← Chapters

မင်္ဂလာဆောင်! သတို့သမီး! ဈာပန ပစ္စည်းများ!

Vol. 10 Ch. 150

မင်္ဂလာဆောင်! သတို့သမီး! ဈာပန ပစ္စည်းများ!

Vol. 10 Ch. 150

ဗလုံးဗထွေး အသံအချို့နှင့်အတူ ညအဖွဲ့သား ရှစ်ယောက်လုံး လဲကျသွားပြီး လင်းလန်၏ မျက်နှာလေးသည်လည်း အလွန်အမင်း မည်းမှောင်လို့လာသည်။

"ရှင်…ရှင် သူတို့ကို သတ်လိုက်တယ်"

လင်းလန်က လော့စစ်အား ဒေါသတကြီး စိုက်ကြည့်နေပြီး သူမမျက်ဝန်းအတွင်းတွင် မလိုမုန်းထားဟန်များ ပေါ်လွင်နေ၏။

သူမစကားကြောင့် လော့စစ်က လှောင်ပြုံးပြုံး၍ "ဟဟ…သူတို့က ပုရွတ်ဆိတ်သာသာ အဆင့်ပဲ ရှိတာပါ၊ မင်း သူတို့အတွက် သနားစရာမလိုပါဘူး"

ထိုသို့ ပြောပြီး လော့စစ်က လင်းလန်အား ပြီတီတီမျက်နှာပေးဖြင့် မကောင်းဆိုးဝါး ဆန်သော အပြုံးမျိုး ပြုံးကာ အကြံပေးစကား ပြောလေသည်။

"ဟီးဟီး … ဥက္ကဋ္ဌလင်း မင်း ကိုယ့်အတွက်ကိုယ် ဂရုစိုက်တာက ပိုကောင်းမယ် ထင်တယ်နော်"

လင်းလန်၏ မျက်နှာလေးက ဖြူဖတ်ဖြူရော် ဖြစ်လာသည်။ ကြမ်းပြင်ပေါ်၌ ဒူးထောက်နေရသော သူမမိသားစုဝင်များကို တစ်ချက်ကြည့်ကာ သူမ လော့စစ်ကို ခပ်တန်းတန်း မေးလိုက်သည်။

"လော့စစ်… နင် ဘာလိုချင်တာလဲ?"

"ဟီးဟီး"

လော့စစ်က စားပွဲပေါ်မှ ကုန်းယွင်ဖေး၏ ကဗ္ဗည်းတိုင်ကို ကြည့်ကာ ခက်ထန် ရက်စက်သော အပြုံးမျိုးဖြင့် ပြောလာသည်။

"မင်းက ငါ့တူ ကုန်းယွင်ဖေးကို သတ်လိုက်မှတော့ မင်းကို ငါ့တူရဲ့ ကဗ္ဗည်းတိုင်နဲ့ လက်ထပ်စေချင်တာပဲ"

*ဘာ*

လင်းလန် အကြီးအကျယ် မျက်နှာပျက်လာသည်။ ထို့နောက် လော့စစ်က အေးတိအေးစက် မျက်နှာပေးဖြင့် "ငါ မင်းနဲ့ ကုန်းယွင်ဖေးရဲ့ ကဗ္ဗည်းတိုင်တို့ရဲ့ မင်္ဂလာပွဲကို ကျင်းပမယ်၊ မကြုံစဖူး ထူးကဲလှတဲ့ မင်္ဂလာပွဲလေးပေါ့။ မင်းက ယွင်ဖေးရဲ့ သတို့သမီး ဖြစ်လာမယ်,၊ ပြီးရင် မင်းက သူ့ရဲ့ ဈာပန ပစ္စည်းဖြစ်လာမယ်"

*မင်္ဂလာပွဲ*

*သတို့သမီး*

*ဈာပန ပစ္စည်း*

လင်းလန် မျက်နှာလေး ပြာနှမ်းလို့လာသည်။ သူမအဘိုး၊ အဖေနှင့် ဦးလေးတို့သည်လည်း စိုးရိမ်ကြောင့်ကြလာသည်။ အထူးသဖြင့် သူမကို အလွန်ချစ်ခင်သည့် သူမဦးလေးပင် ဖြစ်သည်။ လော့စစ်၏ စကားဆုံးသည်နှင့် သူမဦးလေးက ခွင့်လွှတ်ပေးပါရန် တောင်းပန်လေတော့သည်။

"လေးယောက်မြောက် သခင်လေး၊ ကျွန်တော့်တူမလေးကို လွှတ်ပေးပါဗျာ၊ သူမက ငယ်ပါသေးတယ်၊ သူမက သေလူတစ်ယောက်အတွက် ဈာပနပစ္စည်း မဖြစ်သင့်ပါဘူး"

"သေလူ"

သူ့စကားကြောင့် လော့စစ်၏ မျက်လုံးများက အေးစက်လာကာ သူ၏ ရွှေအိုရောင်ဓားမြှောင်နှင့် လင်းလန်၏ဦးလေးကို ပစ်ပေါက်လိုက်သည်။

ရွှေအိုရောင်ဓားမြှောင်က သူမဦးလေး၏ နဖူးအလယ်တည့်တည့်ကို သွားစိုက်သဖြင့် တစ်ခန်းလုံးသို့ သွေးများ စင်ကုန်သည်။

"ဦးလေး"

"အဖေ"

"လင်းတာ"

လင်းလန်နှင့် သူမမိသားစုဝင်များ ဖြူဖတ်ဖြူရော် မျက်နှာများဖြင့် အော်ဟစ် လိုက်မိသည်။

သူတို့၏ စိုးရိမ်၍ စူးရှသော အကြည့်များအောက်တွင် လင်းတာသည် ငြိမ်သက်သွားကာ ကြမ်းပြင်ပေါ်သို့ လဲကျပြီး ရုတ်ချည်းသေဆုံးသွားလေတော့သည်။

ထို့နောက် လော့စစ်သည် နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြောလိုက်သည်။

"အခု မင်းလည်း သေလူဖြစ်သွားပြီလေ"

ထိုသို့ပြောပြီး သူက ပုရွက်ဆိတ်တစ်ကောင်ကို သတ်လိုက်သလို ပုံစံနှင့် လူတိုင်း၏ ခံစားချက်များကို လျစ်လျူရှုထားပြန်သည်။

သူက လင်းလန်အား ရက်စက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ "ဥက္ကဋ္ဌလင်း ဘယ်လိုပဲဖြစ်ဖြစ် မင်း ကျုပ်ပြောတာကို သဘောတူရမှာပဲ၊ ခင်ဗျား တစ်ကြိမ်ငြင်းရင် ကျုပ် ခင်ဗျားရဲ့ မိသားစုဝင်တစ်ယောက်ကို သတ်မယ်၊ ဆယ်ကြိမ်ငြင်းရင် မင်းရဲ့ မိသားစုဝင် အားလုံး သေစေရမယ်"

….

လော့စစ်၏ စကားများသည် အလွန့်ကို လူမဆန်လှသောကြောင့် လင်းလန်တို့ တစ်မိသားစုလုံး၏ မျက်နှာများ ချက်ချင်းဆိုသလို မည်းမှောင်လာသည်.

*သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေ*

အားလုံးသည် လင်းလန်နှင့် အရင်းနှီးဆုံး မိသားစုဝင်များပင် ဖြစ်သည်။ ထို့ကြောင့် လင်းလန်၏ မျက်နှာလေးက အလွန်အမင်း ဖြူရော်လာသည်။

"ကျုပ် သုံးအထိ ရေမယ်၊ အဲ့သုံးအထိ ရေနေတုန်း မင်းရဲ့ အဖြေကို ပြန်မရတာနဲ့ ကျုပ် သူတို့သုံးယောက်ကို သတ်ပစ်မယ်"

လော့စစ်၏ လေသံသည် အင်မတန့်ကို မကောင်းဆိုးဝါး ဆန်လှပေသည်။

"တစ်"

လင်းလန်၏ကိုယ်လုံးလေး တုန်ယင်လာသည်။

"နှစ်"

လင်းလန် အလွန် စိတ်ဓာတ်ကျလာသည်။

*ငါဘာလုပ်သင့်သလဲ*

သူမ ဘာလုပ်နိုင်ပါမည်နည်း။

"သုံး"

လော့စစ် ချက်ချင်း မထီမဲ့မြင် အပြုံးမျိုး ပြုံး၍ ဒူးထောက်နေသော ကောင်လေး တစ်ယောက်ကို သူ့ဓားဖြင့် လှမ်း၍ ပစ်ပေါက်လိုက်သည်။

ရွှေအိုရောင်အလင်းတန်းကို မြင်ပြီး လင်းလန်၏ မျက်နှာလေးက ပို၍ ဖြူရော် လာလေသည်။

*အဲ့ကောင်လေးက ငါ့ဦးလေးရဲ့သား ပြီးတော့ ငါ့ရဲ့မောင်လေး*

*ငါ့ဦးလေးက ငါ့ကြောင့် သေသွားခဲ့ရပြီ၊ ငါ့မောင်လေးလည်း အဲ့လိုအဖြစ်မျိုးနဲ့ ကြုံလို့မဖြစ်ဘူး*

လင်းလန်၏ စူးရှသောအသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"ကျွန်မ သဘောတူတယ်၊ ကျွန်မ သဘောတူပါတယ်"

လျင်မြန်စွာပင် ရွှေအိုရောင်ဓားက ချက်ချင်း နောက်လှည့်သွားကာ လော့စစ်၏ လက်ပေါ်သို့ ပြန်ရောက်သွားသည်။

သူမအဖြေကို အစောကြီးကတည်းက ခန့်မှန်းမိသည့်ပုံဖြင့် သူက တောက်ပစွာ ပြုံးနေသည်။

"ကျွန်မ ရှင်ပြောတာကို သဘောတူပါတယ်၊ ကျွန်မ…. ကုန်းယွင်ဖေးရဲ့ ဈာပနပစ္စည်း ဖြစ်ပေးပါ့မယ်"

လင်းလန်သည် ပြာနှမ်းနေသော မျက်နှာဖြင့် ကြမ်းပြင်ပေါ် ပြိုလဲကျကာ အမောတကော ပြောလိုက်သည်။

သူမ၏ ဖြူရော်နေသော မျက်နှာကို ကြည့်ပြီး လော့စစ် ကျေနပ်သွားကာ ချက်ချင်း မတ်တပ်ထရပ်ကာ ကြေညာလိုက်သည်။

"ငါ့လူတွေက တံခါးအပြင်ဘက်မှာ စောင့်ကြပ်နေလိမ့်မယ်၊ မင်္ဂလာအခမ်းအနားကို မနက်ဖြန် မွန်းလွဲပိုင်းလောက် စမယ်"

ထိုသို့ပြောပြီး လော့စစ်သည် သူ့လူများနှင့်အတူ ဧည့်ခန်းထဲမှ ထွက်သွားလေသည်။ သိပ်မကြာခင်မှာပင် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က လော့စစ်ကို လက်ဟန်ခြေဟန် တစ်ချို့ပြလာသည်။

ထို့နောက် သူက လော့စစ်အား အလွန်လေးစားသော လေသံဖြင့် "လေးယောက်မြောက် သခင်လေး၊ ကျန်းပေမြို့က လုံးဝ ဖျက်ဆီးခံလိုက်ရပါပြီ၊ နတ်ဆိုးလေးကောင်လုံး အသတ်ခံလိုက်ရပါပြီ"

*ဟမ်*

ထိုလူ ပြောသော သတင်းကြောင့် လော့စစ်၏ မျက်လုံးများမှ အေးစက်စက် အလင်း တစ်ချက် ဖြတ်ပြေးသွားသည်။

"သူတို့ သေသွားပြီလား? ငါထင်ထားတာထက် သူက ပိုသန်မာနေတာပဲ"

"နတ်ဆိုးလေးကောင်ရဲ့ သေဆုံးမှုက နောက်ထပ်သွေးကြွေးပေါ့ကွာ၊ ကောင်းတယ်၊ သိပ်ကောင်းတယ်"

လော့စစ်က မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုးနှင့် ပြောလိုက်သည်။ လော့စစ်၏ မျက်နှာကို မြင်သည့်သူတိုင်း လက်ရှိ သူ့စိတ်အခြေအနေကို ခန့်မှန်းနိုင်ပေလိမ့်မည်။ သူ အလွန်ဒေါသထွက်နေလေသည်။

"သွားကြစို့၊ မင်္ဂလာပွဲရဲ့ အဓိကလူရောက်လာပြီဆိုတော့ ငါတို့ ယဇ်ကောင်အချို့ လိုနေသေးတယ်"

လော့စစ်က ပြောပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ငွေလမင်း၏ လရောင်က သူ့မျက်နှာထံ ဖြာကျနေသဖြင့် သူသည် ပို၍ ဖောက်လှဲဖောက်ပြန် နိုင်သောသူကဲ့သို့ ဖြစ်လာသည်။

"သွေးစွန်းမယ့်မင်္ဂလာပွဲက သွေးစွန်းနေတဲ့ယဇ်ကောင်အချို့ လိုအပ်တာပေါ့"

ထိုသို့ပြောပြီးနောက် လော့စစ်နှင့် အနက်ရောင်ဝတ်စုံ ဝတ်ထားသောလူ လေးယောက်သည် အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။

…

ကျန်းရှီမြို့၏ မြောက်ဘက်ခြမ်းတွင်!

မြို့မြောက်ဘက်ရှိ နာမည်ကြီး ဘားတွေထဲက တစ်ခုဖြစ်သည့် ဇီးရိုးဘား၌!

ထိုဘားတွင် မည်သည့်ဧည့်သည်မှ ရှိမနေဘဲ အနက်ရောင်ဝတ်စုံနှင့်လူများစွာသာ ရှိနေသည်။

မိုရိုသွေးစွန်းတစ္ဆေ၊ သံလက် ဝံပုလွေရိုင်းနှင့် ဖေးချမ်းတို့ ကောင်တာ၌ ထိုင်နေကြသည်။ သူတို့ အရက်သောက်၍ ထွေရာလေးပါး စကားပြောနေကြသည်။

"ဘော့စ် ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်က ဒီလောက် မြန်မြန်တိုးတက်လာလိမ့်မယ်လို့ ကျုပ် မထင်ထားမိဘူး၊ ခင်ဗျားက ခင်ဗျားအဆင့်ရဲ့ အထွတ်အထိပ်တောင် ရောက်နေပြီပဲ၊ ဒီရက်ပိုင်းအတွင်း ခင်ဗျား ထိပ်တန်းစွမ်းအားအဆင့်ကို ရောက်လာလိမ့်မယ်လို့ ကျုပ်ထင်တယ်"

ဝံပုလွေရိုင်းက ဖေးချမ်ကို ကြည့်ကာ အထင်ကြီးစွာ ပြောလိုက်သည်။ ဖေးချမ်သည် လောဘအိုးဝံပုလွေဆုဒြာကို အမြဲကျင့်ကြံနေသောကြောင့် မထင်မှတ်ထားအောင် တိုးတက်လျက် ရှိသည်။

ဖေးချမ်သည် ယခင်အတိုင်း ဘောလုံးကဲ့သို့ ဝဖိုင့်နေသေးသော်လည်း သူသည် စွမ်းအားကြီးသူများသာ ပိုင်ဆိုင်သည့် လွှမ်းမိုးနိုင်သော ချီဓာတ်ကို ထုတ်လွှတ်နေသည်။

ထို့နောက် ဖေးချမ်က ဝံပုလွေရိုင်းကို ကြည့်ကာ အသာအယာပြုံး၍ ပြောလိုက်သည်။

"ထားလိုက်စမ်းပါကွာ… မင်းလည်း မဆိုးပါဘူး၊ မင်းက သံလက်နတ်ဆိုး ပညာရဲ့ ပထမအဆင့်ကိုတောင် ရောက်ပြီးနေပြီ၊ ပြီးတော့ မင်းက ကြယ်တစ်လုံးအဆင့်ကို ရောက်နေတာ ကြာလှနေပြီကို"

အမှန်တကယ်ပင် ဝံပုလွေရိုင်းသည် ကြယ်တစ်လုံးအဆင့်သို့ ရောက်ပြီးနေပြီ ဖြစ်သည်။ သူ့လက်သီးဖြင့် အလွန်ကောင်းသော သံမဏိကိုပင် ထိုးခွဲနိုင်နေပြီပင်။

ဖေးချမ်၏ ချီးကျူးစကားကြောင့် ဝံပုလွေရိုင်းက မိုရိုသွေးစွန်းတစ္ဆေကို ကြည့်ကာ ပြောလိုက်သည်။

"တကယ်တော့ သွေးစွန်းတစ္ဆေကမှ တော်တော့်ကို အကျိုးအမြတ်ရလိုက်တာ၊ သူ့ရဲ့ မိုရိုသွေးစွန်းဆုဒြာက အရမ်း ကြမ်းတာ၊ သူက မကြာခင် ကြယ်နှစ်လုံးအဆင့်တောင် ရောက်တော့မယ်၊ ပြီးတော့ သူ့ရဲ့ တိုက်ပွဲဝင်ခွန်အားက ကြယ်သုံးလုံးအဆင့်က သူနဲ့တောင် ယှဉ်နိုင်နေပြီ"

ဝံပုလွေရိုင်းနှင့် ဖေးချမ်တို့က မိုရိုသွေးစွန်းတစ္ဆေအား အလွန်လေးစားအားကျသည့် အကြည့်ဖြင့် ကြည့်နေကြသည်။

ယဲ့ဖန်၏ လက်အောက်သို့ မဝင်ခင်က သွေးစွန်းတစ္ဆေသည် ကြယ်တစ်လုံးအဆင့် စွမ်းအားပိုင်ရှင် ဖြစ်သည်။ မိုရိုသွေးစွန်းဆုဒြာကို ရခဲ့ပြီးနောက် သူသည် အလွန်လျင်မြန်သော နှုန်းဖြင့် ကျင့်စဉ် ကျင့်ကြံနိုင်ခဲ့သည်။

သူ့ရဲ့ တိုက်ပွဲဝင်ခွန်အားက အတော့်ကို ကြောက်မက်ဖွယ်ကောင်းသည်။ သူတို့၏ ပြောစကားများကြောင့် မိုရိုသွေးစွန်းတစ္ဆေက သူ့အရက်ခွက်ကို မော့သောက်ပြီး ပြောလိုက်သည်။

"တော်စမ်းပါကွာ၊ ငါ အခုလေးတင် သတင်းရလာတယ်၊ ငါတို့သခင်ကြီးက ထိပ်တန်းအဆင့်ပဲ ရှိသေးတာတောင် ကျန်းပေမြို့မှာ အခုလေးတင် ကြယ်သုံးလုံးအဆင့် လူငါးယောက်ကို သတ်လိုက်တယ်တဲ့၊ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ သူနဲ့ ညအဖွဲ့သား လေးဆယ်က ကျန်းပေမြို့ရဲ့ အဓိကကလန်ရှစ်ခုက လူပေါင်း ၈၄၂ယောက်ကို သတ်ခဲ့တယ်တဲ့၊ သူကမှ တကယ့်နတ်ဆိုးကွ"

ထိုသတင်းကြောင့် ဝံပုလွေရိုင်းနှင့် ဖေးချမ်တို့ အလွန် ထိတ်လန့်သွားကြသည်။ ထို့နောက် သူတို့ ပြိုင်တူသက်ပြင်းချကာ အလွန် ထိန်းမနိုင်သိမ်းမရဟန်ဖြင့် ပြောလိုက်ကြသည်။

"ငါတို့သခင်ကြီး ကမ္ဘာကို အုပ်စိုးမယ့်အချိန်ကို ရောက်ဖို့ ငါ မစောင့်နိုင်တော့ဘူးကွာ"

သို့သော် ထိုစဉ် အလွန် စိတ်ပျက်စရာကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဟီးဟီး… မင်းတို့ အဲ့အချိန်ထိ အသက်မရှိမှာကို ငါ စိုးရိမ်မိတယ်"

*ဘာ*

ထူးဆန်းသည့်အသံကြောင့် ဘားထဲရှိလူတိုင်း တံခါးဝသို့ လှည့်ကြည့်လိုက်ကြသည်။ လူငယ်လေးတစ်ယောက်နှင့် သူ့နောက်မှ အနက်ရောင်ဝတ်စုံနှင့် လူလေးယောက်တို့ ဘားထဲသို့ ဖြည်းဖြည်းချင်း ဝင်လာသည်ကို သူတို့ တွေ့လိုက်ရသည်။

All Chapters