သူတို့အားလုံး သေရလိမ့်မယ်!
Vol. 10 Ch. 144
ယဲ့ဖန်က နှလုံးစား အဘိုးကြီး သတ်မသေနိုင်အောင် သူ့ဦးခေါင်းနှင့် လည်ပင်းကို မြဲနေအောင် ချုပ်ထားသည်။
သူ့နှလုံးသားကို သူ့ပါးစပ်နားသို့ မြှောက်ပြလိုက်သည်နှင့် နှလုံးစား အဘိုးကြီးသည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ စားလိုက်မိသည်။
ကျွိ! ကျွိ!
သွေးပျက်ဖွယ်ကောင်းသော အသံများကို နားထောင်နေရင်း နှလုံးစားအဘိုးကြီးသည် သူ့ခန္ဓာကိုယ်က ကြောက်ရွံ့မှုကြောင့် အလုပ်လုပ်ပုံ နှေးကွေးလာသည်ကို ခံစားလိုက်မိသည်။
"ဝူး ဝူး… ငါ့နှလုံး! ငါ့နှလုံးသား!"
နှလုံးစားအဘိုးကြီး ဒေါသထွက်လာသည်။ ယခုအချိန်တွင် သူသေချင်လျင်တောင် သူ သေလို့မရ၊ သူ့နှလုံးသားကို သူ ပြန်စားနေရသဖြင့် သူ မတည်ငြိမ်နိုင်တော့။
"နတ်ဆိုး! မင်းက နတ်ဆိုးပဲ!"
နှလုံးစား အဘိုးကြီး ကြောက်လန့်တကြားပြောလိုက်မိသည်။
သူ၏ ရန်သူများ စိတ်တွင် သူက အမြဲ နတ်ဆိုးသဖွယ် ဖြစ်ခဲ့သော်လည်း သူ့စိတ်ထဲတွင်တော့ ယဲ့ဖန်ကသာ တကယ့်နတ်ဆိုး ဖြစ်သည်ဟု ထင်နေမိသည်။
"ယဲ့ဖန် … မင်း မရှုမလှနဲ့ သေစေရမယ်၊ မိုးမြေအသွင်မဲ ့နှလုံးသား အဖွဲ့! ငါ သေသွားရင်တောင် မိုးမြေကံကြမ္မာ အဘိုးကြီး၊ မြေဝိညာဉ် အဘိုးကြီးနဲ့ အသွင်မဲ့ အဘိုးကြီးတို့ ကျန်သေးတယ်"
"သူတို့က မင်းရဲ့ အရွတ်တွေကို ဆွဲထုတ်ပြီး အရိုးတွေကို နုတ်နုတ်စင်းပစ်လိမ့်မယ်"
နှလုံးစား အဘိုးကြီးသည် သူ့ကိုယ်သူ သေတော့မည်ဆိုတာကို သိသော်လည်း လေကျယ်နေသေးသည်။
ကျန်းနန်မြို့နှင့် ကျန်းပေမြို့တို့တွင် နှစ်ဒါဇင်နှင့် ချီ၍ ပြိုင်ဘက်ကင်းခဲ့သော နတ်ဆိုးအိုကြီး တစ်ဖြစ်လည်း ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် သူသည် ကောင်စုတ်လေး တစ်ယောက်၏ လက်ထဲတွင် အရေးနိမ့်ခဲ့လိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
ဤသတင်းသာ အပြင်သို့ပျံ့နှံ့သွားခဲ့ပါက ကျန်းနန်မြို့နှင့် ကျန်းပေမြို့တို့ ဘေးကျပ်နံကျပ် ဖြစ်ပေလောက်သည်။
နှလုံးစား အဘိုးကြီး၏ ဆိုးရွားသော စကားများကို ကြားသော်လည်း ယဲ့ဖန်က အသာလှောင်ရယ်၍
"မိုးမြေအသွင်မဲ့နှလုံးသား အဖွဲ့? အင်း … ငရဲကို သွားရမယ့်လမ်းက အရှည်ကြီးပဲ၊ သတိထားသွားဦး၊ ကျုပ် ခင်ဗျား လမ်းမှာ အဖော်ရအောင် သူတို့ကိုပါ ပို့ပေးလိုက်ပါ့မယ်"
ယဲ့ဖန်၏ စကားများကြောင့် နှလုံးစား အဘိုးကြီး၏ မျက်နှာတွင် နာကျည်း မုန်းတီးနေဟန်များဖြင့် ပြည့်နှက်လို့လာသည်။
သို့သော် သူ ယဲ့ဖန်ကို ကျိန်ဆဲရန် ကြိုးစားလိုက်စဉ် သူ့နှလုံးသူ စားလို့ ပြီးသွားသည်ကို သတိထားလိုက်မိသည်။
သူ့တစ်ကိုယ်လုံး တုန်ယင်လာကာ သူ့မျက်လုံးများက မလိုလားသည့်ဟန်များဖြင့် အေးစက်လို့လာသည်။
ထိပ်တန်းအဆင့် စွမ်းအားပိုင်ရှင် လူငယ်လေး၏ သတ်ဖြတ်ခြင်းကို ခံရသဖြင့် သူ လွန်စွာ အရှက်ရမိသည်။ သို့သော်လည်း သူသည် သူ၏ ကျင့်ကြံမှုနှင့်အတူ သေဆုံးသွားလေပြီ။
နှလုံးစားအဘိုးကြီး သေဆုံးသွားသည်နှင့် ထိပ်ပြောင်အားဆန်သည် မြေကြီးပေါ် လဲကျကာ ရှိုက်ငိုလေတော့သည်။
သူ့ညီအစ်ကိုများ၏ အလောင်းများကို ကြည့်ပြီး သူ မျက်ရည်ဝဲလာသည်။
"ညီအစ်ကိုတို့၊ မင်းတို့ မြင်ကြရဲ့လား? ငါတို့သခင်ကြီးက မင်းတို့အတွက် လက်စားချေလိုက်ပြီလေ"
"သွေးကြွေးကို သွေးကြွေးနဲ့ပဲ ပြန်ဆပ်တယ်၊ ငါတို့သခင်ကြီးက လူသတ်သမားရဲ့ သွေးနဲ့ မင်းတို့အတွက် လက်စားချေပြီးပြီ"
ထိုသို့ပြောပြီး ထိပ်ပြောင်အားဆန်သည် မြေကြီးပေါ် မှောက်လျက်အနေအထားဖြင့် ဆက်၍ ရှိုက်ငိုနေသည်။
ယဲ့ဖန်က သူ့ကို လုံးဝ နှစ်သိမ့်ခြင်း မပြုပါ။ ထို့အပြင် သူ့မျက်လုံးများက လွန်စွာ ခက်ထန်နေသည်။
သူက အလောင်းများကို ကြည့်ပြီး သန်မာကြမ်းတမ်းသော ချီဓာတ်များကို ထုတ်လွှတ်ရင်း ကြုံးဝါးလိုက်သည်။
"ဆယ့်တစ်ဖွဲ့လုံးက ညီအစ်ကိုတွေ၊ စုစုပေါင်း ညီအစ်ကို အယောက် ၁၁၀၊ တစ်ယောက်ပဲ အသက်ရှင်တယ်"
"ကောင်းတယ်၊ ဒါက ကျန်းပေမြို့ပေါ့လေ"
"မင်းက ငါ့ညီအစ်ကိုတွေကို သတ်ခဲ့တယ်ဆိုတော့ ငါကလည်း မင်းတို့ ကလန် တစ်ခုလုံးကို သုတ်သင်ရတာပေါ့ကွာ"
ထိုသို့ပြောပြီး ယဲ့ဖန်က နတ်ဆိုးချီဓာတ်များကို ထုတ်လွှတ်လိုက်သည်။ သူ ဘဝအသစ်ကို ပိုင်ဆိုင်ခဲ့ပြီးကတည်းက ယဲ့ဖန်သည် သူ၏ ကြမ်းကြုတ်သော ချီဓာတ်များကို စုဆောင်းထားခဲ့ပြီး ဖြစ်သည်။
ယခုတော့ သူ့နတ်ဆိုး ချီဓာတ်များက တလိပ်လိပ် ထိုးတက်လာနေပြီး သူ့ရန်သူ၏ သွေးဖြင့် သူ၏ ဒေါသနှင့် နာကျည်းချက်များကို ဖြေလျော့ရန် ဆုံးဖြတ်လိုက်တော့သည်။
ထိုစဉ် ဘေးပတ်ဝန်းကျင်မှ အပူချိန်က ရုတ်တရက်ကြီး ဇီးရိုး ဒီကရီ ဆဲလ်စီယပ်သို့ ထိုးကျသွားလေသည်။
ကူးယွီနှင့် ထိပ်ပြောင် အားဆန်တို့ နတ်ဆိုး ဧကရာဇ်တစ်ပါး နိုးထလာသည်ကို မျက်မြင် ကြုံတွေ့လိုက်ရသကဲ့သို့ ထိတ်လန့်လာကြသည်။
ဤသည်မှ သွေးနံ့နှင့် အလောင်းများကို အာရုံရလို့နေသည်။
"သခင်ကြီး၊ ကျွန်တော်တို့ တရားခံကို ရှာတွေ့ပြီးပါပြီ။ အရင်ဆယ်ဖွဲ့လုံးက ကျန်းပေမြို့က ထိပ်တန်း အဓိကကလန် လေးခုရဲ့ လုပ်ကြံတာကို ခံခဲ့ရတာပါ"
ထိပ်ပြောင် အားဆန်က မြေကြီးပေါ် မှောက်လျက်အနေအထားဖြင့် မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ပြောလာသည်။
"ပထမတန်းစား ကလန်ဖြစ်တဲ့ ထူကလန်က ညီအစ်ကို သုံးဖွဲ့ကို လုပ်ကြံခဲ့ပါတယ်၊ စုစုပေါင်း ညီအစ်ကို အယောက် သုံးဆယ်ပါ"
"ပထမတန်းစားကလန် ဖြစ်လာခါနီးနေတဲ့ ရှန့်ကလန်က ညီအစ်ကို နှစ်ဖွဲ့ကို သတ်ဖြတ်ခဲ့ပါတယ်၊ စုစုပေါင်း ညီအစ်ကို အယောက် နှစ်ဆယ်ပါ"
"ဒုတိယတန်စား ကလန်တွေ ဖြစ်တဲ့ စစ်ခုန်ကလန်နဲ့ ဝေ့ကလန်က အတူပူးပေါင်းပြီး ညီအစ်ကို အဖွဲ့ ငါးဖွဲ့ကို သတ်ခဲ့ပါတယ်၊ စုစုပေါင်း လူအယောက် ငါးဆယ်ပါ"
ထိပ်ပြောင်အားဆန်က မကျေမနပ်နှင့် အော်ပြောလာသည်။
"သခင်ကြီး ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေအတွက် လက်စားချေပေးပါ"
"ထူကလန်၊ ရှန့်ကလန်၊ ဝေ့ကလန်နဲ့ စစ်ခုန်ကလန်တဲ့လား"
ကလန်လေးခု၏ နာမည်ကို ကြားလိုက်ရသည်နှင့် ယဲ့ဖန်၏ မျက်လုံးများက ပို၍ အေးစက်လာသည်။
ကူးယွီက ယဲ့ဖန်က အင်တင်တင်ဖြင့် ပြောလိုက်သည်။
"သခင်ကြီး မကြာသေးခင်က ထူးဆန်းတဲ့ လူတစ်ခု ကျန်းပေမြို့ထဲကို ရောက်လာပါတယ်၊ ကျွန်တော် သိသလောက်ဆို နှလုံးစား အဘိုးကြီးက ဝေ့ကလန်ရဲ့ ကာကွယ်စောင့်ရှောက်သူပါ"
"စစ်ခုန်ကလန်က ကျွန်တော့်ကို ဒုက္ခတိဖြစ်သွားအောင် လုပ်ဖို့ တာဝန်ပေးလိုက်တဲ့သူက စွ ကြယ်သုံးလုံးအဆင့် မ်းအားပိုင်ရှင် မိုးမြေကံကြမ္မာ အဘိုးကြီးပါ။ ရှန့်ကလန်ရဲ့ ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်က မြေဝိညာဉ် အဘိုးကြီးပါ၊ ထူကလန်ရဲ့ ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်က အသွင်မဲ့ အဘိုးကြီးပါ"
"မိုးမြေအသွင်မဲ့ နှလုံးသားအဖွဲ့ဆိုတာက လော့ကလန်ရဲ့ နတ်ဆိုးလေးကောင်ကို တင်စားပြီး ခေါ်ဆိုကြတာပါ၊ သူတို့က ကျန်းနန်မြို့က လော့ကလန်ရဲ့ ခြေလက်တွေပါပဲ။ သူတို့က ကျန်းပေမြို့က အဲ့ကလန်တွေကို ထိန်းချုပ်ခိုင်းစေပြီးတော့ သူတို့အားလုံး ပေါင်းပြီး သခင်ကြီးကို စာရင်းရှင်းခိုင်းလိုက်တာနဲ့ တူတယ်"
ကူးယွီ၏ စကားဆုံးသည်နှင့် ယဲ့ဖန်၏ မျက်နှာက ကြောက်မက်ဖွယ် ကောင်းလောက်အောင် အေးစက်လာသည်။
"ထူကလန်၊ရှန့်ကလန်၊ စစ်ခုန်ကလန်၊ ဝေ့ကလန်၊ လော့ကလန်ရဲ့ နတ်ဆိုးလေးကောင် ဟုတ်စ?"
ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး သူ၏ သွေးဆာနေသော မျက်နှာကလည်း အလွန် တင်းမာခက်ထန်လာသည်။
"ဒီလိုဆိုမှတော့ သူတို့အားလုံး သေကို သေရမှာပေါ့"
…
မနက်ခင်းပိုင်းသို့ ရောက်လာသောအခါ နေရောင်ခြည်က ကမ္ဘာမြေတစ်ခွင်သို့ ဖြာကျနေလေ၏။
ကျန်းပေမြို့၏ ဒုတိယတန်းစား အဓိက ကလန်ဖြစ်သော ဝေ့ကလန် အိမ်တော် အတွင်းဝယ်…
ဒုတိယတန်းစား အဓိကကလန်တစ်ခုဖြစ်သော်လည်း ကလန်သည် စီရင်စုဒေသငယ် မြို့လေးများမှ ထိပ်တန်းကလန်များထက် ပို၍ အင်အားကြီးမားလေသည်။
ဝေ့ကလန်တစ်ခုလုံးတွင် တိုက်ရိုက်မျိုးဆက်ပေါင်း ခုနစ်ဆယ့်သုံးယောက် ရှိလေပြီး ၎င်းတို့ထဲတွင် ကြယ်နှစ်လုံးအဆင့် စွမ်းအားပိုင်ရှင် တစ်ယောက်၊ ကြယ်တစ်လုံး အဆင့် စွမ်းအားပိုင်ရှင် ခြောက်ယောက်၊ ထိပ်တန်းအဆင့် စွမ်းအား ပိုင်ရှင် နှစ်ဆယ့် ရှစ်ယောက်နှင့် စုစုပေါင်း ခွန်အားကြီးသူ အယောက် ၁၀၀ နီးပါးခန့်ရှိသည်။
ထို့အပြင် တစ်လောကမှ ဝေ့ကလန်က ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် နှလုံးစား အဘိုးကြီးကို ကြိုဆိုထားကြသေးသည်။
မနက်စာ စားပြီးနောက်တွင် ဝေ့ကလန်၏ တိုက်ရိုက်မျိုးဆက် များစွာက စုဖွဲ့၍ တစ်စုံတစ်ခုကို တက်ကြွစွာ ဆွေးနွေးနေကြ၏။
"ဟေ့ ... ငါက နှလုံးစားအဘိုးကြီးရဲ့ တပည့်ဖြစ်ဖို့ အဆင့်မှီတယ်လို့ မင်းထင်လား? ငါ အဲ့နေ့က နှလုံးစား အဘိုးကြီးရဲ့ တိုက်ခိုက်ပုံကို မြင်လိုက်ရတယ်၊ အရမ်းကြောက်ဖို့ ကောင်းတာပဲကွာ"
"ငါလည်း မြင်လိုက်တယ်၊ နှလုံးစား အဘိုးကြီးက ငါတို့ရဲ့ ကြယ်နှစ်လုံး အဆင့် စွမ်းအားပိုင်ရှင်ကို တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်နိုင်တာကွ၊ အရမ်း မိုက်တာပဲ"
"နှလုံးစား အဘိုးကြီးက မနေ့ညက ကျန်းရှီမြို့က ပုရွက်ဆိတ်အချို့ကို နောက်ယောင်ခံ လိုက်နေတာ ဖြစ်မယ်၊ ဟဟ … အဲ့ပုရွက်ဆိတ်တွေက အရမ်း အားနည်းလွန်းတယ်"
….
ဝေ့ကလန်သားများ အားလုံး အလွန် ပျော်မြူးနေကြသည်။ နှလုံးစား အဘိုးကြီးအား နတ်ဘုရားတစ်ပါးဟု သူတို့ ထင်နေကြသည်။
ဝေ့ကလန်အတွက် နှလုံးစား အဘိုးကြီးအား ကျန်းရှီမြို့မှ လူတစ်ချို့ကို သတ်ခိုင်းလိုက်ခြင်းက နှမြောစရာတောင် ကောင်းနေသေးသည်။
ခန်းမအတွင်းရှိ ဝေ့ကလန်၏ အင်အားကြီးသူများပင် ကျေနပ်နေသော မျက်နှာများဖြင့် ဝင်းပနေကြသည်။
သို့သော် ဝေ့ကလန်၏ အင်အားကြီးသူများက သူတို့ ကလန်၏ တောက်ပသော အနာဂတ်ကို တောင့်တနေစဉ် ကလန်သားတစ်ယောက်က အမောတကော ပြေးလာလေသည်။
"အရေးပေါ်အခြေအနေပါ"
ထိုကလန်သား၏ မျက်နှာသည် သရဲတစ္ဆေကို မြင်တွေ့လိုက်ရသကဲ့သို့ အလွန် ဖြူစုတ်နေသည်။
ဤအဖြစ်အပျက်ကြောင့် ဝေ့ကလန်ခေါင်းဆောင် ဝေ့ကျန့် မျက်နှာထားက သုန်မှုန်လာကာ ချက်ချင်း မေးလိုက်သည်။
"ဘာဖြစ်လာတာလဲ? မင်း ဘာလို့ ဒီလောက် ပျာတီးပျာယာနိုင်ရတာလဲ၊ ရဲတင်း လှချည်လား"
ကလန်ခေါင်းဆောင်၏ အပြစ်တင်သော စကားကြောင့် ထိုကလန်သား၏ မျက်နှာက ပို၍ ဖြူရော်လာကာ ရှင်းပြလာသည်။
"သခင်ကြီး …. နှလုံးစား အဘိုးကြီး … သူ…သူ…"
*နှလုံးစားအဘိုးကြီးလား*
ဝေ့ကျန်းက စိတ်သက်သာရာရသွားဟန်ဖြင့် ပြုံး၍ ထပ်မေးလိုက်သည်။
"နှလုံးစား အဘိုးကြီး ပြန်လာပြီလား? မင်း ဘာတွေကြောင်ကြည့်နေတာလဲ? သူ့ကို မြန်မြန် အထဲဖိတ်လိုက်လေ"
သခင်ကြီး၏ အမိန့်ကြောင့် ထိုကလန်သား၏ မျက်နှာက ပို၍ အလွန်အမင်း ဖြူရော်လာပြီး ပြန်ပြောလာသည်။
"သခင်ကြီး ကျွန်တော် … ခေါ်လာလို့ မရဘူးဗျ၊ သူက တံခါးအပြင်မှာပါ၊ ကျေးဇူးပြုပြီး သူ့ကို လိုက်ကြည့်ပေးပါ"
*ဘာ*
သူ့စကားကြောင့် ဝေ့ကျန် ကြောင်သွားရသည်။ ထို့နောက် သူက ဝေ့ကလန်၏ အခြားအင်အားကြီးသူများကို ပြုံး၍ ပြောလိုက်သည်။
"ဟဟဟ… နှလုံးစား အဘိုးကြီးက ငါတို့ သူ့ကို ဥပေက္ခာပြုထားတယ်လို့ တွေးနေတာ ဖြစ်မယ်၊ အဲ့ဒါကြောင့် ငါတို့ကို သူ့ဆီလာပြီး ဖိတ်ခိုင်းချင်တာ ဖြစ်မယ်"
ထိုသို့ပြောပြီး ဝေ့ကျန်က ထရပ်ကာ ပြောလိုက်သည်။
"လာကြ… ငါတို့ရဲ့ ကာကွယ်စောင့်ရှောက်သူကြီးကို သွားတောင်းပန်ကြစို့"
ဝေ့ကျန့်က ချက်ချင်း အိမ်တော်၏ တံခါးဝသို့ လျှောက်သွားသည်။ သူ့နောက်မှ ဝေ့ကလန်၏ အခြားအင်အားကြီးသူများ လိုက်ပါလာသည်။
ထိုအချိန်တွင် ဝေ့အိမ်တော် အပေါက်ဝတွင် ဝေ့ကလန်သားများစွာနှင့် ကျိတ်ကျိတ်တိုးနေလေသည်။
အားလုံးက မြေကြီးပေါ်က အရာတစ်ခုကို ကတုန်ကယင်နှင့် ဖြူစုတ်နေသော မျက်နှာများဖြင့် ကြည့်နေကြသည်။
ထိုမြင်ကွင်းကြောင့် ဝေ့ကလန်၏ အင်အားကြီးသူများ ကြောင်သွားကြသည်။ အခြားသူများကို ဘေးဖယ်ခိုင်းပြီး မြေကြီးပေါ်က တစ်စုံတစ်ခုကို ကြည့်လိုက်သောအခါ သူတို့ လိပ်ပြာလွင့်မတတ် ကြောက်လန့်လာကြသည်။