← Chapters

ဒီအပင်ကို ကာကွယ်စောင့်ရှောက်မလား၊ အသေခံမလား!

Vol. 10 Ch. 141

ဒီအပင်ကို ကာကွယ်စောင့်ရှောက်မလား၊ အသေခံမလား!

Vol. 10 Ch. 141

ပိန်းပိတ်အောင် မှောင်နေသော လမ်းပေါ်တွင် လူနှစ်ဦး ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်။

ယဲ့ဖန်သည် နတ်ဆိုး ပြန်လည်ရှင်သန်ခြင်း ဆေးလုံး ဖော်စပ်ရမှ ကျန်ရှိနေသေးသည့် လက်ကျန် ပါဝင်ပစ္စည်းကို သုံး၍ ကူးယွီ၏ ဒဏ်ရာများကို ကုသပေးလိုက်ပြီးပြီ ဖြစ်သည်။ သူ၏ ပျက်စီးသွားသော အရွတ်များပင် အကောင်းပကတိ ပြန်ဖြစ်နေပြီ။

"ဘာတွေ ဖြစ်သွားခဲ့တာလဲ?"

ယဲ့ဖန်က ကူးယွီကို ကြည့်၍ မေးလိုက်သည်။ ကူးယွီသည် မိုရိုသွေးစွန်းတစ္ဆေနှင့်တောင် ယှဉ်လို့ရသည့် ကြယ်တစ်လုံးအဆင့် စွမ်းအားပိုင်ရှင် ဖြစ်သည်။ သို့သော် သူ၏ အရွတ်များ ပျက်စီးကာ တိရိစ္ဆာန်ကဲ့သို့ ရောင်းချခြင်း ခံခဲ့ရသည်။

ကူးယွီက ဝမ်းနည်းနေသော မျက်နှာနှင့် လျင်မြန်စွာ ရှင်းပြလိုက်သည်။

"သခင်၊ လွန်ခဲ့တဲ့ရက်တွေက ကျွန်တော် ကျန်းပေမြို့ကို ပြန်လာပြီး စစ်ခုန်ကလန် ခေါင်းဆောင်အဖြစ် တစ်ယောက်ယောက်ကို တင်မြှောက်ဖို့ ပြင်ဆင်ခဲ့ပါတယ်၊ မမျှော်လင့်ဘဲ စစ်ခုန်ထို့ရဲ့ ညီ စစ်ခုန်လေ့က ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် တစ်ယောက်ကို ခေါ်ပြီး အိမ်ကို ပြန်လာခဲ့တယ်"

ထို့နောက် ကူးယွီ၏ မျက်နှာက အလွန်သုန်မှုန်လာပြီး

"စစ်ခုန်လေ့က သူ့ကိုယ်သူ စစ်ခုန်ကလန်ရဲ့ ခေါင်းဆောင်အသစ်အဖြစ် ကြေညာခဲ့တယ်၊ နောက်တော့ သူက အဲ့ဒီ ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်ကို ကျွန်တော့်ရဲ့ ခြေလက်တွေက အရွတ်တွေကို ဖျက်ဆီးခိုင်းခဲ့ပြီးတော့ အမာရွတ်ဆီမှာ ရောင်းစား ခဲ့ပါတယ်၊ ကျွန်တော် အတော်လေး လူရယ်စရာ ဖြစ်ခဲ့ပါတယ်"

*စစ်ခုန်လေ့*

ယဲ့ဖန်၏ မျက်လုံးများက ရုတ်ချည်းဆိုသလို မှုန်သိုးသိုး ဖြစ်သွားသည်။ ထိုစဉ် သူ့ဖုန်းမှ အသံထွက်လာသည်။

ယဲ့ဖန် ချက်ချင်း ဖုန်းကိုင်လိုက်သည်။ ထို့နောက် ဖုန်းထဲမှ အလွန်စိတ်လှုပ်ရှား ပျော်ရွှင်နေသော အသံကို ကြားလိုက်ရသည်.

"သခင်ကြီး ကျွန်တော် အားဆန်ပါ၊ ဝံပုလွေရိုင်းရဲ့ တပည့်ပါ၊ ကျွန်တော်က သန့်စင်သော ယန်မြက်ပင် ဝယ်ဖို့ စေလွှတ်ခံရတဲ့ ဆယ့်တစ်ဖွဲ့မြောက်ကပါ၊ ကျွန်တော်တို့ ရှာလို့တွေ့ပါပြီ"

*ဘာ*

*သူ သန့်စင်သော ယန်မြက်ပင်ကို ရှာလို့တွေ့သွားပြီလား*

ယဲ့ဖန် ခေတ္တမျှ ငိုင်နေပြီးမှ ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားသည့် အသံဖြင့် မေးလိုက်သည်။

"မင်းတို့ ဘယ်မှာလဲ?"

နေရာကို သိရသည်နှင့် ယဲ့ဖန်နှင့် ကူးယွီတို့ ထိုနေရာသို့ မြန်နိုင်သမျှ မြန်မြန် ရောက်ရန် ကြိုးပမ်းကြလေသည်။

…

တစ်ချိန်တည်းမှာပင်။

လူဆယ်ယောက် ပါသော အဖွဲ့တစ်ဖွဲ့က ကျန်းပေမြို့၏ မြို့စွန်မြို့ဖျားနားရှိ လမ်းတစ်နေရာတွင် ခြေလှမ်း ခပ်သွက်သွက်ဖြင့် သွားနေကြသည်။

"တော်သေးတယ်၊ ငါတို့ သန့်စင်သော ယန်မြက်ပင်ကို မြို့စွန်မြို့ဖျား နားမှာ ရှာတွေ့ မယ်လို့ ငါထင်မထားမိဘူး။ မမလေးအန်းရှီ သေချာပေါက် အသက်ရှင်တော့မှာပဲ"

အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော အားဆန်သည် အလွန်တက်ကြွ ပျော်ရွှင်လို့နေသည်။

ဝံပုလွေရိုင်း၏ လက်ပါးစေဖြစ်သောကြောင့် သူသည် ဖေးချမ်ကို ကယ်ရန် ယဲ့ဖန်နောက်သို့ တစ်ခါ လိုက်ခဲ့ဖူးပြီး ယဲ့ဖန်က လက်ခြောက်ချောင်းမြွေကို တစ်စစီ ဖြစ်အောင် လုပ်ခဲ့သည်ကို သူ မြင်ခဲ့ရသည်။

ထို့နောက် သူ ထောင်ထဲတွင် အချိန်ကာလတစ်ခုမျှ နေခဲ့ရပြီး ထောင်ထဲ၌ ရှိနေစဉ် သူ ယဲ့ဖန်ကို ကူ၍ မြွေပွေး အားချွမ်အား ဓားဖြင့် ဒဏ်ရာရအောင် လုပ်ခဲ့သည်။

အားဆန်သည် အထုပ်ကို လက်ဖြင့် ပိုက်ကာ စိတ်လှုပ်ရှားပြီး သတိ ဝီရိယ ရှိနေသော အကြည့်များဖြင့် အခြားသူများကို သတိပေးလိုက်သည်။

"သတိတော့ ထားကြ၊ အရင် ဆယ်ဖွဲ့လုံး အပြန်လမ်းမှာ အသတ်ခံခဲ့ရတာ။ ဒီတစ်ခါတော့ ငါတို့ သန့်စင်သော ယန်မြက်ပင်ကို အိမ်ကို အပါပြန်သယ်နိုင်မှ ဖြစ်မယ်"

"ဒီအပင်ကို ကာကွယ်စောင့်ရှောက်မလား၊ အသေမလားပဲ ရွေး"

သူ့စကားကြောင့် ကျန်သောသူ ကိုးယောက်က သန့်စင်သော ယန်မြက်ပင်အား အသက်နှင့်ရင်း၍ ကာကွယ်ရန် ဆုံးဖြတ်လိုက်ကြသည်။

သို့သော် သူတို့ မြန်မြန်ပြေးနေစဉ် ရုတ်တရက် ထူးဆန်းသော ခြေသံတစ်ချို့ကို ကြားလိုက်ရသည်။ သူတို့၏ ထိတ်လန့်သွားကြသည်။

ခြေသံက အလွန်နှေးကွေးသော်လည်း ခြေလှမ်းတိုင်း၏ အသံက ဒရမ်တီးနေသကဲ့သို့ ကျယ်လောင်လှသည်။ ထို့ကြောင့် အားဆန်နှင့် သူ့လူများ တုန်လှုပ်လာသည်။

"သတိဝီရိယနဲ့နေကြ"

အားဆန်က ကျန်သူများကို သတိပေးလိုက်သည်။ လျင်မြန်စွာပင် ကျန်သော အဖွဲ့ဝင်ကိုးယောက်က သန့်စင်သော ယန်မြက်ပင်၏ လုံခြုံရေးအတွက် အားဆန်၏ တစ်ဘက်တစ်ချက်တွင် ရံထားလိုက်ကြသည်။

ထို့အတူ သူတို့က မှောင်ရိပ်ထဲသို့ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်၍ အသေခုတ်သတ်ရန် ပြင်ထားလိုက်သည်။

ထိုစဉ် ထူးဆန်းသော ခြေသံအချို့ကို ထပ်ကြားရပြီးနောက် လူမမာမျက်နှာနှင့် လူငယ်တစ်ယောက်က သူတို့ရှေ့ရှိ မှောင်ရိပ်ထဲမှ ထွက်ပေါ်လာသည်။

"အဟွတ်…အဟွတ်… အဟွတ်"

ထိုလူငယ်လေးက တီဘီရောဂါ ရှိနေသကဲ့သို့ အကြိမ်အနည်းငယ်ခန့် ချောင်းဆိုး နေသည်။ သူ့ပုံစံက အဆုတ်ကွဲတော့မတတ်ပင်။

သူ၏ လူမမာမျက်နှာက နီရဲနေ၏။ သူ ချောင်းဆိုးတာ ရပ်သွားသည့်အခိုက်တွင် သူက အားဆန်အား ချည့်နဲ့သော အသံဖြင့် မေးလိုက်သည်။

"အစ်ကိုတို့၊ ကျွန်တော် လမ်းပျောက်နေလို့၊ ကျွန်တော့်ကို ကူညီပေးကြပါလားဗျာ?"

သူ့စကားကြောင့် အားဆန်နှင့် ကျန်သူများ ချက်ချင်း မျက်မှောင်ကြုတ်မိသွားသည်။ ဤလူမမာပုံစံနှင့် လူငယ်လေးက သူတို့ကို ခြိမ်းခြောက်ခြင်း မပြုနိုင်သည့် သာမန်လူနှင့် တူသည်။

သို့သော်လည်း အားဆန် ရင်လေးနေမိသည်။ နေမကောင်းသော လူတစ်ယောက်က လမ်းပျောက်ဖို့ မဆိုထားနှင့် သူတို့အိမ်ရိပ်ကနေပင် ခွာမည်မဟုတ်။

*ဒီလူစိမ်းက ထူးဆန်းနေတယ်*

အားဆန်က ချက်ချင်း လက်ထဲမှ အထုပ်ကို တင်းနေအောင် ဆုပ်ကိုင်ထားရင်း မေးလိုက်သည်။

"ကိုယ့်လူ မင်းက ဘယ်ကို သွားချင်တာလဲ?"

"ဘယ်နေရာလဲ?"

သက်ပြင်းချ၍ ထိုလူမမာပုံစံနှင့် လူငယ်လေးက တွေဝေနေသော အကြည့်များဖြင့် ပြန်ဖြေလိုက်သည်။

"တကယ်တော့ ကျွန်တော် သွားချင်တဲ့ နေရာက … ငရဲကို သွားချင်တာ"

"ဒါပေမယ့် လမ်းရှာမတွေ့လို့၊ အဲ့ဒါ ခင်ဗျားတို့ ကျုပ်ကို လိုက်ပို့ပေးပါလား?"

*ဘာ*

အားဆန်နှင့် သူ့လူများ ချက်ချင်း နောင်တရသလို ရှိလာကြသည်။ ထိုစဉ် သူတို့ ရှေ့မှ လူစိမ်းက သာမန်လူ ဖြစ်ဖို့ ဝေးစွ အလွန် ရက်စက်သော သားရဲတစ်ကောင်ကဲ့သို့ ဖိနှိပ်ချုပ်ချယ်နိုင်သော ချီဓာတ်ကို ထုတ်လွှတ်နေသည်။

ထို့နောက် သူ့လက်တစ်ဘက်သို့ အကြည့်ရောက်သွားသောအခါ ထိုလက်က အဘိုးအိုတစ်ယောက်၏ လက်ကဲ့သို့ ရှုံ့တွနေကာ ကြောက်မက်ဖွယ် ကောင်းလှသည်။

သူ၏ လက်ထိပ်များကလည်း ဓားကဲ့သို့ ချွန်ထက်နေသည်။ သူ ပြုံးလိုက်သောအခါ ဖြူဖွေးနေသော သွားတန်းများက အားဆန်တို့ အဖွဲ့အား ကြောက်လန့်ပြီး ကတုန်ကယင် ဖြစ်လာစေသည်။

"အနှောင့်အယှက် ပေးရတာ အားနာပါတယ်၊ ကျေးဇူးပြုပြီး ကျုပ်ရှေ့က လမ်းက ငရဲကို သွားတဲ့လမ်း ဟုတ်၊ မဟုတ် သေချာအောင် လေ့လာပေးပါဦး၊ ကျုပ် မကြာခင် လိုက်လာပါ့မယ်"

"ချီးပဲ ၊ ဒါ တိုက်ခိုက်နေတာပဲ"

အားဆန်နှင့် သူ့လူများ တတ်နိုင်သလောက် လျင်မြန်စွာ နောက်ဆုတ်လိုက်ကြ သော်လည်း ထိုလူမမာပုံစံနှင့် လူငယ်လေးက သူတို့ထက် ပိုမြန်နေသည်။

သူက အလင်းတန်းကဲ့သို့ လျင်မြန်စွာ ပြေးလွှားနေသည်။

"ပထမဆုံးတစ်ယောက်"

မနှစ်မြို့ဖွယ်ကောင်းသော အသံနှင့် သူက အားဆန်၏ လူစုထဲမှ တစ်ယောက်ထံသို့ လက်လှမ်းလိုက်သည်။

ထို့နောက် သူက ထိုသူ၏ အရေပြားကို ဆွဲဆုတ်လိုက်သောကြောင့် သွေးပျက်ဖွယ် ကောင်းသော ဆွဲဖြဲသံများကို ထွက်ပေါ်လာသည်။

ထိုသူ တောင့်ခနဲ ဖြစ်သွားပြီး ခေါင်းငုံ့ကြည့်လိုက်သောအခါ သူ့ဘယ်ဘက် ရင်အုံပေါ်တွင် သွေးများနှင့် အပေါက်တစ်ပေါက် ဖြစ်နေပြီး သူ့နှလုံးက မရှိတော့။

…

အဖွဲ့သားများ အားလုံး ကိုယ်မြင်လိုက်ရသည့် အရာကို မယုံနိုင်သလို ဖြစ်နေကြသည်။

ထိုအခါမှသာ လူမမာပုံစံနှင့် လူငယ်လေးက အပြင်းအထန် ခုန်နေသော နှလုံးကို ကိုင်၍ ရပ်နေသည်ကို သတိထားလိုက်မိသည်။

"သိပ်ကို လတ်ဆတ်တာပဲ၊ အရမ်း အရသာရှိတယ်"

ထို့နောက် သူက အလွန် ရူးသွပ်နေသော အကြည့်မျိုးနှင့် နှလုံးကို ပါးစပ်ထဲ၍ ဝါးစားလိုက်သည်။

…

ဤမျှ သွေးပျက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် ကျန်သူများ လိပ်ပြာလွင့်မတတ် ဖြစ်လာကြသည်။

*ရူးနေပြီ*

*အဲ့လူမမာကောင် လုံးဝ ရူးနေပြီ*

"ပြေးတော့"

သူ့ရန်သူက အလွန် စွမ်းအားကြီးမှန်း အားဆန် သတိထားမိလိုက်သည်။ ထို့ကြောင့် သူ အော်ဟစ်သတိပေး၍ လျင်မြန်စွာ ထွက်ပြေးကြသည်။

သို့သော် လူမမာပုံစံနှင့် လူငယ်လေးက ရှေ့သို့ ဆက်လှမ်းလာသည်။ နှလုံးကို စားလို့ပြီးသွားမှ သူက ပြုံး၍ ပြောလာသည်။

"ထွက်ပြေးမယ်? ဘယ်နှလုံးကမှ နှလုံးစား အဘိုးကြီးလက်ထဲက လွတ်အောင် မပြေးနိုင်ဘူး"

*နှလုံးစား အဘိုးကြီး*

*သူက ဒီလောက် ငယ်သေးတာကို ဘာလို့ သူ့နာမည်က လူအိုနာမည်ပုံ ပေါက်နေတာလဲ*

ထိုလူငယ်လေးက လှစ်ခနဲ လှုပ်ရှားကာ စတင်၍ အစုလိုက် အပြုံလိုက် လူသတ် တော့သည်။

ရွှစ်! ရွှစ်! ရွှစ်!

အရိုးခဲမတတ် အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ အားဆန်သည်လည်း မျက်ရည် စို့တက်လို့လာသည်။ သူ့နောက်မှ သူ့ညီအစ်ကိုများ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရသည်ကို သူ သိနေခဲ့သည်။

"အားဆန် ပြေးတော့ သန့်စင်သော ယန်မြက်ပင်ကို ငါတို့ သခင်ကြီးကို ပေးပေးပါ၊ မြန်မြန် သွားတော့"

"ပြေးတော့ ငါတို့သခင်ကြီးကို လိုက်ရှာတော့"

သူတို့ အကုန်လုံး မလွတ်မြောက်နိုင်သည်ကို သိနေသောကြောင့် သူတို့အားလုံး နောက်လှည့်ကာ လူမမာပုံစံနှင့် လူငယ်ထံသို့ ပြေးဝင်သွားကြသည်။

"သွားသေလိုက်တော့"

"သွားသေလိုက်တော့"

"သွားသေလိုက်တော့"

သူတို့အားလုံး ဒေါသထွက်နေသောကြောင့် လူမမာပုံစံနှင့် လူငယ်ကို သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ထားကြသည်။

တစ်ယောက် ကျသွားသည်နှင့် နောက်တစ်ယောက်က အကြောက်အလန့်မရှိ လူမမာပုံစံနှင့် လူငယ်ကို ခုန်အုပ်သည်။

"ဒီအပင်ကို ဆက်ထိန်းသိမ်း ထားမလား၊ အသေခံမလား"

လူတစ်ယောက်၏ နှလုံးက ဆွဲထုတ်ခံလိုက်ရလျင် ထိုလူက သူ့ရင်ဘတ်ထဲမှ ထိုလူငယ်၏ လက်ကို ဆွဲထားသည်။

သူ သေသွားသော်လည်း ဤလူမမာပုံစံနှင့် လူငယ်ကို ဆွဲထားပြီး အားဆန် ထွက်ပြေးလို့ရအောင် အခွင့်အရေး ပေးလိုက်ခြင်း ဖြစ်သည်။

"ဒီအပင်ကို ဆက်ထိန်းသိမ်းထားမလား၊ အသေခံမလား"

နောက်လူတစ်ဘောက်၏ ရင်ဘတ်က ထိုးဖောက်ခြင်း ခံလိုက်ရသော်လည်း သူက မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် လူမမာပုံစံနှင့် လူငယ်၏ လက်ကို ဆွဲထားသည်။

မည်မျှ သူရဲကောင်းဆန်သည့် အပြုအမူပါလိမ့်။  ကျန်သူများက သူတို့၏ အသက်ကို စွန့်လွှတ်ထားကြသည်။ သူတို့က လူမမာပုံစံနှင့် လူငယ်ကို ရူးသွပ်စွာ ဝိုင်း၍ ခုန်အုပ်လိုက်ကြသည်။

အရေပြားကို ဆွဲဆုတ်နေသော အသံများနှင့် သူရဲကောင်းဆန်သော ဟစ်ကြွေးသံများက ဆက်တိုက် ထွက်ပေါ်လာသည်။

"ဒီအပင်ကို ဆက်ထိန်းသိမ်းထားမလား၊ အသေခံမလား"

"ဒီအပင်ကို ဆက်ထိန်းသိမ်းထားမလား၊ အသေခံမလား"

All Chapters