← Chapters

အာကာသထဲမှ လူသတ်ငွေ့

Vol. 22 Ch. 293

အာကာသထဲမှ လူသတ်ငွေ့

Vol. 22 Ch. 293

သူ့သင်္ဘောပျံသည် အစစ်အမှန်ရေ ကျင့်ကြံသူ သင်္ဘောပျံထက် များစွာ လျင်မြန်သည်ကို သိပြီး မိုဝူကျီကက အရှိန်နှုန်း မကျစေရန် အနားမယူခဲ့ပေ။ မိုဝူကျီက သူ့အား မျက်ခြည် ဖြတ်နိုင်သော်လည်း သူက ဆူးနစ်လေဂိတ်သို့ သွားမည်ဖြစ်ကြောင်း ထိုလူက သိနေ၍သာ ဤနေရာတွင် လာပိတ်ဆို့ ထားခြင်း ဖြစ်ရမည်။ ထို့ကြောင့် မိုဝူကျိက ဆူးနစ်လေဂိတ်ကို မသွားနိုင်သေးဘဲ ကြားတွင်သာ သောင်တင် နေလေသည်။

သူက အစစ်အမှန် ရေအဆင့် ရောက်မည့် နည်းလမ်း ရှာချင်မိသည်။ အကြောင်းမှာ သူသာ အဆင့်တက်လှမ်း သွားပါက သူ့နောက်ကို လိုက်လာသည့် အစစ်အမှန်ရေ ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်နိုင်ခြေ ရှိလာလိမ့်မည်။

အကယ်၍ အင်အား ကွာဟချက်က အလွန် ကြီးမားနေပြီး အကောင်းဆုံး တိုက်ကွက်နှင့် လှည့်ကွက် ပေါင်းထားလျှင်ပင် သူ့အသက်လေး ဆုံးရှုံးနိုင်သေးသည်။

မိုဝူကျိက သင်္ဘောပျံ ဦးခေါင်းပိုင်းတွင် မတ်တတ် ရပ်နေရင်း သူ့နောက်မှ လိုက်လာသူကို မည်သို့ကိုင်တွယ် ဖြေရှင်းရမည်ကို တွေးနေလေသည်။ သင်္ဘောပျံက ရုတ်တရက်ကြီး တုန်ခါလာလေသည်။ မိုဝူကျီက မည်သို့ ဖြစ်သွားကြောင်း နားမလည်နိုင်ခင် သူ့စိတ်စွမ်းအားက သူ့ဆီ အလုံးလိုက် ပြေးလာနေကြသော သားရဲများကို ခံစားမိလိုက်သည်။

ထိုသားရဲများမှာ ဧရာမ လက်မကြီးများ ရှိသည့် ကင်းမြီးကောက်များနှင့် တူပြီး အမြီးမှာလည်း သံမဏိ ကျာပွတ်အလား ဖြစ်သည်။ ထိုသားရဲ၏ များပြားစွာသော ခြေချောင်းများမှာ ကျပ်တည်းစွာ ရှိနေပြီး အကြီးဆုံးမှာ ၂ မီတာမှ ၃ မီတာ အထိရှိကာ အသေးငယ်ဆုံးမှာ စင်တီမီတာ မျှသာ ရှည်လျား၏။

မိုဝူကျီက တွန့်ဆုတ်မနေဘဲ သင်္ဘောပျံ ဦးတည်ရာကို ချက်ချင်း ပြောင်းလဲ လိုက်တော့သည်။

ထိုသားရဲများကို ပထမဆုံး အကြိမ် တွေ့ဖူးခြင်း ဖြစ်သော်လည်း ကြားဖူးသည်က ပထမဆုံး အကြိမ် မဟုတ်တော့ပေ။ သူတို့လမ်းမှာ ရှိစဉ်က ချူချင်းလောင်က အာကာသ သားရဲများအကြောင်း ပြောပြဖူး၍ ထိုကင်းမြီးကောက် သားရဲများပါ ပါလေ၏။ ထို့အပြင် အာကာသာ သားရဲများကြားတွင် အာကာသ ကင်းမြီးကောက်က ခွန်အား အရဆိုရလျှင် ပထမတန်းစား ဝင်လေသည်။ ထိုသားရဲများက သူ့ကိုယ်သူ အားမကောင်း သော်လည်း အဖွဲ့လိုက် တိုက်ခိုက် တတ်ကြသည်။ ထို့အပြင် ထိုသားရဲများမှာ အဆိပ်ရှိသည့် အတွက် အကိုက်ခံရလျှင် သို့မဟုတ် အထိုးခံရလျှင် အဆိပ်မိပေ လိမ့်မည်။

တစ်ချက်တည်း ကိုက်ရုံဖြင့် သွေးထဲ အဆိပ် ထိုးသွင်းနိုင်စွမ်း ရှိ၍ ထိုမျှ များပြားစွာသော ကင်းမြီးကောက်များ၏ တိုက်ခိုက်မှု အောက်တွင် အကြိမ်များစွာ အကိုက်ခံရလျှင် ခန္ဓာကိုယ် အတွင်းမှ အဆိပ်များစွာက သေချာပေါက် သေစေလိမ့်မည်။

စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူပင် ထိုကင်းမြီးကောက်များ ဝန်းရံခံရပါက  လွတ်မြောက်ရန် ခက်ခဲ လှပေသည်။

မိုဝူကျီ သင်္ဘောပျံ ပြန်လှည့် လာသည်ကို တွေ့ပြီး အစစ်အမှန် ရေအဆင့် ကျင့်ကြံသူက အံ့အားသင့် သွားကာ မိုဝူကျီဆီ ဓားနှစ်ဖက် ဆွဲကိုင်ရင်း ပြေးတက် သွားလိုက်သည်။

မိုဝူကျီက သူသာ သင်္ဘောပျံကို ချက်ချင်း မသိမ်းဆည်းပါက နောက်အချိန်ပိုင်းလေးတွင် သူ့သင်္ဘောပျံ တစ်စစီ ဖျက်ဆီး ခံရတော့မည် ဖြစ်ကြောင်း သိ၏။ သူက ထွက်မပြေးခင် သင်္ဘောပျံကို အသုံးပြု၍ ကာကွယ်ထားရသည် ဖြစ်ကာ ထိုသင်္ဘောပျံသာ ပျက်စီးသွားပါက မည်သို့ ထွက်ပြေး ရမည်နည်း။ သူက အခြား သင်္ဘောပျံများက အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ၏ သင်္ဘောပျံထက် မြန်ဆန်ပါ့မလား မသိပေ။

မိုဝူကျီက သူ့သင်္ဘောပျံကို သိမ်းဆည်းကာ ချီသွေးကြော ၁၀၂ခုလုံးကို လှည့်ပတ် လိုက်သည့်အခါ တျန်းဂျီတုတ်မှ ကြောက်ခမန်းလိလိ သဘာဝ စွမ်းအားများ  ထွက်ပေါ် လာလေသည်။

ထိုစဉ် ထိုအင်အားကို ရင်ဆိုင်နိုင်မည့် လျှို့ဝှက် ပညာရပ်များ မရှိတော့ပေ၊

“ဘမ်း ...” သဘာဝ စွမ်းအားများက ပေါက်ကွဲသွားပြီး မိုဝူကျီက သွေးတစ်ပွက် အန်လိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ ချီတက် လာနေသော ကင်းမြီးကောက်အုပ်ဆီ တိုက်တိုက်ဆိုင်ဆိုင် လွင့်စဉ် သွားလေသည်။

လက်ရှိတွင် အစစ်အမှန်ရေ အဆင့် ကျင့်ကြံသူက မိုဝူကျီ ထွက်ပြေးလာသည့် အကြောင်းအရင်းကို နားလည် သွားလေသည်။ သူကိုယ်တိုင် ကင်းမြီးကောက်အုပ်နှင့် တွေ့လိုက်ရလျှင် မိုဝူကျီကဲ့သို့ ပြုမူမိမည်သာ ဖြစ်၏။

နှမြောစရာ ကောင်းသည်က သူက မိုဝူကျီကို သတ်ဖို့ရာ စိတ်စောနေသည့် အတွက် မိုဝူကျီကို ထိုကင်းမြီးကောက် အုပ်စီ ပို့လွှတ် နိုင်လိုက်သော်လည်း သူကိုယ်တိုင်လည်း ထိုနေရာသို့  သွားနေသည်သာ ဖြစ်လေ၏။

နောင်တရဖို့ရာ အလွန် နောက်ကျသွား လေပြီ။ အကြောင်းမှာ  ထိုကင်းမြီးကောက်များကို ခုခံဖို့ နည်းလမ်းကို ရှာဖို့ရန်က အရေးကြီးဆုံးသာ ဖြစ်နေသည်။

မိုဝူကျီ ခန္ဓာတစ်ဝိုက်တွင် လျှပ်စီးများ လင်းလက်လာ၍ များပြားစွာသော ကင်းမြီးကောက်များမှာ ထိုလျှပ်စီးချက်များကြောင့် အနိစ္စသဘောဖြင့် ကိစ္စချော သွားကြလေသည်။ ကင်းမြီးကောက်များမှာ တိုက်ပွဲတွင် အားမကောင်း ကြသည့်အတွက် မိုဝူကျီက စိတ်အေး သွားမိသည်။ ထို့အပြင် အားအကောင်းဆုံး ကောင်များမှာ ယွမ်ဒန်အခြေခံ အဆင့်သာ ရှိနေပြီး ကျန်အကောင်များမှာ လူသား အဆင့်လွန်၊ စိတ်ဝိညာဉ် တည်ဆောက်ခြင်းနှင့် တချို့မှာ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်သာ ရှိကြသေးလေသည်။

အာကာသ ကင်းမြီးကောက်များ၏ အဓိက တိုက်ခိုက်မှုမှာ ကိုက်၍ ဖြစ်စေ၊ ဆွဲ၍ ဖြစ်စေ တိုက်ခိုက်ကြခြင်း ဖြစ်ပြီး မိုဝူကျီက အားကောင်းသည့် ကင်းမြီးကောက် တချို့မှာ မမြင်ရသည့် အဆိပ်ဆူးများ ထုတ်လွှင့်နိုင်ကြောင်း သတိပြုမိ လိုက်သည်။

သူသာ ဂရုမစိုက် နေမိလိုက်သည့် အတွက် ဆူးနှစ်ခု အထိုးခံလိုက် ရလေသည်။ သို့သော်လည်း သူ့တွင် အဆိပ်ဖြေဆေး ပါနေသည့်အတွက် ကံကောင်း လှပေသည်။ သူက ဆူးများကို ဖယ်ထုတ်ဖို့ရာပင် အချိန်ဖြုန်း မနေတော့ဘဲ အဆိပ်ဖြေဆေးသာ မျိုချလိုက်တော့သည်။

ယခုအချိန်တွင် မိုဝူကျီက သူ့၌ ခုခံရေး မှော်ရတနာ ရှိသင့်ကြောင်း အတွေးပေါက် သွားလေသည်။ သူက သိုလှောင် လက်စွပ်ထဲမှ ပစ္စည်းများကို လှန်လှောဖွေရှာ လိုက်ပြီး ခွက်ဝင်နေသည့် ဒိုင်းကို ထုတ်ယူလိုက်သည်။ ဤဒိုင်းမှာ ကျင်းကုမူ အပိုင်ဖြစ်ပြီး သူက ကျင်းကုမူ လက်စွပ်ကို မွမ်းမံပြီးနောက်တွင် အတော်ကောင်းသော ပစ္စည်းများ တွေ့ခဲ့ရလေသည်။ ဤပစ္စည်းသည် ထိုအရာများထဲမှ တစ်ခု ဖြစ်သည်။

မိုဝူကျီက ဒိုင်းကို မွမ်းမံနေရင်း အဆက်မပြတ် လျှပ်စီးများ ထုတ်လွှင့် နေလေသည်။ ထိုသို့လုပ်ဆောင် နေရင်းဖြင့် သူ့ကို ဆူးများစွာ လာစိုက်မိ လေသည်။

ဒိုင်း ထုတ်လိုက်သည်နှင့် ထိုအရာက မိုဝူကျီအပေါ်မှ ဖိအားကို သိသာစွာ လျှော့ချ ပေးလိုက်ပြီး သုံးဖက်ကာ ဒိုင်းအဖြစ် ပြောင်းလဲ သွားလေသည်။ လက်ရှိတွင် မိုဝူကျီက ခုခံရေး မှော်ရတနာများကို ကြိုတင် မမွမ်းမံမိသည့် သူကိုယ်သူသာ အပြစ် တင်မိတော့သည်။ ထိုအရာက လေ့ကျင့်မှု မရှိဘဲ ဗဟုသုတ မရနိုင်သော အရာပင် ဖြစ်၏။ ယနေ့ မတော်တဆမှု အပြီးတွင် မိုဝူကျီက သူ့၌ ခုခံရေး မှော်ရတနာ အချို့ မွမ်းမံ ထားခြင်းက ဆိုးကျိုး မရှိကြောင်း နားလည် သွားလေသည်။ ကံကောင်းလှစွာ အာကာသ ကင်းမြီးကောက်များက တိုက်ခိုက်စွမ်းရည် မကောင်းသည့် အတွက် ထိုနေရာ၌ပင် ခုခံရေးဒိုင်းကို မွမ်းမံနိုင်ခဲ့ခြင်း ဖြစ်သည်။

မိုဝူကျီက သိုလှောင် လက်စွပ်ထဲမှ ပစ္စည်းများကို မွှေနှောက်ပြီး နောက်တွင် သူက ဒိုင်းထက် အနည်းငယ် အားနည်းသော ခုခံရေး မှော်ရတနာ နှစ်ခုကို ထပ်တွေ့လိုက် ရသည်။ ထိုပစ္စည်းများမှာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ လက်စွပ်အတွင်းမှ ရရှိထားခြင်း ဖြစ်သည်။

မိုဝူကျီက လူများစွာက ခုခံရေး မှော်ရတနာများစွာ အသုံးပြုကြသည်ကို မြင်ပြီး ထိုခုခံရေး မှော်ရတနာများ၏ တန်ဖိုးမှာ  သာမန် ခုခံရေး ရတနာများထက် မြင့်မားကြောင်း သေချာလှသည်။ နှမြောစရာ ကောင်းသည်က သူ့ချပ်ဝတ်သည် ပျက်စီးသွားပြီ ဖြစ်လေ၏။ မဟုတ်လျှင် သူက ဤသို့သော အခြေအနေတွင် အသုံးပြု နိုင်လိမ့်မည်။

အဆိပ်ဆူး များစွာကို ရှောင်ရှားပြီး နောက်တွင် မိုဝူကျီက သူတို့ဆီ လျှပ်စီးများစွာ ထုတ်လွှင့်လိုက်သည်။ ပတ်ဝန်းကျင်မှ ကင်းမြီးကောက်များကား အစုလိုက် အပြုံလိုက် အသတ်ခံလိုက် ရသည်။

အားနည်းသော ကင်းမြီးကောက်များနှင့် ရင်ဆိုင်ရာတွင်  မိုဝူကျီက သူ့ပညာရှင် နှလုံးသားသည်  ပို၍ အသုံးဝင်လိမ့်မည် ဖြစ်ကြောင်း ခန့်မှန်းမိ လိုက်သည်။

သို့သော်လည်း မိုဝူကျီက ထိုအစစ်အမှန် ရေအဆင့် ကျင့်ကြံသူ အသက် ရှင်နေသရွေ့ သူ့ပညာရှင် နှလုံးသားကို မဖော်ပြရဲသေးပေ။

ထိုပညာရှင် နှလုံသား မည်မျှအ ဖိုးတန်ကြောင်း မသိသေးဘဲ သူ့အသက်လေး ဆုံးရှုံးလုနီးပါး ဖြစ်သွားသည့် အချက်ပေါ် မူတည်ပြီး သူက ထိုပစ္စည်းမှာ အလွန် အဖိုးတန်ကြောင်း သိထားသည်။ ကျင့်ကြံခြင်း လောကသို့ ရောက်လာပြီး နောက်တွင် ဤပညာရှင် နှလုံးသားမှာ သူ ရရှိဖို့  အခက်ခဲဆုံး မှော်ရတနာ ဖြစ်လေသည်။ အတိအကျ ပြောရလျှင် သူ့တွင်ရှိသော အတော်သင့် ကောင်းသော တစ်ခုတည်းသော အရာ ဖြစ်၏။

မိုဝူကျီ၏ စိတ်စွမ်းအားက အစစ်အမှန် ရေအဆင့် ကျင့်ကြံသူဆီ ကျရောက် သွားသောအခါ သူ့တွင် ခုခံရေး မှော်ရတနာ မရှိကြောင်း သတိပြုမိ လိုက်သည်။

အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ၏ လက်ရှိ အခြေအနေမှာ သူ့ထက် ဆိုးရွား နေလေသည်။ သူ့ကျင့်ကြံဆင့်မှာ ပို၍ မြင့်သော်လည်း သူ့၌ အစုလိုက် အပြုံလိုက် သတ်နိုင်သည့် မှော်ကျင့်စဉ် မရှိပေ။ သူ့ဓားအလင်းမှာ ကင်းမြီးကောက်များကို သတ်ပစ်နိုင်သော်လည်း ကင်းမြီးကောက်က များပြားလာသည့် အတွက် သူ့အတွက် မနိုင်တော့ချေ။

မိုဝူကျီက နောက်ထပ် ဒိုင်းတစ်ခုကို ထုတ်ကာရင်း ကင်းမြီးကောက်များကို ဆက်တိုက် သတ်နေနိုင်သောကြောင့် ကျေနပ် သွားလေသည်။ သူက အသစ်ဒိုင်းကို ထပ်မွမ်းမံ နေစဉ် မိုဝူကျီက အမှားလုပ်မိ လိုက်ကြောင်း သိလိုက်သည်။ ထိုဒိုင်းများကို ထုတ်ယူ လိုက်သည့်အခါ သူ့စိတ်စွမ်းအားကို နှောင့်ယှက် ခံလိုက်ရသည့် အတွက် အဆိပ်ဆူး များစွာ စိုက်သွားလေသည်။

မိုဝူကျီက ဒုတိယဒိုင်းကို သိမ်းဆည်းလိုက်ပြီး အဆိပ်ဆူးများကို ထုတ်ကာ ကင်းမြီးကောက်များဆီ လျှပ်စီးများ ထပ်ထုတ်လွှင့် လိုက်သည်။

မိုဝူကျီက ကျင့်ကြံသူ တချို့သာ  ခုခံရေး မှော်ရတနများ အသုံးပြုကြောင်း နားလည် သွားလေသည်။ အကြောင်းမှာ ထိုရတနာများက စိတ်စွမ်းအားကို အလျင်အမြန် ကုန်ဆုံးစေလေ၏။ သူ့ချီသွေးကြော ၁၀၂ခုနှင့် သေမျိုး လောကတွင် လေ့ကျင့်ခဲ့ခြင်း များကြောင့်သာ မဟုတ်လျှင် သူလည်း ကြာကြာတောင့်ခံ နိုင်မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင်ပင် မိုဝူကျီက အချိန်အတော်ကြာ တောင့်ခံ မထားနိုင်ကြောင်း မှန်းဆမိသည်။ ထိုအတွေးဖြင့် မိုဝူကျီက ကင်းမြီးကောက်များကို သတ်ချင်စိတ် ပျောက်သွားလေသည်။ ထို့ကြောင့် သူက သတ်ရင်းဖြင့် ရွေ့လျား လိုက်တော့သည်။

ထိုကင်းမြီးကောက် အုပ်မှ လွတ်မြောက်ဖို့ရန် လှုပ်ရှားမှု ကြီးကြီးမားမား မလုပ်ဘဲ မဖြစ်နိုင်ချေ။ ထိုကင်းမြီးကောက်များက ရှေ့သို့ ဆက်တိုက် တိုးလာသော်လည်း သူတို့၌ အသိစိတ် ရှိကြသေး၏။ ဥပမာအားဖြင့် သူက သူတို့ကြား ချိုးဖောက်ဖို့ ကြိုးစားပါက သူတို့က သူသွားရာအတိုင်း လမ်းလိုက်ပိတ် ကြလေသည်။

ထိုးဖောက် ထွက်ဖို့ရာ ဖြစ်နိုင်သော်လည်း အစစ်အမှန် ရေအဆင့် ကျင့်ကြံသူကို အရင်သတ်ရန် လိုပေလိမ့်မည်။

အစစ်အမှန် ရေအဆင့် ကျင့်ကြံသူက သူ့အနားမှ ကင်းမြီးကောက်များကို သတ်နေလေ၏။ သူ့ခန္ဓာတွင် အဆိပ်ဆူးများစွာ စိုက်ဝင်နေကာ မိုဝူကျီကို အာရုံမရှိပေ။ သူ့မျက်လုံးတွင် သူပင် ထိုသို့ခက်ခဲ နေလေရာ မိုဝူကျီသည် ပိုမို၍ ခက်ခဲနေပေ လိမ့်မည်ဟု တွေးထင်ထားသည်။

မိုဝူကျီက အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ နောက်ကျောဘက် မနီးမဝေးထိ ရောက်နေလေပြီ။ မိုဝူကျီက အစစ်အမှန် ရေအဆင့် ကျင့်ကြံသူသည် ကင်းမြီးကောက်များ သတ်ဖို့ အာရုံစိုက် ထားစဉ် နောက်မှ ပျောက်ကွယ်ဓား စွမ်းအားလှိုင်း ဆယ်ချက်ကို ပို့လွှတ်လိုက်သည်။ ထို့နောက်တွင် အစစ်အမှန် ရေအဆင့် ကျင့်ကြံသူဆီ လျှပ်စီးများပါ ရောက်ရှိလာလေ၏။

ဤအစစ်အမှန် ရေအဆင့် ကျင့်ကြံသူက ကင်းမြီးကောက်များကြောင့် ပိတ်မိနေသည့် အတွက် သူက လွတ်မြောက်ဖို့ရာ နည်းလမ်း တွေးနေကာ အဘယ်ကြောင့် အာကာသ အတွင်းမှ အပြောင်းအလဲကို သတိပြုမိ မည်နည်း။ ထိုအပြောင်းအလဲများက ကင်းမြီးကောက်များကြောင့် မဟုတ်မှန်း သတိထားမိသည့် အခါ အလွန် နောက်ကျ နေလေပြီ။

“ဖူ ... ဖူး ...” အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ ခန္ဓာမှ သွေးစီးကြောင်း နှစ်ခု ထွက်ပေါ် လာသောကြောင့်  သူက သတ်ဖြတ်မှု၏  ရည်ရွယ်ချက် ဖြစ်နေကြောင်း သိလိုက်သည်။ သူက အလျင်အမြန် ရှောင်ရှား လိုက်သော်လည်း  မတ်မတ် မရပ်နိုင်ခင်  “ဘုန်း ဘုန်း  ” ဟူသော အသံများကို ကြားလိုက်ရကာ သူ့ခြေထောက် အောက်တွင် လျှပ်စီးအလုံး နှစ်ခု ပေါက်ကွဲ သွားလေသည်။

သူ့ခြေထောက်အောက် ပေါက်ကွဲသွားသည့် အခိုက်အတန့်တွင် ဝန်းကျင်မှ ကင်းမြီးကောက်များက သူ့အပေါ် ခုန်ဝင် လာကြတော့သည်။

ဤအစစ်အမှန် ရေအဆင့်  ကျင့်ကြံသူက ပြန်တိုက်ခိုက်ရန် လက်လျှော့လိုက်ပြီး  မိုဝူကျီကို ခါးခါးသီးသီး လှည့်ကြည့် လိုက်လေသည်။  မိုဝူကျီက သူ့အား ရင်မဆိုင်လျှင်ပင် ယနေ့ သေမည်ကို သိထား၏။ ထိုသို့သော အခြေအနေမျိုး အောက်တွင် သူ့အတွက် ခုခံရန် အကြောင်းပြချက် မရှိတော့ပေ။

မိုဝူကျီက သူ့အား အသက်ရှင်ခွင့် မပေးနိုင်သောကြောင့် သူက အဆိပ်ဆူး များကိုပင် မရှောင်တော့ဘဲ ပျောက်ကွယ်ဓား စွမ်းအားကို ထုတ်ကာ အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ၏ နဖူးဆီ လှမ်းပစ်လိုက်သည်။

အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ လက်လျှော့ လိုက်သည်နှင့် သူ့တစ်ကိုယ်လုံးကား ကင်းမြီးကောက် အုပ်ကြားတွင် ပျောက်ဆုံး သွားလေသည်။

မိုဝူကျီက နောက်ထပ် လျှပ်စီးများကို ထုတ်လွှင့်ကာ သူ့အနီးမှ ကင်းမြီးကောက်များကို ဖယ်ရှားလိုက်သည်။ ထို့‌နောက် အဆိပ်ဖြေဆေး အချို့ မျိုချလိုက်တော့သည်။

ထိုစဉ် အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ၏ အစအနပင် ရှာမတွေ့တော့ပေ။ သူက ကင်းမြီးကောက် အုပ်၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီ ဖြစ်ကာ ထိုကင်းမြီးကောက် အုပ်ကြီးက အစစ်အမှန် ရေအဆင့် ကျင့်ကြံသူကို ဝါးမျိုပြီးနောက် မိုဝူကျီဆီ တစ်ရှိန်ထိုး ပြေးလာ ကြပြန်သည်။

မိုဝူကျီက သူ့အခွက်ဒိုင်းကို သိမ်းထားပြီး စိတ်စွမ်းအားကို အသုံးပြုကာ လမ်းကြောင်းဖောက်ရန် ပညာရှင်နှလုံးသား မီးတောက်ကို အသုံးပြု လိုက်တော့သည်။ အကယ်၍ သူသာ မြန်မြန်ဆန်ဆန် ထွက်မသွားပါက သူ့၌ သဘာဝဓာတ် သိုလှောင်ရေး လမ်းကြောင်းများ ရှိနေလျှင်ပင် ထိုကင်းမြီးကောက်များ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် သေသွား ပေလိမ့်မည်။ ကင်းမြီးကောက်များနှင့် ပညာရှင်မီးတောက် တွေ့ဆုံသည့်အခါ ချက်ချင်း ပြာအဖြစ် လောင်ကျွမ်း သွားလေသည်။

မိုဝူကျီက သူတို့မှာ အရေအတွက် များစွာ တိုက်ခိုက်သော်လည်း အားမကောင်း ကြသည့်အတွက် စိတ်ထဲ၌ ပျော်ရွှင်မိ နေသည်။ ဤနေရာတွင် သူသာ ပိုအားကောင်းသော သားရဲများနှင့် တွေ့ဆုံခဲ့လျှင် ပညာရှင် နှလုံးသားကို ခုခံရေး အကာအကွယ် အဖြစ် အသုံးပြု နိုင်လေသည်။ သူ့ဆီ ချီတက်လာသော ကင်းမြီးကောက်များက အလျင်အမြန်ပင် ပျက်စီး သွားကြလေသည်။ ပညာရှင် နှလုံးသားကို မွမ်းမံပြီး နောက်တွင် ခုခံနိုင်စွမ်းမှာ ပိုင်ရှင်မရှိစဉ် ကလောက် အားမကောင်းတော့ချေ။

ထိုကိစ္စအတွက် မိုဝူကျီက သိပ်၍ မစိုးရိမ်မိပေ။ သူ အားကောင်း လာသည်နှင့် သူ့ပညာရှင် နှလုံးသားမှာလည်း ပို၍ အားကောင်း လာမည်ကို သိ၏။

များပြားစွာသော ကင်းမြီးကောက်များက ပညာရှင် နှလုံးသားကြောင့် ပြာအဖြစ် လောင်ကျွမ်း သွားကြသောကြောင့် ကင်းမြီးကောက်များစွာက မိုဝူကျီ လမ်းကို ဆက်တိုက် ပိတ်ဆို့ ထားကြလေသည်။

All Chapters