အခန်း (၂၈၇)
Vol. 21 Ch. 287
ချိုးဟယ်က ချူချင်းလောင်သည် သူ့မေးခွန်း မဖြေသည်ကို မြင်၍ ဒေါသကြီးလာကာ စိတ်ထဲမှ ကျီရှင်းကို ကျိန်ဆဲ လိုက်လေသည်။ အစစ်အမှန်ရေအဆင့် ၂ ကျင့်ကြံသူ ဖြစ်သည့် ကျီရှင်းက သဘာဝစွမ်းအား အသုံးမပြုနိုင်သည့် အမျိုးသမီး တစ်ဦးကို လိုက်ဖမ်းဖို့ရာ ကျရှုံးခြင်းက မည်သို့ ဖြစ်နိုင်မည်နည်း။ ကျီရှင်းက ရှင်လား၊ သေလား သူ မသိသေးချေ။
အကယ်၍ ထိုခွေးကောင် ကျီရှင်းက ထိုမျှ အသုံးမကျမှန်း သိလျှင် သူကိုယ်တိုင် လုပ်လိုက်လိမ့်မည်။
ချိုးဟယ် မျက်လုံးက အနည်းငယ် စဉ်းစားနေဟန် ပေါ်သည်။ သို့သော်လည်း နောက် အခိုက်အတန့်တွင် သူ့တစ်ကိုယ်လုံးက အရိပ်သဖွယ် ဖြစ်လာကာ ရပ်နေသည့်နေရာမှ ပျောက်ကွယ် သွားလေသည်။
အားလုံးက သူသည် ချူချင်းလောင်နှင့် ရင်ဆိုင်တော့မည်ဟု ထင်လိုက်ကြသော်လည်း သူက ချူချင်းလောင်ဘေးမှ သာမာန် အမျိုးသားဆီ သွားမှန်း သိလိုက်ရသည်။
“ဘမ်း ...” ပေါက်ကွဲသံကို ကြားလိုက်ရပြီး ချိုးဟယ်က မိုဝူကျီကို တအံ့တဩ ကြည့်ရင်း နောက်ဆုတ် လိုက်ရသည်။ သူကဲ့သို့ ဖြစ်တည်းခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက ယွမ်ဒန်အဆင့် ကျင့်ကြံသူကို တိုက်ခိုက်ဖို့ရာ ကျရှုံးသွားသည်လား ...။
ကျီရှင်း ကျရှုံးသည့် အချက်ကို သံသယဖြစ်ဖွယ် မရှိတော့ပေ။ ထိုသူမှာ သေချာပေါက် ယွမ်ဒန် အဆင့်မျှတင် မကပေ။
မိုဝူကျီက စိတ်ထဲမှ အေးစက်စွာ လှောင်ရယ် လိုက်တော့သည်။ ဤအိမ်တော်အတွင်း သူ့အတွက် အခြိမ်းခြောက်နိုင်ဆုံး သူမှာ ချိုးဟယ်သာ ဖြစ်လေသည်။ ချိုးဟယ်က သူ့ကို တစ်ခါသာ ကြည့်လိုက် သော်လည်း မိုဝူကျီက ချိုးဟယ်အပေါ်တွင် အမြဲ အာရုံစိုက်ထားခြင်း ဖြစ်သည်။
အစပိုင်းတွင် သူက ချိုးဟယ်က သူ့ကို တိုက်ခိုက်လိမ့်မည်ဟု မတွေးထားပေ။ သို့သော် ချူမျိုးနွယ်စုဝင် တစ်ယောက်က သူနှင့် ချူချင်းလောင်တို့ အတူတူ ရှိနေကြောင်းကို ထည့်ပြောသည့်အခါ ချိုးဟယ် အကြည့်တို့တွင် လူသတ်ငွေ့ ဖြတ်ပြေး သွားလေသည်။ ချိုးဟယ်က သူ့အချစ်ကို ဝန်ခံလိုက်သောအခါ မိုဝူကျီက ထိုသူ၏ လူသတ်ငွေ့မှာ သူ့ကို ဦးတည်နေမှန်း သိလိုက်ရသည်။ မိုဝူကျီက ချူချင်းလောင်နှင့် သူ့ကြားတွင် ဘာဆိုဘာမှ မဖြစ်ခဲ့ကြောင်း ကျိန်ဆို နိုင်သော်လည်း အချစ်ရူးနေသည့် ချိုးဟယ်အတွက် စဉ်းစားနိုင်မည် မဟုတ်ပေ။
ချိုးဟယ်က တစ်ခုခု တွေးမိနေစဉ် ကတည်းမှ မိုဝူကျီက သူသည် တစ်ယောက်ယောက်ကို တိုက်ခိုက်နေချင်မှန်း တွေးမိ၍ တစ်ဖက်လူ သတိလျော့စေရန် သတိမထားမိဟန် နေခဲ့ခြင်း ဖြစ်သည်။ ထိုအတွေးဖြင့် သူက ရှောင်ရှားလိုက်ပြီး လျှပ်တစ်ပြက် လျှပ်စီးဖြင့် ပြန်လည် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ချူမျိုးနွယ်စုက ထိုသို့ အခြေအနေ ရောက်နေပြီ ဖြစ်၍ ချိုးဟယ်က သူ့အား မလုပ်ကြံလျှင်ပင် သူ့အတွက် ဤနေရာ၌ လျှပ်စီးများ ထုတ်လွတ်ဖို့ရာ ကိစ္စမရှိပေ။ သူ့အသက်လေးကို ခြိမ်းခြောက်လာလျှင် သူ့ခန့်မှန်းချက်က မှားယွင်း သွားလျှင်ပင် မိုဝူကျီက သူ့ကိုယ်သူ ကာကွယ်ဖို့ရာ လုပ်ဆောင်ဦးမည် ဖြစ်သည်။
ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက ယွမ်ဒန်အဆင့်ကို မလုပ်ကြံကြပေ။ မိုဝူကျီက ချိုးဟယ်တွင် ထိုသို့သော ကျင့်ဝတ်နှင့် မာနမျိုး ရှိလိမ့်မည်ဟု မယုံကြည်ပေ။
“ချိုးဟယ် ... ရှင် ဘယ်လိုများ လုပ်ရဲ ...” ချူချင်းလောင်က ဒေါသူပုန် ထကာ ဓားရှည်ကို ဆွဲကိုင်ရင်း ချိုးဟယ်ဆီ ဝင်သွားလေသည်။
ချိုးဟယ်က ဒေါသတကြီး တုံ့ပြန်လိုက်သည် “ချင်းလောင် ... ကိုယ် မင်းဘေးမှာ ဆယ်စုနှစ် တစ်ခုအထိ အတူ ရှိပေးခဲ့တာကို မင်းက ကိုယ့်ကို မရွေးဘဲ ဒီငတုံးကို ရွေးသွားတယ်ပေါ့ .. ”
“ရွံစရာ ကောင်းလိုက်တာ ...” ချူချင်းလောင်က လူသတ်ငွေ့များ ခြုံငုံထားသော ဓားဖြင့် ရှေ့တက် သွားလေသည်။
သူမက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူသည် ယွမ်ဒန်အဆင့် ကျင့်ကြံသူကို ခိုးကြောင်ခိုးဝှက် တိုက်လိမ့်မည်ဟု မယုံကြည်နိုင်ပေ။
တူညီလှစွာ ချိုးဟယ်လည်း သူ့မှော်ရတနာကို ဆွဲထုတ်ကာ အကာအရံ ဖန်ဆင်းလိုက်ရင်း နူးနူးညံ့ညံ့ ထပ်ပြောလိုက်သည်။
“ချင်းလောင် ... မင်း နောက်က လိုက်ခဲ့တဲ့ နှစ်တွေထဲမှာ မင်းက ယောက်ျားသားတွေနဲ့ မပတ်သက် ရတာကို ကိုယ် သိပါတယ်။ သူတိုက ရုပ်ချောချော၊ ရုပ်ဆိုးဆိုး အားလုံးကို မင်း ဂရုမစိုက်ခဲ့ဘူး။ ဒါပေမဲ့ ဒီငတုံး ပေါ်လာတဲ့အခါကျ မင်း သူ့ကို အထင်မကြီးမိဘူးလို့ ပြောရဲလား။ ယောက်ျားတစ်ယောက် အတွက် မင်းဆီက အဲလို လေးစားမှုမျိုးကို ပထမဆုံး မြင်ဖူးတာပဲ ...။
ပြီးတော့ မင်း အဆိပ်မိတုန်းက ကိုယ် မင်းနောက်က လိုက်မလာပေမဲ့ မင်း သေချာပေါက် ပျောက်ဆုံး ကောင်းကင်မြို့ပျက်ဆီ သွားမယ်မှန်း သိနေတယ်။ မင်းစိတ်ထဲမှာ အဲဒီလူကို ပြန်တွေ့နိုင်ဖို့ မျှောင်လင့်နေတာ မလား ... ပြီးတော့ မင်း သူ့ကို တကယ် ပြန်ခေါ်လာသေးတယ် ...”
ချိုးဟယ်က ပြောပြီးနောက် သက်ပြင်းချကာ “ချင်းလောင် ... ကိုယ်ကသာ မင်းကို အသိဆုံးပါ။ ပြီးတော့ မင်းကို ဒီနေ့ အပါ ခေါ်မသွားနိုင်ရင် ဘယ်တော့မှ အခွင့်အရေး မရတော့ဘူး ဆိုတာလည်း သိတယ်။ မင်းက သူ့အမျိုးသမီး ဖြစ်သွားလိမ့်မယ် ...”
“ခွေးသား ... သောက်ပါးစပ် ပိတ်ထားစမ်း ...” ချူချင်းလောင် တိုက်ခိုက်မှုများနှင့် လူသတ်ငွေ့က ပို၍ ပြင်းထန်လာပြီး ချူမျိုးနွယ်စု ခန်းမထဲရှိ လူအားလုံးပင် ခံစားမိကြ လောက်သည်။
သူမက ချိုးဟယ် ပြောသလိုမျိုး တစ်ခါမျှ မတွေးမိပေ။ သူမ အသက်အတွက် ပျောက်ဆုံး ကောင်းကင်မြို့ပျက်ဆီ ထွက်ပြေးစဉ်က မသိစိတ်ဖြင့် ထွက်ပြေး မိခဲ့ခြင်းသာ ဖြစ်သည်။ သူမက ပျောက်ဆုံး ကောင်းကင်မြို့ပျက်ဆီ ထွက်မပြေးလျှင် ဘယ်နေရာ သွားရမည်နည်း။
“ဖူး ...” ချိုးဟယ် ရင်ဘတ်မှ သွေးကြောင်း စီးကျ လာလေသည်။
ချိုးဟယ်က ချူချင်းလောင်နှင့် ဆက်မတိုက် လိုသောကြောင့် နောက်ဆယ်လှမ်းခန့် ဆုတ်လိုက်ပြီး သူမကို ကြည့်ကာ ပြောလိုက်သည် “ချင်းလောင် ... ငါအခု ထွက်သွား တော့မယ်။ မင်းက ကိုယ်ချစ်တဲ့ တစ်ဦးတည်းသော အမျိုးသမီးပါပဲ ... မင်းကို သေချာပေါက် ပြန်လာရှာမယ် ... ”
“ပြီးတော့ မင်း ... မင်းအပိုင် မဟုတ်တဲ့အရာကို မထိနဲ့။ မဟုတ်ရင် မင်းကို ကမ္ဘာအဆုံးထိ လိုက်သတ်မယ် ...” ချိုးဟယ်၏ နောက်ဆုံး စကားက မိုဝူကျီကို ရည်ညွှန်းခြင်း ဖြစ်သည်။
သူ ပြောပြီးသည့် နောက်တွင် သူက ချူမျိုးနွယ်စုမှ လုံးဝ ပျောက်ကွယ် သွားတော့သည်။ သူက သူ့ဘာသာ မုန်းတီး မိလေသည်။ ဘာကြောင့် သူပါ အဆိပ်မိဖို့ လိုအပ်တာလဲ။ ချင်းလောင်ကို ကယ်ဖို့ရာ သူ့ကိုယ်သူ စတေးပြီး သူမနှလုံးသားကို ဖြည်းဖြည်းချင်း အနိုင်ရဖို့ ဘာကြောင့် လုပ်ခဲ့မိတာလဲ။ သူက အားထုတ်မှုများစွာကို ရှောင်ရှားဖို့ရန် ဆန်ကို ထမင်း တန်းဖြစ်ချင်မိခဲ့ရာ ပို၍ ပြတ်သား မိခဲ့သင့်သည်။
ချူချင်းလောင်၏ သနားမှုကို ခံယူဖို့ရာ သူ့ကိုယ်သူ ဒဏ်ရာရစေဖို့ အကြံစည်လည်း အလုပ် မဖြစ်ပေ။ သူမကို ကယ်တင်၍ လွတ်မြောက်မည့် အကြံလည်း ကျရှုံးခဲ့ရသည်။ ထို့အပြင် ထိုအရာအားလုံးက ပါးမွား ယွမ်ဒန်အဆင့် ကျင့်ကြံသူအတွက် ဖြစ်သွားခဲ့သည်။ သူ့အတွက် ချူချင်းလောင်မှာ အလှဆုံးဖြစ်၍ အခြားသူများ၏ အမြင်တွင်လည်း သူမကို အလှဆုံး ဖြစ်နေလိမ့်မည်ဟု ယုံကြည်မိသည်။ ချူချင်းလောင်က တခြား အမျိုးသားကို ရွေးချယ်သွားသည့် အတွေးကပင် သူ့အား ဒေါသများ လောင်မြိုက် စေသည်။
နှမြောစရာ ကောင်းသည်က ချင်းလောင်ကို အတင်းကြပ် ခေါ်ဆောင်လာဖို့ရာ သူက အားနည်း နေပေသည်။
“တောင်းပန်ပါတယ်။ စောစောက ကျွန်မ အမှားပါ …” ချူချင်းလောင်က ချိုးဟယ်နောက် ဆက်မလိုက်တော့ပေ။ သူမက ချိုးဟယ်သည် မိုဝူကျီကို တိုက်ခိုက်သည့် ကိစ္စကို အံ့ဩနေဆဲ ဖြစ်ကာ အပြစ်ရှိစိတ် ခံစားနေရသည်။
ခတ္တ ရပ်လိုက်ပြီးနောက် သူမက ဦးစွာ ပြောလိုက်သည် “သူက ရှင့်ကို ဘာမှလုပ်ဖို့ အခွင့်အရေး မရလိုက်ဘူး ...”
မိုဝူကျီက အသာပြုံးကာ “မဟုတ်ဘူး။ သူက ကျုပ်ကို တစ်ခုခု လုပ်ဖို့ အရည်အချင်း မပြည့်မီဘူး ...”
မိုဝူကျီက ယုံကြည်ချက် ပြည့်ဝနေပြီး သူသာ အစစ်အမှန်ရေအဆင့် တက်လှမ်းနိုင်ပါက ချိုးဟယ်က သူ့အား လာရင်ဆိုင်ရင်ပင် မတိုက်ခိုက်ဘဲ ပြီးသွားမည် မဟုတ်တော့ပေ။ သူသာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ရောက်ပါက ချိုးဟယ် အကြောင်းကို ထည့်ပြောရန်ပင် မလိုတော့ပေ။ အကြောင်းမှာ ချိုးဟယ်သည် သူနှင့် မတွေ့ရန် ဆုကောင်းကောင်း တောင်းထားရန် လိုအပ်နေလေပြီ။
အကယ်၍ သူက လောကအဆင့် ဇယားတွင် အဆင့်တစ် ဖြစ်လိုပါက ကောင်းကင် အဆင့်အထိ တက်လှမ်းနိုင်မည့် နည်းလမ်းကို ရှာဖွေရလိမ့်မည်။ ကြယ်တာရာ တိုက်ပွဲက ကျင့်ကြံဖို့ရာအတွက် အကောင်းဆုံးနေရာ ဖြစ်လေသည်။ ကျင့်ကြံခြင်းနှင့် တိုက်ခိုက်ခြင်းကို တစ်ချိန်တည်း ပြုလုပ်နိုင်သည့် အကောင်းဆုံးနေရာ တခြား ဘယ်နေရာ ရှိဦးမည်နည်း။
ချူကျီက ခေါင်းမော့ လိုက်သည့်အခါ ချိုးဟယ် ချထားသည့် ထောင်ချောက် အစီအရင်ကို မြင်၍ စိုးရိမ် လာလေသည်။ သူက ချူချင်းလောင်သည် ချိုးဟယ်ထက် အနည်းငယ် အားကောင်းကြောင်း သိ၍ ထိုထောင်ချောက်မှာ ချိုးဟယ် ထွက်သွားသည်ကို မတားဆီးနိုင်၍ ချူချင်းလောင်ကိုလည်း တားဆီးနိုင်မည် မဟုတ်ပေ။
“ကျီဟန်ကို ခေါ်ထုတ်ခဲ့ …” ချုချင်းလောင် အသံမှာ နည်းနည်းလေးမျှ မထူးခြားသွားပေ။ ချိုးဟယ် ပြောသွားသည့် အထဲတွင် စကား တစ်ခွန်းတော့ မှန်ကန်ပေသည်။ သူမက ဤနေရာတွင် နှစ်များစွာ နေထိုင်၍ ပြန်ရလိုက်သည်က အရှက်မဲ့သည့် အမျိုးသမီးဟု သမုတ် ခံလိုက်ရခြင်းသာ ဖြစ်သည်။ အကယ်၍ သူမကြောင့်သာ မဟုတ်လျှင် ချူမျိုးနွယ်စုက ယနေ့အချိန်ထိ ရှိနေမည်လား။ သူမ ကြောင့်သာ မဟုတ်လျှင် ချူမျိုးနွယ်စု၏ တပည့် သားမြစ်တွေက ယနေ့အထိ သက်သက်သာသာ နေနိုင်ကြမည်လား ...။
“ဒေါ်လေး ...” ကျီဟန် ထွက်လာသည်နှင့် သူမက ချူချင်းလောင် ရင်ခွင်ထဲ ပြေးဝင် လိုက်လေသည်။
မိုဝူကျီက ခေါင်းညိတ် မိလိုက်သည်။ အကြောင်းမှာ ယန်အာ ထိုမျှ အသက်ရွယ်လောက်က သူမသည် မိသားစုကို စတင် ထောက်ပံ့ခဲ့ရပြီး သူ့ကိုလည်း စတင် စောင့်ရှောက် ပေးခဲ့ရသည်။ ကျီဟန်မှာ လူသား အဆင့်လွန် ရောက်နေသော်လည်း သူမသည် ဖန်ပေါင်းချောင်ထဲမှ ဂရုတစိုက် ပျိုးထောင်ထားသော ပန်းလေးနှင့် တူပေသည်။
မိုဝူကျီက ယန်အာကို တွေးမိ လိုက်သောကြောင့် ကျန်းမိုနယ်မြေတွင် ရှိနေသော ယန်အာကို လွမ်းဆွတ် လာလေသည်။ သို့သော်လည်း ယန်အာတွင် သန္ဓေပြောင်း ဝိညာဉ်ကြော ရှိသည့်အတွက် ဂိုဏ်း အကြီးကြီးဆီ ဝင်ခွင့်ရပေမည်။
ချူချင်းလောင်က ကျီဟန်ကို နှစ်သိမ့်ပေးရန် အသာ ပုတ်ပေးလိုက်သည်။
“အမျိုးသမီးချူ ... ကျုပ်တော့ ခင်ဗျားပဲ ဆက်တာဝန် ယူသင့်တယ်လို့ ထင်တယ်။ ကျုပ်တို့ ကျင့်ကြံဆင့်တွေက အတော်လေး နိမ့်နေသေးတယ် ...” ချိုးဟယ် မရှိလျှင် ချူကျီက သူ့ရှေ့မှ သူမသည် သူ့ကို လက်ဖဝါး တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ကြောင်း သိထား၍ စိတ်မအေးနိုင်ပေ။
ချူချင်းလောင်က ကျောက်စိမ်းပြားကို ထုတ်ပြီး ချူကျီဆီ လှမ်းပေးကာ “ဒါက ချူမျိုးနွယ်စုရဲ့ ခေါင်းဆောင် အမှတ်အသားပြားပဲ။ ဒီနေ့ကစပြီးတော့ ကျွန်မ ချူချင်းလောင်က ချူမျိုးနွယ်စုနဲ့ မသက်ဆိုင်တော့ဘူး ...”
စကားအဆုံးတွင် သူမက စာရွက်အနီထုတ်၍ တစ်စစီ ဖြဲဆုတ်ကာ ရယ်မောလိုက်သည် “ချုမျိုးနွယ်စုက ကျွန်မကို ပေးထားတဲ့ တစ်ခုတည်းသော အရာကိုလည်း ဆုတ်ဖြဲလိုက်ပြီ ...”
အားလုံးက ထိုသည်က လက်ထပ်စာချုပ် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ကြသည်။
“သွားကြစို့ ...” လက်ထပ်စာချုပ်ကို ဆုတ်ဖြဲပြီးနောက်တွင် ချူချင်းလောင်က ပို၍ စိတ်အေးသွားကာ ချူမျိုးနွယ်စု ဂိတ်တံခါးမှ ဦးဆောင်၍ ထွက်သွား လိုက်တော့သည်။
***
“အစ်မချူ ကျေးဇူးတင်ပါတယ် ...” ချူကျိုးက ထွက်လာပြီး နောက်တွင် မိုဝူကျီက ချူချင်းလောင်ကို ကျေးဇူးတင် လိုက်သည်။
ချူချင်းလောင်က မိုဝူကျီကို ကြည့်ကာ “ဝူကျီ … ကျွန်မက ကျေးဇူးတင်ရမဲ့သူပါ ...”
မိုဝူကျီက ဘာမှမပြောဘဲ ရယ်မောလိုက်သည်။ အကြောင်းမှာ သူမကို ကူညီရန် သူ့အား တောင်းဆိုခဲ့သော်လည်း အမှန်မှာ ချူမျိုးနွယ်စုတွင် သူမကို ခြိမ်းခြောက်နိုင်မည့်သူ မရှိချေ။ သူမက ထိုသို့ တောင်းဆိုလိုက်ခြင်းမှာ သူ့အား လောက အမှတ်အသားပြား ကူညီရန်အတွက် အတုံ့အလှည့် ဖြစ်သည့်ဟန် ပြောလိုက်ခြင်းသာ ဖြစ်သည်။
ချူချင်းလောင်က မိုဝူကျီ အဓိပ္ပာယ်ကို နားလည် သဘောပေါက် သွားသော်လည်း ရှင်းမပြသည်က ထိုအရာများကို ရှင်းပြရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ သူမက ချူမျိုးနွယ်စုတွင် သူမထက် အားကောင်းသည့် အဆင့်မြင့် ကျင့်ကြံသူ ရှိနေမည်ဟု အမြဲ တွေးထင်မိခဲ့သည်။ အကြောင်းမှာ ချူမျိုးနွယ်စုအတွင်း ရောက်လာသည်နှင့် သူမကို မျက်လုံး တစ်စုံက အမြဲ လိုက်စောင့်ကြည့် နေသည်ဟု ခံစားနေမိ၍ ဖြစ်သည်။
ထို့ကြောင့် သူမက ချူမျိုးနွယ်စုမှ ဆိုင်များကို ကွပ်ကဲဖို့ရာ အချိန်အများစု သုံးလေ့ရှိသည်။ သူမက ဝိညာဉ်ဆေးပင် ရှာဖို့ရာအတွက် ကိုယ်တိုင်ကိုယ်ကျ ပျောက်ဆုံး ကောင်းကင်မြို့ပျက် အထိ သွားသေး၏။
သူမက ချူမျိုးနွယ်စုက မထွက်သွားသရွေ့ အကောင်းဆုံး ကြိုးစား၍ ချူမျိုးနွယ်စုကို ဖြည့်ဆည်း ပေးခဲ့လေသည်။ ထို့ကြောင့် ပုန်းကွယ်နေသည့် အဆင့်မြင့် ကျင့်ကြံသူမှာ ပေါ်မလာခြင်း ဖြစ်ရမည်။
သို့သော်လည်း သူမက ချူမျိုးနွယ်စုက ထွက်လာပြီ ဖြစ်ရာ အဆင့်မြင့် ကျင့်ကြံသူက အခုထိ ပေါ်မလာသေး၍ သူမများ အပို တွေးမိနေတာလားဟုပင် ခံစားမိလာသည်။
သူမစိတ်ကို သက်သာရာရစေမည့် ရှာရန် ကြိုးစားသည့် ကိစ္စက လွဲ၍ မိုဝူကျီကို ခေါ်လိုက်သည့် တခြား အကြောင်းအရင်းမှာ သူမက မိုဝူကျီ တိုက်ခိုက်နိုင်စွမ်းကို အထင်ကြီးမိ၍ ဖြစ်သည်။ မိုဝူကျီကဲ့သို့ ယွမ်ဒန်အဆင့် ကျင့်ကြံသူက အစစ်အမှန်ရေအဆင့် ၂ ကျင့်ကြံသူကို သတ်နိုင်ခြင်းမျာ ဒဏ္ဍာရီ ဖြစ်လာနိုင်ပေသည်။
သူမက သူမထက် အားကောင်းသည့် ရန်သူနှင့် ရင်ဆိုင်ရပြီး မိုဝူကျီက ဘေးမှ ကူညီပေးမည် ဆိုလျှင်ပင် သူမက အနည်းငယ် ကြောက်ရွံ့မိလိမ့်မည်။
အကြောင်းမှာ သူမက နှစ်များစွာအထိ လူများစွာကို ဦးဆောင်ခဲ့ရ၍ အမှီအခို ကင်းမဲ့လွန်း နေသည်ဟု ပြော၍ ရပေသည်။ သို့သော် မိုဝူကျီ အကူအညီကို လက်ခံပြီးနောက်တွင် သူမက ပို၍ အားထားမိသွားသည်။
“ကျွန်မတို့တွေ ကိုးမိုမြို့ကို အရင်သွားကြမယ် ...”
“ခဏ …” မိုဝူကျီက လက်ပြ၍ သင်္ဘောပျံ အသက်သွင်းရန် ပြင်နေသည့် ချူချင်းလောင်ကို ရပ်တန့်စေလိုက်သည်။
“ဘာတွေ ဖြစ်နေတာလဲ ...” ချူချင်းလောင် တစ်ယောက်တည်း မဟုတ်ပေ။ ဖန်းချီနှင့် ကျန်လူများက မိုဝူကျီ အမူအရာကို နားမလည်၍ သိချင်စွာ ကြည့်လိုက် ကြသည်။
မိုဝူကျီက သူ့ရှေ့မှ ကျတ်တီးမြေဆီ ကြည့်ကာ အော်လိုက်သည် “ခင်ဗျား ဒီရောက်နေမှတော့ ထွက်ခဲ့တော့ …”
အရိပ်တစ်ခုက အားလုံးရှေ့တွင် ပေါ်လာလေ၏။ နေ့ခင်းဘက် ဖြစ်နေသော်လည်း ဖန်းချီနှင့် အခြားလူများမှာ လေအေးများကြောင့် သူတို့ခန္ဓာအတွင်းမှ အေးစက်မှုကိုပါ ခံစားမိနေကြသည်။
“သူပဲ ...” ချူချင်းလောင်က တုန်လှုပ်စွာဖြင့် အော်ပြောလိုက်သည်။
***