← Chapters

အိပ်မက်ဆိုး၏ အစ!

Vol. 10 Ch. 148

အိပ်မက်ဆိုး၏ အစ!

Vol. 10 Ch. 148

မျက်တောင်တစ်ခတ် အတွင်းမှာပင် ယဲ့ဖန်သည် ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် တစ်ယောက်နှင့် မျက်နှာချင်းဆိုင် ဖြစ်လာသည်။

ဓားကျိုးသည် လှုပ်လှုပ်ရှားရှား ဖြစ်လာပြီးနောက် ယဲ့ဖန်က ထိုသူကို ခုတ်ပိုင်း လိုက်သည်။

ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်သည် တစ်ခဏမျှ ကြောင်နေပြီးမှ အထင်သေးသည့် ဟန်ဖြင့် ပြောလိုက်သည်။

"အဟက်…. ထိပ်တန်းအဆင့် ပုရွက်လေးကများ … သေချင်နေပြီလား"

ထို ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်က ယဲ့ဖန်အား အလွန်အထင်သေးလို့နေသည်။

သူ့စိတ်ထဲတွင် ယဲ့ဖန်သည် ထူးဆန်းသော လှည့်ကွက်အချို့တတ်သည့် ထိပ်တန်းအဆင့် စွမ်းအားပိုင်ရှင် အရူးတစ်ယောက်သာ ဖြစ်သည်။

ညအဖွဲ့၏ အရှင်သခင် သုံးယောက်သာ မရှိလျင် ယဲ့ဖန်တွင် မည်သည့်အခွင့်အရေးမျှ မရှိဟု သူ ယုံကြည်ထားသည်။

"ဟေ့ကောင်လေး…သေလိုက်တော့"

ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။ ထိုအချိန်တွင် သူက ယဲ့ဖန်၏ ဓားကျိုးကို သူ၏ စူပါအလွိုင်း သံမဏိဓားဖြင့် အားကုန်သုံး၍ ခုခံရန် ရည်ရွယ်လိုက်သည်။

ဓားကို ခုခံပြီးတာနှင့် သူက ယဲ့ဖန်ကို တစ်ချက်တည်းနှင့် သတ်ပစ်ရန် ရည်ရွယ် ထားသည်။

ကလစ်!

ဓားကျိုးနှင့် သံမဏိဓားတို့ ထိပ်တိုက်ဆုံသည့်အခါတွင် အလင်းတစ်ချို့က ဝှီးခနဲ မြည်၍ ရွေ့လျားသွားသည်။

ဝှီး!

ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်သည် လှောင်ရယ်နေရာမှ တောင့်ခနဲ ဖြစ်သွားသည်။

"မ…မဖြစ်နိုင်ဘူး"

သူ မျက်လုံးပြူး မျက်ဆံပြူးနှင့် မယုံနိုင်သလို ဖြစ်လို့နေသည်။

ထိုစဉ် သံမဏိဓားနှင့် အက်ရာများနှင့် ပြည့်နှက်လို့လာသည်။ ထို့နောက် သံမဏိဓား တစ်ခုလုံး တစ်စစီ ဖြစ်သွားတော့သည်။

ထို့ပြင် ပိန်ပါးပါး အရိပ်တစ်ခုက သူ့နဖူးအလယ်တည့်တည့်တွင် ရိပ်ခနဲ ပေါ်လာသည်။ သွေးစွန်းကြောင်းက ရှည်လို့လာသည်။

ရွှစ်!

တစ်စက္ကန့်၏ တစ်ထောင်ပုံတစ်ပုံလောက်တွင် ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်သည် ကိုယ်နှစ်ခြမ်းကွဲသွားလေတော့သည်။ သူ့ကိုယ်မှ သွေးစက်များက မြေကြီးအနှံ့ ပျံ့ကျဲလို့သွားသည်။

သူ သေသွားချေပြီ။

…

ကျန်သော ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် လေးယောက်လုံး မှင်တက်နေကြသည်။ အကြီးအကျယ် ထိတ်လန့်နေကာ ဤသည်ကို ထင်ယောင်ထင်မှား ဖြစ်ခြင်းဟုသာ ယုံကြည်ချင်နေကြသည်။

ယဲ့ဖန်က သူ့ကို တစ်ချက်တည်းနဲ့ သတ်လိုက်တယ်!

ထိပ်တန်းအဆင့် စွမ်းအားပိုင်ရှင် ကြယ်သုံးလုံးအဆင့်က စွမ်းအားပိုင်ရှင်ကို တစ်ချက်တည်းနဲ့ နှစ်ပိုင်းပိုင်းလိုက်သည်တဲ့လား။

*ဒါ… လုံးဝ မဖြစ်နိုင်ဘူး*

အားလုံးက ယဲ့ဖန်၏ ဓားကျိုးကို မျက်မှောင်ကြုတ်လျက် ထိတ်လန့်တကြား ကြည့်နေမိသည်။

"မှော်ဝင်ပစ္စည်း… အဲ့…အဲ့ဓားကလည်း မှော်ဝင်ပစ္စည်းပဲ ဖြစ်ရမယ်"

ထိုသံချေးတက်နေသော ဓားကျိုးက လေဆာကဲ့သို့ ဖြတ်တောက်နိုင်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ တွေးမထားခဲ့မိပါ။

"သေစမ်း"

ထိုအချိန်တွင် ကျန် ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်လေးယောက်လုံး ကြောက်လန့်ကာ တုန်ယင်လို့နေသည်။

မှော်ဝင်ပစ္စည်းတစ်ခုတိုင်းက အလွန်အမင်း ရှားပါးလှသည်။ သို့သော် ယဲ့ဖန်မှာ နှစ်ခု‌တောင် ရှိနေသည်။

မည်မျှအံ့ဩဖွယ်ကောင်းလိုက်သနည်း။

"သူ့ကို အတူတူ တိုက်ကြရအောင်။ သူ့ကို ပထမဆုံး သတ်နိုင်တဲ့သူက ဟိုအလုံးနဲ့ သူ့ဓားကျိုးကို ရမယ်"

ကောင်းကင်ကံကြမ္မာ အဘိုးကြီး၏ စကားကြောင့် ကျန် ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် သုံးယောက်လုံး မျက်လုံးအရောင် တောက်လာကြသည်။

မှော်ဝင်ပစ္စည်းများကို ဆရာသခင်အဆင့် ရောက်သူများသာ ပြုလုပ်နိုင်သည်။ ယခု မှော်ဝင်ပစ္စည်းနှစ်ခုရှိနေသည်။ ထိုပစ္စည်းနှစ်ခုကို လက်ဝယ်ရသည့်သူသည် အခြား ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်များကို အသာတကြည် သတ်နိုင်မည်။

ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် လေးယောက်လုံး၏ မျက်လုံးများတွင် လိုချင် တပ်မက်မှုများနှင့် ပြည့်နှက်လို့နေ၏။

"သေပေတော့ ကောင်စုတ်လေး"

လောဘအကြီးဆုံး ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် တစ်ယောက်က ချက်ချင်း လှုပ်ရှားလာသည်။ သူက ယဲ့ဖန်ထံသို့ ပြေးဝင်သွားသည်။

"သေလိုက်တော့"

ထို့နောက် သူက သူ၏ သံမဏိဓားဖြင့် ယဲ့ဖန်၏ လည်ပင်းကို ခုတ်ပိုင်းလိုက်သည်။

သို့သော် ထိုဓားသည် ယဲ့ဖန်လည်ပင်းနားသို့ ရောက်လုဆဲဆဲတွင် သူ အရိပ်သဖွယ် ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

"သတိထား"

လော့ကလန်မှ နတ်ဆိုးသုံးကောင်သည် ထိတ်လန့်တကြားနှင့် လောဘအိုး ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်အား သတိပေးလိုက်သည်။

ထိုကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် မှင်တက်သွားသည်။ ထို့နောက် သူ့နောက်ကျောဘက်မှ လေတိုက်လာသလို ခံစားလိုက်မိပြီး ပလုံးပထွေးဖြင့် အော်လိုက်မိသည်။

"မဟုတ်ဘူး"

သူ လိပ်ပြာလွင့်မတတ် ကြောက်လန့်ကာ ယဲ့ဖန်၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် ကြိုးပမ်းသော်လည်း နောက်ကျသွားချေပြီ။

"ခင်ဗျားခေါင်းကို ထားခဲ့လိုက်တော့"

ငရဲမှ ထွက်ပေါ်လာသော       အသံကဲ့သို့ အလွန်တစ်ရာ အေးစက်လှပေသည်။

ထို့နောက် ထို ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်၏ လည်ပင်း၌ သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဂလု!

သူ၏ ဦးခေါင်းက မြေကြီးပေါ်သို့ ပြုတ်ကျလာကာ လိမ့်လို့သွား၏။ တစ်ချိန်တည်းမှာပင် သူ့လည်ပင်းမှ သွေးများ ပန်းထွက်လို့နေသည်။

ထို ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်၏ အလောင်းက မြေကြီးပေါ်သို့ လဲကျသွားချိန်တွင် ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်လို့ သွားလေသည်။

*သူသေသွားပြီ*

*ယဲ့ဖန်က ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင် နှစ်ယောက်ကို နှစ်ကွက်အတွင်း သတ်ပစ် လိုက်တယ်*

*ဒါ…. လုံးဝ မဖြစ်နိုင်ဘူး*

ဤမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသည့်လူတိုင်း သေမတတ် ကြောက်လန့်လို့ လာသည်။

ပထမ ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်၏ သေဆုံးမှုက ထိုသူ၏ ပေါ့ဆမှုကြောင့်သာ ဖြစ်ပါက ဒုတိယတစ်ယောက်၏ သေဆုံးမှုသည် ယဲ့ဖန်၏ တစ်ပန်းသာနေသော တိုက်ပွဲဝင် ခွန်အားကို သက်သေပြလို့နေသည်။

မည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြပါ။

ထိပ်တန်းအဆင့် စွမ်းအားပိုင်ရှင်က ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်နှစ်ယောက်ကို နှစ်ကွက်အတွင်း သတ်ပစ်လိုက်တယ်၊ ဒါ… လုံးဝ မဖြစ်နိုင်ဘူး။

လူတိုင်း ထိတ်လန့်လို့နေသည်။ လော့ကလန်၏ ကျန်ရှိနေသော နတ်ဆိုးသုံးကောင်သည် ယဲ့ဖန်ကာ ကြောက်လန့်ကာ မျက်ခုံးတလှုပ်လှုပ်နှင့် ကြည့်နေကြသည်။

"ခွေးကောင်စုတ်လေး… သူ့ကိုသတ်ကြ…ငါတို့ သူ့ကို သတ်ပစ်မှ ဖြစ်မယ်"

ယနေ့ ယဲ့ဖန် မသေလျင် အနာဂတ်တွင် သူက အကြီးအကျယ် ဒုက္ခပေးလာနိုင်သည်ကို သူတို့ သိနေသည်။

ကောင်းကင်ကံကြမ္မာအဘိုးနှင့် မြေဝိညာဉ်အဘိုးကြီးတို့က ချက်ချင်းလှုပ်ရှားကာ ယဲ့ဖန်အား ဘေးနှစ်ဘက်မှ ညှပ်၍ တိုက်ခိုက်လာကြသည်။

သူတို့ အလွန်လျင်မြန်စွာ လှုပ်ရှားကြပြီး လေဆင်နှာမောင်းကဲ့သို့ ဖြစ်လာကြသည်။ သူတို့၏ ဓားမှ ဓားရောင်များက ယဲ့ဖန်ကို လွှမ်းမိုးလာသည်။

တစ်ချိန်တည်းမှာပင် အသွင်မဲ့ အဘိုးကြီး၏ အေးစက်စက်နှင့် တောက်ပလာကာ တီးတိုးရေရွတ်လိုက်သည်။

"ကိုယ်ပျောက်စေ"

ထို့နောက် သူသည် ကြောက်မက်ဖွယ်ကောင်းသော အပြုအမူနှင့်အတူ အမှောင်ထဲ၌ ရောနှောပျောက်ကွယ်လို့ သွားသည်။

သူ့ကို ကြည့်ပြီး ကောင်းကင်ကံကြမ္မာအဘိုးကြီးနှင့် မြေဝိညာဉ် အဘိုးကြီးတို့ အားပါးတရ ပြုံးလိုက်ရသည်။

သူတို့ သုံးယောက်အတူ ပူးပေါင်း၍ တာဝန်ထမ်းဆောင်ဖူးသည်။ နှစ်ယောက်က ရန်သူကို ဝိုင်းတိုက်ကာ ကျန်တစ်ယောက်က လုပ်ကြံသတ်ဖြတ်လေ့ရှိသည်။ ဤနည်းကို သုံး၍ သူတို့က မည်သည့် ရန်သူကိုမဆို၊ သူတို့နှင့် ကျင့်စဉ်အဆင့် တူနေလျင် တောင်မှ  အသာလေး အနိုင်ယူနိုင်ခဲ့သည်။

လော့ကလန်၏ နတ်ဆိုးသုံးကောင်သည် ကြယ်သုံးလုံးအဆင့် စွမ်းအားပိုင်ရှင်များ အားလုံးတွင် ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်သည်။ သူတို့သည် အဓိကကလန်များ၏ ကာကွယ် စောင့်ရှောက်သူများထက် အလွန် ပို၍ အစွမ်းထက်လေသည်။

သူတို့ အတူ ပူးပေါင်းလက်တွဲလိုက်လျင် သူတို့၏ တိုက်ပွဲဝင်စွမ်းအားများက အဆမတန် တိုးပွားလာသည်။

ထိုစဉ် အမှောင်ထဲမှ အေးစက်စက် အလင်းတစ်ချက် ဖျတ်ခနဲ ပေါ်လာကာ ယဲ့ဖန်၏ နှလုံးရှိရာသို့ နောက်ကျောမှနေ၍ အလင်းတန်းအလား ပစ်ခွင်းလို့လာသည်။

သာမန်လူများ ဤသို့ ထူးခြားသော တိုက်ခိုက်မှုကို မရှောင်နိုင်သော်လည်း ယဲ့ဖန်ကတော့ ချွင်းချက်ဖြစ်သည်။

"ခင်ဗျားက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ"

ယဲ့ဖန် ပြုံး၍ ရေရွတ်လိုက်သည်။ ကောင်းကင်ကံကြမ္မာ အဘိုးကြီးနှင့် မြေဝိညာဉ် အဘိုးကြီးတို့အား တစ်ချက်တည်းနှင့် နောက်ဆုတ်အောင် ပြုလုပ်လိုက်ပြီးနောက် ချက်ချင်း အမှောင်ထုတစ်နေရာကို ဓားကျိုးဖြင့် ထိုးလိုက်သည်။

ဖူး!

သွေးများ ပန်းထွက်လာပြီးနော်က အသွင်မဲ့ အဘိုးကြီး တုန်ယင်ကာ လဲကျလာသ်။

သူ့ပခုံးမှ သွေးများ စိမ့်ထွက်နေပြီး သူ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

"မဖြစ်နိုင်ဘူး… သူ ငါ့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့တာလဲ"

အသွင်မဲ့ အဘိုးကြီး မယုံကြည်နိုင်ဖြစ်လို့နေသည်။

သူ၏ ကိုယ်ပျောက် စွမ်းရည်သည် ရှေးဟောင်း စာအုပ်တစ်ခုမှ ဖြစ်သည်။ ဆရာသခင်အဆင့်က သူများတောင် သူ့ကို ရှာလို့မတွေ့နိုင်ပါ။

သို့သော်လည်း ယဲ့ဖန်က သူ့အား နည်းနည်းလေးမှ အားမစိုက်ရပါပဲ ရှာတွေ့သွားသည်။ မယုံနိုင်စရာ ကောင်းလိုက်ပါဘိ။

သို့သော် ယဲ့ဖန်က ထိုမျှနှင့် မပြီးနိုင်သေး။ ထို့နောက် ယဲ့ဖန်က အလင်းကဲ့သို့ အရှိန်နှင့် ပြေးလွှား၍ ထိုသူများကို သူ့ဓားကျိုးဖြင့် ခုတ်ပိုင်းလိုက်သည်။

ဓားထံမှ ချီဓာတ်ကို ခံစားမိပြီးနောက် နတ်ဆိုးသုံးကောင် ပျာပန်းခတ်လာကာ အလျင်အမြန် ထိုဓားချက်ကို ခုခံလိုက်ရသည်။

"အရမ်းနှေးတယ်၊ အရမ်းနှေးသေးတယ်၊ အရမ်းနှေးတာပဲ၊ ခင်ဗျားတို့ လှုပ်ရှားတာက နှေးလွန်းနေတယ်၊ အဲ့ဒါကြောင့် ခင်ဗျားတို့လက်ကို ခင်ဗျားတို့ မလိုအပ်တော့ဘူး"

ယဲ့ဖန်၏ စကားအဆုံးတွင် ဓားချက်က လေထုကို ထိုးခွင်း၍ ကျရောက်လာသည်။

ရွှစ်!

ကောင်းကင်ကံကြမ္မာအဘိုးကြီး၏ လက်တစ်ဘက် ပြတ်သွားလေတော့သည်။ ထို့နောက် ယဲ့ဖန်က ဆက်ပြောလာသည်။

"ခင်ဗျားရဲ့ လှည့်ကွက်တွေနဲ့ ပုန်းကွက်တွေက နှေးလွန်းသေးတယ်၊ ခင်ဗျားက ခင်ဗျားရဲ့ ခြေထောက်တွေကို အလကားဖြုန်းတီးနေတာပဲ"

ထို့နောက် ဓားရောင်တစ်ချက် လက်ခနဲ ဖြစ်သွားသည်။

ရွှစ်!

မြေဝိညာဉ် အဘိုးကြီး၏ ခြေထောက်တစ်ဘက် ပြတ်သွားလေသည်။

"ခင်ဗျားက ခင်ဗျားရဲ့ ပစ်မှတ်ကို တိတိကျကျ မတိုက်ခိုက်နိုင်သလို ခင်ဗျားရဲ့ ဓားကိုလည်း မြဲနေအောင် မကိုင်ထားနိုင်ဘူး၊ ခင်ဗျား မျက်လုံးတွေကို မလိုတော့ဘူး"

ယဲ့ဖန်၏ စကားအဆုံးတွင် အသွင်မဲ့ အဘိုးကြီးသည် သူ့မျက်လုံးများ သူငယ်အိမ်ထဲက အထုတ်ခံလိုက်ရကာ ကြီးစွာသော နာကျင်မှုကို ခံစားလိုက်ရသည်။

အား! အား! အား!

လော့ကလန်၏ နတ်ဆိုးသုံးကောင် သွေးသံတရွှဲရွှဲနှင့် သနားစဖွယ် အော်ဟစ် မြည်တမ်းနေကြသည်။

သူတို့၏ မျက်လုံးများတွင် အလွန် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လို့နေ၏။ သူတို့သုံးယောက် ပူးပေါင်းလိုက်လျင်တောင်မှ တစ်ဘက်လူ၏ လွှမ်းမိုးခြင်းကို ခံရလိုက်မည်ဟု သူတို့ ထင်မထားမိပါ။

"မကောင်းဆိုးဝါး၊ ဒီလူက မကောင်းဆိုးဝါးပဲ"

လော့ကလန်မှ နတ်ဆိုးသုံးကောင်သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် ထိပ်တန်းအဆင့် စွမ်းအားပိုင်ရှင်မျိုး တစ်ခါမှ မမြင်ခဲ့ဖူးပါ။

*သူက နတ်ဆိုးပဲ*

သို့သော် သူတို့၏ အိပ်မက်ဆိုးကား ယခုမှ စတင်မှာဖြစ်သည်။

All Chapters