သူ…. မသေနိုင်ပါဘူး!
Vol. 11 Ch. 153
*ကုန်းယွင်ဖေးရဲ့ ကဗ္ဗည်းတိုင်ရှေ့မှာ အကြိမ် ၁၀၀ ဒူးထောက် ဝပ်တွားရမယ်*
*လူသတ်သမားကို မင်းတို့ စိတ်ရှိသလောက် ဆဲဆိုရမယ်*
*အဲ့ဒါမှ လေးယောက်မြောက် သခင်လေးရဲ့ ခွင့်လွှတ်မှုကို ရရှိမယ်*
လော့စစ်၏ စကားလုံးများသည် အလွန် မက်မောစရာ ကောင်းလှပေ၏။ စကားအနည်းငယ်လောက်နှင့် သူတို့၏ စိတ်ဓာတ် အခြေအနေ ယိုယွင်း ပျက်စီးလာအောင် လုပ်နေသလိုပင်။
သို့သော် ဝံပုလွေရိုင်းနှင့် အခြားလူ ကိုးယောက်တို့က သူ့စကားကို ကြားသည်နှင့် အကုန်လုံး လှောင်ရယ်ကြလေသည်။
*ဟမ်*
သူတို့၏ အမူအရာများကို သတိထားမိပြီး လော့စစ် မျက်မှောင်ကြုတ်ကာ အေးစက်စက် မျက်လုံးများဖြင့် မေးလိုက်သည်။
"ဘာလဲ? မင်းတို့က အဲ့ခွေးမသားအတွက် အသေခံမလို့လား?"
*ခွေးမသား*
သူ့စကားကြောင့် ဖေးချမ် ဒေါသထွက်ကာ ကြုံးဝါးလိုက်သည်။
"သေခြင်းတရားအကြောင်း နကန်းတစ်လုံးတောင် မသိတဲ့ မင်းကမှ ခွေးမသားကွ"
"မင်းက ရေတွင်းအောက်ခြေက အမြင်ကျဉ်းတဲ့ ဖားပြုတ်သာသာပဲ ရှိတယ်၊ သူ ဘယ်လိုလူမျိုးလဲဆိုတာ မင်း မသိဘူး၊ မဟုတ်ဘူး… သူက ဘယ်လိုနတ်ဘုရားမျိုးလဲဆိုတာ မင်း မသိဘူး"
ဖေးချမ်၏ စကားကြောင့် လော့စစ်၏ မျက်နှာက ချက်ချင်း သုန်မှုန်လာသည်။ ထို့အပြင် ဝံပုလွေရိုင်းက လော့စစ်အား လူပြက်တစ်ယောက်အား ကြည့်သလို အထင်မြင်သေးစွာ ကြည့်ကာ အော်ဟစ်လိုက်သည်။
"စောက်ရူး…အိပ်မက်မက်မနေနဲ့၊ ယဲ့ဖန်က ငါ့သခင်ကြီးကွ၊ ငါ့တစ်သက်လုံး သူ့ရဲ့ ကျေးကျွန်အဖြစ် ရှိနေမှာ၊ မင်း ဒါကို နားမလည်နိုင်ဘူး"
ဝံပုလွေရိုင်း၏ ပြတ်သားသော စကားများကြောင့် လော့စစ်၏ မျက်လုံးများက အံ့ဩဟန်ပေါက်နေသည်။
ထို့နောက် သူက သွေးစွန်းတစ္ဆေအား ကြည့်ကာ ဆွဲဆောင်သော လေသံဖြင့် ပြောလိုက်သည်။
"သွေးစွန်းတစ္ဆေ မင်းရော ဘယ်လိုလဲ? မင်းရဲ့အားက မနည်းဘူး၊ မင်း သူ့ကို သစ္စာဖောက်လိုက်တာနဲ့ ငါ မင်းကို လော့ကလန်ထဲ ဖိတ်ခေါ်ဖို့ စဉ်းစားပေးမယ်"
လော့စစ်သည် သွေးစွန်းတစ္ဆေ၏ တိုက်ပွဲဝင် ခွန်အားအား မျက်မြင် ကြုံခဲ့ပြီးပြီဖြစ်သည်။
ကြယ်နှစ်လုံးအဆင့် ဖြစ်သော်လည်း သူသည် ကြယ်သုံးလုံး အဆင့်က သူများကို လွင့်သွားအောင် လုပ်နိုင်စွမ်းရှိသည်။
မည်မျှ အံ့ဩစရာကောင်းလိုက်သည့် ခွန်အားပါလိမ့်။
သွေးစွန်းတစ္ဆေကိုသာ လော့ကလန်ထဲ ဝင်ဖို့ နားချနိုင်လျင် သူသည် ယဲ့ဖန်နှင့် အခြား ဖမ်းထားသည့်သူ ကိုးယောက်အား အရှက်ခွဲနိုင်ပြီး ကျားအား အတောင်ပံ တပ်ပေးလိုက်သလို လော့ကလန်သည်လည်း ပို၍ အင်အားတိုးလာပေလိမ့်မည်။
သို့သော်…
ထွီ…
သွေးစွန်းတစ္ဆေက လော့စစ်၏ ရှေ့နားသို့ တံတွေး လှမ်းထွေးလိုက်သည်။ အလွန်အထင်သေးသော အကြည့်များဖြင့် သွေးစွန်းတစ္ဆေက လော့စစ်အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေသည်။
"နတ်ဘုရားတွေကို သတ်လို့ရတယ်၊ အင်မော်တယ်တွေလည်း အသတ်ခံရနိုင်တယ်၊ ဒါပေမယ့် နတ်ဆိုးတွေက ဘယ်တော့မှ သစ္စာမဖောက်ဘူး၊ သူက နတ်ဆိုးပဲ"
"လော့စစ် ငါ့တစ်ဘဝလုံး ဂုဏ်အယူရဆုံး အရာက သူ့ကို ငါ့သခင်ကြီးအဖြစ် သတ်မှတ်ခဲ့ရတာပဲ၊ ငါ နောင်ဘဝ ရောက်သွားရင်တောင် သူ့အစေခံအဖြစ် ဆက်နေသွားမှာပဲ"
…
သွေးစွန်းတစ္ဆေ၏ စကားကြောင့် လော့စစ် လုံးဝဒေါသထွက်လာသည်။
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
*ဒါ…လုံးဝ မဖြစ်နိုင်ဘူး*
*သူ့မှာ ဘယ်လောက် ခမ်းနားတဲ့ မျက်လှည့်များ ရှိနေတာလဲ? ဘယ်လိုလုပ် လူအများကြီးက စိတ်လိုလက်ရနဲ့ သူတို့ရဲ့ သခင်ကြီးအဖြစ် အသိအမှတ်ပြုကြရတာလဲ ပြီးတော့ သူတို့ ခေါင်းဖြတ်ခံရမှာကိုတောင် စောင့်နေကြသေးတယ်"
လော့စစ် ဘယ်တုန်းကမှ ထင်မှတ်မထားမိသလို ဘေးရှိ ဧည့်သည်များလည်း ထင်မှတ်မထားမိပါ။ သူတို့အားလုံးသည် ဝံပုလွေရိုင်းနှင့် အခြား အဖမ်းခံထားရသည့်သူ ကိုးဦးကို ငမိုက်သားတွေဟု ထင်ကာ ကြည့်နေကြသည်။
*မယုံနိုင်စရာပဲ*
"ကောင်းတယ်၊ မင်း သိပ်တော်တယ်"
လော့စစ်သည် အလွန်ဒေါသထွက်ကာ ရက်စက်သည့် အမူအရာနှင့် အားပါးတရ အော်ရယ်လိုက်သည်။
"မင်းတို့က ဒီလောက် တုံးအမှတော့ ငါက မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့၊ အမှန်အတိုင်း ပြောရရင် ယဲ့ဖန်က သေနေပြီးလောက်ပြီ"
*ဘာ*
သူ့စကားကြောင့် ဝံပုလွေရိုင်းနှင့် ကျန်သူကိုးယောက်တို့ ထိတ်လန့်တကြား ဖြစ်သွားကြသည်။
"မဖြစ်နိုင်ဘူး၊ ငါတို့သခင်ကြီးက ဘယ်တော့မှ သေမှာမဟုတ်ဘူး"
အဖမ်းခံထားရသည့်သူ ဆယ်ယောက်လုံးက မယုံသည့်ဟန်ဖြင့် အော်ဟစ်လိုက်ကြသည်။
*ယဲ့ဖန်က နတ်ဆိုးလေ၊ နတ်ဆိုးက ဘယ်လိုလုပ် သေမှာလဲ*
သူတို့ မယုံနိုင်သလို ယုံလည်း မယုံချင်ပါ။
သူတို့၏ အမူအရာကို ကြည့်ပြီး လော့စစ်၏ အပြုံးက ပိုပီပြင်လာသည်။
"ဟီးဟီး…ကျန်းပေမြို့မှာ ကလန်ရှစ်ခုက လူ၈၄၂ယောက်ကို သတ်ပြီးတဲ့နောက် ယဲ့ဖန် တော်တော်လေး အားကုန်နေလောက်ပြီ၊ မင်းတို့ အဖမ်းခံရတဲ့သတင်းကို ငါလွှင့်လိုက်တဲ့လေ၊ အဲ့ဒါမှ သူ ညတွင်းချင်း ကျန်းရှီမြို့ကို ပြန်လာမှာ၊ ဒါပေမယ့် အပြန်လမ်းမှာ ငါ ကြေးကြီးကြီး ပေးပြီး ငှားထားတဲ့ ရွှေရောင်အဆင့် ကြေးစားဆယ်ဖွဲ့ထဲက ကိုးဖွဲ့နဲ့ သူ ဆုံရဦးမယ်"
"သူ ဘယ်လိုလုပ် ကြယ်သုံးလုံး အဆင့် စစ်သားဘုရင် ကိုးယောက်၊ ကြယ်နှစ်လုံးအဆင့် အရက်စက်ဆုံး ကြေးစားသမား အယောက်နှစ်ဆယ်နဲ့ ကြယ်တစ်လုံးအဆင့် ကြေးစား ၁၀၈ ယောက်ကို ဆက်တိုက်သတ်ပြီး အသက်ရှင်နိုင်ပါ့မလဲ?"
*ဘာ*
သူ့စကားကြောင့် အဖမ်းခံထားရသည့် သူဆယ်ယောက်လုံး၏ မျက်နှာက ပြာနှမ်းလာသည်။
*ပြင်းထန်တဲ့ တိုက်ပွဲကို နာရီနဲ့ချီတိုက်ပြီး အပြန်လမ်းမှာ ချုံခိုတိုက်ခိုက်ခံရတယ်*
*ရန်သူကလည်း တစ်ကမ္ဘာလုံးမှာ နာမည်ကြီးတဲ့ ရွှေရောင်အဆင့် ကြေးစားအဖွဲ့တွေ*
….
အဖမ်းခံထားရသည့် သူဆယ်ယောက်လုံး ချက်ချင်း အားနည်းပြီး ဒယီးဒယိုင် ဖြစ်လာကြသည်။
လော့စစ်က ဆက်၍ ပြောလိုက်သည်။
"ဟီးဟီး .... ငါက အဲ့ရွှေရောင်အဆင့် ကြေးစားအဖွဲ့တွေအတွက် ဆုလာဘ် ထုတ်ထားသေးတယ်၊ ယဲ့ဖန်ကို ခေါင်းကို ဖြတ်ပြီး ကျန်းရှီမြို့ကို ယူလာနိုင်တဲ့ ဘယ်အဖွဲ့ကိုမဆို အမေရိကန်ဒေါ်လာ ၅၀၀ မီလီယံကို ဆုအနေနဲ့ ပေးမယ်လို့ ပြောထားသေးတယ်"
လော့စစ်၏ မကောင်းဆိုးဝါးအပြုံးက ပို၍ ပီပြင်လာကာ ဖမ်းထားသည့်သူ ဆယ်ယောက်လုံး၏ စိတ်ဓာတ်ကျနေသော အမူအရာကို ကြည့်နေလိုက်သည်။
"အခုလေးတင် ကျုပ် ဖုန်းခေါ်ဆိုမှု ရလာသေးတယ်၊ ကျုပ် ငှားထားတဲ့ ကြေးစားအဖွဲ့ ကိုးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ သွေးစွန်းဓားနှစ်လက်အဖွဲ့က ကျန်းရှီမြို့ကို ရောက်လာပြီတဲ့လေ"
…
အဖမ်းခံထားရသည့်သူ ဆယ်ယောက်လုံး မှင်တက်သွားကြသည်။
*သွေးစွန်းဓားနှစ်လက်အဖွဲ့က ယဲ့ဖန်ကို ချုံခိုတိုက်ခိုက်မယ့် ကြေးစားအဖွဲ့ထဲက တစ်ဖွဲ့တဲ့*
*အခု သူတို့က ကျန်းရှီမြို့ကို ရောက်လာပြီဆိုတော့ သူတို့က ယဲ့ဖန်ရဲ့ … ကို သယ်လာတာ...*
ဝံပုလွေရိုင်းနှင့် ကျန်ကိုးယောက်လုံး စိတ်ထိခိုက်ကာ မြေကြီးပေါ်သို့ ပြိုလဲကျ သွားလေတော့သည်။
ဝံပုလွေရိုင်း အသိစိတ်လွတ်မတတ် ဖြစ်လာသည်။ သူ့မျက်လုံးများသည် ပြူးကျယ်နေကာ မျက်လုံးများမှ သွေးမျက်ရည်များ စီးကျလာသည်။
ဖေးချမ်၏ မျက်လုံးသည်လည်း ဗလာနတ္ထိဖြစ်နေကာ စိတ်ဝိညာဉ် အနုတ်ခံလိုက်ရသလို ဖြစ်နေပြီး သူ၏ ယုံကြည်မှုတို့ ပြိုလဲသွားလေတော့သည်။
သွေးစွန်းတစ္ဆေသည်လည်း သွေးအန်ကာ မျှော်လင့်ချက်ကုန်ဆုံးကာ မလိုလားသော အကြည့်မျိုးဖြင့် ဖြစ်လို့နေသည်။
ရို့စ်၊ ရှုကွမ်းနှင့် ယဲ့ဖန့်ချန်တို့လို သူများလည်း ဝမ်းနည်းကြေကွဲနေကြလေသည်။
"မဟုတ်ဘူး… သူ မသေဘူး၊ ယဲ့ဖန် မသေနိုင်ပါဘူး"
ထိုစဉ် လင်းလန်သည် အနီရောင်ဝတ်စုံလေးနှင့် အလွန်ချစ်ခင်ဖွယ်ကောင်းသော နတ်သမီးကဲ့သို့ ခန်းမတွင်းမှ ပြေးထွက်လာသည်။ သူမသည် အလွန်လှပလွန်းသဖြင့် အခြားသူများ၏ ရင်ကို တဒိတ်ဒိတ်ခုန်လာစေ၏။
သို့သော် သူမ၏ ပြိုင်ဘက်ကင်းသော လှပသည့် မျက်နှာလေးက မျက်ရည်များဖြင့် ရွှဲနစ်လို့နေသည်။
သူမ၏ ကြည်လင်နေသော မျက်ရည်စက်များက မိုးရေစက်များသဖွယ် ကျဆင်း လို့နေသည်။
"မဖြစ်နိုင်ဘူး ... သူ သေမှာ မဟုတ်ဘူး…သူ…မသေနိုင်ပါဘူး"
လင်းလန်သည် အလွန်ပူဆွေးနေသော မျက်ရည်များဖြင့် အော်ဟစ်နေသည်။
*သူက ငါနဲ့အတူ ခေါက်ဆွဲပေးတဲ့သူ*
*သူက ငါ့ရဲ့အပျိုစင်ဘဝကို ယူဆောင်သွားတဲ့သူ*
*သူက ကုန်းယွင်ဖေး ငါ့ကို ပြန်ပေးဆွဲသွားတုန်းက သူ့အသက်ကိုရင်းပြီး ငါ့ကိုလာကယ်တဲ့သူ*
*သူတစ်ယောက်တည်းကသာ ငါ့နှလုံးသားထဲမှာ နေရာယူထားနိုင်တဲ့သူ*
*သူ…မသေနိုင်ပါဘူး*
"မဖြစ်ရဘူး"
လင်းလန်၏ နှလုံးသားလေး တစ်စစီကွဲကြေကာ သူမမျက်လုံးထောင့်များ သွေးမျက်ရည်များ စီးကျလို့လာသည်။
"ယဲ့ဖန်…ယဲ့ဖန်"
သူမစိတ်ထဲတွင် သူ၏ ပုံရိပ်များဖြင့် ပြည့်နှက်လို့နေသည်။ သူ၏ ထီမထင်တတ်သည့် မျက်နှာထား၊ သူ၏ လွှမ်းမိုးချုပ်ကိုင်တတ်ပြီး ရက်စက်တတ်သည့် အပြုအမူများ။
သူနှင့် ပတ်သတ်သည့် အရာရာတိုင်းကို သူမ ချစ်မိသည်။ ထိုအချိန်တွင် သူမ ရူးမတတ် ဖြစ်လို့နေသည်။
သူမ၏ လှပသော မျက်နှာလေးက မျက်ရည်များဖြင့် ပြည့်နှက်လို့နေပြီး ပူဆွေး ဝမ်းနည်းမှုများကြား နစ်မြုပ်လို့နေသည်။
"ဖန် … ကျွန်မကို စောင့်နေပါ၊ ဖြည်းဖြည်းသွားနော်၊ လောကကြီးထဲမှာ ဘယ်အရာကမှ ကျွန်မရဲ့အနမ်းနဲ့ မထိုက်တန်တဲ့အတွက် ကျွန်မ တမလွန်ဘဝအထိ လာပြီး ရှင့်ကို အဖော်ပြုပေးပါ့မယ်"
ထိုသို့ပြောပြီး လင်းလန်၏ လှပသော မျက်နှာလေးက အလွန်ဖြူရော်လာသည်။ သူမ၏ ဖြူသွယ်သော လက်ထဲတွင် ထက်ရှသော ဓားမြှောင်တစ်ချောင်း ရုတ်တရက် ပေါ်လာသည်။ ထို့နောက် သူမလည်ပင်းကို အားနှင့်ပြန်ထိုးရန် ပြင်လိုက်တော့၏။
"မမလေးလင်း"
"ဥက္ကဋ္ဌလင်း"
ဝံပုလွေရိုင်းနှင့် အခြားသူများ စိုးရိမ်ပူပန်လာသည်။ သူတို့ သူမကို ကယ်တင်ချင် သော်လည်း သူမ မည်သို့မျှ မတတ်နိုင်ပါ။
သို့သော် လော့စစ်သည် ဘေးမှ နေ၍ မကောင်းဆိုးဝါးသဖွယ် လှောင်ပြုံး၍ ကြည့်နေသည်။ ဤမင်္ဂလာပွဲသည် လူသေများ၏ မင်္ဂလာဆောင် ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် လင်းလန်သည် အနှေးနဲ့အမြန် သေမှာပင်။
"ဖန်…ကျွန်မကို စောင့်နေပေးပါ"
လင်းလန်၏ စူးရှသော အော်ငိုသံပြီးနောက် ဓားမြှောင်က သူမလည်ပင်းနား နီးကပ်လာသည်။
ထိုစဉ် အလင်းတန်းတစ်ချက်က သူမဓားကို လာရောက် ထိမှန်ကာ ဓား လွင့်ထွက်သွားသည်။
*ဟင်*
ဤအဖြစ်အပျက်ကြောင့် ခြံဝန်းထဲရှိ လူတိုင်း မှင်တက်သွားကြသည်။ လော့စစ်၏ မျက်လုံးက ချက်ချင်း မသာမယာဖြစ်လာကာ ခြံဝအား ပြင်းထန်သော ချီဓာတ်တို့ကို ထုတ်လွှတ်၍ မေးလိုက်သည်။
"အဲ့မှာ ဘယ်သူလဲ"
သူ့အသံက အလွန်အေးစက်လှသည်။ ခြေသံများက တဖြည်းဖြည်း နီးကပ်လို့လာပြီး ကြွက်သား အမြောင်းမြောင်းနှင့် အနက်ရောင်ဝတ်စုံနှင့် လူများက ခြံဝန်းအတွင်းသို့ ဝင်လာကြသည်။
သူတို့တစ်ယောက်ချင်းစီက ပြင်းထန်သော ချီဓာတ်များကို ထုတ်လွှင့်လို့နေပြီး ငရဲမှ တက်လာသည့် စစ်တပ်ကဲ့သို့ အလွန်ရက်စက်ကာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။