← Chapters

နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၏ တာအိုလက်တွဲဖော်

Vol. 21 Ch. 288

နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၏ တာအိုလက်တွဲဖော်

Vol. 21 Ch. 288

ထိုအရိပ်မည်း၏ တစ်ကိုယ်လုံးမှာ အဝတ်မည်းများဖြင့် ရစ်နှောင်ထားပြီး ဦးခေါင်းပင် ဖော်ပြမထားပေ။ ချူချင်းလောင်က ထိုအဝတ်မည်း အရိပ်ကို တစ်ခါမျှ မမြင်ဖူးသော်လည်း သူ ပေါ်လာသည့် အခိုက်အတန့် ထိုမျက်လုံးအစုံမှာ သူမကို စောင့်ကြည့်နေသည့် သူ ဖြစ်ကြောင်း ခံစားမိလိုက်သည်။

သူမက မိုဝူကျီကို ခေါ်လာမိ၍ စိတ်သက်သာရာ ရမိသွားသည်။ မဟုတ်လျှင် သူမက ထိုအရိပ်မည်းနှင့် တွေ့ဆုံသည့်အခါ သေချာပေါက် နောက်ဆုတ်ရမည် ဖြစ်၏။ သူမထက် ကျင့်ကြံဆင့်နိမ့်သော မိုဝူကျီက သူ့ကို မြင်နိုင်၍ မိုဝူကျီသည် သူမထက် အစီအရင်တာအိုကို ပိုသိကြောင်း သေချာ သွားလေသည်။

“မဆိုးဘူးပဲ။ ယွမ်ဒန်အဆင့် ကျင့်ကြံသူလေးက ငါ့အစီအရင်ကို မြင်နိုင်တယ် ဆိုတော့ မင်းက အတော်လေး စွမ်းဆောင်ရည် ကောင်းတာပဲ။ အဲဒါကြောင့် မင်းကို ဒီနေ့တော့ လွှတ်ပေးလိုက်မယ် ...” အရိပ်မည်း၏ အသံမှာ မာကျောသည့် အရာနှစ်ခု ပွတ်တိုက် နေသည့်အလား ထွက်ပေါ်နေပြီး ကြောက်စရာ ကောင်းလှပေသည်။

အရိပ်မည်းသည် နောက်ကွယ်တွင် ပုန်းကွယ်နေစဉ်က ကြောက်စရာ အကောင်းဆုံး ဖြစ်လေသည်။ လက်ရှိတွင် ချူချင်းလောင်က သူမနောက်ကွယ်မှ လိုက်ကြည့်နေသော မျက်လုံးပိုင်ရှင်ကို တွေ့လိုက်ရသဖြင့်  တည်ငြိမ် နေလေသည်  “အရှင် ဆိုလိုချင်တာက ကျွန်မ ကလွဲရင် ကျန်တဲ့လူအားလုံး ထွက်သွားနိုင်တယ်လို့ ပြောချင်တာလား ...”

အရိပ်မည်း၏ ကြောက်မက်ဖွယ် အသံက နောက်တစ်ဖန် ထွက်ပေါ် လာပြန်သည်။

“ဟုတ်တာပေါ့။ မင်း အသက်ရှင် နေတုန်းကလည်း  ချူမျိုးနွယ်စုဝင်ပဲ။ သေတဲ့အခါလည်း ချူမျိုးနွယ်စုဝင်အဖြစ် သေရမယ်။ မင်း တစ်ဘဝလုံး ချူမျိုးနွယ်စုထဲ ရှိနေရမယ် ...”

မိုဝူကျီက မသက်မသာ ပြုံးလိုက်ရင်း

“ဒါပေမဲ့ ကျုပ်က ခင်ဗျားကို အလွတ်ပေးဖို့ ရည်ရွယ်ချက် မရှိဘူး။ ကျုပ်လမ်းကို ပိတ်တဲ့သူတိုင်း ဘယ်သူမှ အေးအေးဆေးဆေး ပြီးမသွားဘူး။

အစ်မချူ ... သူက ခင်ဗျား ဖြေရှင်းရမဲ့အရာပဲ။  တစ်ချိန်က သူ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ရောက်ခဲ့ပေမဲ့ လက်ရှိတော့ ခင်ဗျားလောက်တောင် အားမကောင်းတော့ဘူး ...”

မိုဝူကျီက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများကို မြင်ဖူးသည့် အတွက် ထိုအရိပ်မည်းမှာ တစ်ချိန်က စစ်မှန်ခြင်း နတ်ဘုရားအဆင့် ဖြစ်ခဲ့ဖူးကြောင်း ခံစားမိသည်။ သို့သော်လည်း အရိပ်မည်းပေါ်မှ ဝိညာဉ်စွမ်းအား အရှိန်အဝါများက ဆောက်တည်ရာမရ ဖြစ်နေသည့်အတွက် သူ့အင်အားမှာ လျော့ကျ လာကြောင်း သက်သေ ပြနေလေ၏။ အရိပ်မည်းက ဤသည်က အစီအရင် ဖြစ်ကြောင်း ပြောစဉ်က သူသည် ကိုယ့်နားကိုပင် မယုံနိုင်ပေ။ မည်သူက ထိုအရာကို အစီအရင်ဟု ယူဆမည်နည်း။

“ဒါပေမဲ့ သူ့အစီအရင်က ...” ချူချင်းလောင်က စိုးရိမ်စွာ ပြောလိုက်သည်။ သူမက ချူမျိုးနွယ်စု၏ ပိတ်လှောင်ခြင်း အစီအရင်ကို မကြောက်သည်မှာ ထိုသည်က ချူမျိုးနွယ်စု ပြုလုပ်ထား၍ ဖြစ်သည်။ ဤအစီအရင် အတွက်မူ သူမက လုံးဝမသိပေ။

မိုဝူကျီက ရယ်မောလိုက်ပြီး

“သူ ကျုပ်ကို ထွက်သွား စေချင်တာက ကျုပ်ကို ကြောက်နေလို့၊ ခင်ဗျား စိတ်ကြိုက် တိုက်သာတိုက်  ... စိုးရိမ်မနေနဲ့ …”

မိုဝူကျီက လျှောက်ပြောနေခြင်း မဟုတ်ပေ။ အကြောင်းမှာ ဤနေရာတွင် ထောင်ချောက် အစီအရင် နှစ်ခုနှင့် ပုံရိပ်ယောင် အစီအရင် တစ်ခု ရှိနေခြင်း ဖြစ်သည်။ ထောင်ချောက် အစီအရင် နှစ်ခုတွင် တစ်ခုက လေထဲတွင် ရှိပြီး သူတို့သင်္ဘောပျံ ထုတ်လိုက်သည်နှင့် သေချာပေါက် ပိတ်မိ သွားစေလိမ့်မည်။ နောက်တစ်ခုမှာ ချုပ်နှောင် အစီအရင် ဖြစ်ပြီး သူတို့ လှုပ်ရှားလိုက်သည်နှင့် ထိုထောင်ချောက်က သူတို့ကို ပိတ်ထားပြီး ထိန်းချုပ်သွားမည် ဖြစ်သည်။ ပုံရိပ်ယောင် အစီအရင်အတွက် ကျင့်ကြံသူများက အချိန်မသိ ဖြစ်သွား ပေလိမ့်မည်။

ထိုသို့ ထောင်ချောက် အစီအရင်များက မိုဝူကျီရှေ့တွင် ပြောဆိုဖို့ရာပင် မထိုက်တန်တော့ချေ။ အစီအရင် တာအိုအကြောင်း နကန်းတစ်လုံး မသိသည့် နလိန်းပတုံးများ အတွက် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ဖြစ်နေလျှင်ပင် ထိုထောင်ချောက်အတွင်း အချိန် အတော်ကြာ ပိတ်မိနေနိင်သည်။ ပိတ်မိနေသည့် အချိန်က နည်းလျှင်ပင် ထိုအရိပ်မည်းက ထိုအခွင့်အရေးကို အသုံးချ၍ ဒဏ်ရာရအောင် လုပ်နိုင်သလို သတ်ပါ သတ်ပစ် နိုင်လေသည်။

အရိပ်မည်းက မိုဝူကျီကို ထွက်သွား စေလိုသည်မှာ မိုဝူကျီက သူ့အစီအရင် အဖျားပိုင်းကို ရပ်တန့်လိုက်၍ ဖြစ်သည်။ ထိုသည်က မိုဝူကျီသည် သူ့အစီအရင်များကို နားလည်ကြောင်း သိသာစေသည့်အတွက် မိုဝူကျီကို နည်းနည်းတော့ ကြောက်လန့်မိသည်။

“ကောင်းလိုက်တာ  ...” ချူချင်းလောင်က မိုဝူကျီ စကားများကို ကြားပြီး သူမ ဓားရှည်ကို ဆွဲကာ တွန့်ဆုတ်နေခြင်း မရှိ ပြေးဝင် သွားတော့သည်။

လက်ရှိ ချူချင်းလောင်က အရိပ်မည်းကို သတ်ရန် ထွက်သွားသည့်အခါ မိုဝူကျီက အစီအရင်အလံ ဆယ်ခုကို ပစ်လွှတ်၍ ထောင်ချောက် အစီအရင်အတွင်း ကိုယ်တိုင် ဝင်လိုက်ပြီး အလံများ ဆက်တိုက် ပစ်လွှတ်လိုက်သည်။

သူက ချူရှင်ကျီ ပိတ်မိနေသော အစီအရင်ကို လေ့လာ ထားသောကြောင့် သူ့အစီအရင် တာအို အမွေအနှစ်မှာ အရိပ်မည်းထက် အားကောင်းလေ၏။ သူက ထိုအရာများကို ပြန်လည် ပြင်ဆင်နိုင်သလို ချိုးဖျက်ရာ၌လည်း ပိုသိလေသည်။

သူက ချူချင်းလောင်က တစ်ဖက်လူကို ဆက်တိုက် ပိတ်ဆို့ ထားနိုင်ပါက သူသည် ထိုအလံများဖြင့် အစီအရင်ကို ပြန်လည် ပြင်ဆင်နိုင်လိမ့်မည်ဟု ယုံကြည်သည်။ သူက ထိုသို့ လုပ်နိုင်သည်နှင့် ထိုအရိပ်မည်းမှာ ဆက်၍ တိုက်ရန် မဖြစ်နိုင်တော့ချေ။

ချူချင်းလောင်မှာ အမျိုးသမီး ဖြစ်သော်လည်း သူမ ဓားပညာရပ်မှာ အလွန် စူးရှလှသည်။ ဓားအလင်းများက စက္ကန့်ပိုင်းလေးအတွင်း ဆက်တိုက် ပေါက်ကွဲနေပြီး သူမက အရိပ်မည်းကို ဒေါသ သွားဆွနိုင်ခဲ့သည်။

အရိပ်မည်း လုပ်သည့် ပထမဆုံး အရာမှာ ချူချင်းလောင်နှင့် ရင်ဆိုင်ဖို့ရာ မှော်ရတနာ ထုတ်ယူခြင်း မဟုတ်ဘဲ မိုဝူကျီကဲ့သို့ အစီအရင်အလံများ ပစ်လွှတ်ခြင်း ဖြစ်သည်။ သူက ချူချင်းလောင်ကို ခေါ်သွားဖို့ရာ သူမ စွမ်းအားကို ကောင်းကောင်း သိ၍ ထောင်ချောက်ကို အသုံးပြုရမည် ဖြစ်ကြောင်း သိ၏။

သို့သော်လည်း သူက သူ့အစီအရင် အလံများကို မိုဝူကျီ ပြုပြင်ထားသော ပင်မ အစီအရင်ထဲ ရောက်သွားသောအခါ ထိုအလံများကို ပင်လယ်ထဲ ပစ်ချသကဲ့သို့ ဖြစ်နေလေသည်။ သူက သူ့ကျင့်ကြံဆင့်သည် မိုဝူကျီထက် မြင့်မှန်း သိသော်လည်း သူ့အစီအရင် တာအိုမှာ မိုဝူကျီထက် များစွာ အားနည်းလှသည်။ သူတို့ အစီအရင်တာအိုက တစ်ခုနှင့် တစ်ခု မယှဉ်ပြိုင်ခင် သူက ရှုံးသည့်ဘက်မှ သေချာ သွားလေပြီ။

အကယ်၍ သူသာ ချက်ချင်း ထွက်မသွားပါက မိုဝူကျီ အစီအရင် ပြီးဆုံးသွားလျှင် လုံးဝ လွတ်လမ်း ရှိတော့မည် မဟုတ်ချေ။

အရိပ်မည်း အဝတ် အပိုင်းအစ တချို့က ချူချင်းလောင်၏ ဓားချက်ကြောင့် စုတ်ပြဲကုန်လေကာ မြေပြင်ပေါ် ကျကုန်ကြသည်။ တစ်ချိန်တည်းတွင် အရိပ်မည်းက အနံ့ဆိုးဆိုး ချန်ရစ်ရင်း  အစအနမရှိ ချက်ချင်း ပျောက်ကွယ် သွားလေသည်။

မိုဝူကျီက အစီအရင် အလံများကို ချထားရင်း စိတ်ထဲမှ လေပူများ မှုတ်ထုတ် လိုက်တော့သည်။ အကယ်၍ ချူချင်းလောင်သာ အားအနည်းငယ် ပိုကောင်းပြီး သူ့အား နည်းနည်း ကြာကြာ ထိန်းထားနိုင်ပါက သူ့ကို သေချာပေါက် ဖမ်းမိ နိုင်လိမ့်မည် ဖြစ်သည်။ သူ့ကို ဤနေရာတွင် မသတ်လိုက်ခြင်းက သူ့ကို သတ်ရန် ကြိုးစားမည့် ကျင့်ကြံသူ တစ်ဦး ထပ်တိုးလာခြင်းနှင့် အတူတူ ဖြစ်လေသည်။

သူက အစီအရင်အလံများကို သိမ်းဆည်းရင်း ပြောလိုက်သည်။

“ကျုပ်တို့တွေ အခုထွက်သွားလို့ ရပြီ ...”

သူ့ရန်သူများက မည်မျှပင် အားကောင်းစေကာမူ သူက ပိုအားကောင်း နေသရွေ့ အဆင်ပြေလေသည်။ ပြဿနာ အရင်းအမြစ်မှာ သူက အားနည်းနေဆဲ ဖြစ်၍ ဖြစ်သည်။

ချူချင်းလောင်က သူမဓားရှည်ကို သိမ်းထားလိုက်ပြီး သူမ စိတ်ခံစားချက်များမှာ မတည်ငြိမ်သေးပေ။

“အစ်မချူ ...  ဒီလူက ချူမျိုးနွယ်စုကနဲ့ တူတယ်။ အစ်မ သိလား ...” ရုန်ဟယ်က မေးလိုက်သည်။

ချူချင်းလောင်က ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“သူ မဖြစ်ပါစေနဲ့လိုတော့ မျှော်လင့်မိတယ်  ...”

ထိုလူမှာ သူမအဘိုး ချူလင်းနှင့် ဆင်တူလှသောကြောင့် အတော်လေး အံ့ဩမိနေသည်။ သို့သော် သူ သေသွားသည်မှာ ကြာလှပြီ မဟုတ်ဘူးလား ...  သူမအတွက် အရမ်း ထူးဆန်းလှသည်။

အားလုံးက သူမကို ကြည့်နေကြသည်ကို သတိထားမိပြီး ချူချင်းလောင်က ပြန်အသိ ကပ်လာကာ မိုဝူကျီကို ပြောလိုက်ရသည်။

“ဝူကျီ ... ကျွန်မ ရှင့်ကိုသာ မဖိတ်ခဲ့ရင် ကျွန်မတော့ ချူမျိုးနွယ်စုဆီ ပြန်ပါသွားတော့မှာ။ ပြီးရင် ဘယ်တော့မှ ဘဝအသစ်ကိ စတင်နိုင်မှာ မဟုတ်ဘူး ...”

မိုဝူကျီက ချူချင်းလောင်သည် စိတ်မပျော်တော့သည်ကို သတိပြုမိပြီး ပြောလိုက်သည်။

“ဒီကိစ္စ ဆက်မပြောကြတာပေါ့။ ကျုပ်တို့တွေ ကြယ်တာရာ တိုက်ပွဲကို ဘယ်လို သွားမလဲဆိုတာ ဆွေးနွေးကြရအောင် ...”

ချူချင်းလောင်က  အားတင်းရင်း “ကျွန်မတို့တွေ ကိုးမိုမြို့ဆီ အရင်သွားကြမယ်။ အဲဒီကနေ ကူးပြောင်းရေး အစီအရင် ဒါမှမဟုတ် သင်္ဘောပျံနဲ့ ကြယ်တာရာ တိုက်ပွဲရှိရာ အနီးဆုံးဖြစ်တဲ့ စူးရှလေမြို့ဆီ သွားကြမယ် ”

ကိုးမိုမြို့သည် မိုဝူကျီ မြင်ဖူးသမျှ မြို့များအနက် အကြီးမားဆုံး ဖြစ်လေသည်။ မြို့အပြင်ဘက်တွင် ရပ်နေရုံဖြင့် မိုဝူကျီသည် ဤနေရာမှ ခမ်းနားမှုများနှင့် သမိုင်းကြောင်းကို ခံစားမိလေသည်။

ဤမြို့သည် ကြာလှပြီ ဖြစ်သော်လည်း အိုဟောင်းနေခြင်း မရှိချေ။

“ကိုးမိုမြိုက တော်တော် ကျယ်ပြီး လူရှုပ်တာပဲ ...” ဖန်းချီက မပြောဘဲ မနေနိုင်တော့ချေ။

ဖန်းချီဘေးမှာ ရပ်နေသည့် ကျင့်ကြံသူက ဖန်းချီစကားကို ကြားသောအခါ ဝင်ပြောလိုက်သည်။

“ဒါက ဘာမှ မဟုတ်သေးဘူးဗျ။ ခင်ဗျားသာ စူးရှလေမြို့ကို ရောက်ဖူးရင် တကယ့် ခမ်းနားတဲ့ မြို့က ဘယ်လိုလဲဆိုတာ သိလိမ့်မယ် ...”

“ဒီက ရောင်းရင်းက စူးရှလေမြို့ကို ရောက်ဖူးတယ်လား ...” မိုဝူကျီက မေးကြည့် လိုက်သည်မှာ သူတို့သည်လည်း စူးရှလေမြို့သို့ သွားမည် ဖြစ်၏။

ကျင့်ကြံသူက ခေါင်းညိတ်ပြကာ  “ဟုတ်တာပေါ့။ ကျုပ် အဲဒီကို တစ်ခါ ရောက်ဖူးတယ်။ ကြယ်တာရာ တိုက်ပွဲကိုသွားဖို့ စူးရှလေမြို့ကို ဖြတ်ကို ဖြတ်ရတယ်လေဗျာ။ အဲဒီမြို့ကို ရောက်တာနဲ့ ခင်ဗျားတို့တွေ ...”

သူက စကားမဆုံးခင် ခေါင်းခါလိုက်ပြီး  “ကျုပ်က ခင်ဗျားတို့ကို ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး။ ခင်ဗျားတို့ ကိုယ်တိုင် ရောက်သွားရင် နားလည် သွားပါလိမ့်မယ်ဗျာ ...”

သူ့စကားအဆုံးတွင် ကျင့်ကြံသူက အရှိန်မြင့်ကာ ကိုးမိုမြို့အတွင်းသို့ ဝင်သွား တော့သည်။

ချူချင်းလောင် နောက်မှ လိုက်လာကြပြီး သူတို့အဖွဲ့လိုက် ကိုးမိုမြို့ထဲ ဝင်လာကြသည်။ မြို့အပြင်ဘက်တွင် အားလုံးက မြို့၏ ခမ်းနား ကြီးကျယ်မှုများကို ခံစားမိကြသော်လည်း မြို့ကို ဝင်လိုက်သည်နှင့် ထိုသည်က မြို့တစ်မြို့လုံး၏ အစိတ်အပိုင်းလေးသာ ဖြစ်ကြောင်း သတိပြုမိ လိုက်ကြသည်။

သူတို့ ဝင်လိုက်သည်နှင့် သူတို့က ပင်လယ်ကြီးလောက် ကျယ်ဝန်းသော နေရာ ကွက်လပ်တွင် ကျောက်တိုင် သုံးခု စိုက်ထူထားသည်ကို တွေ့လိုက်ရသည်။ ကျင့်ကြံသူ လူအုပ်ကြားတွင် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူများ မြင်ရသည်က ပုံမှန် ဖြစ်လေသည်။

“အဲဒီ ကျောက်တိုင်တွေက  ကောင်းကင်၊ မြေကမ္ဘာနှင့် လူသားအဆင့် ဇယားတွေလေ ...” ချူချင်းလောင်က မိုဝူကျီသည် ထိုအရာများကို ကြည့်နေ၍ ရှင်းပြလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး  “ကျုပ် အရင်က ကြားဖူးတာတာ့ အဲဒီအဆင့် ဇယားတွေကို တက်နိုင်တဲ့သူ အားလုံးက ကျန်းမိုနယ်မြေက ပါရမီရှင်တွေချည်းဆို ...”

“အဲလိုတော့ မဟုတ်ပါဘူး။ အရင်လူသား အဆင့်ဇယား အဆင့်တစ်က ကျန်းမိုနယ်မြေက မဟုတ်ဘူး ...  ကြားတာတော့ နာမည်ဆန်းကြီးနဲ့ ပျောက်ဆုံး နယ်မြေက ဆိုလားပဲ ... ဘာတဲ့ ... နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ တဲ့ ...” ချူချင်းလောင်က ရှင်းရှင်းလင်းလင်း ပြောပြလိုက်သည်။

နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ တဲ့လား ...

မိုဝူကျီက ကြောင်သွား လေသည်။ သူက ကျန်းမိုနယ်မြေကို တစ်ခါမျှ မလာဖူးသေး သော်လည်း သူက လူသားအဆင့် ဇယားတွင် အဆင့်တစ် မည်သို့ ဖြစ်သွားရတာလဲ ...။

“နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က အရင်နံပါတ်တစ် ဂူရှောက်ယင်ကို အနိုင်ရပြီးတော့ အဆင့်တစ် ဖြစ်လာတာ ထင်တယ်  ဟုတ်လား ...” မိုဝူကျီက ဂူရှောက်ယင်သည် လူသားအဆင့်လွန် အဆင့်ဇယား၌ အဆင့် တစ်ဖြစ်ကြောင်း သတိရမိ၍ တီးခေါက် ကြည့်လိုက်သည်။

ချူချင်းလောင်က တခစ်ခစ် ရယ်မောလိုက်ပြီး “ဟုတ်တာပေါ့။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅သာ ကျန်းမိုနယ်မြေဆီ ရောက်လာရင်တော့ အဆုံးသတ် ဆိုးရွား သွားလိမ့်မယ် ...”

“ဘာလို့လဲ …” မိုဝူကျီက မေးလိုက်သည်။

ချူချင်းလောင်က ဘေးပတ်လည်ကို ကြည့်ကာ တီးတိုး ပြောလိုက်သည်  “ကျွန်မ ကြားတာတော့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ရဲ့ တာအိုလက်တွဲဖော် ကျန်းမိုနယ်မြေကို ရောက်လာတော့ ကြယ်တာရာ ဘုရင်တောင် သခင်လေး ရှားမူက သူမကို သဘောကျ သွားတယ်တဲ့။ ဒါပေမဲ့ သူမက သတ္တိကောင်းပြီးတော့ သူ့ကို ငြင်းပယ်ပြီး ကြယ်တာရာ ဘုရင်တောင်ကို သွားဖို့တောင် ငြင်းဆန်ခဲ့တာ။ နောက်ဆုံးကျတော့ သူမက ရှားမူကြောင့် စိတ်အနှောင့်ယှက် ဖြစ်ပြီးတော့ ကြယ်တာရာ တိုက်ပွဲဆီ ဝင်သွားတာ …”

“ချိန်စုယင်လား …” မိုဝူကျီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

သူက ရှားမူသည် ချိန်စုယင်ကို သဘောကျမှန်း သိသော်လည်း ချိန်စုယင်က သူ့တာအို လက်တွဲဖော် မဟုတ်ပေ။ တခြားလူများက မသိသော်လည်း ချိန်စုယင်က ထွက်လာပြီး ရှင်းမပြသင့်ပေဘူးလား ...။

“ဟုတ်တယ်။ သူမ နာမည်က ချိန်စုယင်တဲ့။ သူမက ကြယ်တာရာ တိုက်ပွဲကို ဝင်သွားတာတောင် ရှားမူက လက်မလျှော့ဘဲနဲ့ ကြယ်တာရာ တိုက်ပွဲအထိ လိုက်လာတာ။ သူမမှာ ဆွေမျိုးသားချင်းလည်း မရှိ၊ မိတ်ဆွေလည်း မရှိတော့ကျ သူမက အသာလွန်ဆုံး ကိုးနယ်ပယ်ထဲက ဆူးနစ်လေဂိတ်ကို ဝင်သွားလိုက်တော့တာ  ... ”

***

All Chapters