေချင်တဲ့ ဆန္ဒက ပိုကြီးတာပေါ့ .... ”

မိုဝူကျီက တစ်ခွန်းလေးမျှ ပြန်မပြောတော့ဘဲ တိတ်ဆိတ် သွားလေသည်။ သူက ချိန်စုယင် စရိုက်ကို ကောင်းကောင်းသိ၏။ လျှပ်စီးကျင့်စဉ် ရရှိဖို့ရာအတွက် သူက အပြင်စည်း တပည့်ဆီ၌ အောက်ကျခံ၍ တောင်းဆို ခဲ့ဖူးသည်။ အကယ်၍ သူမတွင် တာအိုလမ်းကြောင်း လျှောက်လှမ်းဖို့ရာ ကျန်းမိုနယ်မြေသို့ သွားဖို့ အခွင့်အရေး ရရှိမည်ဆိုလျှင် သူမက သေချာပေါက် လက်လျော့မည် မဟုတ်ပေ။ သူက ချိန်စုယင် စရိုက်ကို သိသော်လည်း မြေခွေအိုကြီးက သိနိုင်သည့် အကြောင်းအရင်း မရှိချေ။

“အဲဒါဆို ဒုတိယ ကိစ္စ ဆက်ပြောတာပေါ့။ ခင်ဗျားက တစ်ခုတည်းနဲ့ မကျေနပ်တာ သိတယ်”

မိုဝူကျီက တည်ငြိမ်အောင် နေလိုက်သည်။ မုတ်ဆိတ်ဖြူ လူအိုကြီးက ကိစ္စများ အားလုံးကို တွက်ချက်၍ သူ့အား ကယ်တင်ခဲ့ခြင်း ဖြစ်လေသည်။ အနည်းဆုံးတော့ ထိုအတုအယောင် လူများထက် စာလျှင်တော့ ပိုကောင်းသေး၏။

မုတ်ဆိတ်ဖြူ လူအိုကြီးက ပြုံးကာ ဆက်ပြောလိုက်သည်။

“မင်းအတွက် ဒုတိယ အချက်က နတ်ဘုရား မျှော်စင်မှာရှိနေတဲ့ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင် အမှတ်အသား နှစ်ခုကို ယူခဲ့ပြီးတော့ ကျီလီ လို့ခေါ်တဲ့ လူကို ကယ်ပေးရမယ်။ မင်း အဲဒါ လုပ်နိုင်ရင် ငါတို့ အပေးအယူက ပေးသွားပြီ ... ”

“နတ်ဘုရား မျှော်စင်က ဘယ်မှာလဲ။ ကျီလီက ဘယ်သူလဲ  ... ကျုပ်လည်း မသိပါ့လား ..”

မိုဝူကျီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ မုတ်ဆိတ်ဖြူ လူအိုကြီးက လက်ကို ဝှေ့ယမ်းရင်း

“မင်းမှာ စွမ်းရည်ရှိလာတဲ့ အခါကျ သိလာ ပါ့လိမ့်မယ်။ မင်းမှာ စွမ်းဆောင်ရည် မရှိရင်တော့ သိလည်း အသုံးဝင်မှာ မဟုတ်ဘူး ... ”

“အဲဒီလိုဆိုမှတော့ လုပ်နိုင်တဲ့သူ ဘာလို့ မရှာတာလဲ …”

မိုဝူကျီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ထိုသည်က လူအိုကြီး စိတ်ထိခိုက်သည့် အမူအရာကို ပထမဆုံး အကြိမ် တွေ့ဖူးခြင်း ဖြစ်လေ၏။

“ငါလည်း မရှာချင်ဘဲ နေမလား။  ငါ ဒီနန်းတော်ကို စကာကွယ် ပေးတုန်းက ကောင်းကင်ဖွေရှာ နန်းတော်ဆိုတာ ဘာမှ မဟုတ်သေးဘူး။ ပြီးတော့ ပျောက်ဆုံး နယ်မြေမှာ ပါရမီရှင်တွေ ထွက်ပေါ် လာကြတယ်။ အဆင့်မြင့်ကျင့်ကြံသူတွေက တိမ်တိုက်တွေလိုပဲ ပေါများ လာကြတယ်၊။ ဒါပေမဲ့ တစ်ယောက်မှ ကောင်းကင်ဖွေရှာ လှေကား ထိပ်ဆုံးကို မတက်နိုင်ကြဘူး။ တစ်ခါက ကောင်းကင်ဖွေရှာ လှေကားကို ၁၀၇ ထစ်ထိ တက်နိုင်တဲ့သူကို တွေ့လိုက်တယ်။ ငါ အရမ်းပျော်လွန်းလို့ မျက်ရည်တောင် ထွက်လုမတတ်ပဲ။ ဒါပေမဲ့ အဲဒီ ကောင်လေးက ၁၀၈ ထစ်ကို မတက်လှမ်း နိုင်ခဲ့ဘူး ...  ”

ဤနေရာတွင် ပိတ်မိနေသည့် အမှတ်ရမှုများတွင် နှစ်မြုပ်နေရင်း လူအိုကြီးက မျက်ဝန်းထဲမှ အောက်မေ့တသ ဖြစ်မှုများကို ဖယ်ပြီး ဆက်ပြောဖို့ရာ အချိန်တချို့ ယူခဲ့ရလေသည်။

“မင်းမှာ ဝိညာဉ်ကြော မရှိပေမဲ့ ချီသွေးကြောဖွင့်တဲ့ မင်းနည်းလမ်းနဲ့မင်း ဒီအထိ ကျင့်ကြံ လာနိုင်ခဲ့တယ်။  အဲဒါတင် မကသေးဘူး။ မင်းက မင်းခန္ဓာထဲက ချီသွေးကြော ၁၀၈ကိုလည်း ရှာတွေ့ ခဲ့တယ်။ သူတို့တွေက အပြည့်အဝ မပွင့်သေးပေမဲ့ အချိန် တစ်ခုပဲ ကြာမယ်လို့ ငါထင်တယ် ....

မင်းက ကံလည်း အတော် ကောင်းတယ် ပြောရမယ်။ မင်းနဲ့ သင့်တော်တဲ့ အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ရှာနိုင်ခဲ့သေးတယ်။ အဲဒါကြောင့် မင်းတစ်ယောက်တည်းကပဲ ပျောက်ဆုံးနယ်မြေ တစ်ခုလုံးမှာ လူသား အဆင့်လွန်ဆုံး အဆင့် အစစ်အမှန်ပဲ။  မင်းမှာ မြေကမ္ဘာ အဆင့်လွန်ဆုံး အဆင့်ကို တက်ဖို့လည်း အခွင့်အရေး ရှိတယ်။ ပြီးတော့ အရေးကြီးဆုံးက မင်းက ၁၀၈ ထစ်ထိ ရောက်ခဲ့တာပဲ ....

မင်း မသိလောက်ပေမဲ့ မင်း အင်မော်တယ် ရှာဖွေရေး အမှတ်အသားပြားကို ယူလာတုန်းက မင်းဆီက လုယူပြီးတော့ ငါ ဒီနေရာက ထွက်သွားမလို့ပဲ။  ပြီးရင် ကျန်းမိုနယ်မြေဆီ သွားပြီးတော့ ပါရမီရှင် သွားရှာမယ်ပေါ့။ ဒါပေမဲ့လည်း အဲဒီအတွေးကို ပြန်ငြင်းဆန် နိုင်ခဲ့တယ် ငါက မင်းကို ရွေးချယ် ထားမှတော့ တခြားသူကို ဘာလို့ ရှာရမှာလဲ။  မင်း ချီသွေးကြောဖွင့် ကျင့်ကြံခြင်းကို မြင့်မြင့်တော့ တွေးမထား ပေမဲ့ မင်းလိုမျိုး ထူးခြားတဲ့လူကို ငါ ဘယ်မှာရှာရမလဲ ... ”

သူက အင်မော်တယ် ရှာဖွေရေး အမှတ်အသားပြား ထုတ်ပေးစဉ်က မြေခွေအိုကြီး အမူအရာကို ပြန်တွေးမိသောအခါ အကြမ်းဖျင်း နားလည် သွားလေသည်။ သူက ထိုမြေခွေးအိုကြီးက သူ့ကျင့်ကြံခြင်းကို မြင်နိုင်လိမ့်မည်ဟု ထင်မထားပေ။

ထိုလူ ဇစ်မြစ်က ဘာများလဲ .... သူ့မှာ ရွှေရောင် အမြူတေ မရှိဘဲ ခရမ်းရောင် ဖြစ်တည်ခြင်း ရှိနေသည် ကိုရော သိနေသည်လား  ...

“စီနီယာ ... ကျုပ်တော့ ပျောက်ဆုံး နယ်မြေမှာ ကျုပ်တစ်ယောက်တည်း လူသား အဆင့်လွန်ဆုံး အဆင့် မဟုတ်တာတော့ သေချာပါတယ်။  တချို့ သူတွေလည်း ရှိပါတယ်။ အများစုက အဆင့် ၁၀ ထိ ရောက်ပြီးတော့ ကျုပ်က အဆင့် ၁၂ ထိ ရောက်တာပဲ ကွာတာပါ ... ”

မိုဝူကျီက မုတ်ဆိတ်ဖြူ လူအိုကြီး နားလည်မှု လွဲနေသည်ကို ပြန်ပြင်ပေး လိုက်သည်။

မုတ်ဆိတ်ဖြူ လူအိုကြီးက အားရပါးရ ရယ်မောပြီး

“အဆင့်သုံးခုလုံးမှာ အဆင့်ငယ် အတူတူ ရှိကြတယ်။ နမူနာ အနေနဲ့ဆိုရင် မင်းက အခု ယွမ်ဒန်အဆင့် ဆိုတော့ ယွမ်ဒန်အဆင့် ၁ ကနေ ၃ အထိက ယွမ်ဒန်အခြေခံ အဆင့်၊ အဆင့် ၄ ကနေ ၆ အထိက အလယ်အလတ် အဆင့် နဲ့ ၇ ကနေ ၉ အထိက အဆင့်မြင့် အဆင့်ပဲ။ အဆင့် သေးလေးမှာ သုံးခုဆီ ရှိမှတော့ လူသား အဆင့်လွန်ဆုံး အဆင့်က ဘာလို့ တစ်ဆင့်တည်း ဖြစ်ရမှာလဲ။ မင်းကို ပြောပြမယ် လူသား အဆင့်လွန်ဆုံး အဆင့်မှာလည်း သုံးဆင့် ရှိတယ် အဆင့် ၁၀ ကနေ ၁၂ အထိပေါ့။  အဲဒါကြောင့် အဆင့် ၁၀ လူသား အဆင့်လွန်ဆုံး အဆင့်တွေက သူတို့ကို သူတို့ အထင်ယောင် အထင်မှားတွေ ဖြစ်နေတာ။ ဖွီး  ... ပြောဖို့တောင် မတန်ဘူး .. မတန်ဘူး .... ”

ထိုသို့ဆိုလျှင် မိုဝူကျီက သူ့အဆင့်များက အဆင့် ၁၂ ထိ ဖြစ်နေရခြင်း အကြောင်းအရင်းကို နားလည်သွားလေသည်။ သူက မှားယွင်းစွာ ကျင့်ကြံမိ၍ မဟုတ်ဘဲ တခြား သူများက မှားနေကြခြင်း ဖြစ်၏။ ထို့ကြောင့် သူက အမှန်တရားကို လက်ဆုပ်ထားသည့် လူနည်းစုလေးမှ တစ်ယောက် ဖြစ်သွား လေသည်။

“စီနီယာ ... အဲဒီလိုဆိုရင်  ကျုပ် သဘောတူတယ်။ ဒါပေမဲ့ ကျုပ် ဗြောင်ပဲ ပြောပါ့မယ် ကျုပ် အကောင်းဆုံး ကြိုးစား ပေးပါ့မယ်။ တကယ်လို့ ကျုပ် ဘဝတစ်လျှောက်လုံး နတ်ဘုရား မျှော်စင်ကို ရှာမတွေ့ခဲ့ပြီးတော့ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ကို မဖွင့်နိုင် ခဲ့ရင်လည်း စီနီယာ အတွက် အမွေ ဆက်ခံသူကို ရှာပေးပါ့မယ် ... ”

မိုဝူကျီက လက်နှစ်ဖက် ယှက်လျက် ပြောလိုက်သည်။ လူအိုကြီးက သက်ပြင်း ချလိုက်တော့သည်။

“ငါ တကယ် မင်းရဲ့ နည်းလမ်းနဲ့ ကံကောင်းမှုကို မှန်းဆထားတာ ဆိုတော့ မင်းက အသက် ၁၈၀၀ ထိ နေရင်တောင် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ နှစ် ၁၈၀၀ ထိ စောင့်နေရင်တော့ နတ်ဘုရား မျှော်စင်ကို သွားဖို့ အဓိပ္ပာယ် မရှိတော့ဘူး .... ”

***

“လေးနာရီ ပြည့်ပြီ .. ”

ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့တွင် မျက်ခုံးမဲ့ အမျိုးသားက ရုတ်တရက် ထရပ်လိုက်ကာ သူ့လူသတ်ငွေ့ကား စတင် သတ်ဖြတ်တော့မည့် ပြင်ဆင်ထားသည့် အတိုင်း နေရာအနှံ့ ပျံ့နှံ့ သွားလေသည်။

ထိုလူသတ်ငွေ့ကြောင့် ဂိုဏ်းချုပ်များ အားလုံးက နောက်နည်းနည်း ဆုတ်မိသွားကြလေသည်။ တစ်ယောက်မျှ ထိုအရာသည် အတုအယောင်ဟု မတွေးဝံ့ကြပေ။ တစ်ဖက်လူကား လောက အင်မော်တယ် အဆင့် ဖြစ်ကာ အကယ်၍ သူက ပျောက်ဆုံးနယ်မြေ တစ်ခုလုံးကို အမြစ်ဖြတ် ရှင်းလင်းလိုပါက သူက လုပ်ဆောင်နိုင်စွမ်း ရှိနေလေသည်။

ကျန်းရှုရှုန်းက မျက်နှာ မသာမယာဖြင့် အေးစက်စွာ ပြောလိုက်၏။

“သူက ပြောတော့ တစ်မျိုး လုပ်တော့ တခြားပါ့လား ။  ဒြပ်ငါးမျိုး ကင်းမဲ့နယ် စင်မြင့်ပေါ်မှာ သောင်းကျန်းခဲ့တဲ့ သတ္တိတွေက ဘယ်ကမ္ဘာ ရောက်သွားပြီလဲ။ နှစ်နှစ်လုံးလုံး ကျုပ်တို့က ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့အတွက် ကြိုးစား ခဲ့ရတယ်။ ဒါပေမဲ့ သူက ဘယ်မှာလဲ ...  ”

“ကျုပ် ဘယ်သွားသွား ခင်ဗျားဆီ အစီအရင် ခံနေရမှာလား ကျန်းရှုရှုန်း ... မဟာမိတ် ခေါင်းဆောင်က ခင်ဗျားလား ကျုပ်လား ..”

မိုဝူကျီက အခန်းအတွင်းသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်း လာသည့် နောက်မှ အသံက ထပ်ချက်မကွာ လိုက်ပါ လာလေသည်။

ကျန်းရှုရှုန်း အသံက ရပ်တန့်သွားလေသည်။ သူက မိုဝူကျီ ယခု ပေါ်လာမည်မှန်း ထင်မထားပေ။ အကယ်၍ သိခဲ့ပါက သူက ထိုစကားကို နည်းနည်း နောက်ကျမှ ပြောမိခဲ့လိမ့်မည်။

မိုဝူကျီက ရောက်ရှိလာ၍ ခန်းမ တစ်ခုလုံးကား စိတ်သက်သာရာ ရသွားလေသည်။ အားလုံးက မိုဝူကျီ လာလျှင် သူ သေနိုင်သည်ကို သိကြ၏။ သို့သော် သူ ရောက်မလာလျှင် အားလုံး အခြေအနေ ဆိုးလေပြီ။

“မဟာမိတ် ခေါင်းဆောင်မို  ... ”

ဖုန်းကျန့်ချိုးက မိုဝူကျီကို နှုတ်ဆက်နေရင်း သူ့မျက်နှာတွင် ခါးသီသည့် အမူအရာများ ရှိနေလေသည်။ အခြေခံ သဘောတရား အရ ဂိုဏ်းတစ်ရာ မဟာမိတ်က အခက်အခဲနှင့် ရင်ဆိုင် နေရသည့် အခါ သူတိုက မဟာမိတ် ခေါင်းဆောင် တစ်ယောက်တည်း ရင်ဆိုင်ဖို့ရာ မထားသင့်ပေ။ သို့သော် ယခုအတွက် မိုဝူကျီက သူတို့ကို ရှေ့မှ ကာကွယ်ဖို့ရာ ရောက်ရှိလာသော်လည်း သူတို့ လုပ်နိုင်သည့် အရာကား ဘာမျှ မရှိချေ။

အားလုံးက သေခြင်းတရားကို ကြောက်ရွံ့ကြ၍ မဟုတ်ဘဲ မပြိုလဲနိုင်သည့် ကျောက်ဆောင်ကို နောက်ထပ် ကြက်ဉတစ်လုံးဖြင့် ပေါက်နေသကဲ့သို့ ဖြစ်နေ၍ ဖြစ်သည်။  ထိုသို့ ဖြစ်နေမှတော့ ကြက်ဉ အလကား ဆုံးရှုံး သွားသည်သာ အဖတ် တင်လိမ့်မည်။

“မင်းက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ လား ...  ”

မျက်ခုံးမဲ့ အမျိုးသားက မိုဝူကျိကို ခြုံငုံကြည့်ရင်း အံ့ဩဟန်ဖြင့် မေးလိုက်သည်။ မိုဝူကျီ ဘေးနားမှ ဝိညာဉ် စွမ်းအားများ အားနည်းသည်ကို ခံစားမိသည်။ သူ့ဗဟုသုတ အရ မိုဝူကျီ၏ ဝိညာဉ်ကြောမှာ သာမန်သာ ဖြစ်နေသင့်ပေသည်။

“ကျုပ်က ခင်ဗျားနဲ့ ဘာရန်ငြိုးရန်စမှ မရှိဘူး။ ကျုပ်ကို ရှားမူကြောင့် လာရှာတာလား .. ”

မိုဝူကျီက မျက်ခုံးမဲ့ အမျိုးသားကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။

“အဓိပ္ပာယ် မရှိတာတွေ တော်စမ်း။ သွားကြမယ် ... ”

မျက်ခုံးမဲ့ အမျိုးသားက လက်ကို မြောက်၍ မိုဝူကျီကို ဆန့်ထုတ်လိုက်သည်။ သို့သော်လည်း သူ့မျက်နှာကား ချက်ချင်း ပြောင်းလဲ သွားရင်း လက်ကို ပြန်ရုပ်သိမ်း လိုက်သည်။ တစ်ချိန်တည်းတွင် ခန်းမ ဝင်ပေါက်ဆီကို လက်သီးတစ်ချက် ပို့လွတ်လိုက်သည်။

ထိုလက်သီးချက်တွင် ပေါက်ကွဲစေသည့် စွမ်းအားများ စုစည်းထားပြီး အခန်း တစ်ခုလုံး တုန်ခါ သွားစေသည်။ ထိုသည်က ဧရာမ နဂါး တစ်ကောင်က ခန်းမတစ်ခုလုံးကို မျိုချချင်သည့် အလားနှင့် သဏ္ဍာန် တူပေသည်။

***

All Chapters