← Chapters

ရန်သူများအားလုံးကိုရှင်းလင်း

Vol. 54 Ch. 760

ရန်သူများအားလုံးကိုရှင်းလင်း

Vol. 54 Ch. 760

အခန်း (၇၆၀) ရန်သူများအားလုံးကိုရှင်းလင်း

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်သည်းကုတ်ချက်တစ်ချက်တည်းဖြင့် တိုက်ခိုက်လိုက်ရာ ရန်သူ၏ အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ရွှေရောင်သံချပ်ကာတွင် အပေါက်တစ်ခု စုတ်ပြဲသွားသည်။

ရွှေရောင်သံချပ်ကာဝတ်သိုင်းကျင့်ကြံသူ အလွန်တုန်လှုပ်သွားပြီး သိုင်းကွက်ပြောင်းလဲရန် ကြိုးစားလိုက်သည်။ သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့ထက် လျှင်မြန်ပေ၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ အခြားလက်တစ်ဖက်တွင်ကိုင်ထားသော ဂဠုန်နဂါးလှံရှည်က ပေါက်ပြဲနေသော ရွှေရောင်သံချပ်ကာကိုဖြတ်ကျော် ထိုးစိုက်ချလိုက်သည်။ လှံရှည်၏တန်ခိုးစွမ်းအားက ရွှေရောင်အလင်းမှုံများအဖြစ် ပြောင်းလဲသွားပြီး သံချပ်ကာအပေါက်အပြဲအတွင်းသို့ မထင်မှတ်သော အရှိန်အဟုန်ဖြင့် ဖောက်ထွင်းဝင်ရောက်သွားသည်။

ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူမှာ ကြောက်မက်ဖွယ်ရာအော်ဟစ်ရင်း နောက်သို့ခုန်ထွက်သွားသည်။ သို့သော် သူ့ရင်ဘတ်မှ သွေးများစီးဆင်းကျနေပေပြီ။

တာ့ရွှမ်တိုင်းပြည်မှ အခြားသော သိုင်းကျင့်ကြံသူများအားလုံး ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြရင်း ပြောစရာစကားများ ပျောက်ရှလျှက် ရှိကြသည်။

အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခု ပိုင်ဆိုင်ထားသည့် ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူမှာ အဆင့်နိမ် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုတည်းသာ ပိုင်ဆိုင်ထားသော ‌မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို မယှဉ်နိုင်ခဲ့ပေ။

အဆင့်နိမ် အထွတ်ထိပ်မှော်ဝင်ပစ္စည်းနှင့် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကြားမှကွာဟချက်က အလွန်များပြားပြီး ကျော်ြဖတ်ရန်လည်း ခဲယဉ်းသည်။ သို့သော် ထိုလက်နက်များကိုကိုင်ဆောင်သော ပိုင်ရှင်များအကြား စွမ်းအားကွာဟချက်က အလွန်ရှင်းလင်းပြတ်သားလှသည်။

“ဒီလူက ဘယ်သူလဲ”

တာ့ရွှမ်တိုင်းပြည်မှလူများအားလုံး ကျောရိုးထဲစိမ့်သွားမတတ် ခံစားလိုက်ကြရသည်။

တာ့ရွှမ်တိုင်းပြည် စစ်သည်တော်များအားလုံး ထိတ်လန့်တုန်လှုပ်စွာဖြင့် ကမောက်ကမ ဖြစ်ကုန်ကြသည်။ သို့တိုင် သူတို့က သတ္တိရှိရှိဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ဝင်ရောက်တိုက်ခိုက်ဆဲ ဖြစ်သည်။

ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူ ဤအတိုင်းသေဆုံးသွားမည်ဆိုလျှင် သူတို့အားလုံး ဤတိုက်ပွဲမှ လွတ်မြောက်ရန် ခဲယဉ်းပေလိမ့်မည်။

အဆုံးမရှိသော ဆူနာမီလှိုင်းလုံးကြီးမားက ကောင်းကင်ထက်လွှမ်းခြုံသွားသည့်အလား သိုင်းသူတော်စင်များစွာ တစ်ပြိုင်တည်း ချီတက်လိုက်ကြ၏။ ပတ်ဝန်းကျင်မိုးမြေတစ်ခွင်ရှိ ဝိညာဉ်စွမ်းအားများက ဒီရေအလား တဟုန်ထိုးမြင့်တက်လာပြီး သမုဒ္ဒရာလှိုင်းလုံးများ ပျံ့နှံလာသည့်ပမာ စွမ်းအားလှိုင်းလုံးများထွက်ပေါ်လာသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ၏ ဂဠုန်နဂါးလှံရှည်ကိုဆွဲထုတ်လိုက်ပြီး ပြင်းထန်လှသောအရှိန်အဟုန်ဖြင့် ဝင်ရောက်လာသောရန်သူများကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။

အတောင်ပံခတ်သံနှင့်အတူ ကြီးမားသောဂဠုန်ငှက်ကြီးတစ်ကောင်ထွက်ပေါ်လာပြီး ထိုဂဠုန်ငှက်ကြီးက ပင်လယ်ရေပြင်ထဲ ခုန်ချလိုက်သည့်အခါ ကြီးမားသော ဝေလငါးကြီးအဖြစ် ပြောင်းလဲသွားသည်။ ကူးခတ်လာသော ဧရာမငါးကြီးက အလွန်တရာကြီးမားပြီး သူ၏တန်ခိုးစွမ်းအားက ကျယ်ပြောလှသော ပင်လယ်ပြင်ကို ပေါက်ကွဲထွက်သွားစေသည်။

ဝင်ရောက်တိုက်ခိုက်လာသော ရန်သူများထက်ပင် ခွန်ဖိန်တန်ခိုးစွမ်းအားက ပိုမိုပြင်းထန်ပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားဒီရေလှိုင်းများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။

ရှေးဦးကန္တာတွင်လွမ်းမိုးသော ဒီရေပမာ “မဟာခွန်ဖိန်သိုင်းပညာ”။

တိုင်းတာ၍ပင်မရလောက်အောင် ကြီးမား‌သောဝေလငါးကြီးသည် အကန့်အသတ်မဲ့လှိုင်းလုံးများကြားဖြတ်သန်းသွားရင်း ပတ်တန်းကျင်တစ်ခုလုံးကို နစ်မြုပ်သွားစေသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှံရှည်နှင့်အတူ  သူ၏တန်ခိုးစွမ်းအားက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ကောင်းကင်ကိုဝါးမြို မြေပြင်ကိုမှောက်လှန်စေနိုင်မည့် ရှေးဦးကန္တာဘုရင် ခွန်ဖိန်သတ္တဝါ၏ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် ကမ္ဘာပေါင်းအသင်္ချေကို နစ်မြုပ်သွားစေသည့်အလား လမ်းကြောင်းတစ်လျှောက် ရန်သူများအားလုံးကို တိုက်ခိုက်သုတ်သင်သွားသည်။

ဤတိုက်ခိုက်မှု ရန်သူတစ်ယောက်ချင်းစီတိုင်း၏ စွမ်းအားကို ဆိတ်သုဉ်းပျက်စီးသွားစေသည်။

တာ့ရွှမ်တိုင်းပြည်မှ ကျင့်ကြံသူများအားလုံး တစ်ပြိုင်တည်းဆုတ်ခွာသွားပြီး ကျင့်ကြံခြင်းအဆင့် အားနည်းသူများဆိုလျှင် သွေးများအန်ထွက်လျှက် သွေးစများပင် ကောင်းကင်ယံထက် စွန်းထင်းကုန်သည်။

ရန်သူများကို လှံချက်တစ်ချက်တည်းဖြင့် သုတ်သင်ရှင်းလင်းပြီးနောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏မျက်လုံးထဲတွင် လျှပ်စီးတစ်ချက် လင်းလက်သွားပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

သူက မိုးကြိုးတုန်လှုပ်သိုင်ကွက်ကို အသုံးပြုပြီး ချီစွမ်းအားကို ဆက်တိုက်လှည့်ပတ်ကာ လှံရှည်ကိုဝှေ့ယမ်းလျှက် ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူထံသို့ ထိုးစိုက်ချလိုက်၏။

ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူမှာ အခြားသောအပေါင်းအဖော်များအကူအညီဖြင့် အနည်းငယ် အသက်ရှူချောင်ရုံမျှသာ ရှိသေးသည်။

ဒဏ်ရာက ပြင်းထန်သဖြင့် ဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိသေးခင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ တိုက်ခိုက်မှုက သူ့ထံသို့ ကျရောက်လာပြန်သည်။

ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူက အံတင်းတင်းကြိတ်ရင်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏လှံချက်ကိုတွန်းလှန်ရန် ရွှေရောင်သံချပ်ကာကို နှိုးဆွလိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက တူညီသောလုပ်ဆောင်ချက်ကိုပင် အလွယ်တကူ ပြန်လည်ပြုလုပ်ခဲ့ပြီး ရွှေရောင်သံချပ်ကာကို နောက်တစ်ကြိမ် ထပ်မံဆုတ်ဖြဲလိုက်သည်။

ရန်သူက အံ့အားသင့်နေဆဲမှာပင် လျှပ်စီးလက်သကဲ့သို့ လှံရှည်က သူ၏သံချပ်ကာအပေါက်အပြဲအတွင်းသို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်သွားသည်။

ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူက အခြားအရာအားလုံကို လျစ်လျူရှုလိုက်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို တွန်းထုတ်ရန် ဂဠုန်နဂါးလှံရှည်ကို လက်ဖြင့် ဆုပ်ကိုင်တားဆီးလိုက်သည်။

တစ်ဆက်တည်းပင် သူ့လက်ထဲမှလှံရှည်ဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအား အပြင်းအထန် ထိုးစိုက်ချလိုက်၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဂဠုန်နဂါးလှံရှည်ကို လွှတ်လိုက်ပြီး ကြီးမားသောဂဠုန်ငှက်ကြီးအသွင်ပြောင်းလဲကာ ကောင်းကင်ကိုးထပ်သို့ ပျံသန်းထွက်ခွာသွားပြီး ရန်သူ၏တိုက်ခိုက်မှုကို လျှင်မြန်စွာ ရှောင်တိမ်းလိုက်သည်။

ထို့နောက် ချက်ချင်းပင် ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူ၏အနောက်ဘက်သို့ ရောက်သွား၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်သီးကို လှံရှည်ပမာအသုံးပြုကာ ရန်သူ၏ ဦးခေါင်းအနောက်ဘက်သို့ ထိုးစိုက်ချလိုက်သည်။

ရွှေရောင်သံချပ်ကာဝတ်သိုင်းသမား၏ ဦးခေါင်းအရှေ့ဘက် မျက်ခုံးနှစ်ခုကြားတွင် သွေးနီရောင်အစက်တစ်စက်ပေါ်လာသည်။

ထိုသွေးနီရောင်အစက်က အဆက်မပြတ် ကျယ်ပြန့်လာပြီး နောက်ဆုံးတွင် ကြီးမားသော သွေးနီရောင်တွင်းကြီးအဖြစ် ပြောင်းလဲသွားသည်။

ရွှေရောင်သံချပ်ကာဝတ် ကျင့်ကြံသူကို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်ပေပြီ။

အသက်မရှိတော့သော ရန်သူ့အလောင်းအနားသို့သွားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အေးအေးဆေးဆေးပင် ဂဠုန်နဂါးလှံရှည်ကို ပြန်ဆွဲယူလိုက်၏။

မြင်ကွင်းကိုကြည့်ရင်း တာ့ရွှမ်တိုင်းပြည်မှ ကျင့်ကြံသူများအားလုံးမှာ ကြောက်ရွံ့ထိတ်လန့်ကုန်ကြပြီး ခြေဖျားမှဦးခေါင်းအထိ ကျောရိုးတစ်လျှောက် အေးစိမ့်မှုကို ခံစားလိုက်ကြရသည်။

သူတို့အားလုံး ဆက်လက်တိုက်ခိုက်ရန် ယုံကြည်မချက် မရှိကြတော့ပေ။

သူတို့အားလုံးမှာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အခြားတစ်ယောက်ကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု မျှော်လင့်ပြီး ကိုယ့်နောက်လိုက်မလာစေရန် အသက်စွန့်ထွက်ပြေးကြသည်။ နောက်ပိုင်းတွင် ဧကရာဇ်ရွှမ်မု မည်သို့အပြစ်ပေးမည်လဲဆိုသည်ကို စဉ်းစားရန်ပင် အချိန်မရတော့ဘဲ ခွေးပြေးဝက်ပြေး ပြေးကြရတော့၏။

ယခုအချိန် သူတို့စိတ်ထဲတွင် အတွေးတစ်ခုသာရှိနေပြီး ထိုအတွေးမှာ ရန်ကျောက်ကဲလက်မှ အသက်ရှင်လျှက် လွတ်မြောက်ရန် ဖြစ်သည်။

ဤလူငယ်၏နည်းလမ်းများက မယုံကြည်နိုင်လောက်အောင် ပြင်းထန်လွန်းသည်။

ထွက်ပြေးသွားသူများကိုကြည့်ရင်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပြုံးလိုက်၏။

သူကလှံရှည်ကိုဝှေ့ယမ်းလိုက်ရာ အနီးဆုံးတွင်ရှိနေသူတစ်ယောက် လှံချက်ထိမှန် သေဆုံးသွားသည်။ ထို့နောက် နောက်တစ်ယောက်ကို ထပ်မံတိုက်ခိုက်လိုက်ပြန်၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ တိုက်ခိုက်မှုက အလွန်လျှင်မြန်လှသဖြင့် ရန်သူများ ထွက်ပြေးရန်ပင် မစဉ်းစားနိုင်တော့ပေ။

တာ့ရွှမ်တိုင်းပြည်ကျင့်ကြံသူတစ်ယောက်က နောက်သို့လှည့်မကြည့်ဘဲ သက်ပြင်းချရင်း ဆက်လက်ပြေးလွှားသွားသည်။

သို့သော်အဝေးမှ ဓားရောင်တစ်ချက်လင်းလက်သွားပြီး သူ၏ဦးခေါင်း ပြတ်တောက်ကာ မြေပြင်ထက်ပြုတ်ကျသွား၏။

သူ့အနောက်မှာတော့ သက်တန့်ဓားကိုကိုင်ဆောင်ထားသည့်ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် လမ်းလျှောက်လာသည်ကို တွေ့ရသည်။

ထိုလူငယ်ကိုတွေ့တော့ ရန်သူများမှာ စိတ်ပျက်အားငယ်မှုများကိုသာ ခံစားလိုက်ကြရသည်။

နောက်ထပ် ရန်သူတစ်ယောက်ကို ဓားဖြင့်ထိုးစိုက်သတ်ဖြတ်ပြီးသည့်နောက် ရန်ကျောက်ကဲက အဝေးတစ်နေရာ ကောင်းကင်ယံဆီလှမ်းမျှော်ကြည့်ရင်း ပြုံးလိုက်၏။

“မတွေ့တာကြာပြီနော် ဆရာချန်နဲ့ ဆရာကြီးပိုင် ၊ အခြေအနေဘယ်လိုလဲ”

အဝေးတစ်နေရာ မိုးကုတ်စက်ဝိုင်းဆီတွင် ချန်ကျိလျန်နှင့် ပိုင်ကျစ်မင်တို့ရုပ်ပုံများပေါ်လာသည်။ သူတို့က ဖြစ်ပျက်သမျှကို စူးစိုက်ကြည့်ရင်း စကားမပြောနိုင် ဖြစ်နေကြသည်။

သူတို့က ကွမ်းမင်ဂိုဏ်း၏အခြေအနေကို လေ့လာရန် ဤနေရာသို့ ရောက်လာခြင်း ဖြစ်၏။ သို့သော် ဤသို့သော မထင်မှတ်သောမြင်ကွင်းကို တွေ့မြင်ရမည်ဟု မည်သူကထင်မှတ်ပါမည်နည်း။

ရန်ကျောက်ကဲက ပေါ့ပါးစွာဖြင့်...

“သြော် ဒါနဲ့... ဆရာကြီးပိုင်ရဲ့ ကျောက်စိမ်းပြားလေး ကျွန်တော့်ဆီမှာ ရှိနေတုန်းပဲ ၊ အရင်က မဆုံဖြစ်တာနဲ့ ပြန်မပေးရဘူး”

ထိုအခါမှ အဘိုးအိုပိုင်ကျစ်မင်မှာ မှင်တက်နေရာမှ ပြန်လည်သတိဝင်လာပြီး...

“ကောင်းပြီ...”

ဟု ကမန်းကတန်းပြောလိုက်သည်။

ထို့နောက် သူက ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်ရင်း...

“မယုံနိုင်စရာပဲ... မယုံနိုင်စရဦပဲ”

ဟု ရေရွတ်နေလေ၏။

ချန်ကျိလျန်က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို စူးစိုက်ကြည့်လိုက်ပြီး ရန်ကျောက်ကဲကို လှည့်ကြည့်လိုက်သည်။

“မင်းရဲ့ ကိုယ်ပွားက တကယ်အစွမ်းထက်တာပဲ ၊ သူကျင့်ကြံထားတဲ့ သိုင်းပညာကလည်း ထိပ်တန်းသိုင်းပညာတစ်ရပ်ပဲ ၊ ခွန်ဖိန်သဘောတရားတွေကို အမှန်တကယ် ပြသနိုင်တယ်”

ချန်ကျိလျန်က အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ တပည့်တစ်ယောက်ဖြစ်သည့်အတွက် သူကျင့်ကြံခဲ့သော သိုင်းပညာက ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်သည်။ သူ၏သိုင်းပညာနှင့် ယှဉ်နိုင်သောသိုင်းပညာ မရှိသလောက် ရှားပါးသည်။

တာ့ရွှမ်တိုင်းပြည်မှ ရွှေရောင်သံချပ်ကာဝတ် သိုင်းကျင့်ကြံသူတွင် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခု ပိုင်ဆိုင်ထားသော်လည်း ချန်ကျိလျန်က လက်နက်မဲ့ပင် ထိုသူကိုတိုက်ခိုက်ရန် သတ္တိရှိသည်။

သို့သော် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုတော့ တိုက်ခိုက်ရန် ယုံကြည်ချက် မရှိပေ။

ချန်ကျိလျန်က ရန်ကျောက်ကဲကို အံ့အားသင့်စွာကြည့်ရင်း...

“ပိုပြီး မယုံနိုင်စရာကောင်းတာက... မင်းရဲ့ကိုယ်ပွားနဲ့ ကျင့်ကြံခြင်းအဆင့်တူမယ်ဆိုရင် မင်းကတောင်ပိုပြီး အစွမ်းထက်မယ်ထင်တယ် ၊ မင်းရဲ့ တန်ခိုးစွမ်းအားက သာမန်စံနှုန်းတွေနဲ့ တိုင်းတာလို့ မရဘူးပဲ”

ထို့နောက် သူက ကောင်းကင်အက်ကွဲကြောင်းကို လှမ်းကြည့်ရင်း...

“မင်းသာ အောက်ဘုံကမ္ဘာမှာ ဆက်နေမယ်ဆိုရင် မင်းရဲ့တန်ခိုးစွမ်းအားကို အောက်ဘုံကမ္ဘာက လက်မခံနိုင်တော့လို့ နတ်ဘုရားသိမြင်ခြင်းအဆင့်မရောက်ခင်မှာပဲ အထက်ဘုံကမ္ဘာကို တက်လာရမယ်ထင်တယ်”

ပိုင်ကျစ်မင်ကလည်း ထိုစကားများကို အလေးအနက် ထောက်ခံလိုက်၏။

ရန်ကျောက်ကဲက ပြုံးရင်း...

“ဆရာတို့နှစ်ယောက်က ချီးကျူးလွန်းနေပြီ”

ချန်ကျိလျန်က ကောင်းကင်အက်ကွဲကြောင်းကို လှမ်းကြည့်ရင်း...

“မင်း အခု အောက်ဘုံကမ္ဘာကိုဆင်းဖို့ နည်းလမ်းရှိလား ၊ ဧကရာဇ်ရွှမ်မု ပြန်ရောက်လာရင် မင်းအတွက် အခက်တွေ့လိမ့်မယ် ၊ အနည်းဆုံးတော့ မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းကွာခြားတယ်လေ”

ရန်ကျောက်ကဲ စကားပြန်ပြောရန်ဟန်ပြင်လိုက်စဉ် ကောင်းကင်အက်ကွဲကြောင်း ပြင်းထန်စွာတုန်ခါလာသည်ကို တွေ့လိုက်ရလေ၏။

All Chapters