အားပြင်းသော ထိုးနှက်ချက်!
Vol. 10 Ch. 143
*ကိုယ့်နှလုံးကိုယ် ပြန်စားကြည့်ပါလား*
နှလုံးစား အဘိုးကြီးက ယဲ့ဖန်၏ စကားကို ကြားပြီး သူ့မျက်နှာက အလေးအနက် ဖြစ်လာသည်။
"ဘယ်လောက်တောင် ရဲတင်းလိုက်တဲ့ ခွေးမသားလေးလဲ"
"ငါ့လက်ကို ခိုးကြောင်ခိုးဝှက်နဲ့ ဖြတ်လိုက်နိုင်လို့ မင်း ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား?"
နှလုံးစားအဘိုးကြီးက လှောင်ပြုံးပြုံး၍ သူ့အိတ်ထဲမှ သတ္တုလုံးတစ်ခုကို ထုတ်လိုက်ကာ အားနှင့်ချိုးလိုက်သည်။
ခွပ်ခနဲ အသံနှင့်အတူ သတ္တုလုံးသည် အရည်အသွေး မြင့်မားသော စတီးလက်သည်း တစ်ခု ဖြစ်သွား၏။
"လက်တုပါလား"
ယဲ့ဖန် ကြောင်သွားပြီးမှ မြေကြီးပေါ်မှ လက်ကို ကြည့်လိုက်သည်။ ထိုအခါမှ လက်တစ်ခုလုံးတွင် လက်ကောက်ဝတ် နေရာကသာ အစစ်ဖြစ်သည်ကို တွေ့လိုက်ရသည်။
တကယ်တမ်းက လက်တစ်ခုလုံးသည် အရည်အသွေး မြင့်မားသော စတီးလက် ဖြစ်နေသည်။
"သတိထားပါ၊ သခင်ကြီး။ သူက နာမည်ကြီး ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် နှလုံးစားအဘိုးကြီးပါ၊ သူက လူငယ်ပုံ ပေါက်နေပင်မယ့် သူက အသက် ၆၀ ကျော် မကောင်းဆိုးဝါး အဘိုးကြီးပါ"
ထိုစဉ် ကူးယွီက မျက်ခုံးတလှုပ်လှုပ်နှင့် ယဲ့ဖန်ကို စိုးရိမ်တကြီး သတိပေးလိုက်သည်။
"သူ့လက်တွေ အကုန်လုံးက စူပါအလွိုင်းစတီးနဲ့ လုပ်ထားတဲ့ ဝံပုလွေလက်သည်းတွေပါ။ အဲ့ဒါက လူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားနိုင်တယ်"
သူ့လက်တွေက စူပါအလွိုင်းစတီးနဲ့ လုပ်ထားတဲ့ ဝံပုလွေလက်သည်းတွေတဲ့။
ကူးယွီက နှလုံးစားအဘိုးကြီး အကြောင်း ကောင်းကောင်းကြီးသိသည်။ သူတို့၏ ပြိုင်ဘက်များသည် ကျန်းနန်မြို့နှင့် ကျန်းပေမြို့တို့တွင် နှစ်ဒါဇင်နှင့်ချီ၍ ပြိုင်ဘက်ကင်း ဖြစ်နေခဲ့သည်။ လူအနည်းငယ်လောက်သာ သူ့ကို အနိုင်ယူနိုင်သည်။
ထို့ပြင် သူသည် လူတွေ၏ နှလုံးသားကို စားသည်ဟူသော နာမည်ဆိုးနှင့် ကျော်ကြားသေးသည်။ သူသည် ကျန်းနန်မြို့နှင့် ကျန်းပေမြို့တို့တွင် လူလိုက်သတ်ပြီး သွေးမိုး ရွာစေခဲ့သည်။
ယခင်တုန်းက ကျန်းနန်မြို့နှင့် ကျန်းပေမြို့တို့မှ အဓိကကလန်များစွာ ပူးပေါင်း၍ သူ့နောက်သို့ မိုင် ၂,၀၀၀ ကျော်အထိ လိုက်လံ ဖမ်းဆီးခဲ့ဖူးသည်။ သို့သော် ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် လေးယောက်၊ ကြယ်နှစ်လုံးအဆင့် စွမ်းအားပိုင်ရှင် ကိုးယောက်၊ ကြယ်တစ်လုံးအဆင့် စွမ်းအားပိုင်ရှင် ဆယ့်လေးယောက်နှင့် ထိပ်တန်းအဆင့် စွမ်းအားပိုင်ရှင် ဒါဇင်နှင့်ချီ၍ အသတ်ခံခဲ့ရသည်။
ထိုအချိန်မှစ၍ သူသည် ဤစီရင်စုတွင် အကြမ်းဆုံး ဖိုက်တာများထဲမှ တစ်ယောက် ဖြစ်လာခဲ့သည်။
သူက လုံးဝကို နာမည်ဆိုးနှင့် ကျော်ကြားသည့် နတ်ဆိုးအိုကြီးပင်။
ကူးယွီ၏ စကားကြောင့် နှလုံးစားအဘိုးကြီး၏ မျက်နှာက ဝင်းပလာကာ ပြောလိုက်သည်။
"ဟီးဟီး … ငါ့သခင်မကြီးက နယူးကာဆယ်မြို့ဘက်ကို ခရီးထွက်နေလို့ မင်းက ထိပ်တန်း အဆင့်လောက်ပဲ ရှိတယ်ဆိုတာကို သိခဲ့ရင် ငါ မလာပါဘူးကွာ"
"သူမက မိုးမြေအသွင်မဲ့ နှလုံးသားကို မင်းကို သတ်ဖို့ တာဝန်ပေးပြီး၊ လေယာဉ်နဲ့ ခရီးထွက်သွားတာပဲ"
ထိုသို့ပြောပြီး နှလုံးစားအဘိုးကြီးက သူ၏ သတ္တုလက်နှစ်ဘက်ကို အသာထိလိုက်သည်။
ဝီ!
သတ္တုချင်း ရိုက်ခတ်မိသည့်အသံက ဟိန်း၍ ထွက်ပေါ်လာသည်။ သို့သော် ယဲ့ဖန်က တစ်ချက်ကလေးမှ မရွေ့သည့်အပြင် အလွန် စိတ်လှုပ်ရှားနေပုံ ပေါ်သည်။
"ကြယ်သုံးလုံးအဆင့်တဲ့လား? ခင်ဗျားကို သတ်ရမှာ တော်တော် ပျော်ဖို့ ကောင်းမှာပဲ"
ထိုသို့ပြောပြီး ယဲ့ဖန်က သူ၏ ဓားကျိုးကို အဝေးမှာ ထား၍ နှလုံးစား အဘိုးကြီးအား ပယ်ပယ်နယ်နယ် အပြစ်တင်ဟန်ရှိသော အကြည့်များဖြင့် ကြည့်ကာ
"ဒီကိုလာ အသေခံလှည့်"
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် နှလုံးသား အဘိုးကြီး မျက်နှာပျက်သွားသည်။ ထိပ်တန်းအဆင့် စွမ်းအားလေးပဲ ရှိသည့်သူက သူ့အား အထင်သေးနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။ သူက သူ့လက်နက်ကိုတောင် အဝေးပို့ထားသေးသည်၊။
"ကောင်းတယ်၊ တော်တော် အကြောက်အလန့် ကင်းတဲ့ အရူးပါလား"
"အခု မင်းက ကိုယ့်သေတွင်းကိုယ် တူးနေမှတော့ ငါက မင်းအိပ်မက်တွေကို အကောင်အထည် ဖော်ပေးရမှာပေါ့"
ထိုသို့ပြောပြီး နှလုံးစားအဘိုးကြီး၏ မျက်လုံးမှ ကြမ်းကြုတ်သော အလင်းတန်း လှစ်ခနဲ ဖြတ်ပြေးသွားကာ ယဲ့ဖန်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာသည်။
သူ၏ စူပါအလွိုင်း ဝံပုလွေလက်သည်းအား ယဲ့ဖန်၏ နှလုံးသားတို့ ကြမ်းတမ်းစွာ ထိုးစိုက်လိုက်သည်။
"တိုက်ဆိုင်လိုက်တာ"
ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ စူပါအလွိုင်း ဝံပုလွေလက်သည်းအား သတိဖြင့် တားဆီး ကာကွယ်လိုက်သည်။
"သခင်ကြီး သတိထား"
ယဲ့ဖန်ကို ကြည့်ပြီး ကူးယွီ သည်းခြေပျက်မတတ် တုန်ယင်ကာ အော်ဟစ်လိုက်မိသည်။ ယဲ့ဖန်အား စူပါအလွိုင်းအား ပြန်ခုခံ၍ ထိုးရဲလိမ့်မည်ဟု သူ မတွေးထားမိပါ။
နှလုံးစား အဘိုးကြီးသည် သူ၏ စူပါအလွိုင်း ဝံပုလွေလက်သည်းဖြင့် သံမဏိပြား ကိုတောင် ထုတ်ချင်းဖောက် သွားအောင်လုပ်နိုင်သည်။
ကူးယွီ၏ မျက်နှာက ချက်ချင်း ပြာနှမ်းလို့လာသည်။ သူနှင့် ဆန့်ကျင်ဘက် နှလုံးစား အဘိုးကြီးကတော့ အလွန်တက်ကြွသည့် လေသံဖြင့် ပြောလိုက်သည်။
"ဟီးဟီး… မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"
ထို့နောက် နှလုံးစား အဘိုးကြီး၏ အရည်အသွေးမြင့် ဝံပုလွေလက်သည်းနှင့် ယဲ့ဖန်၏ လက်သီးတို့ ထိပ်တိုက်တွေ့သွားကြသည်။
ဘန်း!
သူတို့ ပြင်းထန်စွာ တိုက်မိသောအခါ ယဲ့ဖန်နှင့် နှလုံးစား အဘိုးကြီးက ကိုယ်စီ နောက်သို့ သုံးလှမ်းဆုတ်လိုက်ရသည်။
*ဟမ်*
ယဲ့ဖန် တစ်ခဏမျှ ကြောင်သွားရသည်။ ကြယ်သုံးလုံးအဆင့်က ဤမျှ သန်မာလိမ့်မည်ဟု သူ ထင်မထားမိပါ။ နှလုံးစား အဘိုးကြီးသည် သူ ပြန်လည် ဝင်စားလာကတည်းက သူ့ကို နောက်ဆုတ်သွားအောင် လုပ်နိုင်သည့် ပထမဆုံးသူပင် ဖြစ်သည်။
စိတ်မကောင်းစရာက ယဲ့ဖန်သည် သူ့ခွန်အား၏ ၃၀% လောက်သာ သုံးရသေးသည်။ ထို့အတူ နှလုံးစား အဘိုးကြီးသည်လည်း ထိတ်လန့်ကာ မျက်လုံးပြူးသွားသည်။
"ကောက်သွားတယ် … ငါ့ရဲ့ ဝံပုလွေလက်သည်းက ကောက်သွားတယ်၊ ဒါ ... လုံးဝ မဖြစ်နိုင်ဘူး"
နှလုံးစား အဘိုးကြီး ယဲ့ဖန်၏ လက်သီးကို တအံ့တဩနှင့် ကြည့်နေမိသည်။ သူ့ရန်သူ၏ လက်သီးက အနည်းငယ်လေးမျှ ထိခိုက်မသွားသည်ကို တွေ့လိုက်ရသဖြင့် သူ သေမတတ် ထိတ်လန့်သွားသည်။
"သူ့ရဲ့ခန္ဓာကိုယ်က ငါ့ရဲ့ စူပါအလွိုင်း စတီးထက် ပိုပြီး စွဲမက်စရာကောင်းနေပါလား"
…
ကူးယွီတောင်မှ မှင်တက်သွားရသည်။
ဂလု!
ကူးယွီသည် တံတွေးကို မနည်းမြိုချ၍ ယဲ့ဖန်အား ကြည့်နေရင်း စိတ်ထဲသို့ စကားလုံး တစ်လုံးသာ ဝင်ရောက်လာသည်၊ မကောင်းဆိုးဝါး!
*၄၀%*
ထို့နောက် ယဲ့ဖန်၏ မျက်လုံးက အေးစက်လာကာ သူ့ခွန်အားအစစ်အမှန်၏ ၄၀%ကို သုံး၍ နှလုံးစား အဘိုးကြီးအား ထိုးလိုက်သည်။
သူ၏ ကြမ်းတမ်းသော ချီဓာတ်က အဘိုးအိုကြီးထံသို့ တိုးဝင်လာသည်။
"ချီးပဲ"
နှလုံးစား အဘိုးကြီးက ယဲ့ဖန်၏ လက်သီးကို သူ၏ ဝံပုလွေလက်သည်းဖြင့် ခုခံလိုက်သည်။
ဘန်း!
ဒီတစ်ကြိမ်တွင်တော့ ယဲ့ဖန်က နှစ်လှမ်းဆုတ်လိုက်ရသော်လည်း နှလုံးစား အဘိုးကြီးက လေးလှမ်း ဆုတ်လိုက်ရသည်။
သူ၏ ဝံပုလွေလက်သည်းတစ်ခုလုံး လုံးဝပုံပျက်သွားကာ သူ၏ လက်မောင်းသည်လည်း ထိတ်လန့်မှုကြောင့် အားမပါသလို ခံစားလာရသည်။
သို့သော် ပွဲက အစပင် ရှိသေးသည်။
"၅၀%"
ထို့နောက် ယဲ့ဖန်က တစ္ဆေတစ်ကောင် ကဲ့သို့ လှစ်ခနဲ ပြေးလွှားကာ လက်သီးကို ဆက်တိုက် ပစ်သွင်းနေသည်။
ခွပ်ခနဲ အသံနှင့်အတူ ဝံပုလွေလက်သည်းသည် ပျက်စီးတော့မည့် အရိပ်အယောင်များ ပြလာသည်။
"၆၀%"
ယဲ့ဖန် နောက်တစ်ခါ ထပ်ထိုးလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ဝံပုလွေ လက်သည်းသည် ချိုင့်ခွက်ရာများနှင့် ပြည့်နှက်လာကာ နှလုံးစား အဘိုးကြီး၏ လက်မောင်းသည်လည်း ချွေးပေါက်များမှတစ်ဆင့် သွေးထွက်လာသည်။
"၇၀%"
နောက်လက်သီးတစ်ချက် နှင့်အတူ ဝံပုလွေ လက်သည်း သည်လည်း တစ်စစီ ဖြစ်လို့သွားသည်။
ဖွီ!
နှလုံးစား အဘိုးကြီး အကြီးအကျယ် မျက်နှာပျက်သွားကာ သူ့လက်မောင်းတစ်ခုလည်း တစ်စစီ ဖြစ်ကာ သွေးအန်သွားသည်။
သို့သော် ပွဲက မပြီးသေး။
"၈၀%"
နှလုံးစား အဘိုးကြီး၏ မျက်နှာက ပြာနှမ်းလာသည်။
"ခွေးမသား"
အလွန်ပျာယာခတ်နေသော မျက်နှာနှင့် သူက ယဲ့ဖန်၏ လက်သီးကို နောက်ထပ် အရည်အသွေးမြင့် စတီး ဝံပုလွေလက်သီးဖြင့် ကာလိုက်သည်။
ကျိုးပဲ့သံနှင့်အတူ ဝံပုလွေလက်သည်းသည် တစ်စစီဖြစ်ကာ နောက်လက်မောင်းကဲ့သို့ သုံးစားမရ ဖြစ်သွားလေသည်။
လက်မောင်းနှစ်ဘက်လုံး ကျိုးသွားချေပြီ။
အားအား!
နှလုံးစား အဘိုးကြီးသည် အလွန် ထိတ်လန့် ကြောက်ရွံ့နေသော မျက်နှာနှင့် ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။ လူတစ်ယောက်တွင် ဤမျှ သန်မာသော ခွန်အားများ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပါ။ စူပါအလွိုင်း စတီးကို ကျိုးပဲ့သွားအောင် လုပ်ရုံသာမက ယဲ့ဖန်သည် သူ့လက်မောင်းတစ်ခုလုံးကို သွေးအိုင်သွားအောင် ထိုးနိုင်လောက်သည်။
ပို၍ သွေးပျက်ဖွယ်ကောင်းသည်က ရန်သူသည် သူ၏ ခွန်အားအစစ်အမှန်၏ ၈၀%သာ အသုံးပြုရသေးသည်။
"မကောင်းဆိုးဝါး၊ ဒါ ဘယ်က မကောင်းဆိုးဝါးလဲ"
နှလုံးစား အဘိုးကြီးသည် တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလာသည်။ ယဲ့ဖန်က သူ့ကို ထပ်ထိုးလာသည်ကို မြင်လိုက်ရသည်နှင့် သူ လိပ်ပြာလွင့်မတတ် ကြောက်လန့် လာသည်။
"မဖြစ်ဘူး"
နှလုံးစား အဘိုးကြီး ငုံ့ရှောင်ရန် ပြင်လိုက်သော်လည်း ယဲ့ဖန်က သူ့ထက် ပိုမြန်နေသည်။
"၉၀%"
ထို့နောက် ယဲ့ဖန်သည် နှလုံးစား အဘိုးကြီး၏ တင်ပါးဆုံရိုးကို အားနှင့် ထိုးလိုက်သည်။
ဖွီ!
နောက်တစ်ကြိမ် သွေးအန်ကာ နှလုံးစားအဘိုးကြီး၏ ခြေထောက်နှစ်ဘက်လုံး ကျိုးကြေသွားတော့သည်။ သွေးစများနှင့် အရိုးစများက လမ်းမပေါ်၌ ပျံ့ကျဲနေသည်။
တစ်ချိန်တည်းမှာပင် နှလုံးစား အဘိုးကြီး လဲကျသွားကာ အသတ်ခံရတော့မည့် ဝက်တစ်ကောင်လို အော်ဟစ်မြည်တမ်းနေသည်။
နောက်ဆုံးတော့ သူ ကြောက်လန့်လာသည်။ ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် တစ်ယောက်က အရှုံ့းပေးနေရကာ အလွန်ဆိုးရွားသော နည်းလမ်းများဖြင့် ဒဏ်ရာရလို့ နေသည်။ ဤသည်ကား အိပ်မက်ဆန်လှပေ၏။
ယဲ့ဖန်က သူ့ထံ ခပ်ဖြည်းဖြည်း လှမ်းလာနေသည်။
သူက နှလုံးစား အဘိုးကြီးအား အေးတိအေးစက် မျက်ဝန်းများဖြင့် ပုရွက်ဆိတ် တစ်ကောင်ကို ကြည့်သလို ကြည့်နေသည်။
"ခင်ဗျားရဲ့ နာမည်နဲ့ လိုက်အောင်လို့ ခင်ဗျားကို ကိုယ့်နှလုံးကိုယ် ပြန်စားခိုင်းမယ်လို့ ကျုပ် ပြောသားပဲ"
ထိုသို့ ပြောပြီး ယဲ့ဖန်၏ မျက်လုံးများက အေးစက်လာကာ လက်တစ်ဘက်ကို ဆန့်ထုတ်လိုက်သည်။
ဖွီ!
နှလုံးစား အဘိုးကြီး တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်လာပြီး ခေါင်းငုံ့ကြည့် လိုက်သောအခါ သူ့ဘယ်ဘက်ရင်အုံပေါ်တွင် အပေါက်တစ်ပေါက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ယဲ့ဖန်က သူ၏ မေးရိုးကို ဖိညှစ်လိုက်သောကြောင့် သူ အင်တင်တင်ဖြင့် ပါးစပ်ဟလိုက်ရသည်။
ထို့နောက်တွင်တော့ အခုလေးတင် ထုတ်ယူလိုက်သည့် နှလုံးတစ်ခုက သူ့ပါးစပ်ထဲ ဝင်ရောက်လာသည်။