နတ်ဆိုး၏သွေး!
Vol. 10 Ch. 137
ညအချိန်တွင် ကျန်းပေမြို့သည် အလွန် အုံ့မှိုင်း၍ အေးစိမ့်လို့နေ၏။
အေးမြသော လေညင်းက တိုက်ခတ်နေပြီး သစ်ရွက်များက မြေပေါ် ကြွေကျလာသည်။
Rolls Royces အမျိုးအစား ကားများက လေနှင့်အတူ အရှိန်အဟုန်ဖြင့် မောင်းနှင်လို့လာသည်။
ထို Rolls Royces အမျိုးအစားကား၏ ရှေ့ပိုင်းရှိ လိုင်စင်နံပါတ်ပြားတွင် ပိုင် A.8888! ဟူ၍ ရေးထားသည်။
ဤဇိမ်ခံကားကို ကျန်းပေမြို့၏ အင်အားအကြီးဆုံး မြေအောက်ဂိုဏ်း တစ်ခုဖြစ်သော လင်းတ ပိုင်ဆိုင်ကြောင်း ထိုဒေသခံများသာ သိပေသည်။
ကားပြတင်းမှန်မှ အပြင်ဘက်ကို ကြည့်ရင်း လင်းတ တွေဝေ ငေးငိုင်နေသည်။ သူ ၂ရက်တာခရီးမှ ကျန်းပေမြို့သို့ ယခုလေးတင် ပြန်ရောက်လာခြင်း ဖြစ်သည်။ သို့သော် ကျန်းရှီမြို့၌ ဖြစ်ခဲ့သည့် ထိုညက အဖြစ်အပျက်များက သူ့စိတ်ထဲ သံမှိုလို စွဲထင်နေဆဲပင်။
"ခွေးရိုင်း ဒီကမ္ဘာပေါ်မှာ နတ်ဆိုး ရှိမယ်လို့ မင်းထင်လား?"
*အမ်*
ကားမောင်းနေသော လူငယ်လေးသည် လင်းတ၏ အမေးကြောင့် အူကြောင်ကြောင် ဖြစ်သွားရသည်။
ကျန်းရှီမြို့၌ သူ့ဘော့စ် ဘာတွေများ ကြုံတွေ့လာခဲ့ရသလဲဆိုတာကို သူ သိချင်မိသည်။ သူ ပြန်လာပြီးနောက် သူ့ပင်ကိုစရိုက်က အတော်လေး ပြောင်းလဲသွားသည်။
မကောင်းဆိုးဝါး ဝင်ပူးခြင်း ခံထားရသလို သူက သူ့စိတ်ထဲ နတ်ဘုရားကဲ့သို့ ထင်မြင်နေသည့် လူတစ်ယောက်အကြောင်း ဆက်တိုက်ပြောနေခဲ့သည်။
"ဘော့စ် ကျွန်တော်တို့က သိပ္ပံခေတ်ကြီးမှာ နေနေတာလေ၊ နတ်ဆိုးမပြောနဲ့ ဘာသရဲ၊ ဘာနတ်ဘုရားမှ မရှိပါဘူးဗျာ" ခွေးရိုင်းက လင်းတကို ပြုံး၍ ပြောလိုက်သည်။
"မင်း သေချာလား?"
လင်းတက ကြောင်သွားပြီမှ ခံပြင်းနေသော မျက်လုံးများနှင့် ကြည့်နေသည်။
"ဒါပေမယ့် ငါ တကယ် နတ်ဆိုးတစ်ကောင်နဲ့ ကြုံခဲ့တာ"
အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်၏ ပုံရိပ်က သူ့စိတ်ထဲ ဆက်တိုက် ပေါ်လာသည်။
ထိုလူငယ်လေး၏ နတ်ဆိုးဆန်၍ မကောင်းဆိုးဝါးသဖွယ် အကြည့်များကို သူ ပြန်အမှတ်ရပြီး ကြောက်လန့်ကာ တုန်ယင်လာသည်။
စကားပြောပြီးနောက် လင်းတက ကားပြတင်းပေါက်မှ တစ်ဆင့် လမ်းမကို ပြန်ကြည့်နေလိုက်သည်။
လမ်းဘေးတွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် အေးအေးဆေးဆေး လမ်းလျှောက်နေသည်ကို မြင်ပြီး သရဲမြင်လိုက်ရသကဲ့သို့ ထိတ်လန့်သွားသည်။
"ရပ် ... မြန်မြန် … ခွေးမသား ရပ်လိုက်ဟ"
လင်းတက ခွေးရိုင်းကို မာန်မဲလိုက်သည်။ ခွေးရိုင်း ချက်ချင်း ဘရိတ်အုပ်လိုက်ရသည်။
ကျွိခနဲ မြည်သံနှင့်အတူ ကားတစ်စီးလုံး ရပ်သွားသည်။ ထို့နောက် လင်းတက တံခါးဖွင့်၍ ကားပေါ်ကနေ အလင်းတန်းကဲ့သို့ ခုန်ဆင်းလိုက်သည်။
ကားအသီးသီးမှ လူများကလည်း ဇဝေဇဝါနှင့် ဆင်းလာကြသည်။ သို့သော် လင်းတက သူတို့၏ ဇဝေဇဝါ အကြည့်များကို ဥပေက္ခာပြု၍ နတ်ဘုရားကို ရှာဖွေနေသည့်အလား လမ်းအဆုံးကို စူးစိုက်ကြည့်လို့နေသည်။
သို့သော် ဘယ်သူမျှ ရှိမနေပါ။
"ငါပဲ … ငါပဲ မျက်စိပြာသွားတာလား?"
ထိုအချိန်တွင် လင်းကသည် လမ်းအဆုံးနားမှာ ရှိနေခဲ့သည့် အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးက သူ့စိတ်ထဲ ခြောက်လှန့်နေသည့် သူနှင့် ဆင်တူသည်ဟု ခံစားမိနေသည်။
သို့သော် ယခုအခါတွင်တော့…
"ဘော့စ် ဘာကို လိုက်ကြည့်နေတာလဲ?" ခွေးရိုင်းက လင်းတနား လျှောက်လာရင်း ဇဝေဇဝါဖြင့် မေးလိုက်သည်။
လင်းတက ပင့်သက်ရှိုက်ကာ "သွားကြစို့၊ ငါ အမြင်မှားသွားတာ ဖြစ်မယ်"
ကားတန်းကြီးက ကျန်းပေမြို့တစ်ဝိုက် ဆက်၍ မောင်းနှင့်လို့သွားသည်။
…
တစ်ချိန်တည်းမှာပင် ယဲ့ဖန်က ဘားတစ်ခုရှေ့၌ ရပ်လိုက်သည်။
ကျန်းပေမြို့သို့ ရောက်သည်နှင့် သူ ဆေးဆိုင်တိုင်းကို သွားခဲ့သည်၊ သို့သော် သန့်စင်သော ယန်မြက်ပင်အားလုံး ဝယ်ယူပြီးသွားပြီဟူသော အဖြေတစ်ခုတည်းကိုသာ ရခဲ့သည်။
ဤမြက်ပင်ကို မည်သူဝယ်သွားသလဲဆိုတာကို မည်သည့်ဆိုင်ရှင်မှ မမှတ်မိကြ။
ညပန်းချီဘားသည် ကျန်းပေမြို့၏ အကြီးဆုံးဘားတွေထဲမှ တစ်ခုဖြစ်သည်။ ဤနေရာသည် အလွှာပေါင်းစုံမှ လူများ လာရောက်ကြသည့် နေရာဖြစ်သဖြင့် သတင်းစုံစမ်းရ အကောင်းဆုံး နေရာလည်း ဖြစ်သည်။
သူ ချက်ချင်း အဆောက်အဦထဲ ဝင်သွားလိုက်သည်။ နားကွဲမတတ် ရော့ခ် တေးဂီတသံကြောင့် သူ နားကွဲတော့မတတ် ဖြစ်သွားရသည်။
ဘားထဲတွင် ယောကျ်ားများနှင့် မိန်းမများက ထောင့်ထဲတွင် နမ်းနေကြပြီး၊ စင်ပေါ်တွင် အားပါးတရ ကနေကြသူများနှင့် ထောင့်နေရာများတွင် အသက်ပြင်းစွာ ရှူနေရသူများနှင့် ရှိနေကြ၏။
ဤနေရာသည် အရက်နှင့် မူးယစ်ဆေးဝါးများ စုဆောင်း ဖြန့်ဖြူးရောင်းချသည့် နေရာလည်း ဖြစ်ပေသည်။
ယဲ့ဖန်က အားလုံးကို လျစ်လျူရှုကာ ကောင်တာသို့ လျှောက်သွားလိုက်သည်။
"မစ္စတာ၊ ဘာ သောက်ချင်ပါသလဲ?"
စားပွဲထိုးလေးက ယဲ့ဖန်အား အရက်မျိုးစုံပါသော မီနူးစာအုပ်ကို ပေး၍ မေးလိုက်သည်။
ယဲ့ဖန်က မီနူးကို တစ်ချက်ပင် ငဲ့မကြည့်ပေ၊ သူက ကောင်တာနောက်မှ စင်အား လက်ညှိုးထိုး၍ စကော့တလန်ထုတ် ဝီစကီ တစ်ပုလင်း၊ ဂါရမ်ဒါ ရမ်တစ်ပုလင်း၊ ဗော့်ကန် ဗော့ကာ တစ်ပုလင်း"
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် စားပွဲထိုးလေး ကြောင်သွားသည်။
ဤဘားမှ အရက်များ၏ ၉၉% ကို ရေရောထားခြင်း ဖြစ်ပြီး ၁ % လောက်သာ အရက်အစစ် ဖြစ်သည်၊ သို့သော်လည်း ထိုအရက်များက အလွန်ပြင်းသည်။
ယဲ့ဖန်က အပြင်းဆုံး အရက်သုံးမျိုးကို မှာလိုက်ခြင်း ဖြစ်သည်။
စားပွဲထိုးလေးသည် ဤအရက်ပြင်းများက ရောင်းရခဲပြီး သာမန်လူများ တစ်ခွက်လောက်သာ သောက်နိုင်သည်ကို သိထားသည်။ သို့သော် ဤလူက သုံးပုလင်းတောင် မှာနေသည်။
…
"မစ္စတာ ခင်ဗျား သေချာရဲ့လား? ဒါတွေက ကျွန်တော်တို့ ဘားမှာ အပြင်းဆုံး အရက်တွေနော်" စားပွဲထိုးလေးက ယဲ့ဖန်ကို မေးလိုက်သည်။
ယဲ့ဖန်က ခေါင်းသာညိတ်ပြ၍ စားပွဲပေါ် ပိုက်ဆံတင်လိုက်သည်။ သူ့အပြုအမူကြောင့် စားပွဲထိုးလေးက ပခုံးသာတွန့်၍ မတတ်သာဘဲ ပိုက်ဆံကို ယူ၍ အပြင်းဆုံး အရက် သုံးပုလင်းကို ယဲ့ဖန်ရှေ့ ချပေးလိုက်သည်။
"ငါ မင်းရဲ့ shaker ဘူးကို သုံးလို့ရမလား?" ယဲ့ဖန်က ခပ်ဖွဖွ ပြုံးနေသည်။
ခွပ်! ခွပ်! ခွပ်!
အရက်ပြင်း သုံးပုလင်းကို ချက်ချင်း ဖွင့်၍ shaker ဘူးထဲ အကုန်ရော၍ လောင်းထည့်လိုက်သည်။
ယဲ့ဖန်ကို ကြည့်ပြီး စားပွဲထိုးလေး ကြက်သီး ထလာသည်။
"ရူးနေပြီ၊ ဒီလူ ရူးနေပြီ" စားပွဲထိုးလေးက ယဲ့ဖန်ကို ဖြူဖတ်ဖြူရော် မျက်နှာနှင့် ကြည့်ရင်း ရေရွတ်လိုက်သည်။
ကောင်တာနားမှ အခြားဖောက်သည်များနှင့် စားပွဲထိုးများက ထိုစားပွဲထိုးလေးကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။
ထိုစားပွဲထိုးလေးက အခြားသူများကို ခပ်သွက်သွက် ရှင်းပြလိုက်သည်။
"အဲ့အရက်သုံးပုလင်းက ပြင်းမှန်း ခင်ဗျားတို့ သိတယ်မလား၊ အဲ့သုံးခုက တစ်ခုနဲ့ တစ်ခု အားဖြည့်ပေးနိုင်တယ်၊ သူတို့ သုံးခုကိုသာ ရောလိုက်ရင် လူတစ်ယောက်ရဲ့ သွေးကြောတွေကို ဆယ်ဆ ပိုမြန်လာပြီး သွက်ချာပါဒ ဖြစ်သွားနိုင်စေတယ်"
*ဘာ*
စားပွဲထိုးလေး၏ အပြောကြောင့် ဖောက်သည်များ ထိတ်လန့်သွားသည်။
*အရက်ပြင်းတစ်ခွက်က လူတစ်ယောက်ကို လုံးဝ မူးဝေသွားစေနိုင်တယ်*
*အဲ့တစ်ခွက်က ဆယ်ဆလောက် ပိုပြင်းမယ်ဆိုရင် ဆင်တစ်ကောင်လုံးတောင် မှောက်သွားနိုင်လောက်တယ်*
*ဒါ … လုံးဝ မဖြစ်နိုင်ဘူး*
လူတိုင်းက ယဲ့ဖန်ကို အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ မယုံသင်္ကာဟန်ဖြင့် ကြည့်နေကြသည်။
*အဲ့ကောင် သေချင်နေတာလား? အဲ့ဒါ အရက်ပြင်း သုံးပုလင်းတောင်ကွ၊ သာမန်ထက် ဆယ်ဆ ပိုပြင်းတယ်ဆို ရိုးရိုး ပုလင်း သုံးဆယ်လောက် သောက်တာနဲ့တောင် ညီနေပြီ"
"ချီးပဲ…. သူ တော်တော် အကြောက်အလန့် ကင်းတာပဲ၊ ကျုပ် ဘယ်သူ့ကိုမှ မလေးစားပင်မယ့် ခင်ဗျားကိုတော့ လေးစားမိပြီ"
"သူ ဟန်ဆောင်နေတာ၊ သူ အရုံးပေးပြီး အရူးတစ်ကောင်လို ဖြစ်လာမှာတောင် မြင်ယောင်သေးတယ်"
…
ဘေးမှ ဖောက်သည်များနှင့် စားပွဲထိုးများက ယဲ့ဖန်ကို ထိတ်လန့်ကာ အထင်သေးသည့် ဟန်များဖြင့် ကြည့်နေကြသည်။
သို့သော် ယဲ့ဖန်က သူတို့ကို အဖတ်တောင် မလုပ်ချေ။
သိပ်မကြာခင်မှာပင် သူက Shaker ဘူးကို ပြန်ချ၍ လက်ချောင်းဖြင့် မွှေကာ သွေးတစ်စက်ကို shaker ဘူးထဲ ချလိုက်သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် သွေးစက်က shaker ဘူးတွင်း ပျံ့နှံ့သွားပြီး တစ်ဘူးလုံး သွေးရောင်လွှမ်းလာသည်။
အရက်ပြင်းထက် သွေးပုလင်းနှင့် ပိုတူလာသည်။
သူ့အရက်ကို ကြည့်ကာ ယဲ့ဖန်က နှုတ်ခမ်း တွန့်ရုံ ပြုံး၍ ပြောလိုက်သည်။
"နတ်ဆိုးရဲ့သွေး"
"အခြားပါဝင်ပစ္စည်းတွေကို အားဖြည့်ပေးတတ်တဲ့ သဘာဝအရ ဒါက ဆယ်ဆ ပိုပြင်းတယ်"
"နတ်ဆိုးရဲ့သွေးကိုပါ ထပ်ပေါင်းလိုက်တော့ နောက်ထပ် ဆယ်ဆ ပိုပြီး ပြင်းသွားသေးတယ်"
"ဒါကမှ တကယ့်အရက်ပြင်းပဲ"
ထို့သို့ ပြောပြီး ယဲ့ဖန်က ဖန်ခွက်ထဲ လောင်းထည့်၍ တစ်ကျိုက်တည်း ကောက်မော့ပစ်လိုက်သည်။