← Chapters

လုပ်ကြံသတ်ဖြတ်မှု၏ အစ

Vol. 9 Ch. 131

လုပ်ကြံသတ်ဖြတ်မှု၏ အစ

Vol. 9 Ch. 131

…

ခန်းမတစ်ခုလုံး ဆူညံလာသည်။ ဧည့်သည် တစ်ယောက်ချင်း စီတိုင်းက မယုံနိုင်ဟန်များဖြင့် ဖြစ်လို့နေသည်။

*အဲ့ဒါ နေမင်းကလန်ရဲ့ ခေါင်းဆောင်လေ*

*သူက အမေရိကားက စီးပွားရေးလောကမှ ထိပ်သီး ပုဂ္ဂိုလ်လေ*

*သူက ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်လေ၊ သူသာ ဒေါသထွက်လာရင် နိုင်ငံရဲ့ တောင်ဘက်ခြမ်းက စီးပွားရေး စနစ်တစ်ခုလုံးကို ဖျက်စီးပစ်လိုက်လို့ ရတယ်လေ*

သူတို့ အားလုံး၏ ယဲ့ဖန်၏ နောက်ခံ အစစ်အမှန်ကို သိချင်နေကြ၏။ ဘယ်လိုလုပ် နေမင်းကလန်ရဲ့ ခေါင်းဆောင်က သူ့ကို တအား  ကြောက်နေရတာလဲ"

"ဘုရားရေ … မစ္စတာယဲ့က ထူးဆန်းတဲ့ ရှေးဟောင်းကလန်တစ်ခုကနေ ဆင်းသက်လာတာများလား? အဲ့လိုမှ မဟုတ်ရင် ဘာလို့ နေမင်းကလန် ခေါင်းဆောင်က သူ့ကို အရမ်း လေးစားနေရတာလဲ?"

"အံ့ဩစရာပဲ၊ နေမင်းကလန် ခေါင်းဆောင်လို လူမျိုးကိုတောင် ကြောက်အောင် လုပ်နိုင်တဲ့သူက … ကျန်းရှီမြို့မှာ ရှိနေတယ်၊ သူက ဘယ်သူပါ့လိမ့်?"

"ခုနလေးတင် ငါတို့က မစ္စတာယဲ့ကို ပျက်ရယ်ပြုနေခဲ့တာ၊ ဒါပေမယ့် အခုတော့ … သေစမ်းကွာ … ငါတို့ ကန်းနေခဲ့တာပဲ၊ ငါတို့က အကန်းတွေပဲ"

…

ခန်းမထဲရှိ ဧည့်သည်များ အားလုံး ယဲ့ဖန်၏ နောက်ခံ အစစ်အမှန်ကို သိချင်နေကြလေသည်။

လင်းလန်နှင့် သိကျွမ်းသော ဧည့်သည်အချို့က လင်းလန်အား မေးခွန်းတွေ တရစပ် မေးလာတော့သည်။

သို့သော် လင်းလန်က မချိတင်ကဲ ပြုံးနေရသည်။ နေမင်းကလန် ခေါင်းဆောင်က ယဲ့ဖန်ကို ဘာလို့ တအား ကြောက်နေရသလဲ ဆိုတာကို သူမလည်း မသိပါ။

လင်းလန်အတွက်လည်း ရင်သက်ရှုမော ဖြစ်ရသော အဖြစ်အပျက်ပင်။

"သူကတော့လေ …"

လင်းလန် မချိတရိပြုံး ပြုံးလိုက်သည်။

သူ ဘာလို့ သူမကို တအံ့တဩ ဖြစ်အောင် လုပ်သလဲ သူမ မသိပါ။ အယ်ကြောင့်ဆိုသော် ဒီကမ္ဘာပေါ်တွင် သူ မလုပ်နိုင်တာ မရှိမှန်း သူမ သိနေပြီးသား ဖြစ်သောကြောင့်ပင်။

ယဲ့ဖန်သည် သူမအတွက် ပဟေဠိ တစ်ပုဒ်လိုပင်။ သူမ သူ ဖုံးအုပ်ထားသော အရာတစ်ခုကို လှန်လှော အဖြေရှာနိုင်ပြီဟု သူမ ထင်လိုက်သည့် အချိန်တွင် နောက်ထပ် ဖုံးအုပ်ထားသော အလွှာတစ်ခု ရှိနေသည်ကို တွေ့လိုက် ရပြန်သည်။

"ဘယ်… ဘယ်လို နတ်ဆိုးမျိုးကို ငါ ချစ်မိသွားတာ ပါလိမ့်နော်"

သူမ မချိတင်ကဲ ပြုံးလိုက်သော်လည်း သူမမျက်နှာလေးက အလွန် သာယာ ချမ်းမြေ့နေသည်။

ထိုအချိန်တွင်းတွင် မော့ထောင်သည် ခန်းမထောင့်တွင် ထိုင်နေရင်း ဒေါသထွက်နေသည်။

"သေစမ်း ... သေစမ်း...သေစမ်းကွာ"

မော့ထောင် မယုံနိုင်သည့် လေသံဖြင့် ညည်းတွားနေသည်။

"ဘယ်လိုကောင်လဲ၊ သူပဲ နိုင်သွားပြန်ပြီ"

လျင်မြန်စွာပင် ယဲ့ဖန်သည် မော့ထောင်၏ ရန်သူ အကြီးစား ဖြစ်လာသည်။

*အရင်တစ်ခါတုန်းက ရှေးဟောင်းပစ္စည်း ဆိုင်တန်းမှာ သူက ငါ့ကို အရူးလုပ်သွားတယ်၊ အဲ့ဒါပြီးတော့ သူ့ရဲ့ ကျောက်တုံး လည်ဆွဲနဲ့ ငါ့ရဲ့ ဘုရင်မ နှလုံးသားကို သေးနုပ်သွားအောင် လုပ်ပြန်တယ်၊ အခုတစ်ခါလည်း နေမင်း ကလန်ရဲ့ ခေါင်းဆောင်တောင်မှ သူ့ဘက် လိုက်နေပြန်ပြီ*

"ဟေ့ကောင် မင်းက ငါ့အစီအစဉ်တွေကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်နေတာပဲ၊ မင်း ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"

မော့ထောင်၏ မျက်လုံးတွင် အလွန် ကြမ်းတမ်းသော ရည်ရွယ်ချက်များ ပါဝင်နေသည်။

ခန်းမကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူ ဆက်နေနေလျင် သူ အလှောင်ခံရမည်ကို သူ သိနေ၏။ ထို့ကြောင့် သူ ချက်ချင်း အခန်းထဲမှ လှစ်ခနဲ ထွက်သွားလိုက်သည်။

သို့သော် မော့ထောင် ထွက်သွားတာကို မည်သူမျှ အရေးလုပ်ပြီး ကြည့်မနေပါ။ သူတို့အားလုံး မော့ထောင်သည် ယဲ့ဖန်သည် မည်သို့မျှ နှိုင်းယှဉ်လို့ မတန်ဟု ယုံကြည်ထားကြသည်။

အားလုံးက ယဲ့ဖန်၏ နောက်ခံ အစစ်ကိုသာ ဆွေးနွေးနေကြသည်။

…

ကျင့်ဟွာဟိုတယ်၏ စင်္ကြံလမ်းသည် ထိန်ထိန်လင်းနေသည်။ စင်္ကြံလမ်း၏ ပြတင်းပေါက်နားတွင် ယဲ့ဖန် ရပ်လို့နေသည်။ လေတိုက်ခတ်လာသည်နှင့် သူ့ဆံပင်တွေက လေနှင့်အတူ ယိမ်းယိုင်နေပြီး သူ့ကို ပို၍ နတ်ဆိုးဆန်အောင် ထောက်ပံ့ပေးနေသလိုပင်။

နေမင်းကလန် ခေါင်းဆောင်က သူ့နောက်မှာ ရပ်လို့နေသည်။ သူက ဒူးတစ်ဘက်ထောက်ကာ ရင်ဘတ်ပေါ် လက်တင်လိုက်သည်။

"အရိုအသေ ပေးပါတယ်၊ သခင်၊ ကျွန်တော်က ညအဖွဲ့ရဲ့ ထိပ်တန်း ကလန် ဆယ့်နှစ်ခုထဲက တစ်ခုဖြစ်တဲ့ နေမင်းကလန် ခေါင်းဆောင်ပါ"

နေမင်းကလန် ခေါင်းဆောင်သည် အလွန့်ကို မဝံ့မရဲနှင့် ရိုသေလေးစားသည့် အသွင် ရှိသည်.

"သခင်၊ အရင်တုန်းက ကျွန်တော် သခင့်ဆီ မနက်ဖြန်မှ လာမယ်လို့ လုပ်ထားတာပါ၊ မမျှော်လင့်ဘဲ ဒီနေ့ တွေ့ဆုံရတာပါ၊ ကျွန်တော့်ရဲ့ ရိုင်းပျမှုတွေကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

ထို့နောက် နေမင်းကလန် ခေါင်းဆောင်က ခေါင်းငုံ့ထားလိုက်သည်။

ယဲ့ဖန်က တည်တည် ငြိမ်ငြိမ်နှင့် ပြတင်းပေါက် အပြင်ဘက်မှ မည်းမှောင်နေသော ရှုခင်းကို ကြည့်ရင်း မေးလိုက်သည်။

"ရွှင်းအာ ဘယ်ရောက်နေလဲ မင်းသိလား?"

"သခင်၊ သခင်ငယ်လေးက အမြဲ အထူးတဆန်း လုပ်တတ်ပါတယ်၊ ကျွန်တော့် လက်အောက် ငယ်သားတွေရဲ့ သတင်းအရ ကတော့ မမလေးကို မြောင်ကျန်း ဒေသမှာ တစ်ခါ တွေ့လိုက်တယ်လို့ ပြောပါတယ်"

နေမင်းကလန် ခေါင်းဆောင်က ရွှင်းအာ အကြောင်း ပြောလိုက်သည်နှင့် ပျော်ရွှင်လာသည်။

*မြောင်ကျန်းဒေသ*

ယဲ့ဖန် အသာပြုံးလိုက်သည်။

"ကြည့်ရတာ ကောင်မလေးက မြောင်ကျန်း ဒေသက အင်းဆက်တွေရဲ့ အဆိပ်ကို သုံးပြီး သူမရဲ့ အဆိပ်ခန္ဓာကိုယ် အဆင့် ၂ကို နိုးထအောင် လုပ်ပြီးသွားပြီပဲ"

ထို့သို့ ရေရွတ်ပြီး ယဲ့ဖန်က သူ့အိတ်ကပ်ထဲမှ ကျောက်တုံး လည်ဆွဲတစ်ခုကို ထုတ်၍ နေမင်းကလန် ခေါင်းဆောင်အား ပေးပြီး ပြောလိုက်သည်။

"ရွှင်းအာကို ပေး၊ပေး"

"မှော်ဝင်ပစ္စည်း"

ကျောက်တုံး လည်ဆွဲပေါ်မှ ထွင်းထားသော စာများကို မြင်ပြီး နေမင်းကလန် ခေါင်းဆောင် မျက်ခုံးပင့်မိသွားသည်။

အစဉ်အဆက် လေးစားခံရသော ကလန်တစ်ခု၏ ခေါင်းဆောင်တစ်ခု ဖြစ်သည့် အတွက် သူသည် မှော်ဝင်ပစ္စည်းတစ်ခု၏ တန်ဖိုးကို ကောင်းကောင်းကြီး သဘောပေါက်သည်။

မှော်ဝင်ပစ္စည်း တစ်ခုချင်းစီတိုင်းကို အစဉ်အဆက် လေးစားခံရသော ကလန်များစွာက ရရှိရန် အလုအယက် ကြိုးပမ်းလေ့ ရှိပြီး ပြင်းထန်သော တိုက်ပွဲများတောင် ဖြစ်ပွားလေ့ ရှိလေသည်။

*မှော်ဝင်ပစ္စည်းကို လုပ်နိုင်တဲ့ သူတိုင်းက ဆရာသခင်တွေချည်းပဲ*

*ငါတို့ရဲ့ သခင်အသစ်က ဆရာသခင်များလား*

* ဒါ … လုံးဝ မဖြစ်နိုင်ဘူး*

နေမင်းကလန် ခေါင်းဆောင် မယုံသင်္ကာ ဖြစ်လို့နေသည်။ သူ ဆရာသခင်များကို မြင်ဖူးသော်လည်း ထိုသူတိုင်းက အသက် ၇၀ ကျော်ချည်းပင် ဖြစ်သည်။

သည်လောက် ငယ်ရွယ်သည့် ဆရာသခင်ကို  သူ တစ်ခါမှ မမြင်ခဲ့ဖူးပါ။

*အံ့ဩစရာ မရှိဘူး … သခင်ငယ်လေးက ညအဖွဲ့ကို သူ့လက်ထဲ လွှဲပေးလိုက်ရတဲ့ အကြောင်းက အံ့ဩစရာကို မလိုတော့ပါဘူး*

နေမင်းကလန် ခေါင်းဆောင်က အဖြစ်အပျက်များကို သေချာ အလေးအနက် တွေးရင်း ယဲ့ဖန်ကို ပို၍ ကျိုးနွံလေးစားစွာ ဆက်ဆံလာသည်။

…

ပါတီက ည ၁၀ နာရီမှ ပြီးလို့သွားသည်။ ယဲ့ဖန်က ပါတီတွင် သေချာပေါက်ကို စူပါစတားတစ်ယောက် ဖြစ်လို့လာလေ၏။

ဧည့်သည်တိုင်းက ယဲ့ဖန်နှင့် သိကျွမ်းခွင့်ရရန် ဦးနှောက် ခြောက်မတတ် စဉ်းစားနေကြသည်။ ယဲ့ဖန် ဤနေရာမှ ထွက်လာ သည်နှင့် သူ့လက် နှစ်ဘက်နှင့် အိတ်ကပ်တိုင်းတွင် နာမည်ကဒ်များ ဒါဇင်နှင့် ချီ၍ ပါလာသည်။

လင်းလန်မျက်နှာလေးက ရှက်သွေးဖြာနေသည်။ ယနေ့ညတွင် သူမက အပျော်ဆုံး မိန်းကလေး ဖြစ်လာပေသည်။ သူမ အရမ်း သောက်ထားသဖြင့် အလွန်မူးနေလေသည်။

လမ်းမပေါ်တွင် ကား အနည်းအကျဉ်းသာ ရှိတော့သည်။ လင်းလန်၏ Porsche အမျိုးအစား ကားလေးက လမ်းမပေါ်တွင် အရှိန်အဟုန်ဖြင့် သွားနေသည်။

"ယဲ့ဖန်၊ နင့်ရဲ့ နောက်ခံ အစစ်က ဘာလဲ?"

လင်းလန်က ကားမောင်းရင်း သိချင်စိတ်ဖြင့် ယဲ့ဖန်ကို မေးလိုက်သည်။

သူမအမေးကြောင့် ယဲ့ဖန်က ခပ်ဖွဖွ ပြုံးလိုက်သည်။ သို့သော် သူမ မေးတာကို သူ ပြန်ဖြေတော့မည့် အချိန်တွင် သေခြင်းတရားက နီးကပ်လာတာကို သူ ခံစားလိုက်မိသည်။

သူ မျက်ခုံး ပင့်လိုက်ရင်း မျက်နှာ အမူအရာကလည်း ချက်ချင်း ပြောင်းသွားသည်။

"မဟုတ်ဘူး"

ယဲ့ဖန်က လင်းလန်ကို ကောက်ပွေ့ကာ ကားတံခါးကို ဆောင့်ကန်၍ ကားထဲမှ မြန်နိုင်သမျှ မြန်မြန် ခုန်ထွက်လိုက်သည်။

ဘန်း!

ယဲ့ဖန်က ကားတံခါးကို သားရဲကောင်ကြီး သဖွယ် တစ်စစီ ဖြစ်အောင် ပြုလုပ် မိသွားသည်။ ထို့နောက် ကားထဲမှ သူနှင့် လင်းလန်တို့ ခုန်ထွက်လာသည်။

ယဲ့ဖန် ခြေထောက်ဖြင့် မျဉ်းကွေး တစ်ခုဆွဲလိုက်ပြီး ထိုအရာကို နင်းပြီးမှ မြေပြင်ပေါ်သို့ ဟန်ချက်ညီစွာ ကျသွားသည်။

လင်းလန် တစ်စက်ကလေးမှ ဒဏ်ရာ မရလိုက်ပါ။

လင်းလန် ကြောင်အနေသည်။ ဘာကြောင့် ယဲ့ဖန်က သူမကို ဖက်၍ ကားထဲက ခုန်ထွက်လာသလဲ သူမ မသိပါ။

"ယဲ့ဖန် … ရှင် …"

လင်းလန် သူ့ကို မေးခွန်းထုတ်တော့မည့် အချိန်တွင် မီးပွင့်တစ်ခု သူမထံ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။

ဘန်း!

ပြင်းထန်သော မီးပွားများနှင့်အတူ ကားတစ်စီးလုံး ပေါက်ကွဲသွားသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် Porsche အမျိုးအစား ကားလေးက ကားစုတ် ကားပျက် အဖြစ်သို့ ဘဝ ပြောင်းသွားလေ၏။

…

လင်းလန် နားဝေတိမ်တောင် ဖြစ်သွားရသည်။ သူမရဲ့ ကားလေး ပေါက်ကွဲလိမ့်မည်ဟု သူမ ထင်မထားမိပါ။

"တစ်ယောက်ယောက်က ဗုံးထောင်သွားတယ်"

ယဲ့ဖန်၏ မျက်နှာက အလွန် မည်းမှောင်နေကာ သူ့မျက်လုံးမှလည်း အလွန် ရက်စက်သော အရိပ်အငွေ့များ ယှက်သန်းနေ၏။

ပြိုင်ဘက်က အင်အားကြီး အဖွဲ့ဆိုတာ သိသာလှသည်။ ဗုံးက မည်သည့်အသံမှ မထွက်သလို အလွန် လက်ဝင်လှသည်။ ယဲ့ဖန်တောင်မှ သတိလွတ်တော့မလို ဖြစ်သွားရသည်။

ယဲ့ဖန်၏ ထက်မြက်သော ဆဠမ အာရုံကြောင့်သာ မဟုတ်လျင် သူတို့ကို အားကောင်းသော အရာများက ကာကွယ်ပေးလျင်တောင်မှ နှစ်ယောက်သား ထိခိုက် ဒဏ်ရာ ရသွားလောက်သည်။

"ဒါ အစပဲ ရှိသေးတယ်နဲ့ တူတယ်"

ယဲ့ဖန်က ဘေးသို့ ဝေ့ကြည့်ကာ လမ်းဘေးမှ ဆောက်လိုက်စ အဆောက်အဦးကြီးကို သုန်မှုန်နေသော မျက်နှာထားဖြင့် ကြည့်နေ လိုက်သည်။

"ဘာ"

ယဲ့ဖန်၏ စကားကြောင့် လင်းလန် မှင်တက်သွားရသည်။ ထိုစဉ်…

ဘန်း!

သေနတ်သံကို နှစ်ယောက်သား ကြားလိုက်ရသည်။ ကျည်ဆံက ယဲ့ဖန်ထံသို့ ဦးတည်လို့ လာသည်။

All Chapters