← Chapters

ဓား ၁၀၀၀၀ တို့အိမ်အပြန်အား ကျင့်ကြံလိုသူ

Vol. 10 Ch. 129

ဓား ၁၀၀၀၀ တို့အိမ်အပြန်အား ကျင့်ကြံလိုသူ

Vol. 10 Ch. 129

“ရေပြာလှိုင်းဓားသိုင်းရဲ့ တတိယအဆင့်လား”

ဟန်မူယဲ့ ပြောသည်။

ရေပြာလှိုင်းဓားသိုင်းတွင် တတိယအဆင့် ရှိပေသည်။

တတိယအဆင့်သည် ဓားဆန္ဒနှင့် ပတ်သက်၏။

မူလက သူ၏ခန့်မှန်းထားသည့်အတိုင်းပင် ရေပြာလှိုင်းဓားသိုင်းသည် အဆင့်နိမ့်ပါးလွန်းရာ ၎င်းတွင် ဓားမာန်ဟုန်အား နားလည်နိုင်ရန် မဖြစ်နိုင်ပေ။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၌ ဓားမာန်ကုန်အငွေ့အသက်များ ပါဝင်သော ဓားသိုင်းများမှာ အံ့ဖွယ်နံပါတ် ၅ အဆင့်မှ ဓားသိုင်းများ ဖြစ်သည်။

အံ့ဖွယ်နံပါတ် ၄ ဓားသိုင်းများထဲတွင် အနည်းငယ်သော နည်းစနစ်များသည်သာ တခြားသော နည်းစနစ်များ၏အထောက်အပံ့ဖြင့် ဓားမာန်ကုန်ကို စုစည်းနိုင်သည်။

အံ့ဖွယ်နံပါတ်၅ များသည်ပင် တခြားနည်းစနစ်များ၏အထောက်အပံ့ လိုသည်။

မီးဓာတ်မျိုးဆက်မှ မီးလောင်ပြင်ဓားသိုင်းသည် လေဓာတ်၏အထောက်အပံ့အား လိုအပ်၏။

ကမ္ဘာမြေမျိုးဆက်မှ ထို့ပါ့ချန်သည် ဓားမာန်ဟုန်အား လေ့ကျင့်ရန် ခန္ဓာကိုယ်ကျင့်ကြံခြင်းအား မှီခိုရ၏။

ဟန်မူယဲ့ အတွေးနက်နေသည်ကို ကြည့်ကာ ယန်ရှောက်က အဝါရောင်စာအုပ်ငယ်တစ်အုပ်အား ထုတ်လိုက်သည်။

“စီနီယာအစ်ကို… ဒါက ကျွန်တော် အောင်မြင်ထားတဲ့ တာဝန်စာအုပ်ပါ။ ဒါက အကျိုးဆောင်မှတ် ၉၀ တန်ဖိုးရှိတယ်”

“ကျုပ်မှာ ရှိတာ ဒါ အကုန်ပါပဲ”

ယန်ရှောက်က အသက်ပြင်းပြင်းရှိုက်ကာ ပြောသည်။

ဟန်မူယဲ့က တာဝန်စာအုပ်အား ကြည့်သော်လည်း မယူပါ။

“စီနီယာအစ်ကို… ဆရာဟာ ဖုန်းလင်ဓားဂိုဏ်းကို တိုက်ခိုက်ဖို့ တခြားတပည့်တွေနဲ့အတူ ထွက်သွားပါတယ်”

“ကျုပ်အလှည့်ရောက်ရင် နောက်ထပ် အကျိုးဆောင်မှတ်တွေ ရလာပါဦးမယ်”

“စီနီယာအစ်ကို… ကျုပ်ကို လိုတဲ့ အကျိုးဆောင်မှတ်ပြောပါ။ ကျုပ် ဂိုဏ်းသို့ ပြန်ရောက်ရင် စီနီယာအစ်ကို,ကို ပေးပါ့မယ်”

ယန်ရှောက်က စိုးရိမ်သော အမူအရာဖြင့် ပြောသည်။

သူ နောက်ထပ် မစိုးရိမ်နိုင်တော့ပါ။

သူ၏အစီအစဉ်က မပြောင်းလဲနိုင်ပေ။

သူသာ ရေပြာလှိုင်းဓားသိုင်း၏တတိယအဆင့်ကို နားလည်ပါက သူ့ဆရာက သူ့အား အမွေခံတပည့်အဖြစ် လက်ခံပေမည်။

“ဒါက အကျိုးဆောင်မှတ်နဲ့ မဆိုင်ဘူး”

ဟန်မူယဲ့က ခေါင်းယမ်းသည်။

“ရေပြာလှိုင်းဓားသိုင်းရဲ့ တတိယအဆင့်က မူလငြိမ်သက်ခြင်းအခြေအနေသို့ ပြန်ရောက်တာပဲ။ ဒါက စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်တယ်”

“မင်းကိုယ်တိုင် တွေ့ကြုံတဲ့ အခြေအနေပေါ်မှာမူတည်ပြီးပဲ နားလည်နိုင်တယ်”

ထိုသို့ ပြောကာ ဟန်မူယဲ့သည် ယန်ရှောက်ကို လျစ်လျူရှုလျက် လက်ထဲမှ စာအုပ်ကို ဖတ်နေလိုက်သည်။

ယန်ရှောက်၏အမူအရာ ပြောင်းလဲသွားသည်။ သူက ဟန်မူယဲ့အား လက်နှစ်ဖက်ဆုပ်ပြကာ ထွက်သွားသည်။

ဟန်မူယဲ့က သူ့အား မလိမ်ကြောင်း သူ သိသည်။

သူ့အား လိမ်ညာစရာလည်း မလိုပါ။

သူ၏အခွင့်အလမ်းက မရောက်သေးပါ။

ကျင့်ကြံခြင်းက ထိုနည်း၎င်း ဖြစ်သည်။

ဟန်မူယဲ့က စာအုပ်ကို လျင်မြန်စွာ လှန်ကြည့်နေသည်။

နေမင်းရောင်ဝါကျင့်စဉ်။

စာအုပ်ကို ဖွင့်ကာ ဟန်မူယဲ့ မျက်တောင်ပင့်လိုက်သည်။

သည်စွမ်းအင်ကျင့်ကြံခြင်းစနစ်ကား သဘာဝစွမ်းအားကို နေမင်းစွမ်းအင်အဖြစ် စုစည်းကျင့်ကြံသော နည်းစနစ်ဖြစ်သည်။

မီးဓာတ်မျိုးဆက်များနှင့် မတူဘဲ သည်နည်းစနစ်သည် နေမင်းကို အသက်ဓာတ်အရင်းအမြစ်အဖြစ် သုံးစွဲသည်။

ကျင့်ကြံနည်းစနစ်သည် နက်နဲကာ သွေးကြောများအား သန့်စင်ရာ၌ အလွန်အသုံးဝင်၏။

သူက စာအုပ်ကို ယူကာ အစိမ်းရောင်ဝတ်စီမံခန့်ခွဲရေးမှူးထံသို့ လှမ်းသွားပြီး ကမ်းပေးလိုက်သည်။

နေမင်းရောင်ဝါကျင့်စဉ်။

စီမံခန့်ခွဲရေးမှူးက ခေါင်းယမ်းကာ အသံတိုးတိုးဖြင့် ပြောသည်။

“ဒါက ရှေးဟောင်းကျင့်ကြံခြင်းနည်းစနစ်ပဲ။ ဒါပေမဲ့ မပြည့်စုံဘူး”

“မင်း ပြောင်းလိုက်တာ ကောင်းမယ်”

ရှေးဟောင်း…

ဟန်မူယဲ့ ပြုံးလိုက်သည်။

‘ဒါဆိုလည်း ပြင်လိုက်တာပေါ့’

ဒီရှေးဟောင်းနည်းစနစ်ကို စူးစမ်းလေ့လာကြည့်တာပေါ့။

ဟန်မူယဲ့ စိတ်အားထက်သန်နေသည်ကို ကြည့်ကာ စီမံခန့်ခွဲရေးမျူးက အစိမ်းရောင်တံဆိပ်ပြားတစ်ခုကို ထုတ်ပေးသည်။

“မင်းက သရုပ်ပြတာဝန် ထုတ်ပြန်နိုင်တယ်။ သိပ်တော့ မမျှော်လင့်ထားနဲ့ပေါ့။ ဒီနည်းစနစ်ကို ကျင့်ကြံသူက သိပ်မရှိဘူး”

အကယ်၍ မည်သူမှ သရုပ်ပြခြင်း မရှိပါက သူသည် စာအုပ်ဆောင်သို့ သွားကာ မိမိကိုယ်ကို လေ့လာရပေမည်။

“အခန်း ၃၈၊ နေမင်းရောင်ဝါကျင့်ကြံစနစ်အား သရုပ်ပြရန် တောင်းဆိုခြင်း။ ဆုကြေး အကျိုးဆောင်မှတ် ၁၀၀”

အကျိုးဆောင်မှတ် ၁၀၀ သည် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ဖြစ်သည်။ သည်ကျင့်ကြံစနစ်သည် သတ္တမတန်းစားများထဲတွင် တန်ဖိုးကြီးသည်ဟု ဆိုရပေမည်။

ထင်သည့်အတိုင်းပင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းသည့်တိုင် တာဝန်ကို လက်ခံသူ မရှိပါ။

ကြည့်ရသည်မှာ သည်နည်းစနစ်အား ကျင့်ကြံသူ သိပ်ရှိဟန်မတူ။

ဟန်မူယဲ့က လက်လျှော့ကာ စာအုပ်ဆောင်သို့ သွားမည် ပြုစဉ် ကျောက်နံရံမှ အလင်းတစ်ချက် လက်သွားသည်။

တာဝန်အား တစ်စုံတစ်ယောက်က လက်ခံလိုက်၏။

အတန်ကြာလျှင် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦး အခန်းထဲကို ဝင်လာသည်။

ဟန်မူယဲ့ သူ့အား သိပေသည်။

မီးဓာတ်မျိုးဆက်မှ ရှန်မုယန်။

ထိုစဉ်က သူသည် သူ့ဆရာအတွက် မီးလောင်ပြင်ဓားသိုင်းကို ဟန်မူယဲ့ထံ၌ သရုပ်ပြခိုင်းခဲ့ဖူးသည်။

“မင်းက နေမင်းရောင်ဝါကျင့်စဉ်ကို လေ့ကျင့်ချင်တာလား”

ရှန်မုယန်က နက်ရှိုင်းသောအသံဖြင့် မေးသည်။

ယနေ့ ဟန်မူယဲ့သည် မျက်နှာဖုံးအား တပ်ထားခြင်း မဟုတ်ရာ ရှန်မုယန်သည် သူ့ရှေ့မှ လူမှာ ကျေးဇူးရှင် ဖြစ်သည်ကို မသိပါ။

ဟန်မူယဲ့ ခေါင်းညိတ်သည်။

“နေမင်းရောင်ဝါကျင့်စဉ်က ရှေးခေတ်က ကျင့်စဉ်ပဲ။ ဒီနည်းစနစ်က မပြည့်စုံဘူး။ ဒါကြောင့် ကျင့်ကြံဖို့ မလွယ်ကူဘူး။ မင်း နားလည်တယ် မလား”

ရှန်မုယန်က ဟန်မူယဲ့ကို ပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“ကျုပ် နားလည်ပါတယ်”

ရှန်မုယန်က ဆက်ပြောသည်။

“ကောင်းပြီ… ဒါဆို ငါက ကျင့်စဉ်စနစ်ကို ရှင်းပြမယ်”

ထို့နောက်တွင် သူက တင်ပလ္လင်ခွေထိုင်ကာ အသံတိုးတိုးဖြင့် ပြောသည်။

“အနှစ်သာရကို ဖုံးကွယ်… ယန်သုံးပါးကို အားဖြည့်…”

ဟန်မူယဲ့၏အာရုံတွင် သွေးကြောများထဲမှ စွမ်းအင်လှည့်ပတ်သောပုံ ပေါ်လာသည်။

သဘာဝစွမ်းအင်များသည် သူ၏ခေါင်းမှ တစ်ဆင့် သူ့သွေးကြောများသို့ စီးဆင်းကာ ဒန်ထျန်သို့ ကျဆင်း၏။

နေမင်းရောင်ဝါကျင့်စဉ်၏ စွမ်းအင်လှည့်ပတ်ပုံသည် တခြားနည်းစနစ်များထက် များစွာ မြန်ဆန်၏။

သူ နေမင်းရောင်ဝါကျင့်စဉ်အား နားလည်သွားခဲ့သည်။

ရှန်မုယန်က ကျင့်စဉ်စနစ်အား ရှင်းပြပြီးသောအခါ ဟန်မူယဲ့သည် အားလုံးကို နားလည်တတ်မြောက်သွားပြီး ဖြစ်သည်။

“ငါ မင်းကို နောက် ၂ခေါက် ရှင်းပြမယ်။ သတိရပါ… နေမင်းရောင်ဝါကျင့်စဉ်ကို တစ်ရက်မှာ နာရီဝက်ထက် ပိုမကျင့်နဲ့…”

“မဟုတ်ရင် နေမင်းမီးတောက်ဟာ မင်းရဲ့သွေးကြောတွေကို လောင်ကျွမ်းစေပြီး မင်းရဲ့ကျင့်ကြံဆင့်တွေလည်း ပျက်စီးသွားလိမ့်မယ်”

ရှန်မုယန်က နည်းစနစ်အား ထပ်မံ၍ ရှင်းပြသည်။

တစ်နာရီခန့် ကြာပြီးနောက် သူ ထွက်ခွာသွား၏။

သူ ထွက်မသွားမီ ဟန်မူယဲ့အား စုပ်ယူသော သဘာဝစွမ်းအင် ပမာဏအား သတိထားရန် အထူးမှာကြားခဲ့၏။

ရှန်မုယန်က အကျိုးဆောင်မှတ်တစ်ရာအား ယူသွားသောအခါ ဟန်မူယဲ့ မသက်မသာ ခေါင်းယမ်းမိသည်။

မည်သူက ကျေးဇူးရှင်နည်း။

သူက ကျောက်နံရံကို ကြည့်လိုက်သည်။ မီးလောင်ပြင်ဓားသိုင်းအတွက် ထုတ်ပြန်သော တာဝန်မှာ ထိုနေရာ၌ ရှိနေသေးသည်။

ရှန်မုယန်က သူ့အား အကျိုးဆောင်မှတ် တစ်ထောင် ပြန်ပေးရန် ရှာနေကြောင်း ဟန်မူယဲ့ သိသည်။

သို့သော် သူ၏သရုပ်မှန်ကို ထုတ်ပြ၍ မဖြစ်ပါ။

ထိုစဉ် ကျောက်နံရံပေါ်၌ ရှိနေသော တာဝန်တစ်ခုက သူ့အား အံ့အားသင့်စေသည်။

“အခန်း ၁၀၅၊ ဓား ၁၀၀၀၀ တို့အိမ်အပြန်ဓားသိုင်းအတွက် သရုပ်ပြပေးရန်။ ဆုကြေး ဝိညာဉ်ကျောက်တုံး ၁၀”

ဓား ၁၀၀၀၀ တို့အိမ်အပြန်။

ဓား ၁၀၀၀၀ တို့အိမ်ပြန်နှင့်ပတ်သက်သော ပုံပြင်မှာ ဂိုဏ်းအတွင်း၌ ပြန့်နှံ့နေခဲ့သည်။

ယခင်က မော့ယွမ်သည် ဂိုဏ်း၌ တပည့်အများအပြားကို ထိုကျင့်စဉ် သင်ပေးဖူးသော်လည်း မည်သူမှ မတတ်မြောက်ခဲ့ပါ။

ဟန်မူယဲ့က ကျောက်နံရံမှ စာတန်းကို ကြည့်ကာ တွန့်ဆုတ်နေ၏။

နောက်ဆုံးတွင် သူသည် မျက်နှာဖုံးမတပ်တော့ဘဲ အခန်း ၁၀၅အတွင်းသို့ ဝင်သွားသည်။

အခန်းထဲတွင် အစိမ်းရောင်ဝတ်လူငယ်တစ်ဦး စောင့်နေသည်။

အပြင်စည်းတပည့်တစ်ဦး။

ဤသည်ကား အတွင်းစည်းဂိုဏ်း သရုပ်ပြခန်းဆောင် ဖြစ်သည်။ အပြင်စည်းဂိုဏ်းသားများ တွေ့ရခဲ၏။

အဓိက အချက်မှာ အဖိုးအနည်းဆုံး ခန္ဓာကိုယ်ကျင့်ကြံစနစ်ပင် ဝိညာဉ်ကျောက်တုံး ၈၀ ကျသင့်၏။

အပြင်စည်းဂိုဏ်းသားတစ်ဦးအတွက် ထိုမျှ ပမာဏကို အချိန် မည်မျှ စုဆောင်းရမည်နည်း။

များသောအားဖြင့် အပြင်စည်းဂိုဏ်းသားများသည် အဖိုးကြီးသော ကျင့်ကြံစနစ်များအတွက် မတတ်နိုင်သောကြောင့် အပြင်စည်းဂိုဏ်းမှ နည်းစနစ်များကိုသာ ကျင့်ကြံကြလေ့ရှိသည်။

“ဓား ၁၀၀၀၀ တို့အိမ်အပြန်ကို လေ့ကျင့်ချင်တာ မင်းလား”

ဟန်မူယဲ့က လူငယ်အား ကြည့်သည်။

“ကျိုးဝမ်က စီနီယာအစ်ကို,ကို နှုတ်ခွန်းဆက်ပါတယ်”

လူငယ်ကား အတော်လေး ရိုကျိုးသည်။ သူက ဟန်မူယဲ့အား ဦးညွှတ်ကာ ဝိညာဉ်ကျောက်တုံး ၁၀ တုံးကမ်းပေးသည်။

ကြည့်ရသည်မှာ သည်နေရာကို ပထမဆုံး ရောက်လာဖူးခြင်း ဖြစ်ပေမည်။

“မင်းက ဂိုဏ်းရဲ့တပည့်သစ်လား”

ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးများအား မယူဘဲ တည်ငြိမ်စွာ မေးသည်။

“စီနီယာအစ်ကို… ခေါင်းဆောင်ကျိုးယန်ဟာ ကျုပ်ရဲ့ အဖိုးပါ”

လူငယ်က စကားလုံးများကို ဖြေးလေးစွာ ပြောသည်။

“အဖိုးဟာ ဂိုဏ်းအတွက် သေဆုံးသွားတော့ ဂိုဏ်းက ကျိုးမိသားစုထဲက လူငယ်တချို့ကို ခေါ်ယူခဲ့ပါတယ်”

လူငယ်ကား တိုက်ခိုက်ရေးခန်းဆောင် စီမံခန့်ခွဲရေးမှူး ကျိုးယန်၏ မြေးတစ်ဦး ဖြစ်နေသည်။

ယခင်က ကျိုးယန်၏ဓားကို ဟန်မူယဲ့သည် ဒုတိယထပ်သို့ ကိုယ်တိုင်ပို့ဆောင်ခဲ့ဖူး၏။

“ဓား ၁၀၀၀၀ တို့အိမ်အပြန်ဟာ ထောင်သောင်းချီတဲ့ ဓားသိုင်းတွေရဲ့အဆီအနှစ်ကို စုစည်းပြီး တီထွင်ထားတဲ့ သိုင်းပဲ”

“ဒါက ဇွဲလုံ့လ မရှိဘဲ ကျင့်ကြံလို့ မရဘူး”

“မင်း တကယ်ပဲ လေ့ကျင့်ချင်လား”

ဟန်မူယဲ့က တည်ငြိမ်စွာ မေးသည်။

ဟန်မူယဲ့၏စကားကို ကြားလျှင် ကျိုးဝမ်က ခေါင်းညိတ်ကာ ပြောသည်။

“ကျိုးမိသားစုက ဂျူနီယာတွေထဲမှာ သုံးယောက်ပဲ နဝမတန်းစားဗီဇပါရမီကို ပိုင်ဆိုင်တယ်။ အဲဒီသုံးယောက်ထဲမှာမှ ကျုပ်ရဲ့ပါရမီက အနိမ့်ဆုံးပဲ”

“ကျုပ်က ဓား ၁၀၀၀၀ တို့အိမ်အပြန်ကို မကျင့်ရင် အခြေခံအုတ်မြစ်အဆင့်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး”

“စီနီယာအစ်ကို… ကျေးဇူးပြုပြီး ကျုပ်ကို သင်ပေးပါ”

ကျိုးဝမ်က ဟန်မူယဲ့အား ဦးညွှတ်ကာ ဝိညာဉ်ကျောက်တုံး ၁၀တုံးအား ကမ်းပေးသည်။

ဟန်မူယဲ့ ခေါင်းညိတ်ကာ ပြောသည်။

“ကောင်းပြီ… ဒါဆိုလည်း သေချာလိုက်ကြည့်ပါ…”

သူက လက်ကို ဖြေးလေးစွာ မြှောက်ကာ လက်ညိုးဖြင့် ညွှန်လိုက်၏။

“ဒီဓားသိုင်းဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အပြင်စည်းတပည့် နံပါတ် ၁ မော့ယွမ် တီထွင်ခဲ့တာ”

“ဒီဓားစနစ်ဟာ အပြင်စည်းဂိုဏ်းက နည်းစနစ်ပေါင်း တစ်သောင်းလောက်ကို လေ့လာပြီးတော့ ဓားအနှစ်သာရကို ဆင်ခြင်လေ့လာပြီး ဖန်တီးခဲ့တာ”

“ဒီဓားသိုင်းဟာ ဗီဇပါရမီနဲ့ ဆင်ခြင်လေ့လာနိုင်စွမ်း သိပ်မလိုဘူး”

“ဒီဓားသိုင်းဟာ သာမန်ဓားသမားတွေအတွက် မဟာတာအိုကောင်းကင်တံခါးသို့ တက်လှမ်းနိုင်တဲ့ လမ်းစဉ်တစ်ခုလည်း ဖြစ်တယ်”

“ဒါက ဓား ၁၀၀၀၀ တို့အိမ်အပြန်ပဲ”

ဟန်မူယဲ့က သူ့အား မော့ယွမ် ဓားသိုင်းသင်ပေးသော ပုံစံအတိုင်း စိတ်ခံစားချက်ယူကာ ပြောသည်။

ယခုတွင် သူ၏ဓားသိုင်းပညာကို နားလည်မှုက ကွဲပြားခြားနားနေ၏။

သူက ဟန်မူယဲ့အား ဓားသိုင်းသင်ပေးစဉ်က မည်သို့ ခံစားခဲ့ရသနည်း။

ကူရာမဲ့ခြင်းလား…

ပျော်ရွှင်ခြင်းလား…

ဝမ်းနည်းခြင်းလား…

စိတ်ပိုင်းဖြတ်ခြင်းလား…

ဟန်မူယဲ့က လက်ချောင်းကို ရှေ့သို့ ညွှန်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ဓားချီ သို့မဟုတ် ချီအားများ ထွက်ပေါ်လာခြင်း မရှိပါ။ သို့သော် သူသည် ကောင်းကင်၏အစွန်းတစ်ဖက်သို့ မဟုတ် လောကအပြင်ဘက်၌ ရပ်နေသည့်အလား ထင်မြင်ရသည်။

ဓားသည် ကောင်းကင်ကို ဖြတ်တောက်သွား၏။

သူ့ရှေ့၌ ရပ်နေသော ကျိုးဝမ်သည် မျက်လုံးပြူးကာ တုန်ယင်သွား၏။

သူ မြင်သည်ကား ပေတစ်သောင်းခန့် ရှည်လျားသော ဓားတစ်ချောင်း ကျဆင်းလာသည်ကိုပင်။

ဓား ၁၀၀၀၀ တို့အိမ်အပြန်။

All Chapters