← Chapters

သူ့ကို ပြန်ဖိတ်ခေါ်လာခဲ့!

Vol. 10 Ch. 140

သူ့ကို ပြန်ဖိတ်ခေါ်လာခဲ့!

Vol. 10 Ch. 140

ဘားထဲ၌ လေထုဖိအားက ရုတ်ချည်း ကျဆင်းလာသလို ခံစားရသည်။ အနက်ရောင် ချီဓာတ်များက ဘားအတွင်း ပျံ့နှံ့လာသည်။

ကြမ်းပြင်ပေါ်မှ အလောင်းသုံးလောင်းကို ကြည့်ပြီး လူတိုင်း အပြင်းအထန် ရင်တုန်လာကြသည်။

ဘား၏ ဘော့စ်ဖြစ်သူ၊ လူအနည်းငယ်လောက်သာ အာခံရဲသည့် ဆံဖြူသည် သူ့နယ်မြေအတွင်းမှာပင် ဟိတ်ဟန်ထုတ်နေဆဲမှာပဲ သေသွားလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့မိပါ။

သူ ခေါင်းဖြတ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

…

ဤအဖြစ်အပျက်ကို မြင်လိုက်ရသည့် ထိပ်သီးပုဂ္ဂိုလ်များနှင့် အနက်ရောင်ဝတ်စုံများနှင့် လူမိုက်များ အပြင် အခြားသူများ အားလုံး မှင်တက်သွားကြသည်။

*စွမ်းအားကြီးတယ်*

*သူက လုံးဝကို ထိပ်တန်းစွမ်းအားပိုင်ရှင်ပဲ ဖြစ်ရမယ်*

ယဲ့ဖန် ဘယ်တုန်းက ဘယ်လို တိုက်ကွက်ထုတ်လိုက်သလဲဆိုတာကို မည်သူမျှ မမြင်လိုက်ကြပါ။

*ဒါနတ်ဆိုးတိုက်ကွက်ပဲ ဖြစ်မယ်*

*သူက ကြောက်ဖို့ကောင်းလွန်းတယ်*

တုန်တုန်ယင်ယင် ဖြစ်နေသော ထိပ်သီးပုဂ္ဂိုလ်များနှင့် အနက်ရောင်ဝတ်စုံများနှင့် လူတို့သည် ဤမျှ ရက်စက်သည့် သူမျို့ တစ်ခါမှ မမြင်ဖူးခဲ့ကြပါ။

တစ်ချိန်တည်းမှာပဲ သူတို့နဖူးမှ ချွေးများ တဒီးဒီးကျလာပြီး ယဲ့ဖန်ကို ကြည့်နေရင်း မျက်ခုံးတလှုပ်လှုပ် ဖြစ်လာကြသည်။

သို့သော် ယဲ့ဖန်က သူတို့ကို တစ်ချက်ကလေးမှ လှည့်မကြည့်ပါ။

"သွားကြစို့"

ကူးယွီကို ပြောပြီး ယဲ့ဖန်က ဘားထဲမှ ခပ်အေးအေးနှင့် ထွက်လာသည်။ သူတို့ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း အနက်ရောင်ဝတ်စုံနှင့် လူများက မြွေပွေးနှင့် ကင်းမြှီးကောက်တို့ကို ရှောင်ရှားနေသကဲ့သို့ ဘေးသို့ ရှဲသွားကြသည်။

ကြောက်လန့်၍ တွေဝေနေသော အကြည့်များနှင့် မည်သူမျှ သူတို့ကို မတားရဲ။

ယဲ့ဖန်နှင့် ကူးယွီတို့ ဘားထဲက ထွက်သွားတော့မှသာ သူတို့ စိတ်သက်သာရာ ရသွားသည့်ဟန်ဖြင့် သက်ပြင်းချလိုက်ကြသည်၊ သူတို့၏ နောက်ကျောတွင်လည်း ချွေးများနှင့် ရွှဲနစ်လို့နေသည်။

"အရမ်းကြောက်ဖို့ ကောင်းတယ်၊ ငါ… ငါနှလုံးရောဂါ ဖောက်လာပြီတောင် မှတ်တယ်"

"သေစမ်း ... ရက်စက်လွန်းတယ်ဟ၊ တော်တော်ကို ရက်စက်တဲ့လူ၊ သူက ဆံဖြူကို တွေ့တွေ့ချင်းမှာပဲ ကိုယ်နှစ်ခြမ်းကွဲသွားအောင် လုပ်လိုက်တယ်၊ ဒီလူက တော်တော့်ကို ထူးဆန်းတယ်"

"ကျန်းပေမြို့မှာ ဒီလောက် ရက်စက်တဲ့သူ ဘယ်တုန်းက ပေါ်လာတာလဲ? သူက လွှမ်းမိုးနိုင်လွန်းတယ်"

ဘားထဲရှိ သူများအားလုံး စိတ်လှုပ်ရှားနေသော ဟန်ပန်များဖြင့် ယဲ့ဖန်အကြောင်း ဆွေးနွေးနေကြသည်။

ထိပ်သီး ပုဂ္ဂိုလ်များနှင့် အနက်ရောင်ဝတ်စုံများနှင့်လူများ နဖူးမှ ချွေးများကို သုတ်လိုက်ကြသည်။ သူတို့သာ အခု ယဲ့ဖန်ကို သွားစိန်ခေါ်လျင် သူတို့ သေချာပေါက် အသတ်ခံရပေလိမ့်မည်။

ထိုထူးဆန်းသောသူသည် သားရဲရိုင်းတစ်ကောင်ကဲ့သို့ မကြုံစဖူး ရက်စက်လွန်းလှ၏။

"ဆံဖြူ သေသွားပြီ၊ မြန်မြန် ဘော့စ်ကို သတင်းပို့"

ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်က နဖူးမှ ချွေးကို သုတ်ရင်း ချက်ချင်း ဖုန်းကို ထုတ်ကာ ဖြူဖတ်ဖြူရော် မျက်နှာနှင့် သူ့ဘော့စ်ကို ဖုန်းဆက်လိုက်သည်။

တစ်ခဏမျှကြာသော် အလျင်စလို ကားဘရိတ်အုပ်သံများနှင့် Rolls Royces ကားများက ဘားအပြင်ဘက်၌ ရပ်လာသည်။

ထို့နောက် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ဘားထဲသို့ အလျင်အမြန် ဝင်ရောက်လာသည်။ သူ့နောက်တွင် နောက်ထပ် အနက်ရောင်ဝတ်စုံနှင့် လူတစ်စုက လိုက်ပါလာသည်။

ထို သက်လတ်ပိုင်းအရွယ် လူက ဘားထဲသို့ ဖိနှိပ် ချုပ်ချယ်တတ်သော ကျားတစ်ကောင်ကဲ့သို့ ဝင်လာသည်။

"ဘော့စ်"

ထိုလူကြီးကို မြင်သည်နှင့် ဘားထဲရှိ ထိပ်သီးပုဂ္ဂိုလ်များ တက်ကြွလာကြသည်။ ထို့နောက် သူတို့ သူ့နား ဝိုင်းလာကြသည်။

"ဘာဖြစ်ခဲ့တာလဲ?"

ထိုသက်လတ်ပိုင်းအရွယ် လူကြီးက ရက်စက်သော အသွင်ဖြင့် မေးလာသည်။

သူ့အမေးကြောင့် ဘားထဲရှိသူများအားလုံး တုန်လှုပ်လာကြသည်။ သူတို့ ထိုလူကို စေ့စေ့တောင့် မကြည့်ရဲပါ။

ဤလူကြီးသည် ဘား၏ တကယ့်ပိုင်ရှင်အစစ်ဖြစ်ပြီး ကျန်းပေမြို့၏ ထိပ်တန်း အာဏာရှင်တစ်ယောက်ဖြစ်သည်ကို သူတို့ သိကြလေသည်။

ဆံဖြူသည် သူ၏ ခွေးသာသာ အဆင့်သာဖြစ်သည်။

လူတိုင်း ယဲ့ဖန်ကို သနားမိသွားသည်။ ထိပ်တန်း အာဏာရှင် တစ်ယောက်ကို သွားရန်စမိပါက မသေမချင်း နောက်ယောင်ခံလိုက်ခြင်း ခံရမည်ကို သူတို့သိနေသည်။

ကျန်းပေမြို့တွင် ယဲ့ဖန်နေဖို့ နေရာ မရှိတော့။ သူ လမ်းပေါ်တွင် နုတ်နုတ်စင်း ခံရလောက်သည်။ လူတိုင်း နောင်တရနေသည့်ပုံပင်။

*ကြည့်ရတာ အဲ့ရက်စက်တဲ့ လူသစ်လေးတော့ မကြာခင် အသတ်ခံတော့မယ်နဲ့ တူတယ်*

ထိပ်သီး ပုဂ္ဂိုလ်များနှင့် အနက်ရောင်ဝတ်စုံများနှင့် လူများက ရက်စက်သော အသွင်များဖြင့် တစ်ယောက်ပြီးတစ်ယောက် ပြောလာကြသည်။

"ဘော့စ် အဲ့ကောင်က ဆံဖြူ၊ အမာရွတ်နဲ့ ဘုန်းတော်ကြီးကို သတ်ပြီးတော့ ချက်ချင်း ထွက်ပြေးသွားတယ်"

"ဘော့စ် ဆံဖြူက အခြေအနေ တော်တော်ဆိုးတယ်၊ သူ့ကိုယ်ကို ဓားနဲ့ နှစ်ပိုင်း ပိုင်းသွားတာ၊ ဘော့စ် သူ့အတွက် လက်စားချေပေးပါ"

"ဘော့စ် အဲ့ကောင်က အရမ်းမောက်မာလွန်းတယ်၊ သူက ကျွန်တော်တို့ကို ပေါ်တင်ကြီး ဥပေက္ခာပြုထားတာ၊ ဘော့စ် သူ့ကို သတ်ပစ်သင့်တယ်"

လူတိုင်း၏ တောင်းဆိုမှုကား ရက်စက်လွန်းလှ၏။ သက်လတ်ပိုင်းအရွယ် လူကြီး၏ မျက်နှာကလည်း သုန်မှုန်လာသည်။ သူ့ပိုင်နက်ထဲတွင် တစ်စုံတစ်ယောက်က ပြဿနာရှာရဲလိမ့်မည်ဟု သူ ထင်မထားခဲ့မိ။

ထို့နောက် သက်လတ်ပိုင်းအရွယ် လူကြီးက အလောင်းများကို စစ်ဆေးရန် ရှေ့သို့တိုးလာသည်။ လူတိုင်းက သူ့အတွက် အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြသည်။

သေသွားတဲ့သူတွေပေါ်မှ ဓားချက်များကို ကြည့်ပြီး သက်လတ်ပိုင်းအရွယ် လူကြီး မှင်တက်သွားရသည်။

"ဓားချက်တွေက အရမ်း သပ်ရပ်လွန်းတယ်၊ အားလုံးက တစ်ချက်တည်းနဲ့ ခေါင်းဖြတ်ခံလိုက်ရတာပဲ"

ဓားချက်များကို ကြည့်ရင်း ထိုလူကြီးသည် ကျန်းရှီမြို့မှ ကောင်လေးတစ်ယောက်ကို အမှတ်ရသွားသည်။ ထို့နောက် သူ ကြောက်လန့်ကာ တုန်ယင်လာသည်။

ချက်ချင်းပင် ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်၏ ကော်လံကို ကိုင်၍ တင်းမာသော လေသံဖြင့် မေးလိုက်သည်။

"အဲ့လူက ဘယ်လိုပုံစံ ရှိလဲ ငါ့ကို မြန်မြန် ပြောစမ်း?"

သူ့ဘော့စ် တစ်ခါမှ သည်လောက် စိတ်လှုပ်ရှားနေသည်ကို မမြင်ဖူးသဖြင့် ထိပ်သီးပုဂ္ဂိုလ် အံ့ဩသွားမိသည်။

ထို့ကြောင့် အခြားထိပ်သီးပုဂ္ဂိုလ်များနှင့် အနက်ရောင်ဝတ်စုံနှင့်လူများက ယဲ့ဖန်၏ ပုံပန်းသွင်ပြင်ကို စတင်ပြောပြတော့သည်။

သူတို့၏ ဖော်ပြချက်များကြောင့် သူ မျက်မှောင်ကြုတ်ထားရာမှ ပြေလျော့လာကာ ပျော်ရွှင်လာသည့်ပုံပင်။

"ရုပ်ချောတယ်၊ အနက်ရောင် ဝတ်စုံနဲ့ ပိန်ပိန်ပါးပါး လူငယ်လေး၊ သူ့ပုံက ရက်စက်ပြီး နတ်ဆိုးဆန်ပုံရတယ်"

"အဲ့ဒါ သူပဲ၊ သေချာပေါက် သူပဲ ဖြစ်ရမယ်"

သက်လတ်ပိုင်းအရွယ် လူကြီးပုံစံက ထခုန်မတတ် ပျော်ရွှင်လာသည်။

"မင်းတို့အားလုံး ငါ့အမိန့်ကို နားထောင်ကြ"

ထို့နောက် သူ့လူများကို တစ်ချက်ကြည့်ကာ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

"သူ့ကို မြန်မြန်လိုက်ရှာကြ၊ မင်းတို့ ဘယ်လိုနည်း သုံးသုံး ငါ ဂရုမစိုက်ဘူး၊ သူ့ကိုသာ မြန်မြန်ရှာကြ"

ဘားထဲရှိ လူတိုင်း ကြောင်သွားကြသည်။ သူတို့ ဘော့စ်က ကောင်လေးတစ်ယောက်ကြောင့် သည်မျှ စိတ်လှုပ်ရှားလာလိမ့်မည်ဟု သူတို့ ထင်မထားမိကြ။

သို့သော် မည်သူမှ သူ့ကို မေးခွန်းမထုတ်ရဲကြ။ သူတို့ဓားကို မြှောက်၍ ဘားထဲမှ ပြေးထွက်ရန် ပြင်လိုက်ကြသည်။

ထိုစဉ် ထိပ်သီး ပုဂ္ဂိုလ်တစ်ယောက်က သက်လတ်ပိုင်းအရွယ် လူကြီးကို မေးခွန်းထုတ်လိုက်သည်။

"ဘော့စ်၊ အဲ့ကောင်က အရမ်း ရက်စက်ပြီး မညှာတတ်ဘူး၊ ကျွန်တော်တို့ သူ့ကို ရှာတွေ့ရင် သူ့ကို အရှင်ဖမ်းလာခဲ့ရမလား ဒါမှမဟုတ် နုတ်နုတ်စင်းပစ်ရမလား?"

*ဟမ်*

ထိုလူကြီး၏ မျက်နှာက ချက်ချင်း ပျက်သွားလေသည်။

ဖြောင်း!

သူက ထိုထိပ်သီးပုဂ္ဂိုလ်ကို အားနှင့် ရိုက်လေတော့၏။

"မင်း အဘွားကိုပဲ ပြန်ိုးလိုက်၊ ဘယ်ကောင်က မင်းကို သူ့ကို ဖမ်းလာခဲ့ပါလို့ ပြောလို့လဲ? ငါပြောတာက သူ့ကို ဖိတ်ခေါ်လာဖို့ ပြောနေတာ"

"သူက ငါ့အသက်ကို ကယ်ခဲ့တဲ့သူကွ၊ အားလုံး ဒီနေရာက ထွက်သွားပြီး အဲ့လူကြီးမင်းကို ပြန်ဖိတ်ခေါ်လာခဲ့"

…

သူ့စကားကြောင့် ဘားထဲရှိ လူတိုင်း နောက်တစ်ခါ အံ့ဩသွားကြသည်။

*ကယ်...ကယ်တင်ရှင်*

*သူ့ကို ပြန်ဖိတ်ခေါ်လာခဲ့ရမယ်*

*မဖြစ်နိုင်ဘူး*

*အဲ့ကောင်က ငါတို့လူ သုံးယောက်ကို အခုလေးတင် သတ်သွားတာလေ၊ ဘယ်လိုလုပ်ပြီး ဘော့စ်ရဲ့ အသက်သခင် ကျေးဇူးရှင် ဖြစ်လာရတာလဲ*

*အံ့ဩဖို့ကောင်းလိုက်တာ*

"ချီးပဲ… မင်းတို့ ဘာရပ်ကြည့်နေတာလဲ၊ သူ့ကို မြန်မြန် လိုက်ရှာကြလေ၊ သူ့ကို ပြန်ခေါ်လာနိုင်တဲ့သူ့ကို ယွမ် ၁ မီလီယံ ဆုချမယ်"

…

သူ့စကားကြောင့် ဘားတစ်ခုလုံး ပွက်လောရိုက်သွားသည်။ အနက်ရောင် ဝတ်စုံနှင့် လူများသည်လည်း ယဲ့ဖန်အား အတတ်နိုင်ဆုံး ကြိုးစား၍ ရှာဖွေရန် တက်ကြွစွာ ထွက်သွားကြသည်။

အချို့ဖောက်သည်များကို ယဲ့ဖန်ကို လိုက်ရှာရန် တက်ကြွနေကြသည်။ သူတို့သာ သူ့ကို ပြန်ခေါ်လာနိုင်လျင် သူတို့ ယွမ် ၁ မီလီယံတောင် ရမည်လေ။

ဒါက သူတို့ ခဏလေးအတွင်း ချမ်းသာလာနိုင်သည့် ကိန်းပင်။ လူတိုင်း အရူးအမူး ဖြစ်လို့လာ၏။

သူတို့အားလုံး လူငယ်လေး၏ တကယ့်နောက်ခံကို သိချင်မိကြသည်။ အစောပိုင်းတုန်းက ကူးယွီက သူ့ရှေ့ ဒူးထောက်ကာ သူ့ကျွန်အဖြစ် နေပါမည်ဟု ကျိန်ဆိုခဲ့သည်။ ကျန်းပေမြို့၏ ထိပ်တန်းအာဏာရှင် တစ်ယောက်ဖြစ်သည့် လင်းတတောင်မှ သူနှင့် ပတ်သက်၍ အရူးအမူးဖြစ်နေပြန်သည်။

All Chapters