← Chapters

ငါ ဘယ်သူလဲ မင်းသိပါတယ်!

Vol. 9 Ch. 129

ငါ ဘယ်သူလဲ မင်းသိပါတယ်!

Vol. 9 Ch. 129

ညီညာသော ခြေသံများကို ကြားနေရပြီး ခန်းမထဲရှိ လူတိုင်း အသက် အောင့်ထားမိကြသည်။

တစ်ယောက်ယောက်တော့ လာနေပြီ။

ထိုအချိန်တွင် သက်လတ်ပိုင်း အရွယ် လူဖြူတစ်ယောက် ဦးဆောင်သော အနက်ရောင် ဝတ်စုံနှင့် လူတစ်စုက တံခါးကို ဖြတ်၍ ဝင်လာကြသည်။

ကောက်ကွေးနေသော ပါးမြိုင်းမွေး၊ သိမ်းငှက်လို ချွန်တက်တက် နှာခေါင်း၊ အပြာရောင် မျက်လုံးတစ်စုံနှင့် ရွှေအိုရောင် ဆံပင် ရှိသော ထိုလူဖြူကြီးသည် အလွန် သိက္ခာရှိပုံ ရသည်။

သူ၏ လှုပ်ရှားမှုတိုင်းက ဟိတ်ဟန်ကြီးလှ၏။ သူ အခန်းတွင်း ဝင်လာသည်နှင့် အားလုံး အသက်အောင့် ထားကြသည်။

"ဒါ နေမင်းကလန်ရဲ့ ခေါင်းဆောင်ပဲ၊ ခင်ဗျား … ခင်ဗျား လာလိမ့်မယ်လို့ ကျွန်တော် ထင်မထားမိဘူး"

သက်လတ်ပိုင်း အရွယ် လူကြီးကို ကြည့်ပြီး မော့ထောင်က ကြောင်သွားပြီးမှ ရှေ့သို့ တိုးကာ ထိုလူဖြူကြီးကို ဝမ်းသာအားရ နှုတ်ဆက်လေသည်။

*ဘာ*

သူ့စကားကြောင့် ခန်းမတိုင်းရှိ လူတိုင်း မှင်တက်သွားကြသည်။

*နေမင်းကလန်ရဲ့ ခေါင်းဆောင်လား*

ယခင်တုန်းက နေမင်းကလန်က သူတို့ အဖွဲ့သား တစ်ယောက်ကိုသာ တာဝန်ပေး၍ စေလွှတ်မည်ဟု သူတို့ ထင်ထားမိကြသည်။

သို့ပင်မယ့် ကလန် ခေါင်းဆောင်ကိုယ်တိုင် လာရောက်လိမ့်မည်ဟု သူတို့ ထင်မထားမိကြ။

ချက်ချင်း ဆိုသလို ခန်းမအတွင်းရှိ လူတိုင်း၏ မျက်ဝန်းများက နီမြန်း လာသည်။

နေမင်းကလန် ခေါင်းဆောင်နှင့်သာ ရင်းနှီးပါက စီးပွားရေး လုပ်ရာတွင် အာဏာရလာရန် မည်မျှ လွယ်ကူလာမည်ကို သူတို့ အားလုံး သိကြသည်လေ။

"ဟဟ … မိတ်ဆွေလေးမို ... တွေ့ရသာ ဝမ်းသာပါတယ်"

ကလန်ခေါင်းဆောင်က မော့ထောင်အား ယဉ်ယဉ်ကျေးကျေး ပြော၍ ဦးညွှတ်လိုက်သည်။

သူ၏ အပြုအမူကြောင့် မော့ထောင်သည်လည်း ကျေနပ်သွားကာ သူ့ကို ခပ်မြန်မြန် ပြန်၍ ထပ်ခါ ထပ်ခါ ဦးညွှတ်လိုက်သည်။

ဤမြင်ကွင်းကြောင့် အခြားသူများ ကြောင်အသွားကြသည်။

ထိုအခါမှသာ မော့ထောင်နှင့် နေမင်းကလန် ခေါင်းဆောင်တို့ အလွန် ရင်းနှီးကျွမ်းဝင်နေသည်ကို သူတို့ သတိပြုလိုက်မိသည်။

ထို့ကြောင့် သူတို့က မော့ထောင်ကို အလွန် လေးစား အားကျသော၊ မျက်နှာချို သွေးသော အမူအရာများဖြင့် ကြည့်နေကြသည်။

ထိုသူတို့၏ ပြောင်းလဲသွားသော အမူအရာများကို မော့ထောင် သတိပြုမိပြီး ကျေနပ်သွားသည်။

ထို့နောက် သူက နေမင်းကလန် ခေါင်းဆောင်ကို ထောင့်တစ်ထောင့်သို့ ခေါ်သွားကာ ပြောလိုက်သည်။

"မစ္စတာ ဖေးဘီလ် ဒါ မမလေးလင်းလေ၊ လင်းအုပ်စုရဲ့ ဥက္ကဋ္ဌပေါ့"

မော့ထောင်၏ စကားကြောင့် နေမင်းကလန် ခေါင်းဆောင်က အံ့ဩသွားပုံ ရပြီး အားရပါးရ ပြုံးကာ နှုတ်ဆက်လာသည်။

"ဟားဟား … ကျုပ် မမလေးလင်းက လှတယ်လို့ ကြားဖူးတာ ကြာပါပြီ၊ လူချင်း တွေ့မှပဲ ကြားရတဲ့ သတင်းထက် အဆ တစ်ရာမက ပိုလှနေပါရောလား"

အမေရိကန် လူမျိုးဖြစ်သော်လည်း နေမင်းကလန်၏ ခေါင်းဆောင်သည် တရုတ်စကားပြော အလွန် ကျွမ်းကျင်သည်။

သူ့အပြောကြောင့် လင်းလန်သည်လည်း ချက်ချင်း ပြန်ဖြေလိုက်သည်။

"ကျေးဇူးတင်ပါတယ် မစ္စတာ ဖေးဘီလ်"

"မမလေးလင်း ကျုပ် လိုရင်းကိုပဲ ဒဲ့ပြောပါတော့မယ်။ တကယ်တော့ ကျုပ်က ဒီကို လင်းအုပ်စုကြောင့် လာတာပါ"

သမားရိုးကျ နှုတ်ဆက်စကားတွေ များများစားစား မပြောဘဲ နေမင်းကလန် ခေါင်းဆောင်က လိုရင်းကိုသာ ပြောလိုက်သည်။

သူ့စကားကြောင့် လင်းလန် ရင်တုန်လာကာ မကောင်းသော ခံစားချက်မျိုး ခံစားလိုက်ရသည်။

"ကျေးဇူးပြုပြီး ဆက်ပြောပါဦး"

နေမင်း ကလန် ခေါင်းဆောင်နှင့် မော့ထောင်တို့က ဆိုဖာပေါ် ထိုင်လိုက် ကြသည်။

"မမလေး လင်း၊ လင်းအုပ်စုက ဖန်ဟို့စ် ၁ လို့ခေါ်တဲ့ ပရိုဂရမ် အသစ် လုပ်နေတယ်လို့ ကြားတယ်ဗျ"

နေမင်းကလန် ခေါင်းဆောင်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ စားပွဲကို လက်ချောင်းများဖြင့် တဒေါက်ဒေါက် ခေါက်ကာ

"ကျုပ်က ခင်ဗျားတို့ရဲ့ ရှယ်ယာပိုင်ရှင် ဖြစ်ချင်တာ"

*ဘာ*

လင်းလန်၏ လှပသော မျက်နှာလေး ရုတ်ချည်းဆိုသလို ဖြူရော်သွားသည်။

ထင်ထားသည့်အတိုင်းပင် သည်လူ၌ မကောင်းသော ရည်ရွယ်ချက် ရှိနေသည်ပဲ။ လင်းလန်က သုန်မှုန်နေ‌သော မျက်နှာဖြင့် သူမ၏ လှပသော ဆံနွယ်ကို ပွတ်သပ်ရင်း

"မစ္စတာ ဖေးဘီလ် ရှယ်ယာပိုင်ရှင် လုပ်ဖို့ ဘယ်လိုတွေ စီစဉ်ထား သေးပါသလဲ?"

လင်းအုပ်စုနှင့် တရုတ်ပြည် တောင်ပိုင်းရှိ လင်းကလန်၏ အဓိက စီးပွားရေး အားလုံးသည် နေမင်းကလန်နှင့် ဆက်နွယ်နေတာ ချည်းပင်။ ထို့ကြောင့် လင်းလန် သူ့ကို အာ,မခံရဲပါ။

လူဖြူက ပြုံး၍ ပြောလာသည်။

"ကျုပ် မော့ကလန်နဲ့ ဆွေးနွေးပြီးသွားပြီ၊ ကျုပ်တို့က ခင်ဗျားအတွက် နည်းပညာ အကူအညီ ထောက်ပံ့ပေးမယ်၊ လင်းအုပ်စုက ထုတ်လုပ်၊ ရောင်းချတာကို တာဝန်ယူ။ အမြတ်ကိုတော့ ကျုပ်တို့က ၇၀ % ခင်ဗျားက ၃၀% ယူပေါ့"

*ဘာ*

လင်းလန်၏ မျက်နှာလေးက ဟန်မဆောင်နိုင်စွာ ပျက်ယွင်းသွားသည်။

*နည်းပညာ အကူအညီ ထောက်ပံ့မယ်*

*စောက်ရေး မပါတာတွေ*

ဖန်ဟို့စ် ၁ ၏ နည်းပညာသည် လင်းအုပ်စု၏ လက်ထဲတွင်သာ ရှိသည်။ နေမင်းကလန် သို့မဟုတ် မော့ကလန်ထံမှ မည်သည့် နည်းပညာ အကူအညီမှ မလိုပါ။

လင်းအုပ်စုကပဲ ဖန်ဟို့စ် ၁ အား ထုတ်လုပ် ရောင်းချခွင့် ရှိတာ ဖြစ်သည်။ ပြောရလျင် ကနဦးအဆင့်အားလုံးက ရင်းနှီး မြှပ်နှံမှုအားလုံးသည် လင်းအုပ်စုမှပင် ဖြစ်သည်။ သို့သော်လည်း နေမင်းကလန်နှင့် မော့ကလန်က အမြတ်ကို ၇၀ ရာခိုင်နှုန်းတောင်မှ လိုချင်နေသည်။

*သူတို့ … သူတို့က ခြိမ်းခြောက် အကျပ်ကိုင်နေတာပဲ*

လင်းလန်၏ လှပသော မျက်နှာလေးက နီရဲလာကာ ဒေါသတကြီး ပြောလိုက်သည်။

"ကျွန်မ စဉ်းစားလိုက်ပါဦးမယ် မစ္စတာ ဖေးဘီလ်"

"80/20"

"ကျုပ်တို့က အမြတ်ရဲ့ ၈၀ ရာခိုင်နှုန်းကို ယူမယ်၊ လင်းအုပ်စုက ၂၀ ရာခိုင်နှုန်းကို ယူ"

နေမင်းကလန် ခေါင်းဆောင်က လင်းလန်၏ ခံစားချက်ကို ဂရုမစိုက်ဘဲ လင်းလန်အား လွှမ်းမိုး ချုပ်ကိုင်သော အကြည့်များဖြင့်သာ ကြည့်နေ၏။

ထို့ကြောင့် လင်းလန်၏ မျက်နှာလေးက ပို၍ မည်းမှောင်လာသည်။ သူမ၏ ပြိုင်ဘက်က ဤမျှ ပြတ်သား၍ ရက်စက်လိမ့်မည်ဟု သူမ ထင်မထားမိပါ။

"မစ္စတာဖေးဘီလ်…"

လင်းလန် ရှင်းပြချင်နေသေးသည်။ သို့သော် နေမင်းကလန် ခေါင်းဆောင်က မည်းမှောင်နေသော မျက်နှာနှင့် ပြောလာပြန်သည်။

"90/10! ကျုပ်တို့က 90% ယူမယ်၊ မင်းက 10% ယူ"

…

သူ့စကားကြောင့် လင်းလန်တစ်ယောက် ဖြူဖတ်ဖြူရော် မျက်နှာနှင့် ဆိုဖာပေါ်သို့ အားမရှိတော့သလို လဲကျသွားသည်။

*ငါတော့ သွားပြီ*

*လင်းအုပ်စုရဲ့ ဂုတ်သွေးကို စုပ်ယုံတင်မကဘူး သူတို့က လင်းအုပ်စုရဲ့ အသွေးအသားကို စားပြီး အရိုးပါ ချိုးပစ်ချင်နေတာပဲ*

"မမလေးလင်း ခင်ဗျား ကျုပ်တို့ ကမ်းလှမ်းချက်ကို သေချာလေး စဉ်းစား သင့်တယ်နော်"

ထိုအချိန်တွင် နေမင်းကလန် ခေါင်းဆောင်က လင်းလန်က အလွန် တင်းမာသော မျက်နှာထားနှင့် "ခင်ဗျားသာ သဘောတူရင် နေမင်းကလန်က ခင်ဗျားရဲ့ ဖန်ဟို့စ် ၁ ကို တရုတ်မှာသာမက အမေရိကားမှာပါ နာမည်ကြီးလာအောင် လုပ်ပေးမယ်လို့ ကတိပေးတယ်။ ခင်ဗျား ငြင်းမယ် ဆိုရင်တော့ ကျုပ် စိတ်မကောင်းပါဘူး၊ နေမင်းကလန်က လင်းအုပ်စုကို ဥပဒေအရ ပြင်းပြင်းထန်တန် အရေးယူခံရအောင် လုပ်ရလိမ့်မယ်"

နေမင်းကလန် ခေါင်းဆောင်က သူ၏ သူတစ်ပါးကို လွှမ်းမိုးချင်သော သဘာဝကို ထုတ်ပြကာ ဆက်ပြောလာသည်။

"ပြီး‌တော့ လင်းအုပ်စုကို သူတို့ရဲ့ စီးပွားဖက် မိတ်ဆွေတွေ အကုန် လက်လွှတ်လိုက်ရအောင် လုပ်ရလိမ့်မယ်၊ ခင်ဗျားရဲ့ ဘဏ္ဍာရေးလည်း ပြိုလဲပြီး လုပ်ငန်းတစ်ခုလုံး ပျက်ဆီးသွားစေရမယ်။ ခင်ဗျား အဆုံးမှာ ကုမ္ပဏီကို သူများကို ရောင်းလိုက်ရတဲ့အထိ ဖြစ်သွားစေရမယ်"

…

သူ့စကားကြောင့် လင်းလန်၏ မျက်နှာလေးက ပြာနှမ်းလာသည်။ နေမင်းကလန်နှင့် မော့ကလန်တို့က လင်းအုပ်စုကို အပိုင်သိမ်းနိုင်ရန် ကြိုးစားနေမှန်း သူမ သိသည်။

*ငါ ဘာလုပ်ရမလဲ*

*ငါ ဘာလုပ်သင့်သလဲ*

လင်းလန်၏ နဖူးတွင် ချွေးများ စို့လာသည်။ သူမ မည်သည့်ဆုံးဖြတ်ချက်ပဲ ချချ လင်းအုပ်စုကို ငရဲသို့ ပို့မိသွားနိုင်လောက်သည်။

တစ်ခဏမျှ ငြိမ်နေပြီးနောက် သူမ မချိပြုံး ပြုံးလိုက်မိသည်။

*ငါ သူပြောတာကို သဘောတူရတော့မယ့်ပုံပဲ …*

*ငါ သူပြောတာကို သဘောတူမှ လင်းအုပ်စုက ရှင်သန်နိုင်မယ် မဟုတ်ရင် လင်းအုပ်စု ပျက်ဆီးသွားနိုင်တယ်*

လင်းလန် နာကျင်စွာဖြင့် အံကို ကြိတ်ထားမိသည်။

ထိုစဉ် သက်တောင့်သက်သာ ဖြစ်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ကောင်းပြီလေ၊ ကျုပ် သဘောတူတယ်၊ 90/10! ကျုပ်တို့က ခင်ဗျားရဲ့ အမြတ် 90%ကို ယူမယ်၊ ခင်ဗျားတို့က 10% ယူ"

*ဟမ်*

* ကျုပ်တို့က ခင်ဗျားရဲ့ အမြတ် 90%ကို ယူမယ်*

*ခင်ဗျားတို့က 10% ယူ*

ထိုအသံက အလွန် ကြွပ်ဆတ်ဆတ်နိုင်ကာ နေမင်းကလန် ခေါင်းဆောင်နှင့် မော့ထောင်တို့အား အံ့အားသင့်သွားစေသည်။

ပြောလိုက်သည့်သူက ယဲ့ဖန်မှန်း သူတို့ သိလိုက်သည်။

"ဟေ့ကောင် မင်း ရူးနေလား? မင်းက 90% ယူမယ်၊ ငါတို့က 10% ယူ ဟုတ်လား? မင်း လာနောက်နေတာလား?"

မော့ထောင်က ယဲဖ့န်အား ရူးများ ရူးနေသလား ဟူသော အကြည့်ဖြင့် ကြည့်လိုက်သည်။

*သူက နေမင်းကလန် ခေါင်းဆောင် ရှေ့မှာ ဒီလို ပြောရဲတယ်ပေါ့လေ? သူက လင်းအုပ်စုကို အဆုံးစွန်ထိ ရောက်အောင် လုပ်နေတာပဲ*

လင်းလန်တောင်မှ အံ့ဩသွားသည်။ နေမင်းကလန် ခေါင်းဆောင်၏ လွှမ်းမိုးလိုသော ဆန္ဒကို သူမ သတိထားမိသည်။ ယဲ့ဖန်စကားကြောင့် သူ သေချာပေါက် ဒေါသထွက်လောက်သည်။

ထင်သည့်အတိုင်းပင် နေမင်းကလန် ခေါင်းဆောင်၏ မျက်နှာက အလွန် မည်းမှောင်လာ၏။

သူက ယဲ့ဖန်အား အေးစက်စက် စိုက်ကြည့်ကာ မေးလိုက်သည်။

"ဟေ့ကောင် မင်း ဘယ်သူလဲ?"

"ငါလား?"

ယဲ့ဖန်က အသာပြုံး၍ ကိုယ်ကို ကိုင်းကာ စားပွဲပေါ်မှ ဝိုင်ခွက်ကို လှမ်းယူလိုက်သောကြောင့် သူ့လက်ကောက်ဝတ်မှ အမည်းရောင် လက်ကောက်လေး ထင်းခနဲ ပေါ်လာ၏။

"ငါ ဘယ်သူလဲ မင်းသိပါတယ်"

ယဲ့ဖန်က နေမင်းကလန်ခေါင်းဆောင်ကို ပြုံး၍ ကြည့်နေသည်။ အစောပိုင်းတုန်းက နေမင်းကလန် ခေါင်းဆောင်သည် သူ့အား အော်လိုက်ချင်သော်လည်း အနက်ရောင် လက်ကောက်ကို မြင်လိုက်သည့် တစ်ခဏမှပင် သူ ကြောက်လန့်ကာ တုန်ယင်လာသည်။

ထို့အတူ သူက အမြှီးတက်နင်း ခံလိုက်ရသည့် ကြောင်တစ်ကောင်လို ထခုန်မိသွားသည်။

All Chapters