← Chapters

သွေးထွက်သံယိုခရီး!

Vol. 11 Ch. 152

သွေးထွက်သံယိုခရီး!

Vol. 11 Ch. 152

မနက် ၂ နာရီအချိန်တွင် Rolls Royce ကားသုံးစီးက လမ်းမပေါ်၌ အရှိန် ပြင်းစွာ မောင်းနှင်လျက် ရှိသည်။

ဖုန်းပြောပြီးနောက် ယာဉ်မောင်းသူ ဘေးတွင် ထိုင်နေသည့် သွေးသိမ်းငှက် သခင်က ယဲ့ဖန်အား သုန်မှုန်နေသော မျက်နှာနှင့် ပြောလိုက်သည်။

"သခင်ကြီး … ကျွန်တော် အခုလေးတင် ရလာတဲ့သတင်းက မာစတာ လင်လည်း ပြန်ပေးဆွဲခံရပါတယ်တဲ့"

*မာစတာလင်*

သူ့စကားကြောင့် ယဲ့ဖန်၏ မျက်နှာက မကြည်မလင် ဖြစ်လာသည်။

"သွေးစွန်းတစ္ဆေ၊ ဝံပုလွေရိုင်း၊ ဖေးချမ်၊ ရို့စ်၊ ပိုင်ရှောင်၊ ရှုကွမ်း၊ ယဲ့ကလန်က သုံးယောက်နဲ့ မာစတာလင်"

ယဲ့ဖန်၏ မျက်လုံးသည် ကြမ်းတမ်းသော ချီဓာတ်များနှင့်အတူ တလက်လက် တောက်ပနေပြီး သွေးဆာနေသော မျက်နှာနှင့် ပြောလိုက်သည်၊

"ငါ့မိန်းမကို ဈာပနပစ္စည်းအဖြစ် ခေါ်သွားပြီးတော့ ငါ့ညီအစ်ကိုတွေကို ယဇ်ကောင်အဖြစ် ခေါ်သွားတယ်ပေါ့လေ … တော်တယ် ... လော့စစ် … မင်း သိပ်တော်တယ်"

သူ ပြန်လည်မွေးဖွားလာပြီးကတည်းက တစ်စုံတစ်ယောက်ကို ရက်ရက်စက်စက် သေစေလိုချင်းက ယခု ပထမဆုံးအကြိမ် ဖြစ်သည်။ သူသည် လော့စစ်ကိုသာမက လော့ကလန်တစ်ခုလုံးကိုပါ လူမျိုးတုန်း သတ်ဖြတ်လိုက်ချင်နေသည်။

ကလန်ရှစ်ခုမှ ရာနှင့်ချီသော စွမ်းအားရှိသော သူများကို ရှင်းလင်းပြီးနောက် ကျန်းရှီမြို့မှ ဖြစ်ရပ်များကို ကြားလိုက်ရသည်။

သို့သော် တော်တော်လေး မိုးချုပ်နေသဖြင့် ကျန်းရှီမြို့သို့ ပြန်သည့် လေယာဉ်လိုင်း တစ်ခုမှမရှိ။ ပို၍ ထူးဆန်းသည်က ကျန်းပေမြို့က ကိုယ်ပိုင်လေယာဉ်များ ညတွင်းချင်း ပျောက်ကွယ်သွားခြင်းပင်။

ထို့ကြောင့် ယဲ့ဖန်သည် အရှင်သခင်သုံးယောက်နှင့် တစ္ဆေလေးကောင်တို့နှင့်အတူ ကျန်းရှီမြို့တို့ ကားမောင်းပြီး ပြန်လာဖို့သာ တတ်နိုင်တော့သည်။

ထိုစဉ် သွေးသိမ်းငှက်သခင်က စကားစလာသည်။

"သခင် … ကျန်းရှီမြို့ကို ရောက်ဖို့ လေးနာရီလောက်ပဲ လိုပါတော့တယ်၊ ကျွန်တော်တို့ စီရင်စုအဆင့် မြို့လေး ခြောက်မြို့နဲ့ နိုင်ငံအဆင့် မြို့သုံးမြို့ကို ဖြတ်ရပါလိမ့်မယ်၊ ကျန်းပေစီရင်စုထဲက ဟဲယွမ်မြို့က ရှေ့နားလောက်မှာပါ"

သူ့စကားကြောင့် ယဲ့ဖန်က မျက်လုံးကို အသာမှေး၍ ကျားငါးမန်းသခင်ကို ပြောလိုကသည်။

"ကျားငါးမန်း … မင်း ကားမောင်းတာ သတိထားမောင်းဦး၊ ဒါ အန္တရာယ်ကင်းတဲ့ ခရီးဖြစ်မယ်လို့ ငါ မထင်ဘူး"

ကျန်းပေမြို့တစ်ဝိုက်က ကိုယ်ပိုင်လေယာဉ်တွေ ပျောက်သွားကတည်းက ဒါ လျှို့ဝှက်ကြံစည်ထားထာ ဖြစ်မှန်း သူ သေချာ သိလိုက်သည်။

တစ်ယောက်ယောက်က သူ့ကို ကျန်းရှီမြို့ကို ခဏလေးနှင့်ရောက်လာမည်ကို တားဆီးချင်နေသည် သို့မဟုတ် သူ့ကို လမ်းကြောင်းတစ်ခုကနေပဲ အတင်း ပြန်လာစေချင်ပုံရသည်။

"မကောင်းဆိုးဝါးနဲ့ ငအူကောင်တွေ ပေါ်လာမယ်ထင်တယ်"

ယဲ့ဖန်က မျက်လုံး အသာမှေးလိုက်သောအခါ သွေးဆာနေသော အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။

ထိုစဉ် ….

မသဲမကွဲအသံနှင့်အတူ သူတို့ကားတစ်စီး၏ တာယာကွဲသွားလေသည်။ ကျွီခနဲ မြည်သံကျယ်နှင့်အတူ Rolls Royce သည် ချက်ချင်း လမ်းကြောင်းပြောင်းလိုက်ရသည်။ ထို့အတူ တာယာကွဲသွားသောကားသည် လမ်းဘေးရှိ လက်ရန်းကို တိုက်မိသည့်အပြင် ပေါ့ပလာပင်ကိုပါ ဝင်ဆောင့်သွားသည်။

ဘန်း!

ကားခေါင်းပိုင်းသည် ချက်ချင်း ပျက်ဆီးသွားလေသည်။

ယဲ့ဖန်၊ သွေးသိမ်းငှက်သခင်နှင့် ကျားငါးမန်းသခင်တို့ လျင်မြန်စွာ ခုန်ထွက်လာကြသည်။

ဤကဲ့သို့ ကားမတော်တဆမှုက သူတို့ကဲ့သို့ စွမ်းအားရှိသူများ အတွက် မပြောပ လောက်ပါ။

သို့သော် ဒါက ရိုးရိုး ကားမတော်တဆမှု မဟုတ်မှန်း သူတို့ သိနေကြသည်။ ထင်ထားသည့်အတိုင်းပင် အနက်ရောင်ဝတ်စုံနှင့် လူများက ကားလမ်းမကြီးရှေ့ကနေ သူတို့ဆီသို့ ဖြည်းဖြည်းချင်း လာနေကြသည်။

သူတို့သည် သန်မာကြမ်းတမ်းသော ချီဓာတ်များနှင့် သံမဏိဓားများကို ကိုင်ဆွဲလာကြသည်။

သူတို့အဝတ်အစားများပေါ်မှ သင်္ကေတကို မြင်ပြီး သွေးသိမ်းငှက် တအံ့တဩနှင့် မျက်ခုံးပင့်မိကာ အလျင်အမြန် ရှင်းပြလာသည်။

"သခင်ကြီး ဒါက တစ္ဆေဦးခေါင်း ကြေးစားအဖွဲ့ပါ"

တစ္ဆေဦးခေါင်း ကြေးစားအဖွဲ့သည် တကမ္ဘာလုံးရှိ ထိပ်တန်း ရွှေရောင်အဆင့် ကြေးစားဆယ်ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည်။

သူတို့သည် အလွန်အင်အားကြီးသည်ဟု ကျော်ကြားလေသည်။ ပြည်ပနိုင်ငံများရှိ တာဝန်များစွာကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီးနောက် သူတို့သည် ဩချရလောက်သည့် ဂုဏ်သတင်းကို ပိုင်ဆိုင်လာခဲ့သည်။

သူတို့နှင့် ဆုံရမည်ဟု သွေးသိမ်းငှက်သခင် မထင်ထားခဲ့မိပါ။

သူတို့ကို အလုပ်အပ်လိုက်သည့်သူက လော့စစ်မှန်း သိလိုက်သည်နှင့် ယဲ့ဖန်၏ မျက်လုံးများက ချက်ချင်း အေးစက်လာသည်။

ထိုစဉ် သူတို့ရှေ့မှ ရက်စက်သော စစ်သားဘုရင်က ရှေ့သို့တိုးလာပြီး "ဘယ်ကောင်က ယဲ့ဖန်လဲ…ရှေ့ထွက်…"

ထိုစစ်သားဘုရင်သည် စကား‌တောင် ဆုံးအောင်မပြောလိုက်ရဘဲ သွေးစွန်းသော အလင်းတစ်ချက်အောက်တွင် ကိုယ်နှစ်ခြမ်းကွဲသွားလေသည်။

နတ်ဆိုးနတ်ဘုရားသဖွယ် ယဲ့ဖန်သည် ဓားတစ်လက်ကို ကိုင်ကာ ရှေ့သို့ ထွက်လာပြီး ကျန်ရှိနေသေးသော တစ္ဆေဦးခေါင်းအဖွဲ့ကို ပြောလိုက်လေသည်။

"ရောက်လာမှတော့ မပြန်ပါနဲ့ဦး"

ထိုသို့ပြောပြီးနောက် ယဲ့ဖန်၏ ဓားသည် ရှေ့သို့ လှစ်ခနဲ တိုးဝင်လာကာ နောက်ထပ် စစ်သားဘုရင်တစ်ယောက်ကို သတ်ဖြတ်လိုက်သည်။

သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း အသက်တစ်သက်ကို နုတ်ယူသွားသည်၊ သူ၏ မိုင် ၆၀၀ ရှည်လျားသော ခရီးဝယ် အသက်ရှင်သူ တစ်ဦးတစ်ယောက်မှ မရှိစေရ။

သွေးထွက်သံယို ခရီးကို ကြုံတွေ့ရပေဦးမည်။

…

တစ်ချိန်တည်းမှာပင် ကျန်းရှီမြို့ရှိ ကုန်းအိမ်တော်တွင်း၏ ခြံဝန်းအတွင်း၌ လူငယ်တစ်ယောက် ငြိမ်သက်စွာ မတ်တပ်ရပ်နေသည်။

ခြေသံတစ်ချို့နှင့်အတူ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က ထိုလူငယ်အနားသို့ လျှောက်လာသည်။

ထိုအနက်ရောင်ဝတ်စုံနှင့်လူက သူ့ကို အရိုအသေပေးပြီး တရိုတသေဖြင့် ပြောလာသည်။

"လေးယောက်မြောက် သခင်လေး…သခင်လေး ခန့်မှန်းထားတဲ့အတိုင်းပါပဲ၊ ယဲ့ဖန်က ဟဲယွမ်မြို့ကို ရောက်သွားပါပြီ၊ သူ့ကို တစ္ဆေဦးခေါင်း ကြေးစားအဖွဲ့က တားဆီးထားပါတယ်"

အဆိုပါသတင်းကို ကြားပြီးနောက် လော့စစ်က မကောင်းဆိုးဝါးဆန်ဆန် ပြုံး၍

"ငါ ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ တွေ့ချင်လာပြီ၊ ဒါပေါ့…ငါ သူနဲ့ ကောင်းကောင်းကြီး ကစားပေးရမှာပေါ့"

"နိုင်ငံအဆင့် မြို့သုံးမြို့နဲ့ စီရင်စုအဆင့် မြို့ခြောက်မြို့၊ ငါက တစ်ကမ္ဘာလုံးက ရွှေရောင်အဆင့် ကြေးစား ကိုးဖွဲ့ကို အရမ်းများတဲ့ ပိုက်ဆံပေးပြီး အလုပ်အပ်ထားပြီးပြီ၊ သူက ကြယ်သုံးလုံး အဆင့် စစ်ဘုရင် ကိုးယောက်၊ ကြယ်နှစ်လုံးအဆင့် အယောက်၂၀နဲ့ ကြယ်တစ်လုံးအဆင့် အယောက် ၁၀၈ ယောက်နဲ့ ရင်ဆိုင်ရမှာဆိုတော့ သူ သေချာပေါက် သေမှာပဲ"

လော့စစ် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ ရွှေရောင်အဆင့် ကြေးစားအဖွဲ့ ကိုးဖွဲ့ကို သူ ပြည်ပမှ ငှားရမ်းထားခြင်း ဖြစ်ပြီး သူတို့အားလုံးက အလွန်အမင်း သန်မာကြသည်။

အဖွဲ့သားတစ်ဦးတိုင်းသည် သေရေးရှင်ရေး အခြေအနေများစွာကို ကြုံခဲ့ဖူးသည့် ထိပ်တန်းဖိုက်တာများ ဖြစ်ကြသည်။

ထိုသူတို့သည် သူတို့နှင့် အဆင့်သူသည့် လူ သုံး၊လေးယောက်ကို အသာလေး တိုက်နိုင်သည်။

ထို့ပြင် ယဲ့ဖန်က အလွန်ပြင်းထန်သည့် တိုက်ပွဲကို နွှဲလာခဲ့ရသဖြင့် သူ တော်တော်လေး အားကုန်နေလောက်ပြီ။

ရွှေရောင်အဆင့် ကြေးစားအဖွဲ့ကိုးဖွဲ့ကို တစ်ပြိုင်တည်း ရင်ဆိုင်ရခြင်းက သူ့အတွက် များလွန်းလှသည်။

လော့စစ်က ဆက်၍ ပြောလာသည်။

"နေ့ခင်းလောက်ဆို ငါတို့ သူ့ခေါင်းကို ရလောက်ပြီ ထင်တယ်၊ ငါ အဲ့အချိန်ကို တော်တော်လေး ရောက်ချင်လှပြီ"

အချိန်ကုန်တာ မြန်လှလေသည်။ မနက် ဆယ်နာရီတောင် ထိုးပြီးသွားချေပြီ။

ကျန်းရှီမြို့ရှိ ကုန်းစံအိမ်တော်တွင် မင်္ဂလာပွဲ ကျင်းပတော့မည့်အတိုင်း အရောင်စုံ ဖဲကြိုးများ၊ လက်ဆွဲမီးအိမ်များနှင့် အနီရောင် ခန်းဆီးများဖြင့် အလှဆင်လို့ထား၏။ အလွန် လှုပ်ရှားတက်ကြွနေကြလေသည်။

များစွာသော ဇိမ်ခံကားများက အိမ်တော်အပြင်ဘက်တွင် ရပ်လို့ထားပြီး လူသိများသော သူတော်တော်များများက သူတို့ကို ဂုဏ်ပြုပေးရန် ရောက်ရှိလို့နေကြသည်။

အပြင်ဘက်တွင် ကုန်းအိမ်တော်က အလွန် ခမ်းနားစွာ စီရင်ထားသော်လည်း အတွင်းဘက်တွင်တော့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်သည်။

ထိုင်ခုံတွင် ထိုင်နေကြသည့် ဧည့်သည်တိုင်းက အလွန်ထိတ်လန့်ကာ နဖူးမှ ချွေးဒီးဒီးကျနေကြသည်။

ထို့ပြင် တစ်ယောက်နှင့်တစ်ယောက် အလန့်တကြားနှင့် တီးတိုးစကားဆိုနေကြသည်။

"ပိုင်ကလန်ရဲ့ သခင်ကြီး ပိုင်ရှောင်တောင် အခေါ်ခံလာရလိမ့်မယ်လို့ ငါ ထင်မထားမိဘူး။ ဒီနေ့ကစပြီး ကုန်းကလန်က ကျန်းရှီမြို့မှာ နံပါတ်တစ် ဖြစ်လာတော့မယ်နဲ့ တူတယ်"

"ဟုတ်တယ်, ဒါမျိုး ငါ တစ်ခါမှ မမြင်ဖူးသေးသည်။ သွေးယဇ်ပူဇော်ပွဲကို အသက်ရှင်နေတဲ့ လူတွေနဲ့ လုပ်ပြီးတော့ ဒီလောက် လှတဲ့ ကောင်မလေးကို ဈာပန ပစ္စည်းအဖြစ် သုံးမယ်တဲ့ကွာ၊ လေးယောက်မြောက် သခင်လေးက တော်တော့်ကို ရက်စက်တာပဲ"

"ဝံပုလွေရိုင်းတောင်မှ ဒီကို ရောက်နေတယ်၊ ကျန်းရှီမြို့ရဲ့ နံပါတ်တစ် မြေအောက်ဂိုဏ်းက ဒီလောက် ဆိုးဆိုးရွားရွား ဒဏ်ရာရနေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး"

"မာစတာလင်တောင်မှ အဖမ်းခံရတယ်ဟ… ဝိုး"

ဧည့်သည်တိုင်းက သနားနေသည့် အကြည့်များဖြင့် ဖြစ်နေကြသည်။

ကုန်းကလန်သည် ပရမ်းပတာဖြစ်နေသည့် အခြေအနေများကို ကျော်လွန်ပြီး အထွတ်အထိပ်သို့ ရောက်လာတော့မည်ဟု ထင်နေကြသည်။ ပိုင်ကလန်နှင့် အခြားသောကလန်များကတော့ ပျက်သုဉ်းသွားလိမ့်မည်ဟု တွေးနေမိကြသည်။

ဧည့်သည်များ၏ ရှေ့တွင် သနားစရာကောင်းသော လူ ဆယ်ယောက်ကို တန်းစီလို့ထားသည်။

ထိုသူတို့သည် ဝံပုလွေရိုင်း၊ ပိုင်ရှောင်၊ ဖေးချမ်၊ သွေးစွန်းတစ္ဆေ၊ မာစတာလင်…

အားလုံးကို ကြိုးများဖြင့် တုပ်ထးပြီး သွေးများဖြင့် ရွှဲနစ်လို့နေသည်။

ဝံပုလွေရိုင်း၊ ဖေးချမ်နှင့် သွေးစွန်းတစ္ဆေတို့သည် ဒဏ်ရာအပြင်းဆုံးဖြစ်ပြီး ဆိုးဆိုးရွားရွားကို ဖြစ်နေကြသည်၊ သူတို့၏ အသားတွေကိုတောင် မြင်နေရသည်။

ထိုအချိန်တွင် သူတို့ကို ဆေးဝါးများ လိမ်းကျံပေးထားသော်လည်း သူတို့ အလွန့်ကို အားနည်းလို့နေသေးသည်။ သူတို့ အချိန်မရွေး သေသွားနိုင်သည်။

"နှုတ်ဆက်ပါတယ်"

ထိုစဉ် လော့စစ်သည် ခန်းမထဲမှ ခပ်အေးအေးနှင့် ထွက်လာသည်။ ထို့နောက် သူက ဧည့်သည်များကို မကောင်းဆိုးဝါးဆန်သော အကြည့်များဖြင့် တစ်ချက်ကြည့်လိုက်သည်။

သူ့ထံမှ အကြည့်ခံလိုက်သဖြင့် ဧည့်သည်များ ကတုန်ကယင်ဖြစ်သွားကာ သူပြောတာကိုသာ ငြိမ်ကုပ်၍ နားထောင်နေလိုက်ကြသည်။

သူတို့၏ တုံ့ပြန်မှုကို မြင်ပြီး လော့စစ်က ခေါင်းညိတ်ကာ ပြုံး၍ ဆက်ပြောလိုက်သည်။

"ကုန်းယွင်ဖေးနဲ့ လင်းလန်တို့ရဲ့ မင်္ဂလာပွဲကနေ ကြိုဆိုပါတယ်၊ ကျုပ်က ဒီမင်္ဂလာပွဲကို တာဝန်ယူထားတာပါ"

ထိုသို့ ပြောပြီး လော့စစ်က အချက်ပြလိုက်သည်။ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က ချက်ချင်း ကဗ္ဗည်းတိုင်တစ်ခုကို သူ့လက်မောင်းကြားထဲ ကိုင်ဆောင်လာပြီး ခန်းမအလယ်ရှိ စားပွဲပေါ်တွင် တင်ထားလိုက်သည်။

ကုန်းယွင်ဖေး၏ ကဗ္ဗည်းတိုင်ပင်။

ကဗ္ဗည်းတိုင်ရှိ စာလုံးများကို မြင်ပြီး ဧည့်သည်များ၏ မျက်နှာများက ချက်ချင်း မည်းမှောင်လာသည်။

"ကုန်းယင်ဖေးက သေသွားပြီ၊ သူတို့က လူသတ်သမားရဲ့ မိတ်ဆွေတွေပဲ"

လော့စစ်က ပြောပြီး ရုတ်တရက် ဝံပုလွေရိုင်းနှင့် အခြားသူ ကိုးယောက်ကို လက်ညှိုးထိုးပြလိုက်သည်။ ထို့နောက် သူက မကောင်းဆိုးဝါး အကြည့်နှင့် ဆက်ပြောလာသည်။

"ဒါပေမယ့် ကျုပ် ဒီနေ့ တော်တော်လေး စိတ်ကြည်နေတယ်၊ ယဇ်ပူဇော်ခံရမယ့်အစား မင်းတို့အားလုံး အသက်ရှင်နိုင်မယ့် အခွင့်အရေးတစ်ခု ရမယ်၊ မင်းတို့ ကုန်းယွင်ဖေးရဲ့ ကဗ္ဗည်းတိုင်ရှေ့မှာ အကြိမ် ၁၀၀ ဒူးထောက် ဝပ်တွားပြီး လူသတ်သမားကို မင်းတို့ စိတ်ရှိသလောက် ဆဲဆိုမယ်ဆို မင်းတို့ ငါ့ခွင့်လွှတ်မှုကို ရနိုင်တယ်"

ထိုသို့ပြောပြီး လော့စစ်သည် သူ့ရှေ့မှ လူဆယ်ယောက်ကို မေးဆတ်ကာ ကြည့်လိုက်သည်။

"ဘယ်လိုလဲ?"

All Chapters