← Chapters

အန်းရှီ၏ သေရေးရှင်ရေး ကာလ!

Vol. 9 Ch. 135

အန်းရှီ၏ သေရေးရှင်ရေး ကာလ!

Vol. 9 Ch. 135

လမ်းကြိုလမ်းကြား တစ်ခုတည်းတွင် မော့ထောင်သည် သေမင်းထံမှ လွတ်အောင် ပြေးနေသကဲ့သို့ တတ်နိုင်သလောက် မြန်မြန် ပြေးနေလေသည်။

သေမတတ်ဖြူရော်နေသော မျက်နှာနှင့် သူ့နဖူးမှလည်း ချွေးဒီးဒီးကျနေသည်။ သူ့ပုံစံက အလွန်အမင်း ကြောက်လန့်နေသည့် ပုံပင်။

"သေစမ်း၊ သေစမ်း၊ သေစမ်း"

ယဲ့ဖန်သည် သူ မယှဉ်နိုင်သော ပြိုင်ဘက်တစ်ယောက်ဟု မော့ထောင် ထင်လာပေသည်။

ယဲ့ဖန်ကို သူ ရန်စလိုက်မိပြီ ဖြစ်သည့်အတွက် သူ့အစီအစဉ် အားလုံး ပျက်စီး သွားလေတော့သည်။

ထို့ကြောင့် မော့ထောင် သူ့ကို အလွန် မုန်းတီးနေသည်။

"နတ်ဆိုးကို ရန်သူ တော်မိမယ်ဆိုတာကိုသာ ငါ သိခဲ့ရင် ငါ သူ့ကို ဘယ်တော့မှ ရန်စမိမှာ မဟုတ်ဘူး"

မော့ထောင် အလွန့်အလွန်ကို နောင်တရနေ၏။ သို့သော် သူ့အတွက် နောင်တရရန် အလွန် နောက်ကျ သွားပြီဖြစ်သည်။ သူ ကျန်းရှီမြို့မှ တတ်နိုင်သလောက် မြန်မြန် ထွက်ပြေးနိုင်ဖို့သာ မျှော်လင့်နေမိသည်။

…

မော့ထောင် မြန်နိုင်သမျှ မြန်မြန် ပြေးနေသည်။

လမ်းကြားလေးထဲသို့ သူ ချိုးကွေ့ဝင်လိုက်သည်နှင့် မြေကြီးတစ်လျှောက် ထူးဆန်းသော စာများကို သူ သတိထားလိုက်မိသည်။

ထိုစာများက ယခုလေးတင် ရေးဆွဲထားသည့်ပုံပင်။

မော့ထောင် လမ်းအဆုံးသို့ ရောက်သောအခါ သူ ရုတ်တရပ် ရပ်သွားသည်။

သူက ရှေ့တည့်တည့်သို့ ပြာနှမ်းနေသော မျက်နှာနှင့် ကြည့်ကာ ဗလုံးဗထွေး ရေရွတ်လိုက်မိသည်။

"ယဲ့… ယဲ့ဖန်"

သိပ်မဝေးသော နေရာတွင် အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက်က နံရံကို မှီကာ စီးကရက် သောက်လို့နေသည်။

ဆေးလိပ်မီးပွားများကြောင့် ယဲ့ဖန်၏ ပုံစံက ပို၍ ဆန်းကြယ်လို့နေ၏။

"သခင်လေးမော့၊ ခင်ဗျားရဲ့ ပြန်လည် ဝင်စားခြင်း အတွက် မြန်မြန် ပြေးနေတာလား?"

ထိုသို့ပြောပြီး ယဲ့ဖန်က မော့ထောင်ဘက် လှည့်ကာ တောက်ပစွာ ပြုံးပြလိုက်သည်။

သူ့အပြုံးက အလွန် ဖြူစင်ပုံရသော်လည်း မော့ထောင်၏ အမြင်တွင်တော့ သေမင်းနတ်ဘုရားနှင့် ဆင်တူသည်ဟု တွေးနေမိသည်။

ရုတ်တရက် မော့ထောင် ကျောပြင်တစ်ခုလုံး ချွေးများနှင့် ရွှဲနစ်လာကာ ကတုန်ကယင် ဖြစ်လာသည်။

*ပြေး*

*ငါ ပြေးမှပဲ ဖြစ်မယ်*

သူ ယဲ့ဖန်ကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့သည့်အတွက် ယဲ့ဖန် သူ့ကို ဘယ်တော့မှ ခွင့်လွှတ်ပေးမည် မဟုတ်တာကို သူ သိလို့နေသည်။

ထို့ကြောင့် သူ ပြေးမှ ဖြစ်မည်။ ချက်ချင်းပင် မော့ထောင်က နောက်လှည့်၍ သူ ပြေးဝင်လာခဲ့သည့် ဘက်သို့ ခပ်မြန်မြန် ပြန်ပြေးသွားသည်။

ယဲ့ဖန်၏ အပြုံးက ပို၍ တောက်ပလာကာ အော်ပြောလိုက်သည်။

"သခင်လေးမော့၊ ခင်ဗျားက ပစ္စည်းတွေပေါက်ကွဲတာကို ကြိုက်တယ်ဆိုတော့ ကျုပ်ကလည်း ခင်ဗျားကို ပေါက်ကွဲစေတဲ့ အရာ တစ်ခုခု လက်ဆောင် ပြန်ပေးပါရစေ"

ထိုသို့ပြောပြီး ယဲ့ဖန်က နံရံကို သူ့လက်ချောင်းဖြင့် ထိလိုက်သည်။ နံရံပေါ်တွင် ထူးဆန်းသော စာတစ်ခု ရှိနေသည်။ ယဲ့ဖန်လက်က ထိုအရာကို ထိလိုက်သည်နှင့်  ကြီးမားသော ပေါက်ကွဲမှု တစ်ခု ဖြစ်လာလေသည်။

မြေကြီးပေါ်မှ ထူးဆန်းသော စာတစ်ခုက ချက်ချင်း ထပေါက်လာသည်။

"အား"

မော့ထောင်၏ ခြေတစ်ဘက်က ပေါက်ကွဲမှုကြောင့် တစ်စစီ ဖြစ်သွားသဖြင့် သူ အော်လိုက်မိသည်။

စူးစူးဝါးဝါး အော်ဟစ်သံများနှင့်အတူ မော့ထောင်၏ မျက်နှာတွင် ဘာကြောင့် မြေကြီးက ရုတ်တရက် ထပေါက်လာသည်ကို နားမလည်၊ မယုံနိုင်သည့် ဟန်များ ဖြစ်ပေါ်နေသည်။

သူ့နောက်ကျောမှ ယဲ့ဖန်၏ ခြေသံများကို ကြားလိုက်ရသဖြင့် အသက်ကို နုတ်ယူခံရတော့မည့် ပုံဖြင့် တုန်လှုပ်နေသည်။

"မဟုတ်ဘူး၊ ငါ ဒီနေရာမှာ မသေနိုင်ဘူး"

မော့ထောင် အလွန်ကြောက်ရွံ့ကာ သူ့အသည်းနှင့် သည်းခြေအိတ်တို့တောင် ပေါက်ထွက်တော့မတတ် ခံစားလာရသည်။ သူ့ပေါင်မှ နာကျင်မှုကို သည်းခံရင်း ရှေ့သို့ ဆက်သွားသည်။

သို့သော် သူ ခြေလှမ်း အနည်းငယ် လှမ်းလိုက်ပြီးသည်နှင့် ယဲ့ဖန်က နံရံကို ထပ်ထိလိုက်သည်။ တစ်ချိန်တည်းမှာပင် မြေကြီးပေါ်မှ နောက်ထပ် စာတစ်ခုက ပေါက်ကွဲလာလေ၏။

ဘန်း!

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မော့ထောင်၏ နောက်ထပ် ခြေထောက်တစ်ဘက် ရစရာမရှိ ဖြစ်သွားပြန်သည်။

"အား … နာလိုက်တာ"

မော့ထောင် နာကျင်မှုကြောင့် တုန်လှုပ်နေကာ မျက်လုံး၌လည်း ကြောက်ရွံ့နေသည့် ဟန်များ ပေါ်လွင်နေသည်။

*နတ်ဆိုး*

*သူက နတ်ဆိုးပဲ ဖြစ်မယ်*

မော့ထောင် ရှေ့သို့ လက်ဖြင့် တွားသွားနေရင်း သူ့အောက်ပိုင်းမှ သေးစီးကြောင်း ဖြစ်ပေါ်လာသည်။

သို့သော် ဤသည်ကား အစပင် ရှိသေးသည်။

ဘန်း! ဘန်း! ဘန်း!

နောက်ထပ် ပေါက်ကွဲမှု သုံးခု ဖြစ်ပေါ်လာကာ မော့ထောင်သည်လည်း သွေးများဖြင့် ပေကျံလာပြီး တစ်စစီ ဖြစ်သွားလေတော့သည်။

နောက်ဆုံး ပေါက်ကွဲမှု ဖြစ်ပေါ်လာသည့် အချိန်တွင် မော့ထောင်၏ မျက်လုံးအတွင်း၌ အလွန်အမင်း ထိတ်လန့်၊ ကြောက်ရွံ့နေဟန်များ ပျော်ဝင်နေသည်။

"ငါသာ နောက်တစ်ကြိမ် အသက်ပြန်ရှင်ခွင့် ရမယ်ဆိုရင် ငါ … ဒီနတ်ဆိုးကို ဘယ်တော့မှ ရန်သွားစမှာ မဟုတ်ဘူး"

မော့ထောင်၏ မျက်နှာတွင် အလွန် မုန်းတီးနာကျည်းနေသည့် အမူအရာများ ပေါ်လွင်နေပြီး နောက်ဆုံးတွင် သူ့မျက်လုံးများ ငြိမ်သက်သွားလေတော့သည်။

မော့ထောင် သေသွားချေပြီ။

မော့ထောင်၏ အလောင်းကို ကြည့်ပြီး ယဲ့ဖန်က အသာပြုံး၍ သက်ပြင်း ချလိုက်သည်။

"ဟူး … တကယ်က ငါ လူသတ်ရတာကို မနှစ်မြို့ဘူး၊ ဒါပေမယ့် မင်းတို့က ဘာလို့ အမြဲ ကိုယ့်သေတွင်းကိုယ် တူးချင်နေရတာလဲ"

ထိုသို့ပြောပြီး ယဲ့ဖန်က လက်တစ်ဘက် ဝှေ့ယမ်းလိုက်သည့်အခါ အနက်ရောင် ချီမျှင်စုက မော့ထောင်၏ ကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

တစ်ခဏအတွင်းမှာပင် မော့ထောင်၏ အလောင်းက ပြာဖြစ်ကာ ပျောက်ကွယ် သွားလေတော့သည်။ မြေကြီးပေါ်မှ သွေးကွက်များလည်း အတူတူပင်။

လမ်းကြားလေးထဲတွင် အနည်းငယ် အက်ကွဲနေသော မြေကြီးမှ လွဲ၍ အရာအားလုံး ပုံမှန်ပင်။

ကျားခေါင်းအဖွဲ့၏ အဓိက အဖွဲ့ဝင်များ သေသွားပြီးနောက် ကျန်သူများ အညံ့ခံလာကြသည်။

ထိုအချိန်မှစ၍ ဝံပုလွေရိုင်းသည် ကျန်းရှီမြို့၏ တရားမဝင် အင်အားအကြီးဆုံး ဂိုဏ်းတစ်ခု ဖြစ်လာလေတော့သည်။

…

ဒုတိယနေ့တွင် ကျန်းရှီမြို့၏ မြေအောက်လောကတွင် ကြားဖြတ် သတင်းတစ်ခု ပျံ့နှံ့သွားလေတော့သည်။

ကျားခေါင်းအဖွဲ့ ညတွင်းချင်း ပျောက်ကွယ်သွားခြင်း။

ကျားနက်၊ ကင်းကောက် ၄ယောက်နှင့် သူတော်စင် ၁၀ယောက်လုံး ပျောက်ကွယ်သွားပြီး အလောင်းတောင် လိုက်ရှာလို့ မရချေ။

ကျန်ရှိနေသော ကျားခေါင်း အဖွဲ့သားများက သူတို့၏ အဖွဲ့အစည်းမှ ပြောင်းကာ ဝံပုလွေရိုင်းထံ အညံ့ခံလိုက်ကြသည်။

ဝံပုလွေရိုင်းသည် ကျန်းရှီမြို့တွင် မြေအောက်လောက၏ နံပါတ်တစ် အင်အားအကြီးဆုံးသူ ဖြစ်လာပေပြီ။

လူတော်တော်များများက ကျန်ရှိနေသော ကျားခေါင်းအဖွဲ့သားများကို မေးခွန်းထုတ်ကြသော်လည်း ဘယ်တစ်ဦးတစ်ယောက်ကမှ တစ်ခွန်းတောင် မဟကြ။ လူတိုင်းက ကြောက်လန့်ဖွယ်ကောင်းသော တစ်စုံတစ်ခုနှင့် ကြုံခဲ့ရသည့်အလား အလွန် ပျာပန်းခတ်လာလေ့ရှိသည်။

သို့သော် ဉာဏ်ကောင်းသူတိုင်း ကျားနက်၏ သေဆုံးမှုက ဝံပုလွေရိုင်းနှင့် သူ၏ ထူးဆန်းသော သခင်ကြီးနှင့် သေချာပေါက် ဆက်စပ်မှု ရှိမှန်း ရိပ်မိ ကြလေသည်။

…

မနက်ခင်းပိုင်းတွင်!

ယဲ့ဖန်က အန်းရှီ၏ အိမ်သို့ အလည်ရောက်လာလေသည်။ အန်းရှီ၏ ကုတင်ရှေ့တွင် ရပ်နေရင်း ယဲ့ဖန် ပုံစံက အလွန် ဝမ်းနည်းနေပုံရသည်။

"သူမ သန္ဓေပြောင်းလဲနေတာပဲ"

ယဲ့ဖန် မယုံနိုင်ဟန်ဖြင့် မျက်ခုံးပင့်မိသွားသည်။

"ဆန်းကြယ် ရေခဲ ခန္ဓာကိုယ်က သန္ဓေပြောင်းလဲနေတယ်"

အန်းရှီသည် ကုတင်ပေါ်တွင် ရေခဲ ပန်းပုရုပ်သဖွယ် လှဲလျောင်းလို့နေ၏။

ထူထဲသော ရေခဲများ ဖုံးလွှမ်းနေသော သူမသည် အိပ်ပျော်နေသော‌ ရေခဲနတ်သမီးလေးလိုပင်။ မျက်လုံးများ မှိတ်ထားသဖြင့် မည်သူမှ သူမ ရှင်သလား၊ သေသလား မသိနိုင်ပါ။

"ပြိုင်စံရှား ခန္ဓာကိုယ်က သန္ဓေပြောင်းရင် အရမ်း အန္တရာယ် များတယ်၊ တစ်ခုခု မှားသွားတာနဲ့ သူမရဲ့ ကျင့်ကြံမှု အစမှာတင် သေသွားနိုင်တယ်"

ယဲ့ဖန်၏ မျက်နှာက အလွန် မည်းမှောင်လာသည်။

"ငါ တစ်ခုခု‌တော့ ကြိုးစားကြည့်မှ ရမယ်"

ယဲ့ဖန်က ချက်ချင်း လက်ဖဝါး နှစ်ဘက်ကို စုစည်း၍ လက်သင်္ကေတ တစ်ခုကို ပြုလုပ်လိုက်သည်။

ထို့နောက် သူက လေထဲ စုတ်ချက်တစ်ချို့ ရေးဆွဲလိုက်သည်။

…

ထူးဆန်းသော မှော်သင်္ကေတတစ်ခု ပေါ်ထွက်လာသည်။

အချိန်ကြာလာသည်နှင့် ထိုသင်္ကေတက ပို၍ ပို၍ တောက်ပလာကာ ယဲ့ဖန်၏ မျက်နှာက မျှော်လင့် စောင့်စားချက်တို့ နှင့်အတူ အလျင်အမြန် ဖြူရော် လို့လာသည်။

တစ်မိနစ်! ငါးမိနစ်! ဆယ့်ငါးမိနစ်!

…

နာရီဝက်ခန့် ကြာပြီးနောက် ယဲ့ဖန် ရှေ့မှ မှော်သင်္ကေတက အလွန် တောက်ပလာကာ သူ့နဖူးမှ ချွေးများ ဆက်၍ တဒီးဒီး ကျနေသည်။

သင်္ကေတက အတောက်ပဆုံး ဖြစ်လာသည့်အချိန်တွင် သူက ရေခဲထုကို လက်ညှိုးညွှန်၍ "အရည်ပျော်စမ်း" ဟု ကြုံးဝါးလိုက်သည်။

ယဲ့ဖန်၏ ကြုံးဝါးမှုအောက်တွင် ထိုသင်္ကေတက တောက်ပသော အလင်းတန်းကဲ့သို့ ရေခဲထုထဲသို့ ဝင်ရောက်သွားသည်။

သို့သော် ရေခဲထုထဲ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ထိုသင်္ကေတ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

အဆုံးတွင် ယဲဖ့န် မအောင်မြင်ခဲ့။

ဖွီ!

သူ သွေးအန်လို့သွားသည်။ ရေခဲထုထဲမှ သင်္ကေတက တစ်စစီဖြစ်ကာ ပျောက်ကွယ်သွားသည်။

"ဘယ်လောက်တောင် အားကြီးလိုက်တဲ့ အဖျတ်စွမ်းအားပါလိမ့်"

ယဲ့ဖန်က ရေခဲထုအား စိတ်ပျက်၊ အံ့ဩဟန်များဖြင့် ကြည့်နေသည်။ အန်းရှီကို အတင်း အဓမ္မ ကယ်တင်ရန် ကြိုးစားလျင် သူ အကြီးအကျယ် ဒဏ်ရာရသွားနိုင် သည့်အပြင် ထိုအတောအတွင်း အန်းရှီ သေသွား နိုင်မှန်းလည်း သူ သိနေသည်။

ထို့ကြောင့် ယဲ့ဖန်၏ မျက်နှာက မည်းမှောင်လာသည်။

"သန့်စင်သော ယန်မြက်ပင်"

"သန့်စင်သော ယန်မြက်ပင် တစ်ခုတည်းကပဲ အန်းရှီကို ကယ်တင်နိုင်မယ်"

"ပြီးတော့ ငါ အဲ့ဒီ သန့်စင်သော ယန်မြက်ပင်ကို လဝက်အတွင်း ရမှဖြစ်မယ်၊ မဟုတ်ရင် အန်းရှီ သေချာပေါက် သေသွားလိမ့်မယ်"

All Chapters