← Chapters

အရှေ့အရပ်မှ ခရမ်းလေပြေ

Vol. 10 Ch. 128

အရှေ့အရပ်မှ ခရမ်းလေပြေ

Vol. 10 Ch. 128

လုတစ်ဆယ်နှင့် တခြားလူများ အချင်းချင်း ကြည့်ကြသည်။

“ဆယ့်ကိုး… ငါတို့ သူများအတင်းကို နောက်ကွယ်မှာ မပြောဘူး… အထူးသဖြင့် အချစ်ရေးကိစ္စတွေ…”

“ဟုတ်တယ်… အစ်မသုံးနဲ့ အစ်ကိုကြီးသမ်းကြားမှာ မူမမှန်တဲ့ကိစ္စတွေ မရှိဘူး”

“မှန်တယ်… မှန်တယ်… အစ်ကိုကြီးသမ်း မြောက်ပိုင်းကုန်းမြေကို သူ့လမ်းစဉ်ရှာဖို့အတွက်ပဲ သွားတာ။ ဒါက အသည်းကွဲသေရည်နဲ့ မဆိုင်ဘူး”

…

သူတို့ အချင်းချင်း စကားပြောကြသည်။ မြေပဲစေ့များ မကုန်မီတွင်ပင် သူတို့က ထိုအချစ်ပုံပြင်ကို စုံစေ့စွာ ပြောပြီး ဖြစ်သည်။

အစ်ကိုကြီးသမ်းကား အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နံပါတ်၁ တိုက်ရိုက်တပည့် ဖြစ်သည်။

သူ၏ကျင့်ကြံဆင့်မှာလည်း အမြုတေဖွဲ့စည်းခြင်းအဆင့်၌ ရှိကာ ရွှေဓာတ်မျိုးဆက်ကို ဆက်ခံသူ ဖြစ်သည်။ သူ၏ကျင့်ကြံဆင့်၊ ပါရမီနှင့် ကိုယ်ကျင့်တရားတို့အားလုံးမှာ လူငယ်မျိုးဆက်၌ အကောင်းဆုံးဟု သတ်မှတ်နိုင်၏။

နှစ်ပေါင်းများစွာအကြာက အစ်ကိုကြီးသမ်းသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဂိုဏ်းချုပ်ငယ်ဟုပင် နာမည်ကျော်ကြားသည်။

လီသုံးသည်ကား ထိုစဉ်က ရေဓာတ်မျိုးဆက်၏ အဓိကတပည့်တစ်ဦး ဖြစ်သည်။ သူမသည် သေမျိုးလောက၌ကတည်းက ဓားသိုင်းပညာရှင် ဖြစ်ကာ ဂိုဏ်းကို ရောက်ပြီးနောက် သုံးနှစ်အတွင်း အပြင်စည်းဂိုဏ်းနှင့် အတွင်းစဉ်းဂိုဏ်းတို့၌ ပြိုင်စံရှားခဲ့သည်။

နောက်ဆုံးတွင် လီသုံးသည် အစ်ကိုကြီးသမ်းထံ၌ ရှုံးနိမ့်ခဲ့၏။

ပြိုင်ဘက်များအကြား ပြိုင်စံရှားသော လီသုံးမှာ အစ်ကိုကြီးသမ်းထံ၌ ဓားကွက်ဆယ်ကွက်ပင် မခံနိုင်သည်ကို လက်မခံနိုင်ခဲ့ပါ။

ယှဉ်ပြိုင်လိုစိတ်ပြင်းထန်သော သူမသည် နောက်ပိုင်းတွင် အစ်ကိုကြီးသမ်းအပေါ် စိတ်ခံစားချက်များ မွေးဖွားလာခဲ့တော့သည်။

သူမက အစ်ကိုကြီးသမ်းအား တာအိုလက်တွဲဖော်ဖြစ်လာရန် ချက်ချင်း ပြောဆိုခဲ့သည်။

လူအများအပြားကလည်း ရွှေဓာတ်နှင့် ရေဓာတ်မျိုးဆက်တို့ ပေါင်းစည်းမှုကို အားပေးသဘောတူကြ၏။

သို့သော် အစ်ကိုကြီးသမ်းကား ထိုသို့ ဆန္ဒမရှိပါ။

သူသည် ဂိုဏ်းအရေးနှင့် ကျင့်ကြံခြင်းကိုသာ ဂရုစိုက်သည်ဟု ပြော၏။

သူ၏တာအိုနှလုံးသားကို ခိုင်မာစေရန်အတွက် လျှို့ဝှက်နယ်မြေမှ ထွက်ကာ မြောက်ပိုင်းကုန်းမြေသို့ အတွေ့အကြုံရှာရန် ထွက်ခွာသွားခဲ့သည်။

သူ ထွက်မသွားမီက အစ်ကိုကြီးသမ်းသည် လီသုံးအတွက် သေရည်များ ဖော်စပ်ပေးခဲ့သည်။ ၎င်းသည် အသည်းကွဲသေရည် ဖြစ်သည်။

“သေရည်ကုန်ခါနီးရင် ငါ ပြန်လာမယ်”

အစ်ကိုကြီးသမ်းက ပြောခဲ့သည်။

အကယ်၍ လီသုံးသည်သာ ထိုအချိန်၌ သူ့အား မှတ်မိနေသေးပါက သူတို့ တာအိုလက်တွဲဖော် ဖြစ်လာမည်။

လီသုံးသည် လျှို့ဝှက်နယ်မြေ၌ ကျင့်ကြံကာ နေ့တိုင်း သေရည်သောက်သည်။

သို့သော်လည်း သူမသည် သေရည်မသောက်နိုင်ပါ။ သုံးခွက်ပြည့်လျှင် သူမ မူးသွားလေ့ရှိသည်။

တခြားလူများအတွက်ကား သူတို့သည် ထိုသေရည်ကို သောက်ဖူးသော်လည်း ၎င်းသည် ဓားချီများစွာ ကုန်ဆုံးနိုင်၏။ သေရည်တစ်ခွက်တည်းဖြင့် သူတို့နှစ်ပေါင်းများစွာ ကျင့်ကြံထားသော ဓားချီများ စုစည်းသွားသည်။ မည်သူက သောက်ရဲမည်နည်း။

လူတိုင်းက ဟန်မူယဲ့ကဲ့သို့ မဟုတ်ပါ။ ဟန်မူယဲ့အတွက်ကား ဓားချီများ စုစည်းလေ ကြိုက်လေ ဖြစ်သည်။

အစ်ကိုကြီးသမ်းသည် သေရည်အများအပြား ချန်ထားရစ်၏။ လီသုံးသည် သေရည်ကို သောက်နေခဲ့သည်မှာ ဆယ်နှစ်ခန့် ကြာပြီဖြစ်သော်လည်း မကုန်သေးပါ။

“အသည်းကွဲသေရည်…”

ဟန်မူယဲ့ တီးတိုးရေရွက်သည်။

အစ်ကိုကြီးသမ်း၏သေရည်ကား ထူးခြားဆန်းကြယ်၏။

သူသာ ထိုသေရည်ကို မကြာခဏသောက်ကာ ဓားချီကို အဆုံးစွန်အထိ စုစည်းနိုင်ပါက သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ သေချာပေါက် ပိုအားကောင်းလာပေလိမ့်မည်။

လီသုံးတွင် ထိုသေရည် မည်မျှ ကျန်သေးသည်ကို သူ မသိပေ။ သူမက သူ့အား ခွဲပေးလိုမည်လား သူ မပြောတတ်ပေ။

မြေပဲစေ့များအား စား၍ ပြီးကာ အတင်းအဖျင်းများ ပြောပြီးနောက် ဟန်မူယဲ့သည် ပန်းကန်များအား ကူရှင်းပေးကာ သူ၏အိမ်ကြီးထဲသို့ ပြန်လာသည်။

ယခုတွင် ကောင်းကင်ကား မှောင်နေပြီ ဖြစ်ကာ ယနေ့ညတွင် လျှို့ဝှက်နယ်မြေထဲ၌ ကျင့်ကြံကာ နောက်တစ်နေ့တွင် ခေါင်းဆောင်တောက်ရင် ဆေးဖော်စပ်သည်အား သွားကြည့်ရပေမည်။

သူသည် အိမ်ကြီးထဲသို့ ပြန်ရောက်သောအခါ ချီစုစည်းခြင်းဝင်္ကပါဖြင့် သဘာဝစွမ်းအင်များကို ပို၍ ထိရောက်စွာ စုပ်ယူနည်းအား သူ သိခဲ့ပြီး ဖြစ်သည်။

သစ်သားခုံတွင် ထိုင်ရင်း သူ့အား သဘာဝစွမ်းအင်များသည် ရေလှိုင်းများအလား စီးဝင်ကြသည်။

ချက်ချင်းပင် ချီစုစည်းခြင်းဝင်္ကပါ၏ တတိယအဆင့်အစီအရင် အသက်ဝင်လာသည်။

ဟန်မူယဲ့က သူ၏ဗီဇပါရမီမှာ မလုံလောက်သေးဟု ခံစားရ၏။ ထို့အပြင် သူ၏စွမ်းအင်ကျင့်ကြံခြင်းနည်းစနစ်မှာ သာမန်သာ ဖြစ်ကာ ၎င်းသည် သဘာဝစွမ်းအင်များကို သိပ်မြန်ဆန်စွာ မစုပ်ယူနိုင်ပါ။

မနက်ဖြန် သူသည် သူ၏ဗီဇပါရမီကို စမ်းသပ်ကာ သင့်တော်သော စွမ်းအင်ကျင့်ကြံခြင်းနည်းစနစ်အား ရွေးချယ်ရပေမည်။

ယခု သူသည် ချီစုစည်းခြင်း ပထမအဆင့်တွင် ဖြစ်ရာ သင့်တော်သော စွမ်းအင်ကျင့်ကြံခြင်းနည်းစနစ်အား တွေ့ရှိမည်ဟု မျှော်လင့်ထားသည်။

ဓားသိုင်းများကိုကား စိတ်ပူရန် မလိုပါ။ သူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၌ ဓားသိုင်းအများစု ကျွမ်းကျင်တတ်မြောက်သူ ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ဟန်မူယဲ့၏အမြင်တွင် စစ်မှန်သော တိုက်ခိုက်ရေးစွမ်းအားသည် ‘ဓား ၁၀၀၀၀ တို့အိမ်အပြန်’၊ မီးလောင်ပြင်ဓားသိုင်း၊ ဘယ်သန်ဓားသိုင်းနှင့် ဓားဆေးလုံးကို ထိန်းချုပ်သော ဓားပျံစနစ်နှစ်ခု ဖြစ်သည်။

တခြားသော ဓားသိုင်းများမှာ ဓား ၁၀၀၀၀ တို့အိမ်အပြန်နှင့် ပေါင်းစပ်နိုင်သော အကူဓားသိုင်းများသာ ဖြစ်သည်။

သူ၏ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကား လက်ရှိတွင် ချီစုဆောင်းခြင်းနဝမအဆင့်၌ ရပ်တန့်နေခဲ့ကာ နောက်ဆက်တွဲ သွားမည့် လမ်းကြောင်းအား တွေးတော ဆုံးဖြတ်ရန် လိုသည်။

အံ့ဖွယ်နေမင်းကျင့်စဉ်သည်ကား သူ၏ဓားချီများအတွက် ကြီးမားသော အရင်းအမြစ်ဖြစ်သည်။

သို့သော် ဟန်မူယဲ့၏အမြင်တွင် အံ့ဖွယ်နေမင်းကျင့်စဉ်အား ကျွမ်းကျင်အဆင့်အထိ ကျင့်ကြံအောင်မြင်ပြီးကာ သွေးချီ၊ ချီနှင့် ဓားဆန္ဒတို့ သုံးခုပေါင်းစပ်နိုင်မှသာ စစ်မှန်သော စွမ်းအားကို ပိုင်ဆိုင်မည်ဟု ယူဆထားသည်။

ဓားဆေးလုံး၏မှတ်ဉာဏ်ထဲမှ ဓားအရှင်သခင်ကို သူ အမှတ်ရသည်။

ထိုသူကား လောက၏စစ်မှန်သော ပညာရှင် ဖြစ်သည်။

ကျင့်ကြံသူတစ်ဦးသည် ထိုသို့ ဖြစ်သင့်၏။

…

နံနက်ခင်းတွင် လီသုံးသည် ဟန်မူယဲ့အား လာရှာသောအခါ သူ့အား မတွေ့ရတော့ပါ။

“ဒီ ဟန်ဆယ့်ကိုးက လျှို့ဝှက်နယ်မြေကို သိပ်အလေးမထားဘူးပဲ”

လုတစ်ဆယ်က ခေါင်းယမ်းကာ တီးတိုးပြောသည်။

“သူက ဓားတွေကို အကဲဖြတ်နိုင်တယ်… ဆေးဖော်စပ်နိုင်တယ်… သူက ဝိညာဉ်ကျောက်တုံး ရှားပါးမနေဘူး”

ချီဆယ့်သုံးက အားကျစွာ ပြောသည်။

ဝိညာဉ်ကျောက်တုံး တစ်သိန်းကို အသာလေးချကာ ကျင့်ကြံခြင်းက အလွန်စိတ်ကြေနပ်စရာ ကောင်းလောက်သည်။

“ဓားအကဲဖြတ်တာ… အာခီမီ…”

လီသုံးက ချီဆယ့်သုံးနှင့် လုတစ်ဆယ်တို့အား ကြည့်သည်။

“ပြောပါဦး… မနေ့ညက ဘာတွေ ပြောကြတာလဲ”

ကျုပ်တို့ ဘာပြောလို့လဲ…

လုတစ်ဆယ်နှင့် ချီဆယ့်သုံးတို့ တောင့်တင်းသွားသည်။

သူတို့ ဘာပြောလို့လဲ…

…

လျှို့ဝှက်နယ်မြေမှ ထွက်ခွာလာပြီးနောက် သူသည် ဓားစံအိမ်သို့ မပြန်ဖြစ်ပါ။

သူသည် သရုပ်ပြခန်းဆောင်သို့ တိုက်ရိုက်သွားသည်။

သူ သရုပ်ပြခန်းဆောင်ထဲသို့ လမ်းလျှောက်ဝင်သွားသောအခါ နံနက်စောစောဖြစ်သောကြောင့် လူ များများမတွေ့ရပါ။

အစိမ်းရောင်ဝတ် စီမံခန့်ခွဲရေးမှူးက ဟန်မူယဲ့အား အတိုချုံ့ ရှင်းပြကာ အခန်းငယ်တစ်ခုသို့‌ ခေါ်လာသည်။

သူက သူ့ရှေ့မှ ကျောက်စိမ်းလုံးငယ်အား ညွှန်ပြကာ ပြောသည်။

“ဒီနေရာက ဗီဇပါရမီကို စမ်းသပ်တဲ့နေရာပဲ။ မင်းရဲ့ ချီအားကို သူ့ဆီ ပို့လွှတ်လိုက်တာနဲ့ သူက အကဲဖြတ်ပေးလိမ့်မယ်”

စီမံခန့်ခွဲရေးမှူး အခန်းအပြင်ကို ထွက်သွားသောအခါ ဟန်မူယဲ့က အစိမ်းရောင်အလုံးအပေါ်၌ လက်ကို တင်လိုက်သည်။

ချီအားသည် ၎င်းအတွင်းသို့ စီးဆင်းသွား၏။

ဟူး…

အသံတိုးတိုးနှင့်အတူ ကျောက်စိမ်းတုံးအတွင်းမှ အလင်းများ ထွက်ပေါ်လာသည်။

၎င်းကား နဝမတန်းစား ဗီဇပါရမီ၏သင်္ကေတ ဖြစ်သည်။

မီးခိုးရောင်၊ အဖြူရောင်၊ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ မိုးပြာရောင်၊ အပြာရောင်၊ ခရမ်းရောင် ဟူ၍ အရောင်ကို ကိုယ်စားပြုသော အဆင့်ကိုးဆင့်ရှိသည်။

ပထမတန်းအစားဗီဇပါရမီမှာ အရှေ့အရပ်မှ ခရမ်းရောင်ချီ ဖြစ်သည်။

ဟန်မူယဲ့၏လက်မှ ချီစွမ်းအားများ အဆက်မပြတ် စီးဆင်းနေသည်။ မူလက မီးခိုးရောင်သည် အဖြူရောင် သို့ တဖြေးဖြေး ပြောင်းလာ၏။

ဤသည်ကား အဌမတန်းစား ဗီဇပါရမီ ဖြစ်သည်။

ကြည့်ရသည်မှာ ဂိုဏ်းချုပ်ပေးခဲ့သော ဆေးလုံးသည် သူ၏ဗီဇပါရမီအား အမှန်တကယ် ပြောင်းလဲစေခဲ့သည်။

ယခုတွင်ကား ကျောက်စိမ်းလုံးသည် အနီရောင်ရဲရဲ ပြောင်းလဲသွားပြီ ဖြစ်သည်။

လက်ကို ပြန်ရုတ်သိမ်းကာ ဟန်မူယဲ့ စိတ်ကြေနပ်နေသည်။

သတ္တမတန်းစားဗီဇပါရမီ ဖြစ်ကာ သူသည် ဆဌမတန်းစား လိမ္မောရောင်သို့ပင် ရောက်လုနီးပါး ဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၌ သတ္တမတန်းစားဗီဇပါရမီများအတွက် ကျင့်ကြံခြင်းနည်းစနစ်များ အများအပြား ရှိပေသည်။

မည်သို့ဆိုစေ ဆဌမတန်းစားမှာ ဂိုဏ်းအတွင်း၌ အတော်လေး မြင့်မားသော ဗီဇပါရမီ ဖြစ်နေလေပြီ။ စတုတ္ထတန်းစားမှာ အလွန်ရှားပါး၏။

လောကတွင် မည်သို့ ပါရမီရှင် အများအပြား ရှိနိုင်မည်နည်း။

သူ့ရှေ့မှ အစိမ်းရောင်အလုံးကို ကြည့်ကာ ဟန်မူယဲ့ လက်ဆန့်တန်းလိုက်ပြန်၏။

ခုနက စီမံခန့်ခွဲ့ရေးမှူးသည် သူ့အား ကျောက်စိမ်းလုံးမျာ တခြားသော စွမ်းအင်အမျိုးအစားများကိုလည်း စမ်းသပ်နိုင်သည်ဟု ပြော၏။

ဟန်မူယဲ့က သူ၏ခန္ဓာကိုယ်မှ ဓားချီများ မည်သည့်အရည်အသွေး ရှိသည်ကို စိတ်ဝင်စားမိသည်။

သူ၏ချီပင်လယ်မှ ဓားချီသည် သူ့လက်မှတစ်ဆင့် ကျောက်စိမ်းလုံးထံသို့ ကျဆင်းသွား၏။

ကျောက်စိမ်းလုံးထံမှ အဖြူရောင်အလင်းတစ်ချက် လက်သွားသည်။

အဌမအတန်းစား ဓားချီ။

ဟန်မူယဲ့၏ဒန်ထျန်မှ ဓားချီတစ်စ သူ့လက်မှ စီးဆင်းလာသည်။

ဟူး…

ကျောက်စိမ်းလုံးမှ လိမ္မော်ရောင်အလင်း လင်းလာပြီး အဝါရောင်သို့ ပြောင်းလဲသွား၏။

သူ၏ဒန်ထျန်မှ ဓားချီသည် ဆဌမတန်းစား ဖြစ်သည်။

ထိုသန့်စင်ပြီး ဓားချီသည် သိမ်မွေ့ကာ ငြိမ်သက်ပြီး ပြန်လည်သုံးစွဲနိုင်၏။ ၎င်းသည် သူ့ဓားကျင့်ကြံခြင်း၏အခြေခံလည်း ဖြစ်သည်။

သူ၏ဒန်ထျန်မှ ဓားချီသည် ဆဌမတန်းစားဖြစ်ပါက သူ့ဝိညာဉ်လိပ်ပြာဓားချီသည် မည်သည့်အတန်းစား ဖြစ်မည်နည်း။

စိတ်ဝင်စားစွာဖြင့် ဟန်မူယဲ့က ဝိညာဉ်လိပ်ပြာဓားချီတစ်စအား ကျောက်စိမ်းလုံးထံသို့ ပို့လွှတ်လိုက်သည်။

ကျောက်စိမ်းလုံးထံမှ အစိမ်းရောင်အလင်းများ စူးရှစွာ ဖြစ်ပေါ်လာသည်။

စတုတ္ထတန်းစား…

ဝိညာဉ်လိပ်ပြာဓားချီသည် စတုတ္ထတန်းစား ဖြစ်သည်။

ဓားချီ အရည်အသွေးမြင့်လေ တိုက်ခိုက်ရေးစွမ်းအား မြင့်လေ ဖြစ်သည်။

ဟန်မူယဲ့၏အမူအရာ လေးနက်သွားသည်။ သူ၏စိတ်နယ်ပယ်၊ ချီပင်လယ်နှင့် ဒန်ထျန်တို့မှ ဓားချီများ တစ်ခုတည်းသို့ ပေါင်းစပ်သွား၏။

အံ့ဖွယ်နေမင်းဓားသိုင်း။

ဓားအလင်းတစ်ချက် လက်သွားကာ ဓားချီတစ်စသည် သူ့လက်ဖဝါးမှ ထွက်ပေါ်လာ၏။

ဟူး…

ကျောက်စိမ်းလုံးထံမှ ခရမ်းရောင်အလင်း စူးရှစွာ ထွက်ပေါ်လာသည်။

ပထမတန်းစားဓားချီ။

သူ ထင်သည့်အတိုင်းပင်။

အံ့ဖွယ်နေမင်းဓားသိုင်းမှ စုစည်းသော ဓားချီသည် ပထမတန်းစားဓားချီ ဖြစ်သည်။

ဤသည်ကား လောက၏ အကောင်းဆုံးသော ချီအားလည်း ဖြစ်သည်။

လက်ကို ပြန်ရုပ်သိမ်းကာ ဟန်မူယဲ့ အခန်းအပြင်သို့ ထွက်သွား၏။

ခရက်…

ထိုအခိုက်တွင် အခန်းထဲရှိ ကျောက်စိမ်းလုံးမှ အက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။

ကျောက်စိမ်းလုံး ကွဲအက်သွားခဲ့သည်။

….

ကျောက်စိမ်းလုံးဖြင့် စမ်းသပ်ပြီးနောက် ဟန်မူယဲ့သည် သူ၏ကျင့်ကြံခြင်းနှင့်ပတ်သက်၍ ပိုမိုနားလည်လာခဲ့သည်။

ဓားချီများ၏အရည်အသွေးအပြင် သတ္တမတန်းစား ဗီဇပါရမီက သူ့အား ရွေးချယ်ခွင့်များစွာ ပေးသည်။

သူသည် စာအုပ်စင်ပေါ်မှ ထက်ဝက်ကျော်သော နည်းစနစ်များအား ကျင့်ကြံခွင့်ရှိနေသည်။

ကျောက်စိမ်းပညာကျမ်း။

တိမ်နဂါးကျမ်း။

စွမ်းအင်အခြေပြုကျမ်း။

…

ကျင့်စဉ်စနစ်များနှင့် မိတ်ဆက်များမှာ ကောင်းမွန်လှသည်။

သည်ကျင့်စဉ်များမှာ အကျိုးဆောင်မှတ် ၂၀ ခန့်သာ ကုန်ကျ၏။

ဟန်မူယဲ့သည် သရုပ်ပြုခန်းဆောင်သို့ ပထမဆုံးလာစဉ်က ဟွမ်လောင်လျှိုထံမှ ချေးပေးလိုက်သော ဝိညာဉ်ကျောက်တုံး ၁၀၀ ခန့်သာ ရှိသည်။

ယခုကား ဝိညာဉ်ကျောက်တုံးများမှာ သူ့အတွက် ဘာမှ မဟုတ်တော့ပါ။

သူက စိတ်ကြိုက်နည်းစနစ်များအား ရွေးချယ်ကျင့်ကြံနိုင်သည်။

“စီနီယာအစ်ကို…”

ထိုစဉ်မှာပင် နောက်မှ အံ့အားသင့်စွာ ခေါ်လိုက်သော အသံအား ကြားရ၏။

ဟန်မူယဲ့လှည့်ကြည့်လျှင် အဖြူရောင်ဝတ်လူငယ်တစ်ဦးအား တွေ့သည်။

“စီနီယာအစ်ကို… ကျုပ်ကို မှတ်မိလား”

“ရေပြာလှိုင်းဓားသိုင်း ဒုတိယအဆင့်…”

လူငယ်က ဟန်မူယဲ့အား ကြည့်ကာ ပြောသည်။

ဟန်မူယဲ့ ခေါင်းညိတ်သည်။

သူ၏ပထမဆုံးသော ရွှေကြက်ဥမှာ လူငယ်ထံမှ ရလာခြင်း ဖြစ်သည်။ သူက မည်သို့ မမှတ်မိဘဲ နေမည်နည်း။

“ရေပြာလှိုင်းဓားသိုင်းကျင့်တာ တိုးတက်နေပြီလား”

ဟန်မူယဲ့က လက်ပြန်ရုတ်ကာ မေးသည်။

ဟန်မူယဲ့၏မေးခွန်းကို ကြားလျှင် ယန်ရှောက် စိတ်လှုပ်ရှားသွားသည်။

“စီနီယာအစ်ကိုရဲ့ လမ်းညွှန်ပေးမှုကြောင့် ကျုပ် ရေပြာလှိုင်းဓားသိုင်းရဲ့ ဒုတိယအဆင့်ကို တတ်မြောက်သွားပြီးပြီ”

“ဆရာက ကျုပ်ကို သူ့တပည့်အဖြစ် လက်ခံလိုက်တယ်”

ယန်ရှောက်က ဝမ်းသာအားရ ပြောသည်။

“စီနီယာအစ်ကို… ကျုပ် ရေပြာလှိုင်းဓားသိုင်းရဲ့ တတိယအဆင့်ကို လေ့ကျင့်ချင်တယ်”

All Chapters