← Chapters

ဘာလို့ ကိုယ့်သေတွင်း ကိုယ်တူးနေရတာလဲ!

Vol. 9 Ch. 127

ဘာလို့ ကိုယ့်သေတွင်း ကိုယ်တူးနေရတာလဲ!

Vol. 9 Ch. 127

"ငါ… ငါ သေတော့မှာလား …"

လုပ်ကြံသူ၏ ဓားက သူမ လည်မျိုနှင့် လက်မတင်လေး ကွာတော့သည့် အချိန်တွင် သူမ မျက်နှာက ပြာနှမ်းလာပြီး မျက်လုံးများက ဝမ်းနည်းရိပ် သန်းလာသည်။

ယဲ့ဖန်ထံမှ တစ်ကမ္ဘာလုံးရှိ အဖိုးတန်ဆုံး အရာလေးကို လက်ဆောင် ရပြီးနောက် သူမ သေရလိမ့်မည်ဟု သူမ ထင်မထားခဲ့မိပါ။ သူမ၏ မျက်နှာလေးတွင် စိတ်မချမ်းသာဟန်နှင့် အတိတ်ကို သတိရ တမ်းတ နေသည့်ဟန်များ ပေါ်လွင်နေသည်။

သူမ အတွေးထဲတွင် ယဲ့ဖန်၏ ပုံရိပ်များသာ ပြည့်နှက်လို့ နေသည်။

*ဘာလို့လဲ…*

*ဘာလို့ ဘုရားသခင်က ငါ ချစ်ရတဲ့ ယောကျ်ားနဲ့ အတူ ချစ်ခင် နေထိုင်ခွင့်ရဖို့ အချိန် များများ မပေးရတာလဲ…*

ထိုစဉ် သလင်းကျောက် ကဲ့သို့ ကြည်လင်သော မျက်ရည်တစ်စက်က လင်းလန်၏ မျက်နှာလေးပေါ်မှ ကျဆင်းလာသည်။

ထို သလင်းကျောက်ကဲ့သို့ ကြည်လင်သော မျက်ရည်စက်လေးတွင်လည်း ယဲ့ဖန်၏ ပုံရိပ်များ ပါဝင်နေ၏။

…

ထက်ရှသော ဓားသွားက သူမ လည်ပင်းနား နီးကပ်လာသည့် အချိန်တွင် လင်းလန်တစ်ယောက် အေးစက်မှုကို ခံစားလိုက်ရပြီး မျက်လုံးကို မှိတ်၍ စောင့်နေလိုက်သည်။

သူမ သေကံ ပါနေပြီမှန်း သူမ သိလိုက်သည်။ သို့သော် ထိုအချိန်အတွင်းမှာပဲ လင်းလန်၏ သေးသွယ်သော ကိုယ်လုံးလေးက ဝုန်းခနဲ တုန်ယင်လာသည်။

သူမ မည်သည့် နာကျင်မှုမှ မခံစားလိုက်ရပါ။ သူမ ဇဝေဇဝါဖြင့် မျက်လုံး ဖွင့်လိုက်သောအခါ သူမလည်ဆွဲလေးမှ အစိမ်းရောင် အလင်း ဖြာထွက် နေသည်ကို တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် လုပ်ကြံသူ၏ ထက်ရှသော ဓားနှင့် သူ၏ လက်မောင်း တစ်ဘက်တို့ တစ်စစီ ဖြစ်သွားလေတော့သည်။ တစ်ဟုန်ထိုး တက်လာသော စွမ်းအင်တစ်ခုက လုပ်ကြံသူအား ပြင်းထန်စွာ ရိုက်ခတ်သွားလေ၏။

ထို့နောက် လုပ်ကြံသူခမျာ သနားစဖွယ် အော်သံနှင့်အတူ ကြိုးပြတ်သွားသော စွန်သဖွယ် ၄၊ ၅ မီတာ အဝေးသို့ လွင့်ထွက်သွားလေတော့သည်။

ဘန်း!

လုပ်ကြံသူသည် အမြောက်ဆန်နှင့် ပစ်ခြင်း ခံလိုက်ရသလို ဆိုးရွားစွာ ကိုယ်လက်အင်္ဂါ အချို့ ပြတ်တောက်၍ ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။

သူ ချက်ချင်း သေဆုံးသွားလေတော့သည်။

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လုပ်ကြံသူ၏ တိုက်ခိုက်မှုနှင့် သူ သေဆုံးသွားသည့် အချိန်က စက္က့န်ပိုင်းမျှသာ ကြာလိုက်သည်။

အံ့ဩဖွယ် ကောင်းလှပေသည်။

"သူ … သူ သေသွားပြီလား?"

အခန်းထဲရှိ လူတိုင်းက သွေးအိုင်ထဲ လဲကျနေသော    လုပ်ကြံသူကို အူကြောင်ကြောင်နှင့် ကြည့်နေမိသည်။

လုပ်ကြံသူ၏ နောက်ဆုံး အချိန်တွင် သူ့မျက်လုံးထဲ၌ ကြောက်ရွံ့မှုများ ဝင်ရောက်နေကာ အေးစက် တောင့်တင်းနေလေသည်။

သူ့လက်မောင်းများက တစ်စစီ ဖြစ်နေကာ ကိုယ်တစ်ဝက်ကလည်း ဆိုးရွားစွာ ပြတ်တောက်နေသည်။ သူသည် အသေဆိုးနှင့် သေသွားခြင်းပင်။

ဟာ!

အခန်းထဲရှိ လူတိုင်း အသက်အောင့်ထားမိသည်။ သူတို့ အားလုံး လင်းလန်၏ လည်တိုင်ပေါ်က ကျောက်တုံး လည်ဆွဲကို ထိတ်လန့်တကြား ကြည့်လိုက် မိကြသည်။

"လည်ဆွဲဆီက အစိမ်းရောင် အလင်း ထွက်လာတယ်၊ ငါပဲ စိတ်ထင်နေတာ များလား?"

"အိုး … ဘုရားရေ … ဒါ ဘာကြီးလဲ? ဘာလို့ ဒီလောက် အစွမ်းထက် နေရတာလဲ?"

….

အခန်းထဲရှိ လူတိုင်းက ဒီလောက် ထူးဆန်းသည့် အဖြစ်အပျက်မျိုး တစ်ခါမှ မမြင်ဖူးသဖြင့် မျက်ခုံး တလှုပ်လှုပ် ဖြစ်နေကြသည်။

အစောပိုင်းတုန်းက လင်းလန် သေကို သေရတော့မည် ဖြစ်သော်လည်း လုပ်ကြံရေး သမားသာ သေသွားသည်။ ဘယ်လောက်တောင် တစ်ပတ်လည် ဖြစ်ပျက်သွားသည့် အဖြစ်အပျက် ပါလိမ့်"

*ဒါ… ဒါ လုံးဝ မဖြစ်နိုင်ဘူး*

"မှော်ဝင်ပစ္စည်း … ဘုရားရေ … ငါ… ငါ မှော်ဝင်ပစ္စည်းကို တွေ့လိုက်ရတာပါ့လား"

ထိုစဉ် မာစတာကူးက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။ သူက ကျောက်တုံး လည်ဆွဲကို မျက်လုံးပြူး မျက်ဆံပြူးဖြင့် ကြည့်နေသည်။

*မှော်ဝင်ပစ္စည်း*

မာစတာကူး၏ စကားကြောင့် လူတိုင်းက သူ့ကို ဝိုင်းကြည့်လိုက်မိကြသည်။

"မာစတာကူး … မှော်ဝင်ပစ္စည်းက ဘာလဲဗျ?"

ဧည့်သည်တစ်ယောက်က မေးလိုက်သည်။

မာစတာကူးက အလွန် စိတ်လှုပ်ရှားနေသည့် အသံဖြင့် ပြန်ဖြေလိုက်သည်။

"မှော်ဝင်ပစ္စည်းဆိုတာ ကျင့်ကြံသူ တစ်ယောက်က ပြုလုပ်ထားတဲ့ ပစ္စည်း တစ်မျိုးပဲ၊ ကျင့်ကြံသူ တစ်ယောက်က သူ့ရဲ့ မှော်စွမ်းအားတွေကို ထူးခြားတဲ့ ပစ္စည်း တစ်ခုထဲကို စုဆောင်း လိုက်မယ်ဆိုရင် မယုံနိုင်လောက်အောင် စွမ်းအားကြီးတဲ့ မှော်ဝင်ပစ္စည်းမျိုးကို ရလာလိမ့်မယ်"

"ကျုပ် New York ကို ရောက်တုန်းက လူတစ်ယောက်ပါ စနိုက်ပါ သေနတ်ရဲ့ ကျည်ဆံကို မှော်ဝင်ပစ္စည်းနဲ့ ခုခံ ကာကွယ်လိုက်တာကို မြင်ခဲ့ရတယ်၊ အဲ့မှော်ဝင်ပစ္စည်းကို အလွန် ရှေးကျပြီး ထူးဆန်းတဲ့ ကလန်တစ်ခုက လေလံပွဲ တစ်ခုမှာ ယွမ် ၁၀ ဘီလီယံလောက် ပေးပြီး ဝယ်သွားခဲ့တာ"

*ဘာ*

မာစတာကူး၏ စကားကြောင့် တစ်ခန်းလုံး ဆူညံသွားလေ၏။

*မှော်ဝင်ပစ္စည်း တစ်ခုက စနိုက်ပါသေနတ်ကို ကာကွယ်နိုင်တယ်*

*ယွမ် ၁၀ ဘီလီယံ ပေးဝယ်တယ်*

*ဒါ… ဒါ လုံးဝ မဖြစ်နိုင်လိုက်တာ*

မာစတာကူး၏ စကားများက အခြားသူများအတွက် အိပ်မက်လိုပင်။

မှော်ဝင်ပစ္စည်းများ၏ တည်ရှိမှုကို သူတို့ ကိုယ်တိုင် မျက်မြင် ကိုယ်တွေ့ မကြုံဖူးလျင် သူတို့ ဘယ်သောအခါမှ ယုံနိုင်မည် မဟုတ်ပါ။

ချက်ချင်း ဆိုသလိုပင် ဧည့်သည်များက လင်းလန်၏ ကျောက်တုံး လည်ဆွဲလေးကို စိတ်အား ထက်သန်စွာ ဝိုင်း၍ ကြည့်နေကြသည်။

*ဒီလည်ဆွဲလေးက ယွမ် ၁၀ ဘီလီယံတောင် တန်တာလား*

…

လူတိုင်း ထိတ်လန့်နေကြသည်။ သူတို့ အထင်သေးခဲ့သည့် ကျောက်တုံး လည်ဆွဲလေးက ဘုရင်မ နှလုံးသားထက် ပို၍ တန်ဖိုးမြင့်နေမည်ဟု သူတို့ ထင်မထားမိကြပါ။

လင်းလန်တောင်မှ အံ့ဩ ငိုင်တွေနေ၏။ ယခင်တုန်းက ဒီလည်ဆွဲလေးက ယဲ့ဖန် ကိုယ်တိုင် ပြုလုပ်ထားသည့်အတွက် သူမ အလွန် တန်ဖိုးထားခဲ့ခြင်း ဖြစ်သော်လည်း သည်လောက် အဖိုးတန်မည်ဟု မမျှော်လင့်ထားခဲ့မိချေ။

*ယွမ် ၁၀ ဘီလီယံတောင်လား*

*ဒါ လင်းအုပ်စုရဲ့ ပိုင်ဆိုင်မှု ထက်တောင် များနေသေးတာမလား*

…

မာစတာကူးက ယဲ့ဖန်အား အလွန် လေးစား ထိတ်လန့်သည့် ဟန်ဖြင့် ပြောလိုက်သည်။

"ကျွန်တော် သိရသလောက်ဆို မှော်ဝင်ပစ္စည်းတွေကို ဆရာသခင် အဆင့်တွေပဲ ပြုလုပ်နိုင်တာပါ၊ သခင်လေး ... ခင်ဗျားက ဆရာ… ဆရာသခင်ငယ်လေး များလား?"

မာစတာကူး နဖူးတွေ့ ဒူးတွေ့ မြင်ရသည်များကို မယုံနိုင်သလို ဖြစ်နေသည်။

*ဆရာသခင်ငယ်လေး*

…

ခန်းမ တစ်ခုလုံး ဆူညံသွားသည်။ တရုတ်ပြည် တစ်ခုလုံးမှ ဆရာသခင်များက အလွန် အင်အားကြီးသူများ ဖြစ်သည်ကို သူတို့ သိထားကြသည်။

ရှန့်ကျန်း ဒေသမှ လီကျုံးယောင်၊ မြောင်ဒေသမှ ယူကလာ၊ အနောက်မြောက် ဒေသမှ ကျန်းရှင်းကျီ နှင့် ပီကင်းမှ ဇူထန်းရှီ။

ထိုသူများကို တရုတ်ပြည်၏ ထိပ်တန်း ဆရာသခင် လေးယောက်ဟု ခေါ်ဝေါ်ကြသည်။

သူတို့ တစ်ယောက်ချင်းစီက ဒေသတစ်ခုစီကို စိုးမိုးထားကြသည်။ ထို့ကြောင့် သူတို့ကို နိုင်ငံ၏ ထောက်တိုင်လေးခုဟုလည်း နာမည်ကြီးသည်။

သူတို့ တစ်ယောက်ချင်းစီက အသက် ခုနစ်ဆယ် ကျော်ပြီ ဖြစ်သည်။

*ဆရာသခင်ငယ်လေး*

သူတို့ ဆရာသခင်ငယ်လေး ဆိုတာကို တစ်ခါမှ မကြားဖူးပါ။ ထို့နောက် သူတို့ အားလုံး ယဲ့ဖန်ကို လေးစားစွာ ကြည့်မိကြသည်။

သူတို့ မျက်ဝန်းတွင် အလွန် ထိတ်လန့်၊ လေးစားသည့် အကြည့်များ ပါဝင်နေသည်။

သို့သော် သူတို့၏ ထိတ်လန့် အံ့ဩနေသော အကြည့်များကို ယဲ့ဖန်က အရေးပင် မလုပ်ဘဲ ခန်းမတစ်ခုလုံးကို သူ၏ စူးရှ ထက်မြက်သော အကြည့်များဖြင့် ဝေ့ကြည့်လိုက်သည်။

မိန်းမတစ်ယောက်၏ မျက်နှာကို မြင်လိုက်သည့် အခါတွင် သူက အနည်းငယ် နတ်ဆိုး ဆန်သည့် အကြည့်များဖြင့် နှုတ်ခမ်းကို အသာ တွန့်၍ ပြုံးလိုက်သည်။

*သေစမ်း*

လူအုပ်ကြားထဲမှာ ရပ်နေသော အမျိုးသမီးတစ်ယောက် ကြောက်ဒူး တုန်လာသည်။ ယဲ့ဖန်က သူမကို ကြည့်နေမှန်း သိသောအခါ သူမ ဆောင်းခိုရာမှ နိုးထလာသကဲ့သို့ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လာ၏။

နတ်ဆိုး၏ စောင့်ကြည့်ခြင်းကို ခံနေရသည်ဟု သူမ ထင်နေမိသည်။

*သူ … ငါက လက်သည် တရားခံမှန်း သူ သိနေတာလား...*

အလွန် ထိတ်လန့်နေသည့် အကြည့်များဖြင့် ထိုအမျိုးသမီးက သည်နေရာမှ ကြာကြာ ဆက်မနေရဲတော့ပါ။

ထို့ကြောင့် ဤအခန်းထဲမှ သူမ တိတ်တိတ်လေး ထွက်သွားရန် ပြင်လိုက်သည်။ သူမ သန့်စင်ခန်းထဲ ရောက်မှ တံခါးကို လော့ဒ်ချကာ သက်ပြင်းချလိုက်ရသည်။

*ခွေးကောင်*

ထိုအမျိုးသမီးက သူမ ဦးထုပ်ကို ချွတ်လိုက်သောအခါ ယောင်ကိုင်း၍ ပြာနှမ်း နေသော သူမ မျက်နှာက သန့်စင်ခန်းထဲရှိ မှန်ပေါ်၌ ထင်ဟပ်လာသည်။

သူမ မျက်နှာပေါ်က ဒဏ်ရာ ဒဏ်ချက်များကို ကြည့်ပြီး သူမ ပို၍ မကျေမချမ်း ဖြစ်လာသည်။

*သူက ဘယ်လိုလုပ် မအောင်မြင်ရတာလဲ၊ အဲ့ခွေးမ‌ တော်တော် ကံကောင်း နေတာပါလား*

ထိုစဉ် သူမ အနောက်မှ အေးစက်စက် အသံ ထွက်ပေါ်လာသောကြောင့် သူမ အရိုးအသားထဲ အထိ ကြောက်လန့်သွားရသည်။

"အချို့က မိန်းကလေး ပြည့်တန်ဆာကို ရှာကြတယ်၊ အချို့က ယောကျ်ားလေး ပြည့်တန်ဆာကို ရှာကြတယ်၊ ဒါပေမယ့် မင်းက ဘာလို့ သေမင်းကို လိုက်ရှာနေရတာလဲ?"

All Chapters