← Chapters

အံ့ဩနေသော ဘေးလူများ!

Vol. 9 Ch. 130

အံ့ဩနေသော ဘေးလူများ!

Vol. 9 Ch. 130

ခန်းမထောင့်မှ ဆွေးနွေးမှုကို လူတိုင်း ရှင်းရှင်းလင်းလင်း ကြားကြသည်။

နေမင်းကလန် ခေါင်းဆောင်၏ လွှမ်းမိုး ချုပ်ကိုင်တတ်သော အကျင့်အရ လင်းအုပ်စုတော့ သွားရှာပြီဟု လူတိုင်း သိလိုက်ကြသည်။

ယဲ့ဖန်က '90/10' ဟု ပြောလိုက်ပြီးနောက် ခန်းမတစ်ခုလုံးရှိ လူများကြား ဆူညံသွားကြသည်။

"ရူးနေပြီ၊ အဲ့ကောင်တော့ တကယ့်ကို ရူးနေပြီ၊ သူက ဘယ်လိုလုပ်‌ နေမင်းကလန် ခေါင်းဆောင်ကို ဆန့်ကျင်ရဲတာလဲ?"

"လင်းအုပ်စုတော့ သွားပြီပဲ၊ အမြတ် 10% နဲ့ဆိုရင် ကုမ္ပဏီက မနည်း ရပ်တည်ရမှာ၊ ဒါပေမယ့် ဟိုပြဿနာကောင်က နေမင်းကလန် ခေါင်းဆောင်ကို လုံးဝ ကလန်ကဆန် လုပ်လိုက်တာဆိုတော့ လင်းအုပ်စုတော့ သွားပြီပဲ"

"သူက အရမ်းငယ်ပြီး တော်တော့်ကို စိတ်ကြီးဝင်တာပဲ၊ သူ အရမ်း တုံးအလွန်းတယ်"

….

ခန်းမထဲမှ လူအားလုံး ခေါင်းတခါခါနှင့် ဖြစ်နေကြသည်။

ယဲ့ဖန်၏ အပြုအမူကြောင့် လင်းအုပ်စုအား အဆုံးမရှိသော အသူရာချောက်ထဲ ပစ်ချလိုက်သလို ဖြစ်သွားပြီဟု သူတို့ ထင်နေကြ၏။

ထောင့်နားမှ မော့ထောင်က အလွန် စိတ်လှုပ်ရှားနေသည်။

*စောက်ရူး*

*ဒီကောင်က တကယ် စောက်ရူးပဲ*

မော့ထောင်သည်‌ နေမင်းကလန်     ခေါင်းဆောင်၏   ဒေါသကို ကောင်းကောင်းကြီး နားလည်သည်။       လူဖြူကြီးသည်   လွှမ်းမိုး ချုပ်ကိုင် တတ်ပြီး စိတ်ဆတ်သည်။ နည်းနည်းလေးမှ သံသယ ဝင်တာကို သည်းမခံ နိုင်ချေ။

ယဲ့ဖန်က သေချာပေါက် ဒီလူကို ဒေါသထွက်အောင် လုပ်လိုက်လေပြီ။

"ဟီးဟီး … ဟေ့ကောင် နေမင်းကလန် ခေါင်းဆောင်တော့ ဒေါသထွက်နေပြီ၊ မင်း ဒီကမ္ဘာပေါ်မှာ နေရတာကို နောင်တရအောင် သူ လုပ်ပြတော့မယ်"

မော့ထောင်က အလွန် စိတ်လှုပ်ရှားနေသော အကြည့်များဖြင့် ယဲ့ဖန်ကို သတိပေးလိုက်သည်။

သူ ယဲ့ဖန်ကို အရမ်း မုန်းသည်။ နေမင်းကလန်မှ လူမိုက်များက ယဲ့ဖန်ကို တစ်စစီ ဖြစ်အောင် လုပ်သည်ကို ကြည့်ရှုရန် သူ စောင့်မနေနိုင်တော့ပါ။

ထိုစဉ် နေမင်းကလန် ခေါင်းဆောင်က ရုတ်တရက် ထခုန်ကာ ယဲ့ဖန်၏ မျက်လုံးကို စိုက်ကြည့်နေ၏။

ချက်ချင်းဆိုသလိုပင် အခန်းထဲရှိ လေထုသည် အလွန် အားပျော့သွားသည်။

နေမင်းကလန် ခေါင်းဆောင် ဒေါသထွက်နေမှန်း သူတို့ ရိပ်မိလိုက်ကြသည်။

…

တစ်ချိန်တည်းမှာပင် သူ၏ နောက်လိုက်များကလည်း တောက်ပ အေးစက်သော ဓားများကို ဆွဲထုတ်လာကြသည်။ ချက်ချင်းဆိုသလိုပင် လူသတ်လိုသော အရိပ်အငွေ့များက ယဲ့ဖန်အား ဝန်းရံလာသည်။ မသိလျင် သူ့ကို အသားစလို အပိုင်းအပိုင်း အထစ်ထစ် ဖြစ်အောင် ခုတ်ထစ် တော့မလိုပင်။

အစိုးရိမ်လွန်က လင်းလန်က ကလန်ခေါင်းဆောင်ထံမှ ခွင့်လွှတ်မှုကို ရရန် ချက်ချင်း တောင်းပန်ရန် ပြင်လိုက်သည်။

ထိုစဉ် နေမင်းကလန် ခေါင်းဆောင်က ရုတ်တရက် ထပြောသည်။

"90/10 လား? မဟုတ်သေးဘူး"

သူ တကယ် ငြင်းလိုက်တာပဲ။ ဤသည်ကို ဘေးကနေ ကြည့်ရင်း မော့ထောင်က ပြုံးလိုက်သလို ကျန်သူများကလည်း ခေါင်းကို ခါလိုက်ကြသည်။

ယဲ့ဖန်၏ ရူးကြောင်ကြောင် တောင်းဆိုမှုကို နေမင်းကလန် ခေါင်းဆောင်က သဘောတူမည် မဟုတ်မှန်း သူတို့ သေချာပေါက် သိသည်။

"၁၀၀ ရာခိုင်နှုန်း"

သူ့စကားကြောင့် ဘေးက ကြည့်နေသူများကြား ပွက်လောရိုက်သွားသည်။

*၁၀၀ ရာခိုင်နှုန်း*

*ဒါဆို နေမင်းကလန်နဲ့ မော့ကလန်တို့က လင်းအုပ်စုကို လုံးဝကြီး ဝါးမြို ချင်နေတာပဲ*

*လင်းအုပ်စုက ဘာအကျိုးအမြတ်မှ မရပဲ အလုပ်လုပ်ရတော့မယ်*

…

လင်းလန်၏ လှပသော မျက်နှာလေးက အလွန် ဖြူရော်ကာ ပြာနှမ်းလာလေသည်။

သို့သော် နေမင်းကလန် ခေါင်းဆောင် ထပ်ပြောလာသည့် စကားကြောင့် သူမ လုံးဝ မှင်တက်သွားရသည်။

"လင်းအုပ်စုက အမြတ် ၁၀၀ % လုံးကို ယူပါ။ နေမင်းကလန်နဲ့ မော့ကလန်က လိုအပ်တဲ့ ငွေရေးကြေးရေးကို ထောက်ပံ့ပေးပါ့မယ်"

…

သူ့စကားကို ကြားပြီး လူတိုင်း အံ့အားသင့်သွားကြသည်။

*ဘာရယ်…ဘာရယ်*

*လင်းအုပ်စုက အမြတ် ၁၀၀ % လုံးကို ယူ ဟုတ်လား*

*ပြီးတော့ နေမင်းကလန်နဲ့ မော့ကလန်က လိုအပ်တဲ့ ငွေရေးကြေးရေးကို ထောက်ပံ့ပေးမယ်*

*ဒါ … ဒါ မဖြစ်နိုင်လိုက်တာ*

မော့ထောင်လည်း နားဝေတိမ်တောင် ဖြစ်သွားကာ သူ အိပ်မက် မက်နေတာများလားဟု သံသယ ဝင်မိသွားသည်။

"မစ္စတာ ဖေးဘီလ်၊ ခင်ဗျား … ခင်ဗျား မှားများမှားနေသလားလို့? အမြတ် ၁၀၀ % လုံး ယူရမှာ သူမ မဟုတ်ဘဲ ကျွန်တော်တို့ များလားလို့"

မော့ထောင်က နေမင်းကလန် ခေါင်းဆောင်ကို သေချာအောင် သတိပေးလိုက်သည်။

သို့သော် သူ့စကား ဆုံးသည်နှင့် သူ ပြင်းထန်စွာ ပါးရိုက်ခံလိုက်ရပြီး မျက်နှာပေါ်၌ လက်ဝါးရာကြီးက အထင်းသား ကျန်နေခဲ့သည်။

"မင်းက လူမှ ဟုတ်သေးရဲ့လား? မင်းမှာ လူလို အသိစိတ် လေးတောင် ရှိသေးရဲ့လား?"

နေမင်းကလန် ခေါင်းဆောင်က အမြှီးတက်နင်း ခံထားရသည့် ကြောင်တစ်ကောင်လို မော့ထောင်အား အော်ဟစ်လိုက်သည်။

"လင်းအုပ်စုက တကယ့်ကို ထူးချွန်တဲ့ စွန့်ဦးတီထွင်တဲ့ ကုမ္ပဏီကွ၊ မင်း ဘယ်လိုလုပ် ဒီလိုလုပ်ရက်တာလဲ? မမလေးလင်းက ဒီလောက် လှတာ၊ မင်းက ဘာလို့ သူ့ကို ဒီလို အခက်တွေ့အောင် လုပ်ရတာလဲ။ သခင်လေးရဲ့ စကားက လိုက်လျော ညီထွေ ရှိတယ်ကွ၊ မင်း ဘယ်လိုလုပ် သူ တောင်းဆိုတာကို ငြင်းရဲတာလဲ? ရှက်ဖို့ကောင်းလိုက်တာကွာ"

မော့ထောင် ဆွံ့အသွားရသည်။       လင်းလန်နှင့် အခြားသူ များလည်း ထိုနည်းတူပင်။

ထိုခဏတွင် လူတိုင်း တွေဝေ သွားကြသည်။ အလွန် စိတ်ဆတ်သော နေမင်းကလန် ခေါင်းဆောင်က ရုတ်တရက် စိတ်သဘောထားရော၊ အပြုအမူပါ ပြောင်းသွားမည်ဟု သူတို့ ထင်မထားမိပါ။

*စာအုပ်ထဲက စာရွက်တွေကို လှန်တာထက် သူ့စိတ် ပြောင်းတာက ပိုမြန်နေသလိုပဲ*

မော့ထောင် သွေးအန်မိမလို ဖြစ်သွားသည်။

*ချီးပဲ ... ခုနလေးတင် ခင်ဗျားက လင်းအုပ်စုကို ဝါးမျိုချင်နေတာလေ၊ ဘာလို့ ကျုပ်ကို အပြစ်လွှဲချနေရတာလဲ*

မော့ထောင်က လူဖြူကြီးကို အကြိမ် ထောင်းသောင်းမက ကျိတ်ဆဲနေပြီးမှ စိတ်မပါ လက်မပါနှင့် ထပ်၍ သတိပေးလိုက်သည်။

"မစ္စတာ ဖေးဘီလ်၊ ခင်ဗျား … ခင်ဗျား အပေးအယူကို သေချာ စဉ်းစားသင့်တယ်နော်၊ ဒီလိုလုပ်မယ်ဆို ဒီပရိုဂရမ်ကနေ ကျုပ်တို့ ခြူးတစ်ပြားမှ ရတော့မှာ မဟုတ်ဘူး၊ အဲ့အစား ကျုပ်တို့ကပဲ ရန်ပုံငွေ အများကြီး ထောက်ပံ့ပေးနေရမှာ"

သို့သော် သူ့စကား ဆုံးသည်နှင့် နေမင်းကလန် ခေါင်းဆောင်က ပို၍ ပေါက်ကွဲလာသည်။

ဖြောင်း!

သူ မော့ထောင်ကို အားနှင့် ထပ်ရိုက်လိုက်သည်။

"ငါတို့က လင်းအုပ်စုကို ထောက်ပံ့မပေးသင့်ဘူးလား?"

ဖြောင်း!

" သခင်လေးရဲ့ စကားက လိုက်လျော ညီထွေမရှိဘူးလား?"

ဖြောင်း!

ပိုက်ဆံကို အသာထားဦး၊ ငါတို့ လူလို အသိစိတ်လေး မရှိသင့်ဘူးလား?"

ဖြောင်း! ဖြောင်း! ဖြောင်း!

နေမင်းကလန် ခေါင်းဆောင်က မော့ထောင်ကို ဆက်တိုက်ဆိုသလို ရိုက်နှက်နေသောကြောင့် အားလုံး အံ့ဩနေကြသည်။

*စောက်ကျိုးနည်း သူ ဘာလုပ်နေတာလဲဟ*

*သူ ရူးများ ရူးသွားတာလား*

အဖြစ်အပျက် တွေက ယခုလို ပြောင်းပြန် ဖြစ်သွား လိမ့်မည်ဟု မထင်ထားသဖြင့် ဧည့်သည်တိုင်း အံ့အားသင့်နေကြသည်။

ထို့နောက် သူ ရိုက်နှက်တာကို ရပ်လိုက်ပြီး သက်လတ်ပိုင်း အရွယ် လူကြီးက လင်းလန်ကို အားပါးတရ ပြုံးကာ ပြောလိုက်သည်.

"ဥက္ကဋ္ဌလင်း ကျွန်တော် ပြောတာကို ဘယ်လို သဘောရပါသလဲ?"

လင်းလင် အူကြောင်ကြောင်နှင့် ခေါင်းညိတ်ပြလိုက်သည်။

သူမ၏ တုံ့ပြန့်မှုကို ကြည့်ပြီး နေမင်းကလန် ခေါင်းဆောင်က လင်းလန်အား ခါးကျိုးမတတ် ဦးညွှတ်၍ တောင်းပန်လာသည်။

"မမလေးလင်း ခုနက ခင်ဗျားကို ပြောဆိုမိတာတွေ အတွက် တောင်းပန်ပါတယ်၊ ကျွန်တော့်ရဲ့ စိတ်ရင်းကို ဖော်ပြတဲ့ အနေနဲ့ ကျွန်တော်တို့ ခင်ဗျားဆီက ဘာအကျိုးအမြတ်မှ မယူပါဘူး၊ ပြီးတော့ ကျွန်တော်တို့ ငွေရေးကြေးရေး အားလုံးကို ထောက်ပံ့ပေးမယ့်အပြင် ရောင်းချတဲ့ အခါမှာလည်း လိုအပ်တာတွေကို ပံ့ပိုးပေးသွားပါ့မယ်။ ဖန်ဟို့စ် ၁ ဈေးကွက်ထဲ ဝင်လာတာနဲ့ တစ်ကမ္ဘာလုံးမှာ နာမည် ကျော်ကြားလာအောင် ကျွန်တော်တို့ ပရိုမိုးရှင်း ဆင်းပေးပါ့မယ်"

လူတိုင်း တောင့်ခနဲ ဖြစ်သွားကြသည်။ နေမင်းကလန် ခေါင်းဆောင်က လင်းလန်ကို မျက်နှာလုပ်နေတာမှန်း သူတို့ သိလိုက်ကြသည်။

*ဒါ … ဒါ မဖြစ်နိုင်ဘူး*

ထို့ပြင် လူဖြူကြီးက ယဲ့ဖန်ထံ သွားကာ သေချာ ပြောလိုက်သည်။

"သခင်လေး ကျုပ် ဆုံးဖြတ်ချက်ကို ခင်ဗျား ကျေနပ်ပါရဲလား?"

…

နေမင်းကလန် ခေါင်းဆောင်ကို စိတ်ပြောင်းသွားအောင် လုပ်လိုက်တာ ယဲ့ဖန်မှန်း သူတို့ နားလည်လိုက်ကြသည်။

လွှမ်းမိုး ချုပ်ကိုင်တတ်ဟန် ပြရမည့်အစား နေမင်းကလန် ခေါင်းဆောင်က ယဲ့ဖန်ကို ဖားနေလေ၏။

ဧည့်သည်တိုင်း၏ မျက်လုံးတွင် အလွန်အမင်း အံ့ဩနေဟန်များ ပါဝင်နေလေသည်။

ယဲ့ဖန်၏ အာဏာကို သူတို့ မမှန်းတတ်တော့။ သူက ဘယ်လိုလုပ်ပြီး နေမင်းကလန် ခေါင်းဆောင်ကို ကြောက်သွားအောင် လုပ်နိုင်သွားတာလဲ။

*အံ့ဩဖို့ ကောင်းလိုက်တာ*

ထို့ပြင် နေမင်းကလန် ခေါင်းဆောင်၏ အလွန် ပျာပန်းခတ်နေသော အမူအရာနှင့် နဖူးတွင် ချွေးများ စို့နေသည်ကို လူတိုင်း မြင်လိုက်ကြသည်။

ယဲ့ဖန်က ကျေနပ်သည့် ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်မှသာ နေမင်းကလန် ခေါင်းဆောင် သက်ပြင်းချလိုက်နိုင်လေသည်။

"ကျုပ်နောက် လိုက်ခဲ့ပါ"

အခြားသူများ၏ ထိတ်လန့်နေသော အမူအရာများကို ဂရုမစိုက်ဘဲ ယဲ့ဖန်က အေးအေးဆေးဆေး ထကာ ခန်းမထဲမှ ထွက်သွားသည်။ သူ့နောက်မှ နေမင်းကလန် ခေါင်းဆောင်က ကပျာကယာ လိုက်သွား၏။

သူတို့ နှစ်ယောက် ထွက်သွားသည်နှင့် ခန်းမတစ်ခုလုံး ဆူညံ ပွက်လော ရိုက်သံများနှင့် ဟိန်းထွက်လာသည်။

All Chapters