သွေးကြောဖွင့်ဆေးလုံး
Vol. 10 Ch. 130
ကျိုးဝမ် တုန်ယင်သွားသည်။
သူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ရောက်လာကတည်းက သူ၏ဗီဇပါရမီမှာ နိမ့်ပါးသောကြောင့် ကျင့်ကြံခြင်းနှင့်ပတ်သက်၍ မျှော်လင့်ချက်များ ကုန်ဆုံးလာခဲ့ရသည်။
ကျင့်ကြံခြင်းဂိုဏ်းသို့ ရောက်လာသော်လည်း မည်သည့်အခွင့်အလမ်းမှ မရှိသည့် ခံစားချက်သည် သူ့အား ရူးသွပ်မတတ် ဖြစ်စေ၏။
သူကား မျှော်လင့်ချက်ရေးရေးကို ဆုပ်ကိုင်ကာ သည်နေရာသို့ ရောက်လာခဲ့၏။
ဝိညာဉ်ကျောက်တုံး ၁၀ မျှဖြင့် ဘာလုပ်၍ ရမည်နည်း။
သို့သော်လည်း ဟန်မူယဲ့၏ဓားသိုင်းကို မြင်သောအခါ သူ့မျှော်လင့်ချက်များ ရှင်သန်လာတော့သည်။
ဗီဇပါရမီနိမ့်ပါးသော အဆင့်နိမ့်ကျင့်ကြံသူများအတွက် လမ်းသစ်ဖောက်ပေးခြင်း။
၎င်းသည် ဓား ၁၀၀၀၀ တို့အိမ်အပြန် ဖြစ်သည်။
သည်ဓားသည် လောကကို အုပ်စိုးနိုင်၏။
“ကျုပ်… ကျုပ် စိတ်မပျက်စေရပါဘူး”
ကျိုးဝမ်က ခေါင်းငုံ့ကာ ရေရွက်သည်။
ထိုဓားချက်သည် သူ၏နှလုံးသားထဲ၌ နက်ရှိုင်းစွာ ရေးထွင်းထားပြီး ဖြစ်သည်။
သည်ဘဝတွင် သူက ထိုဓားသိုင်းအား သေချာပေါက် တတ်မြောက်ရမည်။
သူ မော့ကြည့်သောအခါ ဟန်မူယဲ့ မရှိတော့ပါ။
…
အခန်းထဲမှ ထွက်လာသော ဟန်မူယဲ့သည် ပို၍ ဉာဏ်အလင်းရလာခဲ့သည်။
ကျိုးဝမ်အား သင်ပြရန် မော့ယွမ်၏တိုက်ခိုက်ဟန်ကို အာရုံဝင်စားကြည့်ခြင်းက သူ့ကို များစွာသော အတွေးသစ်အမြင်သစ်များ ဖြစ်ပေါ်စေ၏။
သည်လောက၏ကျင့်ကြံခြင်းမှာ အလွန်ခက်ခဲသည်။
သည်ဓားသည်သာ မဟာတာအိုတံခါးကို ဖွင့်လှစ်နိုင်၏။
သူ၏စိတ်နယ်ပယ်၌ ဓားအလင်းသည် အဆက်မပြတ် လင်းလက်နေ၏။
သူ၏ချီပင်လယ်မှ ဓားဆန္ဒသည် ညင်သာစွာ တုန်ခါသွားသည်။
ရေကန်စံအိမ်သို့ ရောက်လာသောအခါ သူ၏ခန္ဓာကိုယ်မှ ဓားဆန္ဒများနှင့် ဓားချီများမှာ တည်ငြိမ်သွားပြီ ဖြစ်သည်။
လတ်တလော ကျင့်ကြံဆင့်တက်သွားသောကြောင့် မတည်ငြိမ်သေးသော ကျင့်ကြံဆင့်မှာလည်း တည်ငြိမ်သွားပြီ ဖြစ်သည်။
“စီနီယာအစ်ကိုဟန်…”
ကျင်းယွမ်က ဟန်မူယဲ့အား မြင်လျှင် ပြုံးသည်။
“မိန်းကလေးကျင်း… အကြီးအကဲရှိပါသလား”
ဟန်မူယဲ့က လက်နှစ်ဖက်ဆုပ်ကာ မေးသည်။
ကျင်းယွမ်သည် ရိုးသားသူ ဖြစ်သည်။
သူမက ဟန်မူယဲ့၏သေခြင်းရှင်ခြင်းအရေးကိစ္စများအား စိတ်ပူပေးခဲ့၏။
“ဆရာရှိတယ်… သူက ခေါင်းဆောင်တောက်ရင် ဆေးလုံးဖော်မှာကို သွားကြည့်ဖို့ ပြင်နေတယ်”
ကျင်းယွမ်က ပြောကာ ဟန်မူယဲ့အား အိမ်လေးထဲသို့ ခေါ်လာသည်။
“ခေါင်းဆောင်တောက်ရင်ရဲ့ အာခီမီပညာက ဂိုဏ်းထဲမှာ အကောင်းဆုံးပဲ…”
ကျင်းယွမ်က လေးစားစွာ ပြောသည်။
“မင်း လာတာ ငါတို့ မူရှန်မြို့ကို ဘယ်တော့သွားမလဲ သိချင်လို့မလား”
အကြီးအကဲစုလျန့်က ဟန်မူယဲ့အား မြင်လျှင် ပြောသည်။
သူမက စားပွဲပေါ်မှ ဆေးပေါင်းဖိုနှင့် ဆေးအမယ်များကို လှမ်းယူကာ လျှောက်လာသည်။
“ဆေးခန်းဆောင်ကို သွားကြမယ်”
ခေါင်းဆောင်တောက်ရင်သည် သွေးကြောဖွင့်ဆေးလုံးအား ဖော်စပ်လို၏။ ၎င်းသည် ဆေးဖော်စပ်ခြင်းကို ကြည့်ခွင့်ရမည့် အခွင့်အလမ်းကောင်း ဖြစ်သည်။
“ခေါင်းဆောင်က ငါတို့ နောက်သုံးရက်နေရင် မူရှန်မြို့ကို သွားမယ် ပြောတယ်”
ဟန်မူယဲ့က ပြုံးလျက် ခေါင်းညိတ်သည်။
ကြည့်ရသည်မှာ သူက ထိုကိစ္စများကို စိတ်ပူစရာ မလိုတော့ပေ။
ခေါင်းဆောင်ကား သူ့ထက် ထိုကိစ္စကို စိတ်ပူပန်ပေသည်။
သူတို့ ဆေးခန်းဆောင်သို့ ရောက်သွားသောအခါ အပြင်တွင် လူအများအပြား ရောက်နေပြီး ဖြစ်သည်။
ခေါင်းဆောင်တောက်ရင် ဆေးဖော်စပ်သည်အား လူအများအပြားက ကြည့်လိုကြ၏။
ဟန်မူယဲ့သည် အကြီးအကဲစုလျန့်နှင့်အတူ ဝါးအိမ်ထဲသို့ ဝင်သွားခဲ့သည်။
“အကြီးအကဲစုလျန့် ရောက်လာပြီ”
“အဲဒီကောင်လေးက ဘယ်သူလဲ… သူက ဘာလို့ အကြီးအကဲနဲ့ ရှိနေတာလဲ”
လူအများအပြား၏အကြည့်အောက်တွင် ဟန်မူယဲ့သည် ခေါင်းဆောင်တောက်ရင်၏ဘေးနားသို့ လျှောက်သွားခဲ့သည်။
“ခေါင်းဆောင်…”
ဟန်မူယဲ့က အနည်းငယ် ဦးညွှတ်လိုက်၏။
ခေါင်းဆောင်တောက်ရင်က ခေါင်းမော့ကြည့်ကာ သူက လက်ကို မြှောက်လိုက်လျှင် သူ့လက်တွင် မီးတောက်တစ်ခု ပေါ်လာ၏။
ခန်းဆောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ခေါင်းဆောင်တောက်ရင်က မီးတောက်ကို ကျင်လည်စွာ ထိန်းချုပ်လျှက် ဆေးအမယ်များကို ဆေးပေါင်းဖိုထဲသို့ တစ်ခုပြီးတစ်ခု ထည့်သည်။
ဟူး…
ခေါင်းဆောင်တောက်ရင် ဆေးဖော်စပ်သည်ကို ကြည့်ကာ ဟန်မူယဲ့၏အာရုံ၌ ပုံရိပ်များ အဆက်မပြတ် ဖြစ်ပေါ်လာသည်။
မီးတောက်အပူရှိန်၊ ဆေးအမယ်အစီအစဉ်နှင့် ဆေးဂုဏ်သတ္တိများ ပေါင်းစပ်ပုံအားလုံး အသေးစိတ် သူ မြင်နေရသည်။
ဟူး…
ဆေးပေါင်းဖို တုန်ခါသွား၏။
ဟန်မူယဲ့၏အာရုံထဲတွင် ပုံရိပ်များသည် မီးတောက်များအဖြစ် ကွယ်ပျောက်သွား၏။
သူသည် သစ်သားဓာတ်အမျိုးအစား သွေးကြောဖွင့်ဆေးလုံးဖော်စပ်နည်းအား တတ်မြောက်သွားသည်။
သူသည် မီးဓာတ်အမျိုးအစား သွေးကြောဖွင့်ဆေးလုံးဖော်စပ်နည်းအား တတ်မြောက်သွားသည်။
သူသည် ရေဓာတ်အမျိုးအစား သွေးကြောဖွင့်ဆေးလုံးဖော်စပ်နည်းအား တတ်မြောက်သွားသည်။
…
နည်းစနစ်ရှစ်မျိုး တတ်မြောက်သွားခြင်းက ဟန်မူယဲ့အား အံ့အားသင့်စေသည်။
ခေါင်းဆောင်တောက်ရင်သည် သွေးကြောဖွင့်ဆေးလုံးတစ်မျိုးတည်းကိုသာ ဖော်စပ်နေသော်လည်း သူသည် နည်းစနစ်ရှစ်မျိုးအထိ တတ်မြောက်သွားသည်။
၎င်းသည် သူ၏ပြဿနာလား၊ ခေါင်းဆောင်တောက်ရင်၏ပြဿနာလား။
သူ၏အာရုံထဲတွင် ပုံရိပ်များ ထပ်မံ ဖြစ်ပေါ်လာလျှင် ဟန်မူယဲ့က မျက်လုံးအား မှိတ်လိုက်သည်။
သစ်သားဓာတ်ဆေးလုံးတွင် ဆေးအမယ် ၁၆ မျိုး လစ်ဟင်းနေသည်။
ရေဓာတ်အမျိုးအစား သွေးကြောဖွင့်ဆေးလုံး၌ ဆေးအမယ် ၁၃ မျိုး ပျောက်ကွယ်နေသည်။
တခြားငါးမျိုးမှာ အစားထိုး၍ရကာ ဆေးဂုဏ်သတ္တိများအား မထိခိုက်စေပါ။
သတ္တုဓာတ်ဆေးလုံးဖော်စပ်ခြင်းတွင်ကား ဆေးအမယ် ၂၁မျိုးသာ သုံးသည်။
…
သွေးကြောဖွင့်ဆေးလုံး၏ ဓာတ်သဘာဝကွဲပြားသော နည်းစနစ်တစ်မျိုးစီတွင် ခေါင်းဆောင်တောက်ရင် ဖော်စပ်နေသော ဆေးအမယ်များ၏တစ်ဝက်ခန့် လိုအပ်၏။
၎င်းသည်ပင် သွေးကြောဖွင့်ဆေးလုံး ဖော်စပ်နည်းလား။
“ဟန်မူယဲ့… မင်း ဘယ်လိုထင်လဲ”
ခေါင်းဆောင်တောက်ရင်က မေးလျှင် ဟန်မူယဲ့ မျက်လုံးများကို ဖွင့်သည်။
“သူက ဘယ်သူလဲ…”
တစ်ယောက်က မျက်မှောင်ကြုတ်ကာ ဟန်မူယဲ့အား ကြည့်လျက် တီးတိုးမေးသည်။
ခေါင်းဆောင်တောက်ရင်က တခြားသော အာခီမီပညာရှင်များအား သူ့ဆေးလုံးဖော်စပ်ခြင်းကို အကဲဖြတ်ခိုင်းပြီး ဖြစ်သည်။
ဆေးတစ်ဖုံတွင် ဆေးလုံး ၂လုံး။
ထိုအာခီမီနည်းစနစ်ကား တခြားအကြီးအကဲများကို ထိတ်လန့်စေသည်။
ပုံမှန်အားဖြင့် ချီးမွှမ်းဂုဏ်ပြုစကားများသာ ဖြစ်သည်။
အကြီးအကဲစုလျန့်သည်ပင် သက်ပြင်းချမိသည်။ ဆယ်စုနှစ်တချို့ ကြာပြီးနောက် ခေါင်းဆောက်တောက်ရင်၏အာခီမီပညာမှာ ထိပ်တန်း ဖြစ်နေလေပြီ။
ထိုအခိုက်တွင် ခေါင်းဆောင်တောက်ရင်က ဟန်မူယဲ့အား ‘မင်း ဘယ်လိုလဲ’ ဟူသော အကြည့်ဖြင့် ကြည့်သည်။
သူ့လက်တွင် ဆေးလုံးတစ်လုံးအား ကိုင်ထား၏။
ဆေးလုံးပေါ်တွင် အလင်းဖျော့ဖျော့ လင်းနေကာ သက်တန့်လေးများ ဖြစ်ပေါ်နေ၏။
တစ်ချက်ကြည့်ရုံမျှဖြင့် ဆေးလုံးမှာ အလွန်ထူးခြားဆန်းကြယ်ကြောင်း ပြောနိုင်၏။
ဟန်မူယဲ့ မိန်းမောနေသည်ကို ကြည့်ကာ မိန်းကလေးကျင်းယွမ်က သူ့အနီးသို့ကပ်လျက် အားလုံး၏မှတ်ချက်အား တီးတိုးရေရွက်သည်။
သူမ၏အမြင်တွင် ဟန်မူယဲ့သည် လုံးဝ စိတ်ရှုပ်ထွေးနေ၏။
၎င်းကား သာမန် ဖြစ်သည်။ သည်နေရာတွင် ရှိနေသူများအားလုံးမှာ အာခီမီပညာရှင်များ ဖြစ်ကြသည်။
ကျင်းယွမ်က အကြီးအကဲများ၏အကဲဖြတ်မှုများအား တီးတိုးလာပြောသည်ကို ကြားလျှင် ဟန်မူယဲ့ ရယ်ချင်စိတ်ကို မျိုသိပ်လိုက်ရသည်။
ထိုအာခီမီအကြီးအကဲများမှာလည်း သိပ်နားလည်ဟန်မတူပါ။
“ခေါင်းဆောင်… သွေးကြောဖွင့်ဆေးလုံးကို ဒီနည်းနဲ့ ဖော်စပ်လို့ အမြင့်ဆုံးအရည်အသွေး မရနိုင်ဘူးမလား”
ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်အား ပြုံးလျက် မေးသည်။
သူက ထိုနည်းဖြင့် အမြင့်ဆုံးအရည်အသွေးဆေးလုံး မရနိုင်ဘူးလား။
အားလုံးက အံ့အားသင့်စွာဖြင့် ဟန်မူယဲ့ကို ကြည့်ကြသည်။
သည်ကောင်လေး ဘယ်ကလာတာလဲ။ သူက တကယ်ပဲ အမြင့်ဆုံးအရည်အသွေးဆေးလုံးကို ထည့်ပြောခဲ့သည်။
လောကတွင် မရေမတွက်နိုင်သော အာခီမီပညာရှင်များ ရှိသည်။ သို့သော် လူဘယ်နှစ်ယောက်ကများ အမြင့်ဆုံးအရည်အသွေး ဆေးလုံးကို ဖော်စပ်နိုင်သနည်း။
အမြင့်ဆုံးအရည်အသွေးဆေးလုံးသည် ကြီးမားသော စွမ်းရည်ပိုင်ဆိုင်ရန် လို၏။ ထို့အပြင် ကံကောင်းရန်လည်း လိုသေးသည်။
တစ်စုံတစ်ယောက်က ဟန်မူယဲ့အား အေးစက်စွာ ကြည့်ကာ ရေရွက်သည်။
“သူက အာရုံစိုက်ခံရအောင် လုပ်နေတာပဲ ဖြစ်မယ်။ ခေါင်းဆောင်က သူ့ကို သေချာပေါက် ကြိမ်းမောင်းလိမ့်မယ်”
“သူက ငယ်သေးတယ်။ ဒါပေမဲ့ လေသံကတော့ အတော်လေး မောက်မာတယ်။ သူက အကြီးအကဲတွေကို မလေးစားဘူး။ ကောင်လေးက ဘယ်မျိုးဆက်ကလဲ”
တစ်ယောက်က မျက်မှောင်ကြုတ်သည်။
အကြီးအကဲစုလျန့်က ဟန်မူယဲ့အား ကြည့်သည်။
ထင်သည့်အတိုင်း ခေါင်းဆောင်တောက်ရင်က မျက်နှာကြီးမဲလျက် ဟန်မူယဲ့အား ကြည့်သည်။
“မင်း မှန်တယ်”
မှန်တယ်လား။
ခန်းဆောင်တစ်ခုလုံးမှ လူများအားလုံး မျက်လုံးပြူးသွားကြသည်။
“ခေါင်းဆောင်က အမှန်တကယ် သူ့ကို အပြစ်မတင်ဘူးလား”
“မဟုတ်ဘူး… ခေါင်းဆောင် ဒေါသမထွက်ဘူးလား”
“မဖြစ်နိုင်ဘူး… သူက ခေါင်းဆောင်ရဲ့…”
လူအများအပြားက ဟန်မူယဲ့အား ထူးဆန်းစွာ ကြည့်ကြသည်။
ကောင်းကင်ဘုံအဆင့်တစ်ဦး၏ဂုဏ်သိက္ခာမှာ သွားထိ၍ရသည့်အရာ မဟုတ်ပါ။
“ဒါဆိုလည်း ငါက အမြင့်ဆုံးအရည်အသွေးရအောင် ဘယ်လိုဖော်စပ်ရမလဲ”
ခေါင်းဆောင်တောက်ရင်က ထပ်မေးသည်။
သူက အမြင့်ဆုံးအရည်အသွေးဆေးလုံးဖော်စပ်ခြင်းကို မည်သို့ သိမည်နည်း။
ခေါင်းဆောင်တောက်ရင်ပင် ဖော်စပ်နိုင်စွမ်း မရှိပါ။
မဟုတ်သေးဘူး…
ခေါင်းဆောင်က သူ့ကို တမင်ခက်ခဲအောင် လုပ်နေတာပဲ။
ဟီးဟီး…
ထင်တဲ့အတိုင်းပဲ… ခေါင်းဆောင်က ဘယ်လိုလုပ် သူ့ကို ဝေဖန်တာ အလေးမထားဘဲ နေမှာလဲ…
အားလုံး၏အမူအရာက ပြောင်းလဲသွားသည်။
ကောင်လေးသာ မဖြေနိုင်ပါက … ဟီးဟီး…
ဟန်မူယဲ့အား ခေါင်းဆောင်က မည်သို့ အပြစ်ပေးမည်ကို လူတိုင်းက စောင့်နေကြ၏။
အကြီးအကဲစုလျန့်က မျက်မှောင်ကြုတ်စဉ် ကျင်းယွမ်က ခေါင်းယမ်းသည်။
စီနီယာအစ်ကိုဟန်ကား တည့်တိုးဆန်လွန်းသည်။
“ခေါင်းဆောင်အနေနဲ့ အမြင့်ဆုံးအရည်အသွေးဆေးလုံးကို ဖော်စပ်ချင်ရင်တော့ ခင်ဗျားက ဆေးလုံးဂုဏ်သတ္တိကို အဆုံးစွန်အထိ သန့်စင်ဖို့လိုတယ်”
ဟန်မူယဲ့က လက်ဆန့်တန်းကာ ဆေးလုံးကို လှမ်းယူလိုက်သည်။
သူက ဆေးလုံးကို နတ်အာရုံဖြင့် ခံစားကြည့်လျှင် ၎င်းထံမှ အားကောင်းသော ဆေးအစွမ်းကို ခံစားရ၏။
သို့သော်လည်း အမြဲတမ်းအားဖြင့် အမြင့်ဆုံးအရည်အသွေးဆေးလုံးကို ဖော်စပ်နေကျ ဟန်မူယဲ့သည် ဆေးလုံးထဲမှ အညစ်အကြေးတချို့ကို ခံစားမိပေသည်။
ဆေးလုံးတွင် ဆေးဂုဏ်သတ္တိများ ရောထွေးနေ၏။
“အမှန်ပဲ…”
ဆေးလုံးကို ကိုင်ကာ ဟန်မူယဲ့က ခေါင်းညိတ်သည်။
“ခေါင်းဆောင်… မီးဓာတ်မျိုးဆက်တစ်ယောက်သာ ဒီဆေးလုံးကို စားသုံးခဲ့ရင် ဆေးဂုဏ်သတ္တိအများစုက အလဟသ ဖြစ်သွားလိမ့်မယ်”
“ဒီဆေးလုံးမှာ မီးဓာတ်ဂုဏ်သတ္တိဆေးအစွမ်းတွေကပဲ အသုံးဝင်နေတယ်”
ထိုအခိုက်တွင် သူက အကြီးအကဲစုလျန့်အား လှမ်းကြည့်သည်။
“အကြီးအကဲ… သွေးကြောဖွင့်ဆေးလုံးအတွက် ရိုးရှင်းတဲ့နည်းလမ်း ရှိပါသလား”
ဖော်စပ်နည်း၏ရိုးရှင်းသောနည်းလမ်း။
အကြီးအကဲစုလျန့်က ခေါင်းဆောင်တောက်ရင်အား ကြည့်သည်။
“ရိုးရှင်းနည်း”
“ဆေးဂုဏ်သတ္တိ အလဟသ ဖြစ်တာ…”
ခေါင်းဆောင်တောက်ရင်က ထရပ်ကာ မျက်မှောင်ကြုတ်သည်။
“သွားရအောင်… စာအုပ်ဆောင်ကို သွားမယ်”
“စုလျန့်… ဒီဆေးဖော်စပ်နည်းဟာ စာအုပ်ဆောင်မှာ နည်းလမ်းအတော်များများရှိနေတယ်မလား”
အကြီးအကဲစုလျန့်က အလျင်အမြန်ပြောသည်။
“အမှန်ပဲ… ဒါပေမဲ့ ဒီနည်းလမ်းက အပြည့်စုံဆုံးပဲ။ ဒီဖော်စပ်နည်းကပဲ အများဆုံး…”
ခေါင်းဆောင်တောက်ရင်က ခေါင်းညိတ်ကာ ဟန်မူယဲ့အား ခေါ်လျှက် ထွက်သွားသည်။
အကြီးအကဲစုလျန့်လည်း သူတို့နောက်မှ အလျင်အမြန် လိုက်ပါသွား၏။
ဆေးခန်းဆောင်တွင်ကား အားလုံးက စိတ်ရှုပ်ထွေးနေကြသည်။
မိန်းကလေးကျင်းယွမ်မှာလည်း နားမလည်စွာ ရပ်နေသည်။
“အဲဒီကောင်လေးက ဘယ်သူလဲ…”
နောက်တစ်ယောက်က ခေါင်းယမ်းကာ မေးသည်။
“ငါက အဲဒီကောင်လေးကို မြင်ဖူးသလိုပဲ… ဒါပေမဲ့ ဘယ်နေရာမှာလဲ မသိဘူး”
…
အုတ်နှင့် သစ်ရောဆောက်ထားသော အစိမ်းရောင် အဆောင်တစ်ခုရှေ့တွင် ခေါင်းဆောင်တောက်ရင်က အော်ခေါ်လိုက်သည်။
“အဖိုးကြီးဝူသုံး… ငါ ဆေးဖော်နည်းလာကြည့်တယ်”
သူက ပြောလိုက်သည်နှင့် ဆံပင်ဖြူအဖိုးကြီးတစ်ဦး ပေါ်လာသည်။
“အရူးတောက်…”
“မင်း သွေးကြောဖွင့်ဆေးလုံးကို ကြည့်မလို့လား”
အဖိုးအိုက ခေါင်းယမ်းကာ ပြောသည်။
“ထားလိုက်ပါတော့… မင်းက ဘာလို့ ဒီဆေးလုံးကိုပဲ စိတ်စွဲနေရတာလဲ။ ဓားပညာကိုပဲ လေ့ကျင့်နေပါလား”
“ဝူကျီးယွမ်… ဘာလို့ ငါ့ကိစ္စမှာ ဝင်ပါနေတာလဲ… ဖယ်စမ်းပါ”
ခေါင်းဆောင်တောက်ရင်က တင်းမာစွာ ပြောလျက် အဆောင်ထဲကို ဝင်သွားသည်။
“ကြည့်ပါလား… ငါက တားမရမှတော့ ဘာလို့ အစကတည်းက ငါ့ကို ခေါ်နေသေးတာလဲ”
ဝူကျီးယွမ်က ခေါင်းယမ်းကာ ပုခုံးတွန့်သည်။
ထို့နောက် သူက အေးဆေးသောအမူအရာဖြင့် အကြီးအကဲစုလျန့်အား ပြောသည်။
“ဂျူနီယာညီမလေးစုလျန့်… အဲဒီအရူးကို လျစ်လျူရှုထားလိုက်။ ငါနဲ့ လက်ဖက်ရည်လိုက်သောက်ပါလား”
ထိုစဉ် သူက ဟန်မူယဲ့အား သတိထားမိသည်။
“ကောင်လေး… မင်း ဘယ်က ရောက်လာတာလဲ”