သေမှာ သေချာနေသည့် ပျောက်ဆုံးရွှံ့ညွန်တော
Vol. 21 Ch. 279
ပျောက်ဆုံး ကောင်းကင်မြို့ပျက်က ကျဆုံမြို့ပျက်ကို အနားသတ်ထားခြင်း ဖြစ်ရာ ကျန်းမိုနယ်မြေမှ ကျင့်ကြံသူများအတွက် ပျောက်ဆုံး ကောင်းကင်မြို့ပျက်ထဲ၌ ရတနာများစွာ မရှိချေ။
သို့သော်လည်း ပျောက်ဆုံး ကောင်းကင်မြို့ပျက်ထဲ၌ အန္တရာယ်များဆဲ ဖြစ်ပြီး စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူပင် အထဲ၌ လူမသိသူမသိ ပျောက်ဆုံး သွားနိုင်ပေသည်။
ထို့ကြောင့် ကျဆုံးမြို့ပျက်တွင် ပုန်းနေသော ကျင့်ကြံသူများအတွက် တစ်ယောက်ယောက်က လာရှာလျှင်ပင် သူတို့က ပျောက်ဆုံး ကောင်းကင်မြို့ပျက်ဆီ ထွက်ပြေး လွတ်မြောက် နိုင်သေးသည်။ ထိုနေရာအထိ လိုက်ဖမ်းမည့်သူတော့ မရှိလောက်ချေ။
ထိုစဉ် ကျဆုံးမြို့ပျက်ဈေးရှိ လက်ဖက်ရည် အိမ်တော်၌ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ထောင့်၌ ထိုင်နေကြသည်။
“အစ်ကိုကြီးချီ ... ကျွန်မ ကြားတာတော့ ပျောက်ဆုံး ကောင်းကင်မြို့ပျက်ကို သွားတာက ကြယ်တာရာစစ်ပွဲကို သွားတာထက် ပိုအန္တရာယ်များတယ်တဲ့။ ပြီးတော့ ကြယ်တာရာ စစ်ပွဲကို သွားတာက အသက်ရှုင်နိုင်ခြေ ရှိဦးမယ်။ ပျောက်ဆုံး ကောင်းကင်မြို့ပျက်ကို သွားတာက သေဖို့သွားတာနဲ့ အတူတူပဲ ...” အမျိုးသမီးက တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်သည်။ သူမတွင် အနည်းငယ် အသားညိုပြီး တောက်ပနေသည့် မျက်လုံးများနှင့်အတူ မျက်ခုံးထူထူ ရှိသည့်အတွက် သတ္တိရှိသည့် သွင်ပြင်ကို ပေးနေ၏။
သူမ အစ်ကိုကြီးဟု ခေါ်သော အမျိုးသားမှာလည်း သူ့မျက်နှာကား ကြေးနီရောင်သန်းနေ၍ သာမန်တော့ မဟုတ်ပေ။ သူ့မျက်ဝန်းထဲတွင် အထီးကျန်ဆန်မှု အပိုင်စိုးထားပြီး မျက်နှာတွင် လျစ်လျူရှုထားသည့် ရုပ်သွင်ရှိနေသည်။
“အစ်ကိုကြီးချီ ... အခုလိုမျိုးနေနေလို့ အကျိုးမရှိဘူးလေ။ ရုန်ဟယ် ပြောတာ အဓိပ္ပာယ်ရှိတယ်။ ကျုပ်တို့ ကျင့်ကြံဆင့်နဲ့ ပျောက်ဆုံး ကောင်းကင်မြို့ပျက်ထဲမှာ သေခြင်းတရားပဲ စောင့်ကြိုနေလိမ့်မယ် ...” အစ်ကိုကြီး စကားမပြောသည်ကို တွေ့၍ ခပ်ပုပု အမျိုးသားက ဝင်ပြောလိုက်သည်။
အစ်ကိုကြီးချီက အသိစိတ် ပြန်ကပ်လာပြီး သက်ပြင်းချကာ
“ညီမလေးရုန်၊ ရှင်းထန် ... ငါ မင်းတို့ကို ဒီကိစ္စထဲ ဆွဲသွင်းမိပြီကွာ ...”
ရှင်းထန်ဟု ခေါ်သော ခပ်ပုပု အမျိုးသားက လက်ခါပြရင်း
“အစ်ကိုကြီးချီ ... ကျုပ်တို့က မိသားစုတွေပဲဟာကို အဲလိုတွေ မပြောပါနဲ့။ အခု ကျုပ်တို့ ဒီအထိ ရောက်လာပြီးပြီလေ။ ကျင်းမျိုးနွယ်စုကနေ ဘယ်လို ပုန်းနေမလဲပဲ တွေးကြည့်ကြတာပေါ့ ... ”
ထိုအရာကို ကြားပြီး အစ်ကိုကြီးချီက
“ကျင်းမျိုးနွယ်စုက အားကောင်းတယ် ဆိုတော့ ငါတို့က ပျောက်ဆုံး ကောင်းကင်မြို့ပျက်ကို သွားတာကလွဲပြီး အခြားရွေးချယ်စရာ မရှိတော့ဘူး။ ပျောက်ဆုံးနယ်မြေကို ပျောက်ဆုံး ကောင်းကင်မြို့ပျက်ကနေ ဖြတ်ပြီး သွားလို့ ရတယ်တဲ့။ ငါတို့သာ အဲလိုလုပ်နိုင်ရင် ငါတို့ဘဝ လွတ်လွတ်လပ်လပ် နေလို့ရပြီ။ ငါတို့သာ ပျောက်ဆုံးနယ်မြေကို ရောက်သွားတာနဲ့ ငါ ဖန်းချီ မင်းတို့ကို ကျန်းမိုနယ်မြေဆီ ပြန်ခေါ်လာပါ့မယ်လို့ ကတိပေးတယ် ...”
ရှင်းထန်က သက်ပြင်းချကာ ပြောလိုက်သည်
“အစ်ကိုကြီးချီ ... ကျုပ်တို့က အဲလိုပြောချင်တာ မဟုတ်ဘူးဗျ။ ဒါပေမဲ့ ကျုပ်တို့ လက်ရှိ ကျင့်ကြံဆင့်နဲ့က မဖြစ်နိုင်တဲ့ အိပ်မက်တွေ ဖြစ်မနေဘူးလား။ ကျုပ်တို့က ကံအရမ်း ကောင်းပြီးတော့ ပျောက်ဆုံး ကောင်းကင်မြို့ပျက်ကို ဖြတ်သွားနိုင်တယ် ဆိုရင်တောင် ပျောက်ဆုံး နယ်မြေမှာ ကျုပ်တို့က ဘာလုပ်နိုင်မှာလဲ။ ကျုပ်ကြားတာတော့ ပျောက်ဆုံးနယ်မြေက ကျင့်ကြံခြင်းက နောက်ကောက်ကျတယ်ဆို ... ပြီးတော့ ကြယ်တာရာ ဘုရင်တောင်က အဲကနေ ပါရမီရှင်တွေကို ကျန်းမိုနယ်မြေဆီ ခေါ်လာသေးတယ်လေ။ ဟိုမှာ အခွင့်အရေးကောင်းတွေ ပိုရရင် သူတို့က ဘာလို့ ကျန်းမိုနယ်မြေကို လာမှာလဲ ...”
ဖန်းချီက သူတို့နှစ်ယောက်အား ကြည့်လိုက်ကာ လေးလေးနက်နက် ပြောလိုက်လေသည်။
“မင်းတို့ နှစ်ယောက်လုံး မှားနေပြီ။ ပျောက်ဆုံးနယ်မြေက လူတွေကို လောက အင်မော်တယ် ဖြစ်လာခွင့်ရှိ၊ မရှိ မသိပေမဲ့ အဲဒီမှာ ဘာမှမရှိတာတော့ မဟုတ်ဘူး။ ငါတို့က ကျင့်ကြံဆင့် နိမ့်သေးတာ ဆိုတော့ ပျောက်ဆုံးနယ်မြေမှာ ငါတို့အတွက် အခွင့်အရေးကောင်းတွေ အများကြီး ရှိနိုင်တယ် ... ”
“ဘယ်လို ဖြစ်ပြီးတော့လဲ ...” ရုန်ဟယ်က နားမလည်စွာ မေးလိုက်သည်။ သူမက ဖန်းချီသည် ရှင်းထန်နှင့် သူမတို့ကို မလိမ်ညာမှန်း သိသော်လည်း သူမက သူပြောနေသည့် အရာများကို အမှန်ပင် နားမလည်ပေ။ ရှင်းထန် ပြောထားသည့်အတိုင်း ပျောက်ဆုံး နယ်မြေက ကျင့်ကြံခြင်း ဓလေ့စရိုက်များက ကြီးမြတ်နေလျှင် သူတို့၏ ပါရမီရှင်များက အဘယ်ကြောင့် ကျန်းမိုနယ်မြေကို ရောက်လာသနည်း။
ဖန်းချီက ထပ်မေးလိုက်သည် “အဲဆို မင်းတို့ နှစ်ယောက်ကို မေးမယ်။ လူသားအဆင့် ဇယားမှာ အဆင့်တစ်က ဘယ်သူလဲဆိုတာ သိလား ...”
“အဲဒါက ယန်ယန်းနန် မဟုတ်ဘူးလား ...” ရုန်ဟယ်နှင့် ရှုန်းရှင်းထန်တို့က နားမလည်ကြပေ။ ထိုသတင်းမှာ ကျင့်ကြံခြင်း မြို့အားလုံးတွင် တွေ့နိုင်သောအရာ ဖြစ်ပြီး ဘာကြောင့် အစ်ကိုကြီးက မေးနေသနည်း။
ဖန်းချီက ထပ်ပြောလိုက်သည်။
“ငါပြောနေတာက လက်ရှိ အဆင့်တစ် မဟုတ်ဘူး။ အရင်အဆင့်တစ် ... တခြားစကားနဲ့ဆိုရင် ကြယ်တာရာ ဘုရင်တောင်ထိပ်က လူသားအဆင့်ဇယား ... လူသားဧကရာဇ် အဆင့်ဇယားကို ပြောတာ ... ”
“အစ်ကိုကြီးချီ ကြယ်တာရာ ဘုရင်တောင်ထိပ်မှာ လူသားအဆင့် ဇယားရှိတာ ဘယ်လိုလုပ် သိတာလဲ ...” ရှုန်းရှင်းထန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
လူသားဧကရာဇ် အဆင့်ဇယားမှာ လူသားအဆင့်ဇယားရှိ အဆင့်တစ်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဤအဆင့်ဇယားကား အတိတ်မှ အဆင့်တစ် အင်အားကို မူတည်၍ ပေးထားခြင်း ဖြစ်ရာ လူသားအဆင့်ဇယားမှ အဆင့်တစ်သာလျှင် ထိုအဆင့်ဇယားတွင် ရှိရန် အရည်အချင်း ပြည့်မီလေသည်။ လူသားအဆင့် ဇယားနှင့် တူညီလှစွာ မြေကမ္ဘာ ဧကရာဇ်အဆင့် ဇယားနှင့် ကောင်းကင် ဧကရာဇ်အဆင့် ဇယားလည်း အတူတူပင် ဖြစ်၏။
သို့သော်လည်း လူသားဧကရာဇ် အဆင့်ဇယားမှာ လူသားအဆင့် ဇယားနှင့် ကွာခြားလှသည်။ လူသားအဆင့်ဇယားကို အားလုံး သိကြသော်လည်း လူသားဧကရာဇ် အဆင့်ဇယားသည် ကြယ်တာရာ ဘုရင်တောင်အတွင်းဆုံး အပိုင်း၌ တည်ရှိနေ၍ အဆင့်မြင့် ကျင့်ကြံသူ တချို့သာ သိရှိကြလေသည်။ လူအများစုက တည်ရှိမှုပင် မသိကြပေ။
ထို့ကြောင့် ရှုန်းရှင်းထန်မှာ အံ့ဩတကြီး ဖြစ်သွားခြင်း ဖြစ်သည်။
“အစ်ကိုကြီးချီ ... အခု ကျမလဲ မှတ်မိပြီ။ အရင် လူသားအဆင့်ဇယား အဆင့်တစ်ရဲ့ နာမည်က အဆန်းကြီး နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဆိုလား ...” ရုန်ဟယ်ကို အမှတ်ရဟန်ဖြင့် ပြောလိုက်သည်။
ဖန်းချီက ခေါင်းညိတ်ပြကာ
“ညီမလေးရုန် ပြောတာ မှန်တယ်။ လူသား အဆင့်ဇယားရဲ့ အရင် အဆင့်တစ်က နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ပဲ။ မင်းတို့တွေ ဂူရှောက်ယီကို သိတယ်မလား။ နယ်လှည့်ကျင့်ကြံသူက သူ့ကို အနိုင်ယူပြီးတော့ လူသား အဆင့်ဇယားရဲ့ အဆင့်တစ် ဖြစ်လာတာပဲ။ မင်းတို့တွေ ဂူရှောက်ယီ အားကောင်းတယ်လို့ ထင်လား။ လက်ရှိ အဆင့်တစ်နဲ့ယှဉ်ရင် ဘယ်သူ ပိုအားကောင်းလဲ ...”
“ဂူရှောက်ယီက ပိုအားကောင်းတာပေါ့ ...” ရှုန်းရှင်းထန်က ပြန်ဖြေလိုက်သည်။ သူက ဂူရှောက်ယီ တိုက်ခိုက်တာကို မြင်ဖူးသည့်အတွက် ဂူရှောက်ယီနှင့် ပြိုင်ဖို့ရာ မဖြစ်နိုင်ကြောင်း ခံစားချက် ရစေသည်။
ဖန်းချီက ဆက်ပြောလိုက်သည်
“ဂူရှောက်ယီက ပိုအားကောင်းတယ်လို့ ငါလည်း ထင်တယ်။ ပြီးတော့ ဂူရှောက်ယီက လူသားအဆင့်ဇယား အဆင့်တစ်ဆိုတော့ လူသားဧကရာဇ် အဆင့်ဇယားမှာလည်း ပါမှာပဲ။ ငါ ကြားတာတော့ ဂူရှောက်ယီက လူသားဧကရာဇ် အဆင့်ဇယားမှာ အဆင့် ၁၀၀ ထဲ ဝင်တယ်တဲ့။ အဲလို ထိပ်ဆုံး ၁၀၀ ထဲဝင်မှတော့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ရော ထိပ်ဆုံး ၁၀၀ ထဲပဲ ရှိလိမ့်မယ် ... ”
“ဒါပေမဲ့ အစ်ကိုကြီးချီ ... အဲဒါနဲ့ ကျုပ်တို့တွေ ပျောက်ဆုံး နယ်မြေသွားတာနဲ့ ဘာဆိုင်လို့လဲ ...” ရှုန်းရှင်းထန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
ဖန်းချီက အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က ပျောက်ဆုံး နယ်မြေကပဲ။ ဂူရှောက်ယီက သူနဲ့ ပျောက်ဆုံး နယ်မြေမှာ တိုက်ခိုက်ခဲ့တာ။ ဂူရှောက်ယီ ပြောပုံအရတော့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ အင်အားက သူ့ထက်တောင် အတော်လေး ကျော်လွန်နေတယ်တဲ့။ သူက ရိုးရိုးသားသား ရှုံးနိမ့်သွားပြီးတော့ မတရား ကလိမ်ကျစ် ခံလိုက်ရလို့ မဟုတ်ဘူးတဲ့ ...”
“ဘာ ... နယ်လှည့်ကျင့်ကြံသူ ၂၇၀၅က ပျောက်ဆုံ နယ်မြေကလား ...” ရုန်ဟယ်နှင့် ရှုန်းရှင်းထန်က တစ်ချိန်တည်း အံ့ဩတကြီး မေးလိုက်ကြသည်။
ကျင့်ကြံဓလေ့များ နောက်ကောက် ကျနေသည့် ပျောက်ဆုံးနယ်မြေက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ကဲ့သို့သော ကျင့်ကြံသူကို မွေးထုတ်ပေး နိုင်သည်လား။ သူတို့က ကျန်းမိုနယ်မြေတွင် အမြဲ နေထိုင်ခဲ့သောကြောင့် လူသားအဆင့်ဇယား အဆင့်တစ်ကား မည်သို့ အရာဖြစ်ကြောင်း သေချာသိလေ၏။ လူသားအဆင့်ဇယား အဆင့်တစ်ပင် မကသေးဘဲ လူသားဧကရာဇ် အဆင့်ဇယားတွင်လည်း ထိပ်ဆုံး ၁၀၀ ထဲ ဝင်သေးသည့်အတွက် ပါရမီရှင်များကြားမှ ပါရမီရှင်သာ ဖြစ်ရမည်။
ဖန်းချီက ခေါင်းညိတ်ရင်း ဆက်ပြော လိုက်သည်။
“နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က ကျန်းမိုနယ်မြေကို လိုက်လာတဲ့ ပါရမီရှင်တွေ ကြားမှာ မပါဘူး။ သူက ဒီလောက် အားကောင်းနေမှတော့ ဘာလို့ ရောက်မလာရတာလဲ။ သူ့ကို တွေးကြည့်လိုက်ရင် ပျောက်ဆုံး နယ်မြေမှာ ကျင့်ကြံခြင်း အခွင့်အရေးတွေက ကျန်းမိုထက်တော့ မဆိုးလောက်ဘူး။ လူသားအဆင့်ဇယား အဆင့်တစ်က ပျောက်ဆုံးနယ်မြေမှပဲ နေခဲ့တာပဲလေ။ ဘာလို့ ငါတို့တွေ သွားမကြည့်ရမှာလဲ ...”
ခဏအကြာတွင် ဖန်းချီက ရုန်ဟယ်နှင့် ရှုန်းရှင်းထန်တို့ မျက်နှာတွင် အံ့အားသင့်နေသည့် အမူအရာများကို မြင်လိုက်ရပြီးနောက် ဆက်ပြော လိုက်သည်။
“ပြီးတော့ ငါ့မှာ ပျောက်ဆုံး ကောင်းကင် မြို့ပျက်ကနေ ပျောက်ဆုံးနယ်မြေ သွားတဲ့ မြေပုံရှိတယ်။ ငါတို့တွေ ပျောက်ဆုံး ကောင်းကင်မြို့ပျက် ထဲမှာသာ ပျောက်ဆုံး မသွားသရွေ့ ငါတို့တွေ ပျောက်ဆုံး နယ်မြေကို ခြောက်လအတွင်း ရောက်လိမ့်မယ် ...”
“အစ်ကိုကြီးချီ ... ကျုပ်တို့မှာ လမ်းကြောင်း ရှိရင်တောင် ပျောက်ဆုံးနယ်မြေဆီ သွားဖို့ ခရီးမှာ အသက်ရှင်ဖို့ အတော်လေး ခက်ခဲမှာ မဟုတ်ဘူးလား ...” ရှုန်းရှင်းထန်က စိတ်လှုပ်ရှား သွားသော်လည်း အမူအရာ ထိန်းထားလေသည်။
ဖန်းချီက အားလျော့စွာ ပြုံးလိုက်ပြီး
“ငါတို့သုံးယောက် ပျောက်ဆုံးနယ်မြေကို သွားတာက သေဖို့ သေချာနေတာကို ငါ ဘာလို့ မသိဘဲ နေမလဲ။ ဒါပေမဲ့ ငါတို့မှာ ရွေးချယ်စရာ ရှိလို့လား။ မကြာခင် ကျင်းမျိုးနွယ်စုက လူတွေ ငါတို့တွေကို ရှာတွေ့ သွားလိမ့်မယ်။ အဲအချိန် ရောက်လာရင် ငါတို့တွေက ပျောက်ဆုံး ကောင်းကင်မြို့ပျက် ထဲမှာ သေဦးမှာပဲ။ ဘေးကင်းတဲ့ လမ်းကြောင်းနဲ့ဆိုရင် ငါတို့တွေ အန္တရာယ်တွေ ရှောင်လို့ရတယ်။ ငါတို့တွေ ရွှံ့ညွန်တောစပ် ရောက်ပြီးတော့ ဖြတ်ပြီးတာနဲ့ ပျောက်ဆုံး နယ်မြေထဲ ခြေတစ်ဝက် ရောက်ပြီးသားပဲ ...”
“အစ်ကိုကြီးချီ ... ကျွန်မ ပျောက်ဆုံး ရွှံ့ညွန်တောအကြောင်း ကြားဖူးတယ်။ အဲထဲကို ဝင်သွားတဲ့ ကျင့်ကြံသူတိုင်း ခြွင်းချက်မရှိ အကုန်ဝါးမျို ခံရတာဆို ...” ရုန်ဟယ်က စိတ်ပူစွာ မေးလိုက်သည်။
ဖန်းချီက ပြောခါနီးတွင် သူ့အမူအရာက ပြောင်းလဲ သွားလေသည် “မြန်မြန် ထွက်သွားကြစို့ ... ကျင်းမျိုးနွယ်စုက ငါတို့ကို ရှာတွေ့သွားပြီ ...”
ရှုန်းရှင်းထန်က မတ်တတ်ရပ်ကာ “အစ်ကိုကြီးချီ ... အဲဆိုလည်း ပျောက်ဆုံး ကောင်းကင်မြို့ပျက်ကို သွားကြတာပေါ့။ ပျောက်ဆုံးနယ်မြေက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ လိုမျိုးကို မွေးထုတ်နိုင်တယ် ဆိုမှတော့ ဒုတိယမြောက်လည်း ရှိလာနိုင်တာပဲ။ အစ်ကိုကြီးချီ ပြောထားတဲ့အတိုင်း ကျုပ်တို့တွေ အသက် ရှင်နေသရွေ့ ဒီကို တစ်ရက်ကျ ပြန်လာကြတာပေါ့ ... ”
***
“ဘမ်း ...” သိပ်သည်းလှသည့် ဝိညာဉ် စွမ်းအားများက ပိတ်ဆို့မှု အားလုံးကို ချိုးဖျက် သွားလေသည်။ သူက ရွှံ့ညွန်ထဲတွင် ရှိနေသည့် အချက်ကြောင့်သာ မဟုတ်လျှင် မိုဝူကျီက ထရပ်၍ ကျယ်လောင်စွာ အော်ဟစ်ပစ်ချင်သည်။
သူက ရွှံ့ညွန်ထဲတွင် နစ်မြုပ် နေသောကြောင့် မိုဝူကျီက မရပ်မနား ကျင့်ကြံနေလေသည်။ သူက ငါးလ၊ ခြောက်လ ကုန်ဆုံးသွားမှန်း မသိချေ။ ယခု သူက ယွမ်ဒန်အဆင့် ၁၁ မှ အဆင့် ၁၂ သို့ တက်လှမ်း သွားလေပြီ။
သူ့အတွက် ရွှံ့ညွန်မှ ထွက်ရန် မည်မျှ အချိန်လိုမှန်း မသိသော်လည်း မိုဝူကျီက ထိုအခိုက်အတန့်ကို ဂရုမစိုက် နိုင်သေးပေ။ တစ်ရက်ကျ သူသည် ရွှံ့ညွန်ထဲတွင် နေရင်း ယွမ်ဒန် အဆင့် ၁၂ မှ အစစ်အမှန် ရေအဆင့်အထိ တက်လှမ်း နိုင်ပေလိမ့်မည်။
“ဟင်း ... ရွှံ့ညွန်ထဲက ဘာကြီးလဲ ...” မိန်းမငယ်လေးက ပျောက်ဆုံ ရွှံ့ညွန်တောကို ကြည့်၍ ရုတ်တရက် ထပြောလိုက်သည်။
ထိုမိန်းကလေး ဘေးတွင် မိန်းမလှလေး တစ်ဦးနှင့် လူလတ်အမျိုးသား တစ်ဦးတို့ ရှိနေကြသည်။ နှစ်ယောက်လုံးတွင် အရှိန်အဝါများ ထွက်ပေါ်နေပြီး အားကောင်းကြောင်း သိသာလှသည်။
“တစ်ယောက်ယောက် လာနေပြီ ...” လူလတ် အမျိုးသားက ရွှံ့ညွန်ကို ဂရုမစိုက်သော်လည်း သူ့ဘေးမှ ကန္တာရကို ကြည့်လိုက်သည်။
မိန်းမငယ်လေးက သူတို့ဆီ အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့က ပြေးလာနေသည်ကို တွေ့၍ အစပိုင်းတွင် အံ့ဩတကြီး ဖြစ်သွားလေသည်။
“အစ်ကိုကြီးချီ ဖြည်းဖြည်း ဟိုမှာ လူတွေရှိနေတဲ့ပုံပဲ ...” ချဉ်းကပ်လာသည့် လူသုံးယောက်မှာ လွန်ခဲ့သည့် နှစ်လခန့်က ကျရှုံးမြို့ပျက်မှ ထွက်လာကြသော ဖန်းချီ၊ ရုန်ဟယ်နှင့် ရှုန်းရှင်းထန်တို့ ဖြစ်ကြလေသည်။
ဖန်းချီ အမြင်အာရုံမှာ အကောင်းဆုံး ဖြစ်ပြီး အတွေ့အကြုံလည်း များသည့်အတွက် တစ်ချက်တည်းဖြင့် ပျောက်ဆုံး ရွှံ့ညွန်တောစပ်တွင် ရပ်နေကြသူများမှာ သာမန်လူများ မဟုတ်ကြောင်း သိလိုက်သည်။
သူက မိန်းမလှလေးနှင့် လူလတ် အမျိုးသားအား ဦးညွှတ်ကာ “နယ်လှည့် ကျင့်ကြံသူ ဖန်းချီက အကြီးအကဲတွေကို နှုတ်ဆက်ပါတယ်။ ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ မသိတတ်တဲ့ အပြုအမူတွေအတွက် ခွင့်လွတ်ပေးပါ ...”
ဖန်းချီက ဦးညွှတ် လိုက်သောကြောင့် ကျန်နှစ်ယောက်လည်း ထိုအတိုင်း လိုက်လုပ် လိုက်ကြသည်။
“အဲဆို ကျွန်မကရော ... ကျွန်မကို နှုတ်မဆက်ဘူးလား ...” ဖန်းချီက သူမကို နှုတ်မဆက်သည်ကို မြင်၍ မိန်းမငယ်လေးက ချက်ချင်း စိတ်မကြည်မလင် ဖြစ်သွားလေသည်။
“ကျီဟန် အဲလို မဟုတ်တာတွေ မပြောရဘူး ...” မိန်းမလှလေးက မိန်းမငယ်လေးကို အပြစ် ဆိုလိုက်ပြီးနောက် ဖန်းချီတို့ဘက် လှည့်ကာ “မင်းတို့တွေက ပျောက်ဆုံးရွှံ့ညွန်ထဲ ဝင်မလို့လား။ ဝင်သွားတဲ့သူတိုင်း အတွက် သေဆုံးဖို့ သေချာနေတာရော သိတယ်မလား။ အဲအထဲမှာ အသက်ရှင်တဲ့သူ မရှိဘူး...”
ဤနေရာထိ ရောက်လာ၍ သူတို့သည် ပျောက်ဆုံး ရွှံ့ညွန်ဆီ လာခြင်းသာ ဖြစ်ရမည်။
ကျီဟန် အမည်ရှိ မိန်းမငယ်လေးက “သေဖို့ သေချာနေတာ” ဟူသော စကားများ ကြားသောအခါ “ဒေါ်လေး အဲထဲဝင်သွားရင် အသက်ရှင်တဲ့သူ မရှိဘူးလို့ ဘယ်သူပြောလဲ။ သမီးတောင် စောစောက တွေ့ ...”
သူမ စကားမဆုံးခင် အားလုံးက ပျောက်ဆုံး ရွှံ့ညွန်တောစပ်ကို ကြည့်လိုက်ကြသည့်အခါ ရွှံ့များနှင့်ပေပွနေသည့် အမျိုးသား တစ်ယောက်က ရွှံ့ညွန်ထဲမှ အခုလေးတင် ထွက်လာသည့်အလား မတ်တတ် ရပ်နေသည်ကို တွေ့လိုက်ကြသည်။
***