မြေကမ္ဘာအဆင့် ဇယားမှ ပါရမီရှင်
Vol. 22 Ch. 292
မိုဝူကျီက ဂိတ်တံခါးမှ ထွက်လာသည်နှင့် တွဲလောင်းချိတ်ဆွဲ ထားသည့် နေရာတစ်ခု အပေါ်တွင် ဆင်းသက်လိုက်သည်။ ထိုနေရာ ဝန်းကျင်တွင် မှိန်ဖျော့ဖျော့ မီးခိုးရောင် အာကာသ ဟင်းလင်းပြင်ကြီး ရှိနေပြီး ကျင့်ကြံသူ တချို့က သူတို့ကိုယ်ပိုင် ယာဉ်ပျံများကို ထုတ်ယူကာ ကျယ်ဝန်းလှသည့် ဟင်းလင်ပြင်ဆီ ထွက်ခွာ သွားကြသည်။ အဝေးက ရောက်လာကြသော ကျင့်ကြံသူ တချို့မှာလည်း ထိုနေရာသို့ ဆင်းသက် လာကြသည်။
ပတ်ဝန်းကျင်ရှိ လေထုက မိနစ်နှင့်အမျှ ပါးလွှာ လာသော်လည်း ကံကောင်းလှစွာ လေထဲရှိ ဝိညာဉ် စွမ်းအားများဖြင့် ကျင့်ကြံသူများက အသက်ရှင် နေနိုင်ကြသည်။ သို့သော်လည်း မိုဝူကျီက အောက်ဆီဂျင် မရှိသည့်နေရာ များစွာကို ကြုံတွေ့ဖူးသည့် အတွက် ဤနေရာ လေထု ပါးလွှားခြင်က သူ့အတွက် အဆင် မပြေခြင်း မရှိပေ။
သူက သူ့သင်္ဘောပျံကို ကျေးဇူးတင်မိ သွားသည်။ ထိုသင်္ဘောပျံ မပါရှိဘဲ သူက အာကာသထဲတွင် လမ်းလျှောက် နိုင်လျှင်ပင် အမြန်နှုန်းနှင့် တည်နေရာကား အချိန်မရွေး ပျောက်သွား နိုင်လေသည်။
မိုဝူကျီက လုံးဝန်း သင်္ဘောပျံကို အသုံးပြုချင်သော်လည်း ထိုသင်္ဘောပျံမှာ ကျန်းမိုနယ်မြေမှ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ၏ အပိုင်ဖြစ်ကြောင်း စဉ်းစားမိ၍ လက်လျှော့ လိုက်ရသည်။ သူက စစ်မှန်ခြင်း နတ်ဘုရားအဆင့် နယ်ခြား ကျင့်ကြံသူဆီမှ ရထားသော သင်္ဘောပျံကို အသုံးပြုရန် ဆုံးဖြတ် လိုက်လေသည်။
ဤသင်္ဘောပျံက ချိန်စုယင်၏ ယာဉ်ပျံထက် အနည်းငယ် ပိုမြန်သော်လည်း သူ့အတွက် အကောင်းကြီး မဟုတ်သေးချေ။
မိုဝူကျီက ဤသင်္ဘောပျံကို စတင် မောင်းနှင်ရင်း ထိုတွဲလောင်း ချိတ်ဆွဲထားသည့် နေရာမှ ထွက်ခွာ လာလိုက်သည်။ သူက ချူချင်းလောင် ပြောသည့် ကျန်းမိုစစ်တပ် စခန်းများကို မတွေ့သော်လည်း လောက ခန်းမနှင့် ထိုမျှ မကွာဝေးလှကြောင်း ခန့်မှန်းမိ လေသည်။
မိုဝူကျီက ချူချင်းလောင် ပြောလိုက်သည့် အာကာသ အတွင်း၌ တည်နေရာမှာ အရေးကြီးကြောင်း မှာစကားများကို အမှတ်ရ လာလေသည်။ အကြောင်းမှာ သူက ကျယ်ပြန့်လှသည့် အာကာသ အတွင်း သူ့တည်နေရာကို မသိလျှင် လမ်းအလွယ်တကူ ပျောက်နိုင်လေသည်။ အာကာသ အတွင်း၌ အရာအားလုံး ဖြစ်ပျက်နိုင်၍ ကြယ်များကို မှတ်သားထား၍ သွားလာခြင်း မလုပ်သင့်ပေ။ ယနေ့ ကြယ်တစ်လုံးကို မှတ်သားထားပြီး သွားလာသော်လည်း နောက်ရက်၌ ထိုကြယ်မှာ အစအနမရှိ ပျောက်ကွယ် သွားနိုင်ပေသည်။ ထို့ကြောင့် အာကာသ အတွင်း ဝင်လာကြသော ကျင့်ကြံသူတိုင်းက အာကာသ တည်နေရာပြ အလုံးကို ဝယ်ယူကြ ရသည်။
လောက ခန်းမတွင် အာကာသ တည်နေရာပြ အလုံးအမျိုးအစား များစွာ ရှိပြီး ဈေးအကြီးဆုံး အမျိုးအစားမှာ တည်နေရာ အမျိုးမျိုး လမ်းကြောင်းကို ဖော်ပြနိုင်သည့် အာကာသ တည်နေရာပြ အလုံး ဖြစ်၏။
သို့သော်လည်း မိုဝူကျီက ထိုအရာကို မတတ်နိုင်သည်မှာ သူ့၌ မြေကမ္ဘာအဆင့် စိတ်စွမ်းအင် မီလီယံနှင့်ချီ၍ ရှိသော်လည်း ထိုအရာများကို ကျင့်ကြံခြင်း၌သာ အသုံးပြုရန် ရည်ရွယ် ထားလေသည်။ ထို့ကြောင့် သူက အာကာသ တည်နေရာပြ အလုံးတစ်လုံး အတွက် အားလုံးကို မပုံအောလိုပေ။
ထိုအရာမှ လွဲ၍ အခြားသော တည်နေရာ တစ်ခုပြ အာကာသ တည်နေရာပြ အလုံး အမျိုးအစားလည်း ရှိသေး၏။ ဥပမာအားဖြင့် မိုဝူကျီက အာကာသဂိတ် အမှတ် ၇မှ ထွက်လာ၍ သူက အမှတ်၇ဂိတ် အပြင်ဘက်ရှိ တည်နေရာများကို ပြထားသည့် အာကာသ တည်နေရာပြ အလုံးကို ဝယ်ယူခဲ့လေသည်။ ထိုအလုံး၏ ဈေးနှုန်းလည်း ဈေးအရမ်း မချိုပေ။ ထို့ကြောင့် များစွာ စဉ်းစားပြီးမှသာ မိုဝူကျီက ထိုအရာကို မဝယ်ခင် အမှတ်များ အရင်ရအောင် စောင့်ရန် ဆုံးဖြတ် လိုက်လေသည်။ လောက ခန်းမတွင် ရမှတ်များကို အသုံးပြု၍ ဝယ်ယူခြင်းက ပို၍ သက်သာသည့် နည်းလမ်း ဖြစ်၏။
နောက်ဆုံးတွင် မိုဝူကျီက စိတ်စွမ်းအင် ကျောက်တုံးများကို အသုံးပြု၍ ဆူးနစ်လေဂိတ်ကို ဦးတည်ထားသည့် လမ်းကြောင်း ပါသည့် အာကာသ တည်နေရာပြ အလုံးကို ဝယ်ယူလိုက်သည်။ ထိုသို့သော တည်နေရာပြ အလုံးက တည်နေရာ တစ်ခုတည်းကိုသာ ပြနိုင်ပြီး ဆူးနစ်လေဂိတ် လမ်းကြောင်းသာ ပြပေးလေ၏။ ထိုအရာ၏ တစ်ခုတည်းသော ကောင်းချက်မှာ ဈေးပေါပြီး တည်နေရာက အခြား အရာများထက် တိကျခြင်း ဖြစ်၏။
သင်္ဘောပျံက အာကာသထဲ ရောက်လာပြီး နောက်တွင် မိုဝူကျီက သူ ဝယ်လာသည့် တည်နေရာပြ အလုံးကို အသက် သွင်းလိုက်သည့်အခါ ရှင်းရှင်းလင်းလင်း တည်နေရာ တစ်ခုတည်းကိုသာ ပြသနေလေသည်။ အာကာသက မည်သို့ပင် ဖြစ်နေစေကာမူ မိုဝူကျီက ဤတည်နေရာ ပြထားသည့်အတိုင်း သွားဖို့ရာ လိုအပ်ပြီး ဆူးနစ် လေဂိတ်ဆီ ရောက်သွားပေလိမ့်မည်။
အာကာသထဲ ရက်အတော်ကြာ ပျံသန်းပြီးနောက် မိုဝူကျီက သင်္ဘောပျံကို ပြောင်းဖို့ရာ ဆုံးဖြတ် လိုက်တော့သည်။
ဤသင်္ဘောပျံ၏ အဆင့်ကား အလွန် နိမ့်နေသောကြောင့် အမြန်နှုန်းမှာ နှေးကွေး လှပေသည်။
သူ့သင်္ဘောပျံက နှေးလာသောကြောင့် လုံးဝန်း သင်္ဘောပျံ မပြောင်းခင် သင်္ဘောပျံ တစ်စင်းက သူ့အား ဖြတ်ကျော်ကာ သူ့ရှေ့မှ ပိတ်ကာ ကာဆီး ထားလေသည်။
မိုဝူကျီက သူ လုပ်နေသည့် ကိစ္စကို ချက်ချင်း ရပ်လိုက်ကာ သူ့သင်္ဘောပျံကို ရပ်လိုက်ရသည်။ သူ့သင်္ဘောပျံ ဦးခေါင်းပိုင်းမှ ရပ်မကြည့်ခင် သူ့ကို လာပိတ်ဆို့ ထားသော သင်္ဘောပျံကို မြင်လိုက်ရသည်။ ထိုသင်္ဘောပျံတွင် လူနှစ်ယောက်ပါရှိပြီး ဆံဝါ အမျိုးသားက ယွမ်ဒန်အဆင့် ဖြစ်ကာ မှုန်မှိုင်းမှိုင်း အမျိုးသားက အစစ်အမှန်ရေ အဆင့်မြင့် အဆင့်တွင် ရှိပေလိမ့်မည်။
သူက ယွမ်ဒန်အဆင့် ၁၂တွင် ဖြစ်သော်လည်း သူ့ထက် အဆင့်မြင့်နေသည့် ပြိုင်ဘက်ကို အနိုင်ရနိုင်ခြေ ရှိသေး၏။ သို့သော်လည်း ထိုအရာမှာ သူ လုပ်နိုင်စွမ်း ကန့်သတ်ချက်တော့ ရှိလေသည်။ သူက အစစ်အမှန်ရေ အဆင့်မြင့် အဆင့် ကျင့်ကြံသူကို အနိုင်တိုက်ရန် မစွမ်းဆောင် နိုင်သေးပေ။
“မင်းက ယူးကျီရဲ့ ဝိညာဉ်ကြောကို ဖျက်ဆီး ခဲ့ပြီးတော့ ငါ့ ဒုတိယ ဦးလေးကို စူးရှလေမြို့ ကူးပြောင်းရေး နေရာမှာ အကောက် ကြံခဲ့တာမလား ...” အစစ်အမှန် ရေအဆင့် ကျင့်ကြံသူက မိုဝူကျီကို လူသေတစ်ယောက် အလား သဘောထားကာ ကြည့်ရင်း ပြောလိုက်သည်။
ဒီလူတွေက လက်စားချေဖို့ ရောက်လာတာပဲ ...
မိုဝူကျီက သင်္ဘောပျံကို သိမ်းထား လိုက်တော့သည်။ လက်စား ချေချင်ရင် လာကြစမ်းပါ … အင်အားအရ ဆိုလျှင် သူက သေချာပေါက် အစစ်အမှန် ရေအဆင့်နှင့် ပြိုင်ဘက် မဟုတ်သော်လည်း သူက မကြောက်ပေ။
သူ့အတွက် အားကောင်းသော ကျင့်ကြံသူနှင့် တိုက်ခိုက်ပါက အကျိုးရှိမည် မဟုတ်ပေ။ သူက အနိုင် မရနိုင်လျှင် ထွက်ပြေးရုံသာ ဖြစ်၏။ ယွမ်ဒန်အဆင့် ကျင့်ကြံသူ အတွက် ထိုသူ့ကို အဆုံးသတ်ရန် အခွင့်အရေး အားလုံးကို ရှာ၍ အသုံးချရမည်။
“ခင်ဗျားတို့ လာတိုက်ချင်ရင် တိုက်စမ်း ... ဘာလို့ လေပေါနေတာလဲ ...” မိုဝူကျီက တျန်းဂျီတုတ်ကို ဆွဲကိုင်ကာ ပြောလိုက်သည်။
“စီနီယာ အစ်ကိုကျီကျဲက ဒီမှာ စောင့်နေပါ။ ယွမ်ဒန် အဆင့်လေးက ဘယ်လောက်တောင် အထက်စီး ဆန်ရဲရတာလဲ ...” ယွမ်ဒန်အဆင့် ဆံဝါ အမျိုးသားက ပြောလိုက်သည်။
မိုဝူကျီက ပြောစရာရှာမတွေ့ ဖြစ်သွားလေသည်။ ဤလူ၏ ကျင့်ကြံဆင့်မှာ သူ့ထက် နိမ့်နေသော်လည်း မိုဝူကျီကို အထက်စီး ဆန်ရဲသည်ဟု ပြောရဲသေးလေသည်။ သူ့စိတ်ထဲတွင် မိုဝူကျီက ဤယွမ်ဒန်အဆင့် လှုပ်ရှားမည်ကို မစောင့်နိုင်တော့ပေ။ ထိုမှသာ သူက အခွင့်အရေး စောင့်စရာ မလိုအပ်ပဲ တစ်ခါတည်း သတ်ပစ်နိုင်မှာ ဖြစ်လေသည်။
“အရင်သွား ... ဒီနေရာက ကြည့်နေမယ်။ စိတ်မပူနဲ့ ...” အစစ်အမှန်ရေ အဆင့် ကျင့်ကြံသူက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ အကြောင်းမှာ သူ့မျက်လုံးထဲ၌ မိုဝူကျီမှာ သေချာပေါက် သေလူဟု သတ်မှတ်ထား၍ ဖြစ်သည်။ သူက အချိန် မဖြုန်းချင်သည့် အတွက် မိုဝူကျီက ဆံဝါ အမျိုးသားနှင့် အလုပ်ရှုပ်နေစဉ် သူက ကြားဝင်ကာ မိုဝူကျီကို သတ်ပစ်လိုက်မည်။
အားကောင်းသည့် သူက အားနည်သူကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာလား ....
တိုက်ပွဲတွင် အသက် ရှင်နေသရွေ့ မည်သူကမျှ လောကအဆင့် မော်တယ် အဆင့်က သေမျိုးကို ချောင်းမြောင်း တိုက်လျှင်ပင် ထူးဆန်း နေသည်ဟု ထင်မည် မဟုတ်ကြပေ။ သူက မိုဝူကျီ၌ ကူးပြောင်းရေး အဆောင် ပါနေမည်ကိုသာ စိုးရိမ်မိသည်။
မိုဝူကျီက သူ့ယာဉ်ပျံကို သိမ်းလိုက်သည်ကို မြင်သောအခါ မိုဝူကျီတွင် ထွက်ပြေးနိုင်မည့် အကြံများ ရှိနေမလားဟု သံသယ ဝင်မိလာသည်။ သူက ယခု တိုက်ပွဲထဲ မဝင်ချင်သည်က မိုဝူကျီကို အနီးကပ် လေ့လာ ကြည့်ချင်၍ ဖြစ်သည်။
သူက မိုဝူကျီကို အချိန်အတိုဆုံး အချိန်အတွင်း အပြီးသတ်ပစ် ချင်မိသည်။ ပထမ အချက်မှာ သူက တစ်ယောက်ယောက် မြင်သွားမည်ကိုလည်း စိုးထိတ်မိ သေးသည်။ ထို့အပြင် မိုဝူကျီက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူနှင့် သိကျွမ်းနေသောကြောင့် ဖြစ်သည်။ ဒုတိယ အချက်မှာ သူက မိုဝူကျီ၏ ဖုံးကွယ်ရေး ပညာရပ်ကို လိုချင်သေးသည်။
အရိုးသားဆုံး ပြောရလျှင် မိုဝူကျီ၏ ဝိညာဉ်စွမ်းအားက မထင်ရှားသော်လည်း သူက ယွမ်ဒန် အဆင့်တွင် ရှိကြောင်း သေချာလေသည်။ ထို့ကြောင့် သူ့ဖုံးကွယ်ရေး ပညာရပ်မှာ မည်မျှကောင်းကြောင်း သိနိုင်လေသည်။ သူသာ ထိုပညာရပ်ကို လက်ဆုပ်လက်ကိုင် ရရှိပါက အနာဂတ်တွင် အသုံးဝင်လာမည် ဖြစ်ကြောင်း ယုံကြည်မိသည်။
အစစ်အမှန်ရေ ကျင့်ကြံသူ၏ သဘော တူညီချက်ကို လက်ခံ ရရှိပြီးနောက် ဆံဝါ အမျိုးသားက သူ့ကတ်ကြေး လက်နက်ကို ဆွဲထုတ်ကာ မိုဝူကျီဆီ ပြေးဝင် လာလေသည်။ သူက ဦးစွာ လက်ဦးမှုယူပြီး မိုဝူကျီနှင့် တိုက်ခိုက်ချင်ကြောင်း ပြောလိုက်သည်မှာ သူ့အင်အားကို သူ့အစ်ကိုကြီးအား သိစေလို၍ ဖြစ်သည်။ သူ့အတွက် မိုဝူကျီက ယွမ်ဒန်အဆင့် ၉ ဖြစ်နေလျှင်ပင် သူက အလွယ်တကူ သတ်ပစ်နိုင်လိမ့်မည်။
သူ့ဆီကို သဘာဝ စွမ်းအားများ ရောက်ရှိ လာသောအခါ မိုဝူကျီက ထိုဆံဝါသည် သူ့ကို တိုက်ခိုက် ရဲသည်မှာ သူ့၌ လှည့်ကွက် ရှိနေ၍ ဖြစ်လေသည်။ မိုဝူကျီက သူ့တျန်းဂျီတုတ်ကို ဝှေ့ယမ်း လိုက်သည့်အခါ သဘာဝ စွမ်းအားလှိုင်း နှစ်ခု ဆုံတွေ့ သွားသောကြောင့် မိုဝူကျီ လွင့်စဉ် သွားလေသည်။
“မင်း ထွက်ပြေးလို့ ရမယ်များ ထင်နေလား ...” ဆံဝါ အမျိုးသားက ရယ်မောရင်း မိုဝူကျီ နောက်ဆုတ်သည့် တည်နေရာသို့ လျှပ်စီးအလား ရောက်ရှိလာသည်။
အစစ်အမှန် ရေအဆင့် ကျင့်ကြံသူက အနည်းငယ် အံ့ဩမိ သွားလေသည်။ သူက မိုဝူကျီ၏ သဘာဝ စွမ်းအားများမှာ ထိုမျှ အားနည်းလိမ့်မည်ဟု ထင်မထားပေ။ ထိုသည်က သူ့အား မိုဝူကျီကို ချောင်းမြောင်း တိုက်ခိုက်မည့် အတွေးကို မေ့လျော့ သွားစေသည်။ အကြောင်းမှာ သူက ဆံဝါ အမျိုးသား၏ စွမ်းအားကို ကောင်းကောင်း သိနေပြီး မိုဝူကျီက သာမန် ယွမ်ဒန်အဆင့် ကျင့်ကြံသူ ထက်ပင် အားနည်း နေနိုင်ကြောင်းလည်း သိ၏။
မိုဝူကျီက ကျန်းမို နယ်မြေမှ လူများကို ကြုံတွေ့ထားသည့် အတွက် ချောင်းမြောင်း တိုက်ခိုက် ခံရခြင်းမှာ ပထမဆုံး အကြိမ် မဟုတ်တော့ပေ။ ပထမအကြိမ် ချိန်ဟောင်ယီနှင့် တွေ့စဉ်က ချိန်စုယင်ကြောင့်သာ မဟုတ်လျှင် သူက သေသွားလောက်လေပြီ။ ဒုတိယ အကြိမ်တွင် ချူမျိုးနွယ်စုမှ ချိုးဟယ်က သူ့အား ချောင်းမြောင်း တိုက်ခိုက်ရန် ကြိုးစား ခဲ့လေသည်။ သူသာ သတိကြီးစွာ ရှိမနေပါက ထိုတိုက်ခိုက်မှုကြောင့် သေချာပေါက် ခံစားရလိမ့်မည်။
ဤတစ်ကြိမ်တွင် သူက ယွမ်ဒန်အဆင့် ကျင့်ကြံသူနှင့် တိုက်နေစဉ် အစစ်အမှန်ရေ ကျင့်ကြံသူက သူ့အား ခိုးကြောင်ခိုးဝှက် မတိုက်ခိုက်ကြောင်း မယုံကြည်ပေ။ ထို့ကြောင့် ပထမအကြိမ် လွင့်စဉ် စေလိုက်ခြင်းက သူ့အား ချောင်းတိုက်နိုင်ခြေ လျော့ကျသွားအောင် ဖြစ်၏။
ဆံဝါ အမျိုးသားက ရှေ့တက် လာလိုက်သည့်အခါ မိုဝူကျီက နောက်ဆုတ်မည့် အစား ရှေ့တက်လာကြောင်း သတိထားမိ လိုက်သည်။ ထို့နောက် သူ့ရှေ့တွင် ပေါ်လာလေသည်။ ဆံဝါ အမျိုးသားက မိုဝူကျီကဲ့သို့ မြန်မြန်ဆန်ဆန် မရွေ့လျား နိုင်သောကြောင့် အတော်လေး အံ့ဩတုန်လှုပ် သွားလေသည်။
မကောင်းတော့ဘူး ... တစ်ဖက်လူက တမင်သက်သက် လွင့်စဉ်သွားစေ လိုက်တာပဲ ...
ဆံဝါ အမျိုးသားက ထိုအတွေးကို တွေးမိသောအခါ မိုဝူကျီ၏ တျန်းဂျီတုတ်က ဆင်းသက်လာပြီ ဖြစ်၏။
အာကာသထဲ ရောက်ပြီးနောက်တွင် မိုဝူကျီက သူ့သင်္ဘောပျံ သိမ်းလိုက်သည့် ဆုံးဖြတ်ချက်ကား အလွန် မှန်ကန်ကြောင်း သိလိုက်သည်။ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် မရောက်သေး သော်လည်း ဤနေရာတွင် မြေဆွဲအား သုညနီးပါး ဖြစ်နေ၍ ယွမ်ဒန်အဆင့် ကျင့်ကြံသူပင် သဘာဝ စွမ်းအားများ အသုံးပြု၍ အာကသထဲ ရပ်နိုင်ကြလေ၏။
မိုဝူကျီတွင် ရှိနေသည့် တစ်ခုတည်းသော အားသာချက်မှာ စိတ်စွမ်းအား အားကောင်းနေခြင်း ဖြစ်သည်။ အာကာသ အတွင်း သူ့ခန္ဓာကို ထိန်းချုပ်နိုင်ဖို့ရာ စိတ်စွမ်းအားက သဘာဝ စွမ်းအားများထက် များစွာ အရေးကြီးလေသည်။ ထို့ကြောင့် သူက အလျင်အမြန် ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားကာ လှုပ်ရှားမှု အားလုံးကို အလွယ်တကူ ထိန်းချုပ် နိုင်သွားသည်။
ဆံဝါ အမျိုးသားနှင့် ရင်ဆိုင် တိုက်ပြီးနောက် နောက်သို့ လွင့်သွားသည့် ကိစ္စရပ်လည်း ကောင်းကောင်း အလုပ် ဖြစ်လေသည်။
“ဘမ်း ...” ဆံဝါ အမျိုးသားက မိုဝူကျီ၏ တျန်းဂျီတုတ်ကို ကတ်ကြေးဖြင့် ကတိုက်ကရိုက် ကာဆီးထား လိုက်ရသည်။
ဆံဝါအမျိုးသား နောက်ဆုတ် သွားသည်ကိုပင် မစောင့်ဘဲ ပျောက်ကွယ်ဓား စွမ်းအားလှိုင်း ဆယ်ခု ထွက်ပေါ် လာလေသည်။
ဆံဝါ အမျိုးသားက နဖူးနှင့် လည်ပင်းကို ထိုးဖောက်သွားသော ဓားစွမ်းအားကို ခံစားမိလိုက်ရ၍ နတ်ဘုရား ဆင်းလာလျှင်ပင် သူ့အား ကယ်တင်နိုင်တော့မည် မဟုတ်မှန်း သိလိုက်သည်။ ကြယ်တာရာ တိုက်ပွဲသို့ ရောက်ရှိလာပြီး နောက်တွင် သေရမည့်ရက် ရောက်လာမည်မှန်း သိထားသော်လည်း အဆင့်တူ ကျင့်ကြံသူ၏ တိုက်ကွက် နှစ်ကွက်အောက်တွင် အသက်ပေး လိုက်ရမည်ဟု ထင်မထားပေ။
“သေစမ်း ...” မိုဝူကျီက ဆံဝါ အမျိုးသားကို သတ်လိုက်သည့် အခိုက်အတန့် အစစ်အမှန် ရေအဆင့် ကျင့်ကြံသူက ဓားအလင်းများ ထုတ်လွှင့်ရင်း မိုဝူကျီဆီ ပြေးလာလေသည်။
မိုဝူကျီက သူ့တျန်းဂျီတုတ်ဖြင့် ထိုဓားအလင်းများကို ကာဆီး ထားလိုက်သည်။
“ဘမ်း ...” အာကာသထဲတွင် သဘာဝ စွမ်းအားများ ပေါက်ကွဲသွားပြီး မိုဝူကျီက လေဘီးအလား လွင့်စဉ် သွားတော့၏။
အစစ်အမှန်ရေ အဆင့် ကျင့်ကြံသူ တိုက်ကွက်ကို ခံယူပြီးနောက် သူက ထိုလူ့အတွက် ပြိုင်ဘက် မဟုတ်မှန်း သိလိုက်သည်။ ဤတစ်ကြိမ်တွင် မိုဝူကျီက တမင်သက်သက် နောက်လွင့်စဉ် သွားခြင်း မဟုတ်ဘဲ အမှန်တကယ် ခံလိုက်ရခြင်း ဖြစ်သည်။
မိုဝူကျီက ထိုလူမှာ အစစ်အမှန်ရေ ပြီးပြည့်စုံခြင်း အဆင့်တွင် ရှိနေနိုင်ကြောင်း သတိထားမိ လိုက်သည်။ ထိုသို့သော လူမျိုးနှင့် ရင်ဆိုင် တိုက်ခိုက်ပါက သူသည် သေချာပေါက် သေဆုံး သွားလိမ့်မည်။ အကယ်၍ သူသာ အစစ်အမှန် ရေအဆင့် ဖြစ်နေပါက ကိစ္စများက ကွဲပြား သွားလိမ့်မည်။ ထိုသူ့ကို ရင်ဆိုင်ဖို့ရာ လှည့်ကွက်တချို့ သုံးလျှင် အနိုင် ရလောက်ပေသည်။
တစ်ဖက်လူမှာ အစစ်အမှန်ရေ ပြီးပြည့်စုံခြင်း အဆင့် ဖြစ်နေသည်ကို အတည်ပြု ပြီးနောက် မိုဝူကျီက လုံးဝန်း သင်္ဘောပျံ ထုတ်၍ မောင်းနှင် မသွားခင် လျှပ်စီး အလုံးများကို ပစ်လွှတ် လိုက်တော့သည်။
အာကာသက ကျယ်ပြန့်လှ၍ အလွယ်တကူ ထွက်ပြေးနိုင်သလို လိုက်ဖမ်းဖို့လည်း လွယ်ကူ နိုင်ပေသည်။
ထိုလျှပ်စီး အလုံးများက အစစ်အမှန် ရေအဆင့် ကျင့်ကြံသူကို ခဏတာမျှသာ ထိန်းထားနိုင်ပြီး အသက် တစ်ရှိုက်စာ အကြာတွင် ဤအစစ်အမှန် ရေအဆင့် ကျင့်ကြံသူက ပျော်ရွှင် သွားလေသည်။
သူက မိုဝူကျီတွင် လျှပ်စီး ဝိညာဉ်ကြော မရှိသည်ကို သိ၍ ထိုသို့သော လျှပ်စီးများကို ထုတ်သုံးနိုင်သည့် အရည်အချင်းမှာ သူ့၌ သာမန် ဝိညာဉ်ကြောများနှင့်ပင် ကျင့်ကြံနိုင်သည့် လျှပ်စီးကျင့်စဉ် ရှိနေခြင်းသာ ဖြစ်ရမည်။
ကျန်းမို နယ်မြေတွင် ထိုသို့သော ကျင့်စဉ်ကား အဖိုးဖြတ်၍ မရပေ။ သူသာ လက်ဝယ် ပိုင်ဆိုင်ပါက သေချာပေါက် ထွန်းတောက် လာလိမ့်မည်။
သူ ဖူကျီကျဲက မြေကမ္ဘာ အဆင့်ဇယား အမြီးပိုင်းသို့ တက်ရောက် နိုင်ခြင်းမှာ သူက အခြေအနေ ဆိုးနေပြီး ကံဆိုးလှသည့် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူကို သတ်နိုင်ခဲ့၍ ဖြစ်သည်။ အဖြစ်အပျက် များကြောင့်သာ မဟုတ်လျှင် သူက မြေကမ္ဘာ အဆင့်ဇယားတွင် ရှိရလောက်သည် အထိ အားမကောင်းသေးပေ။ ထို့ကြောင့် သူက သူများတွေ သူ့အား လာ၍ စိန်မခေါ်စေရန် သိုသိုဝှက်ဝှက် နေနေရ၏။
ယခု အကယ်၍ သူ့၌ လျှပ်စီး သဘာဝ ကျင့်စဉ်သာ ရရှိလျှင် သူ လုပ်ဖို့ လိုအပ်သည့် အရာကား ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်ကို တက်လှမ်းရန်သာ ဖြစ်၏။ ထိုသို့ဆိုလျှင် သူက စစ်မှန်သည့် မြေကမ္ဘာအဆင့် ဇယားမှ ပါရမီရှင် တစ်ယောက် ဖြစ်လာလိမ့်မည်။
***