← Chapters

ကြည့်ရတာဒီလှံရှည်ကိုထပ်မလိုချင်တော့ဘူးထင်တယ်

Vol. 54 Ch. 758

ကြည့်ရတာဒီလှံရှည်ကိုထပ်မလိုချင်တော့ဘူးထင်တယ်

Vol. 54 Ch. 758

အခန်း (၇၅၈) ကြည့်ရတာဒီလှံရှည်ကိုထပ်မလိုချင်တော့ဘူးထင်တယ်

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ထုတ်လွှတ်လိုက်ရာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အလင်းတန်းက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး နေရောင်ခြည်ကိုပင်ဖုံးလွှမ်းသွား၏။

ဂဠုန်ငှက်ကြီးက အတောင်တစ်ချက်ခတ်လိုက်ပြီး ကောင်းကင်ထက်သို့ လျှင်မြန်စွာ ပျံသန်းထွက်ခွာသွားသည်။

ကောင်းကင်အက်ကွဲကြောင်းအနီးတွင် ကျန်ရစ်ခဲ့သော တာ့ရွှမ်တိုင်းပြည်မှ ကျင့်ကြံသူများအားလုံးက အဆင့်မြင့် တန်ခိုးစွမ်းအားရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် ရန်ကျောက်ကဲ သူတို့အနားရောက်မလာခင်မှာပင် အာရုံခံမိသွားကြပြီး အဝေးသို့ လှမ်းကြည့်လိုက်ကြသည်။

မည်သူမည်ဝါဖြင့်ကြောင်း သိရသည့်အခါ သူတို့အားလုံး အံ့အားသင့်သွားကြ၏။

“ရန်ကျောက်ကဲ”

လင်ဟန့်ဟွာနှင့် မုကျွင်းတို့ ညီအစ်ကိုနှစ်ယောက်က ရန်ကျောက်ကဲကို ကာကွယ်ပေးထားသဖြင့် ခန်းဖင်းက ရန်ကျောက်ကဲအားလက်စားချေရန် နောက်ဆုတ်လိုက်ခြင်းဖြစ်ကြောင်း လူတိုင်းသိရှိကြသည်။ သို့ဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် လင်ဟန့်ဟွာအနားတွင်နေထိုင်ခြင်းက အန္တရယ်အကင်းဆုံး ဖြစ်၏။

ခန်းဖင်းကဲ့သို့ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်နှင့် ရန်ငြိုးဖွဲ့ထားပြီး ၊ ခန်းဖင်းကလည်း သာမန်လူတစ်ယောက်မဟုတ်ဘဲ နောက်လိုက်နောက်ပါ တန်ခိုးစွမ်းအားရှင်များစွာရှိသူ ဖြစ်သည်။

ရန်ကျောက်ကဲက သူ့ကိုကာကွယ်ပေးသူများကြားတွင် နာခံစွာမနေဘဲ အဘယ့်ကြောင့် ရှေ့ထွက်လာရပါသနည်း။ ဤသည်က ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်မနေဘူးလား။

ခန်းဖင်း ၊ ဧကရာဇ်ရွှမ်မုနှင့် သူတို့နောက်လိုက်များသာမက တာ့ရွှမ်မင်းဆက်မှလူများအားလုံး ရန်ကျောက်ကဲ ပုန်းအောင်းနေရာမှထွက်လာအောင် မည်သို့ဆွဲထုတ်ရမည်ကို စိတ်ပူပန်နေခဲ့ကြသည်။  အစွန်းရောက်ရှစ်ပါးကမ္ဘာကိုတိုက်ခိုက်ခြင်းက သူတို့ဒေါသကို ဖြေလျှော့ရန်အပြင် ရန်ကျောက်ကဲထွက်လာစေရန်လည်း ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်၏။

သို့သော် ဝိညာဉ်နယ်မြေ ၊ နေလတောင်ထွတ်တွင် ရန်ကျောက်ကဲပေါ်လာမည်ဟု မည်သူမှ ထင်မထားကြပေ။

ဤနေရာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးတွင် တာ့ရွှမ်မင်းဆက်မှ တန်ခိုးစွမ်းအားရှင်များစွာ စုစည်းနေကြောင်း ရန်ကျောက်ကဲ မသိခဲ့ဘူးလား။

ခန်းဖင်း ၊ ကုကျန်း ၊ ဟယ်တုန်းချန် ဆိုသော အမတကူးပြောင်းခြင်း သိုင်းသူတော်စင်အ (၃)ယောက် ဤနေရာတွင် ရှိနေခဲ့သည်။ ထို့ပြင် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခုဖြစ်သော တိမ်လွှာအလင်းဓားနှင့် ရွှမ်ဧကရာဇ်လှံရှည်သည်လည်း သူတို့နှင်အတူ ပါရှိသည်။

ဤသို့သော စွမ်းအားပေါင်းစည်းခြင်းက အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို သွားရောက်ရန်မစဘူးဆိုလျှင် ကျူတောပင်လယ်ဒေသတွင် ထိပ်တန်းအဆင့်ရပ်တည်ရန် လုံလောက်ပေသည်။

နေလတောင်ထွတ် ကျရှုံးသွားခြင်းက အကောင်းဆုံးသက်သေပင်ဖြစ်၏။

လော့ကျီးထောင်နှင့် ကွမ်းမင်ဂိုဏ်းမှလူများသာလျှင် မဟုတ်ပေ။ ကြေးနီကျွန်းနှင့် မြောက်ပင်လယ်ဓားခန်းမတို့မှ တန်ခိုးစွမ်းအားရှင်များလည်း ဤနေရာတွင် ရှိနေကြသည်။ ကွမ်းမင်ဂိုဏ်း ပင်မအစီအရင်ကို ဖြန့်ကျက်ထားသည့်တိုင် သူတို့အနေဖြင့် တာ့ရွှမ်တိုင်းပြည်၏ စွမ်းအားအပြည့်တိုက်ခိုက်မှုကို ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ဒါတောင်မှ ရန်ကျောက်ကဲက သူတို့အားလုံးရှိနေသည့် ဝိညာဉ်နယ်မြေတွင် ပေါ်လာရဲသည်တဲ့လား။ တာ့ရွှမ်မင်းဆက်မှ လူများအားလုံး မဆီလျော်သလို ခံစားလိုက်ရသည်။

ကောင်းကင်အက်ကွဲကြောင်းအပြင်ဘက်တွင် ကျန်ရှိခဲ့ကြသော တာ့ရွှမ်တိုင်းပြည်မှ တန်ခိုးစွမ်းအားရှင်များအားလုံး သတိလက်လွတ်ဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်မိကြသည်။

ရန်ကျောက်ကဲနှင့်အတူ အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ တပည့်များလည်း ဤနေရာသို့ ရောက်ရှိလာသည်လား။ အရှေ့တောင်ထိပ်တန်းအရှင်သခင် စိတ်ပြောင်းသွားသဖြင့် သူတို့အားလုံးကို တိုက်ခိုက်ရန် ရောက်လာကြသည်လား။

ရန်ကျောက်ကဲ ဤနေရာသို့ ရောက်လာရဲသည်မှာ အားကိုးရှိသောကြောင့်ဟု သူတို့အားလုံး တွေးမိကြ၏။ မဟုတ်ပါက မည်သို့လာရောက်ရဲပါမည်နည်း။

သို့ပေသိ ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တော့ မည်သူ့ကိုမှ မတွေ့ရှိရပေ။

ယုတ္တိကျကျဆိုရလျှင် ကျင်းထင်တောင်မှတန်ခိုးစွမ်းအားရှင်များ သူတို့ကိုတိုက်ခိုက်လိုပါက ခိုးကြောင်ခိုးဝှက် လုပ်စရာမလိုပေ။ စစ်ရထားများအလံထူပြီး ဖြောင့်ဖြောင်းတန်းတန်း လာရောက်တိုက်ခိုက်ကြပေလိမ့်မည်။

သူတို့က အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကိုအုပ်စိုးသော အရှင်သခင်များဖြစ်သည် မဟုတ်လား။

တာ့ရွှမ်တိုင်းပြည်မှလူများမှာ စိုးရိမ်ပူပန်ခြင်းထက် အံ့အားသင့်သွားကြသည်။ သို့သော် ချက်ချင်းပင် သတိပြန်ဝင်လာကြ၏။

ကျင်းထင်တောင်မှလူများမပါရှိဘဲ ဤနေရာသို့ တစ်ယောက်တည်းရောက်လာခြင်းက ရန်ကျောက်ကဲအတွက် သေတွင်းထဲဆင်းလာခြင်းပင် မဟုတ်ပါလား။

အရင်ကတော့ ရန်ကျောက်ကဲကို ဘယ်လိုဆွဲထုတ်ရမလဲ ခေါင်းစားခဲ့ကြသည့်တိုင် ယခုတော့ ထိုလူငယ်က ထောင်ချောက်အတွင်းသို့ ကိုယ်တိုင်ဝင်ရောက်လာလေပြီ။ ဤသည်ထက် ပိုကောင်းသောအခြေအနေ မရှိနိုင်တော့ပေ။

ခန်းဖင်းတို့အုပ်စုက လော့ကျီးထောင်တို့နောက်လိုက်နေပြီး ဧကရာဇ်ရွှမ်မုက အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ လူအများခေါ်ဆောင်ကာ ဆင်းသက်သွားသော်လည်း ဤနေရာတွင်ကျန်ခဲ့သော တာ့ရွှမ်တိုင်းပြည် စစ်သည်တော်များက ထိတ်လန့်ခြင်းမရှိခဲ့ကြပေ။

ရွှမ်ဧကရာဇ်လှံရှည်သည်လည်း သူတို့နှင့်အတူ ရှိနေသဖြင့် ယုံကြည်မှုအပြည့် ရှိနေကြသည်။

ဧကရာဇ်ရွှမ်မု၏ ‘ရွှမ်ဧကရာဇ်လှံရှည်’ ကို ယာယီကိုင်ဆောင်ထားသော ရွှေရောင်သံချပ်ကာဝတ်ကျင့်ကြံသူက နက်ရှိုင်းသည့်အသံဖြင့် အော်ဟစ်လိုက်သည်။

“အကျိုးဆောင်ဖို့တစ်ခုတည်း စိတ်အားထက်သန်မနေကြနဲ့ ၊ တစ်ခုခုမှားသွားရင် မင်းကြီးကိုရှင်းပြရခက်လိမ့်မယ်”

ထို့နောက် သူက ရွှမ်ဧကရာဇ်လှံရှည်ကိုဆုပ်ကိုင်ထားရင်း လေးစားနက်ရှိုင်းသည့်လေသံဖြင်...

“ဒီငယ်သား အသုံးပြုရမှာကို ခွင့်လွှတ်တော်မူပါ”

ပြောပြီးသည်နှင့် မီးတောက်မီးလျှံများက သူ၏ခန္ဓာကိုယ်ထက်တွင် တောက်လောင်လာပြီး ကောင်းကင်ထက်တိုင် ပျံ့နှံ့သွားကာ မီးပင်လယ်ကြီးတစ်ခု ဖြစ်တည်လာသည်။ ထိုမီးပင်လယ်ထဲတွင် ငန်း ၊ ကြိုးကြာ ၊ ဇီးကွက်နှင့် ဂဠုန်ငှက်တို့က အော်မြည်လျှက် ပျံသန်းထွက်ပေါ်လာကြသည်။

ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူက တာ့ရွှမ်တိုင်းပြည်၏ တော်ဝင်သိုင်းပညာတစ်ခုဖြစ်သော ‘မီးငါးသွယ်သိုင်းပညာနဲ့ ရတနာခုနစ်သွယ်လှံသိုင်း’ ကျင့်ကြံထားသည်မှာ ထင်ရှားသည်။

‘ရွှမ်ဧကရာဇ်လှံရှည်’ က သူတို့အနားသို့ချဉ်းကပ်လာသည့် ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။

မီးတောက်ပင်လယ်ကြီးမြင့်တက်လာပြီး ကြောက်မက်ဖွယ်ရာ ငှက်သတ္တဝါများစွာက လေထဲတွင်ပျံဝဲလျှက် ရန်ကျောက်ကဲ လွတ်လမ်းမရှိစေရန် ဝိုင်းရံထားသည်။

တစ်ဖက်လူက သူသေကိုယ်သေတိုက်ခိုက်ရန်မရည်ရွယ်ဘဲ အရှင်ဖမ်းလိုခြင်းဖြစ်ကြောင်း ရန်ကျောက်ကဲ နားလည်လိုက်၏။

ရွှေရောင်သံချပ်ကာဝတ်ထားသူက သူ့ဘေးမှလူများကို ပြောလိုက်သည်။

“တစ်ယောက်က အောက်ဘုံကမ္ဘာကိုဆင်းပြီး မင်းကြီးကိုသတင်းပို့ ၊ နောက်တစ်ယောက်က သဘာဝပသာဒနယ်မြေကိုသွားပြီး ဆရာခန်းတို့ကိုအကြောင်းကြားပါ”

“ငါ ရန်ကျောက်ကဲကို အချိန်ဆွဲထားလိုက်မယ် ၊ ဒါဆို ဆုလာဘ်တွေအများကြီးရမှာပဲ ၊ မင်းကြီး အထက်ဘုံကမ္ဘာကို ပြန်လာရင်ပဲဖြစ်ဖြစ်၊ ဆရာခန်းတို့အုပ်စု ရောက်လာရင်ပဲဖြစ်ဖြစ် ဒီ ရန်ကျောက်ကဲ သေနေ့စေ့ပြီ”

တာ့ရွှမ်တိုင်းပြည်စစ်သည်တော်များက တစ်ပြိုင်တည်း သဘောတူလိုက်ကြသည်။

“အခု လိပ်ကို အိုးထဲထည့်ဖမ်းဖို့ အချိန်တန်ပြီ...”

ရန်ကျောက်ကဲက ရယ်မောရင်း...

“ဟက်... မင်းတို့လား လုပ်နိုင်မှာ”

ရယ်မောရင်းပင် ရန်ကျောက်ကဲက ကောင်းကင်ထက်လျှင်မြန်စွာ ပျံသန်းနေသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်ကို အသာထိလိုက်သည်။

စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် ၊ ယင်ယန်ကောင်းကင်ကျမ်းစာနှင့် မဟာနေမင်းကျမ်းဂန်ပေါင်းစပ်မှု တန်ခိုးစွမ်းအားများက ခမ်းနားသည့် ထူးကဲယန်စွမ်းအားအဖြစ် ပြောင်းလဲကာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွား၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်မှ တန်ခိုးစွမ်းအားများ မြင့်တက်လာပြီး နေလုံးကြီးတစ်လုံးပမာ တောက်ပသောအလင်းတန်းများ လင်းလက်လာသည်။

ဤသည်က နှိုင်းယှဉ်မရလောက်အောင် ရက်စက်ကြမ်းထမ်းသော ထူးကဲယန်စည်းတံဆိပ်ပင် ဖြစ်သည်။

ထူးကဲယန်စွမ်းအားကလည်း မြောက်ပိုင်းသမုဒ္ဒရဦကိုယ်ပွား၏ ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားသည်။

စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်နှင့် မဟာနေမင်းကျမ်းဂန်၏ လက်သီးသိုင်းဝိညာဉ်၏ လှုံ့ဆော်ခြင်းဖြင့် ‘ခွန်ဖိန်နေမင်းနောက်လိုက်ခြင်း’ သိုင်းကွက် ထွက်ပေါ်လာ၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ထူးကဲယန်စည်းတံဆိပ်အား လက်ဖဝါးနှစ်ဖက်ဖြင့် တွန်းထုတ်လိုက်ရာ ကြီးကျယ်ခမ်းနားပြီး တန်ခိုးစွမ်းအားမြင့်မားသော စည်းတံဆိပ်ကြီးက စွမ်းအားများ ပိုမိုပြင်းထန်လာပြီး မီးတောက်မီးလျှံပင်လယ်နှင့် ငှက်သတ္တဝါပုံရိပ်များကို ဖျက်ဆီးပစ်လိုက်သည်။

ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူက မျက်နှာပျက်သွားခြင်းမရှိပေ။ သူက တည်ငြိမ်စွာဖြင့်ပင် လှံရှည်ကိုထိန်းချုပ်ပြီး ရန်ကျောက်ကဲကို ဆက်လက်တိုက်ခိုက်သည်။

သို့သော် ရန်ကျောက်ကဲ၏ တွန်းအားပေးမှုအောက်တွင် ထူးကဲယန်စည်းတံဆိပ်၏ ခမ်းနားသောတန်ခိုးစွမ်းအားက တစ်ဖန်ပြန်လည် မြင့်တက်လာပြန်၏။

ရန်ကျောက်ကဲက ရယ်မောရင်း...

“ဧကရာဇ်ရွှမ်မုက ဒီလှံရှည်ကို ထားခဲ့ပြီး အောက်ဘုံကိုဆင်းသွားမှတော့... ကြည့်ရတာ သူ ဒီပစ္စည်းကိုမလိုချင်တော့ဘူးထင်တယ်”

အဆုံးမဲ့နေမင်းကြီးက မိုးမြေတစ်ခွင် ထွန်းလင်းတောက်ပလာပြီး ကြောက်မက်ဖွယ်ရာ အဖျက်တရားနှင့် ပျက်သုဉ်းခြင်းတာအိုတရား ထွက်ပေါ်လာသည်။

တာ့ရွှမ်တိုင်းပြည် စစ်သည်တော်များ သိသိသာသာ မျက်နှာပျက်သွားကြပြီး ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူက ရွှမ်ဧကရာဇ်လှံရှည်ကို ပြန်လည်ရုတ်သိမ်းရန် ကြိုးစားလိုက်သော်လည်း အချိန်မမီတော့ပေ။

အထိန်းအကွပ်မရှိသော ရွှေရောင်စည်းတံဆိပ်တစ်ခုက ရွှမ်ဧကရာဇ်လှံရှည်နှင့် ထိပ်တိုက်ထိမှန်သွားသည်။

အော်ဟစ်သံတစ်ချက်ထွက်ပေါ်လာပြီး ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူ၏လက်တစ်ဖက်လုံး ကွဲကြေသွား၏။ သိုင်းသူတော်စင် စတုတ္ထအဆင့် ဖြစ်သည့်တိုင် သူ၏ကျင့်ကြံခြင်းစွမ်းအားဖြင့် လှံရှည်ကို ဆက်လက်ဆုပ်ကိုင်ထားနိုင်စွမ်း မရှိတော့ဘဲ ရွှမ်ဧကရာဇ်လှံရှည်က သူ့လက်မှ လွတ်ထွက်သွားလေသည်။

ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူက ကျယ်လောင်စွာ ကြုံးဝါးအော်ဟစ်လိုက်သည်။

ရွှမ်ဧကရာဇ်လှံရှည်မှာ သူ့လက်မှလွတ်ထွက်ခွာသွားရုံသာမက သူနှင့်ဆက်နွယ်နေမှုသည်လည်း တစ်ပြိုင်နက်တည်း ပျောက်ဆုံးသွားခဲ့သည်။ လှံရှည်နှင့် ပေါင်းစပ်ထားသည့် သူ၏အစစ်အမှန်သိုင်းဝိညာဉ်က အစိတ်စိတ်အမွှာမွှာအက်ကွဲသွားသည်။

ရန်ကျောက်ကဲက ရွှမ်ဧကရာဇ်လှံရှည်ကို ဖြုတ်ချရန်အတွက် ထူးကဲယန်စည်းတံဆိပ်ကို အသုံးပြုခဲ့သည်။

ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်ကိုသန့်စင်ရန် စဉ်ဆက်မပြတ်ကြိုးစားနေပြီး ထိုစည်းတံဆိပ်တွင် သူ၏ အစစ်အမှန်သိုင်းဝိညာဉ်ပေါင်းစပ်ထားသည်။ ယခုတော့ သူကြိုးစားခဲ့သမျှ အချည်းနှီးမဖြစ်ခဲ့ပေ။

“သောက်ရူးကောင်...”

ရွှေရောင်သံချပ်ကာဝတ်ကျင့်ကြံသူက ဒေါသတကြီး ကျိန်ဆဲလိုက်၏။

ရန်ကျောက်ကဲက ရယ်မောရင်း...

“တကယ်လို့ ဧကရာဇ်ရွှမ်မုသာ ဒီလှံရှည်ကိုကိုင်ထားမယ်ဆိုရင် ဒီလိုဖြုတ်ချဖို့ အခွင့်အရေးရမှာမဟုတ်ဘူး ၊ မင်းကတော့ မတူဘူးလေ”

ထူးကဲယန်စည်းတံဆိပ်နှင့် ရွှမ်ဧကရာဇ်လှံတို့ တိုက်မိပြီးနောက် တန်ခိုးစွမ်းအားများပေါက်ကွဲထွက်လာပြီး အချင်းချင်း အဆက်မပြတ် လုံးထွေးတိုက်ခိုက်နေကြဆဲ ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးစွမ်းအားရိုက်ခတ်မှုကြီး ပေါက်ကွဲထွက်သွားပြီး ဗလာနယ်လေထုကို ဆုတ်ဖြဲပစ်လိုက်သည်။ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခုမှက ဗလာနယ်အက်ကွဲကြောင်းဆီသို့ အတူတကွ စီးဆင်းလွင့်မျောသွားကြသည်။

တာ့ရွှမ်တိုင်းပြည် စစ်သည်တော်များက ဗလာနယ်အက်ကွဲကြောင်းဆီသို့ အလျှင်အမြန်ပြေးသွားပြီး ရွှမ်ဧကရာဇ်လှံရှည်ကို ပြန်လည်ရယူရန် ကြိုးစားကြသည်။

သို့သော် ဗလာနယ်အက်ကွဲကြောင်းရှေ့တွင် နန်းတော်တစ်ခု ပေါ်လာ၏။

နန်းတော်အတွင်းမှ နဂါးဟိန်းသံများထွက်ပေါ်လာပြီး ဤသည်က ရန်ကျောက်ကဲ၏ အသင်္ချေနဂါးနန်းတော်ပင် ဖြစ်သည်။

အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ၏ တန်ခိုးစွမ်းအားက ပြင်းထန်လွန်းသဖြင့် အသင်္ချေနဂါးနန်းတော်အနေဖြင့် ထိုပစ္စည်းများကို စုပ်ယူနိုင်စွမ်းရှိမည် မဟုတ်ပေ။

တာ့ရွှမ်တိုင်းပြည်မှ ကျင့်ကြံသူများ နှာခေါင်းရှုံ့လိုက်ကြသည်။

ထူးကဲယန်စည်းတံဆိပ် ၊ ရွှမ်ဧကရာဇ်လှံရှည်တို့နှင့်သာ ရိုက်ခတ်မိပါက အသင်္ချေနဂါးနန်းတော် သေချာပေါက် ပြိုကျသွားပေလိမ့်မည်။

All Chapters